← Chapters

အဂ္ဂိရတ်ပညာ သင်ကြားခြင်း၊ ချမ်းသာသော အမျိုးသမီး၏ ပျော်ရွှင်မှုဆေးပြား!

Vol. 2 Ch. 24

အဂ္ဂိရတ်ပညာ သင်ကြားခြင်း၊ ချမ်းသာသော အမျိုးသမီး၏ ပျော်ရွှင်မှုဆေးပြား!

Vol. 2 Ch. 24

စုရှင်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

သူ သရုပ်သပန် ဖန်တီးခဲ့တာ ဆယ်ခါမက ရှိပြီ ဖြစ်သည်။ခု နောက်ဆုံးတော့ သူသည် တိုက်ခိုက်ရေး နည်းပညာတစ်ခုကို တတ်မြောက်ခဲ့ပြီ။

ရွှေကိုတောင် ချက်ချင်း အရည်ပျော်ကျစေနိုင်သည့် မီးတောက်သည် လုံလောက်သော ထိခိုက်မှုကို ဖြစ်စေမည်မှာ အသေအချာပင်!

စုရှင်းသည် ပုံဖော်ရေးကို ဆက်လက် လုပ်ဆောင်သည်။

[တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်စီ ရောက်လာပြီး ချန်ချွန်းနည်းလမ်း ပထမတစ်ဝက်ကို သင့်ထံ ပေးခဲ့သည်။]

[သင်သည် ချန်ချွန်းနည်းလမ်းကို လက်မခံဘဲ သူမ ဝင်ရောက်သွားသည့် အဖွဲ့အစည်းနှင့် ပူးပေါင်းပေးရန်သာ တောင်းဆိုခဲ့သည်။]

[သင်၏ တောင်းဆိုမှုကြောင့် ဝမ့်ချင်းရွှမ်သည် သဘောတူပြီး အကြီးအကဲနှင့် တွေ့ပေးခဲ့သည်။]

[အတိတ်သင်ခန်းစာကြောင့် သင်သည် သတိကြီးစွာပင် ချဉ်းကပ်ခဲ့သည်; သင်သည် တစ်လလျှင် တာဝန် တစ်ခု၊ နှစ်ခုသာ ပြီးမြောက်ခဲ့ပြီး အားလပ်ချိန်များတွင် အဂ္ဂိရတ်ပညာကို လေ့လာခဲ့သည်။]

[သင်၏ လီမီးတောက်သည် အားနည်းနေသေးသည်ကို သတိပြုမိခဲ့သည်။သင် ထုတ်လုပ်ခဲ့သည့် ဆေးရည်များသည် တစ်ဝက်သာ ပြီးမြောက်သည်။]

[ထို့ကြောင့် သင်သည် ထို လီမီးတောက် နည်းလမ်းတွင်သာ သင့်ကိုယ်သင် မြှုပ်နှံပြီး လေ့လာခဲ့သည်။ထိုအခါ သင်၏ ကျွမ်းကျင်မှုသည်လည်း တဖြည်းဖြည်း မြင့်တက်လာသည်။]

[ခုနစ်နှစ်မြောက်တွင် သင့်ညီမ၏ ဈာပနသို့ တက်ရောက်ခဲ့သည်။ဈာပန ပြီးသွားသောအခါ သင်၏ ခံစားချက်များကို မြိုသိပ်ပြီး လီမီးတောက် နည်းပညာကိုသာ ဆက်လက် လေ့လာခဲ့သည်။]

[ရှစ်နှစ်မြောက်တွင် သင်၏ မဆုတ်မနစ်သော ကြိုးစားမှုကြောင့် အခြေခံများကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ခဲ့ပြီး သင့်လီမီးတောက်၏ စွမ်းအားသည်လည်း နှစ်ဆ တိုးပွားလာခဲ့သည်။]

[သင်၏ လီမီးတောက် ကျွမ်းကျင်မှုသည် လုံလောက်ပြီဟု ခံစားမိသဖြင့် သင်သည် အဆာခံနိုင်ဆေးကို တရားဝင် ထုတ်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။]

[အစပိုင်းမှာတော့ တစ်ခါထုတ်လျှင် ဆေး တစ်ပြား၊ နှစ်ပြားခန့်သာ ထုတ်လုပ်နိုင်ခဲ့သည်။]

[သို့သော် သင့်တွင် စမ်းသပ်ရန် ဝိဉာဉ်ဆန်များစွာ ကျန်ရှိနေသေးသဖြင့် သင်၏ ဆေးထုတ်လုပ်မှုသည်လည်း အတော်လေး ကျွမ်းကျင်လာခဲ့သည်။]

[ဆယ်နှစ်မြောက်တွင်မူ သင်သည် အဆာခံဆေးပြား ဆယ်လုံး ထုတ်လျှင် ခုနစ်လုံး၊ ရှစ်လုံးခန့် အောင်မြင်လာခဲ့သည်။တဖြည်းဖြည်းနှင့် သင်သည် အသုံးပြုသူကို သုံးလကြာ အစာမစားဘဲ အားအင်အပြည့်‌ ရှိနေစမည့် အလွန် အစွမ်းထက်သော ဆေးပြားများကို ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။]

[ထိုနှစ်မှာပင် သင်၏ မိတ်ဆွေကောင်းဖြစ်သည့် ယုယန်လည်း ဆုံးပါးသွားခဲ့သည်။]

[ဆယ့်တစ်နှစ်မြောက်တွင် အချိန်တန်ပြီဟု ခံစားမိသဖြင့် သင်သည် မျက်နှာ အာဟာရဖြည့်ဆေးများကို ထုတ်လုပ်ရန် စတင် လေ့လာခဲ့သည်။]

[မျက်နှာ အာဟာရဖြည့်ဆေး ထုတ်လုပ်ခြင်းသည် အဆာခံဆေးထပ် ပို၍ ခက်ခဲသည်။ဝိဉာဉ်ဂျင်ဆင်း၊ မက်မွန်စေ့၊ ချွမ်ရှုံး၊ REHMANNIA သစ်မြစ် (ဆေးဖက်ဝင်အမြစ်)၊ သုံးကွေ့ စသည်တို့ အပါအဝင် ပါဝင်ပစ္စည်းပေါင်း ဆယ်မျိုးမက ပါဝင်သည်။]

[ကံကောင်းသည်မှာ ဝိဉာဉ်ဂျင်ဆင်းမှ လွဲ၍ အခြားပစ္စည်းများကို သင် အပြင်မှာ အလွယ်တကူ ဝယ်ယူ၍ ရနိုင်သည်။]

[ပို၍ ကံကောင်းသည်မှာ သင်သည် လွန်ခဲ့သည့် ဆယ်နှစ်ကတည်းက ဂျင်ဆင်းပင် ဒါဇင်ပေါင်းများစွာကို စိုက်ပျိုးခဲ့သည်။ဆယ်နှစ်ကြာ ဝိဉာဉ်စွမ်းအင်များဖြင့် အာဟာရပြုထာသည့်အတွက် ဆယ်နှစ်တာ ဝိဉာဉ်ဂျင်ဆင်းအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။]

[သင်သည် ထိုမျက်နှာ အာဟာရဖြည့်ဆေးကို ပထမဆုံး စမ်းသပ်ကြည့်ချိန်တွင် မမျှော်လင့်စွာပင် ရှုံးနိမ့်သွားခဲ့သည်။]

[သို့သော် သင်သည် အားမလျှော့ပါ။ထိုဆေး၏ ထုတ်ဖော်မှုကို မကျွမ်းကျင်ခင်အထိ သင်သည် သုံးလအတွင်း ထိုဆေးကို အကြိမ်တစ်ရာမက သင် ထုတ်ဖော်ခဲ့သည်။]

[ယခုအခါ သင့်တွင် ဝိဉာဉ်ဂျင်ဆင်း တစ်ခုသာ ကျန်တော့သည်။ယင်းသည် နောက်ထပ် သုံးခါစာသာ ရှိပါသည်။သင်သည် မကျေနပ်စွာဖြင့် ဆေးများကို ဆက်လက် ထုတ်ဖော်ခဲ့သည်။]

[ကံကောင်းစွာပင် သင်၏ နောက်ဆုံးအကြိမ်၌ အောင်မြင်ခဲ့ပြီး မျက်နှာ အာဟာရဖြည့်ဆေး သုံးလုံးကို ဖန်တီးနိုင်ခဲ့သည်။]

[သင်သည် သင့်အတွက် တစ်လုံး အသုံးပြုလိုက်ရာ သင့်ခန္ဓာကိုယ်ရှိ အညစ်အကြေးများ ဖယ်ရှားလိုက်ပြီး အသေားအရေသည် အရင်ကထပ် ပို၍ ကြည်လင်ကာ နူးညံ့လာခဲ့သည်။သူ့မျက်လုံးတစ်ဝိုက်ရှိ အရေးအကြောင်းများလည်း ပျောက်သွားခဲ့သည်။]

[ထို မျက်နှာ အာဟာရဖြစ်ဆေးသည် ချမ်းသာသော အမျိုးသမီးများအတွက် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး ဖြစ်လောက်မည်ကို သင် သတိထားမိလိုက်သည်။]

[ထို့ကြောင့် သင်သည် ထိုဆေးကို “ချမ်းသာသော အမျိုးသမီး၏ ပျော်ရွှင်မှုဆေးပြား”ဟု အမည်ပေးခဲ့သည်။]

[သင်သည် ကျင်းချုံးရွှယ်စီ သွားပြီး ထိုဆေးပြားတစ်ပြားကို ရောင်းခဲ့သည်။]

[အသက် လေးဆယ်နား ကပ်နေပြီဖြစ်သည့် ကျင်းချုံးရွှယ်သည် ထိုဆေးကို သောက်လိုက်ပြီးနောက် သူမမျက်လုံးနားရှိ အရေးအကြောင်းများ ပျောက်ကွယ်သွားပြီး သူမ၏ အသားအရေသည်လည်း အသက်နှစ်ဆယ် အရွယ်ကဲ့သို့ နူးညံ့လာခဲ့သည်။]

[ကျင်းချုံးရွှယ်သည် အလွန်ပျော်ရွှင်သွားကာ ထိုဆေးအတွက် ရှားဒင်္ဂါး တစ်ရာမီလီယံ ပေးခဲ့သည်။]

[သူမက ဆေးထပ်ရှိသေးသလားဟု သင့်ကို မေးခဲ့သော်လည်း သင့်တွင် တစ်လုံးသာ ကျန်ရှိတော့သည့်အတွက် သင်သည် ခေါင်းပင် ယမ်းလိုက်တော့သည်။]

[ကျင်းချုံးရွှယ်နှင့် တွေ့ပြီးနောက် သင်သည် ဝိဉာဉ်ဂျင်ဆင်း မလိုအပ်သည့် မျက်နှာ အာဟာရဖြစ်ဆေး အခြေခံ အမျိုးအစားကို ထုတ်လုပ်၍ ရနိုင်မည့် ကျိုတိုသို့ ပြန်သွားခဲ့သည်။]

[တစ်နေ့တွင် ဆင်းသက်သော ဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် သင့်ထံ ချဉ်းကပ်လာပြီး သင့်ကို တာဝန်တစ်ခု ပေးခဲ့သည်။]

[သင်သည် တာဝန်ကို လက်ခံခဲ့ပါသည်။သို့သော် တာဝန်ပေးအပ်ခြင်း ခံရသည်မှာ သင်တစ်ယောက်ထဲ မဟုတ်ပါ။ဝမ့်ချင်းရွှမ်ပါ ဂိုဏ်းသားပေါင်း ရာချီ ပေးအပ်ခံခဲ့ရသည်။]

[အံ့ဩစရာ ကောင်းသည်မှာ ဝမ့်ချင်းရွှမ်သည် ကောင်းကင်ဘုံ ဘုရင်အဆင့် စွမ်းအားရှင် ဖြစ်လာပြီး ဒီစစ်ဆင်ရေး၏ တပ်မှူးလည်း ဖြစ်နေသည်ကို တွေ့လိုက်ရခြင်းပင် ဖြစ်သည်။]

[နှစ်ပေါင်းများစွာ ကြာပြီးနောက် ဝမ့်ချင်းရွှမ်သည်လည်း အသက် အတော် ကြီးနေပြီ ဖြစ်သည်။သင်သည် သူမကို နောက်ဆုံးကျန်သည့် မျက်နှာအာဟာရပြုဆေးကို ပေးခဲ့သည်။]

[ဝမ့်ချင်းရွှမ်သည် သင်၏ စိုးရိမ်ပူပန်ပေးမှုကို ကျေးဇူးတင်ခဲ့ပါသည်။နှစ်ပေါင်းများစွာ ကြာသွားသော်လည်း သင့်အပေါ်ထားသည့် သူမ၏သဘောထားသည် ပြောင်းလဲသွားခြင်း မရှိပါ။]

[တာဝန် မစတင်ခင် ညတွင် ဝမ့်ချင်းရွှမ်သည် သင့်ကို လာရှာခဲ့ပြီး စစ်ဆင်ရေးတွင် မပါဝင်ရန် ပြောခဲ့သည်။]

[ဘာကြောင့်လဲဟု သူမကို မေးခဲ့သောအခါ သူမသည်လည်း ဘာမှ မဖုံးကွယ်ခဲ့ပါ။လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းထဲတွင် တွေ့ဆုံရမည့် စစ်ဆင်ရေးဖြစ်ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။]

[သင်သည် အံ့ဩသွားပြီး ဘာအတွက်ကြောင့် လူသားမျိုးနွယ်ကို သစ္စာဖောက်ကာ နတ်ဆိုးမျိုးနွယ်ဘက်တွင် ရပ်တည်ကြောင်း သူမအား မေးခဲ့သည်။သူမသည် ဝမ်းနည်းမှု အပြည့်ဖြင့် ပြုံးပြရင် သူမတွင် ရွေးချယ်မှု မရှိကြောင်း ပြောခဲ့သည်။]

[သူမသည် သင့်အတွက် လုံခြုံသည့် နေရာတစ်ခုကို စီစဉ်ပေးခဲ့သည်။သင်သည် ထိုတာဝန်ကို မထမ်းဆောင်ခဲ့ပါ။]

[မကြာမီတွင် ဈေးကွက်ရှိ ပြဒါးရှင်ဆေးများ၏ ဈေးနှုန်းသည် တရှိန်ထိုး မြင့်တက်လာခဲ့သည်။ထိုသို့ မြင့်တက်လာခြင်းသည် ဆင်းသက်သော ဂိုဏ်းနှင့် မကင်းကြောင်း သင် သဘောပေါက်သည်။]

[သင်သည် စိုးရိမ်ပူပန်လာပြီး အင်အားမရှိခြင်း၏ ဒဏ်ကို ကောင်းစွာ ခံစားလိုက်ရသည်။ထို့ကြောင့် သင်သည် အရင်းနည်းသည့် “ချမ်းသာသော အမျိုးသမီး၏ ပျော်ရွှင်ခြင်းဆေးပြား”ကို ထုတ်ဖော်ရန် ကြိုးစားခဲ့သည်။]

[တစ်နှစ်ကြာပြီးနောက် ထောင်ပေါင်းများစွာသော ကြိုးပမ်းမှုများ ပြီးသွားသည့်အခါ သင်သည် သာမန်ဂျင်ဆင်းကို ဝိဉာဉ်ဂျင်ဆင်းအစား အသုံးပြုသည့် နည်းလမ်းကို ကျွမ်းကျင်လာခဲ့သည်။]

[သင်သည် မူလထပ် ဆယ်ပုံတစ်ပုံသာ သက်ရောက်နိုင်သည့် အရင်းနည်းသော “ချမ်းသာသော အမျိုးသမီး၏ ပျော်ရွှင်ခြင်းဆေးပြား”ကို ထုတ်လုပ်ခဲ့သည်။]

[သင်သည် ဆေး၏တန်ဖိုးကို သူမ ပြောပြနိုင်မလား ဟူသည့်‌ မျှော်လင့်ချက်ဖြင့် ထိုဆေးပုလင်းကို ကျင်းချုံးရွှယ်ထံသို့ ယူသွားခဲ့သည်။]

[သို့သော် ကျင်းချုံးရွှယ်သည် နတ်ဆိုးဖြတ်ကျော်ခြင်း အကျဉ်းခန်းတွင် ဆုံးပါးခဲ့ပြီ ဖြစ်ကြောင်း သူမ၏ဖခင်က ပြောပြခဲ့သည်။]

[သင်သည် တွေဝေစွာပင် ကျိုတိုသို့ ပြန်လာခဲ့သည်။သင့်တွင် ဆင်းသက်သောဂိုဏ်း၏ အကြီးအကဲကို သွားတွေ့သည့် နည်းလမ်းသာ ရှိတော့သည်။]

[အကြီးအကဲသည် သင့်အား သစ္စာဖောက်ဟု ပေါ်တင်ပြောကာ သင်၏ခေါင်းကို သူ့လက်ထဲတွင် ချေမွပြီး သင့်အား တစ်ခါတည်း သတ်ပစ်ခဲ့သည်။]

[သင် သေဆုံးသွားသည်။သရုပ်သကန် ဖန်တီးခြင်း အဆုံးသတ်ပါပြီ!]

[သင်သည် အောက်ပါ ဆုလာဘ်များ အနက်မှ တစ်ခုအား ရွေးချယ်နိုင်ပါသည်: မဆုတ်မနစ်သော လုံ့လ (စွမ်းရည်)၊ နဝမမြောက် မျိုးဆက် ဝိဉာဉ်ကြက် ၅ကောင် ( အိမ်မွေးတိရစ္ဆာန်)၊ လီမီးတောက်၏ အခြေခံ ကျွမ်းကျင်တတ်မြောက်မှု ( မန္တန် တတ်မြောက်မှု)၊ လီ မီးတောက် အဂ္ဂိရတ် အခြေခံ ( အဂ္ဂိရတ်ပညာ တတ်မြောက်မှု)]

[မဆုတ်မနစ်သော လုံ့လ]: အစိမ်းရောင်အဆင့် စွမ်းရည်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀၀မှတ်။

[နဝမမြောက် မျိုးဆက် ဝိညာဉ်ကြက် ၅ကောင်]: ဝိဉာဉ်အိမ်မွေး တိရစ္ဆာန်၊ယင်းတို့သည် ဝိဉာဉ်ဆန်များကို စဉ်ဆက်မပြတ် စားသုံးကာ ရှင်သန်ကြပြီး ဝိဉာဉ်ကြက် ဖြစ်လာကြသည်။တန်ဖိုး - စွမ်းအင်တစ်သိန်းမှတ်

[လီမီးတောက် နည်းပညာ အခြေခံ ကျွမ်းကျင်တတ်မြောက်မှု]: ဆယ်နှစ်တာ အတွေ့အကြုံအတွင်း ရရှိခဲ့သည် လီမီးတောက် နည်းပညာ၏ အခြေခံများကို သင် ချက်ချင်း နားလည်မည် ဖြစ်သည်။ တန်ဖိုး စွမ်းအင် တစ်သိန်းမှတ်။

[လီမီးတောက် အဂ္ဂိရတ်ပညာ အခြေခံများ]: အစပြုသူအဆင့် အဂ္ဂိရတ်ပညာ အတွေ့အကြုံ၊ အဆာခံဆေး (မဟာယနအဆင့်)နှင့် မျက်နှာ အာဟာရပြုဆေး (ကောင်းကင်ဘုံဘုရင် အဆင့်) တန်ဖိုး - စွမ်းအင် တစ်သိန်းမှတ်။

ဆုလာ်များကြောင့် စိတ်လှုပ်ရှုးနေသော်ငြား စုရှင်းသည် မကျေမနပ်နိုင် ဖြစ်နေရသည်။

“သေမ်း၊ ငါ ဘာလို့ ဆုတစ်ခုဘဲ ယူလို့ရတာလဲကွာ?”

“လီမီးတောက် နည်းပညာ အခြေခံ ကျွမ်းကျင်တတ်မြောက်မှု နဲ့ မဆုတ်မနစ်သော လုံ့လ နှစ်ခုလုံး လိုချင်တယ်လေကွာ”

သူ၏ပုံစံကို ကြည့်ပြီး စုရှင်း၏ သရုပ်သကန် ဖန်တီးခြင်းက အဂ္ဂိရတ် အတွေ့အကြုံကို ယူမည်ဟု ထင်ထားခဲ့သည်။

သို့သော် မမျှော်လင့်စွာပင် စုရှင်းသည် မဆုတ်မနစ်သော လုံ့လဟူသည့် စွမ်းရည်ကို ရွေးချယ်ခဲ့သည်။

စုရှင်းသည် ဤစွမ်းရည်က သူ မဖြတ်ကျော်နိုင်သည့် အခက်အခဲများကို ခေါင်းမာမာဖြင့် ဇွဲရှိအောင် ကူညီပေးနိုင်ကြောင်း သရုပ်ဖန်တီးခြင်းတွင် တွေ့မြင်ခဲ့ရသည်။

သို့သော် ဤစွမ်းရည်ကို ရွေးချယ်လိုက်လျှင် နောက်လာမည့် သရုပ်သကန် ဖန်တီးခြင်းတွင် အဂ္ဂိရတ်ပညာနှင့် လီမီးတောက် နည်းပညာတို့အား အစမှ ပြန်လေ့လာရတော့မည် ဖြစ်သည်။

စုရှင်းသည် အတွေးများနှင့် ယောင်ယက်ခတ်နေစဉ် ဖန်တီးရေးစက်မှ အကြောင်းကြားချက်တစ်ခု ရောက်လာခဲ့သည်။

[ဒင်၊ အောက်ပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ဖန်တီးသူသည် ဇီဝဖန်တီးရေးစက်အား ၂.၀ဗားရှင်းသို့ မြင့်တင်ရန် လိုအပ်သည်။မြှင့်တင်ရန်အတွက် စွမ်းအင် ၅သိန်းမှတ် ကုန်ကျပါမည်…]

…

All Chapters