သရုပ်ပြခြင်း လုပ်ငန်းစဉ်အသစ်၊ ရှားမြို့၏ စစ်တပ်နှင့် ဆက်သွယ်ခြင်း။
Vol. 3 Ch. 34
ကျင်းချုံးရွှယ်ကို နှုတ်ဆက်စကား ပြောပြီးနောက် စုရှင်းသည် အိပ်ဆောင်သို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။
သူသည် သိုလှောင်ရေး လက်စွပ်ထဲမှ အဖြူရောင်အဆင့် ပစ္စည်း ကိုးသောင်းလုံးကို စွမ်းအင်အဖြစ် အရင်ဆုံး ပြောင်းလဲခဲ့သည်။
ကံကောင်းစွာပင် အဖြူရောင်အဆင့် ပစ္စည်း ကိုးသောင်းသည် စုစုပေါင်း စွမ်းအင်အမှတ် ငါးသိန်း ရရှိခဲ့သည်။
ထို့ကြောင့် စုရှင်း၏ စွမ်းအင်အမှတ်သည် ငါးသိန်းတစ်သောင်းသို့ ပြန်ရောက်သွားသည်။
လုံလောက်သည့် စွမ်းအင်များ ရရှိနေပြီ ဖြစ်သည့်အတွက် စုရှင်းသည် တုံ့ဆိုင်းမနေတော့ဘဲ သရုပ်ပြခြင်းကို စတင်လိုက်သည်။
၂၀၂၃ခုနှစ် ဒီဇင်ဘာ၂၄ရက်တွင် ကမ္ဘာကြီး ပျက်သုန်းရန် ၁၅နှစ်ပင် မကြာတော့သည့် အချိန်၌ စုရှင်းသည် သူ၏၁၆ကြိမ်မြောက် သရုပ်ပြခြင်းကို စတင် လုပ်ဆောင်သည်။
“သရုပ်ပြခြင်း အစပြုပါ!”
[သရုပ်ပြခြင်းအတွက် စွမ်းအင် ၁၆၀၀မှတ် ကုန်ကျမည် ဖြစ်ပြီး စွမ်းအင်အမှတ် ၅သိန်း၈ထောင်နှင့် အကန့်အသတ်မဲ့ သရုပ်ပြခြင်း အခွင့်အရေးများ ကျန်ရှိပါသည်။]
[သရုပ်ပြခြင်း စတင်ပါပြီ!]
[အဖြူရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင်၁၀၀မှတ်နှင့် အစိမ်းရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင်၁၀၀၀မှတ် ကုန်ကျပါမည်။ရယူလိုပါသလား?]
“အစိမ်းရောင်အဆင့် စွမ်းရည် ယူမယ်!”
တွေဝေခြင်းမရှိဘဲ စုရှင်းသည် အစိမ်းရောင်အဆင့် စွမ်းရည်ကို ရွေးချယ်လိုက်သည်။
[ဒင်၊ ခန့်ညားထည်ဝါသော တည်ရှိမှု ဟူသည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်!]
[ခန့်ညားထည်ဝါသော တည်ရှိမှု]: အစိမ်းရောင်အဆင့် စွမ်းရည်။သင်သည် အခြားသူများထက် ပိုမိုသန်မာပြီး ဆန့်ကျင်ဘက်လိင်၏ မျက်နှာသာပေးမှုကိုလည်း ပိုမိုဆွဲဆောင်နိုင်သည်။
အစိမ်းရောင်အဆင့် စွမ်းရည်ကို သူ ပထမဆုံး မြင်လိုက်ရသည့်အခါ စုရှင်း တော်တော်လေး အံ့အားသင့်သွားသည်။သို့သော် သူသည် မြန်မြန် သတိပြန်ဝင်လာပြီး ညည်းညူလိုက်သည်:
“ဒါ ဘယ်လောက်တောင် အသုံးမဝင်တဲ့ အရည်အချင်းလဲကွာ! …ငါ့မှာ ဒါ လိုတောင်လိုသေးလို့လား?” စုရှင်းက စမ်းသပ်မှုကို စတင်လိုက်သည်။
[အိပ်ဆောင်ထဲတွင် သင်သည် သရုပ်ပြခြင်း လုပ်ဆောင်နေမှန်း သတိပြုမိသွားသည်။]
[ဝိညာဉ် အမြစ် စွမ်းရည်သည် ဤကိစ္စတွင် သင့်အား သာမန်လူများထက် များစွာ သာလွန်စေခဲ့ပြီး ဖြစ်သည်။]
[ဘေးနားတွင် မည်သူမျှ မရှိသည်ကို အခွင့်ကောင်းယူ၍ သင်သည် ဝိညာဉ်စိုက်ခင်း ကောင်းချီးခံ မြေသို့ ဝင်ရောက်ခဲ့သည်။]
[သင်သည် မျက်နှာ အာဟာရပြုဆေးကို စတင်ထုတ်လုပ်သည်;သင်သည် မျက်နှာ အာဟာရပြုဆေး ၂၂ခါ ထုတ်လုပ်ရန် ၅ရက်ကြာ အချိန်ယူလိုက်ရသည်။နောက်အပါတ်တွင် ကျင်းချုံးရွှယ်စီ ရောင်းချရန် ပြင်ဆင်ထားသည်။]
[ဆေးပြားများ ထုတ်လုပ်ပြီးနောက် သင်သည် သင်၏ နေ့စဉ် ကျင့်ကြံမှုကို ပြုလုပ်သည်။ သင်၏ ထူးခြားသော ပါရမီနှင့် လုံလောက်သော ဝိညာဉ်ဆန် ရရှိမှုကြောင့် သင်သည် အရိုးတည်ဆောက်ခြင်း နယ်ပယ်၏ ပထမအလွှာသို့ နှစ်ရက်အတွင်း အောင်မြင်စွာ တိုးတက်နိုင်ခဲ့သည်။]
[နှစ်ရက်ကြာပြီးနောက် ကျင်းချုံးရွှယ်သည် သင့်စီ ရောက်လာပြီး သင်သည် သူမကို မျက်နှာ အာဟာရပြုဆေး နှစ်ရာ ပေးခဲ့သည်။အပြန်အလှန် အနေဖြင့် ကျင်းချုံးရွှယ်သည် သင့်အား အဖြူရောင်အဆင့် ပစ္စည်း တစ်သိန်းမက ပြန်ပေးခဲ့သည်။]
[သို့သော် သင်သည် သရုပ်ပြခြင်း ပြုလုပ်နေဆဲ ဖြစ်သဖြင့် ထိုပစ္စည်းများသည့် သင့်အတွက် အသုံးမဝင်ပါ။ထို့ကြောင့် သင်သည် ရောင်းချခြင်းမှ ရသည့် ငွေများ အားလုံးကို ရှေ့ဖြစ်ဟော အဖွဲ့အစည်း တည်ထောင်ရာတွင် မြုပ်နှံပေးရန် တောင်းဆိုခဲ့သည်။]
[ကျင်းချုံးရွှယ်သည် နားမလည်နိုင် ဖြစ်သွားသော်လည်း သဘောတူစွာ ခေါင်းငြိမ့်ပါသည်။]
[လာမည့်လတွင် သင်သည် ကိုယ်ခန္ဓာ ကြံ့ခိုင်စေရန် နေ့စဉ် နှစ်နာရီ၊ ဆေးဝါးများ စီရင်ရန် လေးနာရီနှင့် လယ်ယာများ စိုက်ပျိုး ပြုစုရန် နှစ်နာရီ အသုံးပြုသည်။]
[တစ်လကြာပြီးနောက် သင်၏ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုအဆင့်သည် အရိုးမာကျောခြင်း ဒုတိယအလွှာသို့ မြင့်တက်သွားသည်။]
[သင်သည် လုံလောက်သော ရန်ပုံငွေများ ထည့်ဝင်ခဲ့ပြီး စီးပွားရေးတွင် အပြည့်အဝ ပါရမီရှိသည့် ကျင်းချုံးရွှယ်လိုမျိုး အမျိုးသမီးတစ်ဦး၏ အကူအညီကို ရရှိခဲ့သောကြောင့် သင်သည် ရှေ့ဖြစ်ဟော အဖွဲ့အစည်းကို တည်ထောင်နိုင်ခဲ့သည်။]
[သင်သည် ကျင်းချုံးရွှယ်ကို အဖွဲ့အစည်း၏ အမည်ခံ အကြီးအကဲအဖြစ် ဆောင်ရွက်စေပြီး သင်ကိုယ်တိုင်က နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်။]
[တစ်နှစ်တာ ကုန်လွန်ပြီးနောက် သင်၏ ခန္ဓာကျင့်ကြံခြင်း အဆင့်သည် အရိုးမာကျောခြင်း ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သည်။ထိုစဉ် သင်သည် အဆင့်မမြှင့်ရသေးသည့် ဝိဉာဉ်ဆိုင်ရာ ဆေးနှစ်မျိုးကို ထုတ်လုပ်ရာတွင် ကျွမ်းကျင်ခဲ့သည်။]
[တစ်ရက်တွင် ဝမ့်ချင်းရွှမ်သည် သင့်ထံရောက်လာပြီး လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်း အကြောင်း ပြောပြခဲ့သည်။]
[တစ်ည ကြာပြီးနောက် သူမသည် ကျောင်းမှ ထွက်လာပြီး ဆင်းသက်ဂိုဏ်းတွင် ပူးပေါင်းသွားသည်။]
[သင်သည် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ပြီး ဆေးအသစ်များကို ထုတ်လုပ်ရန် လေ့လာခဲ့သည်။အားလပ်ချိန်များတွင် ဝိဉာဉ်အပင်များ စိုက်ပျိုးရန် အသိပညာများ လေ့လာခဲ့ပြီး ဝိဉာဉ်ကြက်များကိုလည်း မွေးမြူသည်။]
[လေးနှစ်မြောက်တွင် သင်၏ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုသည် အရိုးမာကျောခြင်း နဝမအလွှာသို့ ရောက်ရှိသွားသည်။သင် ကျွမ်းကျင်သည့် သာမန်အဆင့် ဆေးများ၏ အရေအတွက်သည်လည်း ၁၅ကျော်နေပြီ ဖြစ်သည်။လီ မီးအဂ္ဂိရတ်ပညာတွင် သာမန်အဆင့် ဆေးမျိုးပေါင်း ၆၀ကျော် ရှိပြီး သင်သည် ဆက်လက် လေ့လာရန် စီစဉ်သည်။]
[သင် မွေးမြူခဲ့သော ဝိဉာဉ်ကြက်များသည်လည်း သတ္တမမျိုးဆက်သို့ ရောက်ရှိခဲ့သည်။ဝိဉာဉ်ကြက်များ၏ အသားသည် အလွန် အရသာရှိသည်။သင်သည် နေ့စဉ် ဝိဉာဉ်ကြက်ဥ တစ်လုံး၊နှစ်လုံးလောက် စားသည်။သင်သည် တစ်လလျှင် တစ်ကြိမ် သင် အာဟာရ ဖြည့်တင်းရန် ဝိဉာဉ်ကြက် တစ်ကောင် သတ်လေ့ရှိသည်။]
[ငါးနှစ်မြောက်တွင် သင်၏ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် အရိုးမာကျောခြင်း ကြီးမြတ်သော ပြည့်စုံမှုသို့ ရောက်ရှိခဲ့သည်။သို့သော် ယခင်က အတွေ့အကြုံများကြောင့် သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားကို မသောက်ရဲပါ။ထိုအစား သင်သည် တစ်ပတ်လျှင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား တစ်လုံး (သို့မဟုတ်) နှစ်လုံးကို ထုတ်လုပ်ပြီး ၎င်းတို့ကို တတ်နိုင်သမျှ မြန်မြန် အောင်မြင်သော အဆင့်သို့ ရောက်ရှိရန် မျှော်လင့်ခဲ့သည်။]
[တစ်ရက်တွင်မူ ဝမ့်ချင်းရွှမ်သည် သင့်တံခါးအပြင်သို့ ရောက်လာကာ သင့်အား ချန်ချွန်းနည်းလမ်း ပထမတစ်ဝက်ကို ပေးခဲ့သည်။သို့သော် သင်သည် လက်မခံပါ။ထို့အစား သင်သည် ဒုတိယအပိုင်းကို ရှာဖို့ရန် သူမ ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်းသာ ပြန်ပြောခဲ့သည်။]
[တစ်ညကြာပြီးနောက် သူမသည် ပြန်ထွက်သွားသည်။]
[သို့သော် သင်သည် သူမကို တားကာ အရည်အသွေးမြင့် မျက်နှာ အာဟာရပြုဆေး ဒါဇင်နှင့် လက်တလော ထုတ်လုပ်ထားသည့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားအချို့ကို ပေးလိုက်သည်။ဆေးဖက်ဝင် အာနိသင် ပြင်းထန်ကြောင်း၊ တစ်လလျှင် တစ်ကြိမ်သာ သောက်သုံးသင့်ကြောင်း၊ နာကျင်နိုင်ကြောင်း သင်သတိပေးခဲ့သည်။ နောက်ဆုံးအနေဖြင့် ဤဆေးများအကြောင်း မည်သူ့ကိုမျှ မပြောပြရန် သူမအား သင်သတိပေးခဲ့သည်။]
[ဝမ့်ချင်းရွှမ်သည် သင်၏ တောင်းဆိုချက်ကို လက်ခံကု အလျင်အမြန်ပင် ထွက်သွားသည်။]
ထိုစာကို မြင်သည့်အခါ စုရှင်းသည် ခေါင်းအသာငြိမ့်သည်။ဝမ့်ချင်းရွှမ်သည် သူ ယုံကြည်ရသော လူနည်းစုထဲမှ တစ်ဦး ဖြစ်သည်။
ဒါ့အပြင် ဝမ့်ချင်းရွှမ်သည် ကျွမ်းကျင်မာစတာအဆင့် စွမ်းအားရှင် ဖြစ်သည်။ထို့ကြောင့် သူ၏ အခြေအနေသည် အရိုးမာကျောခြင်း နယ်ပယ်သာ ရှိသေးသည့် သင့်ထပ် ပိုသန်မာသည်။ထို့ကြောင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားသည် သူမအတွက် အန္တရာယ် မရှိနိုင်ပါ။
စိတ်ပူသည့် တစ်ခုတည်းသော အရာမှာ ဝမ့်ချင်းရွှမ်က ဆေူကို ဖော်ထုတ်လိုက်မှာပင်။သို့သော် သရုပ်ပြခြင်း ဖြစ်သည့်အတွက် ဆေးအကြောင်း ဖော်ထုတ်ခံရလျှင်တောင် သိပ်ပြသာနာ မရှိပါ။
ထို့ကြောင့် ဤသည်မှာ စုရှင်း စွန့်စားထားသော ကြိုးစားမှု ဖြစ်သည်။
စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။
[နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျင်းချုံးရွှယ်၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု စွမ်းရည်၏ ကျေးဇူးဖြင့် ရှေ့ဖြစ်ဟော ကုန်သည်များ အစည်းအရုံးသည် ကြီးမားသထပ် ကြီးမားလာသည်။ဘီလီယံရာချီ နီးနီး ဝင်ငွေကောင်းလာပြီး ကျိုတိုမြို့၏ ကြယ်ပွင့်တစ်ပွင့် ဖြစ်လာသည်။]
[သင်သည် ကျင်းချုံးရွှယ်ကို ခေါ်ယူပြီး များစွာသော ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားများကို ပေးလိုက်သည်။အသုံးပြုရာတွင် သတိထားရန်လည်း မှာကြားသည်။သင်နှင့် နေ့ရက်ပေါင်းများစွာ အတူတူ ကုန်ဆုံးခဲ့ပြီးနောက် ကျင်းချုံးရွှယ်သည် ထွက်သွားခဲ့သည်။]
[ခြောက်နှစ်မြောက်တွင် သင်သည် အဂ္ဂိရတ်ပညာကို ဆက်လက် လေ့လာပြီ အမျိုးမျိုးသော ဆေးများကို ထုတ်လုပ်ရာတွင် ကျွမ်းကျင်ခဲ့သည်။သင်၏ အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှုသည်လည်း ပို၍ ပို၍ တိုးတက်လာသည်။]
[တစ်နေ့တွင် အလွန်အမင်း အံ့ဩနေသည့် ပုံစံဖြင့် ကျင်းချုံးရွှယ်သည် သင့်ထံ ရောက်လာသည်။သူမ၏ ရုပ်ပိုင်းဆိုင်ရု အခြေအနေသည် အရင်ကနှင့် ယှဉ်လျှင် များစွာ တိုးတက်လာပြီး သူမ၏ ခွန်အားသည် ၃၀ရာခိုင်နှုန်း နီးပါး တိုးတက်လာကြောင်း သင့်ကို ပြောခဲ့သည်။]
ထိုစာကို ဖတ်ပြီးနောက် စုရှင်းသည် ခေါင်းငြိမ့်သည်။ကျင်းချုံးရွှယ်သည် မှော်ဆရာဖြစ်ပြီး ကျွမ်းကျင်မာစတာအဆင့် ဖြစ်သော်လည်း သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် သင့်ထပ် များစွာ မသာလွန်ပါ။
ထို့ကြောင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားသည် သူမ၏ ခွန်အားကို သိသိသာသာ မြင့်တင်ပေးလိုက်ခြင်း ဖြစ်လိမ့်မည်။
[ကျင်းချုံးရွှယ်၏ ခွန်အား တိုးတက်လာမှုကို သင်သည် ကျေနပ်နေပြီး သူမအား ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား နောက်ထပ် တစ်ဒါဇင် ပေးခဲ့သည်။သင်သည် သူမကို အဆာခံ ဆေးပြား တစ်သောင်းလည်း ပေးခဲ့ပြီး ယင်းဆေးပြားများကို ရှားမြို့တော် စစ်တပ်၏ အကြီးအကဲ ဖြစ်သည့် လုယွမ်ဝူထံ ပေးပို့ပေးရန် ညွှန်ကြားခဲ့သည်။]
[ထိုသို့ ပြုလုပ်လျှင် သင့်ကိုယ်သင် ဖော်ထုတ်သလို ဖြစ်သွားမှာ မကြောက်ဘူးလားဟု ကျင်းချုံးရွှယ်က မေးသည်။သို့သော် သင်သည် ခေါင်းယမ်းကာ သင့်တွင် ကိုယ်ပိုင် အစီအစဉ် ရှိကြောင်း ပြောသည်။]
[ရက်အနည်းငယ် ကြာပြီးနောက် အရာရှိ လုယွမ်ဝူသည် သင့်ထံ လူကိုယ်တိုင် ရောက်လာကာ ကျင်းချုံးရွှယ်က မိတ်ဆက်ပေးခဲ့သည်။]
[လုယွမ်ဝူသည် သင့်ကို အလွန်တန်ဖိုးထားပုံရသည်။ သူသည် သင့်ကို စစ်တပ်၏ အထူးအကြံပေးအဖြစ် ငှားရမ်းလိုသည်။အထူးသဖြင့် ဤကဲ့သို့သော ဆေးများကို ၎င်းတို့အား ထောက်ပံ့ပေးစေလိုသည်။အဆာခံဆေး တစ်လုံးလျှင် အလွန်မြင့်မားသော တန်ဖိုး နှစ်သိန်းကို ပေးခဲ့သည်။]
[သင်သည် ငွေမလိုအပ်ဘဲ ပိုမြင့်သည့် အခွင့်အရေးများ လိုချင်ကြောင်း ပြောစည်။သင်သည် အကျဉ်းခန်းထဲမှ ရရှိသည့် ကိရိယာများနှင့် အချို့သော အထူးပစ္စည်းများကို ရရှိဖို့ရန် မျှော်လင့်သည်။]
[လုယွမ်ဝူသည် တုံ့ဆိုင်းသွားသည်။ သင် ထုတ်လုပ်သော အဆာခံဆေးသည် အလွန်အသုံးဝင်သော်လည်း ထိုကဲ့သို့သော အခွင့်အရေးများကို ပေးအပ်နိုင်သည့် အဆင့်ထိတော့ မရောက်ရှိသေးကြောင်း ပြောကြားခဲ့သည်။ သို့သော် သူက ကျင်းချုံးရွှယ်ကို ထောက်ထားသောအားဖြင့် သင့်အား အပိုအခွင့်အရေးအချို့ ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။]
[သင်သည် စူးစမ်းလိုသောကြောင့် ကျင်းချုံးရွှယ်နှင့် လုယွမ်ဝူတို့၏ ဆက်ဆံရေးအကြောင်း သူမအား သီးသန့်မေးမြန်းခဲ့သည်။ကျင်းချုံးရွှယ်က လုယွမ်ဝူသည် သူမ၏ အဘိုးအရင်း၊ သူမ မိခင်၏ ဖခင်ဖြစ်ကြောင်း ထုတ်ပြောခဲ့သည်။]
စုရှင်းသည် ခဏတာ ဆွံ့အသွားသည်။လုယွမ်ဝူက သူ့ကို မျက်နှာသာပေးတာ မအံ့ဩတော့ပါဘူး… ဒါက မိသားစု ဆက်ဆံရေး ကိစ္စ ဖြစ်နေတာကိုး… သူ့ရဲ့ အဘိုးအရင်းပေါ့?
…