← Chapters

သူဌေးမ၏ ပျော်ရွှင်မှုဆေးပြား ရောင်းချခြင်း

Vol. 3 Ch. 30

သူဌေးမ၏ ပျော်ရွှင်မှုဆေးပြား ရောင်းချခြင်း

Vol. 3 Ch. 30

ခဏအကြာ ကျောင်းဝင်အပြင်ဘက်ရှိ အရိပ်ရ အပင်ကြီးတစ်ပင်အောက်တွင်။

ကျင်းချုံးရွှယ်သည် ကော်ဖီရောင် သိုးမွေးကုတ်ကို ဝတ်ထားကာ စုရှင်းအား ပြုံးရွှင်စွာဖြင့် ကြည့်နေခဲ့သည်။

“ကျွန်မအတွက် ဘာ ယူလာတာလဲ?”

စုရှင်းသည် တခစ်ခစ်ရယ်ပြီး သူ ကြိုတင်ပြင်ဆင်ထားသည့် ဝိဉာဉ်ဆန် ကျင်း၂ဝကို ပေးလိုက်သည်။ထို့နောက် မျက်နှာ အာဟာရပြုဆေး တစ်ပြားကို ထုတ်ကာ သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒါက အရမ်း ထူးခြားတယ်၊ စမ်းကြည့်!”

သရုပ်ပြခြင်းတွင် ကြိုတင်မြင်ခဲ့ပြီး ဖြစ်၍ စုရှင်းသည် ကျင်းချုံးရွှယ်ကို ယုံကြည်သည်။

ကျင်းချုံးရွှယ်သည် ဆေးပြားကိုယူကာ အနီးကပ် သေချာ စစ်ဆေးသည်။

ဆေးပြားသည် သူမလက်ထဲတွင် အေးမြကာ ကြည်လင်နေသည်။နှာခေါင်းနားကပ်ပြီး အနံ့ခံကြည့်သည့်အခါ ဆေးဖက်ဝင်အပင်များ၏ စူးရှရှ အနံ့တစ်မျိုး ရသည်။

ကျင်းချုံးရွှယ်သည် ဆေးပြားကို လက်ထဲကိုင်ထားပြီး စုရှင်းအား သံသယမျက်လုံးများနှင့် ကြည့်ကာ အရိပ်အမြွတ် ပြောလိုက်သည်။

“ရှင် ကျွန်မကို တစ်ခုခု ဖုံးကွယ်ထားတယ် မလား၊ ဟုတ်တယ်မလား…ကျွန်မကို ဆေးစွဲအောင် လုပ်နေသလိုမျိုးလေ?”

ထိုစကား ကြားသည့်အခါ စုရှင်းသည် မျက်ခုံးပင့်ကာ ရယ်မောလေတော့သည်။

“အို?ဒါဆို ငါ သိချင်တာက ကျင်းချုံးရွှယ် မင်း အာ့ဆေ့ မသောက်ရဲဘူးပေါ့? ငါ မင်းကို မကောင်းတာ တစ်ခုခု လုပ်မှာ ကြောက်နေတာလား?”

သူ့စကားကို ကြားသည့်အခါ ကျင်းချုံးရွှယ်သည် ရယ်မောကာ ဆေးပြားကို မျိုချလိုက်ပြီး စုရှင်းကို စိန်ခေါ်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

သူမ၏ ဆွဲဆောင်မှုရှိသော အမူအရာသည် စုရှင်း၏ ဝမ်းဗိုက်အောက်ပိုင်းအား ပြင်းထန်သော ခံစားချက် ဖြစ်ပေါ်စေသည်။

ဆေးကို ချေဖျက်ပြီးသည့်အခါ ကျင်းချုံးရွှယ်၏ အော်သံ ထွက်ပေါ်လာသည်။သူမသည် သူမ၏ ခန္ဓာကိုယ်ကို သေချာ စစ်ဆေးလိုက်သည်။

ကျင်းချုံးရွှယ်၏ အသားအရည်သည် ညစ်ညမ်းမှုများ ပျောက်ကာ ကြည်လင်ဝင်းပလာသဖြင့် သူမသည် အံ့ဩသွားသည်။သူမသည် အိတ်ထဲမှ အိတ်ဆောင်မှန်ကို ထုတ်ကာ သူမ၏ မျက်နှာကို စစ်ဆေးသည်။

သူမကိုယ်သူမ ခဏအကြာ စစ်ဆေးပြီးနောက် ကျင်းချုံးရွှယ်သည် အေးခဲသွားပြီး သူမ၏ အသံသည်လည်း မယုံကြည်နိုင်ခြင်းများ ပြည့်နေခဲ့သည်။

“စုရှင်း၊ ရှင် ဘယ်လိုများ လုပ်လိုက်တာလဲ? ကျွန်မမျက်နှာက အရေးအကြောင်းတွေ ပျောက်သွားပြီ! ကျွန်မ အသားအရည်ကလည်း သုံး၊လေးနှစ်လောက် ပိုငယ်သွားသလိုဘဲ!”

ထိုစကား ကြားသည့်အခါ စုရှင်းသည် ပြုံးလိုက်သည်။ကျင်းချုံးရွှယ်သည် အသက်၃၀နား ကပ်နေပြီ ဖြစ်သော်ငြား သူမသည် သူမကိုယ်သူမ အလွန် ဂရုစိုက်သည့်အတွက် ၂၃,၂၄ ပတ်ချာလည်ဟုသာ ထင်ရသည်။

ယခုအခါ စုရှင်း၏ ဆေးကို သောက်ပြီးနောက် သူမသည် အသက်နှစ်ဆယ်လောက်သာ ထင်ရတော့သည်။

သူ့လက်ထဲရှိ မျက်နှာ အာဟာရပြုဆေးကို ပြကာ စုရှင်းက ပြောသည်။

“ဘယ်လိုလဲ?ငါ အသစ်လုပ်ထားတဲ့ ဆေးလေ…သူဌေးမ၏ ပျော်ရွှင်မှုဆေးပြားတဲ့!”

“သူဌေးမ၏ ပျော်ရွှင်ခြင်းဆေးပြား…”ကျင်းချုံးရွှယ်က ရေရွတ်သည်။သူမ၏ အသံသည် နူးညံ့ညင်သာလှပြီး သူမ၏ လှပသော မျက်နှာလေးသည်လည်း ရှက်သွေးဖြာနေခဲ့သည်။

“နာမည်ကြီးက လေးနက်မှုလည်း မရှိဘူး!”

ထိုစကား ကြားသည့်အခါ စုရှင်းက ရယ်မောရင်း ပြန်ပြောသည်။

“နာမည် လှ၊မလှ ဘယ်သူက ဂရုစိုက်လို့လဲ? ဆေးသောက်ပြီးတော့ နင် ပိုပျော်မလားဘူးလား ပြောကြည့်”

ကျင်းချုံးရွှယ်သည် ထိုစကားကို အလိုလို ခေါင်းငြိမ့်ပြီးသား ဖြစ်သွားသည်။အမျိုးသမီးများ၊ အထူးသဖြင့် လှပသော အမျိုးသမီးများသည် သူတို့၏ အသွင်အပြင်ကို ဂရုစိုက်ကြသည်။

စုရှင်းက ဆက်ပြောသည်။

“ဒီဆေးက လူတစ်ယောက်ကို နုပျိုသွားစေတယ်။ဆေးတစ်လုံးက တစ်လလောက်ဘဲ ခံပြီး အချိန်ကြာတာနဲ့အမျှ အာနိသင်လည်း လျော့ကျသွားမယ်…အသက်၃၀အရွယ် သောက်ရင် ၂၀လောက်ထိ ငယ်သွားပြီး ၄၀အရွယ်သောက်ရင်တော့ ၃၀လောက်ထိ ငယ်သွားလိမ့်မယ်”

စုရှင်းပြောပြသည့် အကြောင်းအရာသည် သူမ၏ လက်တွေ့ အတွေ့အကြုံနှင့် ထပ်တူကျနေသည့်အတွက် ကျင်းချုံးရွှယ်က ခေါင်းငြိမ့်လေသည်။ထို့နောက် သူမက မေးသည်။

“ဒါဆို ရှင် ဆိုလိုချင်တာက?”

စုရှင်းသည် ရင်ဘတ်ထဲမှ ဆေးပုလင်း တစ်ပုလင်းကို ထုတ်ကာ ပြောသည်။

“ဒီမှာ ဆေးပြား၅၀၊ မင်း ငါ့ကို ဒါတွေ ကူရောင်းပေးနိုင်မယ်လို့ ထင်တယ်”

ကျင်းချုံးရွှယ်သည် ခဏရပ်သွားပြီး သူမ၏ အသံသည် အံ့ဩခြင်းများနှင့် ပြည့်နေသည်။

“ဒီလောက် တန်ဖိုးကြီးတဲ့ ဆေးတွေ အကုန်လုံးကို ရောင်းမှာ သေချာလို့လား? တကယ်ကြီး ဒီဆေးတွေကို ရှင်ကိုယ်တိုင် လုပ်ထားတာလား?”

စုရှင်းက ခေါင်းငြိမ့်ပြသည်။

“ဒါပေါ့၊ တစ်လကို အနည်းဆုံး ဆေးပြား၅၀ ထုတ်နိုင်တယ်။ငါ မင်းတို့ ကျင်း ကုန်သည်များ အစည်းအရုံးနဲ့ ရေရှည် လက်တွဲချင်တယ်!”

ကျင်းချုံးရွှယ်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ကုန်သည် မိသားစုမှ မွေးဖွားလာသည့် အမျိုးသမီးတစ်ဦး အနေဖြင့် သူမသည် ကြုံတောင်ကြုံခဲ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ခဲ့သည်။

စိတ်လှုပ်ရှားစွာဖြင့် ကျင်းချုံးရွှယ်သည် စုရှင်းအား ပြောသည်။

“အသေးစိတ် ဆွေးနွေးရအောင်! ကျင်းကုန်သည်များ အစည်းအရုံးမှာ ဗီလာတစ်ခု ရှိတယ်။ ကျိုတို သိပ္ပံနှင့် နည်းပညာကျောင်းနဲ့ သိပ်မဝေးဘူးရယ်။ အာ့မှာ သွားပြောကြရအောင်!”

နားထောင်ပြီး စုရှင်းက ခေါင်းငြိမ့်လိုက်သည်။ကျင်းချူံရွှယ်၏ အမူအရာကို ကြည့်ရသလောက်ဆိုလျှင် ဤ မျက်နှာ အာဟာရပြုဆေးသည် အလွန်ပင် အရေးကြီးလိမ့်မည်။

ကျင်းချူံးရွှယ်သည် ဖုန်းကို ထုတ်ကာ ဆက်လိုက်သည်။မကြာမီမှာပင် အနက်ရောင် Rolls-Royce ကားအကောင်းစားကြီး ကျောင်းရှေ့သို့ ရောက်လာပြီး ကျောင်းသူ၊ကျောင်းသားများ အားလုံး တဝိုးဝိုး၊ တဝါးဝါး ဖြစ်ကုန်ကြသည်။

စုရှင်းသည် ကားထဲသို့ ဝင်လိုက်သည်။ဆယ်မိနစ်ခန့် မောင်းပြီးနောက် သူတို့နှစ်ဦးသည် ဗီလာသို့ ရောက်ရှိခဲ့သည်။

ဗီလာထဲတွင် သက်လတ်ပိုင်း အမျိုးသား ၃၊၄ဦးက အဆင်သင့် စောင့်ကြိုနေကြသည်။

ကျင်းချုံးရွှယ်က စပြောသည်။

“စုရှင်း၊ မျက်နှာ အာဟာရပြုဆေးဆိုတာ တွေ့ရများတဲ့ ပစ္စည်း မဟုတ်ဘူး။ အရမ်း ဈေးကြီးတယ်…ကျင်း ကုန်သည်များ အစည်းအရုံးရဲ့ စည်းမျဉ်းအရ သူ့တန်ဖိုးကို ကျွမ်းကျင်အကဲဖြတ်သူတွေနဲ့ အတူတကွ သတ်မှတ်ရမယ်။အဆင်ပြေတယ်မလားဟင်?”

စုရှင်းက သဘောတူလိုက်ပါသည်။သူနှင့် ကျင်းချုံးရွှယ်တို့သည် မိတ်ဆွေများ ဖြစ်သော်ငြား အလုပ်က အလုပ်သပ်သပ်ဘဲလေ။သေချာ ရှင်းရှင်းလင်းလင်း ဖြစ်ရန် လိုအပ်သည်။

မကြာမီ များစွာသော ကျွမ်းကျင်အကဲဖြတ်သူတို့သည် ပစ္စည်းကိရိယာများကို ထုတ်ကာ စတင် စစ်ဆေးကြသည်။

ဤကမ္ဘာတွင် ယခု ကျွမ်းကျင်ပညာရှင်များကဲ့သို့ ထမ်းဆောင်ရသည့် လူသိများသော အသက်မွေးဝမ်းကျောင်း တစ်ခုရှိသည်။အများစုမှာ အာဏာရှိကြသည်။

ဆယ်ကြိမ်မက စစ်ဆေးပြီးနောက် အကဲဖြတ်သူ တစ်ဦးက အံ့အားသင့်စွာ ပြောလေသည်။

“ဒီဆေးပြားက လူ့ခန္ဓာကိုယ်အတွက် အန္တရာယ် မရှိပါဘူး။သူက အိုမင်းရင့်ရော်မှုကို ခဏတာ ထိန်းထားပေးတဲ့အတွက် သုံးစွဲသူကို အရွယ်တင် နုပျိုစေတယ်!” ဆွေးနွေးပွဲအပြီးတွင် အကဲဖြတ်သူများက တညီတညွတ်တည်း ပြောကြသည်။

“ငါတို့ ဆွေးနွေးပြီးတော့ ဒီဆေးပြားက ရှားဒင်္ဂါး တစ်မီလီယံတန်တယ်လို့ ထင်တယ်။ဆေးက အတော်လေး အံ့ဩဖို့ ကောင်းပေမယ့် သူက တစ်လဘဲ ခံတယ်ဆိုတော့ ရေရှည် အသုံးပြုဖို့ လိုတယ်။ဈေးကလည်း အရမ်းကြီးတော့ ဈေးကွက်မှာ ဖြန့်ချီဖို့က အဆင်မပြေလောက်ဘူး”

ထိုသို့ပြောပြီးနောက် အကဲဖြတ်သူသည် စုရှင်းဘက်ကို လှည့်ကာ ဈေးနှုန်းကို သဘောတူ၊မတူ ကြည့်သည်။

စုရှင်းသည် ခေါင်းငြိမ့်ကာ သဘောတူလိုက်သည့်အခါ ကျင်းချုံးရွှယ်က ဝင်ပြောသည်။

“လေးစားရပါသော အကဲဖြတ်သူများရှင့်။ ဒီဆေးကို ရောင်းဈေးဘဲပြောပြီး အရင်းဈေးကိုကျ မပြောရသေးဘူးနော်”

ထိုစကား ကြားသည့်အခါ အကဲဖြတ်သူက မျက်မှောင်ကြုတ်လိုက်သည်။သို့သော် ကျင်းချုံးရွှယ်က ဝါးဝာားဝာား ပြန်ပြောသည်။

“သာမန်လူတွေက ဒီဆေးကို ဝယ်နိုင်ကြမယ်လို့ ရှင်ထင်လား?”

“ကျွန်ုပ် ခန့်မှန်းရသလောက်တော့ ဒီဆေးကို အသုံးပြုသူတွေက များသောအားဖြင့် သက်လက်ပိုင်း အမျိုးသမီးများ ဒါမှမဟုတ် ချမ်းသာသော အမျိုးသမီးများသာ ဖြစ်လိမ့်မယ်”

“ဒီဆေးတွေကို ရောင်းတာက ပိုက်ဆံရှာရုံတင် မဟုတ်ဘဲ ကျင်း ကုန်သည်များ အစည်းအရုံးအတွက် အဆက်အသွယ်တွေကိုပါ ရရှိစေနိုင်တယ်”

“ဘာကို ဆိုလိုချင်တာလဲ? ပိုက်ဆံက အရေးကြီးတာလား။ ဒါမှမဟုတ် အဆက်အသွယ်တွေ ရဖို့က အရေးကြီးတာလား?”

ကျင်းချုံးရွှယ်၏ စကားကို ကြားသည့်အခါ အကဲဖြတ်သူ အားလုံး တိတ်ဆိတ်သွားသည်။

ပုံမှန် စီးပွားရေးသမားများ အတွက်မူ ငွေက အရေးကြီးဆုံး ဖြစ်လိမ့်မည်။

ရှားမြို့၏ အကြီးဆုံးဖြစ်သည့် ကျင်းကုန်သည်များ အစည်းအရုံးအတွက်မူ အဆက်အသွယ်များ စုဆောင်းခြင်းက ပို၍ အဓိကကျသည်။

ကျင်းချုံးရွှယ်က ဆက်ပြောသည်။

“ဆိုတော့ ကျွန်မ ယုံကြည်တယ်…ကျွန်မတို့ လေလံပွဲတစ်ခု လုပ်သင့်တယ်။ကျင်း ကုန်သည်များ အစည်းအရုံးရဲ့ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ဖို့ စုရှင်းက အခမဲ့ လေ့လံရောင်းချနိုင်အောင် ကူညီပေးရမယ်! ဘယ်လိုထင်လဲ?”

ကျင်းချုံးရွှယ်၏ စကားကို ကြားသည့်အခါ အကဲဖြတ်သူများ၏ အမူအရာသည် ထူးခြားလာသည်။သူတို့၏ အတွေ့အကြုံအရ ဆေး၏တန်ဖိုးကို အသေအချာ မပြောနိုင်သော်လည်း စီးပွားရေးသမား တစ်ယောက်၏ ပင်ကိုယ်သဘောအရ အမြတ်ရှာရမည် ဖြစ်သည်။အမြတ်များများ ရလေ ပိုကောင်းလေ ဖြစ်သည်။

သို့သော် သူတို့ရှေ့က ကျင်းချုံးရွှယ်သည် အမြတ်များကို မျက်ကွယ်ပြုခဲ့သည်မှာ အသိအသာပင်။

အကဲဖြတ်သူများသည် စုရှင်း၏ ငယ်ရွယ်မှု၊ ထူးခြားသည့် သွင်ပြင်နှင့် ဆေးထုတ်လုပ်နိုင်စွမ်းများကို အကဲဖြတ်ကြသည်။

ဒီလူငယ်ဟာ ကျင်းကုန်သည်များ အစည်းအရုံးရဲ့ အနာဂတ် သားမက်လောင်းများ ဖြစ်လာမလားဟု တွေးရင်း လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ထို့ကြောင့် အကဲဖြတ်သူများသည် အမြန် ဝင်ပြောသည်။

“အကုန် အဆင်ပြေပါတယ် မစ်ကျင်း!”

ကျင်းချုံးရွှယ်က ကျေနပ်စွာ ခေါင်းငြိမ့်သည်။ထို့နောက် သူမသည် စုရှင်းဘက်သို့ လှည့်ကာ သူ့အပေါ် အကြွေးတင်သွားပြီဟူသည့် မျက်လုံးမျိုးဖြင့် ကြည့်သည်။

များမကြာမီတွင် စာချုပ် ချုပ်ဆိုလိုက်ကြသည်။

စုရှင်းသည် သူဌေးမ၏ ပျော်ရွှင်မှုဆေးပြားကို ထုတ်လုပ်ပြီး ကျင်းကုန်သည်များ အစည်းအရုံးကို တစ်ဦးတည်းသော ဖြန့်ဖြူရေးချန်နယ်အဖြစ် သဘောတူခဲ့သည်။

အပြန်အလှန်အားဖြင့် ကျင်းကုန်သည်များ အစည်းအရုံးကလည်း လေလံမှ ရရှိသည့် အမြတ်များ အားလုံးကို စုရှင်းအား ပေးရမည် ဖြစ်သည်။

ခဏအကြာ ကျင်းချုံးရွှယ်သည် စုရှင်းကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ငြူတူတူ ပြောလေသည်။

“စုရှင်း၊ ရှင့်ကို ကိစ္စကြီးမှာ ကူညီပေးထားတာနော်၊ ကျွန်မကို ဘယ်လို ကျေးဇူးပြန်ဆပ်မလဲ?”

…

All Chapters