← Chapters

ကြက်မွေးမြူရေး ကျွမ်းကျင်သူ၊ ဆင်းသက်လာသော ဂိုဏ်းသတင်းများ

Vol. 2 Ch. 21

ကြက်မွေးမြူရေး ကျွမ်းကျင်သူ၊ ဆင်းသက်လာသော ဂိုဏ်းသတင်းများ

Vol. 2 Ch. 21

[သခင့်ခွန်အား]: သင်သည် သာမန်လူများထပ် ပို၍ ခွန်အားကြီးစွာ မွေးဖွားခဲ့သည်။သင်၏ ရုပ်ပိုင်းဆိုင်ရာ မာကျောမှုသည် ပျမ်းမျှလူတစ်ဦးထက် အဆပေါင်းများစွာ သာလွန်သည်။သင်သည် ခန္ဓာသန့်စင်ခြင်းတွင် ထူးခြားသော အရည်အချင်းများကို ပိုင်ဆိုင်သည်။

သူ ရရှိခဲ့သည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို မြင်သည့်အခါ စုရှင်း၏မျက်လုံးများ အရောင်တောက်လာသည်။မစ်စတာ ခွန်အားသည် ယခင်က ကြံခိုင်းရေး ဝါသနာရှင်စွမ်းရည်၏ အဆင့်မြင့် ဗားရှင်းဖြစ်သည်ဆိုတာ ထင်ရှားပါသည်။

ယင်းသည် သစ်သားနှင့်မီး ဒွန်တွဲနေသော ဝိဉာဉ်စွမ်းရည်နှင့် အဆင့်တူတူပင် ဖြစ်သည်။

“အစီအစဉ်ကတော့ နည်းနည်း ပြောင်းရတော့မယ် ထင်တယ်…”

စုရှင်းသည် သူ၏မေးကို ပွတ်ရင်း တွေးလိုက်သည်။

သူသည် မူလက ဤ သရုပ်သကန် ဖန်တီးခြင်းတွင် အဂ္ဂိရတ်ပညာကို လေ့လာကာ အမှတ်များအတွက် ငွေပိုရှာရန် စီစဉ်ခဲ့သည်။

သို့သော် ခုတော့ မာစတာ ခွန်အားဟူသည့် စွမ်းရည်သည် သူထုတ်ယူကာ အကျိုးရှိရှိ အသုံးချချင်သည့် ရှားပါးအခွင့်အရေး ဖြစ်သည်။

စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[သင်၏တံခါးမှ ခေါင်းလောင်းသံ မြည်လာပြီး သင့်ကို လာရှာသူမှာ ကျင်းချုံးရွှယ်ပင် ဖြစ်သည်။]

[သူမသည် ခုလေးတင် ရေချိုးလာသည့်ပုံ ပေါ်သည်။သူမ၏ ဆံပင်များသည် ခုချိန်ထိ စိုစွတ်နေဆဲ ဖြစ်သည်။]

[ကျင်းချုံးရွှယ်သည် သင်နှင့်အတူ ဗုဒ္ဓ၏ တရားဓမ္မများကို ဆွေးနွေးချင်သည်။သို့သော် သင်သည် အနည်းငယ်သာ သိသည့်အတွက် ယုံကြည်မှုကို ဆုံးရှုံးလုနီးနီး ဖြစ်သွားသည်။]

[ကျင်းချုံးရွှယ်သည် ဆိုလိုရင်းကို ပြောင်းလိုက်ကာ သင့်ကို အတူစားရန် ဖိတ်ခေါ်သည်။သူမသည် သင့်ကို နှစ်သက်နေသည့်ပုံ ပေါ်သည်။]

[သင်သည် ကျင်းလင်မြို့တွင် တစ်ပါတ်နေခဲ့ပြီး ကျင်းချုံးရွှယ်နှင့် သင့်ကြားက ဆက်ဆံရေးသည်လည်း ပိုမို နီးကပ်လာခဲ့သည်။]

[တစ်ပါတ်ကြာပြီးနောက် သင်သည် ကျိုတို သိပ္ပံနှင့် နည်းပညာကျောင်းသို့ ပြန်လာခဲ့သည်။]

[သင်သည် နေ့တိုင်း မြင့်မြတ်သောမြေသို့ ဝင်ရောက်ကာ ဝိဉာဉ်စေ့ဆန်များကို ဂရုတစိုက် ပြုစု‌ စောင့်ရှောက်လေ့ရှိသည်။]

[သင်သည် ကြံ့ခိုင်သန်မာပြီး သာမန်လူများထက် အခါပေါင်းများစွာ ပိုစားသည်။ထို့ကြောင့် တစ်နပ်လျှင် ဝိဉာဉ်ဆန် တစ်ပေါင် ကုန်လေသည်။]

[သင်သည် နေ့စဉ် ဝိဉာဉ်စိုက်ခင်းတွင် အလုပ်လုပ်ရင်း ဝိဉာဉ်ဆန် သုံးပေါင်ကို စားသည်။သင်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် လျင်မြန်စွာပင် မြင့်မားလာသည်။]

[တစ်ပါတ်ကြာပြီးနောက် သင်၏ ကျင့်ကြံခြင်းအဆင့်သည် ခန္ဓာသန့်စင်ခြင်း အဆင့်မှ အရိုးမာကျောခြင်း ပထမအဆင့်သို့ မြင့်တက်သွားသည်။]

ထိုအရာကို မြင်သည့်အခါ စုရှင်းသည် အတော်လေး စိတ်လှုပ်ရှားသွားသည်။ယခင်က နှစ်ပေါင်းများစွာ ပင်ပန်းခံခဲ့ရပြီး ခန္ဓာသန့်စင်ခြင်း ပဉ္စအဆင့်သို့သာ ရောက်ရှိခဲ့သည်။

ယခုတော့ ခန္ဓာသန့်စင်ခြင်းအတွက် စွမ်းရည်နဲ့ နေ့တိုင်း ဝိဉာဉ်ဆန် စားခြင်းရဲ့ အကျိုးရယ်ကြောင့် သူ၏ ကျင့်ကြံခြင်းသည် ထင်မှတ်မထားလောက်သည့် အရှိန်ဖြင့် မြင့်တက်လာခဲ့သည်။

[သင်သည် ဤသရုပ်ဖော်မှုတွင် မည်မျှအထိ သွားနိုင်သည်ကို ကြည့်ရှုရန်အတွက် စိတ်အားထက်သန်စွာဖြင့် ကျင့်ကြံခြင်းတွင် မြုပ်နှံခဲ့ပါသည်။]

[သင်သည် မြင့်မြတ်သော နယ်မြေတွင် တစ်နေ့ သုံးနာရီ ခန္ဓာသန့်စင်ခြင်းကို ကျင့်ကြံခဲ့ပြီး သင်၏ အားလပ်ချိန်များတွင်မူ ဂျူနီယာများနှင့် လူသစ်များအား အကျဉ်းခန်းထဲသို့ ဝင်ရောက်စီးနင်းခြင်းနှင့် စက်ကိရိယာများ စုဆောင်းခြင်းတို့တွင် ကူညီပေးခဲ့သည်။]

[သင်၏ တိုးပွားလာသော ခွန်အားကြောင့် ငွေအဆင့် အကျဉ်းခန်းများသည် သင့်အတွက် လွယ်ကူလှသည်မှာ ထင်ရှားပါသည်။]

[သင်၏ အကျဉ်းခန်း ဝင်ငွေသည် သိသိသာသာ တိုးလာခဲ့သည်။တစ်ရက်လျှင် ပျမ်းမျှ မီလီယံဝက် ရှာနိုင်ခဲ့ပြီး လဝက်ထဲနှင့် သင်သည် မီလီယံနာ ဖြစ်လာခဲ့သည်။]

[အားလပ်ချိန်များတွင် သင်သည် ဝမ့်ချင်းရွှမ်ကို ခေါ်ကာ အကျဉ်းခန်းများသို့ သွားပြီး အဆင့်မြှင့်ပေးလေ့ ရှိသည်။သူမသည် သင့်အပေါ် တဖြည်းဖြည်း ကြွေဆင်းလာခဲ့သည်။]

[နောက်ထပ် နှစ်တစ်ဝက် ကုန်ဆုံးပြီးနောက် သင်သည် ယုယန်ထံမှ ယူထားသည့် အကြွေးများကို ပြန်ဆပ်ခဲ့သည်။သင်သည် ငွေ အမြောက်အမြားကို စုဆောင်းခဲ့ပြီး စွမ်းအား အဆင့်မြှင့်ခြင်း လုပ်ငန်းကို ဆက်မလုပ်တော့ပါ။]

[ကျင့်ကြံခြင်းအပေါ် ယစ်မူးနေခဲ့သည်။ကံကောင်းထောက်မစွာပင် ယခုအကြိမ်၌ ဝိဉာဉ်စိုက်ခင်းထဲရှိ ဝိဉာဉ်အစေ့အဆန်များသည် ရင့်မှည့်လာခဲ့သည်။သင်သည် ဝိဉာဉ်ဆန် ပေါင်၃၀၀၀ ရိတ်သိမ်းနိုင်ခဲ့သည်။]

[သင်သည် နေ့စဉ် ဝိဉာဉ်ဆန်များကို ဝိဉာဉ်ထမင်းအဖြစ် ပြောင်းလဲကာ စားသုံးခဲ့သည်။]

[သင်၏ ခန္ဓာသန့်စင်ခြင်း အဆင့်သည် ဆက်တိုက် တိုးမြင့်လာသဖြင့် သင်ဟ အစာစားချင်စိတ်သည်လည်း တိုးပွားလာခဲ့ကာ သင်သည် နေ့စဉ် ဝိဉာဉ်ဆန် ငါးပေါင် စားလေသည်။]

[သို့ရာတွင် သင်သည် ဝိဉာဉ်ဆန်များ ကုန်သွားမည်ကို စိတ်မပူပါ။ဝိဉာဉ်ဆန် အသစ်တစ်သုတ် ထပ်စိုက်ပြီးဖြစ်၍ နောက်နှစ်ဝက်နေလျှင် သူ ထပ်ရိတ်သိမ်း ရတော့မည် ဖြစ်သည်။]

[ဝိဉာဉ်ဆန်၏ အကူအညီဖြင့် နှစ်တစ်ဝက်ထဲတွင်ပင် သစ်၏ ခန္ဓာသန့်စင်ခြင်း အဆင့်သည် အရိုး မာကျောချင်း ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သည်။]

[သင်၏စွမ်းအားကို ထုတ်ဖော်မပြခဲ့သည့်အတွက် သင်သည် ဘွဲ့ရရန် နှောင့်နှေးခဲ့သည်။]

[တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်အား လာရှာပြီး လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းတစ်ခုနှင့် သူမ ‌ပူးပေါင်းမည့်အကြောင်း ပြောခဲ့သည်။]

[ဒီတစ်ကြိမ်တွင်တော့ သင်သည် သူမကို မတားခဲ့ပါ: ထိုညတွင် နည်းလမ်းသစ်များစွာကို သင် ကြိုးစားခဲ့သည်။]

[နောက်တစ်ရက်တွင် ဝမ့်ချင်းရွှမ်သည် ကျောင်းမှထွက်ကာ ပျောက်သွားခဲ့သည်။]

ထိုအရာကို မြင်သည့်အခါ စုရှင်းသည် ခေါင်းငြိမ့်လေသည်: အရာအားလုံး သူ့အစီအစဉ်အတိုင်း ဖြစ်နေသည်။

ချန်ချွန်းနည်းလမ်း၏ မူလဇာစ်မြစ်သည် ထို လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်း ဖြစ်မည်ဆိုလျှင် ကျန်တဲ့တစ်ဝက်လည်း သူတို့စီမှာ သေချာပေါက် ရှိပေလိမ့်မည်။

ဒီ သရုပ်သကန် ဖန်တီးခြင်းတွင် သဲလွန်စ ရလိုရငြား ထိုအဖွဲ့အစည်းနှင့် ဆက်သွယ်ရန် စုရှင်း ရည်ရွယ်ထားသည်။

[ဒုတိယနှစ်တွင် ကျင့်ကြံခြင်းတွင်သာ သင့်ကိုယ်သင် မြှုပ်နှံထားပြီး သင်၏ ခန္ဓာသန့်စင်ခြင်း အဆင့်သည် အရိုး မာကျောခြင်း သတ္တမအလွှာသို့ ရောက်ရှိလာခဲ့သည်။]

[တတိယနှစ်တွင် သင်သည် ဆက်လက် ကျင့်ကြံလေရာ သင်၏ ခန္ဓာသန့်စင်ခြင်း အဆင့်သည် အရိုးမာကျောခြင်း နဝမအလွှာသို့ပင် ရောက်ရှိလာသည်။]

[စတုတ္ထမြောက်နှစ်တွင် သင်သည် အရိုးမာကျောခြင်း ကြီးမြတ်သော ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားသည်။သို့သော် အတားအဆီးကြောင့် အာ့အဆင့်ထပ် မြင့်တက်ရန် ခက်ခဲနေခဲ့သည်။]

[သင်သည် ဝိဉာဉ်ဆန်များ ဖွံ့ဖြိုးကာ အထွက်တိုးနေသည့် ဝိဉာဉ်စိုက်ခင်းကို တစ်ချက်ကြည့်လိုက်ပြီး လေးလေးနက်နက် တွေးလိုက်သည်။]

[ဝိဉာဉ်ဆန်၏ အကျိုးသက်ရောက်မှုမှာ အကန့်အသတ်ရှိပြီး သင့်လိုမျိုး တစ်ပတ်ထဲနှင့် အရိုးမာကျောခြင်း အဆင့်သို့ ရောက်သွားသူများအတွက် သက်ရောက်မှုမှာ အလွန်နည်းကြောင်း သင် နားလည်သည်။ထို့ကြောင့် ။ သင့်ခန္ဓာကိုယ်ကို ပိုမိုသန်မာစေမည့် ဝိညာဉ်အပင်ကို သင်ရှာဖွေရန် လိုအပ်ပါသည်။]

[ကံကောင်းသည်မှာ ချင်းယွင်ကျီသည် သူ ထွက်မသွားခင် သင့်အတွက် အခြား ဝိဉာဉ်စေ့ဆန် အချို့ကိုလည်း ချန်ထားခဲ့လေသည်။ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်းကို သေချာစွာ ကြည့်ရှုပြီးနောက် သင်သည် ကျောက်စိမ်းဖြူ ကျင်းစမ့်ဟု ခေါ်သည့် ဝိဉာဉ်အပင်ကို ကျင့်ကြံရန် ရွေးချယ်လိုက်သည်။]

[သင်သည် ကျောက်စိမ်းဖြူ ကျင်းစမ့် ဆယ်ပင်အား စိုက်ပျိုးခဲ့သည်။သို့သော် ယင်းတို့သည် အကျိုးသက်ရောက်ရန် အနည်းဆုံး အချိန် ဆယ်နှစ် လိုအပ်သည်။ထို့ကြောင့် အလျင်လို၍ မရမှန်း သင် သိသည်။]

[သင်သည် အခြားနည်းလမ်းများကို စတင် တွေးတော့သည်။လှုံ့ဆော်မှု တသ်ခြသည် ရုတ်တရက် ပေါ်လာခဲ့သည်; အကယ်၍ သာမန်အပင်များသည် ဝိညာဉ်စွမ်းအင်ကို အချိန်အတော်ကြာ စုပ်ယူပြီးနောက် ဝိညာဉ်အပင်များ အဖြစ်သို့ ပြောင်းလဲနိုင်လျှင် တိရစ္ဆာန်များသည်လည်း အလားတူ လုပ်ဆောင်နိုင်ပေမည်။ထို့ကြောင့် သင်သည် ကြက်အနည်းငယ်ကို ဖမ်းကာ ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သောမြေထဲသို့ လွှတ်ထားလိုက်သည်။]

[သင်သည် ကြက်များအား ဝိဉာဉ်ဆန်များ ကျွေးခဲ့သည်။အစပိုင်းတော့ သူတို့သည် ပျော်ရွှင်စွာ စားကြသေးသည်။သို့သော် သုံးရက် ကြာသည့်အခါ သင် ဖမ်းလာသည့် ကြက်များ အားလုံးသည် ပေါက်ကွဲကာ သေဆုံးကုန်သည်။]

[သင်သည် ဝမ်းနည်းစွာဖြင့် တစ်နပ်ကို ကြက်နှစ်ကောင်ခွဲ စားခဲ့သည်။]

[ကြက်မွေးမြူရန် ရည်ရွယ်၍ မြင့်မြတ်သောမြေတွင် ခြံစည်းရိုး ခတ်ထားသော ဧရိယာငယ်တစ်ခုကို သင်တည်ဆောက်ခဲ့သည်။]

[သင်သည် ကြက်ဒါဇင် ဖမ်းကာ ထို မွေးမြူရေးခြံထဲတွင် ထားလိုက်သည်။သို့သော် ဘယ်ကြက်မှ သုံးရက်ထက် ပိုမနေနိုင်ခဲ့ပါ။]

[သင်သည် သုံးလဆက်တိုက် ကြိုးစားခဲ့သည်။ထိုစဉ် ဝိဉာဉ်စွမ်းအင်ကြောင့် ကြက်ရာချီမက သေဆုံးခဲ့ပြီး အားလုံးသည် သင့်အစာအိမ်ထဲတွင် နိဂုံးချုပ်ခဲ့ကြသည်။]

[သုံးလကြာပြီးနောက်တွင် သင်သည် ဝိဉာဉ်ဆန် စားနိုင်သည့် ကြက်သုံးကောင်ကို တွေ့ခဲ့သည်။အထီးတစ်ကောင်နှင့် အစ်မနှစ်ကောင် ဖြစ်သည်။]

[သို့သော် သင်သည် ယင်းတို့ကို ဝိဉာဉ်ဆန် များများ မကျွေးရသဖြင့် တစ်နေ့လျှင် ကြက်တစ်ကောင်စီအား အများဆုံး ဆယ်စေ့သာ ကျွေးခဲ့သည်။]

[နောက်ထပ် နှစ်လတာ ကုန်ဆုံးသွားပြီး ထိုကြက်များ၏ အမွှေးများသည် ပို၍ အရောင်တောက်လာပြီး အရင်ထပ် ပိုလှလာသည့်ပုံ ပေါ်သည်။သူတို့သည် ဝိဉာဉ်ဆိုင်ရာ အသိဉာဏ်များ ဖွံ့ဖြိုး‌လာတော့မည့် သင်္ကေတပင်]

[သင်သည် နေ့တိုင်း ဥနှစ်လုံး စားခဲ့သည်။ကြက်မများသည် နေ့စဉ် ဝိဉာဉ်ဆန်များကို စားခဲ့သည့်အတွက် ဥများ၏ အရသာသည် လွန်စွာထူးခြားသည်။သူတို့၏ သက်ရောက်မှုသည် ဝိဉာဉ်ဆန်ထက်တောင် ပိုများသည်ဟု ထင်ရသည်။]

[တစ်နေ့တွင် သင်သည် ဥများကို သားဖောက်ရန် စတင် ကြိုးစားခဲ့သည်။]

[တစ်လ ကြာပြီးနောက် ဥများထဲမှ ကြက်ပေါက် ငါးကောင်၊ ခြောက်ကောင် ပေါက်လာခဲ့သည်။သူတို့သည် သာမန်ကြက်များထက် ပိုသန်မာကာ ပို၍ မနောဓာတ် များသည်။]

[သင်သည် ထိုကြက်ပေါက်များကို ဝိဉာဉ်ဆန် ကျွေးခဲ့သည်။]

[ကြက်ပေါက်များသည် နေ့စဉ် ဝိဉာဉ်ဆန် သုံးစေ့၊ငါးစေ့ခန့် စားသော်လည်း မပေါက်ကွဲသွားသဖြင့် သင်သည် ကျေနပ်နေခဲ့သည်။]

[သင်သည် အလွန်ပျော်ရွှင်သွားပြီး ဤကြက်များ၏ အလားအလာသည် မူလသုံးကောင်ထက် များစွာကြီးမားသည်ဟု ခံစားမိလိုက်သည်။]

[သင်သည် ထို ကြက်ပေါက် ငါးကောင်အား ဝိဉာဉ်ကြက် ဒုတိယမျိုးဆက်ဟု အမည်ပေးခဲ့သည်။]

[သင်၏ ကြက်မွေးမြူရေး လုပ်ငန်းကို ချဲ့ထွင်ရန် ပြင်ဆင်နေစဉ်မှာပင် ဝမ့်ချင်းရွှမ်သည် သင့်စီ ရောက်လာပြီး ချန်ချွန်းနည်းလမ်း တစ်ဝက်အား သင့်ကို ပေးခဲ့သည်။]

[သင်သည် ထို ချန်ချွန်းနည်းလမ်း တစ်ဝက်ကို ငြင်းလိုက်ပြီး လျို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းနှင့် ပူးပေါင်းရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။]

[ဝမ့်ချင်းရွှမ်သည် တုံ့ဆိုင်းနေသော်ငြား သင်သည် ထပ်ခါတလဲလဲ တောင်းဆိုနေသည့်အတွက် လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းထဲသို့ သင့်ကို ခေါ်ယူရန် သဘောတူလိုက်သည်။]

[နှစ်ပေါင်းများစွာ ကုန်ဆုံးပြီးနောက် ဝမ့်ချင်းရွှမ်သည် သူမ၏ တာဝန်များကို ပြီးမြောက်ကာ အဆင့်မြင့် မာစတာအဆင့်သို့ ရောက်ရှိလာခဲ့သည်။ထို့ကြောင့် သူမသည် အဖွဲ့အစည်းတွင် အသေးစား ရာထူးတစ်ခု ရရှိခဲ့သည်။]

[ရက် အနည်းငယ် ကြာပြီးနောက် ဝမ့်ချင်းရွှမ်၏ အကူအညီဖြင့် သင်သည် အဖွဲ့အစည်းမှ အကြီးအကဲတစ်ဦးနှင့် တွေ့ဆုံခွင့် ရခဲ့သည်။]

[အကြီးအကဲသည် ဝမ့်ချင်းရွှမ်ကို မျက်နှာသာ ပေးသည့်အတွက် သင့်အား အဖွဲ့အစည်း၏ တရားဝင် အဖွဲ့ဝင်အဖြစ် ချက်ချင်းပင် သဘောတူလိုက်သည်။ထို လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းအား “မျိုးရိုးစဉ်ဆက် ဂိုဏ်း”ဟု ခေါ်သည်။]

[ထို မျိုးရိုးစဉ်ဆက်ဂိုဏ်း၏ ဆောင်ပုဒ်မှာ: “လူသားအာဏာရှင်ကို သုတ်သင်ရှင်းလင်းပါ။ ကမ္ဘာကြီးသည် တိုင်းတစ်ပါးလူမျိုးနှင့် သက်ဆိုင်ပါသည်။"]

…

All Chapters