← Chapters

ဉာဏ်ကြီးရှင်၏ ရိုက်ချက်၊ ဆေးပြားတွေ ပိုဝိုင်းလာတာလား?

Vol. 3 Ch. 31

ဉာဏ်ကြီးရှင်၏ ရိုက်ချက်၊ ဆေးပြားတွေ ပိုဝိုင်းလာတာလား?

Vol. 3 Ch. 31

ထိုအခါ စုရှင်းက ခေါင်းငြိမ့်လိုက်သည်။

နှစ်ဖက်လုံး အနိုင်ရသည့် အခြေအနေ ဖြစ်သော်ငြား ယခုကိစ္စတွင် ကျင်းချုံးရွှယ်သည် ကိစ္စကြီးတစ်ခုကို လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စုရှင်းသည် သူ့ရင်ဘတ်ထဲမှ နောက်ထပ် မျက်နှာ အာဟာရပြုဆေး အချို့ကို ထုတ်လိုက်သည်။

“ဒါတွေက ပိုပြီး အရည်အသွေးမြင့်တဲ့ ဆေးတွေဘဲ။သူတို့က မူလထပ် အဆသုံးဆယ် ပိုထိရောက်ပြီး သုံးလထိ ကြာတယ်။မင်းကို ဒါတွေ လက်ဆောက်အဖြစ် ပေးမယ်!”

ကျင်းချုံးရွှယ်သည် ကျေနပ်စွာပင် ဆေးများကို လက်ခံခဲ့သည်။

“ဒါလေးတွေနဲ့တင် ငါ့ကို ကျေးဇူးပြုလို့ မရပါဘူး…ဒီည ကျွန်မကို ညစာ ကောင်းကောင်း လိုက်ကျွေးမယ်ဆိုရင်ရော ဘယ်လိုလဲ?”

ထိုစကား ကြားသည့်အခါ စုရှင်းသည် ငိုရမလို၊ ရယ်ရမလို ဖြစ်သွားသည်။သူသည် ကျင်းချုံးရွှယ်က တစ်ခုခု လိုချင်နေသည်ဟု ထင်သော်လည်း ညစာ ဖိတ်ကြားခြင်း အဖြစ် ပြောင်းလဲသွားသည်။

စုရှင်းသည် မငြင်းပါ။

“ထပ် မတောင်းဆိုတော့ပါဘူးဗျာ!”

နောက်တစ်ရက်တွင် စုရှင်းသည် လန်းဆန်းစွာဖြင့် အိပ်ဆောင်သို့ ပြန်လာခဲ့သည်။

စုရှင်းသည် တစ်ပါတ်အတွင်း လေလံတင် ရောင်းချမည်ဟု ပြောခဲ့သည့် ကျင်းချုံးရွှယ်ထံသို့ ဆေးပြား ၅၀ ပေးခဲ့ပြီး ဖြစ်သည်။

ဒါ့အပြင် မျက်နှာ အာဟာရပြုဆေး တစ်ပြားချင်းစီ၏ အစငွေသည် အနည်းဆုံး ၅၀မီလီယံ ဖြစ်သည်။

ထို့အတွက် ကျင်းချုံးရွှယ်သည် စုရှင်းကို ၂၀မီလီယံ စရံပေးထားခဲ့သည်။

စုရှင်းသည် ပိုက်ဆံကို တိုက်ရိုက်လက်မခံဘဲ ကျင်း ကုန်သည်များ အစည်းအရုံးမှ အဖြူရောင်အဆင့် ပစ္စည်းများကို ၂၀မီလီယံဖိုး ဝယ်ယူခဲ့သည်။

၂သောင်း၂ထောင်သော အဖြူရောင်အဆင့် ပစ္စည်းများသည် သရုပ်ပြခြင်း စွမ်းအင်အမှတ် ၁သိန်း၃သောင်းမက လဲလှယ်နိုင်ပေလိမ့်မည်။

ထိုသို့ဖြင့် စုရှင်း၏ စွမ်းအင်အမှတ်များသည် သိသိသာသာ မြင့်တက်လာသည်။

ဒီဇင်ဘာ၁၇ရက် ညနေခင်းတွင် စုရှင်းသည် သရုပ်ပြခြင်းကို ပြုလုပ်ရန် ရွေးချယ်သည်။

“သရုပ်ပြခြင်းကို စတင်မယ်!”

[ဤသရုပ်ပြခြင်းအတွက် စွမ်းအင် ၁၅၀၀၀မှတ် ကုန်ကျပါမည်။စွမ်းအင် ၁၄၃၀၀၀မှတ်နှင့် အကန့်အသတ်မဲ့ သရုပ်ပြခြင်း အခွင့်အရေးများ ကျန်ရှိပါသည်။]

[သရုပ်ပြခြင်း စတင်ပါပြီ!]

[အဖြူရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင် ၁၀၀မှတ်၊ အစိမ်းရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင် ၁၀၀၀မှတ် ကုန်ကျပါမည်။ရယူလိုပါသလား?]

“အစိမ်းရောင်အဆင့် စွမ်းရည် ယူမယ်”

ယခုအခါ စုရှင်းတွင် ပုံမှန်ဝင်ငွေ ရှိနေပြီ ဖြစ်သည်။တစ်ပါတ်လျှင် အနည်းဆုံး စွမ်းအင်မှတ် တစ်သိန်းလောက် ရှာနိုင်နေပြီကို သေချာပေါက် အစိမ်းရောင်အဆင့် စွမ်းရည် ရွေးမည် ဖြစ်သည်။

[ဒင်၊ စိတ်အားထက်သန်သော အခိုက်အတန့်များ ဟူသည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်။]

[စိတ်အားထက်သန်သော အခိုက်အတန့်များ]: အစိမ်းရောင်အဆင့် စွမ်းရည်၊ သင့်စိတ်သည် သာမန်လူများထပ် ပို၍ တက်ကြွသည်။အခက်အခဲများနှင့် ကြုံတွေ့လာတိုင်း ပြသာနာကို ဖြေရှင်းနိုင်မည့် စိတ်အားထက်သန်သည့် အခိုက်အတန့်ကို သင် ချက်ချင်း ရရှိလိမ့်မည်။

အသစ်ရရှိသည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို မြင်သည့်အခါ စုရှင်းသည် မျက်ခုံးပင့်လိုက်သည်။

စိတ်အားထက်သန်သော အခိုက်အတန့်? ဒါက နားလည်နိုင်စွမ်းနဲ့ ပတ်သက်တဲ့ စွမ်းရည်ဆိုတာ ရှင်းနေတာဘဲ!

အဂ္ဂိရတ်ပညာကို လေ့လာရာတွင် အခက်အခဲများ ကြုံလာသည့်အခါ ဒီစွမ်းရည်ကို မှီခိုနိုင်လိမ့်မည်။ဤစွမ်းရည်က အတားအဆီးများကို လျင်မြန်စွာ ချိုးဖျက်နိုင်မှာလား?

စွမ်းရည်ကို ရယူပြီးနောက် စုရှင်းသည် သရုပ်ပြခြင်းကို စိတ်မဝင်စားဘဲ သရုပ်ပြခြင်း၏ ရလဒ်ပန်းတိုင်ကိုသာ အာရုံစိုက်နေပေသည်။

ထိုစွမ်းရည်သည် အဂ္ဂိရတ်ပညာ လေ့ကျင့်ခြင်းကို များစွာ ကူညီပေးနိုင်မည်မှာ သေချာသည်။

ထို့ကြောင့် စုရှင်းသည် ဤ သရုပ်ပြခြင်း ကာလအတွင်း အဂ္ဂိရတ်ပညာအပေါ် အဓိက အာရုံစိုက်ရန် စီစဉ်ခဲ့သည်။

“အဂ္ဂိရတ်ပညာကို လေ့လာသည့်အဆင့်က‌နေ အစပြုသူအဆင့်ကို မြင့်တက်သွားဖို့ မျှော်လင့်လို့ ရပါ့မလား?”

စုရှင်းသည် သရုပ်ပြခြင်းကို စတင်လိုက်သည်။

[သင်၏ အိပ်ဆောင်ထဲတွင် အခြားသူများ မရှိသေးခင် သင်သည် ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သောမြေထဲသို့ ဝင်ရောက်လိုက်သည်။]

[သင်သည် သုံးရက်အတွင်း အရည်အသွေးနိမ့် မျက်နှာ အာဟာရပြုဆေး ၅သုတ်နှင့် အဆာခံဆေး ၁၀သုတ်ကို ထုတ်လုပ်ခဲ့သည်။]

[သင်သည် နောက်အပါတ် ပေးရမည့် မျက်နှာအာဟာရပြုဆေးကို ကြိုတင်ထုတ်လုပ်ထားခဲ့သည်။ထို့နောက် ဆေးအသစ် ဖော်စပ်နည်းကို စတင် ကြိုးစားသင်ယူခဲ့သည်။]

[သင်သည် လူတစ်ယောက်၏ သွင်ပြင်ကို ပြောင်းလဲပေးနိုင်သော ရုပ်ဖျက်ခြင်းဆေးပြားဟု ခေါ်သည့် ဆေးတစ်မျိုးကို ထုတ်လုပ်ရန်ပြင်သည်။အရည်အသွေးနိမ့် အမျိုးအစား ဖြစ်သည့်အတွက် ယင်း၏ ပါဝင်ပစ္စည်းများက စုဆောင်းရန် လွယ်ကူသည်။]

[ရက်အနည်းငယ် ကြာပြီးနောက် ကျင်းချုံးရွှယ်ထံမှ မျက်နှာ အာဟာရပြုဆေးအတွက် ကျန်ရှိသော ငွေများကို သင် ရရှိခဲ့သည်—၈၀မီလီယံ!ထို၈၀မီလီယံနှင့် သင်သည် ရုပ်ဖျက်ဆေးပြား ရာချီဖော်စပ်နိုင်မည့် ပါဝင်ပစ္စည်းများကို ဝယ်ယူခဲ့သည်။မျက်နှာအာဟာရပြုဆေးအတွက် ပါဝင်ပစ္စည်းများက လုံလောက်သည်မှာ ဟိုးအရင်ကတည်းက ဖြစ်သည်။]

ယင်းကို မြင်သည့်အခါ စုရှင်းသည် ခဏတာ ကြောင်သွားသည်။ငွေအ‌ကျေချေဖို့ အတွက် ၈၀မီလီယံ?

အရင်က ရရှိသည့် ၂၀မီလီယံနှင့် ပေါင်းလျှင်…မျက်နှာ အာဟာရပြုဆေး တစ်ပြားစီကို ၂မီလီယံနဲ့ ရောင်းတဲ့ သဘောလား?

ယင်းသည် သူ့ယခင် ဈေးထပ်ပင် ပိုများသည်!

စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[နှစ်ဝက်ကြာပြီးနောက် သင့်တွင် အဂ္ဂိရတ်ပညာ အတွေ့အကြုံ ရှိသည့်အတွက် သင်သည် ရုပ်ဖျက်ဆေးပြား ထုတ်လုပ်ခြင်းတွင် မဟာယနအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ကောင်းကင်ဘုံ ဘုရင်အဆင့် စွမ်းအားရှင်များပင်လျှင် သင်၏ ရုပ်သွင်အစစ်အမှန်ကို မြင်တွေ့နိုင်ရန် ခက်ခဲပေလိမ့်မည်။]

[သင်သည် အရည်အသွေးနိမ့် ဆေးလေးမျိုစတွင် ကျွမ်းကျင်ပြီ ဖြစ်သော်လည်း ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားကိုမူ ခုထပ်ထိ ထုတ်လုပ်ရန် ယုံကြည်ချက် မရှိသေးပါ။]

[တစ်နှစ်ကြာပြီးနောက် သင်သည် အရည်အသွေးနိမ့် ဒဏ်ရာကုသခြင်း ဆေးပြားကို လေ့လာခဲ့သည်။သင် ယခင်က လေ့လာခဲ့သည်။ ချီစုဆောင်းခြင်း အမှုန့်၏ ကျွမ်းကျင်မှုသည်လည်း မဟာယနအဆင့်သို့ မြင့်တက်သွားသည်။]

[တစ်ရက်တွင် ဝမ်ချင်းရွှမ်သည် သင့်စီရောက်လာပြီး လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းသို့ ပါဝင်လိုကြောင်း သူမ၏ဆန္ဒကို ပြောကြားခဲ့သည်။ဤသရုပ်ပြခြင်းတွင် သင်သည် ထိုဂိုဏ်းနှင့် မပတ်သက်ချင်ဘဲ အဂ္ဂိရတ်ပညာကိုသာ တိတ်တဆိတ် လေ့လာလိုသောကြောင့် သင်၏ အလိုလောဘကို ဟန်ဆောင် ဖုံးကွယ်လိုက်ရသည်။]

[နောက်တစ်ညတွင် ဝမ်ချင်းရွှမ်သည် ကျောင်းမှ ထွက်သွားခဲ့သည်။သူ ထိုအဖွဲ့အစည်းတွင် ပူးပေါင်းသွားမှန်း သင်သိသည်။]

[သင်သည် ဆေးဖော်စပ်ခြင်းတွင် ဆက်လက် အာရုံစိုက်ခဲ့သည်။သင်သည် အပါတ်တိုင်း မျက်နှာ အာဟာရပြုဆေး ၅၀ကို ရောင်းချနိုင်သည့်အတွက် သင်သည် ငွေပြတ်လပ်ခြင်း မရှိဘဲ ဆေးဖက်ဝင် ပစ္စည်းများ အများအပြားကို ဝယ်ယူနိုင်ခဲ့သည်။]

[အဂ္ဂိရတ်ပညာအပြင် သင်သည် သင်၏ ကျင့်ကြံခြင်းကိုလည်း မြင့်တင်ခဲ့သည်။သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှုသည် အုတ်မြစ်တည်ထောင်ခြင်း ကြီးမြတ်သော ပြည့်စုံမှုတွင်သာ ရပ်တန့်နေဆဲ ဖြစ်သည်။သို့သော် သင်၏ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုသည်ကား အရိုးမာကျောခြင်း တတိယအဆင့်သို့ ရောက်ရှိခဲ့သည်။]

[သင်သည် ဝိဉာဉ်စိုက်ခင်းထဲရှိ ‌ဆေးဖက်ဝင် အပင်များနှင့် ဝိဉာဉ်ဆန်များကို နေ့စဉ် သွားရောက် ပြုစုပျိုးထောင်သည်။]

[တတိယနှစ်တွင် သင်သည် များစွာသော အရည်အသွေးနိမ့် ဆေးပြားများ ဖော်စပ်မှုကို သင်ယူခဲ့သည်။အသက်ရှု ဖုံးကွယ်ခြင်း ဆေးပြား၊ ပါဝါဆေးပြားနှင့် လျင်မြန်သောဆေးပြား စသည်ကဲ့သို့ ဆေးပြားအားလုံးသည် မဟာယာနအဆင့်အထိ ရောက်ရှိခဲ့သည်။]

[ထိုအချိန်တွင် သင်သည် အရည်အသွေးနိမ့် ဆေး၇မျိုးကို ကျွမ်းကျင်နေပြီ ဖြစ်သည်။ယခင်သရုပ်ပြခြင်းမှ တစ်ဆင့် သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား၏ အခြေခံကို နားလည်ထားပြီး ဖြစ်သည်။]

[ထို့ကြောင့် သင်သည် ထိုဆေးပြား တစ်ခုတည်းကိုသာ စိတ်နှစ်ပြီး အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။]

[ပထမဦးဆုံး သင်သည် မျက်နှာ အာဟာရပြုဆေးများကို ကျင်းချုံးရွှယ်ထံ ပေးကာ သင်သည် နှစ်တစ်ဝက်လောက် သီးသန့်နေလိုသည့် အကြောင်း သူမကို သတင်းပေးခဲ့သည်။]

[သင်သည် ဝိဉာဉ်စိုက်ခင်းထဲမှ သင် အတော်ကြာ စိုက်ပျိုးထားခဲ့သော ဝိဉာဉ် ဆေးဖက်ဝင်အပင်များကို ယူလိုက်သည်။]

[ပြင်ဆင်မှုများ အားလုံးပြီးသည့်အခါ သင်သည် ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သောမြေထဲသို့ ဝင်ရောက်သည်။သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ထုတ်ကာ သင် ကြိုတင် ပြင်ဆင်ထားသည့်အတိုင်း သင်ဟ ဖော်စပ်ခြင်းတွင်ပင် အာရုံစိုက်ကာ စိတ်နှစ်ထားသည်။]

[ပထမလတွင် သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားကို အခါ၂၀ ထုတ်လုပ်ခဲ့သော်လည်း အကုန်လုံး ရှုံးနိမ့်ခဲ့သည်။]

[ဒုတိယမြောက်လတွင် သင်သည် ဖော်စပ်ရာတွင် ပိုမို ကျွမ်းကျင်လာပြီး ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေးပြား ၂၃ခါ ထုတ်လုပ်လျှင် ၂ခါသည် အောင်မြင်ခဲ့သည်။သို့သော် သင်သည် ယခင်သရုပ်ပြခြင်းကဲ့သို့ ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးမည်ကို စိုးရိမ်သဖြင့် ထိုဆေးများကို မသောက်ရဲပါ။]

[တတိယလတွင် သင်သည် ၂၄ခါ ထုတ်လုပ်ရာတွင် လေးခါထိ အောင်မြင်လာသော်လည်း မသောက်ရဲသေးပါ။]

[စတုတ္ထလတွင် ၂၅ခါတွင် ၆ခါ အောင်မြင်ခဲ့သည်။သင်၏ ဆေး ထုတ်လုပ်ခြင်းနှုန်းသည် ပိုပိုမြန်လာခဲ့ပြီး နေ့စဥ် အနည်းဆုံး တစ်ခါတော့ ထုတ်လုပ်နိုင်ခဲ့သည်။]

[ပဉ္စမလတွင် အခါ၂၀တွင် ၈ခါ အောင်မြင်ခဲ့သည်။သင်သည် ပမာဏကို မကြည့်ဘဲ အရည်အသွေးကိုသာ ကြည့်ပြီး ထုတ်လုပ်ခဲ့သည်။ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားအပေါ် သင်၏ နားလည်မှုသည်လည်း တိုးတက်လာသည်။]

[ဆဌမလတွင်မူ သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေးပြား ထုတ်လုပ်မှု၏ အဓိကအချက် အချို့ကို နားလည်လာခဲ့သည်။ဆယ်ခါ ထုတ်လုပ်လျှင် ၉ခါလောက်က အောင်မြင်လာသည်။]

[သင်သည် အချို့သော ပြသာနာများကို အကျဉ်းချုပ် ဖော်ထုတ်နိုင်မလား မျှော်လင့်ချက်ဖြင့် ‌ပြီးခဲ့သည့် ခြောက်လအတွင်း အောင်မြင်စွာ ထုတ်လုပ်ခဲ့သည်များကို နှိုင်းယှဉ်ကြည့်သည်။]

[သင်သည် သုံးရက်ကြာသည်အထိ နေ့ရောညပါ သင့်ရှေ့ရှိ ဒါဇင်နှင့်ချီသော ဆေးများကို ထိုင်ကြည့်နေခဲ့သည်။နောက်ဆုံးတွင် ပြီးခဲ့သည့် နှစ်လက ထုတ်လုပ်ခဲ့သည့် ဆေးများမှာ ပိုဝိုင်းနေကြောင်း သတိထားမိသွားသည်။]

ယင်းကို မြင်သည့်အခါ စုရှင်းသည် မနေနိုင်တော့ပါ။

“သေစမ်း၊ သုံးရက် နေ့ရောညပါ စစ်ဆေးပြီးတော့ ပိုဝိုင်းတာကို ရှာတွေ့တာလဲလား? ငါက တကယ်ကြီး တုံးလို့လားကွာ?”

[ရုတ်တရက် သင်သည် အတွေးတစ်ခု ဝင်လာသည်: ဒါက ခန္ဓာကိုယ်ကို ပေါက်ကွဲပြီး သေစေနိုင်တဲ့ ဆေးရဲ့ အာနိသင်ကြောင့် ဖြစ်နိုင်တယ်၊ ဆေးဖက်ဝင်အပင်တွေရဲ့ သက်တမ်းကြောင့်လည်း ဖြစ်နိုင်တယ်…]

…

All Chapters