လူသားမျိုးနွယ်၏ သစ္စာဖောက်၊ ဆင်းသက်သော ဂိုဏ်း
Vol. 2 Ch. 22
[ထို ဆင်းသက်သော ဂိုဏ်း၏ အဖွဲ့ဝင်တိုင်းသည် လူသားမျိုးနွယ်၏ သစ္စာဖောက်များ ဖြစ်ကြသည်။]
[လူသားမျိုးနွယ်သည် ဤကမ္ဘာ၏ စည်းမျဉ်းများကို ယုံကြည်မှု မရှိဟု သူတို့က ထင်ကြသည်။ထို့ကြောင့် “ကြီးမြတ်သော မျိုးနွယ်သစ်”ကို ကြိုဆိုပြီး ထိုမျိုးနွယ်အပေါ် သက်ဆင်းဖို့ရန် အဆင်သင့် ဖြစ်နေကြသည်။]
[ထို မျိုးနွယ်သစ်များ ဆင်းသက်လာခြင်းသည် ဆင်းသက် ဂိုဏ်းအပါ လူသားမျိုးနွယ် အားလုံး၏ သေခြင်းတရား မဟုတ်ဘူးလား? ဟူ၍ သင်သည် သိချင်နေမိသည်။]
[သို့သော် ထိုဂိုဏ်း၏ အတွင်းပိုင်းထိ ဝင်ရောက်ရန် သင့်အဆင့်သည် အလွန်ပင် နိမ့်နေသည်။]
[သင်သည် ထို ဆင်းသက်သော ဂိုဏ်းတွင် တစ်လကြာ စုံစမ်းခဲ့ပြီးနောက် ဂိုဏ်းထဲရှိ သင်၏ရာထူးကို မြှင့်တင်ရန်အတွက် သက်ဆိုင်ရာ ခွန်အားကို ပြသပြီး အဖွဲ့အစည်းမှ ပေးအပ်သည့် အလုပ်များကို ပြီးမြောက်ရန် လိုအပ်ကြောင်း တဖြည်းဖြည်း နားလည်လာခဲ့သည်။]
[ထို့ကြောင့် သီးခြား ငွေအဆင့် အကျဉ်းခန်းကို ဖော်ထုတ်ရမည့် ပထမဆုံး တာဝန်ကို လက်ခံခဲ့သည်။]
[သင်သည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဂိုဏ်းအတွင်း ရမှတ် ၅မှတ် တိုးလာခဲ့သည်။]
[ထိုရမှတ်များကို တန်ဖိုးကြီး ပစ္စည်းများနှင့် လဲလှယ်နိုင်မှန်း သင်သိခဲ့သည်။ဝမ့်ချင်းရွှမ် သင့်အား ပေးခဲ့သည့် ချန်ချွန်းနည်းလမ်း တစ်ဝက်သည် ဂိုဏ်းရမှတ် ၅၀၀၀ တန်သည်။]
[ထို့ကြောင့် သင်သည် ရမှတ်များကို ပိုမို စုဆောင်းနိုင်ရန် မျှော်လင့်ချက်ဖြင့် တာဝန်များကို ပို ကြိုးစား လုပ်ဆောင်ခဲ့သည်။]
[တစ်လအကြာ ကြိုးစားခဲ့ပြီးနောက် သင်သည် ရမှတ် ၁၀၀မှတ်သာ စုဆောင်းနိုင်ခဲ့သည့် အတွက် သင်သည် မကျေနပ်နိုင် ဖြစ်နေခဲ့သည်။]
[သင်၏ခွန်အားက အရမ်း နိမ့်နေသည့်အတွက် အဆင့်မြင့် တာဝန်ကြီးများကို မရရှိဘဲ အမှတ်တွေလည်း များများစားစား မရခြင်း ဖြစ်ကြောင်း သင်သိလိုက်သည်။]
[ဂိုဏ်း၏ အကြီးအကဲများကို တန်ဖိုးကြီး လက်ဆောင်များ ပေးခြင်းဖြင့် ရမှတ်များစွာ စုဆောင်းနိုင်သည့် နည်းလမ်းကို သင် ရှာတွေ့ခဲ့သည်။]
[သင်သည် စိတ်ပိုင်းဖြတ်ပြီး ဝိဉာဉ်ဆန် ပေါင်တစ်ရာအား အကြီးအကဲများကို ပေးခဲ့သည်။]
[အကြီးအကဲသည် ဝိဉာဉ်ဆန်ကို သဘောကျကာ သင့်ကို အတော်လေး ချီးကျူးပြီး ရမှတ်၁၀၀၀ကိုလည်း ပေးခဲ့သည်။]
[ရက် အနည်းငယ် ကြာပြီးနောက် အခြား အကြီးအကဲတစ်ဦးသည် သင့်အား ဖိအားပေးကာ ဝိဉာဉ်ဆန်၏ ရင်းမြစ်ကို မေးမြန်းခဲ့သည်။]
[အခွင့်အရေးရတုန်း ရှာတွေ့ခဲ့တာ ဖြစ်ပြီး ခုချိန် ဘာမှ မရှိတော့ကြောင်း သင် ပြန်ဖြေခဲ့သည်။]
[အကြီးအကဲသည် သင့်ကို မယုံကြည်ပါ။ထို့ကြောင့် သင့်ကို ညှင်းပန်းနှိပ်စက်မှု လုပ်ပြီး အဖြေရယူဖို့အတွက် မြေအောက်ခန်းထဲတွင် ကြိုးတုပ်ထားခဲ့သည်။]
[သင်၏ အရေပြားများ စုတ်ပြဲကာ သွေးများ ဗရပွ ဖြစ်နေခဲ့သည်။သင်သည် နှိပ်စက်မှုပေါင်း များစွာကို ခံစားခဲ့ရသည်။]
[တဖြည်းဖြည်းနှင့် သင်သည် နှိပ်စက်မှုကြောင့် အသက် ၂၉နှစ်မှာပင် သေဆုံးသွားခဲ့သည်။]
[သင်၏ “အလျှော့မပေးသော မျက်လုံးများ” စွမ်းရည်သည် အသက်ဝင်လာခဲ့သည်…]
[မြေအောက်ခန်းထဲသို့ အဘိုးအို တစ်ဦး ဝင်လာပြီး အကြီးအကဲက ထိုအဘိုးအိုအား လေးလေးစားစား ဂါရဝပြုသည်ကို သင် မြင်လိုက်သည်။]
[သူတို့အချင်းချင်း စကားပြောနေကြပုံ ပေါ်သော်ငြား သင်သည် ဘာတစ်ခုမှ မကြားရပါ။ထို့ကြောင့် ပါးစပ် အမူအရာမှ တစ်ဆင့် ဖတ်ရန် သင် ကြိုးစားသည်။]
[တစ်နေ့ ကုန်လွန်သွားသည့်အတွက် ထို စွမ်းရည်သည်လည်း အလုပ် မလုပ်တော့ပါ…]
[ဒင်၊ သရုပ်သကန် ဖန်တီးခြင်း အဆုံးသတ်သွားပါပြီ!]
[သင်သည် အောက်ပါ ဆုလာဘ်များ အနက်မှ တစ်ခုအား ရွေးချယ်နိုင်ပါသည်; ကြီးမြတ်သော အမျိုးသား (စွမ်းရည်), အုတ်မြစ် တည်ခြင်းအဆင့် ကြီးမြတ်သော ပြည့်စုံမှု (ကျင့်ကြံခြင်း အဆင့်), အရိုး မာကျောခြင်း ကြီးမြတ်သော ပြည့်စုံမှု (ကျင့်ကြံခြင်းအဆင့်), ဒုတိယမျိုးဆက် ဝိဉာဉ်ကြက် ငါးကောင် (တိရစ္ဆာန်), ဝိဉာဉ်ဆန် ပေါင်၃၀၀၀ (ပစ္စည်း)]
[ကြီးမြတ်သော အမျိုးသား]: အစိမ်းရောင်အဆင့် စွမ်းရည်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀၀မှတ်]
[အုတ်မြစ် တည်ထောင်ခြင်း အဆင့် ကြီးမြတ်သော ပြည့်စုံမှု]: ကျင့်ကြံခြင်းအဆင့်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀မှတ်။]
[အရိုးမာကျောခြင်း နယ်ပယ် ကြီးမြတ်သော ပြည့်စုံမှု]: ကျင့်ကြံခြင်းအဆင့်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀၀မှတ်]
[ဒုတိယမျိုးဆက် ဝိဉာဉ်ကြက် ငါးကောင်]: တိရစ္ဆာန်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀၀မှတ်]
[ဝိဉာဉ်ဆန် ပေါင်၃၀၀၀]: ပစ္စည်း၊ တန်ဖိုး - စွမ်းအင် ၃မီလီယံ]
စုရှင်းသည် ဆုလာဘ်များကို မနာလိုစွာ ကြည့်လိုက်သည်။ကြီးမြတ်သော အမျိုးသား စွမ်းရည် ဖြစ်စေ၊ အရိုးမာကျောခြင်း နယ်ပယ် ကြီးမြတ်သော ပြည့်စုံမှု ဖြစ်စေ သူ အကုန် လိုချင်သည်!
“ဆုတစ်ခုဘဲ ယူလို့ရတာ နှမျောစရာကြီးကွာ…”
စဉ်းစားရင်းဖြင့် စုရှင်းသည် ကြီးမြတ်သော ပြည့်စုံမှု စွမ်းရည်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
တကယ်တမ်းဆိုလျှင် စွမ်းရည်များ ထုတ်ယူရခြင်းသည် ကံကောင်းမှုတစ်ရပ်သာ ဖြစ်သည်။သူ့တွင် ထိုစွမ်းရည် ရှိနေသ၍ နောက်လာမည့် သရုပ်ဖော်ခြင်းများတွင် အရိုးမာကျောခြင်း နယ်ပယ် ကြီးမြတ်သော ပြည့်စုံမှုအဆင့်ထိ မလွဲဧကန် ကျင့်ကြံနိုင်မည် ဖြစ်သည်။]
စုရှင်း အံ့ဩသည်မှာ ဝိဉာဉ်ကြက်များအား ဖန်တီးရေးစက်မှ အပြင်သို့ ထုတ်ယူ၍ ရခြင်းပင်။
ဝိဉာဉ်ကြက်များအား အိမ်မွေး တိရစ္ဆာန်အဖြစ် ဖန်တီးရေးစက်က ဖော်ပြထားသည်။ဒုတိယမျိုးဆက် ဝိဉာဉ်ကြက် တစ်ကောင်ချင်းစီသည် စွမ်းအင် ၂၀၀၀မှတ် တန်ကြေး ရှိသည်။ဝိဉာဉ်ဆန် တစ်ပေါင်ထပ်ပင် ပို၍ ဈေးကြီးသည်။
ဒုတိယမျိုးဆက် ဝိဉာဉ်ကြက်တွေသည် ဝိဉာဉ်ဆန်ထပ် ပို၍ တန်ဖိုးရှိကြောင်း ပြလိုက်ခြင်းပင် ဖြစ်သည်။
“သနားစရာကွာ ငါ့မှာ စွမ်းအင်က ၂၀၀၀မှတ်ဘဲ ကျန်တော့တယ်၊စွမ်းရည်ကို ယူဖို့ နီးတောင်မနီးစပ်ဘူး…”
စုရှင်းသည် ကိရိယာများကို စုဆောင်းရန် အတွက် အကျဉ်းခန်းသို့ အတတ်နိုင်ဆုံး အမြန်သွားရန် စီစဉ်သည်။ထိုမှသာ သူသည် လုံလောက်သော စွမ်းအင်များကို စုဆောင်းနိုင်ပေလိမ့်မည်။
ဒေါက်၊ ဒေါက်၊ ဒေါက်!
ထို့နောက် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်လာသည်။
စုရှင်းသည် ရင်ခုန်သွားသည်။ကျင်းချုံးရွှယ် ရောက်လာတာဖြစ်မှန်း သိသည့်အတွက် သူသည် တံခါး ဖွင့်ပေးလိုက်သည်။
ကျင်းချုံးရွှယ်သည် လက်ထဲတွင် များစွာသော ဗုဒ္ဓ အဆုံးအမ ကျမ်းဂန်များကို ပိုက်ထားကာ သူ့အား ပြုံးပြရင်း ပြောလေသည်။
“အာရှင်း ကျွန်မ ခုလေးတင် ထူးခြားတဲ့ ဗုဒ္ဓကျမ်းစာ အချို့ကို တွေ့ထားတယ်။ကျွန်မတို့ တူတူ လေ့လာကြမလား?”
စုရှင်းက ခေါင်းငြိမ့်လိုက်သည်။ထို့နောက် သူတို့နှစ်ဦးသည် အတူတကွ ကျမ်းစာများ လေ့လာကြသည်။
သို့သော် လေ့လာနေစဉ်တွင် စုရှင်းသည် စိတ်ရှုပ်နေပုံ ပေါ်သည့်အတွက် ကျင်းချုံးရွှယ်က မနေနိုင်ဘဲ မေးလိုက်တော့သည်။
“အာရှင်း၊ တစ်ခုခု အဆင်မပြေတာ ရှိလို့လား?”
ထိုစကား ကြားသည့်အခါ စုရှင်းသည် မသက်မသာပြုံးရင်း ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် ကျိုတိုကို ပြန်ဖို့ စီစဉ်နေတာ။ခုတလော ငွေကြပ်နေလို့ ငွေနည်းနည်း သွားရှာဖို့…”
ကျင်းချုံးရွှယ်၏ မျက်နှာတွင် အံ့ဩရိပ် ပေါ်လာခဲ့သည်။
“ရှင် တကယ် ငွေလိုနေတာလား? အစောက ပြောပေါ့ရှင်! ဘယ်လောက် လိုလို့လဲ? ကျွန်မ ချေးမှာပေါ့!”
စုရှင်းသည် ကျင်းချုံးရွှယ်၏ ရက်ရောသော အပြုအမူကြောင့် ခဏတုံ့ဆိုင်းသွားခဲ့သည်။သူတို့ သိကျွမ်းခဲ့တာ ရက်သတ္တပက်ပင် ရှိသေးသည်ကို ပိုက်ဆံချေးပေးမယ်တဲ့လား?
ထူးခြားလိုက်တာ။စုရှင်းက ပြန်ဖြေသည်။
“မင်းမှာ ပိုက်ဆံ အများကြီး ရှိတာလား?”
ထိုမေးခွန်းကြောင့် ကျင်းချုံးရွှယ်က အတော်လေး အံ့အားသင့်သွားခဲ့သည်။
“ရှင် ကျင်း ကုန်သည်များ အစည်းအရုံးကို မသိဘူးလား? အာ့တာ ကျွန်မအဘိုး တည်ထောင်တာ…”
စုရှင်း အံ့ဩသွားရသည်။ကျင်း ကုန်သည်များ အစည်းအရုံး?
ယင်းသည် ရှားမြို့တစ်ခွင်ရှိ ထိပ်တန်းအဆင့် ကုန်သည်ဂိုဏ်းများထဲမှ တစ်ခု ဖြစ်သည်။နှစ်ပေါင်းများစွာ ပြီ ဖြစ်ပြီး ပိုင်ဆိုင်မှုများသည်လည်း တိုင်းတာနိုင်သည့် ပမာဏထပ်ပင် ကျော်သည်။
သရုပ်သကန် ဖန်တီးခြင်းထဲမှ စုရှင်းသည် ပျမ်းမျှ ပိုင်ဆိုင်မှု ဘီလီယံရာချီ ရှိပြီး ကျော်ကြားသော စီးပွားရေးသမား တစ်ယောက် ဖြစ်သည်။
သို့သော် ကျင်းကုန်သည်များ အစည်းအရုံးနှင့် ယှဉ်လျှင်တော့ သူသည် ဘောင်ကိုမဝင်သေးပါ။
ကျင်း ကုန်သည်များ အစည်းအရုံး၏ ပိုင်ဆိုင်မှုအား ဘီလီယံနှင့်ပင် ရေတွက်၍ မရနိုင်ပါ။သူ၏ ဖောက်သည်များသည်လည်း ပရော်ဖက်ရှင်နယ်များ ဖြစ်သည့်အပြင် ထိပ်တန်း ပရော်ဖက်ရှင်နယ်များပင် ပါသေးသည်။
သူတို့အတွက်တော့ အဆင့်မြင့်မာစတာနှင့် ကောင်းကင်ဘုရင်အဆင့် ဖောက်သည်များသည် ပုံမှန်ပင် ဖြစ်သည်။
ဖန်တီးခြင်းတွင် စုရှင်း ရောင်းခဲ့သည့် ကိရိယာများမှာ အများစုသည် အဆင့်နိမ့် ငွေအဆင့်နှင့် ရွှေအဆင့်များပင် ဖြစ်သည်။
စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းထဲမှ တစ်ခုကို ရုတ်တရက် သတိရသွားသည်။ကျင်းချုံးရွှယ်သည် သူ့အား ဖောက်သည်တစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည့်အတွက် နှစ်အနည်းငယ် အတွင်းမှာပင် ပျမ်းမျှဝင်ငွေသည် ဘီလီယံရာချီ မြင့်တက်လာသည်။
သူကသာ ကျင်း ကုန်သည်ရေး အစည်းအရုံး၏ ရင်းမြစ်ဖြစ်လျှင် လုံးဝ ပြီးပြည့်စုံပြီ။
ကျင်းချုံးရွှယ်၏ အသံသည် စုရှင်း၏ နားထဲသို့ ဝင်ရောက်လာသည်။
“ဆိုတော့ ရှင် ဘယ်လောက် ချေးချင်လဲ?”
စုရှင်းသည် အံကြိတ်ကာ ပြောလိုက်သည်။
“တစ်ဘီလီယံလောက် ချေးနိုင်မလား?ချက်ချင်းတော့ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး…တစ်နှစ်ခွဲလောက် ကြာကောင်း ကြာလိမ့်မယ်…”
ကျင်းချုံးရွှယ်သည် ခဏ ဆွံ့အသွားသည်— တစ်ဘီလီယံဟူသော ပမာဏသည် မနည်းပါ။
ပြောင်သလိုလိုဖြင့် ကျင်းချုံးရွှယ်က ပြန်ပြောခဲ့သည်။
“ရှင် ကျွန်မကို နောက်နေတာတော့ မဟုတ်ဘူးမလား? တစ်ဘီလီယံကြီး ဘာလုပ်ဖို့လဲ?”
ထိုသို့ပြောရင်းဖြင့် ကျင်းချုံးရွှယ်သည် တခစ်ခစ်ရယ်ပြီး ဘဏ်ကတ်တစ်ခုအား စုရှင်းကို ပေးခဲ့သည်။
“ဒီကတ်ထဲမှာ တစ်ဘီလီယံ ရှိတယ်။လျှို့ဝှက်နံပါတ်က ရှစ် ခြောက်လုံး”
စုရှင်းသည် ဘဏ်ကတ်ကို တန်းမယူဘဲ သူ၏ သိုလှောင်ရေး လက်စွပ်ထဲမှ ဝိဉာဉ်ဆန် ၅၀ကျင်းကို ထုတ်ကာ ကျင်းချုံးရွှယ် လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒီ ဝိဉာဉ်ဆန်တွေကို အတိုးလို့ သဘောထားလိုက်ပါ။အာ့တာမှ ကျွန်တော်လည်း စိတ်ဖြောင့်ဖြောင့် ချေးနိုင်မှာ”
ကျင်းချုံးရွှယ်သည် ခဏကြောင်သွားပြီး မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် ပြန်ပြောသည်။
“ဒီ ဝိဉာဉ်ဆန်တွေကို ကျွန်မကို ပေးချင်တာ သေချာလို့လား?ဒါ ဘယ်လောက်တန်တယ်ဆိုတာ ရှင် သိလို့လား?”
“ဝိဉာဉ်ဆန် ၅၀ကျင်းက အနည်းဆုံး ရှားဒင်္ဂါး ၅၀မီလီယံ တန်တယ်ရှင့်”
…