ချင်းယွင်ကျီ၏ တပည့် ဖြစ်လာခြင်း၊ ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သောမြေအား ဆည်းပူးခြင်း။
Vol. 2 Ch. 20
စုရှင်းသည် ဤအဘိုးအိုကို ဆရာအဖြစ် မတင်မြှောက်စရာ အကြောင်း ရှိပါ့မလား။သူ ဘာအတွက်ကြောင့် ဒုက္ခများစွာ ကြုံတွေ့ခဲ့ရသလဲ?
သူသာ ဂုဏ်ထူးဆောင်တပည့် တစ်ဦးဖြစ်ခဲ့လျှင် သူ ရရှိမည့် အကျိုးကျေးဇူးသည် ယခင်က သူရရှိခဲ့သည့် ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်းထက် ပို၍ ကောင်းမွန်ပေလိမ့်မည်။
ထို့ကြောင့် စုရှင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ခါတည်း အလေးပြုကာ ပြောလိုက်သည်။
“တပည့် ဆရာ့ကို အရိုအသေ ပြုပါတယ်!”
မျက်နှာပေါ်တွင် အပြုံးကို ဆင်မြန်းကာ ချင်းယွင်ကျီသည် သူ၏မုတ်ဆိတ်ရှည်များကို ပွတ်သပ်ရင်း ပြောလေသည်။
“မင်းက ငါ့ကို ဆရာအဖြစ် အသိအမှတ် ပြုတယ်ဆိုတော့ ငါ့မှာလည်း မင်းကို ပေးစရာ လက်ဆောင်တွေ ရှိတယ်!”
“ပထမလက်ဆောင်က မသေမျိုး ကျင့်စဉ်ဖြစ်တဲ့ ‘ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်း'ဘဲ။ငါ မတော်တဆ ရခဲ့တဲ့ဟာပေါ့။နှစ်ထောင်ချီကြာအောင် ငါ ဝီရိယရှိရှိ လေ့လာခဲ့သော်လည်း ခုချိန်ထိ အဲ့ဒါကို ပြီးပြည့်စုံအောင် မကျင့်ကြံနိုင်သေးဘူး…”
“မင်းမှာ ကျင့်ကြံခြင်းအတွက် ပင်ကိုယ်စွမ်းရည်ရှိတာ တွေ့ရတယ်။အာ့ကြောင့်မို့ ဒီမသေမျိုး ကျင့်စဉ်ကို မင်းကို ပေးတာဘဲ။မင်းသာ သူ့ကို ပြီးပြည့်စုံတဲ့အထိ ကျင့်ကြံနိုင်ရင် သုံးထောင်သော ကမ္ဘာမှာ မင်းက နေရာတစ်ခု ရပြီဘဲ!”
ထိုသို့ ပြောပြီးနောက် ချင်းယွင်ကျီသည် ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်းကို သိမ်းဆည်းထားသည့် ကျောက်စိမ်းလေးတစ်ပိုင်းအား စုရှင်းကို ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဆရာကြီး!”
စုရှင်းသည် စိတ်အားထက်သန်စွာပင် ယူလိုက်သည်။ဤ ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်းသည် စွမ်းအင်အမှတ် တစ်ဘီလီယံပင် တန်ဖိုးရှိကြောင်း သူသိသည်။၎င်းကို သရုပ်သကန် ဖန်တီးခြင်းမှ ရရှိရန် မည်မျှ ချွေတာရမည် ဖြစ်ကြောင်း သူ မသိသေးခင်မှာပင် စွမ်းအင်များ အသုံးပြုစရာ မလိုအပ်ဘဲ လက်တွေ့ကမ္ဘာတွင် ယင်းကို ရရှိခဲ့သည်။
ချင်းယွင်ကျီသည် ခေါင်းတငြိမ့်ငြိမ့်နှင့် ဆက်ပြောလေသည်။
“ဒုတိယလက်ဆောင်က သုံးလက်မ ပတ်လည်ရှိတဲ့ ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သောမြေ အသေးစားဘဲ”
“လွင်ပြင်သည် အချင်းတစ်ရာရှိသော တောင်ငယ်တစ်ခုမျှ ဖြစ်သော်လည်း ဤတောင်သည် ဝိညာဉ်စွမ်းအင်ကြွယ်ဝပြီး ကြည်လင်သောရေများနှင့် စိမ်းလန်းစိုပြေသော သစ်ပင်များပါရှိသည့်အတွက် ပြုစုပျိုးထောင်ခြင်း နည်းလမ်းများကို လေ့လာရန် အလွန်သင့်လျော်တယ်။”
ထိုသို့ပြောပြီးနောက် ချင်းယွင်ကျီသည် သူ၏လက်ချောင်းကို စုရှင်း၏ မျက်ခုံးနှစ်ခုကြား ထောက်ထားပြီး သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည်။
စုရှင်းသည် ချိတ်ဆက်မှုကို ခံစားလိုက်ရသည်။သူသည် ယခုအခါ ဤကမ္ဘာငယ်လေးနှင့် လုံးလုံးလျားလျား ချိတ်ဆက်မိသွားပြီး ၎င်းထဲရှိ လှုပ်ရှားမှုတိုင်းကို ခံစားမိနိုင်ပြီ ဖြစ်သည်။
“ဒါက…ဒီအကျဉ်းခန်းကို ငါ ခု တိုက်ရိုက် ပိုင်ပြီလို့ ပြောချင်တာလား? ငါ ကြိုက်သလို ဝင်၊ထွက်လို့ ရပြီလား?”
စုရှင်းသည် သူ၏ ရက်ရောသော သခင်၏ အရည်အချင်းကြောင့် အံ့အားသင့်သွားရပြန်သည်။
ထို့နောက် ချင်းယွင်ကျီသည် လက်မှတ်တစ်ခုကို ထုတ်ကာ စုရှင်းလက်ထဲသို့ ထည့်ပေးရင်း ပြောလေသည်။
“တတိယလက်ဆောင်က ချင်းယန်ဂိုဏ်းရဲ့ ချင်းယန်လက်မှတ်ဘဲ။မင်းက ငါ့ရဲ့ တစ်ဦးတည်းသော ဂုဏ်ထူးဆောင်တပည့် ဆိုပေမယ့် ဂိုဏ်းမှာ မင်းရဲ့နေရာက မနိမ့်ပါဘူး။ဟင်းလင်ပြင်နယ်ပယ်ကို ပြန်သွားရန် ကျင့်ကြံပြီးတာနဲ့ ငါ့ရဲ့ တရားဝင်တပည့်ဖြစ်ပြီ။ဒါဆို ချင်းယန်နယ်ပယ်ထဲက ချင်းယန်ဂိုဏ်းကို မင်းဘာသာ သွားလို့ရပြီ!”
ထိုစကား ကြားသည့်အခါ စုရှင်းသည် ရှေးဟောင်းလက်မှတ်ကို ယူလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။
ထိုချင်းယန်ဂိုဏ်းသည် ကျင့်ကြံခြင်းအတွက် ရင်းမြစ်များစွာရှိသည့် တရားဝင် ကျင့်ကြံရေးဂိုဏ်းတစ်ခု ဖြစ်သည်။သူသာ ဝင်နိုင်လျှင် အကျိုးအမြတ် များစွာ ရလိမ့်မည်။
သနားစရာ ကောင်းသည်က ချင်းယွင်ကျီသည် ချင်းယန်ဂိုဏ်းသို့ မသွားမီ ဟင်းလင်ပြင်နယ်ပယ်ကို ပြန်ရောက်ရန် လေ့ကျင့်ရမည်ဟု စုရှင်းအတွက် ပန်းတိုင်ချမှတ်ခဲ့ခြင်းပင် ဖြစ်သည်။ယင်းမှာ စုရှင်းအတွက် အလွန် အလှမ်းဝေးလှသည်။
လက်ဆောင်သုံးခုအား ပေးပြီးနောက် ချင်းယွင်ကျီက မေးလေသည်။
“ငါ့တပည့် မေးစရာ ရှိသေးလား?”
ခဏတာ တွေးပြီးနောက် စုရှင်းက ပြောလေသည်။
“ကျွန်ုပ်မှာ သာလွန်ကောင်းမွန်တဲ့ ကျင့်ကြံခြင်းနည်းလမ်း မရှိဘူး…ပြီးတော့ ကျွန်တော်က အဂ္ဂိရတ်ပညာအတွက် သင့်တော်တယ်လို့ ဆရာ ပြောခဲ့တယ်မလား?ဒါပေမယ့် ကျွန်တော့်မှာ အဂ္ဂိရတ်ပညာအတွက်လည်း နည်းလမ်းမရှိဘူး…”
ချင်းယွင်ကျီသည် ခေါင်းငြိမ့်ကာ နောက်ထပ် ကျောက်စိမ်းတစ်ပိုင်းကို ပေးကာ ပြောလေသည်။
“ငါက အဂ္ဂိရတ်ပညာမှာ မကျွမ်းကျင်ဘူး။ဒါပေမယ့် ဆေးပေါင်း သုံးရာ့ခြောက်ဆယ်ကို မှတ်တမ်းတင်ထားတဲ့ ‘လီ မီးအဂ္ဂိရတ် နည်းလမ်း'ကို ငါ ရထားတယ်။မင်း လေ့လာဖို့ လုံလောက်မှာပါ…”
စုရှင်းသည် ထို အဂ္ဂိရတ်နည်းလမ်းကို အလျင်အမြန် ယူလိုက်သည်။သူ့အတွက် ဤအဆင့်တွင် အဂ္ဂိရတ်နည်းလမ်းသည် အလွန် အရေးကြီးပါသည်။
စွမ်းအင်အတွက် ငွေရှာရန် သူ့ကိုယ်ပိုင် ခွန်အားကို မြှင့်တင်ခြင်းဖြစ်စေ ဆေးပြားများ ရောင်းချခြင်း ဖြစ်စေ၊ ရွေးချယ်မှု နှစ်ခုစလုံးသည် ကောင်းမွန်ပါသည်။
အဆုံးမှာတော့ ချင်းယွင်ကျီက ပြောသည်။
“ထူးကဲသာလွန်တဲ့ ကျင့်ကြံခြင်း နည်းလမ်းအတွက်ကတော့ လုပ်နိုင်တာထက် ပိုလုပ်ရင် ဘယ်အရာမှ မကောင်းဘူးဆိုတာ သိထားသင့်တယ်။မင်းမှာ ဟင်းလင်ပြင်နယ်ပယ်ကို ပြန်လည်ရောက်ရှိနိုင်တဲ့ ချန်ချွန်းနည်းလမ်း ရှိနေပြီဘဲ။အာ့တာက မင်းအတွက် အတော်လေး အကျိုးထူးနိုင်တယ်။မင်း အာ့တာကို ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်တဲ့အချိန်ကျ ငါ့ကို ထပ်လာရှာလှည့်!”
ပြောပြီးသည်နှင့် ချင်းယွင်ကျီသည် သူ၏ အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ရာ ကမ္ဘာငယ်လေး အတွင်းမှ သူ၏ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။
ချင်းယွင်ကျီ၏ ရယ်သံသည် လေထဲတွင် ပဲ့တင်ထပ်နေဆဲပင် ဖြစ်သည်။
“အနှစ်သုံးထောင်ကြာ စိုက်ခင်းတွေနဲ့ လမ်းစဉ်တွေထဲ လွင့်မျောနေတဲ့ ကျင့်ကြံသူ…ဘယ်လောက်တောင် ပျော်ရွှင်စရာ ကောင်းလိုက်လဲ! ဘယ်လောက်တောင် ကျေနပ်စရာ ကောင်းလိုက်သလဲ~”
စုရှင်းသည် သူ၏ဆရာ ပျောက်သွားသည့်နေရာကို ကြည့်ရင်း လုံးဝ မှင်သက်သွားသည်။
“ဆရာ ကျွန်တော် ခုထိ ပြောလို့ မပြီးသေးဘူးလေ!”
“ဟာ!ဆရာ၊ ကျွန်တော့်နည်းလမ်းက တစ်ပိုင်းတစ်စဘဲ ရှိတာ!ဟင်းလင်းပြင် နယ်ပယ်ကို ပြန်သွားရန် ကျင့်ကြံဖို့ မလုံလောက်သေးဘူး!”
စုရှင်းသည် ကျယ်လောင်စွာ အော်ဟစ်နေသော်ငြား တုံ့ပြန်သံ တိုးတိုးလေးတောင် ထွက်မလာခဲ့ပါ။
သူ၏မျက်နှာသည် ချက်ချင်း မည်းမှောင်သွားကာ ညည်းညူလေတော့သည်။
“သေစမ်း!အချို့သော သီးသန့် ကျွမ်းကျင်ပညာရှင်တွေလို ပြုမူပြီးတော့…ကျွန်တော့်အတွက် ကျင့်ကြံခြင်း နည်းလမ်းကျ ဘာလို့ မထားခဲ့တာလဲ?”
စုရှင်းသည် ပြောစရာစကား မဲ့နေခဲ့သည်;သူ၏ ချန်ချွန်းနည်းလမ်းသည် မပြည့်စုံသည့်အတွက် ဟင်းလင်းပြင် နယ်ပယ်သို့ ပြန်လည်ရောက်ရှိခြင်းအထိ ကျင့်ကြံရန် မလုံလောက်ပါ။
သက်ပြင်းချလိုက်ပြီးနောက် သူသည် သက်ကယ်အိမ်ထဲမှ ထွက်လိုက်ပြီး သူ့ဆရာက သူ့အား ဘာပစ္စည်းဥစ္စာမှ မထားခဲ့ဘဲ ထွက်သွားသည်ကို တွေ့လိုက်ရသည်။
အကြာကြီး ရှာဖွေပြီးနောက် သူသည် မျိုးစေ့အိတ်အနည်းငယ်၊ ဟောင်းနွမ်းနေသော အဂ္ဂိရတ်မီးဖိုနှင့် ဝိညာဉ်ကျောက်တုံး ရာဂဏန်းတို့ကိုသာ တွေ့ရှိခဲ့သည်။
“ဟူး…ဒီဝိဉာဉ်ကျောက်တုံးတွေနဲ့ ငါ ဟင်းလင်းပြင် နယ်ပယ်သို့ ပြန်လည်ရောက်ရှိခြင်း အဆင့်ထိ ကျင့်ကြံနိုင်ပါ့မလား?”
စုရှင်းသည် ပြောစရာစကား ပျောက်သွားပြန်သည်။ဒီ ဝိဉာဉ်ကျောက်တုံး အနည်းငယ်နှင့် သူအရင်က စုဆောင်းထားသည့် နှစ်ရာနှင့်ပေါင်းလျှင်တောင် စုစုပေါင်း တစ်ထောင်ပင် မပြည့်ပါ။
သူ ရွှေအဆင့်သို့ ရောက်ရှိရန်သာ လုံလောက်သည်…ဟင်းလင်းပြင်သို့ ပြန်လည်ရောက်ရှိရန် အတွက်တော့ အလွန်ပင် အလှမ်းကွာသေးသည်။
“ကောင်းပြီလေ၊ ရာပေါင်းများစွာ သရုပ်သကန် ဖန်တီးပြီး တစ်ကြိမ်စီမှာ ကျင့်ကြံခြင်းအဆင့် နည်းနည်းစီ ထုတ်ယူလို့ရတာဘဲ။ဒီလိုဆို ဟင်းလင်ပြင်နယ်ပယ်သို့ ပြန်လည်ရောက်ရှိခြင်းအထိ ငါ ကျင့်ကြံနိုင်မှာဘဲ!”
စုရှင်းသည် ထိုသို့ဖြင့် သူ့ကိုယ်သူ အားပေးလိုက်သည်။
“ဒါပေမယ့် ချန်ချွန်းနည်းလမ်း ကျန်တဲ့တစ်ဝက်ကိုတော့ ငါ သေချာပေါက် ရှာမှရမယ်…”
စုရှင်းသည် သူ၏ မေးစေ့ကို ပွတ်ရင်း လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းမှ ရသည့် ချန်ချွန်းနည်းလမ်း အကြောင်းကို စဉ်းစားနေခဲ့သည်။နောက်တစ်ဝက်ကို လိုချင်လျှင် သေချာပေါက် သူတို့နှင့် ဆက်သွယ်မှ ရလိမ့်မည်။
သူ့ဆရာက သူ့အတွက် ချန်ထားရစ်ခဲ့သည့် တန်ဖိုးနည်း ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် “သုံးလက်မ ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သောမြေ”ကို ဂရုတစိုက် စစ်ဆေးခဲ့သည်။
ချင်းယွင်ကျီ ပြောသလိုဆိုလျှင် ထိုသေးငယ်သည့် မြင့်မြတ်သောမြေလေးသည်် အချင်းအားဖြင့် ကိုက်တစ်ရာရှိပြီး အရွယ်အစားအားဖြင့်ဆိုလျှင် စုစုပေါင်း ဧကငါးရာ အကြမ်းဖျင်း ရှိသည်။
သို့သော် မြင့်မြတ်သောမြေသည် သစ်ပင်၊ပေါင်းပင်များ ပေါက်ရောက်နေသဖြင့် ကျင့်ကြံနိုင်သော ဝိဉာဉ်စိုက်ခင်းသည် ဆယ်ဧကကျော်သာ ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ဤရွေ့လျားနိုင်သည့် မြင့်မြတ်သောမြေသည် စုရှင်းအတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်သည်။
အတွေးတစ်ခုဖြင့် သူသည် “ချင်းယန် ဝိဉာဉ်စိုက်ခင်း” မြင့်မြတ်သောမြေမှ ထွက်ကာ လက်တွေ့ကမ္ဘာသို့ လာနိုင်သည်။
ယခုအခါ အပြင်ဘက်တွင် နောက်ကျနေပြီ ဖြစ်သည်။စုရှင်း အပြင်ထွက်ထွက်ချင်းမှာပင် သူ့ကို စောင့်နေသည့် ကျင်းချုံးရွှယ်ကို တွေ့လိုက်သည်။
“စုရှင်း နောက်ဆုံးတော့ ရှင် ထွက်လာပြီဘဲ!”
ကျင်းချုံးရွှယ်က စိတ်လှုပ်ရှားစွာ ပြောလေသည်။
ကျင်းချုံးရွှယ်နှင့် ခဏတာ စကားစမြည် ပြောပြီးနောက် စုရှင်းက မေးလေသည်။
“ချုံးရွှယ် ဒီဝိဉာဉ်ကျောက်တုံးတွေက မင်းအတွက် အသုံးမဝင်ပေမယ့် ငါ့အတွက် အရမ်း အသုံးဝင်တယ်။ဝိဉာဉ်ဆန် ၅၀ကျင်းနဲ့ မင်းရဲ့ဝိဉာဉ်ကျောက်တုံး၅၀ကို လဲချင်တယ်။အဆင်ပြေရဲ့လား?”
ထိုစကား ကြားသည့်အခါ ကျင်းချုံးရွှယ်သည် ခေါင်းကိုယမ်းကာ ပြောလေသည်။
“ရှင့်အကူအညီကြောင့် ဒီဆုလာဘ်တွေကို ကျွန်မ ရခဲ့တာပါ; ရှင့်ကို ဒီတိုင်း တစ်ဝက်ခွဲပေးမှာပါ!”
ထိုသို့ပြောပြီးနောက် ကျင်းချုံးရွှယ်သည် ဝိဉာဉ်ကျောက်တုံး၅၀ကို စုရှင်းအား ပေးလိုက်သည်။
စုရှင်းသည် တုံ့ဆိုင်းမနေဘဲ လက်ခံယူလိုက်ပါသည်။
လက်ရှိစုရှင်းအတွက် ဝိဉာဉ်ဆန်သည် စိုက်ပျိုးခြင်းက ရရှိနိုင်ပြီး ပြန်လည် ဖြည့်တင်းနိုင်သည့် ရင်းမြစ် ဖြစ်သည်။
သို့သော် ဝိဉာဉ်ကျောက်တုံး အတွက်ကတော့ စုရှင်းသည် ရရှိနိုင်သည့် အခြားနည်းလမ်း မသိပါ။အသုံးများလာသည်နှင့်အမျှ အရေအတွက်သည် တဖြည်းဖြည်း လျော့ကျလာပြီး တစ်ခုချင်းစီသည် ထင်မှတ်မထားလောက်အောင် တန်ဖိုးရှိသည်။
ကျင်းချုံးရွှယ်သည် ကောင်းကင်ကို ကြည့်ရင်း ပြောသည်။
“အာရှင်း၊ အတော် နောက်ကျနေပြီ! အရင်ဆုံး မြို့ကိုဘဲ ပြန်ကြရအောင်!”
ထိုစကား ကြားသည့်အခါ စုရှင်းသည် ခေါင်းငြိမ့်လိုက်ပြီး ကျင်းချုံးရွှယ်နှင့်အတူ မြို့သို့ ပြန်လာခဲ့သည်။
ချင်းယန် ဝိဉာဉ်စိုက်ခင်းထဲရှိ အချိန်သည် လက်တွေ့ကမ္ဘာ၏ အချိန်ကို တစ်ခုချင်းစီ ပုံတူယူထားခြင်း ဖြစ်သည်။
အပြင်ဘက်တွင် နိုဝင်ဘာ ၂၆ရက် ရောက်ပြီဖြစ်သည့်အတွက် သရုပ်သကန် ဖန်တီးခြင်း ပြန်လည် စတင်နိုင်ပြီ ဖြစ်သည်။ထို့ကြောင့် စုရှင်းသည် တုံ့ဆိုင်းမနေဘဲ သရုပ်သကန် ဖန်တီးရန် ရွေးချယ်လိုက်သည်။
“သရုပ်သကန် ဖန်တီးခြင်း စတင်ပါ!”
[စွမ်းအင် ၁၂၀၀မှတ် ကုန်ကျမည် ဖြစ်ပြီး သင့်တွင် စွမ်းအင် ၂၆၈၀မှတ်နှင့် အကန့်အသတ်မဲ့ ဖန်တီးခွင့်များ ကျန်ရှိပါသည်။]
[သရုပ်သကန် ဖန်တီးခြင်း စတင်ပါပြီ!]
[အဖြူရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင်၁၀၀မှတ် ကုန်ကျမည် ဖြစ်ပြီး အစိမ်းရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင် ၁၀၀၀မှတိ ကုန်ကျပါမည်။ စွမ်းအင်တစ်ခု ရယူလိုပါသလား?]
“အစိမ်းရောင်အဆင့် စွမ်းရည် ယူမယ်!”
[ဒင်၊ သခင့်ခွန်အား ဟူသည့် အစိမ်းရောင်အဆင့် စွမ်းရည်အား ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်!]
…