အရေးကြီးသော ဉာဏ်ပညာ၊ ကျင့်ကြံသူ သုံးဦး အကျဉ်းခန်းသို့ ဝင်ရောက်ခြင်း!
Vol. 3 Ch. 36
ထိုစဉ် ဘာတွေ ဆက်ဖြစ်မည် ဆိုတာကို စုရှင်း သတိပြုမိသွားသည်။
ကျင့်ကြံခြင်းကို အဓိကထားသည့် ထောင်တွေဟာ အတော်ကြာကတည်းက ရှိနေခဲ့တာ ဖြစ်နိုင်ပေမယ့် အရင်တုန်းက စုရှင်း၏ သရုပ်ပြခြင်းအဆင့်မှာ အရမ်းနိမ့်ခဲ့သည့်အတွက် ယခုလို အဆင့်မြင့်သော ဉာဏ်ရည်နှင့် အချက်အလက်များကို သူ မရရှိခဲ့တာ ဖြစ်နိုင်ပါသည်။
“ဖြစ်နိုင်တာက သရုပ်ပြခြင်းထဲမှာ ငါ့ရဲ့တန်ဖိုးကို သက်သေပြဖို့ ငါ ကြိုးစားနိုင်တာဘဲ… အဲဒီနည်းနဲ့ ငါ နောက်ထပ် အချက်အလက်တွေကို ရနိုင်မယ်၊ ပြီးတော့ ဒီလိုသာဆိုရင် လက်တွေ့ကမ္ဘာမှာ ငါ ဘယ်အန္တရာယ်နဲ့မှ ကြုံတွေ့ရမှာ မဟုတ်တော့ဘူး”
စုရှင်းသည် အကြံတစ်ခု ရသွားသည်။
သရုပ်ပြခြင်းထဲတွင် အန္တရာယ်များကို ပိုမို ခံနိုင်ရည် ရှိသော်ငြား လက်တွေ့တွင်မူ သတိထားတာ အကောင်းဆုံး ဖြစ်သည်။
“အရင်ဆုံး လက်ထဲက အချက်အလက်တွေကို ကြည့်ရအောင်”
စုရှင်းသည် နောက်တစ်မျက်နှာရှိ အချက်အလက်များကို လှန်ကြည့်လိုက်သည်။
စုရှင်း မျက်စိရှေ့ရှိ ပထမဆုံး အကျဉ်းခန်းသည် သွေးနတ်ဆိုး လိုဏ်ဂူ ဖြစ်သည်။
[အကျဉ်းခန်း နာမည်]: သွေးနတ်ဆိုး လိုဏ်ဂူ
[ခက်ခဲမှု]: ကြယ်လေးပွင့်
[သတိပြုရန်]: ဤအကျဥ်းခန်းသည် အလွန် အန္တရာယ်များသော အဆင့် ဖြစ်သည်။ကောင်းကင်ဘုံ ဘုရင်အဆင့်ရှိ ကျွမ်းကျင်ပညာရှင် ခုနစ်ဦးနှင့် သိုင်းပညာ ဧကရာဇ်အဆင့်ရှိ ကျွမ်းကျင်ပညာရှင် နှစ်ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
[အကျဉ်းခန်း မိတ်ဆက်]: အကျဉ်းခန်းထဲသို့ ပထမဆုံး ဝင်ရောက်ချိန်မှာ ကျွမ်းကျင်ပညာရှင်တွေဟာ သွေးနတ်ဆိုးဂိုဏ်းလို့ သိကြတဲ့ ဂိုဏ်းတစ်ခုအနီးကို ကျပန်း ရောက်ရှိကြလိမ့်မည်။ရောက်တာနဲ့ မြောက်ဘက်ကို ချက်ချင်းထွက်ပြေးဖို့ အကြံပြုလိုပါတယ်။အဘယ့်ကြောင့်ဆိုသော် အနောက်တောင်ဘက် အရပ်ဟာ သွေးနတ်ဆိုးဂိုဏ်းရဲ့ အဓိကစခန်းကို ဦးတည်နေလို့ပါ။ဒီဂိုဏ်းဝင် အားလုံးကို “ကျင့်ကြံသူများ”ဟု သိကြပြီး သူတို့ရဲ့ အင်အားတွေက အမျိုးမျိုး ကွဲပြားကြသည်။သို့သော် အားအနည်းဆုံး သူတွေတောင် မာစတာအဆင့်နဲ့ နီးစပ်တဲ့ အင်အားရှိကြပြီး အချို့ဆို ကောင်းကင်ဘုံ ဘုရင်အဆင့်ရှိ အင်အားကြီးသူတွေကိုပင် ချက်ချင်း သတ်ပစ်နိုင်စွမ်း ရှိကြသည်။ ဒါ့အပြင် ဒီအကျဥ်းခန်းထဲမှ သွေးနတ်ဆိုးဂိုဏ်း၏ တပည့်များသည် သတ်ဖြတ်မှုကို နှစ်သက်ကြပြီး ရောက်ရှိလာသည့် ကျွမ်းကျင်ပညာရှင် အားလုံးကို လိုက်လံဖမ်းဆီးကြလိမ့်မည်။သူတို့သည် ကျွမ်းကျင်ပညာရှင်များ၏ တည်နေရာကို ခြေရာခံနိုင်သော အထူးနည်းလမ်းတွေ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
[ထပ်ပေါင်း အချက်အလက်များ]: ယနေ့အထိ ထိုအကျဥ်းခန်းကို နှစ်ကြိမ် စူးစမ်းလေ့လာခဲ့ပြီး စုစုပေါင်း ကျွမ်းကျင်ပညာရှင် ၁၃၇ ဦး ဝင်ရောက်ခဲ့သည်။ တစ်ဦးတည်းသာ လွတ်မြောက်၍ ပြန်လာနိုင်ခဲ့သည်။ ဤထောင်ကို စူးစမ်းလေ့လာရန် အလွန်ခက်ခဲသောကြောင့် အကြံပြုလိုခြင်းမရှိပါ။
[ပထမဆုံး မှတ်တမ်းတင်သည့်ရက်စွဲ]: ၁၉၇၈ခုနှစ်၊ ဧပြီ ၂၆ရက်။
[သတင်းအချက်အလက် ပံ့ပိုးသူ]: ရှန်းစု
အကျဉ်းခန်း၏ မိတ်ဆက်ကို ဖတ်ပြီးနောက် စုရှင်း၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
ယင်းသည် စူးစမ်းလေ့လာဖို့ရန် မသင့်တော်သည့် အကျဉ်းခန်း ဖြစ်ကြောင်း ထင်ရှားသည်။
အနည်းဆုံးတော့ စုရှင်း၏ လက်ရှိအဆင့်နှင့် စူးစမ်းလေ့လာရန် လုံးဝ မကိုက်ညီပါ။အဘယ့်ကြောင့်ဆိုသော် သိုင်းပညာ ဧကရာဇ်အဆင့်ရှိ ကျွမ်းကျင်ပညာရှင်တွေတောင် ဒီထောင်ထဲမှာ သေဆုံးနိုင်တဲ့ အန္တရာယ်ရှိနေပြီး စုရှင်းသည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်က အသေးစား ကျင့်ကြံသူ တစ်ယောက်သာ် ဖြစ်သည့်အတွက် အဲ့ဒီအထဲကို သွားဖို့ရန် မသင့်တော်ပါ။
ဒါ့အပြင် စုရှင်း၏ အကဲဖြတ်ချက်အရ သွေးနတ်ဆိုးဂိုဏ်းဟာ နတ်ဆိုးကိုးကွယ်သည့် ဂိုဏ်းတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ထို့ကြောင့်ပင် သူတို့ဟာ အကျဉ်းခန်းထဲသို့ ဝင်လာသည့် ကျွမ်းကျင်ပညာရှင်များကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ဖြစ်သည်။
ဒါ့အပြင် အကျဉ်းခန်းကို ပထမဆုံး စူးစမ်းလေ့လာခဲ့သည်မှာ ၁၉၇၈ခုနှစ်က ဖြစ်ပြီး နှစ်ပေါင်း သုံးဆယ်ကျော်ပင် ကြာခဲ့ပြီ ဖြစ်သည်။
ခေတ်သစ် ၁၉၇၈ ခုနှစ်မှာဖြစ်ပြီး အဲဒါဟာ နှစ်ပေါင်းသုံးဆယ်ကျော် ကြာခဲ့ပြီလို့ ဆိုလိုတာပဲ။
အဲဒီလောက် ကြာတဲ့ ကာလအတွင်းမှာ လူသားများ စူးစမ်းလေ့လာတာ နှစ်ကြိမ်သာ ရှိခဲ့ခြင်းမှာ အသေအပျောက်များခြင်းကို သက်သေပြနေသည်။ထို့ကြောင့်ပင် ရှားနိုင်ငံ၏ အထက်အဆင့် အရာရှိများက ဆက်လက် စူးစမ်းလေ့လာရန် မလုပ်တော့ခြင်း ဖြစ်သည်။
“သွေးနတ်ဆိုး လိုဏ်ဂူ၊ မစူးစမ်းသင့်တဲ့ အကျဉ်းခန်းဘဲ…”
စုရှင်းသည် ခေါင်းကို အသာယမ်းကာ နောက်အကျဉ်းခန်း တစ်ခု၏ နာမည်ကို ဖတ်ကြည့်လိုက်သည်။
[အကျဉ်းခန်း အမည်]: လောထျန်း အဆင့်မြင့် ညီလာခံ
[ခက်ခဲမှု]: ကြယ်နှစ်ပွင့်
[သတိပြုရန်]: ဤ အကျဉ်းခန်းသည် အသက်အန္တရာယ် မရှိပါ။သို့သော် ရရှိမည့် ဆုလာဘ်များသည် အလွန် နည်းသည်။
[အကျဉ်းခန်း မိတ်ဆက်] - ဤအကျဥ်းခန်းသည် အချိန်ကာလ တစ်ခုသို့ ပြန်လည် ရောက်ရှိမည့် အမျိုးအစား ဖြစ်ပြီး တစ်ကြိမ်လျှင် ကျွမ်းကျင်ပညာရှင် တစ်ဦးသာ ဝင်ရောက်နိုင်သည်။ ဝင်ရောက်လာသော ကျွမ်းကျင်ပညာရှင်တိုင်းသည် အကျဉ်းခန်းတွင်းရှိ ကျင့်ကြံသူများက သတ်မှတ်ထားသည့် လောထျန်းပြက္ခဒိန် ၇၂၆၆ခုနှစ် ဇန်နဝါရီလ ၁ ရက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ထိုနေ့သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော လောထျန်း အဆင့်မြင့် ညီလာခံ ကျင်းပသည့်နေ့လည်း ဖြစ်သည်။ကျွမ်းကျင်ပညာရှင်များသည် လောရှောင်ချွမ် အမည်ရှိ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် အမြဲတစေ ပြောင်းလဲ ဝင်ရောက်ရမည် ဖြစ်ပြီး ထိုနေ့တွင် သူကြုံတွေ့ရသမျှ အရာအားလုံးကို ခံစားရမည်ဖြစ်သည်။ဝင်ရောက်လာသော ကျွမ်းကျင်ပညာရှင်များသည် မှတ်ဉာဏ်များမှလွဲ၍ မည်သည့်အရာကိုမျှ အကျဥ်းခန်း အပြင်သို့ ယူဆောင်သွားနိုင်မည် မဟုတ်ပါ။
[နောက်ထပ် အချက်အလက်များ] - ဤအကျဥ်းခန်းအား စူးစမ်းလေ့လာခဲ့သည့် လက်ရှိအရေအတွက်မှာ ၁၀၇၅၈ ကြိမ် ဖြစ်သည်။
[ပထမဆုံး မှတ်တမ်းတင်သည့် ရက်စွဲ]: ၁၆၈၈ခုနှစ်၊ မေလ၄ရက်။
[မှတ်တမ်းတင်သူ]:
စုရှင်းသည် အောက်ကို ဆက်ကြည့်လိုက်သည့် အခါတွင် မှတ်တမ်းတင်သူပေါင်း များစွာ၏ အမည်များကို တွေ့ရသည်။အောက်ဆုံးတွင်မူ များစွာသော ကျင့်ကြံသူများသည် အကျဉ်းခန်းနှင့် ပတ်သက်သည့် သူတို့၏ မှတ်ဉာဏ်များကို ရေးသားထားကြသည်။
ကျွမ်းကျင်ပညာရှင် အများအပြားဟာ “စမ်းကြည့်တာပေါ့” ဒါမှမဟုတ် “ငါကံကောင်းတဲ့လူ ဖြစ်နိုင်တာဘဲ” ဆိုသည့် အတွေးများနှင့် ဒီအကျဥ်းခန်းထဲသို့ ဝင်သွားကြသော်လည်း မည်သည့် သဲလွန်စကိုမှ ရှာဖွေတွေ့ရှိဖို့ မအောင်မြင်ခဲ့ကြပါ။
"အချိန်ကွင်းဆက် ဖြစ်နေတဲ့ အကျဥ်းခန်း တစ်ခုလား?”
စုရှင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ထိုကဲ့သို့သော အကျဥ်းခန်းမျိုးကို သူ အနည်းငယ် မှတ်မိနေသောကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အကျဥ်းခန်း တစ်ခုထဲသို့ ဝင်ရောက်ခြင်းသည် အရေးကြီးသော အခိုက်အတန့်တစ်ခုကို အဓိကထား၍ သတ်မှတ်ထားသော အချိန်တစ်ခုကိုပင် ထပ်ခါတလဲလဲ ကြုံတွေ့ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ပစ္စည်းတွေကို ပြန်ယူလို့ မရနိုင်ဟု ဖော်ပြထားသည့် သတိပြုရန် အချက်ကိုမူ စုရှင်းသည် ဂရုမစိုက်ပါ။
မည်သို့ပင်ဆိုစေ ပစ္စည်းတွေအပြင် အကျဉ်းခန်းထဲသို့ ဝင်ရောက်ခြင်းမှ ရရှိသည့် အချက်အလက်များသည် စုရှင်းအတွက် အလွန်ပင် အရေးကြီးနိုင်သည်။
“ဒီစာရွက်စာတမ်းမှာ အဲဒီနေရာရဲ့ တည်နေရာကို ဖော်ပြမထားတာက နှမြောစရာပဲ၊ မဟုတ်ရင် ငါ အချိန်ပေးပြီး သွားကြည့်မိမှာ…”
စုရှင်းသည် နောက်ပိုင်းတွင် လုယွမ်ဝူကို ထိုအကျဉ်းခန်း၏ တည်နေရာကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်မျက်နှာကို လှန်လိုက်သည့်အခါ စုရှင်းသည် တတိယမြောက် အကျဉ်းခန်းကို တွေ့ခဲ့သည်။
[အကျဉ်းခန်း နာမည်]: နေဝင်ဆည်းဆာခေတ် (ရှန်းဝူနှစ်)
[ခက်ခဲမှု]: ကြယ်တစ်ပွင့်
[သတိပြုရန်]: ဤ အကျဉ်းခန်းတွင် အင်အားအကြီးဆုံး သူများသည် မာစတာ အဆင့်သာ ရှိသည်။မာစတာအဆင့် ဒါမှမဟုတ် ယင်းအထက်ရှိ ကျွမ်းကျင်ပညာရှင် နှစ်ယောက် (သို့မဟုတ်) နှစ်ယောက်ထပ် ပိုပြီး ပါဝင်လျှင် လုံခြုံပါသည်။
[အကျဉ်းခန်း မိတ်ဆက် တစ်]: ဤအကျဉ်းခန်း၏ အချိန်ကာလသည် ‘လေ့ကျင့်သူများခေတ်ရဲ့ အဆုံးသတ်’ ဖြစ်ပြီး သမိုင်းဆိုင်ရာ အချက်အလက် အကျဉ်းချုပ်တွေအရ နှစ်ထောင်ပေါင်းများစွာ ကြာသည့်အခါ သဘာဝ၏ ဝိဉာဉ်စွမ်းအင်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ‘ဝိညာဉ်ကျောက်’ ဟုခေါ်တ
သည့် ကျင့်ကြံရေး အထောက်အကူပစ္စည်းများ မရှိတော့သည့်အတွက် ထိုနေရာရှိ ကျင့်ကြံသူ အားလုံးနီးပါးသည် ချီသန့်စင်ခြင်း နယ်ပယ်တွင်သာ ရှိကြသည်။ကျင့်ကြံသူ ဦးရေမှာလည်း ထင်မှတ်မထားလောက်အောင်ပင် နည်းပါးပြီး လူတစ်သောင်းမှာ တစ်ယောက်သာ ရှိသည်။
[အကျဉ်းခန်း မိတ်ဆက် နှစ်]: အစောပိုင်း စူးစမ်းလေ့လာမှု အဆင့်တွေမှာတော့ ဒီနယ်မြေခံတွေဟာ သိုင်းပညာကိုသာ တတ်မြောက်သည်ဟု ကျွန်ုပ်တို့သည် ရိုးရှင်းစွာ ထင်ခဲ့ကြသည်။သို့သော် တဖြည်းဖြည်းနှင့် အဆက်အသွယ်များ ရရှိလာပြီး ဤနယ်မြေတွင် အဓိက ဂိုဏ်းကြီး သုံးခု ဖြစ်သည့် လွင့်မျောဘဝ ဂိုဏ်း၊ ရွှမ်ဟန်ဂိုဏ်း၊ ချန်ချွန်းဂိုဏ်းတို့သည် ရှေးခေတ်အခါက ကျင့်ကြံသူများ၏ အငွေ့အသက်တွေ ရှိခဲ့ပြီး အချို့သော ကျင့်ကြံရေး နည်းလမ်းများကိုလည်း ထိန်းသိမ်းထားကြောင်း သိရှိခဲ့သည်။ယင်းဂိုဏ်းများမှ အဆင့်မြင့်ဆုံးများသည် သိုင်းပညာ၏ ကြီးမြတ်သော ကျွမ်းကျင် မာစတာအဆင့်သာ ရှိပြီး ကျင့်ကြံခြင်း၏ မာစတာအဆင့် ကျွမ်းကျင်ပညာရှင်များနှင့် အကြမ်းဖျင်းအားဖြင့် တူညီသည်။
[အကျဉ်းခန်း မိတ်ဆက်သုံး]: ဤနယ်မြေကို စူးစမ်းလိုလျှင် ရွှမ်ဟန်ဂိုဏ်းသို့ ဝင်ရောက်နိုင်ပါသည်။ထိုဂိုဏ်းတွင် ရှားနိုင်ငံ၏ စစ်တပ်အတွက် လျှို့ဝှက်စုံစမ်းရေးသမား အဖြစ် တာဝန် ထမ်းဆောင်နေသည့် ပညာရှင် ၁၆ယောက် ရှိသည်။ယင်းပညာရှင်များသည် ထိုဂိုဏ်းတွင် တစ်နှစ်ပတ်လည်လုံး အခြေစိုက်ထားသည်။
[ဖြည့်စွက်]: လက်ရှိအချိန်အထိ ဤနယ်မြေကို စူးစမ်းလေ့လာခဲ့သည့် အရေအတွက်မှာ ၃၆၇,၆၈၉ ကြိမ် ရှိပါသည်။”
[ပထမဆုံး မှတ်တမ်းတင်သည့် ရက်စွဲ]: ၁၉၅၆ခုနှစ်၊ ဇူလိုင်လ၄ရက်။
[မှတ်တမ်းတင်သူ]:
အကျဉ်းခန်း၏ မိတ်ဆက်ကို ဖတ်ရှုပြီးနောက် စုရှင်း၏ မျက်လုံးများ အရောင်တောက်လာသည်။ယင်းအကျဉ်းခန်းသည် သူ စုံစမ်းရန် အသင့်တော်ဆုံး ဖြစ်သည်မှာ သေချာသည်။
‘နေဝင်ဆည်းဆာ ခေတ်’ဟု ခေါ်ဝေါ်ကြသော်လည်း ဝိညာဉ်စွမ်းအင် အရင်းအမြစ်တွေ တဖြည်းဖြည်း ကုန်ခမ်းသွားသည့်အပြင် ကျင့်ကြံရေး အရင်းအမြစ်များ မရှိတော့သည့်အတွက် ကျင့်ကြံသူ အများစု၏ ကျင့်ကြံရေး အဆင့်များသည် အလွန် နိမ့်ကျပါသည်။
သို့သော် ဤနယ်မြေသည် စုရှင်းကို ကျင့်ကြံရေး လောကအကြောင်း ပိုမို နားလည်နိုင်စေပြိး ဤနယ်မြေထဲရှိ ကျင့်ကြံရေး နည်းလမ်း အချို့ကိုပင် သူ ရရှိနိုင်သေးသည်!
ဒီ့ထပ် ပိုအရေးကြီးသည်မှာ ယင်းနယ်မြေထဲရှိ ဂိုဏ်းတစ်ခုသည် စုရှင်း၏ စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။
“ချန်ချွန်းဂိုဏ်း…ချန်ချွန်းနည်းလမ်းနဲ့များ ဆက်စပ်နေလောက်မလား?”
စုရှင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်; ဆင်းသက်ဂိုဏ်းမှ ချန်ချွန်းနည်းလမ်းသည် ဤအကျဉ်းခန်းမှ ရရှိခဲ့ခြင်း ဖြစ်နိုင်လောက်လား။
စုရှင်းသည် နာရီကို ကြည့်လိုက်သည်။လက်ရှိ မြှုပ်နှံထားသည့် သရုပ်ပြခြင်း ပြီးဆုံးရန် နာရီဝက်ပင် မကျန်တော့ပါ။
စုရှင်းသည် ကျန်ရှိသော ကျင့်ကြံခြင်းဆိုင်ရာ အကျဉ်းခန်းများကို အလျင်အမြန် လေ့လာပြီးနောက် သူ၏ဖုန်းကို ထုတ်ကာ လုယွမ်ဝူကို ဆက်လိုက်သည်။
“ဟဲလို စုရှင်း၊ လိုအပ်တာများ ရှိလို့လား?”ဖုန်း၏ အခြားတစ်ဖက်မှ လုယွမ်ဝူ၏ အသံသည် ထွက်ပေါ်လာသည်။
စုရှင်းသည် ဝေ့ဝိုက်မနေတော့ဘဲ ဒဲ့တိုးပြောလိုက်သည်။
“လု…ခေါင်းဆောင်၊ကျွန်တော် ကျင့်ကြံခြင်းဆိုင်ရာ အကျဉ်းခန်း နှစ်ခုဖြစ်တဲ့ နေဝင်ဆည်းဆာခေတ် အကျဥ်းခန်းနဲ့ လောထျန်း မြင့်မြတ်သော ညီလာခံ အကျဉ်းခန်းတို့ရဲ့ တည်နေရာကို မေးချင်လို့ပါ!”
…