ဆေးအသစ်၊ အနှစ်သာရ အားဖြည့်ဆေး!
Vol. 3 Ch. 37
ဖုန်းတစ်ဖက်မှ လုယွမ်ဝူသည် ခဏမျှ ငေးငိုင်သွားပြီးနောက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောသည်။
“အဲ့ဒီ အကျဉ်းခန်းတွေရဲ့ တည်နေရာကို ကျွန်တော် ပေးနိုင်ပါတယ်။ဒါပေမယ့် လောထျန်း မြင့်မြတ်သာ ညီလာခံကတော့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ပိတ်သွားပြီ။ဘယ်သူမှ ဝင်လို့မရတော့ဘူး”
ထိုစကားကို ကြားသည့်အခါ စုရှင်းသည် အံ့အားသင့်သွားပြီး ချက်ချင်းပင် တစ်စုံတစ်ခုကို သတိရသွားသည်။
သရုပ်ပြခြင်းတွင် လွန်ခဲ့သည့် သုံးနှစ်က ဖြစ်ပေါ်ခဲ့လျှင် လက်တွေ့ကမ္ဘာတွင် လောထျန်း မြင့်မြတ်သော ညီလာခံ အကျဥန်းခံ ပိတ်သမ်းရန် သုံးနှစ် အချိန်ရသေးသည်ဟု ဆိုလိုသည်။
စုရှင်းသည် ထိုအကျဉ်းခန်းကို လေ့လာရန် အခွင့်အရေး ရှိသေးသည်။
ထို့ကြောင့် စုရှင်းက ပြောလိုက်သည်:
“ပိတ်သွလည်း ကိစ္စမရှိပါဘူး။ အကျဉ်းခန်း နှစ်ခုလုံးရဲ့ တည်နေရာကိုသာ ကျွန်တော့်ကို ပို့ပေးပါ!”
ထိုအခါ လုယွမ်ဝူသည် ခေါင်းငြိမ့်ကာ ထပ်မံ သတိပေးလိုက်သည်။
“ရပါတယ်။ဒါပေမယ့် အဲ့ဒီ အကျဉ်းခန်းတွေရဲ့ မူလအင်အားက သိပ်မသန်မာပေမယ့် မင်းအတွက်တော့ အန္တရာယ် ရှိနိုင်တယ်။မင်းနဲ့အတူ ကောင်းကင်ဘုံ ဘုရင်အဆင့် စွမ်းအားရှင် နှစ်ယောက်လောက် ခေါ်သွားရင် အကောင်းဆုံးဘဲ!”
ထိုအခါ စုရှင်းသည် သဘောတူကာ ဖုန်းချလိုက်သည်။
ခဏအကြာတွင် လုယွမ်ဝူသည် အကျဉ်းခန်း နှစ်ခု၏ တည်နေရာကို ပို့ပေးခဲ့သည်။
ထိုအရာကို မြင်သည့်အခါ စုရှင်းသည် ကျေနပ်နေခဲ့သည်။
တိုက်ဆိုင်သည်မှာ အကျဉ်းခန်း နှစ်ခုစလုံးသည် ကျိုတိုမြို့ထဲမှာပဲ တည်ရှိသည်။စုရှင်းသာ အချိန်ရလျှင် ထိုအကျဉ်းခန်းထဲသို့ ဝင်ရောက်ရန် သေချာပေါက် ကြိုးစားနိုင်သည်။
သို့သော် ယင်း အကျဉ်းခန်းများသည် စုရှင်းအတွက် အန္တရာယ် အနည်းငယ်တော့ ရှိနိုင်သေးသည် ဖြစ်သောကြောင့် သူ၏ ကျင့်ကြံခြင်း အဆင့် မြင့်တက်သွားမှ ဝင်ရောက်ခြင်းသည် ပို၍ကောင်းမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
လျင်မြန်စွာပင် အချိန် တစ်နာရီ ကုန်ဆုံးသွားခဲ့ကာ မြှုပ်နှံထားသည့် သရုပ်ပြခြင်းလည်း ပြီးဆုံးသွားသည်။စုရှင်း၏ အသိစိတ်သည် လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာသည်။
လက်တွေ့ကမ္ဘာ။
စုရှင်းသည် သူ၏ အိပ်ဆောင်ထဲတွင် လဲလျောင်းရင်း ကိုလာတစ်ခွက်ကို ယူကာ တစ်ငုံ သောက်လိုက်သည်။အရာအားလုံးသည် အိပ်မက်တစ်ခု ကဲ့သို့ပင် ခံစားလိုက်ရသည်။
“မြှုပ်နှံထားသော သရုပ်ပြခြင်း…ဘယ်လောက်ကောင်းတဲ့ အတွေ့အကြုံလဲ! အတွင်းကျကျ သိမြင်မှုနဲ့ သတင်းအချက်အလက်တချို့ ရယူဖို့ သေချာပေါက် အခွင့်အရေးကောင်းတစ်ခုပဲ…”
စုရှင်းသည် သက်ပြင်းချလိုက်သည်။သူ၏ အာရုံများကို ပြန်လည် စုစည်းရန် အချိန် ခဏတာ ကြာမြင့်ခဲ့သည်။
သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းကာ သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။
[သင်၏ အိပ်ဆောင်ထဲတွင် သင်သည် လုယွမ်ဝူထံမှ အကျဉ်းခန်း နှစ်ခု၏ တည်နေရာကို ရရှိခဲ့သည်။]
[သင်သည် ကောင်းကင်ဘုံ ဘုရင်အဆင့် စွမ်းအားရှင် နှစ်ဦးကို ခေါ်လိုက်ပြီး ဆေးများ ဖော်စပ်နေချိန်တွင် တိတ်ဆိတ်နေဖို့ လိုကြောင်း ပြောသည်။မည်သူမှ မနှောင့်ယှက်ရန်နှင့် အဆောင်နားတွင်ပင် မနေရန် မှာခဲ့သည်။]
[သူတို့ နှစ်ဦးသည် သင့်အား လေးလေးစားစား ဆက်ဆံပြီး တုံ့ဆိုင်းစွာပင် ခေါင်းငြိမ့် သဘောတူလိုက်ပါသည်။]
[အနားတွင် သင့်ကို မည်သူမှ မစောင့်ကြည့်တော့တာ သေချာသွားသည့်အခါ သင်သည် ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ဝင်ရောက်ခဲ့သည်။]
[သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားကို ထုတ်လုပ်ရန် နှစ်နာရီကြာ အချိန်ယူခဲ့ပြီး အားလပ်ချိန်တွင် ကျင့်ကြံခဲ့သည်။]
[သင်သည် သင်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို မြင့်တင်ရန် နေ့စဉ် ဝိဉာဉ်ဆန်များနှင့် ဝိဉာဉ်ကြက်ဥ အမြောက်အမြားကို စားသုံးခဲ့သဖြင့် သင်၏ ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် လျင်မြန်စွာ မြင့်တက်လာသည်။ဒါ့အပြင် သင်သည် ကျင့်ကြံခြင်းအတွက် နာရီပေါင်းများစွာ ဝိဉာဉ်ကျောက်တုံးကို အသုံးပြုခဲ့သည်။]
[ခုနစ်နှစ်မြောက်တွင် သင်၏ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုသည် အရိုးမာကျောခြင်း ကြီးမြတ်သော ပြည့်စုံမှုသို့ ရောက်ရှိခဲ့သည်။သို့သော် သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှုသည် အုတ်မြစ် တည်ထောင်ခြင်း ကြီးမြတ်သော ပြည့်စုံမှု အဆင့်တွင်သာ ရှိသေးသည်။]
[ရှစ်နှစ်မြောက်တွင် သင်သည် ဝီရိယရှိရှိ လေ့ကျင့်ခဲ့သည့်အတွက် သင်၏ ကျင့်ကြံခြင်းသည် သိသာထင်ရှားလာသည်။သို့သော် သင့်ခန္ဓာကိုယ်ထဲရှိ ဝိဉာဉ်စွမ်းအင်သည် ရွှေအဆင့်သို့ ရောက်ရှိရန် မလုံလောက်သေးပါ။]
[ကိုးနှစ်မြောက်တွင်၊ သင်သည် အရည်အသွေးနိမ့် အနှစ်သာရ အားဖြည့်ဆေးဟု ခေါ်သည့် ဆေးတစ်မျိုးကို ဖော်စပ်ရန် ကြိုးစားခဲ့သည်။ ၎င်းဆေးသည် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံကို အားကောင်းစေရုံသာမက ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်ကို သန့်စင်စေသည့် ထူးခြားသော အာနိသင်လည်းရှိသည်။ရွှေအဆင့်သို့ ရောက်ရှိရန် သင့်အား ကူညီပေးနိုင်သည်။]
[အနှစ်သာရ အားဖြည့်ဆေးကို ဖော်စပ်ရန် အနှစ်သာရ အားဖြည့်သည့် ဆေးဖက်ဝင် အပင်သည် ရှားပါးသည်။ကံကောင်းသည်မှာ သင်သည် ထိုအပင်များကို ကြိုတင် စိုက်ပျိုးထားသည့်အတွက် ဆေးကို ဖော်စပ်ရန် ကြိုးစားနိုင်ခဲ့သည်။]
[အဆင့် မသတ်မှတ် ရသေးသော ဆေးအမျိုးအစားပေါင်း ဆယ်ခုကျော်နှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားကို ဖော်စပ်သည့် နည်းလမ်းများအား ကျွမ်းကျင်ပြီး ဖြစ်သောကြောင့် သင်သည် အဂ္ဂိရတ် နယ်ပယ်တွင် အစပြုသူ တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။ထို့ကြောင့် အနှစ်သာရ အားဖြည့်ဆေးကို ဖော်စပ်သည့် နည်းလမ်းတွင်လည်း သင်သည် လျင်မြန်စွာ တိုးတက်ခဲ့သည်။]
[သင်သည် နေ့စဉ် ရှားနိုင်ငံ စစ်တပ် ပေးအပ်သည့် တာဝန် ပြီးမြောက်ရန် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေးပြားကို နှစ်နာရီကြာ ထုတ်လုပ်ခဲ့သည်။နောက်ထပ် နှစ်နာရီကိုမူ ကျင့်ကြံခြင်းအတွက် အသုံးပြုခဲ့သည်။သင်၏ ကျန်ရှိသော အချိန်များ အားလုံးနီးပါးကိုမူ အနှစ်သာရ ဖြည့်စွက်ဆေး ဖော်စပ်ရန် အသုံးပြုခဲ့သည်။]
[ပထမလတွင် သင်သည် အနှစ်သာရ အားဖြည့်ဆေးကို စုစုပေါင်း ၂၈ကြိမ် ထုတ်လုပ်ခဲ့ပြီး တစ်ကြိမ်သာ အောင်မြင်ခဲ့သည်။ကျန်သည့် ၂၇ကြိမ်မှာ ရှုံးနိမ့်ခဲ့သည်။]
[တတိယလတွင်မူ သင်သည် ယုံကြည်ချက် မပျောက်ဘဲ ပို၍ပင် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။သင်သည် နောက်ထပ် အကြိမ်၃၀ ထုတ်လုပ်ရာတွင် ၅ကြိမ်မှာ အောင်မြင်ခဲ့သည်။]
[ဆဌမလတွင် သင်သည် အနှစ်သာရ အားဖြည့်ဆေးကိုသာ ဆက်လက် ဖော်စပ်ခဲ့သည်။သင်၏ အောင်မြင်မှုနှုန်းသည်လည်း ၅၀ရာခိုင်နှုန်း အထိ မြင့်တက်လာသည်။ဆယ်ကြိမ်ထုတ်လုပ်တိုင်း ငါးကြိမ်မှာ အောင်မြင်သည်။]
[ကံဆိုးသည်မှာ သင်သည် လအနည်းငယ်အတွင်း အနှစ်သာရ အားဖြည့်ဆေးကို ဆက်တိုက် ဖော်စပ်ခဲ့သည့်အတွက် သင့်မှာရှိသည့် အနှစ်သာရ အားဖြည့်ဆေးပင်များ ကုန်သွားခဲ့သည်။ထို့ကြောင့် သင်သည် ဆေးကို ဆက်လက် ဖော်စပ်၍ မရတော့ပါ။]
[ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော ခြောက်လအတွင်း သင်သည် သင်၏ဝိညာဉ်စွမ်းအင်ကို သန့်စင်ရန် လုံလောက်သော အနှစ်သာရ အားဖြည့်ဆေးများကို စုဆောင်းထားခဲ့သည့်အတွက် သင်၏ ကျင့်ကြံမှုသည် ရွှေအဆင့်သို့ ရောက်ရှိနိုင်သည်ဟု သင်သည် အပြည့်အဝ ယုံကြည်ထားသည်။]
[သို့သော် သင်သည် ရွှေအဆင့်သို့ တိုက်ရိုက် မရောက်ရှိလိုပါ။ထိုသို့ရောက်လျှင် အားအနည်းဆုံး ရွှေအဆင့်သာ ရလိမ့်မည်။ချန်ချွန်းနည်းလမ်း၏ ပြောကြားချက်အရ ရွှေအဆင့်တွင် အဆင့်နိမ့် ရွှေအဆင့်၊ အလယ်အလတ် ရွှေအဆင့်နှင့်၊ အထက်အဆင့် ရွှေအဆင့်ဟူ၍ သုံးမျိုးရှိသည်။]
[ထို့ကြောင့် သင်သည် သင့်ခန္ဓာကိုယ် အတွင်းရှိ ဝိဉာဉ်စွမ်းအင်များကို ဆက်တိုက် သန့်စင်ရင်း စုဆောင်းရန် စတင်ခဲ့သည်။ဖြစ်စဉ် တစ်ခုလုံးသည် အလွန်အမင်း နာကျင်သည်။သို့သော် ခင်ဗျား၏ စိတ်ပိုင်းဖြတ်မှုသည်လည်း ခိုင်မာလှသည်။သင်သည် အံကြိတ်ရင်း တောင့်ခံခဲ့သည်။]
[ဆယ်နှစ်မြောက်တွင် နှစ်ပေါင်းများစွာ ကြာပြီးနောက် သင်သည် သင့်ခန္ဓာကိုယ်ထဲရှိ ဝိဉာဉ်စွမ်းအင်ကို သန့်စင်ရတာ ပင်ပန်းလာခဲ့သည်။သင်၏ ဝိဉာဉ်စွမ်းအင်၏ အရည်အသွေးသည် ပို၍ ပို၍ သန့်စင်လာသည်ကို သင် ခံစားမိသည်။ထို့ကြောင့် သင်သည် အနှစ်သာရ အားဖြည့်ဆေးကို သောက်ဖို့ရန် ကြိုးစားသည်။]
[လီ မီးအဂ္ဂိရတ်တွင် ဖော်ပြထားသည့် အတိုင်းဆိုလျှင် အနှစ်သာရ အားဖြည့်ဆေးသည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားနှင့် မတူပါ။ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားသည် ပိုပြင်းထန်ပြီး ကြမ်းတမ်းသည့် အတွက် ခန္ဓာကိုယ် ခံနိုင်ရည် မလုံလောက်သည့် ကျင့်ကြံသူများကို ခန္ဓာကိုယ်ပျက်စီးခြင်း သို့မဟုတ် သေဆုံးသည်အထိ အန္တရာယ် ရှိနိုင်သည်။သို့သော် အနှစ်သာရ အားဖြည့်ဆေးသည် ပိုပျော့သည့်အတွက် ချီသန့်စင်ခြင်း နယ်ပယ်မှ ကျင့်ကြံသူများပင် ဘေးထွက်ဆိုးကျိုး မရှိဘဲ သောက်သုံးနိုင်သည်။]
[သင်သည် သင်ကိုယ်တိုင် ပြုလုပ်ထားသည့် ကျောက်စိမ်းဘူး တစ်ခုကို ထုတ်လိုက်သည်။ယင်းသည် ဆေးများ၏ အာနိသင်ကို ပို၍ ကြာရှည်ခံစေပြီး အာနိသင် လျော့ကျသွားမှုကိုလည်း နှေးကွေးစေသည်။ထိုဘူးထဲတွင် သင် လပေါင်းများစွာ ကြိုးစား ထုတ်လုပ်ပြီး စုဆောင်းထားသည့် အနှစ်သာရ အားဖြည့်ဆေး ရာကျော် ရှိသည်။]
[သင်သည် ဆေးတစ်ပြားကို ထုတ်ကာ မျိုချလိုက်သည်;ယင်း၏ အာနိသင်သည် အမှန်တကယ်ပင် ပျော့သည်။သင်၏ ခန္ဓာကိုယ်အတွင်း နူးညံ့သော လှိုင်းတစ်ခု စီးဆင်းသွားသည်။သင်၏ ဝိဉာဉ်စွမ်းအင်ကို လေနုအေးက စဉ်ဆက်မပြတ် သန့်စင်ပေးနေကာ ဝိဉာဉ်စွမ်းအင်များ ပို၍ ပို၍ စုစည်းလာခဲ့သည်။]
[အနှစ်သာရ အားဖြည့်ဆေးပြား၏ စွမ်းအားကို နာရီပေါင်းများစွာ စုပ်ယူပြီးနောက် သင်သည် ခန္ဓာကိုယ်တွင်းရှိ အပြောင်းအလဲများကို ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။ သင်၏ ဝိညာဉ်စွမ်းအင် စုစုပေါင်း ပမာဏသည် တစ်ရာခိုင်နှုန်းခန့် တိုးလာကြောင်းနှင့် သင်၏ ဝိညာဉ်စွမ်းအငိ အရည်အသွေးသည်လည်း တစ်ရာခိုင်နှုန်း တိုးတက်လာကြောင်း သင်တွေ့ရှိခဲ့သည်။]
[အလွန်ပင် ဝမ်းသာသွားကာ သင်သည် နောက်သုံးလအထိ နေ့စဉ် အနှစ်သာရ အားဖြည့်ဆေးပြား တစ်ပြားစီ သောက်ခဲ့သည်။သင်၏ ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်သည် အဆုံးမရှိ စဉ်ဆက်မပြတ် လည်ပတ်နေသည်ဟု ခံစားရပြီး သင်၏ မနောဓာတ်သည်လည်း ယခင်ကထက် နှစ်ဆကျော် ပိုမို အားကောင်းလာခဲ့သည်။ သင်၏ ကျင့်ကြံမှု အဆင့်သည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းနယ်ပယ်၏ ပြီးပြည့်စုံသော အဆင့်တွင် ရှိနေသေးသော်လည်း သင်၏ ခွန်အားသည် အနည်းဆုံး နှစ်ဆ တိုးလာခဲ့သည်။]
စုရှင်းသည် ဤအရာကို မြင်သောအခါ အံ့အားသင့်စွာ ရပ်တန့်သွားသည်—ကျင့်ကြံမှုအဆင့် တူတူဘဲကို ခွန်အားတင် အဆပေါင်းများစွာ တိုးလာတယ်!
“ငါ့ရဲ့ ယခင် ကျင့်ကြံခြင်းက မလုံလောက်သေးတဲ့ပုံဘဲ။မျှော်လင့်ထားသလိုပါဘဲ၊ နောက်ထပ် ကျင့်ကြံဖို့ လိုသေးတယ်…”
“ဒါပေမယ့် အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် ပြီးပြည့်စုံသော အဆင့်က ငွေအဆင့် ပညာရှင်တွေထပ်တော့ အဆပေါင်းများစွာ သာတာဘဲ…ခုဆို ငါ့ခွန်အားကလည်း အဆပေါင်းများစွာ မြင့်တက်လာပြီဆိုတော့ ရွှေအဆင့် ပညာရှင်တွေနဲ့ ယှဉ်လို့ရပြီဆိုတဲ့ အဓိပ္ပာယ်ဘဲ မလား?”
တွေးရင်းဖြင့် စုရှင်းသည် သူ ရွှေအဆင့်သို့ ရောက်ရှိချိန်၌ သာမန်မာစတာ အဆင့် ပညာရှင်နှင့်ပင် တန်းတူ ဖြစ်တော့မည် ဖြစ်ကြောင်း သတိပြုမိသွားသည်။ထို့နောက် သူသည် မှော်ပညာများ ဆုတ်ယုတ်တော့မည့် ခေတ်၏ အကျဉ်းခန်းတွင် အပြည့်အဝ စူးစမ်းနိုင်ပေတော့မည်။
စုရှင်း၏ နှလုံးခုန်သံများ မြန်လာပြီး သူသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။
[ဆယ့်နှစ် နှစ်မြောက်တွင် နောက်ထပ် ၂နှစ်တာ ကျင့်ကြံပြီးနောက် သင်၏ ကျင့်ကြံမှုသည် ပို၍ အခြေတည်လာခဲ့ပြီး ရွှေအဆင့်သို့ မကြာမီ ရောက်ရှိတော့မည်ဟု ခံစားလာရသည်။]
…