ပို၍ တော်လာခြင်း၊ အဂ္ဂိရတ်ပညာ မိတ်ဆက်!
Vol. 3 Ch. 32
ထိုစာကို မြင်သည့်အခါ စုရှင်းသည် သူ့နဖူးသူ ပြန်ရိုက်လိုက်သည်။
“ဟုတ်သားဘဲ! ဆေးရဲ့ အာနိသင် ပြင်းအားက ဆေးဖက်ဝင် အပင်တွေရဲ့ သတ်တမ်းနဲ့ ဆိုင်တာဘဲ…ဒီလောက် ရိုးရှင်းတဲ့ဟာကို ငါ ဘာလို့ မတွေးမိတာလဲ?”
စုရှင်းသည် အနည်းငယ် ရှက်ရွံ့သလို ဖြစ်သွားသည်။
တကယ်တမ်းတော့ ယင်းမှာ စုရှင်း၏ အမှားမဟုတ်ပါ။သူ့တွင် အဂ္ဂိရတ်ပညာကို သင်ကြားပေးမည့် ဆရာ မရှိသည့်အတွက် အရာရာတိုင်းကို သူ့ဘာသာ အားစိုက်ပြီး ကြိုးစားရရှာသည်။
သူ အဆင့်မြင့် ဆေးများကို ထုတ်လာနိုင်ခြင်းမှာ နှစ်ဒါဇင်ချီကြာသည်အထိ မဆုတ်မနစ် ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။အဆင့်မြင့် ဆေးများကိုပင် တစ်ဦးတည်း ထုတ်လုပ်နိုင်လျှင် ဘယ်အရာက သူ့အတွက် ခက်ခဲတော့မလဲ။
ထိုအချက်ကို သတိပြုမိသည့်အခါ စုရှင်းသည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားအပါ် ယုံကြည်ချက် ပိုရှိလာသည်။ထို့ကြောင့် သူသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။
[သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားကို ဆက်လက် ထုတ်လုပ်လိုသည်။သို့ရာတွင် ထိုအချိန်၌ သင့်တွင် အဓိက ပါဝင်ပစ္စည်းဖြစ်သည့် အဝါရောင် မသေမျိုး အဆီအနှစ်များ ကုန်သွားခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် သင်သည် ချင်းယွင်ကျီ သင့်အတွက် ချန်ခဲ့သည့် သစ်စေ့အချို့ကို ထုတ်ကာ သင်၏ဝိဉာဉ်စိုက်ခင်းထဲတွင် စိုက်ပျိုးလိုက်သည်။]
[သင် ယခင်က စုဆောင်းခဲ့သည့် ငွေများ အားလုံးကို အသုံးပြုခဲ့သည့်အတွက် သင်သည် အရည်အသွေးနိမ့် မျက်နှာအာဟာရပြုဆေး တစ်သုတ်ကို ထုတ်လုပ်ကာ ကျင်းချုံးရွှယ်ထံ သွားရောက် ရောင်းချခဲ့သည်။]
[ငါးနှစ်မြောက်တွင် သင် ယခင်က စိုက်ပျိုးခဲ့သည့် အဝါရောင် မသေမျိုး အဆီအနှစ်သည် တစ်နှစ်သက်တမ်း ရှိသည်။သုံးနှစ် သက်တမ်းရှိသော အဆီအနှစ်သည် ပို၍ အစွမ်းထက်မည်ဟု ယူဆသည့်အတွက် သင်သည် ၎င်းကို ထုတ်ယူကာ အဂ္ဂိရတ်ထိုးဖို့ရန် ပြင်ဆင်သည်။]
[ခြောက်နှစ်မြောက်တွင် သင်သည် တစ်နှစ်တာအတွင်း ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားကို အကြိမ်ရာချီ ထုတ်လုပ်ခဲ့ပြီး ဖြစ်စဉ်သည်လည်း ဆက်တိုက် တိုးတက်လာသည်။သင်၏ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားသည် ယခုအခါ အဆင်သင့် ဖြစ်နေပြီဟု သင် ယုံကြည်သည်။]
[တစ်နေ့တွင် သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားကို မျိုချလိုက်သည်။]
[ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား၏ အာနိသင်သည် သင့်ခန္ဓာကိုယ်အား မီးစနှင့် ထိုးနေသကဲ့သို့ ပူလောင်စေသည်။သို့သော် သင်သည် အံကိုကြိတ်ကာ တောင့်ခံခဲ့သည်။]
[သင်သည် ခန္ဓာကိုယ် ပေါက်ကွဲပြီး ချက်ချင်း မသေခဲ့သော်လည်း သင်၏ ဒွာရကိုးပေါက်မှ သွေးများ ထွက်လာပြီး သင့်တစ်ကိုယ်လုံး သွေးများ ရွှဲနစ်သွားသည်။သင်သည် သင်၏ ဒဏ်ရာများကို ကုသနိုင်ရန်အတွက် ဒဏ်ရာ ကုသဆေးကို သောက်ရန် ကြိုးစားသည်။]
[အဆင့်မြှင့်မထားသည့် ဒဏ်ရာကုသ ဆေးပြားသည် ထိုကဲ့သို့ ပြင်းထန်သော ဒဏ်ရာများအပေါ် သက်ရောက်နိုင်ခြင်း မရှိပါ။သင်သည် ရပ်ကြည့်ရုံသာ ကြည့်နိုင်တော့ပြီး သွေးထွက်လွန်ကာ သေဆုံးသွားခဲ့သည်။]
[သင်သည် သေဆုံးသွားသည်!]
[သင်၏ အလျှာ့မပေးသော မျက်လုံးများ စွမ်းရည်သည် အသက်ဝင်လာသည်!]
[သင်သည် သင့်ရှေ့ရှိ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားများကို ဝိုးတဝါး ငေးကြည့်နေခဲ့သည်။]
[ဒင်၊ သရုပ်ပြခြင်း ပြီးဆုံးပါပြီ!]
ထိုအရာကို မြင်သည့်အခါ စုရှင်းသည် ပျောက်စရာ စကား ပျောက်ရှသွားသည်။
“ချီး၊ ခြောက်နှစ်ထဲနဲ့ သေသွားတာလား? ဒါက သရုပ်ပြခြင်းတွေ အားလုံးထဲမှာ သက်တမ်း အတိုဆုံးမလား?”
စုရှင်းသည် ရုတ်တရက် နောင်တရသလို ခံစားလိုက်ရသည်။သရုပ်ပြခြင်း တစ်ခုစီအတွက် သူသည် တစ်ပါတ် စောင့်ရသည်။သရုပ်ပြခြင်း တစ်ခုစီသည် အလွန် တန်ဖိုးရှိသည်။
ဤသရုပ်ပြခြင်းတွင် သူသည် အလွန်ပင် သတိရှိခဲ့သည်။ဆေးတစ်လုံးကို မမျိုချခင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား ရာချီ ထုတ်လုပ်ခဲ့သည်။
သို့သော် ဆေးပြား၏ အာနိသင်ကို လျှော့ချခဲ့သော်လည်း သူသည် ခံနိုင်ရည် မရှ်ိခဲ့ပါ။
“ဟူး…ခန္ဓာကိုယ် ပေါက်ကွဲပြီး မသေပေမယ့် သွေးထွက်လွန်ပြီး သေတယ်တဲ့…ဆိုလိုတာက ငါ့ဖော်စပ်နည်းက မှန်ရမယ်! ဆေးရဲ့ အာနိသင်က အရမ်းပြင်းလို့ ငါ ခံနိုင်ရည် မရှိတာဘဲ!”
သို့သော် စုရှင်းသည် အတွေ့အကြုံ ရသည်ဟုသာ သဘောထားကာ စိတ်ဓာတ်မကျခဲ့ပါ။သုံးနှစ်အတွင်း ခန္ဓာသန့်စင်ခြင်း ပဉ္စမ အဆင့်ထိ ရောက်ရှိခဲ့ပြီး ယခုဆိုလျှင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်ကို အခက်အခဲမရှိဘဲ ဖြတ်ကျော်နိုင်ရန် ကြိုးစား၍ ရပြီဖြစ်သည်။
“ဘာဖြစ်ဖြစ် တစ်ပါတ် စောင့်ရုံဘဲလေ…ပြသာနာ မရှိပါဘူး!”
စုရှင်းသည် သူ့ကိုယ်သူ နှစ်သိမ့်ကာ သရုပ်ပြခြင်း၏ ဆုလာဘ်များကို ကြည့်သည်။
[ရုပ်ဖျက်ခြင်း]: အစိမ်းရောင်အဆင့် စွမ်းရည်၊ တန်ဖိုး - စွမ်းအင် ၁၀၀၀၀မှတ်။
[အရိုးမာကျောခြင်း ကြီးမြတ်သော ပြည့်စုံမှု]: ကျင့်ကြံခြင်းအဆင့်၊ တန်ဖိုး - စွမ်းအင် ၁၁၀၀၀မှတ်။
[လီ မီးအဂ္ဂိရတ်ပညာ အစပြုသူ]: အဂ္ဂိရတ် အတွေ့အကြုံ အစပြုသူအဆင့်၊ စွမ်းအား ဆေးပြား (မဟာယန အဆင့်)၊ ဒဏ်ရာ ကုသဆေးပြား (မဟာယန အဆင့်)၊ ချီ စုဆောင်းခြင်း အမှုန့် (မဟာယန အဆင့်)၊ အသက်ရှု ဖုံးကွယ်ခြင်း ဆေးပြား (မဟာယန အဆင့်)၊ လျင်မြန်ခြင်း ဆေးပြား (မဟာယန အဆင့်)၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား( ကြားခံအဆင့်)များ ပါဝင်သည်။ တန်ဖိုး - စွမ်းအင် တစ်သိန်းမှတ်။
“ရုပ်ဖျက်ခြင်း စွမ်းရည်ကတော့ သေချာပေါက် ယူရမယ်…အရင်က လက်မလျှော့သော စွမ်းရည်လိုဘဲ သရုပ်ပြခြင်းမှာ အရမ်းအသုံးဝင်တယ်”
စုရှင်းသည် စွမ်းအင်၁၀၀၀၀ကို သုံးကာ ရုပ်ဖျက်ခြင်း စွမ်းရည်ကို အရင် ယူလိုက်သည်။ထို့နောက် သူ့အကြည့်များသည် ကျန်နှစ်ခုထံ ရောက်သွားသည်။
“အယ် လီ မီးအဂ္ဂိရတ်က အစပြုသူ အဆင့်တောင် ရောက်ပြီလား? ပြီးတော့ စွမ်းအင် တစ်သိန်းဘဲ တန်တာလား?”
စုရှင်းသည် အံ့ဩသွားသည်။ သူ ယခင်က ရရှိခဲ့သည့် လီ မီးအဂ္ဂိရတ် အခြေခံ အဆင့်သည် စွမ်းအင် ၁သိန်း၃သောင်း တန်သည်။
သို့ရာတွင် သူသည် လီ မီးအဂ္ဂိရတ်တွင် အခြေခံအဆင့် ရှိပြီးသား ဖြစ်သောကြောင့် ဖြစ်ကြောင်း ချက်ချင်းပင် သတိပြုမိသွားသည်။
ဒါ့အပြင် သူသည် ယခင်က အဆင့်မမြှင့်ရသေးသည့် ဆေးသုံးမျိုးတွင် ကျွမ်းကျင်ခဲ့ပြီး အဆင့်နိမ့် အဂ္ဂိရတ်တွင်လည်း လေ့လာခြင်းအဆင့်ကို ရောက်ရှိခဲ့သည်။သူသည် ဆေးပေါင်း ၃၆၀၏ ဖော်မြူလာများကိုလည်း အလွတ်ရသည်။
ဤ သရုပ်ပြခြင်းတွင် သူ၏ ယခင်အခြေခံများ တိုးတက်လာသည့်အတွက် အချို့သော အဆင့်မမြှင့်ရသေးသည့် ဆေးများ ထုတ်လုပ်ရာတွင် ကျွမ်းကျင်လာခဲ့သည်။
“တွက်ချက်မှု အရဆိုရင်…သာမန် အဆင့်မမြှင့်ရသေးတဲ့ ဆေးတစ်မျိုးစီရဲ့ အဂ္ဂိရတ် အတွေ့အကြုံက စွမ်းအင် တစ်သောင်း တန်တဲ့ သဘောဘဲ။ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေးပြားလို အဆင့်မြင့်တဲ့ ဆေးပြားတွေက ပိုပြီး ဈေးကြီးမှာပေါ့။ကြားခံအဆင့်တောင် တစ်သောင်းလောက် တန်တယ်” စုရှင်းသည် မေးစေ့ကို ပွတ်ရင်း တွေးတောနေသည်။
သို့သော် အဂ္ဂိရတ်ပညာ အစပြုသူ အဆင့်သည် သေချာပေါက် ရှိသင့်သည်။
ဒါ့အပြင် လာမည့် သရုပ်ပြခြင်းများအတွက် စွမ်းအင် အများအပြား ရှာနိုင်ဖို့ရန် အတွက်လည်း ကူညီပေးနိုင်လိမ့်မည်။
“ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုအဆင့် ဖြစ်တဲ့ အရိုးမာကျောခြင်း ကြီးမြတ်သော ပြည့်စုံမှုကို နောက်သရုပ်ပြခြင်းမှ ရွေးရတော့မယ်။ နှမျောစရာကြီးကွာ”
စုရှင်းသည် ခေါင်းကို အသာအယာ ယမ်းလိုက်သည်။သူ၏ လက်ရှိအခြေအနေဖြင့် လုံခြုံသည်ဟု ခံစားရသဖြင့် သူ၏ ခန္ဓာသန့်စင်ခြင်း ကျင့်ကြ့မှုအဆင့်ကို အရေးတကြီး မြင့်တင်ရန် မလိုအပ်ပါ။
ဆန့်ကျင်ဘက်အနေဖြင့် စုရှင်းသည် ချီသန့်စင်ခြင်း ကျင့်ကြံမှုကိုသာ အရေးတကြီး မြင့်တင်ရန် လိုအပ်သည်။
သူ၏ ချီသန့်စင်ခြင်း ကျင့်ကြံမှု ပိုသန်မာလေလေ သူ့ ခန္ဓာကိုယ် အတွင်းရှိ ဝိဉာဉ်စွမ်းအင်များ ပိုများလေလေ ဖြစ်သည့်အတွက် သူသည် အဂ္ဂိရတ်ပညာကို ပို၍ ကောင်းမွန်စွာ လေ့လာနိုင်ပေလိမ့်မည်။
“နောက် သရုပ်ပြခြင်းကျရင် ငါ့ရဲ့ ချီသန့်စင်ခြင်းအဆင့်ကို မြင့်တင်ဖို့ နည်းလမ်းရှာမှ ဖြစ်မယ်” စုရှင်းသည် သူ့ဘာသာ တွေးကာ တိတ်တဆိတ် ကြွေးကြော်လိုက်သည်။
“လီ မီးအဂ္ဂိရတ် အစပြုသူ အဆင့်ကို ရွေးတယ်!”
[ဒင်၊ သင်သည် “အတွေးအခေါ် လျင်မြန်မှု ”ဟူသည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ရယူခဲ့ပြီး စွမ်းအင် ၁၀၀၀၀မှတ် ကုန်ကျပါမည်။စွမ်းအင် ၁၃၃၀၀၀မှတ် ကျန်ရှိပါသည်။]
[ဒင် သင်သည် လီ မီးအဂ္ဂိရတ် အစပြုသူအဆင့်ကို ရွေးချယ်ခဲ့ပြီး စွမ်းအင် တစ်သိန်းမှတ် ကုန်ကျပါမည်။စွမ်းအင် ၃၃၀၀၀မှတ် ကျန်ရှိပါသည်။]
အတွေးအခေါ် လျင်မြန်မှုသည် စုရှင်းအတွက် သိသာထင်ရှားသော အပြောင်းအလဲများကို ယူဆောင်လာခဲ့သည်။ သူ့တွေးခေါ်ပုံက ပိုအသက်ဝင်လာတယ်လို့ ခံစားလိုက်ရပြီး စိတ်ကူးသစ်တွေက သူ့စိတ်ထဲမှာ ရံဖန်ရံခါ ပေါ်လာခဲ့သည်။
အဂ္ဂိရတ်ပညာ တိုးတက်မှုသည် စုရှင်းအတွက် ပို၍ အံ့ဩစရာ ကောင်းသည်။သူ့စိတ်ထဲတွင် အဂ္ဂိရတ်ပညာ ဗဟုသုတအသစ်များ ပေါ်လာပြီး ထိုဆေးများကို အခေါက်ပေါင်း မြောက်မြားစွာ ထုတ်လုပ်ဖူးသကဲ့သို့ ခံစားရသည်။ထိုဆေးများကို အလွယ်တကူပင် ထုတ်လုပ်နိုင်စေသည်။
“ကျွတ်၊ ကျွတ် အဂ္ဂိရတ်ပညာ အစပြုသူအဆင့်က တကယ် ထိုက်တန်တာဘဲ…အဂ္ဂိရတ်ပညာ တာအိုအပေါ် ငါရဲ့ နားလည်နိုင်စွမ်း အတော်လေး အားပိုကောင်းလာသလိုဘဲ”
သရုပ်ပြခြင်း အဆုံးသတ်သွားသည့်အခါ စုရှင်းသည် အရည်အသွေးနိမ့် မျက်နှာ အာဟာရပြုဆေးကို ထုတ်လုပ်ရန် စတင် ပြင်ဆင်သည်။
သူ သရုပ်ပြခြင်းများကို ပိုလုပ်လေ လုပ်လေ သူ လိုအပ်သည့် စွမ်းအင်ပမာဏသည်လည်း ပိုတိုးလေ ဖြစ်သည်။စုရှင်းသည် ပိုက်ဆံ ပိုသုံးလာရသည်ဟု ဆိုလိုသည်။
လက်ရှိ စုရှင်း၏ ငွေရပေါက်မှာ အရည်အသွေးနိမ့် မျက်နှာ အာဟာရပြု ဆေးပြားများကို ရောင်းချခြင်းပင် ဖြစ်သည်။
အဂ္ဂိရတ်ပညာမှ ပိုက်ဆံ ရှာဖွေခြင်းသည် ပစ္စည်းများ ရောင်းချခြင်းထပ် ဝင်ငွေ ပိုကောင်းသည်။
ထို့ကြောင့် စုရှင်းသည် တစ်ပါတ်တာအတွင်း မျက်နှာ အာဟာရပြုဆေး ဆယ်သုတ်ကို ထုတ်လုပ်ခဲ့သည်။
စုရှင်း၏ အဂ္ဂိရတ်ပညာ စွမ်းရည် တိုးတက်လာမှုကြောင့် မျက်နှာအာဟာရပြုဆေး၏ အာနိသင်နှင့် အောင်မြင်မှုနှုန်းသည် ယခင်ကထပ် မြင့်တက်လာခဲ့သည်။
သုံးရက်အတွင်း မျက်နှာ အာဟာရပြုဆေး ဆယ်သုတ် ထုတ်လုပ်နိုင်ပြီး စုစုပေါင်း ဆေးပြား၉၀ အောင်မြင်စွာ ရရှိခဲ့သည်။သူတို့အနက်မှ ၇ပြား၊၈ပြားသည် စပယ်ရှယ် ဆေးပြားများ ဖြစ်ကြသည်။
အဂ္ဂိရတ်ပညာကို လေ့လာနေသဖြင့် စုရှင်းသည် နေ့စဉ် ဂျူနီယာများနှင့် လူသစ်များကို အကျဉ်းခန်းသို့ ဆကိလက် မခေါ်ဆောင်တော့ပါ။
သို့သော် သူသည် ရံဖန်ရံခါတွင်မူ ဝမ်ချင်းရွှမ်ကို အကျဉ်းခန်းသို့ ခေါ်ကာ ကိရိယာများကို စုဆောင်းပြီး အဆင့်မြှင့်လေ့ ရှိသည်။
ဝမ့်ချင်းရွှမ်သည် ဆင်းသက်ဂိုဏ်းနှင့် ပတ်သက်သည့် သဲလွန်စများကို စုဆောင်းပေးနိုင်သည်။ထို့ကြောင့် ဆက်ဆံရေး ကောင်းမွန်အောင် ပြုလုပ်ထားရန် အရေးကြီးသည်။
တစ်ပတ်တာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ထို့နေ့တွင် ကျင်းချုံးရွှယ်သည် တံခါးလာခေါက်ခဲ့သည်။
“စုရှင်း၊ ကိစ္စကြီးတစ်ခုကို လုပ်လိုက်တာဘဲ လူဆိုးလေး၊ရှင့်ဆေးတွေ ဘယ်လောက် ရောင်းလိုက်ရလဲ ခန့်မှန်းကြည့်?”
ကျင်းချုံးရွှယ်သည် ထိုနေ့က ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းသည် အထင်းသားပေါ်ကာ အလွန်ပင် စွဲမက်ဖွယ် ကောင်းနေသည်။
စုရှင်းသည် မျက်တောင်ခတ်ကာ ပြောလိုက်သည်။
“ခန့်မှန်းကြည့်မယ်ဆိုရင် တစ်ဘီလီယံ ရောင်းရလောက်မယ်!”
စုရှင်း၏စကားကို ကြားသည့်အခါ ကျင်းချုံးရွှယ်၏ မျက်လုံးများ ဝိုင်းစက်လာကာ ပြောသည်။
“ရှင်ကတော့ တကယ် တစ်ခုခုဘဲ! တစ်ဘီလီယံလောက် ရောင်းရမှန်း ရှင် ဘယ်လိုသိလဲ?ဒီမှာ…ရှင့်အတွက် ပေးဖို့ကျန်တဲ့ ၈၀မီလီယံ။ဒါပေမယ့် ရှင်က သေချာပေါက် အဖြူရောင်အဆင့် ပစ္စည်းတွေ ဝယ်မယ်ဆိုတာ ကျွန်မ ကြိုသိနေလို့ ပိုက်ဆံအားလုံးကို ရှင့်အတွက် ပစ္စည်းတွေနဲ့ လဲခဲ့ပေးတယ်!”
ထိုသို့ပြောကာ ကျင်းချုံးရွှယ်သည် သိုလှောင်ရေး လက်စွပ်တစ်ခုကို လှမ်းပေးသည်။
စုရှင်း၏ မျက်လုံးများ လင်းလက်သွားကာ လက်စွပ်ကို ယူလိုက်သည်။
ကျင်းချုံးရွှယ်က အချိန်မီ သူ့အတွက် ပစ္စည်းများကို ဝယ်ပေးခဲ့ခြင်းသည် စုရှင်းအတွက် ပြသာနာ ဖြေရှင်းပြီးသား ဖြစ်သွားသည်။
“ကျေးဇူးပါဗျာ! ခုကစပြီး အကြိမ်တိုင်း အဖြူရောင်အဆင့် ပစ္စည်းတွေနဲ့ဘဲ လဲကြရအောင်…အာ့တာက ကျွန်တော့်ကို ဒုက္ခ နည်းနည်းတော့ သက်သာစေမှာ!”
“အို ပြီးတော့ ဒီမှာ ဒီအပါတ်အတွက် သူဌေးမ၏ ပျော်ရွှင်ခြင်း ဆေးပြား၊ စုစုပေါင်း ၉၀လောက် ရှိတယ်။ဒီအပါတ်လည်း ကူပြီး ရောင်းပေးပါအုံး!”
ထို့နောက် စုရှင်းသည် သူ့အိတ်ကပ်ထဲမှ ဆေးပုလင်းကို ထုတ်ကာ ပေးလိုက်သည်။ကျင်းချုံးရွှယ်သည် ဆေးပုလင်းကို ယူကာ တောက်ပသော မျက်လုံးများဖြင့် ပြန်ပြောသည်။
“အို ကောင်လေးရယ်၊ တစ်ပါတ်အတွင်း ဒီလောက်တောင် ထုတ်လုပ်နိုင်တာလား၊ တစ်ပါတ်ကို တစ်ဘီလီယံကျော် ရှာနိုင်တာဘဲ! ပိုက်ဆံအများကြီး ရတာကို ကျွန်မကိုကျ ဘာမှလည်း ဂရုမစိုက်ဘူး!” ထိုသို့ပြောရင်းဖြင့် ကျင်းချုံးရွှယ်သည် အီစီကလီ အမူအရာမျိုး ပြလေသည်။
….