← Chapters

ရှေ့ဖြစ်ဟော အဖွဲ့အစည်း၊ စည်းစိမ်ဥစ္စာနှင့် ကြွယ်ဝချမ်းသာခြင်းများ တည်ထောင်ခြင်း

Vol. 3 Ch. 33

ရှေ့ဖြစ်ဟော အဖွဲ့အစည်း၊ စည်းစိမ်ဥစ္စာနှင့် ကြွယ်ဝချမ်းသာခြင်းများ တည်ထောင်ခြင်း

Vol. 3 Ch. 33

ကျင်းချုံးရွှယ် စနေမှန်း စုရှင်းသည် အလိုလို သိနေသဖြင့် စသလိုလိုပင် ပြန်ပြောလိုက်သည်။

“သေချာတာပေါ့၊ မင်းလို ကြီးကျယ်ခမ်းနားတဲ့ အလှတရားကို ဖြည့်ဆည်းပေးနိုင်တာဘဲ။ ဘာကိုမှ ထပ်မလိုတော့ပါဘူး!”

ထိုစကား ကြားသည့်အခါ ကျင်းချုံးရွှယ်သည် ပြည်တည်တည် ပြန်ပြောသည်။

“ဟုတ်ပါပြီရှင်၊ လူလည်လေး!”

“ဒါနဲ့ ဒီဆေး၅၀ကို တစ်ပြားစီ ၂မီလီယံနဲ့ ရောင်းချနိုင်ခဲ့ခြင်းက ဆေးထွက်ထွက်ချင်း ချမ်းသာတဲ့ အမျိုးသမီးတွေက အလုအယက် ဝယ်ကြလို့လေ။အာ့တာကြောင့် ဈေးက အရမ်းကြီးသွားတာ…”

“ဒါပေမယ့် ဆေးရဲ့ တန်ဖိုးက တဖြည်းဖြည်း ကျသွားမှာဘဲ…”

ထိုစကား ကြားသည့်အခါ စုရှင်းက ခေါင်းငြိမ့်သည်။သူ မျှော်လင့်ထားသလိုပင်။

“ကိစ္စမရှိပါဘူး။ ဆေးတစ်ပြားကို ၁မီလီယံဘဲ တန်တော့မယ် ဆိုရင်တောင် ကျွန်တော် ဆက်ထုတ်မှာပါ; ပိုက်ဆံတွေကို အ‌ဖြူရောင်အဆင့် ပစ္စည်းတွေနဲ့ လဲလှယ်နိုင်ဖို့တော့ ကူညီပေးပါအုံး!”

ဆေးတစ်ပြားကို ပျမ်းမျှအားဖြင့် ၁မီလီယံ တန်လျှင်တောင် စုရှင်းသည် တစ်ပါတ်လျှင် အရည်အသွေးနိမ့် မျက်နှာ အာဟာရပြုဆေး ၁၀၀ပတ်လည် ထုတ်လုပ်နိုင်သည်။ဆိုလိုသည်မှာ တစ်ပတ်လျှင် တစ်ရာမီလီယံ ရှာနိုင်ခြင်းပင် ဖြစ်သည်။

စွမ်းအင်အဖြစ် ပြောင်းလဲလျှင် စွမ်းအင် ၆သိန်း နီးပါး ရရှိလိမ့်မည်။လုံးဝ ထင်မှတ်မထားသည့် အရေအတွက်ပင်။

အနည်းဆုံးတော့ စုရှင်းသည် စွမ်းအင်များ ကုန်သွားမှာကို စိုးရိမ်စရာ မလိုတော့ပါ။

စုရှင်း၏ စကားများကို ကြားသည့်အခါ ကျင်းချုံးရွှယ်သည် မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် ပြန်ပြောသည်။

“အစ်ကိုကြီး! ကျင်း ကုန်သည်များ အစည်းအရုံးက ပိုက်ဆံတွေကို လေထဲက ရတယ်များ ထင်နေတာလား?”

“ရှင့်ကို ပစ္စည်း တစ်ခုစီအတွက် ဒင်္ဂါး ၉၀၀နဲ့ ရောင်းတယ်ဆိုတာက အရင်းဈေးဘဲ။ လုပ်အားခပါ ထည့်တွက်ရင် ရှုံးတောင် ရှုံးနေပြီ!”

“ပြီးတော့ တစ်ကြိမ်ထဲနဲ့ အဖြူရောင်အဆင့် ပစ္စည်းတွေကို ရှားဒင်္ဂါး တစ်ရာမီလီယံဖို့ ဝယ်မယ်ဆိုရင် ပစ္စည်း တစ်သိန်းလောက် ရမှာဘဲ။"ဒါက ကျင်းကုန်သည်များ အစည်းအရုံးရဲ့ ကုန်ပစ္စည်းစီးဆင်းမှု အားလုံး၏ ဆယ်ပုံတစ်ပုံနီးနီးပဲ!”

စုရှင်းသည် ချက်ချင်းပင် အနည်းငယ် ရှက်သွားသည်။

တကယ်ဆို ကျင်းကုန်သည်များ အစည်းအရုံးသည်လည်း ပိုက်ဆံရှာဖို့ရန် လိုအပ်သည်။ပစ္စည်းတစ်ခု ရောင်းရမှ ရာဂဏန်းလောက်သာ မြတ်ကြသည်။

အခုတော့ သူတို့ ဘာမှ မရကြတော့ပါ။စုရှင်းအတွက် အခမဲ့ အလုပ်လုပ်ပေးနေကြရုံသပ်သပ် ဖြစ်သွားသည်။စုရှင်း၏ အင်အား တိုးလာသည်နှင့်အမျှ အဖြူရောင် ပစ္စည်းတွေအတွက် သူ့ရဲ့ တောင်းဆိုမှုတွေကလည်း တိုးလာဖို့သာ ရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ ကျင်းကုန်သည်များ အစည်းအရုံးမှ တစ်ပါတ်တာ သူ ဝယ်ယူသည့် ပစ္စည်းများသည် စွမ်းအင် ကုန်ကျမှုအတွက် ကာမိနိုင်တော့မည် မဟုတ်ပါ။

စုရှင်း၏ မျက်နှာပေါ်တွင် အားနာသည့် အမူအရာ ပေါ်လာပြီး နားပူလေတော့သည်။ “ဒါဆို ကျွန်တော်က ဘာလုပ်ရတော့မှာလဲဗျာ?အာ့ပစ္စည်းတွေက ကျွန်တော့်အတွက် အရမ်း အရေးကြီးတယ်!”

ခဏတာ တွေးတောပြီးနောက် ကျင်းချုံးရွှယ်က ပြန်ပြောသည်:

“ရှင် ဘာလို့ အာ့ပစ္စည်းတွေကို ခုလောက်ထိ လိုအပ်နေမှန်း ကျွန်မ မသိပါဘူး။ရှင့် လျှို့ဝှက်ချက်ဆိုတော့ ကျွန်မလည်း မစပ်စုပါဘူး”

“ဒါပေမယ့် ကျင်းကုန်သည်များ အစည်းအရုံးရဲ့ အတွင်းသတင်း တစ်ခုကို ကျွန်မ ပြောပြမယ်။ရှားမြို့ရဲ့ လူဦီးရေ ၁၀ဘီလီယံမှာ ပရော်ဖက်ရှင်နယ် ကျင့်ကြံသူ လူဦးရေက ၅ဘီလီယံ ရှိပြီး ကြေးအဆင့် ကျင့်ကြံသူက ၄ဘီလီယံ ရှိတယ်”

“အဆင့်မြင့် ကျင့်ကြံသူတွေက အများအားဖြင့် အဖြူရောင်အဆင့်ရှိတဲ့ ပစ္စည်းတွေကို မသုံးကြဘူး။ ဆိုလိုတာက ရှားမြို့တော်မှာ တစ်နှစ်ပတ်လုံး လည်ပတ်နေတဲ့ အဖြူရောင်အဆင့် ပစ္စည်းအရေအတွက်ဟာ သန်း ၅၀၀ လောက်ပဲ ရှိတယ်ဆိုတာပဲ။”

“ရှင့်ရဲ့ လက်ရှိ ဝယ်ယူနေတဲ့နှုန်းအတိုင်းဆို တစ်ပတ်ကို အဖြူရောင်အဆင့်ရှိတဲ့ ပစ္စည်း တစ်သိန်းဝယ်ယူမယ်ဆိုရင် တစ်နှစ်ကို ငါးမီလီယံကျော် လိုအပ်မှာ။ ဒါက ဈေးကွက်တစ်ခုလုံးရဲ့ တစ်ရာခိုင်နှုန်းနီးပါး ရှိတယ်!”

“ပြီးတော့ ရှားမြို့တော်ရဲ့ ဥပဒေတွေအရ ရှင်ဟာ ဈေးကွက်ကို လက်ဝါးကြီးအုပ်မှုနဲ့တောင် တရားစွဲခံရနိုင်တယ်!”

ကျင်းချုံးရွှယ်၏ စကားကို ကြားသည့်အခါ စုရှင်းက မျက်မှောက်ကြုတ်လေသည်။သူ ခုလောက်ထိ မတွေးခဲ့မိပါ။ဒါပေမယ့် သူသည် ထိုပစ္စည်းများကို အမြောက်အမြား ဝယ်ယူနေပြီး ပြန်လည် မရောင်းချလျှင် အစိုးရ၏ အာရုံကို ဆွဲဆောင်မိမည်မှာ အမှန်ဖြစ်သည်။ပေါ့သေးသေး ကိစ္စတော့ မဟုတ်ပါ။

ထို့အပြင် သူ၏စွမ်းအား တိုးလာသည်နှင့်အမျှ သူသည် တစ်နှစ်လျှင် အဖြူရောင်အဆင့် ပစ္စည်းများကို ၅မီလီယံ တင်မကဘဲ ၅၀မီလီယံထိပင် လိုအပ်လာလိမ့်မည်။

ထို့ကြောင့် စုရှင်းသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အဖြူရောင်အဆင့် ပစ္စည်းတွေက ကျွန်တော့်အတွက် တကယ်ကြီး အလွန် အရေးပါတယ်…ဒီပြသာနာတွေကို ရှောင်ရှားဖို့ နည်းလမ်း မရှိတော့ဘူးလား?”

ခဏလောက် စဉ်းစားပြီးနောက် ကျင်းချုံးရွှယ်က ပြန်ပြောသည်။

“နည်းလမ်းကတော့ တစ်ခုမက ရှိပါတယ်!”

"ပထမဦးဆုံး ပစ္စည်းများရဲ့ အရည်အသွေးကို မြှင့်တင်ခြင်းက နည်းလမ်းတစ်ခုဘဲ။အဖြူရောင်အဆင့် ပစ္စည်းများတင် မဟုတ်ဘဲ အစိမ်းရောင်အဆင့် ပစ္စည်းတွေကိုပါ ဝယ်ယူမယ်ဆိုရင် အရမ်း အာရုံစိုက်ခံရတော့မှာ မဟုတ်ဘူး”

"ဒုတိယအနေနဲ့ ရှင်က အဆင့်နိမ့် ပစ္စည်းတွေကို စုဆောင်းဝယ်ယူဖို့ အထူးပြုတဲ့ ကိုယ်ပိုင် ကုန်သွယ်ရေး အဖွဲ့အစည်းတစ်ခုကို တည်ထောင်ရမယ်။ဒါမှမဟုတ် လူတချို့ကို ငှားရမ်းပြီး မြေအောက်ခန်းတွေကနေ ပစ္စည်းတွေ ရှာဖွေခိုင်းလို့တောင် ရတယ်။ ဒီနည်းနဲ့ဆို ကုန်ကျစရိတ်ကို သက်သာရုံသာမကဘဲ လုံးဝ အာရုံစိုက်ခံရတော့မှာလည်း မဟုတ်ဘူး”

ကျင်းချုံးရွှယ်၏ အကြံပြုချက်ကို ကြားသည့်အခါ စုရှင်း၏ မျက်လုံးများ အရောင်တောက်လာသည်။

သူသည် အစိမ်းရောင်အဆင့် ပစ္စည်းများကို ဝယ်ယူရန် စတင် ကြိုးစားသည်။ပစ္စည်းတစ်ခုစီသည် စွမ်းအင် ၅၀မှတ် ရရှိသည်။သို့သော် အစိမ်းရောင်အဆင့် ပစ္စည်းတစ်ခုစီအတွက် တန်ကြေးသည် ရှားဒင်္ဂါး ၂၀၀၀၀ကျော်သည့်အတွက် ပစ္စည်း၏ တန်ဖိုးနှင့် ရလဒ်၏ အချိုးအစားသည် အလွန် နည်းပါးသည်။ယင်းသည် အဖြူရောင်အဆင့် ပစ္စည်းများထပ် နှစ်ဆ ပိုဈေးကြီးသည်။

သို့သော် ကျင်းချုံးရွှယ် အကြံပေးခဲ့သည့် ဒုတိယအချက်မှာ စုရှင်း၏ ပြသာနာ အတော်များများကို ဖြေရှင်းပေးနိုင်သည်။

ထို့ကြောင့် စုရှင်းက ပြုံးရွင်စွာ ပြန်ပြောသည်။

“ဒါဆို လှပသော မစ်ကျင်းချုံးရွှယ်…ကျွန်တော့်ရဲ့ ကုန်သွယ်ရေး အစည်းအရုံးကို စီမံပေးနိုင်မလား?”

စုရှင်း၏ စကားကို ကြားသည့်အခါ ကျင်းချုံးရွှယ်၏ မျက်လုံးများ ပြူးကျယ်လာသည်။

“ရှင့် ကုန်သည်များ အစည်းအရုံးအတွက် ကျွန်မကို ကူ‌ညီစေချင်တာလား? ကျေးဇူးပြုပြီး…ကျွန်မက ကျင်း ကုန်သည်များ အစည်းအရုံးကနော်။တကယ်တမ်း ပြောကြေးဆို ရှင်သာ ကုန်သည်များ အစည်းအရုံး တစ်ခုကို တည်ထောင်လိုက်ရင် ကျွန်မတို့နဲ့ ပြိုင်ဘက်တွေတောင် ဖြစ်သွားမှာ!”

ကျင်းချုံးရွှယ်က တိုက်ရိုက် ငြင်းပယ်ခြင်း မဟုတ်သည့်အတွက် ဤကိစ္စတွင် အလားအလာ ရှိသေးသည်ဟု စုရှင်း ထင်သည်။ထို့ကြောင့် အရည်အသွေးမြင့် မျက်နှာ အာဟာရပြု ဆေးပြားအချို့ကို ထုတ်ပေးလိုက်ရင်း ပြောသည်။

“"အဟမ်း၊အလကားသပ်သပ် မဟုတ်ပါဘူး! ဒီမျက်နှာ အာဟာရပြု ဆေးပြားတွေက လုံလောက်တာထက်တောင် ပိုတယ်! နောက်ပြီး နောင်မှာ ငါဖန်တီးတဲ့ တခြားဆေးဝါးတွေကိုလည်း မင်းကို ဦးစားပေးပြီး ပေးမယ်!”

ကျင်းချုံးရွှယ်သည် ဆေးများကို လက်ခံလိုက်ကာ တိုးညင်းသော အသံဖြင့် ပြန်ပြောသည်။

“ရှင်က တကယ်ကို ရက်ရောတဲ့သူဌေးပဲ! ဒီအဆင့်မြင့် 'သူဌေးမ ပျော်ရွှင်စေသော ဆေးပြား' တစ်လုံးရဲ့တန်ဖိုးက အနည်းဆုံး ၅မီလီယံလောက်ရှိတယ်... ရှင်က လက်ဝှေ့ယမ်းလိုက်ရုံနဲ့တင် ၁၀မီလီယံကို လစာအဖြစ် ပေးလိုက်တာပဲ!”

ကျင်းချုံးရွှယ်သည် ခနတွေးကာ ပြန်ပြောသည်။

“ဒါပေမဲ့ ကုန်သွယ်ရေးအသင်းကို မှတ်ပုံတင်ဖို့က လိုအပ်ချက်တွေ အတော်များတယ်။ ရန်ပုံငွေ လုံလောက်ရုံတင် မဟုတ်ဘဲ၊ တချို့ အဆက်အသွယ်တွေလည်း လိုအပ်တယ်…”

စုရှင်း၏ မျက်လုံးများ တောက်ပလာသည်။

“မင်းက ကျင်းကုန်သည်များ အစည်းအရုံးမှာ လုပ်နေတာဘဲလေ။ ဟုတ်တယ်မလား? အာ့တော့ မင်းမှာ အဆက်အသွယ်တွေ ရှိမှာပေါ့?”

ကျင်းချုံးရွှယ်သည် မျက်လုံးကို လှန်ကြည့်ကာ ပြန်ဖြေသည်။

“ဒါဆို ရှင်က ကျွန်မကို အခိုင်းအစေ တစ်ယောက်လို သဘောထားနေတာပေါ့? ကျွန်မလက်ထဲမှာ ကုန်သွယ်ရေး အသင်းတစ်ခုကို စတင် တည်ထောင်နိုင်လောက်တဲ့ အရင်းအမြစ်တွေ တကယ် အများကြီးရှိတယ်... ဒါပေမဲ့!”

“အသင်းတစ်ခု တည်ထောင်ဖို့က ငွေအများကြီး လိုအပ်တာတော့ အမှန်ပဲ။ အနည်းဆုံး အစပိုင်း ရင်းနှီးမြှုပ်နှံမှုက ဘီလီယံနဲ့ချီ ရှိမယ်။ပြီးတော့ ကျွမ်းကျင်တဲ့ အကျဉ်းခန်း တူးဖော်သူတွေကိုလည်း ဆက်သွယ်ရဦးမယ်... ဒါပေမဲ့ ဒီကိစ္စမှာ ရှင်က အားသာချက်တစ်ခု ရှိပါတယ်။ရှင်က တက္ကသိုလ်ကျောင်းသားလေ ဟုတ်တယ်မလား? ကျိုတို သိပ္ပံနှင့် နည်းပညာကျောင်းက ပထမနှစ်ကျောင်းသားတွေကို ဆက်သွယ်လို့ရတယ်။ သူတို့က အဆင့်တက်ဖို့ အကျဥ်းခန်းတွေကို ဝင်ရမှာဆိုတော့ ရှင့်အတွက် ကိရိယာတွေ လိုက်ရှာခိုင်းလို့ ရတယ်။အာ့ထပ် ပိုပြီး အဆင်ပြေတာ ရှိတော့မှာ မဟုတ်ဘူး!”

ထိုအခါ စုရှင်းက ခေါင်းငြိမ့်လိုက်သည်။သူ့အစီအစဉ်ကလည်း ထိုနည်းတူပင် ဖြစ်သည်။ထောက်ပံ့ကြေး ပြသာနာကတော့…

စုရှင်းသည် ခဏ တွေးတောလိုက်ပြီး ပြောလေသည်။

“ငါ မင်းကို တစ်ပတ်ကို မျက်နှာအာဟာရဆေးပြား နှစ်ရာ ပေးမယ်... မင်းက အဲဒါတွေကို ရောင်းပြီး ရလာတဲ့ငွေရဲ့ တစ်ဝက်ကို ကုန်သွယ်ရေး အသင်းအသစ် စတင်ဖို့ သုံးမယ်၊ ကျန်တစ်ဝက်ကို ငါ့အတွက် အဆင့်နိမ့်ပစ္စည်းတွေ ဝယ်ပေးရမယ်... အသင်း စတင်ပြီးသွားရင် တစ်ပတ်အတွင်း ရတဲ့ မျက်နှာ အာဟာရပြု ဆေးပြားရောင်းရငွေ အားလုံးကို အသင်းထဲ ပြန်ထည့်ဝင်လို့ရတယ်။ ငါ ပြန်လိုချင်တာက အသင်းရဲ့ အဖြူရောင်အဆင့် ပစ္စည်းတွေပဲ။ဘယ်လိုလဲ?”

နားထောင်ပြီးတဲ့နောက် ကျင်းချုံးရွှယ်က သေချာ စဉ်းစားလိုက်ပြီးမှ ပြန်ပြောတယ်…

“အဲဒီလိုဆိုရင်တော့ ဖြစ်နိုင်ပုံရတယ်! တစ်ပတ်ကို မျက်နှာအာဟာရဆေးပြား နှစ်ရာဆိုတော့... ရန်ပုံငွေ နှစ်ဘီလီယံကနေ သုံးဘီလီယံလောက် ထည့်ဝင်လိုက်သလိုပဲ!”

“ဒီလိုဆိုရင် တစ်ပတ်အတွင်း ရှင့်အတွက် ကုန်သွယ်ရေးအသင်းကို စတင် တည်ထောင်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒါ့အပြင် ကျန်းနန်အကယ်ဒမီမှာလည်း ကျွန်မ ဆက်သွယ်ထားတဲ့သူတွေ ရှိတယ်။ အဲဒီက ကျောင်းသားတွေကို ရှင့်အတွက် အကျဉ်းခန်းက ပစ္စည်းတွေ ရှာခိုင်းလို့ရတယ်!”

ခဏ ရပ်လိုက်ပြီးမှ ကျင်းချုံးရွှယ်က ထပ်ပေါင်းပြောသည်။ “ဒါပေမယ့်လည်း ကျွန်မတို့မှာ အခုချက်ချင်း ဖြေရှင်းရမယ့် အရေးကြီးတဲ့ ပြသာနာ တစ်ခု ရှိနေတုန်းဘဲ!”

စုရှင်းသည် နားမလည်နိုင်စွာဖြင့် ပြန်ပြောသည်။ “ဘာပြသာနာလဲ?”

ကျင်းချုံးရွှယ်သည် ပြုံးကာ ပြောသည်။

“သူဌေးကြီးရယ်…ရှင့်ရဲ့ ကုန်သည်များ အစည်းအရုံးအတွက် ခုထိ နာမည် မပေးရသေးဘူးလေ!”

စုရှင်းသည် ခဏမျှ ကြောက်အမ်းသွားပြီးနောက် သူလည်း ပြုံးလာခဲ့သည်။

“ဒါဆို “ရှေ့ဖြစ်ဟော အဖွဲ့အစည်း”လို့ဘဲ နာမည်ပေးကြရအောင်…”

…

All Chapters