မသေမျိုးနည်းလမ်း၊ ရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်း နည်း!
Vol. 2 Ch. 16
[လေ့ကျင့်ရေးကွင်းထဲရှိ ဝိဉာဉ်စွမ်းအင်သည် အလွန်များပြားသည်။အသက်ပြင်းပြင်း ရှုလိုက်ချိန်တိုင်း သင့်ခန္ဓာကိုယ် ဆဲလ်တစ်ခုချင်းစီတိုင်းမှ ပျော်ရွှင်သောအသံများ ထွက်ပေါ်လာကြောင်း ခံစားသိနိုင်သည်။]
[သင်နှင့် ကျင်းချုံးရွှယ်သည် မလှမ်းမကမ်းရှိ သက်ကယ်အိမ်စီသို့ လျှောက်လာခဲ့သည်။တစ်ခါကို ခေါက်လိုက်သည့်အခါ ကလေးမျက်နှာနှင့် ဆံပင်များဖြူနေသည့် အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။]
[အဘိုးအိုသည် သင်တို့နှစ်ယောက်ကို ကံကောင်းသည်ဟု ချီးကျူးပြီး ဝိဉာဉ်စိုက်ခင်းများကို စိုက်ပျိုးရန် တာဝန်ပေးခဲ့သည်။]
[သင်နှင့် ကျင်းချုံးရွှယ်သည် ဝိဉာဉ်စိုက်ခင်း တစ်ကွက်စီ ရရှိခဲ့ကြသည်။]
[သင်သည် ချီသန့်စင်ခြင်း ပဉ္စမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် သင်၏ အတွင်းပိုင်း ဝိဉာဉ်စွမ်းအင်သည် ပို၍ပင် များပြားလာပြီ ဖြစ်သည်။ထို့ကြောင့်လည်း သင်၏ ဝိဉာဉ်စိုက်ခင်းသည် ပိုမိုအထွက်တိုးလာခဲ့သည်။]
[အားလပ်ချိန်များတွင် သင်သည် ကျင်းချုံးရွှယ်ကို လယ်ယာလုပ်ငန်းအကြောင်း သင်ပေးခဲ့ပြီး သူမစိုက်ခင်းရှိ အသီးအနှံများ အမြန် ရင့်မှည့်လာရန် ကူညီပေးခဲ့သည်။]
[သင်နှင့် ကျင်းချုံးရွှယ်သည် တဖြည်းဖြည်း မိတ်ဆွေကောင်းများ ဖြစ်လာကြသည်။]
[တာဝန် ပြီးဆုံးသည့်နေ့တွင် အဘိုးအိုသည် ကျင်းချုံးရွှယ်အား ဝိဉာဉ်ကျောက်တုံး ၂၀တုံးနှင့် ဝိဉာဉ်ဆန် ၂၀ကျင်းကို ပေးခဲ့သည်။]
[ကျင်းချုံးရွှယ် ထွက်သွားပြီးနောက် အဘိုးအိုသည် သင့်တစ်ဦးတည်းကို သူ့အနား သီးသန့်ခေါ်ခဲ့သည်။]
[အဘိုးအိုသည် စွမ်းရည် အကဲဖြတ်ခြင်း ကျောက်တုံးကို ထုတ်ကာ သင်၏ လက်ဖဝါးပေါ် တင်လိုက်သည်။]
[သင်၏ လက်ဖဝါးပေါ်တွင် ၎င်းကို တင်လိုက်သည့်အခါ ၎င်းမှ အနီရောင်နှင့် အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာခဲ့သည်။]
[အဘိုးအိုသည် သူ၏ စွမ်းရည်ကို သာမန်ထပ် ထူးကဲသည်ဟု ချီးကျူးကာ ပျော်ရွှင်စွာဖြင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေခဲ့သည်။မသေမျိုးလမ်းကြောင်းသို့ လျှောက်လှမ်းရန် အခွင့်အရေးကို မြင်ရကြောင်းလည်း ပြောခဲ့သည်။]
[အဘိုးအိုသည် ကျောက်စိမ်းဖြတ်ပိုင်း တစ်ခုနှင့် အစေ့တစ်အိတ်ကို ထုတ်ပေးခဲ့ပြီး သင်၏ သစ်သားဒြပ်စင် ဝိဉာဉ်စွမ်းအင်သည် ဝိဉာဉ်စိုက်ခင်းကို ပျိုးထောင်ရာတွင် အလွန် သင့်တော်ကြောင်း ပြောပြခဲ့သည်။ထို့ကြောင့် သင်သာ မီးအမျိုးအစား ကျင့်ကြံခြင်းနည်းလမ်းကို ကျွမ်းကျင်သွားပါက သင်သည် အဂ္ဂိရတ်လမ်းကို လျှောက်ရန် အခွင့်အရေး ရှိလာမည့်အကြောင်း ထပ်ပေါင်း ပြောခဲ့သည်။]
[သင်သည် အဘိုးအို၏ ဆုလာဘ်ကို လက်မခံခဲ့ဘဲ သင့်ကို တပည့်အဖြစ် လက်ခံပေးရန်သာ တောင်းဆိုခဲ့သည်။]
[ထိုစကား ကြားသည့်အခါ အဘိုးအိုသည် ခေါင်းကို နှေးကွေးစွာ ခါယမ်းရင်း သင်သည် သူ၏တာဝန်ကို မပြီးမြောက်ခဲ့ကြောင်း ပြောခဲ့သည်။သင်သည် ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်တာ အရမ်းနောက်ကျခဲ့သည့်အတွက် မသေမျိုး ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ကို တက်ရန် သင့်တော်သည့် အသက်အရွယ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ပြောသည်။]
[ရွေးချယ်စရာ မရှိတော့သည့်အခါ သင်သည် ကျောက်စိမ်းဖြတ်ပိုင်းနှင့် အစေ့အိတ်ကို ယူကာ ထွက်လာခဲ့ရတော့သည်။]
[သင်သည် ကျင်းလင်မြို့တွင် ရက်အနည်းငယ် နေခဲ့ပြီး ကျင်းချုံးရွှယ်နှင့် ရင်းနှီးသောမိတ်ဆွေများ ဖြစ်လာခဲ့သည်။]
[ရက်အနည်းငယ် ကြာပြီးနောက် သင်သည် ကျိုတို သိပ္ပံနှင့် နည်းပညာကျောင်းသို့ ပြန်လာခဲ့ပြီး အဘိုးအို ပေးခဲ့သည့် ကျောက်စိမ်းဖြတ်ပိုင်းနှင့် အစေ့များကို စစ်ဆေးကြည့်ခဲ့သည်။]
[သင်သည် ဝိဉာဉ်စွမ်းအင်ကို ကျောက်စိမ်းဖြတ်ပိုင်းထဲသို့ ကူးပြောင်းလိုက်သည့်အခါ ယင်းတွင် မသေမျိုးနည်းလမ်းဖြစ်သည့် “ရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်းနည်း” ပါဝင်ကြောင်း သိရှိခဲ့သည်။၎င်းတွင် ကျင့်ကြံခြင်းနည်းလမ်းများနှင့် ဝိဉာဉ်အပင် ထောင်ပေါင်းများစွာ၏ အသုံးဝင်မှုများကို အသေးစိတ် ရေးသားထားပြီး ဝိဉာဉ်အပင် ပျိုးထောင်ခြင်းအတွက် စားလုံးသေး(၁၃)လုံးလည်း ပါဝင်သည်။]
[လပေါင်းများစွာ ရှာတွေ့ပြီးနောက် သင်သည် အခြေခံများကိုပင် နားမလည်နိုင်သေးပါ။ “ရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်းနည်း”၏ နက်နဲမှုများကိုတော့ နားလည်စပြုလာခဲ့သည်။]
[ရက်အနည်းငယ် ကြာပြီးနောက် သင်သည် ကျင့်ကြံနေရင်းဖြင့် မသေမျိုးနည်းလမ်းကိုလည်း လေ့လာခဲ့သည်။]
[တစ်နှစ်တာ ကုန်ဆုံးပြီနောက် သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှုသည် အုတ်မြစ် အခြေတည်ခြင်း ပထမအလွှာသို့ ရောက်ရှိလာခဲ့သည်။]
[သင်သည် “ရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်းနည်း”ကို တစ်ချို့တစ်ဝက် နားလည်လာပြီး ဝိဉာဉ်အစေ့အဆန်များ ကျင့်ကြံခြင်းနည်းကိုလည်း သင်ယူခဲ့သည်။]
[ဒုတိယနှစ်တွင် သင်သည် ကျောင်းမှထွက်ကာ ကျိုတိုမြို့မှ ထွက်ပြီး ကျေးလက်ဇာတိသို့ ပြန်လာခဲ့သည်။]
[သင်စုဆောင်းထားသည့် ငွေအချို့နှင့် သင်သည် မြို့ပြင်ရှိ တောင်ကုန်းတစ်ခုကို ငှားယမ်းခဲ့သည်။ထိုနေရာသည် လေကောင်းလေသန့်များ ရသည့်အတွက် ဝိဉာဉ်အပင်များ စိုက်ပျိုးရန် ပိုမိုသင့်တော်မည်ဟု သင် ယုံကြည်ထားသည်။]
[သင်သည် စွန့်ပစ်မြေ ၂ဧကကို ရှင်းလင်းကာ ဝိဉာဉ်အစေ့အဆန်များကို စတင် စိုက်ပျိုးခဲ့သည်။]
[ဤ ကျက်ကုန်းမြေ နှစ်ဧကကို ဝိဉာဉ်စိုက်ခင်းအဖြစ် ပြောင်းလဲနိုင်ရန် မျှော်လင့်ချက်ဖြင့် သင်သည် “ရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်းနည်း”မှ အသေးစားနည်းလမ်း ၁၃ခုတွင် ပါဝင်သည့် ဝိဉာဉ်စုဆောင်းခြင်း အစီအစဉ်ကို လေ့လာရန် ကြိုးပမ်းခဲ့သည်။]
[သင် ကျရှုံးခဲ့ပါသည်။ဝိဉာဉ်စုဆောင်းခြင်း အစီအစဉ်ကို သင် မလေ့လာနိုင်ခဲ့ပါ။]
[အခွင့်အရေး မရှိတော့သည့်အခါ နောက်ထပ် အကောင်းဆုံးနည်းလမ်းကို သင် လုပ်ခဲ့သည်။ယင်းမှာ ထိုကျက်ကုန်းမြေတွင် ဝိဉာဉ်ကျောက်တုံးများကို မြှုပ်နှံပြီး မြေကြီးကို တဖြည်းဖြည်း တိုးတက်လာစေခြင်း ဖြစ်သည်။]
[မကြာမီတွင် သုံးနှစ်တာ ကုန်ဆုံးသွားခဲ့သည်။]
[ငါးနှစ်မြောက်တွင် သင်၏ ကြိုးစားအားထုတ်မှုကြောင့် တောင်ပေါ်ရှိ မြေကြီးသည် ဝိဉာဉ်စိုက်ခင်းအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ထိုမြေကြီးကို ထိန်းသိမ်းရန် လစဉ် ဝိဉာဉ်ကျောက်တုံး၁၀တုံး သုံးစွဲရခြင်းကတော့ သင့်ကို နာကျင်စေသည်။]
[ဝိဉာဉ်စိုက်ခင်း၏ အရည်အသွေးသည် အားနည်းသည်။ထို့ကြောင့် ရရှိလာသော ဝိဉာဉ်သီးနှံများ၏ အရည်အသွေးသည် သဟဇာတ မဖြစ်ပါ။သို့သော် ဝိဉာဉ်ဆန်များကို သင့်တော်သော ပမာဏကို ထုတ်လုပ်ပေးနေဆဲပင် ဖြစ်သည်။]
[ခြောက်နှစ် ကြာပြီးနောက် သင်သည် မြေနှစ်ဧကမှ ဝိဉာဉ်စပါးများကို ရိတ်သိမ်းပြီး ဝိဉာဉ်ဆန်အဖြစ် ပြောင်းလဲခဲ့သည်။ထိုအခါ သင့်တွင် အရည်အသွေးနိမ့် ဝိဉာဉ်ဆန် ကျင်းတစ်ထောင် ရလာခဲ့သည်။]
[ထိုဝိဉာဉ်ဆန်များသည် အရည်အသွေးနိမ့်ဆန်များ ဖြစ်သော်ငြား ၎င်းသည် သင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေအနေကို မြှင့်တင်ပေးနိုင်ရန် စွမ်းအင်ရှိနေသေးဆဲပင် ဖြစ်သည်။]
[သင်သည် တစ်နှစ်လောက် အပြင်းအထန် လေ့ကျင့်ခဲ့ပြီး ဝိဉာဉ်ဆန် ကျင်းတစ်ရာ သုံးစွဲခဲ့သည်။ထို့နောက် သင်၏ ခန္ဓာသန့်စင်ခြင်းသည် အရိုးမာကျောခြင်း နယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။]
[ခုနစ်နှစ် ကြာပြီးနောက် သင်သည် သင်၏ညီမ စုနင်နန်၏ ဈာပနသို့ တက်ရောက်ခဲ့ရသည်။]
[ထိုဈာပန ကျင်းပပြီးနောက် သင်သည် သင်၏တောင်သို့ ပြန်ကာ ဝိဉာဉ်စိုက်ခင်းကို ဆက်လက်ပျိုးထောင်ရာ တောင်ပေါ်ရှိ တောင်သူဟောင်းလိုပင် ဖြစ်လာခဲ့သည်။]
[သင်သည် နေ့တိုင်း ပေါက်ပြားကို ဆွဲကိုင်ပြီး နေထွက်မှ နေဝင်ထိ အလုပ်ကြိုးစားခဲ့သည်။အိပ်ဖို့နှင့် စားဖို့ကို မေ့သည်အထိ မသေမျိုးနည်းလမ်းကို လေ့လာခဲ့သည်။]
[ရှစ်နှစ်မြောက်တွင် သင့်လက်ထဲရှိ ဝိဉာဉ်ကျောက်တုံးများ လျော့နည်းလာခဲ့ပြီး ၁၂တုံးနီးပါးလောက်သာ ကျန်တော့သည်။]
[သင်သည် ၎င်း၏ဝိဉာဉ်စွမ်းအင်ကို ထိန်းသိမ်းရန် ဝိဉာဉ်စိုက်ခင်းတွင် ဝိဉာဉ်စပါးခွံများကို မြှုပ်နှံခဲ့သည်။သို့သော် ရလဒ်သည် သိပ်မထူးခြားပါ။]
[သင်သည် သင်၏စိုက်ခင်းနှစ်ဧကကို တစ်ဝက်ထိ လျှော့ချလိုက်ပြီး ဝိဉာဉ်စွမ်းအင်ကို ဖြည့်တင်းရန်အတွက် ရံဖန်ရံခါမှသာ ဝိဉာဉ်ကျောက်တုံးကို အသုံးပြုတော့သည်။]
[ဝိညာဉ်အပင်များ ပြုစုပျိုးထောင်ခြင်းတွင် သင်၏ ကျင့်ကြံမှုသည် လျင်မြန်စွာ တိုးတက်လာပြီး အသေးစား ဝိဉာဉ်စုဆောင်းခြင်း အစီအစဉ်ကိုလည်း အနည်းငယ် နားလည်စပြုလာခဲ့သည်။]
[ဆယ်နှစ်အကြာတွင် သင်သည် ယုယန်၏ ဈာပနသို့ တက်ရောက်ခဲ့သည်။]
[ဈာပနပြီးနောက် သင်သည် ပြန်မသွားတော့ဘဲ ကျင်းချုံးရွှယ်ကို လိုက်ရှာခဲ့သည်။]
[သင်သည် ဝိဉာဉ်ဆန် ကျင်းတစ်ရာနှင့် သူမထံမှ ဝိဉာဉ်ကျောက်တုံး၂၀ကို လဲလှယ်ယူခဲ့သည်။]
[ကျင်းချုံးရွှယ်သည် သင့်ကို ခေါ်ထားချင်သေးသော်လည်း သင်သည် စိုက်ပျိုးရေးကိုသာ အာရုံရောက်နေခဲ့သည်။ရက်အနည်းငယ်လောက် ခရီးဆက်ပြီးနောက် သင်၏အိမ်ဟောင်းသို့ ပြန်ရောက်လာခဲ့သည်။]
[သင် မသိလိုက်ခင်မှာပင် နောက်ငါးနှစ် ကုန်ဆုံးသွားပြီး ဆယ့်ငါးနှစ်တာအချိန်သို့ ရောက်လာခဲ့သည်။]
[ပြီးခဲ့သည့် ငါးနှစ်လုံးလုံး သင်သည် ဝိဉာဉ်အစေ့အဆန်များနှင့် များစွာသော ဝိဉာဉ်ဆေးဝါးများ၏ ကျင့်ကြံခြင်းကို လေ့လာခဲ့သည်။သင်၏ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုကြောင့် သင်သည် နောက်ဆုံးတွင် အသေးစား ဝိဉာဉ်စုဆောင်းခြင်း အစီအစဉ်၏ အခြေခံများကို ကျွမ်းကျင်လာခဲ့သည်။]
[သင်သည် နှစ်ပေါင်းများစွာ ဝိဉာဉ်ဆန်များကို စားသုံးပြီး နေ့ရောညပါ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်သည့်အတွက် သင်၏ ချီသန့်စင်ခြင်း အဆင့်သည် အုတ်မြစ်တည်ထောင်ခြင်း တတိယအလွှာသို့ ရောက်ရှိခဲ့ပြီး သင်၏ ခန္ဓာသန့်စင်ခြင်းသည်လည်း အရိုးမာကျောခြင်း သတ္တမအလွှာသို့ ရောက်ရှိခဲ့သည်။]
[တစ်နေ့တွင် လယ်ယာလုပ်နေစဉ် ကောင်းကင်ကြီး မည်းမှောင်လာသည်ကို သင် သတိပြုမိလိုက်သည်။]
[သင်သည် ထိုဧရာမ သားရဲကြီး ကောင်းကင်ကို ဖုံးအုပ်သွားသည်ကို ငေးကြည့်နေခဲ့သည်။]
[သင်သည် ထိုဧရာမ သားရဲကြီးကို လက်ခလယ် ထောင်ပြလိုက်သည်။သင့်မျက်လုံးထဲတွင်မူ အသက်ရှင်ချင်သည့် မျှော်လင့်ချက်များ ရှိနေသည်။]
[သင် သေခဲ့ပါသည်!]
[သင်၏ အလျှော့မပေးသော မျက်လုံးများ စွမ်းရည်ကို အသက်သွင်းခဲ့ပါသည်…]
[ဒင်၊ သရုပ်သကန် ဖန်တီးခြင်း အဆုံးသတ်သွားပါပြီ!]
[သင်သည် အောက်ပါဆုလာဘ်များအနက်မှ တစ်ခုအား ရွေးချယ်နိုင်ပါသည်: သစ်သား-မီး နှစ်မျိုးပေါင်း ဝိဉာဉ်ရင်းမြစ်(စွမ်းရည်), အုတ်မြစ် တည်ထောင်ခြင်း တတိယအလွှာ (ကျင့်ကြံခြင်း အဆင့်), အရိုးမာကျောခြင်း သတ္တမအလွှာ ( ကျင့်ကြံခြင်း အဆင့်), ရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်းနည်း (မသေမျိုး နည်းလမ်း), အရည်အသွေးနိမ့် ဝိဉာဉ်ဆန် ၅၀ကျင်း (ပစ္စည်း), သရုပ်သကန် ဖန်တီးခြင်းအတွင်းရှိ လယ်ယာလုပ်ငန်း အသိပညာ ( အသိပညာ)]
[သစ်သား-မီး နှစ်မျိုးပေါင်း ဝိဉာဉ်ရင်းမြစ်]: အစိမ်းရောင်အဆင့် စွမ်းရည်။ စွမ်းအင် ၁၀၀၀၀မှတ်။
[အုတ်မြစ် တည်ထောင်ခြင်း တတိယအလွှာ]: ကျင့်ကြံခြင်းအဆင့်။ စွမ်းအင် ၂၇၀၀မှတ်။
[အရိုးမာကျောခြင်း သတ္တမအလွှာ]: ကျင့်ကြံခြင်းအဆင့်။ စွမ်းအင် ၇၅၀၀မှတ်။
[အရည်အသွေးနိမ့် ဝိဉာဉ်ဆန် ၅၀ကျင်း]: ပစ္စည်း။စွမ်းအင် ၂၅၀၀၀မှတ်။
[ရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်းနည်း]: မသေမျိုး နည်းလမ်း။ စွမ်းအင် ၁ဘီလီယံ။
[သရုပ်သကန် ဖန်တီးခြင်းမှ လယ်ယာလုပ်ငန်း အသိပညာ]: အသိပညာ။ စွမ်းအင် ၁၀၀၀၀မှတ်။
အကြာကြီး တိတ်ဆိတ်နေပြီးနောက် အဆုံးတွင် စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းကို အာရုံပြန်ရောက်သွားပြီး ရေရွတ်လေသည်။
“ဒီ သရုပ်သကန် ဖန်တီးခြင်းက…ဆုလာဘ်ကောင်းတွေကြည့်ဘဲ!”
ဤဖန်တီးခြင်းတွင် စုရှင်းသည် သူ၏ယခင်ငွေရှာခြင်းများနှင့် လုံးဝခြားနားသောလမ်းကို လျှောက်လှမ်းခဲ့သည်ဟု ဆိုနိုင်သည်။
ဤ ဖန်တီးခြင်းတွင် သူသည် စိုက်ပျိုးရေး ဝါသနာရှင်တစ်ဦး ဖြစ်လာပြီး ဝိဉာဉ်အပင်များကို အရူးအမူး စိုက်ပျိုးခဲ့သည်။ယင်းသည် စုရှင်းအတွက် စူးစမ်းလေ့လာရန် လမ်းကြောင်းအသစ်ကို ပြသခဲ့သည်။
စုရှင်း ပိုအံ့အားသင့်စေသည့်အရာမှာ ဤသရုပ်ဖော်မှုရှိ ရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်းနည်းတွင် မသေမျိုး နည်းလမ်း အမှန်တကယ်ရှိနေခြင်းပင်။
ခွန်အားတိုးစေသော နည်းလမ်း သို့မဟုတ် နတ်စွမ်းအင် မဟုတ်သော်လည်း ဤဝိညာဉ်ရေးရာ ပျိုးးထောင်ခြင်း နည်းလမ်းသည် စုရှင်းအတွက် အလွန်အဖိုးတန်ပါသည်။
ယခင်က စုရှင်းတွင် ဝိဉာဉ်စွမ်းအင်၊ မန်နာသာ ရှိခဲ့သည်။ ဂါထာရော နတ်စွမ်းအင်ရော မရှိခဲ့ပါ။
ဤရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်းနည်းသည် တကယ်ပင် တန်ဖိုးရှိသည်။သူ၏ တန်ဖိုးသည် စွမ်းအင် တစ်ဘီလီယံတောင် ရှိသည်။
“ဒီ ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်းက တကယ်ဈေးကြီးတာဘဲ…ဒါပေမယ့်လည်း ဈေးကြီးလေလေ နည်းလမ်းရဲ့ စွမ်းအားက ပိုများလေလေဘဲ!”စုရှင်းက တွေးလိုက်သည်။
ဒါ့အပြင် ဤဖန်တီးခြင်းတွင် အသစ်ပေါ်လာပြီး စုရှင်းကို အံ့အားသင့်စေခဲ့သည့် အရာမှာ အသိပညာပင် ဖြစ်သည်။
ဆိုလိုသည်မှာ စုရှင်းသည် မန္တာန်တစ်ခုကို အချိန်များစွာ ပေးပြီး လေ့လာခဲ့ပြီးနောက် ယင်း၏အသိပညာကို ဖန်တီးခြင်းမှ ထုတ်ယူနိုင်ခြင်း ဖြစ်သည်။မန္တာန်များကို နားလည်ဖို့ရန် သူ့အတွက် အချိန်ကုန် သက်သာလိမ့်မည်။
“နောက်ဆုံးတော့ ဒီဖန်တီးခြင်းမှာ အာ့တာဘဲ ရွေးချယ်ရတော့မှာဘဲ!”စုရှင်းသည် ထိုသို့ ပြောလိုက်ပြီး သူ၏နှုတ်ခမ်းတွင်လည်း အပြုံးတစ်စ ပေါ်လာခဲ့သည်။
….