← Chapters

အဂ္ဂိရတ်ပညာအား ထိုးထွင်းသိမြင်နိုင်ခြင်း၊ သူဌေးမ၏ ပျော်ရွှင်ခြင်းဆေးပြားကို ပထမဆုံးအကြိမ် ဖော်စပ်ခြင်း!

Vol. 3 Ch. 29

အဂ္ဂိရတ်ပညာအား ထိုးထွင်းသိမြင်နိုင်ခြင်း၊ သူဌေးမ၏ ပျော်ရွှင်ခြင်းဆေးပြားကို ပထမဆုံးအကြိမ် ဖော်စပ်ခြင်း!

Vol. 3 Ch. 29

[လုယွမ်ဝူက သင့်ကို ပြန်ခေါ်သွားခဲ့သည်။သင် မြင်ခဲ့ရသည့် ထိတ်လန့်စရာ မြင်ကွင်းသည် နေ့စဉ် ဖြစ်ပွားနေကြောင်း သူ၏ တည်ငြိမ်နေတဲ့ ပုံစံကို ကြည့်ရင်းဖြင့် သိနိုင်သည်။]

[ထိုစစ်သားများအတွက် အဆာခံဆေး ထုတ်လုပ်ပေးရန် မှတစ်ပါး သင် ပိုလုပ်ပေးနိုင်သည့် အရာမရှိမှန်း သင် သိသည်။]

[သင်သည် အဆာခံဆေးကို စိတ်နှစ်ပြီး ထုတ်လုပ်ခဲ့ရာ သင်၏ ထုတ်လုပ်ခြင်း ကျွမ်းကျင်မှုသည် သိသိသာသာပင် တိုးတက်လာခဲ့သည်။]

[နှစ်တစ်ဝက် ထပ်ကြာပြီးနောက် သင်သည် တစ်နေ့လျှင် ဆေးပြား၈၀ ထုတ်လုပ်နိုင်လာသည်။]

[ဆယ့်လေးနှစ်မြောက်တွင် တစ်ရက်၌ လုယွမ်ဝူသည် သင့်ထံ ရောက်လာပြီး နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းမှ ထွက်ခွာရတော့မည့် အချိန်ရောက်ပြီဟု ပြောသည်။]

[သင်သည် စကားပြောရန် ပါးစပ်ဟလိုက်ပေမယ့်လည်း စကားသံသည် ထွက်မလာခဲ့ပါ။]

[သင်သည် အကျဉ်းခန်းမှ ထွက်ခွာမည့် ကျွမ်းကျင်ပညာရှင် အဖွဲ့ငယ်နှင့် လိုက်သွားခဲ့သည်။အခြား မျိုးနွယ်စုများ လက်တွေ့ကမ္ဘာသို့ ကျူးကျော်ဝင်ရောက်လာတော့မည့် အချိန်ဖြစ်ပြီး လူသားမျိုးနွယ်များ ကျရှုံးတော့မည် ဖြစ်ကြောင်း သင် သတိပြုမိသည်။]

[သင်သည် ကျိုတိုသို့ ပြန်သွားပြီး အဂ္ဂိရတ်ပညာကို ဇွဲရှိရှိ လေ့လာခဲ့သည်။]

[သင်သည် အုတ်မြစ် တည်ထောင်ခြင်း ဆေးပြားကို ထုတ်လုပ်ခဲ့သော်လည်း မမျှော်လင့်စွာပင် ရှုံးနိမ့်သွားခဲ့သည်။သို့သော် သင် လက်မလျှော့ပါ။]

[ဆယ့်ငါးနှစ်မြောက်၏ တစ်ရက်တွင် မရေမတွက်နိုင်သော ကျရှုံးမှုများ ပြီးနောက် အဆုံးတွင်တော့ သင်သည် အုတ်မြစ် တည်ထောင်ခြင်း ဆေးပြားကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။]

[သင်သည် အားရကျေနပ်သွားပြီး ဆေးပြားကို ဂရုတစိုက် မျိုချလိုက်သည်။]

[သင်၏ သွေးများနှင့် ချီဓာတ်များသည် အရိုးဆန်စွာ မြင့်တက်လာသည်။သွေးကြောတိုင်း၊ အင်္ဂါတိုင်း၊ သင့်အရေပြား၏ နေရာတိုင်း ပြင်းထန်စွာ နာကျင်လာပြီး…ဘုန်း သင်သည် ချက်ချင်းပင် ပေါက်ကွဲသွားသည်။]

[သင် သေဆုံးသွားသည်!]

[သရုပ်ပြခြင်း ပြီးဆုံးပါပြီ!]

[သင်သည် အောက်ပါ ဆုလာဘ်များအနက်မှ နှစ်ခုအား ရွေးချယ်နိုင်သည်: ကံကောင်းခြင်း (စွမ်းရည်), အုတ်မြစ်တည်ထောင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု (ကျင့်ကြံခြင်း), လီ မီးအဂ္ဂိရတ်ပညာအား နက်နက်နဲနဲ နားလည်ခြင်း (အသိပညာ)]

[ကံကောင်းခြင်း]: အစိမ်းရောင်အဆင့် စွမ်းရည်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀၀မှတ်။

[အုတ်မြစ်တည်ထောင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု]: ကျင့်ကြံခြင်းအဆင့်၊ တန်ဖိုး - စွမ်းအင် ၁၁၀၀၀မှတ်။

[လီ မီးအဂ္ဂိရတ်ပညာအား နက်နက်နဲနဲ နားလည်ခြင်း]: အဂ္ဂိရတ်ပညာ အတွေ့အကြုံ အဆင့်အသစ်များ၊ အဆာခံဆေး ထုတ်လုပ်ခြင်း (မဟာယနအဆင့်)၊ မျက်နှာ အာဟာရပြုဆေး (မဟာယန အဆင့်)၊ ချီ စုစည်းခြင်း အမှုန့် (အငယ်တန်း အဆင့်)၊ အုတ်မြစ် တည်ထောင်ခြင်း ဆေးပြား( အဆင့်အသစ်)များ ပါဝင်သည်။တန်ဖိုး - စွမ်းအင် တစ်သိန်းသုံးသောင်းမှတ်။

သရုပ်ပြခြင်းကို အလုံးစုံ နားမလည်ခင်အထိ သင်သည် ကြောင်နေခဲ့သည်။နောက်ဆုံးတွင် သူသည် နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းနှင့် နောက်ဆယ့်ငါးနှစ် အကြာတွင် ထိုနေရာမှ ဧရာမသားရဲကြီးသည် လက်တွေ့ကမ္ဘာသို့ ဆင်းသက်လာကာ လူသားမျိုးနွယ်များကို သုတ်သင်သွားခဲ့ကြောင်း နားလည်ခဲ့သည်။

အမှန်မှာ ထိုဧရာမ သားရဲကြီးသည် အမြဲတမ်း နတ်ဆိုးလက်အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်းအပြင် နေရာမှာ ရှိနေခဲ့သည်။အကျဉ်းခန်း ကျရှုံးသွားသည်နှင့် ထိုသားရဲများသည်လည်း လွတ်မြောက်လာပြိီး အရာရာတိုင်းကို ဖျက်စီးကြခြင်း ဖြစ်သည်။

စုရှင်းသည် သက်ပြင်းချကာ တီးတိုးပြောလေသည်:

“ဆယ့်ငါးနှစ် ကျန်သေးတာ တော်ပါသေးတယ်။ အချိန် ရှိသေးတာပေါ့…သေစမ်း ဆယ့်ငါးနှစ်တာ အချိန်နဲ့ ရာချီတဲ့ သရုပ်ပြခြင်းတွေ ရှိရင်တောင် ငါ ကမ္ဘာကို ကယ်တင်နိုင်အုံးမှာ မဟုတ်ဘူး။ငါက အတားအဆီးတစ်ခု သာသာဘဲ ဖြစ်နေမှာ”

စုရှင်းသည် မကြာမီ သူ၏ သေခြင်းတရားကို သတိရသွားပြီး မကျေမနပ် ပြောလေသည်; “ချီးတဲ့ ကိုယ်ထုတ်တဲ့ ဆေးကြောင့် ကိုယ်သေရတယ်တဲ့။အဂ္ဂိရတ် ပညာရှင် တစ်ယောက်အတွက် ပထမဆုံးဘဲ!”

စုရှင်းသည် အနည်းငယ် စဉ်းစားရ ခက်နေခဲ့သည်။ဆေးပြားက ဘာကြောင့် သူ၏ ခန္ဓာကိုယ်အား‌ ပေါက်ကွဲစေခဲ့မှန်း သူ နားမလည်ပါ။သူက ဆေးရဲ့ အာနိသင်တွေကို ကောင်းကောင်း မထိန်းချုပ်နိုင်လို့များလား?

“ဒါပေမယ့် သရုပ်ပြစက် ပြောတာကျ ငါ့‌အုတ်မြစ် တည်ထောင်ခြင်း ဆေးပြားက အဆင်သင့် ဖြစ်ပြီတဲ့။ဒါဆို ငါက သူ့ရဲ့အာနိသင်တွေကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးလို့ပေါ့၊ ဟုတ်တယ်မလား?”

အနည်းဆုံး အငယ်တန်းအဆင့် ဖြစ်မည်ဆိုလျှင် ဆေးပြားသည် ပေါက်ကွဲခြင်းနှင့် သေဆုံးခြင်းထိတော့ မဖြစ်လောက်ဘူးဟု စုရှင်း တွက်ချက်ခဲ့သည်။

သူ၏စိတ်ကို ပြင်ဆင်ပြီးနောက် စုရှင်းသည် သရုပ်ပြခြင်းမှ ဆုလာဘ်များကို စတင် ရွေးချယ်ခဲ့သည်။

အဂ္ဂိရတ် ပညာကို သူနှင့် တစ်ပါတည်း ယူထားမည်ဆိုတာ သေချာပေါက်ပင်။ကျင့်ကြံခြင်းအဆင့်နှင့် ကံကောင်းခြင်း စွမ်းရည် နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ရန်သာ ကျန်တော့သည်။

ခဏတာ တွေဝေပြီးနောက် စုရှင်းသည် ကံကောင်းခြင်း စွမ်းရည်ကို ရွေးချယ်ခဲ့သည်။တကယ်တမ်း ယင်းသည် သူ၏ ဆေးထုတ်လုပ်မှု အောင်မြင်မှုနှုန်းအား တိုးမြင့်ပေးနိုင်သည်။ယင်းကပင် သူ၏ စွမ်းအင်အမှတ် စုဆောင်းခြင်းကို တိုက်ရိုက် ပံ့ပိုးပေးနိုင်လိမ့်မည်။

စွမ်းအင်သည အလုံအလောက်ရှိလာလျှင် ကျင့်ကြံခြင်းအဆင့်သည် အချိန်မရွေး ပြန်ရယူနိုင်သည်။

ဒါ့အပြင် စုရှင်းသည် ကျိုတိုတွင် လုံခြုံသည့်အတွက် မည်သည့် အန္တရာယ်မှ ရှိနိုင်မည် မဟုတ်ပါ။သူ၏ လက်ရှိအဆင့် ဖြစ်သည့် အုတ်မြစ် တည်ထောင်ခြင်း ကြီးမြတ်သော ပြည့်စုံမှုနှင့်ပင် လုံလောက်ပါသည်။

“ကံကောင်းခြင်းနဲ့ လီ မီးအဂ္ဂိရတ်ကို ရွေးတယ်!” တစ်ချိန်တည်းမှာပင် အကြောင်းကြားချက် တစ်ခုသည် စုရှင်း၏ နားထဲ ဝင်ရောက်လာသည်။

[ဒင် “ကံကောင်းခြင်း”ဟူသည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ရရှိသွားသည့် အတွက် ဂုဏ်ပြုပါသည်။ ကျန်ရှိသော စွမ်းအင် ၁၃၉၂၀၀မှတ်။]

[ဒင်၊ လီ မီးအဂ္ဂိရတ်ပညာအား နက်နက်နဲနဲ နားလည်ခြင်းကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်။ ကျန်ရှိသော စွမ်းအင် ၉၂၀၀မှတ်။]

အကြောင်းကြားချက် ထွက်ပေါ်လာပြီးနောက် စုရှင်း၏ အာရုံထဲတွင် မရေမတွက်နိုင်သော ပုံရိပ်များနှင့် အသိပညာများ ချက်ချင်း လွင့်မျောလာခဲ့သည်။

ဤသည်တို့မှာ စုရှင်း နေ့ရောညပါ လေ့လာခဲ့သည့် အဂ္ဂိရတ်ပညာများ ဖြစ်သည်။ထို အသိပညာများ သူ့ခေါင်းထဲ ရောက်လာသည်နှင့်အမျှ အဂ္ဂိရတ် ပညာအပေါ် စုရှင်း၏ နားလည်မှုသည်လည်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။

ခဏအကြာတွင် စုရှင်းသည် ဆေးပြားများကို သူကိုယ်တိုင် လက်တွေ့ လုပ်ထားခဲ့သည့်အတိုင်း လီ မီးအဂ္ဂိရတ်၏ ဖော်မြူလာ သုံးရာ့ခြောက်ဆယ်လုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်လာသည်။

သူသည် အမှန်တကယ်ပင် ထို‌အနက်မှ လေးမျိုးကို လက်တွေ့ ထုတ်လုပ်နိုင်ခဲ့သည်။

သူ့တွင် ကျန်ရှိသည့် စွမ်းအင် ၉၂၀၀မှတ်ကို ကြည့်ပြီး စုရှင်းသည် မေးစေ့ကို ပွတ်ကာ ရေရွတ်လိုက်သည်။

“နောက်ထပ် ပိုက်ဆံရှာဖို့ဘဲ ကျန်တော့တယ်!”

ပိုက်ဆံရှာဖို့ အမြန်ဆုံး နည်းလမ်းက ဘာလဲ? ထိုအခိုက်တွင် စုရှင်းအတွက် “သူဌေးမ၏ ပျော်ရွှင်မှု ဆေးပြား” အရည်အသွေးနိမ့် အမျိုးအစားကို ထုတ်လုပ်ရန်သာ ရှိသည်။

တကယ်တမ်း အဆာခံ ဆေးပြားသည် စိတ်ဝင်စားမှုကို အလွယ်တကူ ဆွဲဆောင်နိုင်သော်ငြား ရောင်းချရန်ကျ မသင့်တော်ပါ။

မျက်နှာ အာဟာရပြုဆေးကတော့ မတူပါ; စိတ်ဝင်စားမှု ရအောင် ဆွဲဆောင်ရန်မလိုဘဲ အလွယ်တကူ ရောင်းချနိုင်သည်။

ဒါ့အပြင် အရည်အသွေးနိမ့် မျက်နှာ အာဟာရပြုဆေး အတွက် ပါဝင်ပစ္စည်းများကလည်း အလွယ်တကူ ဝယ်ယူ၍ ရနိုင်သည်။

ဂျင်ဆင်း၊ မက်မွန်စေ့၊ ရာမန်နီးယား အမြစ်နှင့် အခြားအရာများသည် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူ၍ ရနိုင်သည့် ဆေးဖက်ဝင်အပင်များ ဖြစ်သည်။

ပန်းတိုင်ကို ချလိုက်ပြီးသည်နှင့် စုရှင်းသည် ချက်ချင်းပင် လုပ်ဆောင်သည်။သူ့တွင် ကျန်ရှိသည့် ငါးသိန်းကို ယူကာ ကျိုတိုမြို့ရှိ ဆေးဆိုင်များသို့ သွားခဲ့သည်။

ညနေခင်းတွင် စုရှင်းသည် သူ၏အိပ်ဆောင်သို့ ပြန်ရောက်ခဲ့သည်။သူ၏ အခန်းဖော် မရှိသေးသည်ကို အခွင့်ကောင်းယူပြီး သူသည် ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သောမြေထဲသို့ ဝင်လိုက်သည်။

စုရှင်းသည် သူ၏ အိုဟောင်းနေသော အဂ္ဂိရတ်မီးဖိုကို ထုတ်ကာ သက်ကယ်အိမ်ရှေ့ ကွင်းပြင်ထဲ ချလိုက်သည်။

“ဒီ ဆေးပင်တွေက ၅ခါ၊ ၆ခါလောက် ဖောစပ်ဖို့တော့ လုံလောက်တယ်မလား?”

စုရှင်းသည် ခန့်မှန်းလိုက်ပြီး သူအရင်က မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့သည့် အတိုင်း ဆေးဖက်ဝင်အပင်များကို အချိုးအစား အတိအကျ ရောပြီး ခြောက်ပုံ ပုံလိုက်သည်။

ထို့နောက် သူသည် အဂ္ဂိရတ်ဖြစ်စဉ်ကို စတင်သည်။ဆေးဖက်ဝင် အပင် တစ်ခုစီကို ရောထည့်ရခြင်းသည် အရေးကြီးသည်။၂စက္ကန့်၊ ၃စက္ကန့်ခန့် နောက်ကျသွားလျှင်တောင် ရှုံးနိမ့်သွားလိမ့်မည်။

စုရှင်းသည် အရင်ဆုံး အဓိက ပါဝင်ပစ္စည်းဖြစ်သည့် ဂျင်ဆင်းကို အဂ္ဂိရတ် မီးဖိုထဲသို့ ထည့်လိုက်သည်။ထို့နောကိ လီ မီးအဂ္ဂိရတ်ကို စတင်သည်။

စုရှင်း၏ လက်ဖဝါးပေါ်တွင် နီရဲနေသော မီးတောက်များ ပေါ်လာသည်။သူသည် လီမီးကို မီးဖိုအောက်တွင် ညှိလိုက်ပြီး မီး၏အပူချိန်ကို ထိန်းညှိသည်။

ခဏအကြာတွင် လှုံ့ဆော်မှုတစ်ခု ရရှိလာသည့်အတွက် နောက်ထပ် ပါဝင်ပစ္စည်းတစ်ခုကို ထပ်ရောလိုက်သည်။

ပါဝင်ပစ္စည်းတွေကို ထည့်ရင်း စုရှင်းသည် လီမီး၏ အပူချိန်ကိုလည်း ဆက်တိုက် ချိန်ညှိနေရသည်။အဂ္ဂိရတ်မီးဖိုအတွင်းရှိ အပူချိန်ကို ထိန်းရန် တစ်ခါတစ်ရံတွင် မီးတောက်များကို ငြိမ်းသတ်ပေးရသည်။

နှစ်နာရီ ကြာပြီးနောက် စုရှင်းသည် မျက်နှာ အာဟာရပြုဆေး ပထမအသုတ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။

နှစ်နာရီကြာ အဂ္ဂိရတ်ထိုးခြင်းသည် အာရုံစူးစိုက်မှု ကောင်းစေသော စမ်းသပ်မှုတစ်ခု ဖြစ်သည်။‌ေဆးဖက်ဝင် အပင်များ၏ အစီအစဉ်နှင့် အချိန်သည် အရေးကြီးသည်သာမက လီမီးအား ထိန်းချုပ်ရန်မှာလည်း အလွန်အရေးကြီးပါသည်။

တစ်ခါတစ်ရံတွင် အပူချိန်ကို မြင့်ရပြီး တစ်ခါတစ်ရံတွင် အပူချိန်ကို အလယ်အလတ်တွင်သာ ထားရသည်။တစ်ခါတစ်ရံတွင် မီးအေးအေးလေးဖြင့်သာ အပူပေးရသည်။မီးဖိုအတွင်း သင့်တော်သော အပူချိန်ကို ချိန်ညှိ‌နိုင်ရန် အလွန်ပင် အရေးကြီးသည်။

အဂ္ဂိရတ်ထိုးခြင်း ပြီးသွားသည့်အခါ စုရှင်းသည် ဆေးပြားများ အောင်မြင်ခြင်း ရှိမရှိ စစ်ဆေးရန် မီးဖိုကို ဖွင့်ဖို့ မစောင့်နိုင် ဖြစ်နေခဲ့သည်။

မျှော်လင့်ထားသလိုပင် မီးဖိုအတွင်း၌ ဆေး၈ပြား၊၉ပြားခန့်သည် ပုံစံတကျ ဖြစ်ပြီး ကျန် တစ်ပြား၊နှစ်ပြားခန့်မှာတော့ ပျက်စီးနေသည်။

“၁၀ပြားထုတ်တာကို ၈ပြား၊၉ပြားလောက် အောင်မြင်တယ်။မဆိုးပါဘူးလေ…”

စုရှင်းသည် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

ထိုအချိန်မှာပင် သူသည် အိုဟောင်းနေသော အဂ္ဂိရတ်မီးဖိုကို တအံ့တဩဖြင့် ကြည့်လိုက်သည်။လီမီးသည် သတ္တုများနှင့် ကျောက်တုံးများကိုပင် အရည်ပျော်စေနိုင်သော်လည်း ဒီမီးဖိုကတော့ ဘာမှမဖြစ်ဘဲ အကောင်းအတိုင်း ရှိနေသည်မှာ ထူးခြားသည်။

“ဒီ အဂ္ဂိရတ်မီးဖိုကလည်း ရတနာတစ်ပါးဘဲ ဖြစ်မယ်ထင်တယ်!”

စုရှင်းသည် ပျော်ရွှင်စွာဖြင့် နောက်တစ်ကျော့ မထုတ်လုပ်ခင် ခဏတဖြုတ် အနားယူခဲ့သည်။

နောက်တစ်ပါတ်အတွင်း စုရှင်းသည် အာဟာရပြုခြင်း မီးဖိုတစ်ခု ပြုလုပ်ခဲ့သည်။

နေ့စဉ် အဆာခံဆေးများနှင့် မျက်နှာ အာဟာရပြုဆေးများကို ထုတ်လုပ်ခဲ့သည်။

ခုနစ်ရက် ကြာပြီးနောက် စုရှင်းသည် အရည်အသွေးနိမ့် မျက်နှာ အာဟာရပြုတေး ၅၀ကို ထုတ်လုပ်နိုင်ခဲ့သည်။ငယ်ရွယ်နုပျိုမှုကို သုံးလကြာ ထိန်းသိမ်းထားပေးနိုင်သည့် ထူးခြားသော ဆေးပြား ၃ပြားပင် ပါသေးသည်။

စိတ်ထဲတွင် တွက်ချက်ပြီး စုရှင်းက ရေရွတ်သည်။

“သူဌေးမ၏ ပျော်ရွှင်ခြင်း ဆေးပြား ၅၃ပြား။ ၅၃မီလီယံတော့ အေးဆေးတန်တယ်!”

စုရှင်း ပျော်ရွှင်နေစဉ် သူ့ဖုန်းထဲသို့ ကျင်းချုံးရွှယ်ထံမှ မက်ဆေ့ဂ်ျတစ်စောင် ဝင်လာသည်။

“ကျွန်မ ကျိုတို သိပ္ပံနှင့် နည်းပညာကျောင်းရှေ့ ရောက်နေတာ၊ ကျွန်မတို့ တွေ့ကြမလား?ရှင် ကျွန်မကို ဝိဉာဉ်ဆန် မပေးတော့ဘူးလား?”

ကျင်းချုံးရွှယ်သည် အလုပ်ကိစ္စကြောင့် ကျိုတိုသို့ ရောက်လာမှန်း စုရှင်း သတိရသွားသည်။ကျင်းချုံးရွှယ်ကို သူဌေးမ၏ ပျော်ရွှင်မှုဆေးပြား ရောင်းချဖို့ရန် အခွင့်ကောင်းပင်!

ထို့ကြောင့် စုရှင်းသည် အလျင်အမြန် စာပြန်ခဲ့သည်။

“မင်း ဘယ်မှာလဲ? ငါ ခု လာခဲ့မယ်! ဝိဉာဉ်ဆန်တင် မဟုတ်ဘူး ငါ့မှာ မင်းအတွက် ပိုကောင်းတာ ရှိတယ်!”

…

All Chapters