← Chapters

လီ မီးအဂ္ဂိရတ်!

Vol. 2 Ch. 23

လီ မီးအဂ္ဂိရတ်!

Vol. 2 Ch. 23

ထိုစကား ကြားသည့်အခါ စုရှင်းသည် အံ့အားသင့်သွားသည်။

ဝိဉာဉ်ဆန်၏ တန်ဖိုးကို သူ သေချာပေါက် သိပါသည်။ကျင့်ကြံသူများအတွက် ယင်းသည် အထက်တန်းဆန်သည့် ကျင့်ကြံခြင်း အရင်းအမြစ်တစ်ခု ဖြစ်သည်။

အခြား ပရော်ဖက်ရှင်နယ်များ အတွက်မူ အချိန်ကြာကြာ ဝိဉာဉ်ဆန်ကို စားသုံးခြင်းသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျစ်လစ်မှုကို တိုးစေနိုင်သည်။

တစ်နည်းဆိုရသော် ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ၊ ခွန်အားနှင့် သာမန် ပရော်ဖက်ရှင်နယ်များ ကဲ့သို့ပင် တိုက်ရိုက် တိုးတက်စေနိုင်သည့် ဂိမ်းဝတ္ထု ဝဘ်ဆိုက်များထဲရှိ ပစ္စည်းများနှင့် တူသည်။

သို့သော် ဝိဉာဉ်ဆန် ၅၀ကျင်းကို ရဖို့ရန်အတွက် စုရှင်းသည် စွမ်းအင် ၅၀၀၀၀မှတ်သာ အသုံးပြုခဲ့ပါသည်။ရှားဒင်္ဂါးနှင့်တွက်လျှင် ၁၀မီလီယံသာ တန်ကြေးရှိပါသည်။

ဒီ ဝိဉာဉ်ဆန် ၅၀ကျင်းက ဘယ်လိုဖြစ်ပြီး ရှားဒင်္ဂါး ၅၀မီလီယံတောင် တန်ရတာလဲ?

ထိုအချိန်တွင် ကျင်းချုံးရွှယ်က ပြောသည်။

“ပြီးခဲ့တဲ့ညက ငါတို့အစည်းအရုံးရဲ့ သုံးသပ်သူက ဒီဝိဉာဉ်ဆန်ရဲ့ တန်ကြေးကို ခန့်မှန်းပေးခဲ့တာ”

“သာမန် ပရော်ဖက်ရှင်နယ်တွေ အတွက်တော့ ဒီ ဝိဉာဉ်ဆန်က ခန္ဓာကိုယ်ကို အင်အား ဖြည့်တင်းပေးနိုင်တဲ့ သားရဲမိစ္ဆာတွေရဲ့ အသားလောက် တန်ဖိုးမရှိဘူး”

“တကယ် တန်ဖိုးရှိတာက သာမန်လူတွေအတွက် ဒီဝိဉာဉ်ဆန်ရဲ့ သက်ရောက်မှုဘဲ။အသက်ရှည်စေပြီး အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတယ်…ရောဂါတွေတောင် ပျောက်ကင်းစေနိုင်တယ်”

“ကျွန်မ စဉ်းစားကြည့်တာတော့ ဝိဉာဉ်ဆန် တစ်ကျင်းကို တစ်မီလီယံ ပေးဝယ်မယ့် သူဌေးတွေ အများကြီး ရှိမှာဘဲ…သာမန်လူတွေ ဆိုရင်‌တောင်မှ ဝိဉာဉ်ဆန်တစ်ကျင်းကို တစ်လခွဲလောက်ဘဲ စားလို့ရတာ။ပြီးတော့ အဲ့ဒါကလည်း ကျွန်မတို့စီမှာဘဲ ရှိတာလေ။ရှင် ပြောကြည့်လေ တန်ဖိုးမကြီးဘူးလား?”

ကျင်းချုံးရွှယ်၏ ရှင်းလင်းချက်ကို နားထောင်ပြီးသည့်အခါ စုရှင်းသည် နားလည်သွားသည်။

ရှားပါးလျှင် အဖိုးတန်သည် ဟူသည့် ဆိုရိုးလည်း ရှိသည်မဟုတ်လား: ဤ ဝိဉာဉ်ဆန်ကို သူတို့သာ သီးသန့် လက်ဝါးကြီး အုပ်ထားသည့် အတွက် တန်ဖိုးကြီးသည်မှာ ပုံမှန်ပင်။

ထို့အပြင် သာမန်လူများကို အသက်ရှည်စေသည် ဟူသည့် ဝိဉာဉ်ဆန်၏ ကောင်းကျိုးသည်လည်း အတော်လေး စွဲမက်ဖွယ်ကောင်းသည်။

စုရှင်းသည် ဖြည်းဖြည်းသာသာ ခေါင်းငြိမ့်လိုက်ပေမယ့် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ပြောလိုက်သည်။

“ချုံးရွှယ်၊ဒီ ဝိဉာဉ်ဆန်တွေကို မင်းအတွက် မင်း သုံးတာ အကောင်းဆုံးဘဲ…တစ်စုံတစ်ယောက်ကို ပေးခဲ့မယ် ဆိုရင်တောင် ကျွန်တော့်စီက ရတယ်လို့ မပြောပါနဲ့! ကျွန်တော့်အတွက် လျှို့ဝှက်ထားပေးပါနော်!”

စုရှင်း စိုးရိမ်တကြီး ဖြစ်နေတာကို မြင်သည့်အတွက် စနေခြင်း မဟုတ်မှန်း ကျင်းချုံးရွှယ် သိလိုက်ပါသည်။ထို့ကြောင့် ဝိဉာဉ်ဆန်ကို ယူရင်း ပြောလိုက်သည်။

“စိတ်ချပါ။ လျှို့ဝှက်ထားပေးပါ့မယ်! ဒီ ဝိဉာဉ်ဆန် ၅၀ကျင်းနဲ့ ရှားဒင်္ဂါး ၅၀မီလီယံနဲ့ ချေလိုက်မယ်ဆိုရင်ရော၊ ဘယ်လိုလဲ?”

စုရှင်းသည် သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။

ကျင်းချုံးရွှယ်က သူ့အကြောင်း ထုတ်ပြောလိုက်မှာကို သူ မလိုလားပါ။လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းက သူ့အား ပစ်မှတ်အဖြစ် သတ်မှတ်လိုက်မည်ကို သူ ကြောက်ပါသည်။

သရုပ်ဖော်ကမ္ဘာတွက် ဝိဉာဉ်ဆန်ကို ဖော်ထုတ်လိုက်ချိန်၌ သူ့အပေါ် ကျရောက်လာသည့် ကံကြမ္မာသည် အလွန်ဝမ်းနည်းစရာ ကောင်းသည်။

သို့သော် အနာဂတ်တွင်တော့ စုရှင်း ပိုက်ဆံကြပ်လာလျှင် ကျင်းချုံးရွှယ်ထံ ရောင်း၍ရပြီ ဖြစ်သည်။

သူ၏ ကိုယ်ပိုင် ဝိဉာဉ်စိုက်ခင်းတွင် နောက်နှစ်ဝက်နေရင် ရိတ်သိမ်းရတော့မည့် ဝိဉာဉ်ဆန် ၃၀၀၀ကျင်းမက ရှိသေးသည်။

ထို့နောက် စုရှင်းက ပြောသည်။

“ချုံးရွှယ် မင်းတို့ ကျင်းကုန်သည်များ အစည်းအရုံးကနေ အဖြူရောင်အဆင့် ပစ္စည်းတွေ မှာချင်တယ်; ဒီတစ်ဘီလီယံကို အာ့တာဝယ်ဖို့ သုံးပေးပါ”

စုရှင်းသည် ကျင်းချုံးရွှယ်အား ဘဏ်ကတ် ပြန်ပေးလိုက်သည်။စုရှင်းက အဖြူရောင်အဆင့် ပစ္စည်းများ အလောတကြီး လိုချင်နေတာ မြင်သည့်အတွက် သူမသည် ခေါင်းငြိမ့်ကာ သဘောတူလိုက်ပါသည်။

“ရှင့်အတွက် ကျွန်မ ဝယ်ပေးပါ့မယ်…ဒါပေမယ့် ကျင်းလင်မြို့မှာ ကျွန်မနဲ့ တစ်ပါတ်တော့ နေပေးနော်။အိမ်ရှင်အနေနဲ့ ဧည့်ဝတ်ကျေချင်လို့ပါ”

ကျင်းချုံးရွှယ်သည် စကားပြောနေရင်း မျက်လုံးကစားနေခဲ့သည်။

စုရှင်းက သဘောတူလိုက်ပါသည်။ဘယ်လိုဖြစ်ဖြစ် ပစ္စည်းတွေ ဝယ်ဖို့ရန်အတွက် အချိန် အနည်းငယ် ကြာအုံးမည် ဖြစ်သည်။

တစ်ပါတ်ကြာသည်အထိ စုရှင်းသည် ကျင်းလင်မြို့တွင် နေခဲ့သည်။ကျင်းချူံရွှယ်ကလည်း အလွန် ဧည့်ဝတ်ကျေပါသည်။

ကျင်းချုံးရွှယ် မိတ်ဆက်ပေးသည့် ကျေးဇူးဖြင့် စုရှင်းသည် အဖြူရောင်အဆင့် ပစ္စည်းများကို တစ်ခုလျှင် အနည်းဆုံး 900ဒင်္ဂါးဖြင့် ပစ္စည်းပါင်း တစ်သိန်းကျော် ကျင်းကုန်သည်များ အစည်းအရုံးမှ ရရှိခဲ့သည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာ၃ရက်နေ့တွင် စုရှင်းသည် ကျိုတိုတက္ကသိုလ်သို့ ပြန်လာခဲ့သည်။

စုရှင်း သူ့အိပ်ဆောင်သို့ ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်သည့် အရာမှာ အဖြူရောင်အဆင့် ပစ္စည်းများ အားလုံးကို စွမ်းအင်အမှတ်အဖြစ် ပြောင်းလဲခြင်းပင် ဖြစ်သည်။

စုစုပေါင်း စွမ်းအငိ ၆သိန်း၂သောင်း ရရှိခဲ့ပြီး အရင်ထပ်ပင် ပိုမို ကြွယ်ဝလာခဲ့သည်။

“ဟူး ခုတော့ ငါက အကြွေးတွေ တင်နေတဲ့လူ ဖြစ်နေပြီ…”

စုရှင်းသည် ခါးသက်စွာ ပြုံးလိုက်ပြီး ဝင်ငွေရှာမှ ရတော့မည်ကို သိလိုက်သည်။ဆက်ပြီး ချေးနေမည်ဆိုလျှင် စွမ်းအင်ဝယ်ယူဖို့ ငွေတွေ မကြာခင် ကုန်သွားလိမ့်မည်။

“လက်ရှိတော့ ဝိဉာဉ်ဆန်တွေက ပိုက်ဆံရဖို့ အသေချာဆုံး နည်းလမ်းဘဲ…ဒါပေမယ့် ရင့်မှည့်ဖို့က နှစ်ဝက်လောက် ကြာအုံးမယ်။ဒီ စွမ်းအင် ၆သိန်းကလည်း သရုပ်သကန် ဖန်တီးခြင်း နည်းနည်းလုပ်လိုက်တာနဲ့ ကုန်မှာ”

ထိုသို့တွေးရင်း စုရှင်းသည် သရုပ်သကန် ဖန်တီးခြင်းကို စတင်လိုက်သည်။

“သရုပ်သကန် ဖန်တီးခြင်း စတင်မယ်!”

[ဤဖန်တီးခြင်းအတွက် စွမ်းအင် ၁၃၀၀မှတ် ကုန်ကျမည် ဖြစ်ပြီး သင့်အတွက် စွမ်းအင် ၆၂၂၆၈၀မှတ်နှင့် အကန့်အသတ်မဲ့ ဖန်တီးခြင်းများ ကျန်ရှိပါသည်။]

[သရုပ်သကန် ဖန်တီးခြင်း စတင်ပါပြီ!]

[အဖြူရောင်အဆင့် စွမ်းရည် ၁၀၀မှတ်၊ အစိမ်းရောင်အဆင့် စွမ်းရည် ၁၀၀၀မှတ် ကုန်ကျပါမည်။ရယူရန် ဆန္ဒရှိပါသလား?]

“အစိမ်းရောင်အဆင့် စွမ်းရည် ယူမယ်!”

[ဒင်၊ မဆုတ်မနစ်သော လုံ့လဟူသည့် အစိမ်းရောင်အဆင့် စွမ်းရည်အား ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်!]

[မဆုတ်မနစ်သော လုံ့လ]: သင်သည် သာမန်လူများထပ် အဆပေါင်းများစွာ ဇွဲလုံ့လရှိသည်။အခက်အခဲများ ကြုံလာသည့်အခါတိုင်း သင်သည် အလျှော့မပေးဘဲ ထိပ်တိုက်ရင်ဆိုင်လေ့ ရှိသည်။

ထိုစွမ်းရည်ကို မြင်သည့်အခါ စုရှင်း၏ မျက်လုံးများ အရောင်တောက်လာသည်။စွမ်းရည်သည် သူ၏ခွန်အားကို တိုက်ရိုက် မမြှင့်တင်ပေးနိုင်သော်ငြား သရုပ်သကန် ဖန်တီးခြင်းတွင် သူ၏ အသုံးဝင်ပုံသည် လစ်လျူရှု၍ မရပါ။

[အိပ်ဆာင်ထဲတွင် သင်သည် သရုပ်သကန် ဖန်တီးခြင်း ပြုလုပ်နေမှန်း သတိပြုမိသွားသည်။]

[သင်သည် ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သော မြေသို့ အရင်ဆုံးသွားကာ ပြီးခဲ့သည့် ရက်အနည်းငယ်က သင် ဖမ်းယူခဲ့သည့် ဝိဉာဉ်ကြက်များ သေ၊မသေ အရင်ဆုံး သွားရောက် စစ်ဆေးခဲ့သည်။]

[ဝမ်းနည်းစရာ ကောင်းသည်မှာ သင် ဖမ်းယူခဲ့သည့် ဝိဉာဉ်ကြက် တစ်ကောင်မျှ အသက်မရှင်ခဲ့ပေ။]

[ရင်နာစွာဖြင့် စားလိုက်ပြီး သင်သည် ဈေးထဲသို့ သွားကာ ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သောမြေတွင် မွေးမြူရန်အတွက် ကြက်အချို့ကို ထပ်မံဝယ်ယူခဲ့သည်။]

[သင်သည် သင် နားမလည်နိုင်သည့် ဆေးနည်းပေါင်း သုံးရာ့ခြောက်ဆယ် ပါဝင်သော လီ မီးအဂ္ဂိရတ်ပညာကို စတင် လေ့လာခဲ့သည်။]

[သင်သည် ထုတ်ဖော်ရန် အဆင့်နိမ့် ဆေးရည်များကိုသာ ရွေးချယ်နိုင်သည်။]

[သင်သည် အဆာခံဆေးနဲ့ အာဟာရဖြစ်ဆေးကို ရွေးချယ်လိုက်သည်။နှစ်ခုစလုံးသည် ထုတ်လုပ်နည်း ရိုးရှင်းပြီး ထိပ်တန်းအဆင့် ဆေးရည်များ ဖြစ်ကြသည်။]

[အဆာခံဆေး၏ အဓိက ပါဝင်ပစ္စည်းမှာ ဝိဉာဉ်ဆန်နှက့် သစ်သီးသစ်ဥများ ဖြစ်သည်။သာမန်လူများအတွက်မူ ဆေးတစ်လုံးတည်းဖြင့် ဆာလောင်ခြင်း မရှိဘဲ တစ်လလောက် အစာမစားဘဲ နေနိုင်သည်။]

[ကံကောင်းသည်မှာ တန်ဖိုးကြီးသည့် ဝိဉာဉ်ဆန် မှတစ်ပါး အခြား ပါဝင်ပစ္စည်းများသည် လက်ရှိကမ္ဘာတွင် အလွယ်တကူ ဝယ်ယူ၍ ရနိုင်ပါသည်။]

[အဂ္ဂိရတ်ထိုးရန် အသင့်ဖြစ်နေပြီ ဖြစ်သဖြင့် ဟောင်းနွမ်းနေသော အဂ္ဂိရတ်မီးဖိုအား ထုတ်ယူလိုက်သော်ငြား သင်၏ ပထမဆုံး ပြသာနာနှင့် ရင်ဆိုင်လိုက်ရသည်။သင့်တွင် မီးမရှိပါ။]

[သင်သည် မီးညှိရန် မီးခြစ်ကို အသုံးပြုခဲ့သည်။သို့သော် သာမန် မီးခြစ်မှ မီးတောက်သည် လုံလောက်စွာ မပူသည့်အပြင် ဝိဉာဉ်စွမ်းအင်လည်း မရှိသည့်အတွက် ဆေးရည်များ ပြုလုပ်ရန် မသင့်တော်ပါ။]

[ထို့ကြောင့် သင်သည် လီ မီးအဂ္ဂိရတ်ပညာကို ထပ်မံထုတ်ကာ လေ့လာလိုက်ရာ လီမီးတောက်ဟု ခေါ်သည့် မီးဂါထာကို လျင်မြန်စွာပင် တွေ့ရှ်ိခဲ့သည်။]

[လီမီးတောက်သည် ရှေးခေတ် နတ်ဆိုးမီးတောက် ဖြစ်သည့် တောင်ပိုင်း၏ တောက်ပသော လီမီးတောက်မှ ဆင်းသက်လာသည့် ရိုးရှင်းသော ဗားရှင်းတစ်ခုအဖြစ် ကျောက်စိမ်းဖြတ်ပိုင်းတွင် မှတ်တမ်းတင်ထားသည်။ယင်းသည် ကျင့်ကြံဖို့ရန် ခက်ခဲပြီး စိတ်ပိုင်းဖြတ်ထားသူများသာ ကျွမ်းကျင်တတ်မြောက်နိုင်သည်။]

[သို့သော် သင်သည် အခက်အခဲများကို မကြောက်သည့်အတွက် လီမီးတောက်မန္တန်ကို စတင် လေ့လာခဲ့သည်။]

[ပထမနှစ်တွင် သင်သည် လီမီးတောက် ဂါထာကို တစ်နေ့ လေးနာရီကြာ လေ့လာခဲ့သည်။ထိုသို့ဖြင့် ဘာထူးခြားမှုမှ မရှိဘဲ တစ်နှစ်တာ ကုန်ဆုံးသွားသည်။]

[ထိုအချိန်တွင် ဝမ့်ချင်းရွှမ်သည် သင့်အား လာရှာခဲ့ပြီး တစ်ည ကြာပြီးနောက်တွင် သူမသည် လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းသို့ ဝင်ရောက်သွားသည်။]

[ဒုတိယနှစ်တွင် သင်သည် လီမီးတောက် မန္တန်အား ကျင့်ကြံသည့် ကြာချိန်ကို ခြောက်နာရီအထိ တိုးမြင့်ခဲ့သည်။နောက်ထပ် တစ်နှစ်တာ ကုန်ဆုံးသွားပေမယ့် ဘာတိုးတက်မှုမှ မရှိခဲ့သေးပါ။]

[သင်သည် စိတ်ယိမ်းယိုင်ခြင်း မရှိဘဲ လုံးဝ လက်မလျှော့ခဲ့ပါ။တတိယနှစ်တွင် သင်သည် ယင်းအား နေ့စဉ် ရှစ်နာရီကြာ လေ့လာခဲ့သည်။နှစ်ဝက်ကြာပြီးနောက် သင်သည် လီမီးတောက် မန္တန်၏ အခြေခံများကို နားလည်လာခဲ့သည်။]

[ပျော်ရွှင်စွာဖြင့် သင်သည် ထိုမန္တန်အား နေ့နေ့၊ညည လေ့လာခဲ့သည်။၂နှစ်ခွဲ ကြာပြီးနောက် သင်သည် ဝင်ရောက်ခွင့် ရရှိခဲ့သည်။]

[ခြောက်နှစ်မြောက်တွင် သင်သည် လီမီးတောက် မန္တန်၏ အခြေခံများကို အောင်မြင်စွာ ကျွမ်းကျင်သွားခဲ့ပြီး လီမီးတောက်အား သင်၏ လက်ဖဝါးပေါ်မှာတောင် ဖန်တီးလာနိုင်ခဲ့သည်။]

[ထိုလီမီးတောက်သည် အလွန်ပူပြင်းပြီး ယင်းနှင့်ထိသမျှကို ချက်ချင်း လောင်ကျွမ်းသွားစေသည်။ထိုမီးသည် ရွှေကိုတောင် စက္ကန့်ပိုင်းအတွင် အရည်ဖျော်ပစ်နိုင်သော်ငြား သင့်ကိုတော့ မထိခိုက်စေပါ။]

[လီမီးတောက်အား အဂ္ဂိရတ်ပညာ အတွက်သာမက ရန်သူများကို ခုခံရန် လက်နက်တစ်ခု အဖြစ်လည်း အသုံးပြုနိုင်ကြောင်း သင်သဘောပေါက်ခဲ့သည်။]

…

All Chapters