← Chapters

ကျင့်ကြံခြင်းအဆင့် တုံ့ပြန်ချက်၊ အုတ်မြစ် တည်ထောင်ခြင်း နဝမအလွှာ!

Vol. 2 Ch. 18

ကျင့်ကြံခြင်းအဆင့် တုံ့ပြန်ချက်၊ အုတ်မြစ် တည်ထောင်ခြင်း နဝမအလွှာ!

Vol. 2 Ch. 18

[နှစ်လကြာပြီးနောက် ဧရာမ သားရဲကြီးသည် ရှားမြို့သို့ ဆင်းသက်လာခဲ့သည်။]

[သင်သည် ထိုသားရဲကြီးကို လက်ခလယ် ထောင်ပြခဲ့သည်။]

[သားရဲကြီးသည် ရှားမြို့အာ တစ်ကိုက်တည်းဖြင့် မျိုချခဲ့ရာ သင်သည်လည်း သေဆုံးသွားသည်။]

[သင်၏ ဇွဲမလျှော့သော မျက်လုံးများ စွမ်းရည်ကို အသက်သွင်းခဲ့သည်။]

[‌ဒင်၊ သရုပ်သကန် ဖန်တီးခြင်း ပြီးဆုံးသွားပါပြီ!]

[သင်သည် အောက်ပါ ဆုလာဘ်များအနက်မှ တစ်ခုအား ရွေးချယ်နိုင်ပါသည်: ဖြောင့်မတ်သော ရုပ်သွင် (စွမ်းရည်), အုတ်မြစ် တည်ထောင်ခြင်း နဝမအလွှာ (ကျင့်ကြံခြင်းအဆင့်)]

[ဖြောင့်မတ်သော ရုပ်သွင်]: အဖြူရောင်အဆင့် စွမ်းရည်။ တန်ဖိုး - စွမ်းအင် ၁၀၀၀မှတ်။

[အုတ်မြစ် တည်ထောင်ခြင်း နဝမအလွှာ]: ကျင့်ကြံခြင်းအဆင့်။ တန်ဖိုး - စွမ်းအင် ၉၈၀၀မှတ်။

“အုတ်မြစ် တည်ထောင်ခြင်း နဝမအလွှာထိဘဲ ကျင့်ကြံခဲ့တာလား၊ ဟက်…”

သူ့တပည့် ဖြစ်လာရန် ရွှေအဆင့်သို့ ရောက်ရှိရန် လိုအပ်သည် ဟူသော အဘိုးအို၏ စကားကို သတိရသွားပြီး စုရှင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် ဤကျင့်ကြံခြင်းတွင် စုရှင်းသည် သာမန်ကျင့်ကြံသူ အဆင့်သာ ရှိသေးသည်။သူသည် ဝိဉာဉ်ကျောက်တုံးများ မလုံလောက်သဖြင့် ရွှေအဆင့်သို့ မရောက်ရှိခဲ့ပါ။

“ကောင်းပြီလေ၊ အမြင့်ကို ရောက်ဖို့ အမြဲ လမ်းရှိပါတယ်…”

စုရှင်းသည် သက်ပြင်းချကာ ကျင့်ကြံခြင်းအဆင့်ကိုပင် မတုန်လှုပ်ဘဲ ရွေးချယ်လိုက်သည်။

[ဒင် သင်သည် သရုပ်သကန် ဖန်တီးခြင်းမှ အုတ်မြစ် တည်ထောင်ခြင်း နဝမအလွှာကို ရွေးချယ်လိုက်ပါသည်။စွမ်းအင် ၉၈၀၀မှတ် အသုံးပြုလိုက်ပြီး စွမ်းအင် ၃၈၈၀မှတ် ကျန်ရှိပါသည်…]

သူ ပြောပြီးပြီးချင်း စုရှင်း ကျင့်ကြံခြင်းအဆင့်၏ အရှိန်အဝါသည် မထင်ထားလောက်ဖွယ် စတင် မြင့်တက်လာခဲ့သည်။

ချီသန့်စင်ခြင်း ပဉ္စမအလွှာ…ချီသန့်စင်ခြင်း သတ္တမအလွှာ…ချီသန့်စင်ခြင်း ကြီးမြတ်သော ပြီးပြည့်စုံမှု!

ကျွတ်~

ချီသန့်စင်ခြင်း နယ်ပယ်နှင့် အုတ်မြစ် တည်ထောင်ခြင်းအဆင့်ကြားရှိ အတားအဆီးလေးသည် အားစိုက်မှုမရှိဘဲ ကျိုးပေါက်သွားခဲ့သည်။စုရှင်းသည် အုတ်မြစ် တည်ထောင်ခြင်း အဆင့် ကျင့်ကြံသူ ဖြစ်သွားသည်။

သို့သော် ဤအဆင့်သည် များစွာ လိုသေးသည်။

အုတ်မြစ် တည်ထောင်ခြင်း ဒုတိယအလွှာ…အုတ်မြစ် တည်ထောင်ခြင်း စတုတ္ထအလွှာ…

စုရှင်း၏ ကျင့်ကြံခြင်းအဆင့်သည် အုတ်မြစ်တည်ထောင်ခြင်း နဝမအလွှာသို့ ရောက်သည်ထိ ဆက်တိုက် မြင့်တက်လာခဲ့သည်။

“ဖူး~”

စုရှင်းသည် ထွက်လေကို ငြင်ငြင်သာသာ ရှုထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို ဂရုတစိုက် ခံစားခဲ့သည်။

သူ၏ အာရုံငါးပါးသည် ပိုမိုစူးရှလာပြီး မီတာဒါဇင်ပေါင်းများစွာ အကွာမှ ခရီးသည်များ၏ အသက်ရှုသံကိုပင် ကြားနိုင်လာသည်။

ထိုအချိန်မှာပင် စုရှင်း၏ စိတ်ဝိဉာဉ်သည် ပို၍ ကြံ့ခိုင်ဖြတ်လတ်လာသည်။သုံးရက်၊ငါးရက်လောက် မအိပ်ထားတာတောင် ဘာမှ ဖြစ်‌မနေတော့ပါ။

ပို၍ သိသာထင်ရှားသည်မှာ စုရှင်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မနောဓာတ် နှင့် ဝိညာဉ်စွမ်းအင်များ လွန်စွာ ပြောင်းလဲလာခြင်းကို ခံစားခဲ့ရခြင်း ဖြစ်သည်။

ချီသန့်စင်ခြင်း ပဉ္စမအလွှာရှိ မနောဓာတ်ကို ရေပုံးတစ်ခုနှင့် ခိုင်းနှိုင်းမည်ဆိုလျှင် အုတ်မြစ် တည်ထောင်ခြင်း နဝမအလွှာရှိ မနောဓာတ်သည် ရေတွင်းတစ်ခုပမာ ရှိပေလိမ့်မည်။

ဒါဇင်နှင့်ချီ၊ သို့မဟုတ် အဆတစ်ရာလောက်အထိ တိုးပွားလာခြင်း ဖြစ်သည်။

ဒါ့အပြင် စုရှင်း၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည်လည်း အတော်လေး မြင့်တက်လာပုံရသည်။

“သနားစရာကွာ ငါ့မှာ လုံလောက်တဲ့ မနောဓာတ် ရှိနေပြီကို…ကျင့်ကြံခြင်း နည်းလမ်းနဲ့ ကျင့်ကြံသူတွေရဲ့ လမ်းစဉ်ကျ မရှိဘူး…”

စုရှင်းသည် ခေါင်းကိုယမ်းရင်း သူ့ဘာသာ ညည်းတွားနေခဲ့သည်။

ကျင့်ကြံသူတစ်ယောက် အတွက် မနောဓာတ် ကျင့်ကြံခြင်းသည် အရေးပါသောငြား ကျင့်ကြံသူတစ်ဦး၏ စစ်မှန်သော စွမ်းအားမှာ တိုက်ခိုက်ရေး ကျမ်းဂန်များ၊ အဂ္ဂိရတ်ပညာ၊ အသုံးအဆောင်များ သန့်စင်ခြင်း၊ အဆောင်များနှင့် အမျိုးမျိုးသော နတ်စွမ်းအင်များမှ လာခြင်းဖြစ်သည်။

ယခုအခါ စုရှင်းတွင် မနောဓာတ် လုံလုံလောက်လောက် ရှိသော်ငြား နည်းလမ်းများမရှိ ဖြစ်နေသည်။အရည်အချင်း မြင့်မားသည့် အလုပ်အကိုင်သင်တန်း တက်နေသော်လည်း မည်သည့် ကျွမ်းကျင်မှုမှ မရှိသလိုမျိုး ဖြစ်နေသည်။

သို့သော် ကံကောင်းသည်မှာ ချင်းယန် ဝိဉာဉ်စိုက်ခင်း လေ့ကျင့်ရေးကွင်းထဲရှိ အဘိုးအိုတွင် မသေမျိုးကျင့်စဉ်ပေါင်း များစွာ ရှိသည်။

စုရှင်းသည် ချင်းယန် ဝိဉာဉ်စိုက်ခင်း လေ့ကျင့်ရေးကွင်းကို ပို၍ပင် သွားချင်လာသည်။

ကျင့်ကြံခြင်းအဆင့်တွင် သိသိသာသာ တိုးမြင့်လာပြီးနောက် စုရှင်းသည် သူ၏စနစ်ဘောင်ကို စစ်ဆေးခဲ့သည်။

[အမည်: စုရှင်း]

[အလုပ်အကိုင်: ကျင့်ကြံသူ ( လျှို့ဝှက် သီးသန့် အလုပ်အကိုင်)]

[ကျင့်ကြံခြင်းအဆင့်: အုတ်မြစ် တည်ထောင်ခြင်း နဝမအလွှာ၊ ခန္ဓာသန့်စင်ခြင်း နယ်ပယ် ကြီးမြတ်သော ပြီးပြည့်စုံမှု]

[ကျင့်ကြံခြင်း နည်းလမ်း: ချန်ချွန်း နည်းလမ်း]

[စွမ်းရည်: သစ်သားနှင့်မီး ဒွန်တွဲနေသော ဝိဉာဉ်ရင်းမြစ်၊ ဇွဲမလျှော့သော မျက်လုံးများ…]

[ကျွမ်းကျင်မှုများ: မရှိ]

[ကိရိယာပစ္စည်း: သွေးနှစ်မျိုး ဓားရှည် (အစိမ်းရောင်အဆင့်), ဆူးချိန်းကြိုး (အစိမ်းရောင်အဆင့်), ချင်းယန် ဘွတ်ဖိနပ်ရှည် (အစိမ်းရောင်အဆင့်)]

အုတ်မြစ် တည်ထောင်ခြင်း နဝမအလွှာနှင့် ခန္ဓာသန့်စင်ခြင်း နယ်ပယ် ကြီးမြတ်သော ပြီးပြည့်စုံမှုတို့ ပေါင်းစည်းလိုက်သည့်အခါ စုရှင်းသည် ငွေအဆင့် ကျွမ်းကျင်ပညာရှင် အများစုကိုပင် နှိမ်နိုင်သည်။

ကျင့်ကြံမှုအဆင့် တိုးတက်လာသဖြင့် စုရှင်းသည် စိတ်သက်သာရာရကာ တရားကျင့်ကြံရင်း မျက်လုံးမှိတ်ကာ အနားယူလေသည်။

နာရီပေါင်းများစွာ ကြာပြီးနောက် လေယျာဉ်သည် ကျင်းလင်မြို့၌ ဆင်းသက်ခဲ့သည်။

စုရှင်းသည် နှောင့်နှေးမနေဘဲ လေဆိပ်သို့ ရောက်သည်နှင့် ကျင်းလင်မြို့ အနောက်ဘက် မြို့ပြင်တစ်နေရာသို့ ဦးတည် သွားတော့သည်။

နေကျလာသည့်အခါ စုရှင်းသည် ကြီးမားသော သစ်ပင်ကြီးတစ်ပင်ကို ရှာတွေ့ပြီး ထိုသစ်ပင်၏အောက်တွင် စတင် ကျင့်ကြံလေသည်။

မည်သည့်အန္တရာယ်မှ မကြုံတွေ့ရဘဲ ညသည် ကုန်ဆုံးသွားခဲ့ပါသည်။

နောက်တစ်ရက်တွင် စုရှင်းသည် ကျင်းချုံးရွှယ်၏ အရိပ်အယောင်ကို လိုက်ရှာခဲ့သည်။

“သရုပ်သကန် ဖန်တီးခြင်းတွေက သဲလွန်စတွေ အတိုင်းဆိုရင် ကျင်းချုံးရွှယ်ကို ဒီညနေ တွေ့မှာဘဲ…ဘယ်လမ်းမှန်း ငါခုထိ မသိသေးတော့ ကျင်းချူံရွှယ်ကို လမ်းပြဖို့အတွက် လိုတယ်”

စုရှင်းသည် မြို့ပြင်တွင် စတင် လိုက်ရှာလေတော့သည်။

ညနေစောင်းတွင် စုရှင်းသည် ခပ်လှမ်းလှမ်းမှ ဝိုးတဝါး ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

စုရှင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်; ယင်းမှာ ကျင်းချုံးရွှယ်ပင် ဖြစ်ရမည်။

အမျိုးသမီးက နီးကပ်လာသည့်အခါ စုရှင်းသည် သူမ၏ ပုံစံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ နက်မှောင်သော ဆံနွယ်များက ပခုံးထက်တွင် ဝေ့ဝဲကျနေသည်။ဖြူစင်သော အသားအရည်၊ ချောမောလှပသော ရုပ်ရည်နှင့် သူမသည် အသက်နှစ်ဆယ် အရွယ်လေးကဲ့သို့ နုပျိုနေသော်လည်း ဆွဲဆောင်မှုတော့ မရှိပါ။

“ကျွတ် ကျွတ် ကျင်းချုံးရွှယ်က အသက် သုံးဆယ်ရှိပြီ ဆိုတာ ဘယ်သူကများ ထင်ပါ့မလဲ…”

စုရှင်းသည် မျက်တောင်ခတ်လိုက်ပြီး ကျင်းချုံးရွှယ်ကို မသိသလို ဟန်ဆောင်လိုက်သည်။

“ဟဲလို ကျွန်တော်က အခြားမြို့က ခရီးသွား တစ်ယောက်ပါ၊ ကျင်းလင်မြို့ပြင်မှာ လမ်းပျောက်သွားလို့ ကျွန်တော့်ကို ကူပြီး လမ်းရှာပေးနိုင်မလားဗျ?”

စုရှင်းသည် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ဖော်ရွေ‌သည့်ပုံ ဖြစ်အောင် လုပ်ဆောင်ခဲ့သည်။

ထိုစကား ကြားသည့်အခါ ကျင်းချုံးရွှယ်သည် မျက်မှောင်ကြုတ်သွားပြီး တစ်နေရာကို လက်ညှိုးထိုးပြလေသည်။စုရှင်းကို လမ်းပြပေးလိုသည့် ဆန္ဒတော့ သူမစီမှာ ရှိသည့်ပုံ မပေါ်ပါ။

စုရှင်း ပြသာနာ တက်တော့မည့် အရိပ်အယောင်ပင်;ယခင် သရုပ်သကန် ဖန်တီးခြင်းများတွင် သူ့၌ ယုံကြည်မှုကို အလွယ်တကူ နှိုးဆွပေးနိုင်သည့် “ပြတ်သားသောမျက်နှာ”ဟူသည့် အရည်အချင်းရှိကြောင်း သူ သတိမမူမိခဲ့ပေ။

ယခုအခါမှာတော့ သူ့တွင် ထိုစွမ်းရည်များ မရှိပါ!

“အစီအစဉ်Bကို လုပ်ရတော့မယ် ထင်တယ်…”

စုရှင်းသည် ကျေးဇူးတင်ကြောင်း ခေါင်းငြိမ့်ပြပြီး သူ့ပခုံးပေါ်က အိတ်ကို မတော်တဆ ပြုတ်ကျချင်ယောင် ဆောင်လိုက်သည်။ထိုအခါ များစွာသော ရှေးဟောင်း ဗုဒ္စကျမ်းစာများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ယင်းတို့မှာ စုရှင်း ဈေးကြီးကြီးနှင့် ဝယ်ခဲ့ရသည့် ဈေးကြီးသော ဗုဒ္ဓ အဆုံးအမများ ဖြစ်သည်။

“လုပ်ပါ၊ ငါ့ကို ပြောစမ်းပါ၊ ကျေးဇူးပြုပြီး ငါ့ကို ပြောလိုက်ပါ!”

စုရှင်းသည် စိတ်ထဲမှ ဆုတောင်းနေခဲ့သည်။

အောင်မြင်ပြီ။ကျင်းချုံးရွှယ်၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပါသည်။ထိုကျမ်းစာများကို ကောက်ယူရာ၌ သူမကိုယ်တိုင် စိတ်လိုလက်ရဖြင့် စုရှင်းကို ကူညီပေးခဲ့ပါသည်။

“ဒါတွေက အရမ်းရှားတဲ့ ကျမ်းစာတွေဘဲ…ရှင့်မှာ ဗုဒ္ဓနဲ့ ပတ်သက်ပြီး အတော်လေး ဗဟုသုတရှိမယ် ထင်တယ်နော်?”

ကျင်းချုံးရွှယ်က မေးလိုက်သည်။

မေးခွန်းကို လက်ခံကာ စုရှင်းသည် ခေါင်းငြိမ့်ပြရင်း ပြောသည်:

“အရမ်းကြီး တော်တတ်နေတယ်လို့တော့ မပြောလိုပါဘူးဗျာ၊ ကျွန်တော့်ရဲ့ ဝါသနာသပ်သပ်ပါ”

စုရှင်းကို သေသေချာချာ ဆန်းစစ်ကြည့်ပြီးနောက် ကျင်းချုံးရွှယ်၏ မျက်လုံးများ တောက်ပလာခဲ့သည်။

“ကျွန်မလည်း ကျင်းလင်မြို့ကို ပြန်မှာဘဲ။ကျွန်မတို့ တူတူသွားကြမလား?”

စုရှင်းသည် တစ်ခဏမျှ တုံ့ဆိုင်းသွားဟန်ပြပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

“ဒါပေါ့ဗျာ၊ အတူရှိတော့ ပိုအဆင်ပြေတာပေါ့”

စုရှင်းနှင့် ကျင်းချုံးရွှယ်တို့သည် ကျင်းလင်မြို့သို့ အတူတကွ ခရီးဆက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း စုရှင်းနှင့် ကျင်းချုံးရွှယ်တို့သည် ဗုဒ္ဓ၏ ကျမ်းစာများအကြောင်း ဆွေးနွေးခဲ့ကြသည်။စုရှင်း၏ လေ့လာမှုသည် မနက်နဲသော်လည်း သူသည် စိတ်ဝင်စားဖွယ် ဗုဒ္ဓဘာသာ ပုံတိုပက်စများကို မျှဝေနိုင်ခဲ့သည့်အတွက် ကျင်းချုံးရွှယ်ထံမှ အပြုံးများကို စဉ်ဆက်မပြတ် ရရှိခဲ့သည်။

တောအုပ်ကို ဖြတ်ပြီးနောက် ကျင်းချုံးရွှယ်က ဝင်ပြောသည်:

“စုရှင်း ကျင်းလင်မြို့ကို သွားတဲ့ ဖြတ်လမ်းတစ်ခုကို ကျွန်မသိတယ်။အာ့လမ်းက နာရီဝက်လောက် ပိုမြန်တယ်…အာ့လမ်းက သွားကြရင်ရော ဘယ်လိုလဲ?”

စုရှင်းသည် သူ့ရှေ့ရှိ တောအုပ်ကို လှမ်းကြည့်လိုက်သည်။အလွန် အလှမ်းဝေးသေးသည်။ကျင်းချုံးရွှယ်သာ လမ်းမပြခဲ့လျှင် တစ်လလောက် ရှာရင်တောင် ယင်းကို တွေ့လိမ့်မည် မဟုတ်ပါ။

ဒါက ကျင့်ကြံခြင်း အကျဉ်းခန်းကို ဝင်ရတော့မယ့် အချိန်လား?

စုရှင်း၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။သရုပ်သကန် ဖန်တီးခြင်းတွင် ထို ချင်းယန် ဝိဉာဉ်စိုက်ခင်းသို့ အခါက်ပေါင်းများစွာ ဝင်ခဲ့ဖူးသော်လည်း လက်တွေ့တော့ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပါ။ဤအခိုက်အတန့်တွင် Su Xing သည် ကြီးကျယ်ခမ်းနားသော ကျင့်ကြံခြင်း လမ်းကြောင်းကို မြင်လိုက်ရသလိုမျိုး လွန်စွာ စိတ်လှုပ်ရှားနေပါသည်။

“အာ့လိုဆိုရင် ဖြတ်လမ်းက သွားကြတာပေါ့…”

သစ်တောအပြင်ဘက်ရှိ ဧရိယာများသည် မည်းမှောင်နေသည့်ပုံ ပေါက်သော်လည်း သစ်တောအတွင်းရှိ လမ်းကြောင်းသည် သွားလာရန် အတော်လေး လွယ်ကူပါသည်။

စုရှင်းသည် ကျင်းချုံးရွှယ်နောက် မိနစ်အတော်ကြာ လိုက်ခဲ့ပြီးနောက် ရှေ့မလှမ်းမကမ်းနေရာရှိ သစ်ပင်အောက်တွင် သက်တန့်အလင်းတန်းများ ရုတ်တရက် လင်းလက်လာသည့် ဂိတ်ပေါက်တစ်ခုကို မြင်လိုက်ရသည်။

ကျင်းချုံးရွှယ်၏ မျက်လုံးများ ပြူးကျယ်လာကာ သူမသည် တီးတိုးရေရွတ်လေသည်:

“ဒီအလင်းတန်းက… ယာယီ ‌အကျဉ်းခန်း ထင်တယ်!”

ယာယီအကျဉ်းခန်းများသည် ရှားပါးအကျဉ်းခန်း အမျိုးအစားဖြစ်ပြီး တစ်ချို့နေရာများတွင် ကျပန်း ပေါ်လာတတ်သည်။သို့သော် ကြာချိန်ကိုတော့ မှန်းဆ၍ မရနိုင်ပါ။

ကျင်းချုံးရွှယ်သည် အကျဉ်းခန်း၏ ဂိတ်ပေါက်နားသို့ ကပ်သွားပြီး သူမနောက်ရှိ စုရှင်းကို ပြောလိုက်သည်:

“အကျဉ်းခန်းထဲကို ကျွန်မ ဝင်ဖို့ စီစဉ်လိုက်ပြီ။အာ့တော့ ရှင်နဲ့အတူ မြို့ကို ပြန်မလိုက်နိုင်တော့ဘူး…ဒီလမ်းကနေ တန်းတန်းသွားလိုက်ပါ…”

သူမ စကားမဆုံးသေးခင်မှာပင် စုရှင်းက ဖြတ်ပြောလိုက်သည်:

“ကျွန်တော်လည်း အကျဉ်းခန်းထဲ ဝင်ချင်တယ်…”

ကျင်းချုံးရွှယ်သည် မျက်မှောင်ကြုတ်ကာ ပြောလေသည်:

“ယာယီအကျဉ်းခန်းတွေက အခွင့်အရေးရှိမှ လာလို့ရတာ ကျွန်မသိတယ်;ဒါက ကျွန်မတို့အတွက် ကြီးမားတဲ့ အခွင့်အရေး ဖြစ်နိုင်တယ်”

“ဒါပေမယ့် အထဲက အန္တရာယ်တွေက ကြိုမသိနိုင်ဘူး;ရှင် အထဲ ဝင်ချင်တာ သေချာလို့လား? ရှင့်အဆင့်က ခုထိ ငွေအဆင့်တောင် မရောက်သေးဘူးလို့ ကျွန်မ ထင်တာဘဲ။ရှင့်ကို ကျွန်မလည်း ကာကွယ်မပေးနိုင်ဘူးနော်…”

ထိုစကား ကြားသည့်အခါ စုရှင်းသည် သေရမည် ဆိုလျှင်တောင် အကျဉ်းခန်းထဲသို့ ဝင်လိုသည့် သူ၏ဆန္ဒကို ပြသခဲ့သည်။

သူ၏ ဆုံးဖြတ်ချက်ကို မြင်သည့်အခါ ကျင်းချုံးရွှယ်သည် သူမ ဆက်ပြောလည်း မရနိုင်တော့သည်ကို သိလိုက်ပြီး စုရှင်းအား သူမနောက်တွင် ကပ်နေရန်ဘဲ ပြောခဲ့သည်။

စုရှင်းသည် ရှေ့သို့ လှမ်းလိုက်ပြီး သက်တန့်ရောင် အလင်းတန်းများ ထွက်နေသည့် ဂိတ်ပေါက်ထဲသို့ ဝင်လိုက်သည်။

…

All Chapters