တာဝန် ပြီးမြောက်ပြီး ချင်းယွင်ကျီ၏ တပည့် ဖြစ်လာခြင်း
Vol. 2 Ch. 19
အကျဉ်းခန်းထဲသို့ ပထမဆုံး ဝင်ဖူးခြင်း မဟုတ်သော်ငြား မည်သည့် အကျဉ်းခန်းမှ သူ့အား အခုလို စိတ်မလှုပ်ရှားစေပါ။
ထိုအချိန်တွင် စုရှင်းသည် အမြင့် သေချာမသိနိုင်သော တောင်ထိပ်တစ်ခုသို့ ရောက်နေခဲ့သည်။မျက်စိတစ်ဆုံးတွင် မသေမျိုးချီဓာတ်များ ပြည့်နေသည့် တိမ်ပင်လယ်များ ရှိသည်။
တောင်ပေါ်တွင် လက်ဆတ်သော ဝိဉာဉ်စေ့ဆန်များနှင့် သုူ အမည်မသိနိုင်သည့် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားသည့် စိုက်ခင်းဧက အနည်းငယ် ရှိသည်။
စုရှင်းနှင့် မီတာတစ်ရာခန့် အကွာတွင် သက်ကယ်အိမ်လေး တစ်လုံးရှိသည်။
စုရှင်းသည် အသက်ပြင်းပြင်း ရှုလိုက်ရာ လေထဲတွင် ပျံ့နှံ့နေသည့် ဝိဉာဉ်စွမ်းအင်များကို ခံစားလိုက်ရသည်။ဝိဉာဉ်စွမ်းအင်များသည် သူ့ခန္ဓာအား စဉ်တက်မပြတ် အားဖြည့်ပေးနေရာ သူ၏ ကျင့်ကြံခြင်းအဆင့်သည် အလိုအလျောက် စတင်ကျင့်ကြံလေသည်။
“ဒါက တကယ့်ကို မသေမျိုးတွေရဲ့ ကောင်းကင်ဘုံဘဲ!”
စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
ကျင်းချုံးရွှယ်သည် ပဟေဌိ ဖြစ်သွားကာ ပြောသည်။
“အရင်က ဒီလို လေ့ကျင့်ရေးကွင်းမျိုး မမြင်ခဲ့ဖူးဘူး။ပတ်ပတ်လည်မှာ ပုန်းကွယ်နေတဲ့ မကောင်းဆိုးဝါးတွေ ရှိနိုင်တယ်…သတိထားတာ အကောင်းဆုံးဘဲ!”
ပြောပြီးပြီးချင်း ကျင်းချုံးရွှယ်သည် ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့သည်။စုရှင်းကလည်း သူမကို မတားဆီးခဲ့ပါ။
စုရှင်းသည် သက်ကယ်အိမ်ကို ညွှန်ပြပြီးနောက် ခဏအကြာတွင် အကြံပြုလေသည်။
“အာ့သက်ကယ်အိမ်ကို ဘာလို့ သွားမစစ်ကြည့်တာလဲ?”
ကျင်းချုံးရွှယ်သည် ငြင်းချင်သော်လည်း ခဏမျှ တုံ့ဆိုင်းပြီးနောက် သဘောတူစွာ ခေါင်းငြိမ့်လိုက်ပါသည်။
စုရှင်းသည် သက်ကယ်အိမ် အနားသို့ တိုးကပ်သွားပြီးနောက် တံခါးကို ခေါက်ကာ ခဏမျှ တိတ်တဆိတ် စောင့်နေလိုက်သည်။
များမကြာမီတွင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် မသေမျိုး အရှိန်အဝါများ လွှမ်းခြုံနေသည့် ဆံပင်များဖြူကာ နုပျိုနေသေးသည့် အဘိုးအိုတစ်ဦးက တံခါး လာဖွင့်လေသည်။သူ၏မျက်နှာသည် အံ့အားသင့်စရာများဖြင့် ပြည့်နေသည်။
“မင်းတို့ နှစ်ယောက် ဘယ်လိုဖြစ်ပြီး ငါ့ရဲ့ ဆိတ်ငြိမ်ရပ်ဝန်းကို ရောက်လာကြတာလဲ?”
စုရှင်းနှင့် ကျင်းချုံးရွှယ်တို့သည် အကြည့်ချင်း ဖလှယ်ကြပြီး သူတို့ မတော်တဆ အခွင့်အရေး ရခဲ့ပြီဖြစ်ကြောင်း မျက်နှာရိပ် မျက်နှာကဲ ပြကြသည်။
ထိုစကား ကြားသည့်အခါ အဘိုးအိုသည် ခေါင်းတငြိမ့်ငြိမ့်နှင့် ပြန်ပြောလေသည်။
“မင်းတို့နှစ်ယောက်မှာ နက်နဲတဲ့ ကံတရားရှိပြီး ဒီဆင်းရဲတဲ့ အဘိုးအိုနဲ့ တွေ့ဖို့ ရေစက်ပါလာတယ် ထင်တယ်!”
“မင်းတို့နှစ်ယောက်နဲ့ ရေစက်ရှိတဲ့အတွက် ဒီတင်းရဲတဲ့ အဘိုးအိုက မင်းတို့ကို အခွင့်အရေးတစ်ခု ပေးချင်တယ်။ဘယ်လိုလဲ?”
ထိုစကား ကြားသည့်အခါ စုရှင်းနှင့် ကျင်းချုံးရွှယ်တို့သည် သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။
“ရှည်လျားတဲ့ ကံကြမ္မာက ဘာလိုဆိုလိုတယ်ဆိုတာ သိလို့ရမလား?” စုရှင်းသည် မသိသလို ဟန်ဆောင်ပြီး မေးလိုက်သည်။
စုရှင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့ဩယောင်ပြကာ အဘိုးအိုသည် သင်၏ သမာဓိကို အသိအမှတ်ပြုပြီး နှေးကွေးစွာ ပြောလေသည်။
“မင်းတို့နှစ်ယောက်၊ ဒီတောင်ပေါ်က ငါ့ဝိဉာဉ်စိုက်ခင်းတွေကို မကြည့်ဖြစ်တာ လအတော်ကြာပြီ။အာ့တာကို အရင် ဂရုစိုက်ပေးရင်ရော ဘယ်လိုလဲ?”
ထို့နောက် စုရှင်းနှင့် ကျင်းချုံးရွှယ်တို့အား ဝိဉာဉ်စိုက်ခင်းစီ ခေါ်ဆောင်သွားခဲ့သည်။
အဘိုးအိုသည် ဝိဉာဉ်စိုက်ခင်း အကွက်သေးတစ်ခုကို ညွှန်ပြကာ ပြောသည်။
“မိန်းမငယ်လေး၊ ဒီဝိဉာဉ်စိုက်ခင်းကို မင်း ဂရုစိုက်ပေးဖို့ ထားခဲ့မယ်။အဆင်ပြေလား?”
ကျင်းချုံးရွှယ်သည် သေချာ နားမလည်သော်လည်း ခေါင်းငြိမ့်ကာ သဘောတူလိုက်ပါသည်။
“ဟုတ်ကဲ့ပါ၊ တာအိုအရှင်!”
ထို့နောက် အဘိုးအိုသည် စုရှင်းဘက်သို့ လှည့်ကာ ပြောလေသည်။
“မိတ်ဆွေငယ်လေး။ဒီ ပိုကြီးတဲ့ ဝိဉာဉ်စိုက်ခင်းကိုတော့ မင်းအတွက် ထားခဲ့မယ်။ဟုတ်ပြီလား?”
စုရှင်းသည် ဝိဉာဉ်စိုက်ခင်းကို ကြည့်ကာ မျက်ခုံး ပင့်လိုက်သည်။
ထို ဝိဉာဉ်စိုက်ခင်းသည် တစ်ဧကထက် ပိုကျယ်ကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် နှစ်ဧက၊ သုံးဧကခန့်ရှိမှန်း သိနိုင်သည်။
သရုပ်သကန် ဖန်တီးခြင်းတွေတုန်းက စိုက်ခင်း၏အရွယ်နှင့် မညီပါ…ဘယ်နေရာမှာ လွဲသွားတာလဲ?
စုရှင်းခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်—သူ၏ ကျင့်ကြံခြင်းအဆင့်၏ ကြီးမားသော ပြောင်းလဲမှုကြောင်း ဖြစ်နိုင်သည်!
သူ့ကိုယ်သူ လယ်ကွင်းထဲမှာ မြှုပ်နှံဖို့ ပိုကြီးတဲ့ စမ်းသပ်မှုများ ဖြစ်နိုင်လောက်လား?
စုရှင်းသည် သူ၏လက်များကို လက်အုပ်ချီကာ ပြောသည်။ “ဟုတ်ကဲ့ပါ တာအိုအရှင်!”
ချက်ချင်းပင် သူတို့နှစ်ဦးသည် လယ်ယာသုံး ပစ္စည်းများ ရရှိကာ ဝိဉာဉ်စိုက်ခင်းကို စတင်ပျိုးထောင်လေသည်။
စုရှင်းသည် ကျေးလက်ဒေသတွင် ကြီးပြင်းခဲ့ပြီး ငယ်စဉ်ကတည်းက လယ်ယာလုပ်ငန်းများ လုပ်ကိုင်ဖူးခဲ့သည့်အပြင် လွန်ခဲ့သည့် လပေါင်းများစွာကလည်း လယ်ယာအကြောင်းကို လေ့လာခဲ့သည့်အတွက် အလျင်အမြန်ပင် စတင်နိုင်ခဲ့သည်။
သို့သော် ကျင်းချုံးရွှယ်ကတော့ ခြားနားသည်။မျိုးစေ့ငါးခုကိုပင် ခွဲမပြောနိုင်ပါ။သူမသည် ပေါင်းပင်နှင့် ဝိဉာဉ်ဆန်များကိုပင် ခွဲခြားနိုင်ခြင်း မရှိပါ။
ထို့ကြောင့် သူ၏လုပ်ငန်း ပြီးဆုံးသည့်အခါ စုရှင်းသည် ကျင်းချုံးရွှယ်ထံ သွားရောက်စစ်ဆေးပြီး ပေါင်းသတ်နည်းနှင့် ရေသွင်းနည်းများကို သင်ကြားပေးခဲ့သည်။
ကံကောင်းစွာပင် ဝိဉာဉ်စေ့ဆန်များသည် မြေဩဇာ မလိုအပ်ပါ။မဟုတ်လျှင် စုရှင်းသည် သူမအား မြေဩဇာသုံးနည်း သင်ပေးရလိမ့်မည်…ယင်းသည် အလွန်ရှက်စရာ ကောင်းသည်!
အုတ်မြစ် တည်ထောင်ခြင်းအဆင့်သို့ ရောက်ပြီးနောက် စုရှင်း၏ ချန်ချွန်းနည်းလမ်းသည် ဒုတိယအလွှာသို့ ရောက်ရှိသွားကာ သူ့အတွင်းရှိ သစ်သားဒြပ်စင် ဝိဉာဉ်စွမ်းအင်သည်လည်း ပိုမို များပြားလာခဲ့သည်။
ထိုအချိန်တွင် နှစ်ဧက၊ သုံးဧကလောက်ကို ဂရုစိုက်ပြီးနောက် စုရှင်းသည် ပင်ပန်းသည်ဟု မခံစားရဘဲ ကျင်းချုံးရွှယ်၏ ဝိဉာဉ်စေ့ဆန်များကိုပင် ဝိဉာဉ်စွမ်းအင်နှင့် နှိုးဆွပေးနေသေးသည်။
ဝိညာဉ်စွမ်းအင်ဖြင့် စိုက်ပျိုးခြင်းသည် လေထုမှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီးနောက် ဝိညာဉ်အစေ့အဆန်များကို ၎င်းနှင့် နှိုးဆွပေးရသည့် လုပ်ငန်းစဉ် ဖြစ်သည်။
ထိုဖြစ်စဉ်တွင် စုရှင်း၏ မနောဓာတ်နှင့် ဝိဉာဉ်စွမ်းအင်များ၏ ကျွမ်းကျင်မှုသည် ပို၍ တိုးတက်လာသည်။
“ဒီရေတွင်းထဲက ရေက အတော်ချိုတာဘဲ~”
လယ်ယာလုပ်ငန်း ပြီးဆုံးပြီးနောက် စုရှင်းသည် ရေတွင်းဘေးတွင် ထိုင်ချကာ ရေတွင်းထဲမှ လက်ဆတ်သောရေကို တစ်ငုံသောက်လိုက်သည်။
ရေတွင်းထဲရှိ ရေတွင် သင့်တော်သော ဝိဉာဉ်စွမ်းအင်များ ပါဝင်ပြီး သေချာပေါက် ဝိဉာဉ်ရေတွင်း ဖြစ်နိုင်သည်။
“စုရှင်း…ဒီလို စိုက်ပျိုးနေလို့ ငါတို့အတွက် ဘာအကျိုးရှိမှာလဲ?”
တစ်နေ့လုံး ပင်ပင်ပန်းပန်း လုပ်ထားရသည့် ကျင်းချုံးရွှယ်က သူမ၏ ညောင်းကိုက်နေသော လက်မောင်းအား နှိပ်နယ်ရင် ညည်းညူလေသည်။
မြို့သူ ဖြစ်သည့်အတွက် သူမသည် အနည်းငယ် စိတ်ဝင်စားခဲ့သော်လည်း တစ်နေ့လုံး ပင်ပန်းပြီး ညစ်ပတ်သည့် အလုပ်များကို လုပ်ရသည့်အခါ သဘာဝအလျောက် ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရသည်။
သူမစကားကို ကြားသည့်အခါ စုရှင်းသည် ခေါင်းကိုယမ်းကာ ပြောလေသည်။
“ဘာဆုလာဘ် ရမယ်ဆိုတာ ကျွန်တော်လည်း မသိဘူး…ဒါပေမာ့် ဒီလေ့ကျင့်ရေးကွင်းထဲက တောင်တန်းတွေနဲ့ ရေတွေက သန့်ရှင်းပြီး ဝိဉာဉ်စွမ်းအင်တွေ ပေါများတယ်။စိုက်ပျိုးခြင်းနဲ့တင် လူတစ်ယောက်ရဲ့ စိတ်ကို အေးချမ်းစေနိုင်တယ်”
ထိုစကား ကြားသည့်အခါ ကျင်းချုံးရွှယ်သည် မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပရောပရီ ပြောလေသည်။
“အို၊ ကျေးဇူးပြုပြီး! တာဝန်က ပိုခက်လေလေ ဆုလာဘ်က ပိုများလေလေကို…ဒီလေ့ကျင့်ရေးကွင်းရဲ့ တာဝန်က စိုက်ပျိုးဖို့ဘဲလေ။ဘယ်လိုလုပ်ပြီး ဆုလာဘ်ကောင်း ဖြစ်နိုင်မှာလဲလို့?”
ကျင်းချုံးရွှယ်သည် ထိုသို့ ပြောလိုက်သော်လည်း လေ့ကျင့်ရေးကွင်းထဲမှ ထွက်သွားဖို့ စိတ်ကူးတော့ မရှိပါ။
မျက်စိတစ်မှိတ်အတွင်းမှာတင် ခုနစ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။စုရှင်း၏ ဝိဉာဉ်စိုက်ခင်း နှစ်ဧက၊ သုံးဧကသည် ပေါင်းပင်များ အားလုံးကို ဖယ်ရှားလိုက်သဖြင့် အထူးကောင်းမွန်စွာ ကြီးထွားလာခဲ့သည်။
ကျင်းချုံးရွှယ်၏ ဝိဉာဉ်စိုက်ခင်း တစ်ဧကသည်လည်း စုရှင်း၏ ဂရုစိုက်ပေးမှုကြောင့် ကောင်းမွန်စွာ ကြီးထွားခဲ့ပါသည်။
ခုနစ်ရက်မြောက်နေ့ ညနေခင်းတွင် အဘိုးအိုသည် စုရှင်းနှင့် ကျင်းချုံးရွှယ်အား တဲအိမ်အတွင်းသို့ ခေါ်ခဲ့သည်။
သူသည် အရင်ဆုံး ဝိဉာဉ်ဆန် တစ်အိတ်နှင့် ဝိဉာဉ်ကျောက်တုံး အိတ်သေးတစ်ခုကို ထုတ်ကာ ကျင်းချုံးရွှယ်အား ပေးလိုက်ပြီး ပြောသည်။
“မင်းရဲ့ ဝိဉာဉ်စိုက်ခင်းက ကောင်းမွန်စွာ ကြီးထွားခဲ့ပါတယ်။ဒီမှာ ဝိဉာဉ်ဆန် ၅၀ကျင်းနဲ့ ဝိဉာဉ်ကျောက်တုံး ၅၀။ ဆုလာဘ်အနေနဲ့ လက်ခံပါ”
ထိုစကားကို ကြားပြီးနောက် ကျင်းချုံးရွှယ်သည် စုရှင်းကို လှမ်းကြည့်ရင်း ရှက်ရွံ့စွာဖြင့် ဆုလာဘ်များကို လက်ခံခဲ့သည်။
သူမသည် လုံးဝ မစိုက်ပျိုးရဘဲ စိုက်ခင်းသည် ကြီးထွားခဲ့ခြင်း ဖြစ်သည်။ဆုလာဘ်၏ ခြောက်ဆယ်ရာခိုင်နှုန်းသည် စုရှင်းနှင့် သက်ဆိုင်ပါသည်!
“ကျေးဇူးတင်ပါတယ်။ တာအိုအရှင်!”
ကျေးဇူးတင်ပြီးနောက် အဘိုးအိုသည် လက်ကို ဝေ့ယမ်းလိုက်ရာ သူမသည် လေ့ကျင့်ရေးကွင်း အပြင်သို့ ရောက်သွားခဲ့သည်။
ထို့နောက် အဘိုးအိုသည် စုရှင်းကို အပေါ်၊အောက် သေချာကြည့်ပြီး သူ၏ရင်ဘတ်ထဲမှ ကျောက်တုံးအကြည်လေး တစ်ခုကို ထုတ်ကာ ပြောလေသည်။
“မိတ်ဆွေလေး၊ ကျေးဇူးပြုပြီး ဒီကျောက်တုံးကို လက်ပေါ် တင်ထားပေးနိုင်မလား?”
စုရှင်းသည် နှလုံးခုန်များ မြန်လာသည်။သူသည် ယင်းကို သရုပ်သကန် ဖန်တီးခြင်းများတွင် မြောက်မြားစွာ ကြုံတွေ့ဖူးသော်လည်း စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင် ဖြစ်နေသည်။
လက်ပေါ်သို့ တင်လိုက်သောအခါ ကျောက်တုံးသည် အနီရောင်နှင့် အစိမ်းရောင် အလင်းတန်းများ လင်းလက်လာသည်။
အဘိုးအိုသည် ကျေနပ်စွာ ခေါင်းငြိမ့်ရင်း ပြောသည်။
“မဆိုးဘူး။သစ်သားနှင့်မီး ဒွန်တွဲနေတဲ့ ဝိဉာဉ်ရင်းမြစ်ဘဲ။ထိပ်တန်းအဆင့် ဒြပ်စင်တစ်မျိုးတည်းသော ဝိဉာဉ်ရင်းမြစ်လောက်ထိ မကောင်းပေမယ့် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ကို လျှောက်နိုင်သေးပါတယ်…”
သူ့ကို ချီးကျူးပြီးနောက် အဘိုးအိုသည် ထပ်ပေါင်း ပြောလေသည်။
“မင်းမှာ ကျင့်ကြံခြင်းလမ်းစဉ် ရှိတာဘဲ။ဆရာ ရှိပြီးသားလား?”
မြန်ဆန်သော နှလုံးခုန်သံနှင့်အတူ စုရှင်းသည် ဒါဘဲလေဟု တွေးလိုက်သည်! သူ ငါ့ကို တပည့်အဖြစ် လက်ခံတော့မှာလား?
ထို့ကြောင့် စုရှင်းသည် ခေါင်းယမ်းကာ ပြောလေသည်။
“ဆရာ မရှိပါဘူး။အရင်က ကျင့်ကြံခြင်း နည်းလမ်းကို ရှာတွေ့ခဲ့ပြီး မရေမရာနဲ့ ကျင့်ကြံခြင်း လမ်းကြောင်းကို စတင်ခဲ့တာပါ…”
ထိုစကား ကြားသည့်အခါ အဘိုးအိုသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလေသည်။
“မင်းဘာသာ အုတ်မြစ် တည်ထောင်ခြင်း နဝမအဆင့်ကို ရောက်ရှိခဲ့တယ်ဆိုတော့ မင်းရဲ့ အရည်အချင်းနဲ့ ကံကြမ္မာက အတော် ထူးခြားတာဘဲ!ပြီးတော့ ကျင့်ကြံနေစဉ်မှာ မင်းရဲ့ လုံ့လဝီရိယနဲ့ မကျေနပ်ခြင်း ကင်းမှုတွေက မင်းရဲ့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားကို ပြသနေတာဘဲ”
“"ဤကြီးမားသည့် သုံးထောင်သော ကမ္ဘာတွင် အချင်းချင်းတွေ့ဆုံတယ်ဆိုတာက ကျွန်ုပ်တို့မှာ ကြိုတင်သတ်မှတ်ထားတဲ့ ဆက်သွယ်မှုတစ်ခုရှိတယ်လို့ ဆိုလိုတာဘဲ…”
အဘိုးအိုသည် ဆက်မပြောခင် ခဏ ရပ်နေလိုက်သည်။
“မင်း ကျင့်ကြံနေတဲ့ ကျင့်ကြံခြင်းနည်းလမ်းက ချန်ချွန်းဂိုဏ်းက ချန်ချွန်းနည်းလမ်းဘဲ။ဒီနည်းလမ်းရဲ့ အထက်ပိုင်း ကန့်သတ်ချက်တွေက အတိုင်းအတာ ရှိပေမယ့်လည်း ဒီနည်းလမ်းက သူ့ကို စတင်လိုက်ရုံနဲ့ ကျင့်ကြံသူတွေကို များစွာ အကျိုးရှိစေတယ်”
“ဒါ့အပြင် သစ်သားဒြပ်စင် နည်းလမ်းက အရာခပ်သိမ်းရဲ့ သက်စောင့်ဓာတ်ကို စုဆောင်းပြီး သဘာဝကို ပြန်နိုင်တယ်…ယင်းက ပြုစုပျိုးထောင်ခြင်းနဲ့ စိုက်ပျိုးခြင်း လမ်းကြောင်းကို သင်ယူဖို့လည်း အတော်လေး သင့်တော်တယ်!”
ထိုနေရာတွင် အဘိုးအို၏ မျက်နှာတွင် ခတ္တမျှ တုံ့ဆိုင်းဟန် ပြလိုက်သော်လည်း အဆုံးတွင်တော့ သူသည် သက်ပြင်းသာသာချကာ ပြောလေသည်။
“ဆုံတွေ့ရခြင်းက ကံကြမ္မာဘဲ~”
“ငါက ချင်းယန်ဂိုဏ်းရဲ့ တောင်သူသာသာပါဘဲ။တာအိုအရှင် ချင်းယွင်ကျီလို့ခေါ်တယ်။ငါ့တပည့်လုပ်ဖို့ ဆန္ဒရှိလား?”
“ငါ မင်းကို ငါ့တပည့်အဖြစ် တရားဝင် လက်ခံချင်တယ်…”
…