← Chapters

တတိယအဆင့် ကုသခြင်း အစီအစဉ်၊ ကျင့်ကြံခြင်းကို အလေးပေးသော အကျဉ်းခန်းများသို့ ဝင်ရောက်ခြင်း!

Vol. 3 Ch. 35

တတိယအဆင့် ကုသခြင်း အစီအစဉ်၊ ကျင့်ကြံခြင်းကို အလေးပေးသော အကျဉ်းခန်းများသို့ ဝင်ရောက်ခြင်း!

Vol. 3 Ch. 35

စုရှင်းသည် စဉ်းစားလိုက်သည်။လုယွမ်ဝူ၏ အပြုအမူများအရ သူသည် အတော်အတန် တရားမျှတသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်မှာ သေချာသည်။

ထို့ပြင် လုယွမ်ဝူသည် ကျင်းချုံးရွှယ်၏ အဘိုးဖြစ်သောကြောင့် သူနှင့်လည်း တစ်နည်းတစ်ဖုံ ဆက်စပ်နေသည်။

စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[သင်သည် များစွာ‌သော ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားမျညးကို ထုတ်ကာ လုယွမ်ဝူကို ပေးလိုက်သည်။မာစတာအဆင့်အထက် ကျွမ်းကျင်ပညာရှင်များ၏ စွမ်းရည်များကို တိုးမြှင့်ပေးနိုင်သည့် ဤဆေးများကို သင်ကိုယ်တိုင် ထုတ်လုပ်ခဲ့ကြောင်း သူ့ကို ပြောပြလိုက်သည်။]

[လုယွမ်ဝူသည် သံသယ တစ်စွန်းတစ်စဖြင့် ဆေးများကို လက်ခံလိုက်သည်။အကျဉ်းခန်းထဲတွင် စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သည့် ပစ္စည်းများ ရှိသော်လည်း ထိုပစ္စည်းများသည် အလွန်တန်ဖိုးကြီးပြီး အလွန်ရှားပါးကြောင်း သူပြောသည်။ သင်၏ဆေးများသည် သင်ပြောသကဲ့သို့ အံ့ဖွယ်အစွမ်းထက်ပါက သင်သည် ကြီးမားသော အကျိုးပြုမှုတစ်ခုကို ပြုလုပ်ရာရောက်လိမ့်မည်။ စိတ်ချရစေရန်အတွက် လုယွမ်ဝူသည် ဆေးများကို ရှားစစ်တပ်သို့ ပြန်ယူသွားခဲ့သည်။]

[ယခင်က သင်ရရှိထားသော အချက်အလက်များအရ ဤ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားများကို ခြောက်လကြာ ပုံမှန် သောက်သုံးလျှင် မာစတာအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုပင် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်စေနိုင်ကြောင်း သိသည့်အတွက် သင်သည် စိုးရိမ်ပူပန်ခြင်းမရှိခဲ့ပါ။]

[တစ်လတာ ကုန်ဆုံးသွားပြီးနောက် သင်သည် အိပ်ဆောင်တွင် အနားယူနေစဉ် ရုတ်တရက် ရဟတ်ယာဉ် အသံကို ကြားလိုက်ရသည်။]

[လက်နက်များ အပြည့်အဝ တပ်ဆင်ထားသော အထူးတပ်ဖွဲ့ဝင် အများအပြားသည် လေယာဉ်များမှ ဆင်းသက်လာကြသည်။၎င်းတို့အားလုံးသည် ကျွမ်းကျင်မာစတာအဆင့် သို့မဟုတ် ယင်းအထက်ရှိ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။]

[သူတို့သည် သင်၏ အဆောင်ဆီသို့ ဦးတည်လာကြသည်။ယင်းတို့ထဲတွင် လုယွမ်ဝူလည်း ပါဝင်သည်။]

[လုယွမ်ဝူသည် စိတ်လှုပ်ရှားနေသည့်ပုံ ပေါ်သည်။သူသည် ဦးစွာ စစ်သားများကို အဆောင်တစ်ခုလုံးကို ဝိုင်းရံစေပြီး မည်သူမျှ ချဉ်းကပ် မလာစေရန် စောင့်ကြည့်ခိုင်းသည်။ထို့နောက် သင့်အား ရဟတ်ယာဉ်ပေါ်သို့ ဖိတ်ခေါ်ခဲ့သည်။]

[လုယွမ်ဝူ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို သင်ခန့်မှန်းမိသည်။ သေချာသည်မှာ သူသည် သင်၏ဆေးများက လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးကြောင်း တိုက်ရိုက်ပြောကြားကာ သင်မည်မျှ ထောက်ပံ့ပေးနိုင်ကြောင်း မေးမြန်းလိမ့်မည်။]

[အမှန်တကယ်တွင် နှစ်ပေါင်းများစွာကြာအောင် သင် ထုတ်လုပ်ထားသည့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားပေါင်း တစ်ထောင်ကျော် ရှိသည်။သို့သော် သင်သည် ယင်းတို့ကို တစ်ခါတည်း အကုန်ပေးလိုက်ရန် ရည်ရွယ်ချက် မရှိပါ။ထို့အပြင် သင်၏ အဂ္ဂိရတ်ပညာသည်လည်း များစွာ တိုးတက်လာခဲ့ပြီး တစ်နေ့လျှင် သုံးနာရီ တစ်ကြိမ် ဆေးပြားဆယ်ပြား ထုတ်လုပ်နိုင်ခဲ့သည်။]

[ထို့ကြောင့် သင်သည် ခန့်မှန်းခြေ အနည်းဆုံး ပမာဏကို ပေးခဲ့သည်။လုယွမ်ဝူအား တစ်ပတ်လျှင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား ငါးဆယ်ခန့် ထောက်ပံ့ပေးနိုင်ကြောင်း ပြောခဲ့သည်။]

[ထိုစကားကို ကြားသည့်အခါ လုယွမ်ဝူသည် အပျော်လွန်သွားသည်။တစ်ပါတ်ကို ဆေး၅၀ဆိုလျှင် တစ်လလျှင် ဆေးပြားနှစ်ရာ ဖြစ်သည်။]

[စစ်တပ်၏ ပြည်တွင်းကျွမ်းကျင်သူများရဲ့ ခန့်မှန်းချက်အရ ပျမ်းမျှအားဖြင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား၅ပြားသည် မာစတာအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ စွမ်းအားကို ငါးဆယ်ရာခိုင်နှုန်းထိ တိုးမြှင့်ပေးနိုင်သည်။ဆိုလိုသည်မှာ ၎င်းတို့သည် ကျွမ်းကျင်မာစတာအဆင့် အကျဉ်းခန်းများကို ပထမဆုံးအကြိမ် အဖြစ် အောင်မြင်စွာ ချေမှုန်းနိုင်ပြီး ကျွမ်းကျင်မာစတာအဆင့် ပညာရှင်များ ဖြစ်လာနိုင်ခြေ မြင့်မားသည်!]

[ထို့ကြောင့် စုရှင်းက တစ်လလျှင် ဆေးပြား နှစ်ရာ ထောက်ပံ့ပေးခြင်းသည် ၎င်းတို့အနေဖြင့် ငါးလလျှင် ကျွမ်းကျင်မာစတာအဆင့် ပညာရှင် နှစ်ရာကို ဖန်တီးနိုင်သည်ဟု ဆိုလိုသည်! ၎င်းသည် ရှားမြို့တော်၏ စစ်တပ်တစ်ခုလုံး သာမက လူသားမျိုးနွယ် တစ်ခုလုံး၏ တိုက်ခိုက်ရေး စွမ်းအားကို ကြီးမားစွာ မြှင့်တင်ပေးနိုင်သည်!]

[လုယွမ်ဝူသည် သင့်အား ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားများကို ထုတ်လုပ်ပေးနိုင်သရွေ့ ရှားမြို့တော် တတိယအဆင့် ရာထူး၏ အခွင့်အရေးများကို ပေးအပ်မည်ဖြစ်ကြောင်း လေးလေးနက်နက် ပြောကြားခဲ့သည်။]

[သင်သည် လုယွမ်ဝူအား တတိယအဆင့် ရာထူးတွင် ပါဝင်သည့် အခွင့်အ‌ရေးများကို မေးမြန်းခဲ့ရာ ရှားနိုင်ငံတစ်ခုလုံးတွင် လူရာဂဏန်း အနည်းငယ်သာ ထိုကဲ့သို့ အဆင့်အတန်းကို ခံစားခွင့်ရကြောင်း၊ သူကိုယ်တိုင်ပင် ဒုတိယအဆင့် ရာထူးကိုသာ ရရှိထားကြောင်း သင့်အား ပြောပြခဲ့သည်။]

[တတိယအဆင့် ရာထူး၏ အခွင့်အ‌ရေးများ အကြောင်း သင်သည် ထပ်မံ စုံစမ်းမေးမြန်းရာ လုယွမ်ဝူက သင်သာ ပါဝင်လိုလျှင် သင့်အတွက် အထူးလေ့ကျင့်ရေး အစီအစဉ်တစ်ခုကို စီစဉ်ပေးမည်ဖြစ်ပြီး နိုင်ငံတော်သည်လည်း သင့်အား လေ့ကျင့်ပေးရာတွင် ကုန်ကျမည့် မည်သည့် ကုန်ကျစရိတ်ကိုမျှ တွန့်တိုမည်မဟုတ်ဘဲ သင်၏ လုံခြုံရေးကိုလည်း အပြည့်အဝ အာမခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။]

စုရှင်းသည် မျက်ခုံး ပင့်လိုက်သည်။ဤတတိယအဆင့် ရာထူး၏ အခွင့်အရေးသည် ဆွဲဆောင်မှုရှိသလိုပင်။

“ဒါပေမဲ့... ဒါက သရုပ်ပြခြင်းမှာပဲ စမ်းကြည့်ဖို့ ကောင်းမှာ။တကယ့်ကမ္ဘာမှာ ဆိုရင်တော့ ကိုယ့်ကိုယ်ကို မဖော်ထုတ်တာ ပိုကောင်းတယ်” ဟု သူတွေးလိုက်သည်။

စုရှင်းသည် ထိုကဲ့သို့သော အခွင့်အရေးများက မည်သည့် အကျိုးကျေးဇူးများကို ယူလာနိုင်ကြောင်း သိချင်သည့်အတွက် သဘောတူလိုက်ရန် ဆန္ဒရှိနေသည်။

[သင်သည် လုယွမ်ဝူ၏ တောင်းဆိုချက်ကို သဘောတူခဲ့ပြီး လုယွမ်ဝူသည်လည်း အလွန်ဝမ်းသာအားရ ဖြစ်သွားသည်။ သင်သည် ငယ်ရွယ်သော ပါရမီရှင်တစ်ဦး ဖြစ်နေသည့်အတွက် လုံခြုံရေး အပြည့်အဝ အာမခံထားသည့် စစ်ဘက်နယ်မြေသို့ ပြောင်းရွှေ့လိုပါသလားဟု သူက မေးမြန်းခဲ့သည်။]

[သင်သည် ချုပ်နှောင်ခံရသည့် ခံစားချက်ကို မနှစ်သက်သောကြောင့် ငြင်းဆိုခဲ့ပြီး ကျန်းနန် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွင်ပင် ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သည်။လုယွမ်ဝူသည် သင်၏ ဆုံးဖြတ်ချက်ကို သဘောတူကာ သင့်အား နာရီတိုင်းတွင် လျှို့ဝှက်စွာ ကာကွယ်ပေးနိုင်ရန် ကောင်းကင်ဘုံ ဘုရင်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကို တာဝန်ပေးအပ်ထားမည် ဖြစ်ကြောင်း၊သူတို့ထံ မည်သည့် တောင်းဆိုမှုမဆို ပြုလုပ်နိုင်ကြောင်း ပြောကြားခဲ့သည်။]

[သင်သည် စဉ်းစားပြီး စာရင်းတစ်ခု ရေးလိုက်သည်။ထိုစာရင်းတွင် အဂ္ဂိရတ်၏ အခြေခံ ပစ္စည်းများကို ရေးထားသည်။ထိုပစ္စည်းများသည် သာမန်ဆိုသော်ငြား ရာစုနှစ်နဲ့ချီတဲ့ ဂျင်ဆင်း၊ ရာစုနှစ်နဲ့ချီတဲ့ ရှောက်ရွက်လှော်မြစ်နဲ့ အနည်းဆုံး အနှစ် ၂၀ ကျော်တဲ့ ဟွမ်ကျင်းတို့လိုမျိုး ပိုပြီး သက်တမ်းရင့်တဲ့ ပစ္စည်းများကို သင် တောင်းဆိုခဲ့သည်။]

[ယင်းဆေးပင်တွေက ဈေးထဲမှာတွေ့ရတဲ့ သာမန်အပင်တွေထက် ပိုပြီး တန်ဖိုးကြီးသည်။ အကယ်၍ သင်က ယင်းအပင်များကို ဝိဉာဉ်စိုက်ခင်းတွင် စိုက်လျှင် ဝိညာဉ်စွမ်းအင်ကို ပိုမြန်မြန် စုပ်ယူပြီး ဝိဉာဉ်ဆေးပင်များအဖြစ် ကြီးထွားလာနိုင်သည်။]

[လုယွမ်ဝူက စာရင်းကို ယူပြီး သူ့နောက်လိုက်တွေကို သိုလှောင်ရေးစခန်းမှ ပစ္စည်းများ သွားယူပေးရန် အမိန့်ပေးလိုက်သည်။နေ့တစ်ဝက်ထဲနှင့် သင် တောင်းထားသည့် ဆေးမြစ်များ အားလုံး စုဆောင်းပြီးသွားသည်။]

[အဲ့ဒီနောက်မှာ သင်သည် လုယွမ်ဝူအား ကျင့်ကြံခြင်းနှင့် ဆက်စပ်သည့် အကျဉ်းခန်းများ အကြောင်း သိသလားဟု မေးလိုက်သည်။လုယွမ်ဝူသည် ခေါင်းငြိမ့်ကာ သူလည်း ထိုသို့သော အကျဉ်းခန်းများ ကြားဖူးကြောင်း ပြောသည်။သင်သည် အလွန်ဝမ်းသာသွားပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။ထိုအခါ လုယွမ်ဝူက ကျင့်ကြံခြင်း အကျဉ်းခန်းနှင့် ပတ်သက်သည့် အချက်အလက်များကို အလျင်အမြန် စုဆောင်းပြီး သင့်ကို ပေးခဲ့သည်။]

စုရှင်းသည် ခဏ မှင်သက်သွားပြီးနောက် သူ၏မျက်နှာတွင် ပျော်ရွှင်ခြင်းများ ဖုံးလွှမ်းသွားသည်။

သူ ထင်ထားသလိုပင် ကျင့်ကြံခြင်း အကျဉ်းခန်းမှ “ဝိဉာဉ်စိုက်ခင်း မြင့်မြတ်သော မြေ”ထပ်မက ပိုကောင်းသည့် အရာများ ရရှိနိုင်သည်။ချင်းယွင်ကျီ ပြောပြခဲ့သော ချင်းယန်ဂိုဏ်းနှင့် ချင်းယန်နယ်ပယ်သည် ထိုအချက်ကို အကောင်းဆုံး သက်သေပြနေပေသည်။စုရှင်းသည် သက်ပြင်းချကာ သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေသည်။

“မြှုပ်နှံထားသည့် သရုပ်ပြခြင်း လုပ်ဆောင်ချက်ကို စတင်ပါ!”

[ဒင်၊ မြှုပ်နှံထားသည့် သရုပ်ပြခြင်း လုပ်ဆောက်ချက်အတွက် တစ်နာရီလျှင် စွမ်းအင် တစ်သိန်းမှတိ ကုန်ကျပါမည်။ဆက်လက် လုပ်ဆောင်လိုပါသလား?]

ယင်းကို မြင်သည့်အခါ စုရှင်းသည် နှုတ်ခမ်းကိုက်လိုက်သည်—တစ်နာရီလျှင် တစ်သိန်းဟူသော ဈေးသည် အလွန်ပင် များသည်။

သို့သော် မြှုပ်နှံထားသည့် သရုပ်ပြခြင်းက အာ့ဈေးနဲ့ ထိုက်တန်တာလည်း ဖြစ်နိုင်တာဘဲ။

သရုပ်ပြခြင်း၏ လုပ်ဆောင်ချက် အသစ်များရဲ့ ဖော်ပြချက်အရ မြှုပ်နှံထားသည့် သရုပ်ပြခြင်းက သရုပ်ပြခြင်း အတွင်းရှိ မြင်ကွင်းများကို အပြည့်အဝ ကြည့်ရှုနိုင်စေပြီး အသက်အန္တရာယ်လည်း မရှိပါ။

မြှုပ်နှံထားတဲ့ သရုပ်ပြခြင်းကို တစ်နာရီဘဲ လုပ်ဆောင်မည်ဆိုလျှင်တောင် ထိုအချိန်အတွင်း အကျဉ်းခန်းထဲရှိ အချက်အလက်များ အားလုံးကို သူ မှတ်သားနိုင်ပါသည်။

စုရှင်းအတွက်တော့ ကျင့်ကြံခြင်း အကျဉ်းခန်း တစ်ခု၏ တန်ဖိုးသည် စွမ်းအင် တစ်သိန်းမက တန်ပါသည်။

“ဆက်လက် လုပ်ဆောင်ပါ!”

[ဒင်၊ သင်သည် တစ်နာရီကြာ မြှုပ်နှံထားသည့် သရုပ်ပြခြင်းကို လုပ်ဆောင်ရန်အတွက် စွမ်းအင် တစ်သိန်းမှတ် အသုံးပြုလိုက်ပါသည်။သင့်တွင် စွမ်းအင် ၄သိန်း၇သောင်း ကျန်ရှိပါသည်…]

စုရှင်း၏ စိတ်ထဲတွင် အသိပေးချက် ထွက်လာသည်နှင့်အမျှ သူ့အမြင်အာရုံတွေ လူးလွန့်သွားတာကို သူခံစားလိုက်ရသည်။

နောက်တစ်စက္ကန့် အကြာမှာတော့ စုရှင်းသည် သူ၏ အဆောင်ထဲမှာပဲ ရှိနေတုန်းပါ။ သူဟာ မှန်ထဲကို သေချာ ကြည့်လိုက်သောအခါ သူ၏ပုံစံက လုံးဝပြောင်းလဲသွားတာကို တွေ့လိုက်ရပြီး အဆောင်မှာလည်း အတူနေတဲ့သူ တစ်ယောက်မှ မရှိ။ သူဟာ အဆောင်မှာ တစ်ယောက်တည်းနေနေပုံရသည်။

အဲဒီအချိန်မှာပင် “အထူးလျှို့ဝှက်ချက်”ဟု တံဆိပ်တပ်ထားသည့် စာရွက်စာတမ်းတစ်ခုသည် စုရှင်း၏ လက်ထဲမှာ ပေါ်လာသည်။

“ဒါက မြှုပ်နှံထားတဲ့ သရုပ်ပြခြင်းလား? တကယ်ကြီး…လက်တွေ့မှာ ဖြစ်နေသလို ခံစားရတာဘဲ!”

စိတ်လှုပ်ရှားမှုကြောင့် စုရှင်း၏ နှလုံးခုန်သံများ မြန်လာသည်။သူ့လက်ထဲရှိ စာရွက်စာတမ်းကို ဖွင့်ကြည့်ရန် မစောင့်နိုင် ဖြစ်နေခဲ့သည်။

သို့သော် ပထမ စာမျက်နှာကို ဖွင့်လိုက်ချင်းပင် အနီရောင်မျဉ်း တားထားသည့် သတိပေးချက် ရှိနေသည်။

“သတိပြုပါ! သတိပြုပါ! ကျင့်ကြံခြင်း အကျဉ်းခန်းများသည် အလွန်အန္တရာယ်များပါသည်။ကျွမ်းကျင် မာစတာအဆင့် အောက်ရှိသူများအား စူးစမ်းလေ့လာရန် အကြံပြုထားခြင်းမရှိပါ။အကျဥ်းခန်းများတွင် ‘ဒဏ္ဍာရီအဆင့်’ သို့မဟုတ် ‘သူတော်စင်အဆင့်’ ရှိသည်ဟု ယူဆသော NPC များ ပါဝင်နိုင်သည်။ ဤအကျဥ်းခန်းများကို စူးစမ်းလေ့လာသောအခါ အနည်းဆုံး ကောင်းကင်ဘုံ ဘုရင်အဆင့်ရှိ ကျွမ်းကျင်ပညာရှင် ငါးဦးပါဝင်သော အဖွဲ့နှင့် သိုင်းပညာ ဧကရာဇ်အဆင့်ရှိ အင်အားကြီးသူတစ်ဦး ဦးဆောင်ရန် အကြံပြုအပ်ပါသည်!”

မိုးခြိမ်းသံ ထွက်ပေါ်လာသည်!

ထိုစာကြောင်းကို ဖတ်ပြီးပြီးချင်း ကျင့်ကြံခြင်း အကျဉ်းခန်းများသည် သူထင်ထားသလောက် မရိုးရှင်းမှန်း စုရှင်း သဘောပေါက်သွားသည်။

…

All Chapters