← Chapters

ဇီဝဖန်တီရေးစက် ၂.၀ဗားရှင်း

Vol. 2 Ch. 25

ဇီဝဖန်တီရေးစက် ၂.၀ဗားရှင်း

Vol. 2 Ch. 25

[ဇီဝဖန်တီးရေးစက် ၂.၀ဗားရှင်း] ထူးခြားချက်များ:

ပထမအချက်၊ ဖန်တီးရေးစက်မှ သင် ရယူနိုင်သည့် ဆုလာဘ် ပမာဏသည် အရေအတွက် တစ်ခုမှ နှစ်ခုသို့ မြင့်တက်သွားမည်။

ဒုတိယအချက်၊ နစ်မြုပ်နေသည့် ဖန်တီးခြင်း အတွေ့အကြုံ အသစ်အား ထည့်သွင်းထားပါသည်။အသုံးပြုသူသည် သရုပ်သကန် ဖန်တီးခြင်းတွင် မြုပ်နှံထားသည့် အတွေ့အကြုံအတွက် တစ်ရက်ကို ရွေးချယ်ရန် အမှတ်အချို့ကို အသုံးပြုနိုင်ပါသည်။

ဖန်တီးရေးစက်မှ အသစ်တိုးလာသည့် လုပ်ဆောင်ချက်များကို ကြည့်ရင်း စုရှင်း၏ မျက်လုံးများ အရောင်တောက်လာသည်။

အသစ်တိုးလာသည့် လုပ်ဆောင်ချက်များသည် သူ့အတွေးများနှင့် တစ်ထပ်တည်း ကျသည်။

အထူးသဖြင့် ဆုလာဘ် အရေအတွက် နှစ်ဆ တိုးပွားလာခြင်းပင် ဖြစ်သည်။

ဒုတိယ လုပ်ဆောင်ချက် ဖြစ်သည့် မြုပ်နှံထားသော အတွေ့အကြုံကတော့ စုရှင်း စမ်းသပ်ကြည့်ရအုံးမည် ဖြစ်သည်။

သို့သော် ဗားရှင်း မြင့်တင်ခြင်း၏ တန်ဖိုး စွမ်းအင် ၅သိန်းမှတ်ကို မြင်လိုက်သည့်အခါ စုရှင်းသည် မချင့်မရဲဖြစ်ကာ အံများကြိတ်နေမိသည်။

“မင်း ငါ့အမှတ်တွေကို စောင့်ကြည့်နေတာမလား၊ ဟုတ်တယ်မလား? ငါ့မှာ ခုမှ အမှတ်‌ ၆သိန်း စုမိပါတယ်။မင်းက ၅သိန်း တန်းသုံးခိုင်းနေတာလား?”

စုရှင်းသည် စိတ်တိုနေသော်ငြား သေချာပေါက် အဆင့်မြှင့်မှ ရမည် ဖြစ်သည်။

ထို့ကြောင့် စုရှင်းသည် အမှတ်၅သိန်းကို အသုံးပြုကာ အဆင့်မြှင့်ခဲ့သည်။

ထို့နောက် သူသည် လီမီးတောက် နည်းပညာ အခြေခံ ကျွမ်းကျင်တတ်မြောက်မှု နှင့် မဆုတ်မနစ်သော လုံ့လ စွမ်းရည် နှစ်ခုစလုံးကို ရယူရန်အတွက် စွမ်းအင် ၁၁၀၀၀၀ကို ထပ်မံ သုံးခဲ့ပြန်သည်။

[ဒင် သင်သည် “မဆုတ်မနစ်သော လုံ့လ”ဟူသည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ရွေးချယ်လိုက်ပါသည်။ကျန်ရှိသည့် စွမ်းအင် ၁၁၁၆၈၀မှတ်။]

[ဒင် သင်သည် လီမီးတောက် နည်းပညာ အခြေခံ ကျွမ်းကျင်တတ်မြောက်မှုကို ရယူရန် ရွေးချယ်ခဲ့သည်။ကျန်ရှိသည့် စွမ်းအင် ၁၁၆၈၀မှတ်။]

စုရှင်းသည် သူ၏ခန္ဓာကိုယ်အား ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။မဆုတ်မနစ်သော လုံ့လ စွမ်းရည်၏ သက်ရောက်မှုကို မခံစားမိပါ။အခက်အခဲများနှင့် ကြုံတွေ့လာချိန်မှ ထွက်ပေါ်လာခြင်း ဖြစ်နိုင်လိမ့်မည်။]

သို့ရာတွင် အစပြုသူ လီမီးတောက်ဂါထာသည်ကား စုရှင်း၏ အတွေ့အကြုံအပေါ် သိသာထင်ရှားသည့် သက်ရောက်မှု ရှိပါသည်။

သူ့လက်ထဲတွင် အနီရဲရဲ မီးတောက်တစ်ခု ပေါ်လာမလား ဟူသည့် အတွေးဖြင့် စုရှင်းသည် လက်ဖဝါးကို ဖြန့်လိုက်သည်။မီးတောက်သည် သုံးလက်မစာ ရှိပြီး စွဲမက်ဖွယ် ကောင်းလွန်းလှသည်။

စုရှင်းသည် သူ၏ အခြားလက်တစ်ဖက်အား ထိုမီးတောက် အနားသို့ ဂရုတစိုက် ကပ်သွားသော်လည်း မီးတောက်၏ ပြင်းထန်သည့် အပူရှိန်ကို မခံစားရသေးပါ။

ထို့နောက် သူသည် အဖြူရောင်အဆင့် ကိရိယာတစ်ခုကို ယူပြီး လီမီးတောက်ပေါ်သို့ တင်လိုက်သည်။ယင်းသည် မမြင်နိုင်သော အရှိန်ဖြင့် လောင်ကျွမ်းသွားကာ ဆယ်စက္ကန့်တင် မကြာသေးခင်မှာပင် ပြာဖြစ်သွားခဲ့သည်။

ယင်းသည် စုရှင်းကို အလွန်ပင် အံ့အားသင့်သွားစေသည်။အဖြူရောင်အဆင့် ကိရိယာများသည် အဆင့်အနိမ့်ဆုံး ဖြစ်သော်ငြား အကျဉ်းခန်းများမှ ရသည့်အတွက် မာကျောမှုမှာ စတီးများထပ်ပင် ပို၍ မြင့်မားသည်မှာ သေချာသည်။

ဆိုတော့ လီမီးတောက်သည် အဖြူရောင်အဆင့် ကိရိယာများကို အလွယ်တကူ ဖျက်စီးနိုင်လျှင် ငွေအဆင့် ပရော်ဖက်ရှင်နယ်များ အတွက်လည်း လွန်စွာ အန္တရာယ် ရှိသည်!

“ခု ငါ့မှာ လီမီးတောက် မန္တန် ရှိနေပြီ။‌ နောက်ဆုံးတော့ ရန်သူတွေကို တိုက်ဖို့ တိုက်ခိုက်ရေး မန္တန်တစ်ခု ငါ့မှာ ရှိခဲ့ပြီဘဲ…”

လီမီးတောက်ကို သူနှင့်‌ဝေးရာသို့ ရွှေ့ရန် ကြိုးစားကြည့်မည့် အတွေးတစ်ခု စုရှင်း၏‌ ခေါင်းထဲ ဝင်လာသည်။မီးတောက်သည် သူ့အဝေးသို့ မီတာဒါဇင်ချီ ရွေ့လျားသွားသည်ကို မြင်သည့်အခါ အဝေးရှိ အရာများကိုလည်း တိုက်ခိုက်၍ ရနိုင်ကြောင်း စုရှင်း သိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လီမီးတောက်အား ထိန်းချုပ်နေချိန်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် မနောဓာတ်များ အလျင်အမြန် ကုန်ဆုံးလာသည်ကို သင် သိလိုက်သည်။ဆယ်မိနစ်အတွင်းမှာပင် တစ်ဝက်နီးပါး ကုန်ဆုံးသွားပြီ ဖြစ်သည်။

“လီမီးတောက် မန္တန်က အတော်လေး အင်အားသုံးရတယ် ထင်တယ်။ အရေးကြုံတဲ့အချိန်မှ သုံးရမယ်”

စုရှင်းသည် မေးစေ့ကိုပွတ်ရင်း လေးလေးနက်နက် တွေးလိုက်သည်။

“ခုဆို ငါ့မှာက လီမီးတောက် မန္တန်ရှိနေပြီ။ လာမယ့် ဖန်တီးရေးမှာ လီမး မီးအဂ္ဂိရတ်ပညာကိုသာ တတ်မြောက်သွားမယ်ဆိုရင် အဆာခံနိုင်ဆေးနဲ့ မျက်နှာ အာဟာရပြုဆေးတွေကို ချက်ချင်း ထုတ်နိုင်မှာဘဲ”

“ပြီး အာ့ဆေးနှစ်မျိုးက ဈေးကွက်မှာ အတော်ပေါက်တယ်။မျက်နှာ အာဟာရပြုဆေးဆို ဘာခက်ခဲမှုမှ မရှိဘဲ ဆေးတစ်ပြားကို ရှားဒင်္ဂါး သိန်းချီနဲ့ ရောင်းလို့ရတယ်…”

“ဒါပေမယ့် လက်ရှိပြသာနာက လာမယ့် ဖန်တီးရေးအတွက် အနည်းဆုံး စွမ်းအင် ၁၀၀၀၀၀မှတ် လိုနေတာဘဲ။ငါ့မှာက ခု တစ်သောင်းကျော်လေးဘဲ ရှိတယ်”

စုရှင်းသည် နှုတ်ခမ်းကိုက်ကာ ဖုန်းကိုထုတ်ပြီး ကျင်းချုံးရွှယ်ထံ ဆက်လိုက်သည်။

“ချုံးရွှယ် ရှိလား? မင်းကို ဝိဉာဉ်ဆန် ကျင်း၂၀လောက် ရောင်းချင်လို့။ ဘယ်အချိန်လောက် လာယူနိုင်မလဲ…”

ကျင်းချုံးရွှယ်က အလျင်အမြန်ပင် ပြန်လည် ဖြေကြားခဲ့ပါသည်။

“အိုကေ၊ မကြာသေးဘဲ ငွေ ထပ်ပြတ်သွားပုံ ရတယ်၊ ဟမ်? ရှင့် ကတ်နံပါတ် ပို့ပေးလေ။ကျွန်မ ပိုက်ဆံလွှဲပေးလိုက်မယ်။ကျွန်မ ကျိုတိုကို အချိန်ရရင် မကြာခင် လာခဲ့မယ်လေ။အာ့ကျမှ ရှင် ကျွန်မကို ဝိဉာဉ်ဆန်တွေ ပေးပေါ့”

စုရှင်းသည် သူ၏ ဘဏ်ကတ်နံပါတ်ကို ပို့လိုက်ရာ မကြာမီတွင် ရှားဒင်္ဂါး ၂၀မီလီယံ ရရှိခဲ့သည်။

သူ့ကတ်ထဲရှိ နံပါတ်များကို ကြည့်ရင်း စုရှင်းသည် ရယ်မောနေခဲ့သည်။

“ငါ ကျေးဇူးရှင်နဲ့ တကယ် တွေ့ခဲ့တာဘဲ!”

စုရှင်းသည် ကျင်းချုံးရွှယ်၏ ကျင့်ကြံခြင်း သဲလွန်စကိုလည်း သိရှိခဲ့သည်။

ထို့အပြင် ကျင်းချုံးရွှယ်သည် သူ့အား စွမ်းအင်စုဆောင်းရာတွင် အချိန်အတော်အတန် ခြွေတာနိုင်စေရန် ငွေအမြောက်အမြားကို ထုတ်ချေးခဲ့သည်။

ထိုသို့မဟုတ်ဘဲ စုရှင်း၏ နှေးကွေးလှသော စွမ်းအင် စုဆောင်းခြင်းကိုသာ မှီခိုမည်ဆိုလျှင် ထိုပမာဏ ရဖို့ရန် လပေါင်းများစွာ ကြာပေလိမ့်မည်။

ပိုက်ဆံရရချင်း စုရှင်းသည် ကျိုတိုရှိ ကျင်း ကုန်သည်များ အစည်းအရုံးသို့ အရင်သွားကာ အဖြူရောင်အဆင့် ပစ္စည်း ၂၀၀၀ဝကျော် ဝယ်ယူခဲ့သည်။

ကျင်းချုံးရွှယ် ပေးထားသည့် VIP အဖွဲ့ဝင်ကတ်ကြောင့် စုရှင်းသည် ပစ္စည်းတစ်ခုစီကို အနိမ့်ဆုံးဆေး ရှားဒင်္ဂါး၉၀၀ဖြင့် ရရှိခဲ့ပြီး ပိုက်ဆံ အမြောက်အမြား ချွေတာနိုင်ခဲ့သည်။

စုရှင်းသည် ထိုပစ္စည်း နှစ်သောင်းကျော်အား စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ရာ စွမ်းအင် အမှတ် တစ်သိန်းနှစ်သောင်း ရရှိခဲ့သည်။

ထိုစွမ်းအင်အမှတ်များကို ကြည့်လိုက်ပြီးမှ စုရှင်းမှာ စိတ်သက်သာရာ ရတော့သည်။

“စွမ်းအင်တွေက နောက်ကျရင် ကုန်သွားမှာဘဲ! အဆင့်မြှင့်ပေးတဲ့ ဝန်ဆောင်မှုကို လုပ်မှဖြစ်မယ်”

စုရှင်းသည် ယခင်က သူ ဝန်ဆောင်မှု ပေးခဲ့သည့် အဆင့်နိမ့် အမျိုးသမီးများ အားလုံးကို စုပြီး အုပ်စုတစ်ခု ဖွဲ့လိုက်သည်။ယခုအခါ ထိုအဖွဲ့တွင် လူတစ်ရာကျော် ရှိနေပြီ ဖြစ်သည်။

စုရှင်းသည် အဖွဲ့ထဲတွင် စာတစ်စောင် ပို့လိုက်သည်။

“ဒီနေ့ ညနေ လေးနာရီမှာ အဆင့်သတ်မှတ်ရေး ကဏ္ဍငါးခု ရှိမည်ဖြစ်ပြီး ကဏ္ဍတစ်ခုချင်းစီအတွက် အများဆုံး လူငါးဦးအထိ စာရင်းသွင်းလို့ရတယ်။နေရာကတော့ မြို့ပြင်က ငွေအဆင့် လေ့ကျင့်ရေးကွင်း ဖြစ်တဲ့ ကြက်သွေးရောင် ပုရွက်ဆိတ်အိမ်ဘဲ။ အတွေ့အကြုံ တော်တော် ရလိမ့်မယ်။တစ်ဦးလျှင် ရှားဒင်္ဂါး နှစ်သောင်းကျမယ်။ စာရင်းသွင်းချင်ရင် အမြန်လာကြပါ..”

စုရှင်း၏ မက်ဆေ့ဂ်ျကို မြင်သည့်အခါ အဆင့်နိမ့် အမျိုးသမီး အချို့သည် သက်ပြင်းချကုန်ကြသည်။

ဤအဆင့်နိမ့် အမျိုးသမီး အများစုသည် ကြေးအဆင့် ၁၀နှင့် ၂၀ကြားသာရှိပြီး ငွေအဆင့် လေ့ကျင့်ရေးကွင်း အတွေ့အကြုံသည် သူတို့အတွက် အလွန် အရေးပါသည်။တစ်ကြိမ်သွားရုံဖြင့် သိသိသာသာ အဆင့်မြှင့်နိုင်ပေမည်။

စုရှင်း၏ လက်ရှိခွန်အားနှင့်ဆိုလျှင် သူသည် တစ်နာရီအတွင်း ငွေအဆင့် အကျဉ်းခန်းကို တစ်ဦးတည်း သွားနိုင်ပါသည်။

တစ်ရက်တည်း လုပ်ရုံဖြင့် စုရှင်းသည် ရှားဒင်္ဂါး ခြောက်သိန်း၊ ခုနစ်သိန်းလောက် အနည်းဆုံး ရှာနိုင်ခဲ့သည်။သူ ယခင်က လုပ်ခဲ့သည့် အဆင့်မြှင့်ခြင်းနည်းထပ် အဆပေါင်းများစွာ ဝင်ငွေ ပိုကောင်းလေသည်။

တစ်ပါတ်တာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

စုရှင်းသည် ရှားဒင်္ဂါး ငါးသိန်းကို အဖြူရောင်အဆင့် ပစ္စည်းများ ဝယ်ယူပြီး စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ရာ စွမ်းအင်အမှတ် ၃၀၀၀၀နီးပါး ရရှိခဲ့သည်။

သူ ယခင်က ရရှိထားသည့် စွမ်းအင်အမှတ်များနှင့် ပေါင်းလိုက်သည့်အခါ စုရှင်းတွင် စွမ်းအင်အမှတ် စုစုပေါင်း တစ်သိန်းငါးသောင်းကျော် ရှိပြီ ဖြစ်သည်။

ဒီဇင်ဘာ ၁၀ရက်နေ့တွင် ဖန်တီးခြင်း ပြန်လည် စတင်နိုင်ခဲ့သည်။

စုရှင်းသည် သရုပ်သကန် ဖန်တီးရန် ရွေးချယ်ခဲ့သည်။

“ဖန်တီးရေး စတင်ပါ!”

[ဤ သရုပ်သကန် ဖန်တီးခြင်းသည် စွမ်းအင် ၁၄၀၀မှတ် ကုန်ကျမည်ဖြစ်ပြီး သင့်တွင် စွမ်းအင် ၁၅၀၂၀၀မှတ်နှင့် အကန့်အသတ်မဲ့ သရုပ်သကန် ဖန်တီးခြင်း အခွင့်အရေးများ ကျန်ရှိပါသည်။]

[သရုပ်သကန် ဖန်တီးခြင်း အစပြုပါပြီ!]

[အဖြူရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင် ၁၀၀မှတ် အစိမ်းရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင် ၁၀၀၀မှတ် ကုန်ကျပါမည်။သင် ရယူလိုပါသလား?]

“အစိမ်းရောင်အဆင့် စွမ်းရည် ရယူမယ်”

စုရှင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ အစိမ်းရောင်အဆင့် စွမ်းရည်ကို ရွေးချယ်ခဲ့သည်။စွမ်းအင် ၁၀၀၀မှတ်ဟူသော ပမာဏသည် ယခုအခါတွင် သူ့အတွက် အရေးမပါတော့ပါ။အရည်အသွေးမြင့် အစိမ်းရောင်အဆင့် စွမ်းရည်သာ ရရှိခဲ့လျှင် အမြတ်ကြီးကြီး ရခြင်းပင် ဖြစ်သည်။

[ဒင်၊ သင်သည် ကံကောင်းခြင်း ဟူသော အစိမ်းရောင်အဆင့် စွမ်းရည်ကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်!]

[ကံကောင်းခြင်း]: အစိမ်းရောင်အဆင့် စွမ်းရည်၊ သင်၏ ကံကြမ္မာသည် သာမန်လူများထပ် များစွာ ပိုကောင်းသည်။သင်သည် အပြင်ထွက်တိုင်း ပိုက်ဆံ ကောက်ရတတ်ပြီး ရှားဒင်္ဂါး ဆယ်တန် ထီလက်မှတ် ဝယ်လျှင် အနည်းဆုံးတော့ ဒင်္ဂါးနှစ်ဆယ် စုကြေးကို ရရှိသည်။

ထိုစွမ်းရည်ကို မြင်သည့်အခါ စုရှင်း၏ မျက်လုံးများ လက်လာသည်။

ရွှေ့ပြောင်းသူ‌များအတွက် ကံတရားကို အခြေခံသည့် စွမ်းရည်သည် လုံးဝ လိုအပ်သည်! သရုပ်သကန် ဖန်တီးခြင်းတွင်ဖြစ်စေ၊ အပြင်ကမ္ဘာတွင် ဖြစ်စေ ချွင်းချက်မရှိ စုရှင်းကို များစွာ အကူအညီ ပေးပါလိမ့်မည်။

စုရှင်းသည် ဆက်ဖတ်သည်။

[အိပ်ဆောင်ထဲတွင် သင်သည် ပုံဖော်ခြင်း လုပ်နေမှန်း သတိရသွားသည်။ဤ ပုံဖော်ခြင်းအတွက် သင်၏တာဝန်မှာ အဂ္ဂိရတ်ပညာ အတွေ့အကြံများကို လုံလောက်သည်အထိ စုဆောင်းရန် ဖြစ်သည်။]

[သင်သည် တစ်ဦးတည်း ရှိနေသည့် အခွင့်ကောင်းကို အသုံးချကာ တုံ့ဆိုင်းခြင်းမရှိဘဲ ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သော မြေထဲသို့ ဝင်လိုက်သည်။]

[ဝိဉာဉ်စိုက်ခင်းထဲတွင် သင် မွေးမြူထားသည့် ကြက်ရာချီ အကုန်လုံး မသေဘဲ ခုနစ်ကောင်၊ ရှစ်ကောင်ခန့် အသက်ရှင်နေသေးသည့်အတွက် သင် အံ့ဩသွားသည်။သူတို့ကို စစ်ဆေးပြီးနောက် ဤကြက်များသည် ဝိဉာဉ်ကြက် ဖြစ်လာမည့် အလားအလာရှိကြောင်း သင် တွေ့ရှိခဲ့သည်။]

[ယင်းမှာ ကံကောင်းခြင်း စွမ်းရည်၏ သက်ရောက်မှု ဖြစ်ကြောင်း သင် တွေးမိသွားသည်။]

…

All Chapters