← Chapters

နောက်ဆုံးအကြိမ် သရုပ်သကန် ဖန်တီးခြင်း၊ အုတ်မြစ်တည်ထောင်ခြင်း အဆင့်၉!

Vol. 2 Ch. 17

နောက်ဆုံးအကြိမ် သရုပ်သကန် ဖန်တီးခြင်း၊ အုတ်မြစ်တည်ထောင်ခြင်း အဆင့်၉!

Vol. 2 Ch. 17

“ငါ့ရဲ့စွမ်းရည်ကို ရွေးချယ်တယ်။ သစ်သားနှင့်မီး ဒွန်တွဲနေသော ဝိဉာဉ်ရင်းမြစ်!”

[ဒင်၊ သင်သည် သစ်သားနှင့်မီး ဒွန်တွဲနေသော ဝိဉာဉ်ရင်းမြစ် (အစိမ်းရောင်အဆင့် စွမ်းရည်)ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။စွမ်းအင် ၁၀၀၀၀မှတ် ကုန်ကျပါသည်။ကျန်ရှိသည့် စွမ်းအင်မှာ ၈၀၄၀မှတ် ဖြစ်ပါသည်။]

[ဒင် သင့်တွင် အမျိုးအစားတူ အဖြူရောင်အဆင့် ဝိဉာဉ်ရင်းမြစ် ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။သစ်သားနှင့်မီး ဒွန်တွဲနေသော ဝိဉာဉ်ရင်းမြစ်သည် ယင်းကို ဖျက်စီးကာ အစားထိုးသွားပါမည်။]

သစ်သားနှင့်မီး ဒွန်တွဲနေသော ဝိဉာဉ်ရင်းမြစ်ကြောင့် စုရှင်း၏ အာရုံငါးပါးကို ပို၍ စူးရှလာသည်။

စုရှင်းသည် ကျင့်ကြံရန် ဝိဉာဉ်ကျောက်တုံးကို ထုတ်လိုက်သည်။ဝိညာဉ်စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည့်အခါ လန်းဆန်းသွားသော ခံစားချက်များကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

“ဟက်…ဒီ နှစ်မျိုးပေါင်း ဝိဉာဉ်ရင်မြစ်က မျှော်လင့်ထားသလိုဘဲ။ ကျင့်ကြံခြင်းရဲ့ ထိရောက်မှုက အရင်ထပ် အများကြီး တိုးတက်လာတာဘဲ!”

စုရှင်း၏ နှုတ်ခမ်းစွန်းများ အနည်းငယ် တွန့်ကွေးသွားသည်။ဒီ နှစ်မျိုးပေါင်း ဝိဉာဉ်ရင်းမြစ်သာ ရှိလျှင် အနည်းဆုံးတော့ လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုထံမှ ထူးခြားသော ဆုလာဘ်တစ်ခုကို စုရှင်း ရရှိနိုင်သည်။

ဝိဉာဉ်အစ့အဆန်တစ်အိတ်နဲ့ ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်း။

ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်းနည်းလမ်းက စွမ်းအင်အမှတ် ဆယ်ဘီလီယံ တန်ကြေးရှိသည့် မသေမျိုးကျင့်စဉ်တစ်ခု ဖြစ်သည်။

စုရှင်းလက်ထဲရှိ ချန်ချွန်းနည်းလမ်း တစ်ဝက်တောင် စွမ်ူအင် ၃၀၀၀မှတ်သာ တန်ကြေးရှိသည်။

ယင်းအချက်က ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်း၏ တန်ဖိုးကို အထင်းသား ပေါ်လွင်စေသည်။

သို့သော် တစ်ချိန်ထဲမှာပင် စုရှင်းသည် လေးလေးနက်နက် တွေးနေခဲ့သည်။

အဘိုးအိုသည် လျှို့ဝှက်ဆန်းကြယ်သော မူလဇစ်မြစ်ရှိပြီး အဖိုးတန်သည့် မသေနိုင်သော နည်းစနစ်များကို ပိုင်ဆိုင်ထားသည်။သူသည် ကျင့်ကြံခြင်းလောကတွင် ကြီးကျယ်သော စွမ်းအားရှိရမည်။စုရှင်းသာ သူ့တပည့် ဖြစ်လာမည်ဆိုလျှင် စုရှင်းအတွက် အလွန် အကျိုးထူးမည် ဖြစ်သည်။

“အဘိုးအိုက သူ့တာဝန်ကို ငါ ပြီးဆုံးအောင် မလုပ်ရသေးဘူးတဲ့။ပြီးတော့ ငါကျင့်ကြံတာကလည်း စတာ အရမ်း နောက်ကျတယ်ဆိုဘဲ…သူ့တပည့်အနေနဲ့ လက်ခံဖို့ ငါ့ကို ဘလိုင်းကြီး ငြင်းတာတော့ မဟုတ်ဘူး”

“အာ့တော့ သူ့တပည့်ဖြစ်ဖို့ ငါ့မှာ အခွင့်အရေး ရှိသေးတာဘဲ”

စုရှင်းသည် မျက်ခုံးပင့်လိုက်ပြီး မှုန်ဝါးဝါး အကြံတစ်ခု သူ့အတွေးထဲ ပေါ်လာခဲ့သည်။

ယခုအခါ စုရှင်းတွင် သရုပ်သကန် ဖန်တီးရန် အခွင့်အရေး တစ်ကြိမ်သာ ကျန်တော့သည်။သူ ၎င်းကို နောက်တစ်မျိုး စမ်းကြည့်သင့်သည်။

သို့သော် ဤအကြံကို မစမ်းသပ်မီ စုရှင်းသည် ၎င်းကို ပံ့ပိုးရန်အတွက် စွမ်းအင်ပိုမိုစုဆောင်းရန် လိုအပ်သည်။

“အာ စွမ်းအင်က ရှစ်ထောင်ကျော်ကျော်ဘဲ ကျန်တော့တယ်။ငါလိုချင်တာ ရဖို့…စွမ်းအင်အမှတ်တွေ ထောင်ချီပြီး စုဖို့ လိုသေးတာဘဲ”

စုရှင်းသည် ယခုအချိန်တွင် ဆင်းရဲနေသော်လည်း အနာဂတ်သည် အလားအလာ ကောင်းပါသည်။လက်ရှိမှာတော့ သူသည် ဝမ်းနည်းစရာ အောက်ခြလူတန်းစားလေးသာ ရှိသေးသည်။

သူ၏ကျင့်ကြံခြင်းပြီးနောက် စုရှင်းသည် ဂျူနီယာ ညီမငယ်များနှင့် အချိတ်အဆက်လုပ်ကာ အကျဉ်းခန်းများသို့ အဆင့်မြှင့်ရန် သွားခဲ့သည်။

တစ်ပတ်လုံးလုံး စုရှင်းသည် ဆက်တိုက်ကျင့်ကြံခြင်းများနှင့် အဆင့်မြှင့်ခြင်းများ လုပ်ရင်း ကုန်ဆုံးခဲ့သည်။

သတင်းကောင်းမှာ စုရှင်း၏ ချီသန့်စင်ခြင်းအဆင့် မြင့်တက်သွားပြီးနောက် သူသည် အကျဉ်းခန်းထဲတွင် အဆင့်မြှင့်ခြင်းနှင့် ကိရိယာများ စုဆောင်းခြင်းတို့ကို ပိုမိုလျင်မြန်စွာ လုပ်ဆောင်လာနိုင်ခြင်းပင်။

သတင်းဆိုးမှာ စုရှင်းသည် ကျင်းလင်သို့ သွားရန် လေယာဉ်ကို လွတ်ခါနီးဆဲဆဲ ဖြစ်သွားခြင်းပင်။

အဆုံးမှာ‌တော့ ကံကောင်းစွာဖြင့် သူ လုပ်ဆောင်နိုင်ခဲ့ပါသည်။

၂၀၂၃ခုနှစ် နိုဝင်ဘာ၁၈ရက် ညနေခင်းတွင် စုရှင်းသည် ကျင်းလင်မြို့သို့သွားရန် လေယာဉ်လက်မှတ် ဖြတ်ခဲ့သည်။

ကျိုတိုနှင့် ကျင်းလင်သည် ‌မိုင်ထောင်ချီ ကွာဝေးသည်။စုရှင်းသည် လေယျာဉ်ကို လေး၊ငါးနာရီခန့် စီးလိုက်ရသည်။

လေယျာဉ်ပျံသန်းနေစဉ်တွင် စုရှင်းသည် အနားယူရန် သူ၏မျက်လုံးများကို မှိတ်ထားခဲ့သည်။သို့ရာတွက် တကယ်တမ်းက “ချင်းယန်ဝိဉာဉ်စိုက်ခင်း” အကျဉ်းခန်းသို့ မသွားခင် သူ၏ နောက်ဆုံး သရုပ်သကန် ဖန်တီးခြင်းအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။

“သရုပ်သကန် ဖန်တီးခြင်း စတင်ပါ!”

[စွမ်းအင် ၁၁၀၀မှတ် ကုန်ကျမည် ဖြစ်ပြီး သင့်တွင် စွမ်းအင် ၁၃၇၈၀မှတ် ကျန်ရှိပါသည်။သရုပ်သကန် ဖန်တီးခြင်း အခွင့်အရေးများ မရှိတော့ပါ။]

[သရုပ်သကန် ဖန်တီးခြင်း စတင်ပါပြီ!]

[အဖြူရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင်၁၀၀မှတ်နှင့် အစိမ်းရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင် ၁၀၀၀မှတ် ကုန်ကျပါမည်။စွမ်းရည်တစ်ခု ရယူလိုပါသလား?]

“အဖြူရောင်အဆင့် စွမ်းရည်ယူမယ်”

စုရှင်းသည် အဖြူရောင်အဆင့် စွမ်းရည်ကိုသာ ရွေးချယ်လိုက်သည်။ဤ ဖန်တီးခြင်းအတွက် ရယူမည့်ဆုလာဘ်ကို သူသည် ရွေးချယ်ပြီးသား ဖြစ်သည်။ထို့ကြောင့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ယူလိုက်လျှင် စွမ်းအင် တစ်ထောင်မှတ် အလကား ကုန်သွားလိမ့်မည်။

စွမ်းအင်အမှတ်များသည် အလွန် တန်ဖိုးရှိပါသည်။ထို့ကြောင့် စုရှင်းသည် ယင်းတို့ကို ဉာဏ်ရှိစွာဘဲ အသုံးချချင်သည်။

အဘိုးအိုက သူသည် ကျင့်ကြံခြင်း လမ်းကြောင်းကို စတင်တာ အရမ်းနောက်ကျကြောင်း ပြောခဲ့သည်။ယင်းမှာ သူ၏ကျင့်ကြံခြင်း အဆင့်သည် အလွန်နိမ့်ကျနေကြောင်း ဆိုလိုခြင်း ဖြစ်သည်။စုရှင်းသာ သူ၏ ကျင့်ကြံခြင်းကို အနည်းငယ် မြှင့်တင်နိုင်ခဲ့လျှင် တာဝန်ကိုလည်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်လိမ့်မည်။

[ဒင်၊ တိကျပြတ်သားသော သွင်ပြင်ဟူသည့် အဖြူရောင်အဆင့် စွမ်းရည်ကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်။]

[တိကျပြတ်သားသော သွင်ပြင်]: သင်၏ သွင်ပြင်သည် အခြားသူများထပ် ပို၍ ဖြောင့်မတ်သည့်အတွက် အခြားသူများ၏ ယုံကြည်မှုကို အလွယ်တကူ ရရှိနိုင်သည်။

ထိုစွမ်းရည်ကို မြင်သည့်အခါ စုရှင်းက ခေါင်းငြိမ့်လေသည်။မကောင်းပေမယ့် အဆိုးကြီးလည်း မဟုတ်ပါဘူး။အသုံးဝင်တဲ့နေရာတော့ ရှိအုံးမှာပါ။

[လေယျာဉ်ပေါ်တွင် ပုံဖော်ခြင်း ပြုလုပ်နေမှန်း သင် သတိထားမိသွားသည်။သင်သည် နေ့ပေါင်းများစွာ၊ ညပေါင်းများစွာ အခြားသူများကို အဆင့်မြှင့်ပေးရင်း ရခဲ့သည့် ပင်ပန်းနွမ်းနယ်မှုများကို သက်သာစေရန် ခနတဖြုတ် အနားယူခဲ့သည်။]

[ထိုညနေတွင်၊ သင်သည် ကျင်းလင်မြို့သို့ ရောက်ခဲ့သည်။သင်သည် မြို့ပြင်တွင် နေရာတစ်ခု ရှာပြီး တစ်ညလုံး ကျင့်ကြံနေခဲ့သည်။]

[နောက်တစ်ရက်တွင် သင်သည် ကျင်းချုံးရွှယ်ကို လိုက်ရှာခဲ့သည်။]

[ထိုညနေက မြို့သို့ ပြန်နေသည့် ကျင်းချူံရွှယ်ကို သင် တွေ့ခဲ့သည်။]

[သင်သည် လမ်းပျောက်နေကြောင်း သူမကို ပြောခဲ့သည်။သင်၏ ဥပဓိကလည်း လူကောင်းပုံစံ ဖြစ်နေသည့်အတွက် သူမသည် သင့်အား သူမနှင့်အတူ မြို့သို့ ပြန်လိုက်ခွင့်ပြုခဲ့သည်။]

[ကျင်းချုံးရွှယ်သူ သူမ သွားနေကျ ဖြတ်လမ်းမှ သင့်ကို ခေါ်သွားခဲ့သည်။မကြာမီတွင် “ချင်းယန် ဝိဉာဉ်စိုက်ခင်း” အကျဉ်းခန်းကို ရှာတွေ့ခဲ့သည်။]

[သင်သည် ထိုအကျဉ်းခန်းထဲသို့ ဝင်ရောက်ခဲ့သည်။]

[သင်သည် လျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုနှင့် တွေ့ဆုံခဲ့ကာ လယ်ယာစိုက်ပျိုးရေး တာဝန်ကို လက်ခံခဲ့သည်။]

[တစ်ပတ်လုံးလုံး သင်သည် ဝိဉာဉ်စွမ်းအင်ကို သုံးကာ ဝိဉာဉ်စေ့ဆန်များကို အားဖြည့်ပေးခဲ့သည်။သင်၏ ကျင့်ကြံခြင်းသည် ချီသန့်စင်ခြင်း ပဉ္စမအဆင့် ဖြစ်သည့်အတွက် သင်၏ ဝိဉာဉ်စွမ်းအားသည် အလွန်ကြည်လင်သန့်စင်သည်။ထို့ကြောင့် ဝိဉာဉ်စေ့ဆန်များသည် ကောင်းမွန်စွာ ကြီးထွားကြသည်။]

[အားလပ်ချိန်များတွင်တော့ သင်သည် ကျင်းချုံးရွှယ်ကို ကူညီပေးခဲ့သည်။]

[တစ်ပါတ်ကြာသောအခါ အဘိုးအိုက သင်တို့အား ဆုလာဘ်များ ပေးခဲ့သည်။]

[အဘိုးအိုသည် ကျင်းချုံးရွှယ်အား ဝိဉာဉ်ကျောက်တုံး၃၀နှင့် ဝိဉာဉ်ဆန် ၃၀ကျင်း ပေးခဲ့သည်။]

[သင်၏ စွမ်းအားကို စစ်ဆေးရန် ကျောက်တုံးတစ်တုံးငို ထုတ်ခဲ့သည်။သင့်တွင် သစ်သားနှင့်မီး ဒွန်တွဲနေသည့် ဒြပ်စင်ရှိကြောင်း ရှာတွေ့ခဲ့သည်။]

[အဘိုးအိုသည် ပြုံးကာ ခေါင်းငြိမ့်ရင်း သင့်အား ဝိဉာဉ်အစေ့ဆန် တစ်အိတ်နှင့် မသေမျိုး ကျင့်စဉ် ဖြစ်သည့် ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်းကို ပေးခဲ့သည်။]

[သင်သည် အဘိုးအိုကို သင့်ဆရာ ဖြစ်စေချင်သော်လည်း သူသည် ငြင်းပယ်ခဲ့သည်။]

[သင်သည် အရှုံးမပေးဘဲ သူ့တပည့်ဖြစ်ရန် ဘာတွေ လိုအပ်ကြောင်း မေးမြန်းခဲ့သည်။]

[အဘိုးအိုသည် သက်ပြင်းချကာ သင်၏စွမ်းရည်က သင့်တော်သော်လည်း သင်၏ ကျင့်ကြံခြင်းအဆင့်သည် အရမ်းနိမ့်နေကြောင်း ပြောခဲ့သည်။သင်သာ ရွှေအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့လျှင် တပည့်အဖြစ် သေချာပေါက် ရွေးချယ်မည် ဖြစ်သည်။]

[သင်သည် ခေါင်းငြိမ့်ကာ ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်းကို ဝိဉာဉ်ကျောက်တုံးများဖြင့် လဲပေးရန် တောင်းဆိုခဲ့သည်။]

[အဘိုးအိုသည် သင့်ကို တန်ဖိုး နားမလည်သူဟု တွေးကာ မျက်မှောင်ကြုတ်လိုက်သည်။သို့သော်လည်း ဝိဉာဉ်ကျောက်တုံး တစ်ထောင်နှင့် လဲပေးခဲ့ပါသည်။]

သူ့ကိုယ်သူ ရေရွတ်ရင်း စုရှင်း၏မျက်နှာသည် တောက်ပလာခဲ့သည်။

“ငါ တွေးထားသလိုဘဲ ငါ့ကျင့်ကြံခြင်း အဆင့်က အရမ်းနိမ့်နေလို့ကိုး…ငါသာ လုံလုံလောက်လောက် သက်သေပြနိုင်ရင် အဘိုးအိုက တပည့်အဖြစ် လက်ခံမှာဘဲ!”

စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် ဆက်ဖတ်လေသည်။

[သင်သည် ဝိဉာဉ်ကျောက်တုံးများကို ကိုင်ကာ အကျဉ်းခန်းထဲမှ ထွက်လာခဲ့သည်။]

[ရက်အနည်းငယ် ကြာပြီးနောက် ကျိုတိုသို့ ပြန်ကာ နေ့၊ညမပြတ် ကြိုးကြိုးစားစား ကျင့်ကြံ‌သည်။]

[ဒုတိယနှစ်တွင် သင်သည် အုတ်မြစ် တည်ထောင်ခြင်း အဆင့်တစ်သို့ ရောက်ရှိကာ အခြေတည် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။]

[တတိယနှစ်တွင် သင်သည် အုတ်မြစ် တည်ထောင်ခြင်း အဆင့်နှစ်သို့ ရောက်ရှိခဲ့ပြီး သင့်တွင် ဝိဉာဉ်ကျောက်တုံး တစ်ထောင် ကျန်ရှိနေသေးသည်။]

[ငါးနှစ်မြောက်တွင် သင်သည် အုတ်မြစ် တည်ထောင်ခြင်း အဆင့်လေးသို့ ရောက်ရှိခဲ့ပြီး ဝိဉာဉ်ကျောက်တုံး ၇၀၀သာ ကျန်ရှိတော့သည်။]

[ခုနစ်နှစ်မြောက်တွင် သင်၏ကျင့်ကြံခြင်းအဆင့်သည် ဆက်တိုက် မြင့်တက်လာခဲ့ပြီး အုတ်မြစ်တည်ထောင်ခြင်း အဆင့်၆သို့ ရောက်ရှိခဲ့သည်။ဝိဉာဉ်ကျောက်တုံးကတော့ ၃၀၀သာ ကျန်တော့သည်။]

[ကျန်ရှိသည့် ဝိဉာဉ်ကျောက်တုံးများမှာ ရွှေအဆင့်သို့ ရောက်ရှိရန် မလုံလောက်မှန်း သတိပြုမိသွားသည်။]

[ထို့ကြောင့် သင်သည် ဝိဉာဉ်ကျောက်တုံးများကို အတတ်နိုင်ဆုံး ချွေတာကာ ၎င်းတို့ကို ဝိဉာဉ်စွမ်းအင်အဖြစ် ထိရောက်ဆုံး ပြောင်းလဲခဲ့သည်။]

[ထိုနှစ်တွင် သင်သည် သင့်ညီမ စုနင်နန်၏ ဈာပနသို့ တက်ရောက်ခဲ့သည်။]

[ရှစ်နှစ်မြောက်တွင် သင်သည် ဝိဉာဉ်ကျောက်တုံးများကို ချွေတာနေသည့်အတွက် သင်၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်မှုသည် နှေးကွေးနေသည်။ထို့ကြောင့် သင်သည် အုတ်မြစ် တည်ထောင်ခြင်း အဆင့်၆တွင်သာ ရှိနေသေးသည်။]

[ကိုးနှစ်မြောက်တွင် သင်သည် အုတ်မြစ် တည်ထောက်ခြင်း သတ္တမအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။]

[ဆယ်နှစ်မြောက်တွင် သင်၏ မိတ်ဆွေကောင်းဖြစ်သည့် ယုယန်၏ ဈာပနသို့ သင် တက်ရောက်ခဲ့သည်။]

[ဆယ့်တစ်နှစ်မြောက်တွက် သင်၏ ကျင့်ကြံခြင်းအဆင့်သည် အုတ်မြစ် တည်ထောင်ခြင်း အဌမအဆင့်သို့ ရောက်ရှိခဲ့ပြီး ဝိဉာဉ်ကျောက်တုံး ၁၀၀သာ ကျန်ရှိတော့သည်။]

[ကျင်းချူံရွှယ်တွင် ဝိဉာဉ်‌ကျောက်တုံး ၃၀ရှိသေးကြောင်း သင် သတိရသွားသည်။သို့သော် သူမနှင့် မဆက်သွယ်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။]

[ထို့ကြောင့် သင်သည် နှစ်တစ်ဝက်လောက် အကျဉ်းခန်းများတွင် ပြေးလွှားရင်း ကျွမ်းကျင်လယ်ဗယ်များကို ကစားကာ ငွေရှာခဲ့သည်။]

[သင်၏ အရည်အချင်းကြောင့် ငွေအဆင့် အကျဉ်းခန်းများသည် သင့်အတွက် အရမ်းလွယ်ကူခဲ့သည်။သင်သည် နှစ်တစ်ဝက်နှင့် ငွေ၂၀၀မီလီယံ ရှာနိုင်ခဲ့သည်။]

[သင်သည် ကျင်းချုံးရွှယ်ကို လိုက်ရှာကာ သူမ၏ ဝိဉာဉ်ကျောက်တုံးများကို နှစ်ရာမီလီယံနှင့် ဝယ်ယူခဲ့သည်။]

[ထိုဝိဉာဉ်ကျောက်တုံးများသည် သူမအတွက် သိပ်အသုံးမဝင်သဖြင့် သူမသည် အလွယ်မကူပင် သဘောတူပါသည်။]

[ကျန်ရှိသည့် ဝိဉာဉ်ကျောက်တုံး ၁၃၀ဖြင့် သင်သည် နေ့နေ့၊ညည ‌ကျင့်ကြံခဲ့သည်။ဝိဉာဉ်ကျောက်တုံးတိုင်း၏ ဝိဉာဉ်စွမ်းအင်ကိုလည်း ဂရုတစိုက် စီမံခန့်ခွဲခဲ့သည်။]

[ဆယ့်ငါးနှစ် ကြာပြီးနောက် ဧရာမသားရဲကြီး မရောက်လာခင် နှစ်လအလိုတွင် သင်သည် အုတ်မြစ် တည်ထောင်ခြင်း နဝမအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်!]

…

All Chapters