← Chapters

ကိုယ်တွင်းအင်္ဂါများ သန့်စင်ခြင်း နယ်ပယ်အတွက် အခွင့်အရေး၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား!

Vol. 2 Ch. 27

ကိုယ်တွင်းအင်္ဂါများ သန့်စင်ခြင်း နယ်ပယ်အတွက် အခွင့်အရေး၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား!

Vol. 2 Ch. 27

မျက်နှာ အာဟာရပြု ဆေးပြားများကို ရောင်းချခြင်းသည် စုရှင်းအား အမြတ်များစွာ ရစေသည်။

သို့သော် ယခုချိန်တွင် စုရှင်းသည် လီ မီးအဂ္ဂိရတ် ပညာကို သရုပ်ပြခြင်းမှ ရယူပြီး မျက်နှာ အာဟာရပြုဆေး တစ်သုတ်ကို အောင်မြင်စွာ ထုတ်လုပ်ပြီးသည်အထိ ရရှိခဲ့သည့် အကျိုးအမြတ်ကို အတိအကျ မသိသေးပါ။

[ငါးနှစ်မြောက်တွင် သင်သည် အရည်အသွေးနိမ့် မျက်နှာ အာဟာရပြုဆေးကို ထုတ်လုပ်ပြီး ငွေ အမြောက်အမြား ရရှိ‌နေသည့်အတွက် လီ မီးအဂ္ဂိရတ်ပညာကို နက်နက်ရှိုင်းရှိုင်း လေ့လာရန် သင်သည် ပြင်ဆင်ခဲ့သည်။]

[သင်၏ သံန္နိဌာန်သည် အံ့ဩစရာ ကောင်းသည်။သင်သည် တစ်နှစ်အတွင်း လီမီး အဂ္ဂိရတ်ပညာ၏ ဆေးမျိုးပေါင်း ၃၆၀ကို ဖော်မြူလာများနှင့်အတူ မှတ်သားနိုင်ခဲ့သည်။သို့သော် သင့်တွင် လိုအပ်သော ဝိဉာဉ်ဆေးဖက်ဝင်အပင်များ မရှိသည့်အတွက် သင်သည် အဂ္ဂိရတ်ပညာကို အောင်မြင်စွာ မလေ့လာနိုင်ခဲ့ပါ။]

[ခြောက်နှစ်မြောက် တစ်ရက်တွင် ဝမ့်ချင်းရွှမ်သည် သင့်စီ ရောက်လာခဲ့သည်။ထိုနှစ်များအတွင်း ထုတ်ဖော်ခြင်း ခံရမည်ကို စိုးရိမ်သဖြင့် ဝမ့်ချင်းရွှမ်သည် သင့်နှင့် မဆက်သွယ်ခဲ့ပါ။]

[ဝမ့်ချင်းရွှမ်သည် သင့်အတွက် ချန်ချွန်းနည်းလမ်းတစ်ဝက်ကို ယူလာခဲ့သည်။သင်သည် စဉ်းစားမရ ဖြစ်သွားပြီး ဒုတိယတစ်ဝက်ကို ဘာကြောင့် ယူမလာခဲ့တာလဲဟု မေးလိုက်သည်။]

ယင်းကို မြင်သည့်အခါ စုရှင်းသည် အပျော်လွန်သွားသည်။သူသည် ဒုတိယပိုင်းကို မပိုင်ဆိုင်ခဲ့ရသော်လည်း အနည်းဆုံးတော့ ဆင်းသက်ဂိုဏ်းတွင် ဒုတိယပိုင်း ရှိမှန်း အတည်ပြုနိုင်ခဲ့သည်။

ယင်းကို လဲလှယ်နိုင်ရန်အတွက် အကြီးအကဲအဆင့်သို့ ရောက်ရှိသည်အထိ စောင့်ရန် လိုအပ်သည်။ယခင် သရုပ်ပြခြင်းများမှတစ်ဆင့် ဆင်းသက်ဂိုဏ်းတွင် အကြီးအကဲအဆင့်သို့ ရောက်ရှိချင်လျှင် ကောင်းကင်ဘုရင်အဆင့်သို့ ရောက်ရှိရန် လိုအပ်ကြောင်း သိရှိခဲ့ရသည်။

စုရှင်းသည် လက်ရှိတွင် ချန်ချွန်းနည်းလမ်း တစ်ဝက် မရှိသေးသော်ငြား သူ့တွင် အချိန်များစွာ ကျန်ပါသေးသည်။များစွာသော သရုပ်ပြခြင်းများကိုလည်း လုပ်ဆောင်နိုင်ပါသေးသည်။တစ်ချိန်ချိန်တော့ သေချာပေါက် ပိုင်ဆိုင်နိုင်ပါလိမ့်မည်။

ထိုသို့ တွေးလိုက်သည့်အခါ စုရှင်းရင်ထဲရှိ ဝန်ထုပ်က လျော့ကျသွားသည်။

ချန်ချွန်း နည်းပညာ၏ ဒုတိယပိုင်းကသာ သူ့အား ဟင်းလင်းပြင် နယ်ပယ်သို့ ‌ပြန်လည်ရောက်ရှိသည့် ကျင့်ကြံသူ ဖြစ်လာစေနိုင်သည်။ထိုမှသာ သူသည် ချင်းယန်ဂိုဏ်းသို့ သွားကာ သူ၏ အမည်ခံဆရာ ချင်းယွင်ကျီကို တွေ့နိုင်လိမ့်မည်။

[သင်သည် ဝမ့်ချင်းရွှမ်ကို မျက်နှာ အာဟာရပြုဆေး အချို့ ပေးလိုက်သည်။သင်၏ လက်ဆောင်ကို သူမကလည်း နှစ်သက်ပါသည်။ထိုညက သင်တို့သည် အသစ်အဆန်းများကို စမ်းကြည့်ခဲ့သည်။]

[သင်သည် ဆင်းသက်ဂိုဏ်းတွင် ပူးပေါင်းရန် မရွေးချယ်တော့ဘဲ မသေမျိုးနည်းလမ်းကို လေ့လာရင်းတွင်သာ သင့်ကိုယ်သင် ဆက်လက် မြှုပ်နှံခဲ့သည်။]

[ခုနစ်နှစ်မြောက်တွင် ခုနစ်နှစ်တာ ကျွေးမွေးခဲ့ပြီးနောက် သင်၏ ဝိဉာဉ်ကြက်များသည် သတ္တမမျိုးဆက်အထိ ပွားလာခဲ့သည်။သတ္တမမျိုးဆက် ဝိဉာဉ်ကြက်များ၏ ဉာဏ်ရည်သည် အလွန်မြင့်ပါသည်။ထက်မြက်သော ခွေးမျိုးစိတ်အချို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။]

[သင်သည် နေ့စဉ် ဝိဉာဉ်ထမင်းကို စားခဲ့သည်။သင့်တွင် ဝိဉာဉ်ကြက်ဥများလည်း များစွာရှိပါသည်။ဤနှစ်များတွင် သင်သည် ကျင့်ကြံခြင်း အပေါ်တွင် အာရုံမစိုက်သဖြင့် သင်သည် အရိုးမာကျောခြင်း နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်နေဆဲပင် ဖြစ်သည်။]

[သင်သည် ခန္ဓာကျင့်ကြံခြင်း၏ တတိယမြောက် အဓိကနယ်ပယ်ဖြစ်သည့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ ရောက်ရှိရန် စတင် စီစဉ်သည်။]

[တစ်ရက်တွင်တော့ သင့်ညီမ၏ နာရေးသတင်းကို ကြားရပြီး ဈာပနသို့ တက်ရောက်ခဲ့ရသည်။]

[စုနင်နန်သည် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းထဲတွင် သေဆုံးခဲ့မှန်း သိသော်လည်း သင်၏ လက်ရှိခွန်အားနှင့်ဆိုလျှင် ဘာမှ ပြောင်းလဲနိုင်မည် မဟုတ်ပါ။ထို့ကြောင့် သင်၏ခွန်အား တိုးလာရေးကိုသာ ကြိုးစား၍ မသေမျိုးနည်းလမ်းများကို ပိုမို နက်နဲစွာ လေ့လာခဲ့သည်။]

[သင့်တွင် ခန္ဓာသန့်စင်ခြင်း နည်းလမ်းများ မရှိသည့်အတွက် ခန္ဓာကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် သင့်ကိုယ်သင်သာ အားကိုးရတော့သည်။]

[တစ်နေ့တွင် သင်သည် လီ မီးအဂ္ဂိရတ်ပညာကို လေ့လာနေစဉ်တွင် ဖော်ဖြူလာများ အနက်မှ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း‌ ဆေးပြား ဟူသည့် ဆေးတစ်မျိုးကို ရှာတွေ့ခဲ့သည်။ယင်းသည် လူသား ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများကို သန်မာစေသည့်ပုံ ပေါ်သည်။ဒါ့အပြင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်သည် ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများ သန်မာဖို့ရန် လိုအပ်သည့်အတွက် သင်သည် ထိုဆေးပြား ဖော်စပ်နည်းကို ကြိုးစားကြည့်သည်။]

[သို့သော် လီ မီးအဂ္ဂိရတ်ပညာ၏ ဖော်ပြချက်အရ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားသည် သူအရင်က ထုတ်လုပ်ခဲ့သည့် အဆင့်အနိမ့်ဆုံး ဆေးပြားများနှင့် မတူပါ။သန့်စင်ခြင်း ဆေးပြား ဖော်စပ်မှုသည် အဆပေါင်းများစွာ ပို၍ ခက်ခဲလိမ့်မည်။]

[ရှစ်နှစ်မြောက်တွင် သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေးပြားကို တစ်နှစ်အတွင်း မရေမတွက်နိုင်သည်ထိ ဝီရိယရှိရှိ လေ့လာခဲ့သည်။သို့သော် သင့်တွင် မရှိမဖြစ် လိုအပ်သော အဝါရောင် မသေမျိုးအဆီအနှစ်သည် ပျောက်ဆုံးနေဆဲ ဖြစ်သည်။]

[အဝါရောင် မသေမျိုးအဆီအနှစ်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား၏ အဓိက ပါဝင်ပစ္စည်း ဖြစ်သည်။၎င်းကို စားသုံးခြင်းသည် ချီဓာတ်ကို ဖြည့်တင်းပေးပြီး ယင်ဓာတ်ကို အာဟာရဖြည့်ပေးသည်။သရက်ရွက်ကို အားကောင်းစေကာ အဆုတ်ကို အစိုဓာတ် ဖြည့်ပေးပြီး ကျောက်ကပ်ကိုလည်း အကျိုးပြုစေပါသည်။ယင်းသည် လူသားတို့၏ ကိုယ်တွင်းအင်္ဂါများအတွက် များစွာ အကျိုးရှိသည်။သို့သော် ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်းက အဝါရောင် မသေမျိုး အဆီအနှစ်သည် ကျင့်ကြံဖို့ရန် မလွယ်ကူကြောင်း ဖော်ပြထားသည်။ယင်းသည် ‌ယန်ဓာတ်ရေကို နှစ်သက်ပြီး ဆေးအဖြစ် အသုံးမပြုခင် အနည်းဆုံး သုံးနှစ်ကြာအောင် စိုက်ပျိုးမှရသည်။]

[‌ထို့ကြောင့် သင်သည် နောက်သုံးနှစ်တာတွင် အဝါရောင် မသေမျိုး အဆီအနှစ်ကို ကျင့်ကြံနေရင်းဖြင့် ရှန်းနန် ဝိဉာဉ်ပျိုးထောင်ခြင်း နည်းလမ်းကို လေ့လာခဲ့သည်။]

[ဆယ့်တစ်နှစ်မြောက်တွင် သုံးနှစ်တာ ကျင့်ကြံပြီးနောက် သင်သည် များစွာသော အဝါရောင် မသေမျိုး အဆီအနှစ်ပင်များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်။ထိုအခါ သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေး၅ပြားကို စတင် ဖော်စပ်ခဲ့သည်။]

[သင်သည် ထိုဆေး ဖော်စပ်မှုကို စိတ်ထဲတွင် အကြိမ်တစ်ရာမက လေ့ကျင့်ထားသော်လည်း တကယ် လက်တွေ့လုပ်သည့်အခါတွင်မူ စိတ်ကူးထားသည်ထပ် ပို၍ပင် ခက်ခဲကြောင်း သိလိုက်ရသည်။]

[ပထမဆုံး ပြသာနာမှာ လီမီးတောက် နည်းပညာအား သင်၏ထိန်းချုပ်မှုသည် မသင့်တော်ပါ။ထိုဆေးပြားကို ဖော်စပ်ရန်အတွက် မီးဖိုပေါ်တွင် နာရီပေါင်းများစွာ ကြာသည်အထိ ကြိုရန် လိုအပ်သည်။သို့သော် သင်၏ ဝိဉာဉ်စွမ်းအင်နှင့် မနောဓာတ်သည် ထိုကဲ့သို့ အကြာကြီး ထိန်းချုပ်နိုင်ခြင်း မရှိပါ။]

[ထို့ကြောင့် သင်သည် ဝိဉာဉ်ကျောက်တုံးကို လက်တစ်ဖက်က ကိုင်ကာ သင်၏ ဝိဉာဉ်စွမ်းအင်ကို ဖြည့်တင်းရင်းဖြင့် ထိုဆေးငါးပြားကို ဖော်စပ်ရသည်။]

[သင်သည် ထိုလုပ်ငန်းစဉ်ကို နာရီပေါင်းများစွာ ထိန်းထားရသည် ဖြစ်သဖြင့် လုံဝ ပင်ပန်းနွမ်းနယ်သွားသည်။ဆေးပြားများကို ရယူရန် မီးဖိုကို ဖွင့်လိုက်သောအခါတွင် သင်၏ ဆေးငါးပြားသည် လုံးဝဖွဲ့စည်းမထားကြောင်း တွေ့ရှိခဲ့ရသည်။အပူထိန်းချုပ်မှု ညံ့ဖျင်းသည့်အတွက် ဆေးများသည် တူးကပ်ကုန်သည်။]

ထိုအရာကို မြင်သည့်အခါ စုရှင်းသည် ဘာပြောရမည် မသိတော့အောင်ပင် ဖြစ်သွားရသည်။

“ဟ ဒီဆေးဖော်စပ်ပုံက အရင်က ဆေးနှစ်မျိုးထပ်ကို ပိုရှုပ်တာဘဲ…ဒီသရုပ်ပြခြင်းက ငါ့ရဲ့ အဂ္ဂိရတ်ပညာလောက်နဲ့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းကို ဖော်စပ်ခိုင်းတာက တွန်းအားအရမ်းပေးနေသလိုဘဲ။တခြားဆေးတွေကို အရင်ဖော်စပ်ကြည့်တာ ပိုကောင်းတယ်မလား?

အတွေးပြောင်းလိုက်ပြီး စုရှင်းသည် ဆက်ဖတ်ခဲ့သည်။

[သင်သည် ထိုကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေးပြား ထုတ်လုပ်ခြင်းကို ယာယီရပ်ဆိုင်းထားပြီး အဆင့်ပိုနိမ့်သည့် ဆေးပြားအချို့ကို ထုတ်ဖော်ရန် စတင် လေ့လာခဲ့သည်။ရှာဖွေခြင်းမှတစ်ဆင့် သင်သည် ချီစုစည်းခြင်း အမှုန့်ဟုခေါ်သည့် အသေးစား ဆေးတစ်မျိုးကို ရှာတွေ့ခဲ့သည်။]

[ချီစု‌စည်းခြင်း အမှုန့်သည် အမှုန့်အမျိုးအစား ဖြစ်သည်။ပါဝင်ပစ္စည်းများမှာ ဝိဉာဉ်ကျောက်တုံးများ၊ ဝိဉာဉ်စမ်းရေ၊ ဝိဉာဉ်ဆန်နှင့် သန့်စင်ခြင်းဖြစ်စဉ်ကို ကူညီပေးနိုင်သည့် အခြား ဆေးဖက်ဝင်အပင်များ ဖြစ်သည်။]

[ချီစုစည်းခြင်း အမှုန့်သည် ကျင့်ကြံသူ၏ ဝိဉာဉ်စွမ်းအင် သိုလှောင်မှုကို အချိန် အနည်းငယ်အကြာ တိုးမြင့်ပေးနိုင်သည်။]

[သင်သည် ချီစုဆောင်းခြင်း အမှုန့်ကို စတင်လေ့လာခဲ့သည်။သင်၏ ယခင် အဂ္ဂိရတ် အတွေ့အကြုံများကြောင့် သင်၏ ဖော်စပ်ခြင်း သင်ယူမှုသည် လျင်မြန်ခဲ့သည်။]

[ဆယ့်နှစ် နှစ်မြောက်တွင်မူ သင်သည် ချီစုစည်းခြင်း အမှုန့်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။၎င်းကို အသုံးပြုပြီးနောက် သင်၏ခန္ဓာကိုယ်အတွင်းရှိ ဝိဉာဉ်စွမ်းအင်သည် ဆယ်ရာခိုင်နှုန်းခန့် တိုးလာသည်ကို ခံစားမိလိုက်သည်။ယင်းသည် ဆယ့်ငါးမိနစ်ခန့်သာ ကြာသည်။]

[ဆယ့်သုံးနှစ်မြောက်တွင်မူ တစ်နှစ်တာ တိုးတက်လာမှုကြောင့် သင်သည် အရည်အသွေးဖြင့် ချီစုစည်းခြင်း အမှုန့်များကို ထုတ်လုပ်နိုင်လာသည်။ယင်းသည် ဝိဉာဉ်စွမ်းအင်အား ၂၀%ထိ တိုးမြင့်လာစေပြီး နာရီဝက်ခန့် ကြာမြင့်သည်။]

ရလဒ်ကို ကျေနပ်ကာ စုရှင်းသည် ခေါင်းငြိမ့်နေခဲ့သည်။သု့တွင် ထိုအမှုန့်အတွက် လုံလောက်သော ပစ္စည်းများရှိပြီး ဝိဉာဉ်ဆေးဝါးများလည်း သူ့လက်ထဲတွင် တစ်ထောင်နီးနီး ရှိနေပြီဖြစ်သည်။ဒါ့အပြင် ချီစုစည်းခြင်း အမှုန့်၏ သက်ရောက်မှုသည်လည်း အမှန်တကယ် ထိရောက်သည်။ယင်းသည် တိုက်ခိုက်ရေးစွမ်းအင်ကို မြင့်တင်ပေးနိုင်ရုံမက ဆေးပြားသန့်စင်ခြင်းကိုလည်း ပိုမိုချောမွေ့စေသည်။

စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[တစ်နေ့တွင် သတ်လက်ပိုင်း ဂုဏ်သရေရှိ အမျိုးသားတစ်ဦးသည် သင့်ထံရောက်လာခဲ့သည်။သူသည် ကျင်းချုံးရွှယ်၏ ဖခင်ဖြစ်ကြောင်း သင့်အား ပြောပြခဲ့ပြီး ကျင်းချုံးရွှယ်၏ ‌နာရေးသတင်းကို သင့်ထံ ယူလာခဲ့သည်။]

[သင့် နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးလာခဲ့သည်။ထိူလူက သူ၏ ရည်ရွယ်ချက်ကို သင့်အား ပြောပြသည်။ကျင်းချုံးရွှယ်၏ ပစ္စည်းများထဲတွင် အဆာခံဆေးကို သူရှာတွေ့ခဲ့ကြောင်းနှင့် ဤဆေးများသည် ရှားမြို့တော်၏ စစ်တပ်အတွက် အလွန်ပင် အရေးပါကြောင်း ပြောပြခဲ့သည်။သူတို့အတွက် ဆေးများ ပိုမို ထုတ်လုပ်ပေးနိုင်မလားဟုလည်း မေးမြန်းခဲ့သည်။]

[သင်သည် ခဏတာ တုံ့ဆိုင်းပြီးနောက် ထို‌အဆာခံဆေးများကို သင်ကိုယ်တိုင် ထုတ်လုပ်ခဲ့ကြောင်း ပြောခဲ့သည်။ထို့နောက် နှစ်ပေါင်းများစွာ သင် စုဆောင်းခဲ့သည့် ဆေးပြားတစ်ထောင်လုံးကို ထုတ်ပေးခဲ့သည်။]

[ကျင်းချုံးရွှယ်၏ ဖခင်သည် ပီတိဖြစ်လျက် ဆေးပြားများကို လက်ခံခဲ့သည်။သင့်အား ရှားဒင်္ဂါး ၂၀ဝမီလီယံ ပေးခဲ့ပြီး နောက်ထပ် အဆာခံဆေး တစ်သိန်း ထုတ်လုပ်ပေးရန် တောင်းဆိုခဲ့သည်။]

[သင်သည် သိချင်စိတ် ပြင်းပြသွားပြီး ဘာကြောင့် အဆာခံဆေးများကို ခုလောက်ထိ လို‌ကြောင်း မေးခဲ့သည်။]

[ခဏတာ စဉ်းစားပြီးနောက် အကြောင်းပြချက်ကို သင့်အား ပြောပြခဲ့သည်။ကျွမ်းကျင်ပညာရှင်များ မလုံလောက်သဖြင့် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းတွင် လူသားမျိုးနွယ်များ၏ အခြေအနေများ အတော်လေး ဆိုးဝါးနေသည်။အဆာခံဆေးများသည် ကျွမ်းကျင်ပညာရှင်များအား သုံးရက်ခန့် အဆာခံနိုင်စေသဖြင့် တိုက်ပွဲအတွက် အလွန်ပင် အသုံးဝင်လိမ့်မည်။]

[သင်သည် ရှားမြို့တော်၏ စစ်ဘက်ဆိုင်ရာအတွက် ဆေးပြားများကို ထုတ်လုပ်ပေးရန် သဘောတူခဲ့သော်လည်း သင်သည် အခြေအနေတစ်ရပ်ကို ချမှတ်ခဲ့သည်- သင်သည် ရှားမြို့စစ်တပ်၏ အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံလိုခဲ့သည်။]

[ကျင်းချုံးရွှယ်၏ဖခင်သည် သဘောတူခဲ့ပြီး သင်သည် ရှားမြို့စစ်တပ်၏ ခေါင်းဆောင်တစ်ဦးနှင့် တွေ့ဆုံနိုင်ခဲ့သည်။]

…

All Chapters