← Chapters

လူသားမျိုးနွယ် အမြစ်ဖြတ် ချေမှုန်းခံရတော့မည်!

Vol. 3 Ch. 38

လူသားမျိုးနွယ် အမြစ်ဖြတ် ချေမှုန်းခံရတော့မည်!

Vol. 3 Ch. 38

[သို့သော် သင်သည် ရွှေအမြုတေ နယ်ပယ်သို့ ရောက်ရှိရန် မရွေးချယ်ပါ။သင့်ခန္ဓာကိုယ် အတွင်းရှိ ဝိဉာဉ်စွန်းအင်၏ အရည်အသွေးသည် များစွာ မြင့်တင်ရန် လိုနေသေးသည့်အတွက် သင်သည် ကျင့်ကြံခြင်း အဆင့်ကိုသာ ဆက်လက် မြင့်တင်သည်။]

[ဆယ့်သုံးနှစ်မြောက်တွင်မူ သင် ယခင်က နောက်တစ်ကြိမ် စိုက်ပျိုးခဲ့သည့် အနှစ်သာရ အားဖြည့်ပင်များသည် ထပ်မံ ရင့်မှည့်လာခဲ့သည်။သင်လည်း အနှစ်သာရ အားဖြည့်ဆေးကို ထပ်မံ ဖော်စပ်ခဲ့သည်။]

[အနှစ်သာရ အားဖြည့်ဆေး တစ်ရာကျော်ကို ထုတ်လုပ်ရန် သုံးလပင် ကြာခဲ့သည်။]

[သင်သည် နှစ်များစွာ စုဆောင်းလာခဲ့သည့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား နှစ်ထောင်ကျော်ကို လုယွမ်ဝူထံ ချက်ချင်း ပေးခဲ့ပြီး သင့်ကို မည်သူ တစ်ဦးတစ်ယောက်မှ မနှောင့်ယှက်ရန်လည်း ပြောခဲ့သည်။]

[ပြင်ဆင်မှုများ အားလုံး ပြီးသွားသည့်အခါ သင်သည် ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ဝင်ရောက်သည်။]

[ဆယ့်လေးနှစ်မြောက်၌ သင်သည် တောထွက်ကာ တရားကျင့်ကြံတာ ခြောက်လပင် ပြည့်ခဲ့သည်။သင်သည် သက်ကယ်အိမ်ထဲတွင် ထိုင်နေကာ ကြွယ်ဝသော ဝိဉာဉ်စွမ်းအင်များသည် သင့်ခန္ဓာကိုယ်တွင်း၌ အလျင်မပြတ်သည့် စမ်းချောင်းငယ် တစ်ခုအသွင် ဆက်တိုက် စီးဆင်းနေသည်။]

[သင်၏ ခန္ဓာကိုယ်တွင် ဝိဉာဉ်စွမ်းအင်များသည် စီးဆင်းနေသော မြစ်ချောင်းများကဲ့သို့ ပြည့်ဝနေခဲ့သည်။သင့်ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများကို ဖြတ်သွားချိန်တိုင်း နွေးထွေးသော နေရောင်ခြည်အလား ခံစားလိုက်ရသည်။]

[သင်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်သည် ရက်ပြီးလ၊ လပြီးနှစ် အဆက်မပြတ် ဖိသိပ် စုစည်းလာခဲ့သည်။ သင်သည် ကျောက်တုံးတစ်ခုကဲ့သို့ ငြိမ်သက်စွာ ထိုင်နေပြီး ကမ္ဘာကြီးတစ်ခုလုံးသည် သင့်အတွက် အရေးမပါသကဲ့သို့ ဖြစ်နေသည်။ သင်၏ စိတ်အာရုံ အလုံးစုံသည် မဆုတ်မနစ်သော ဝိညာဉ်စွမ်းအင်၏ လှိုင်းထန်မှု၌သာ ရှိနေသည်။]”

[သင်သည် ဤအရာမှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းမှ ရွှေအူတိုင် နယ်ပယ်သို့ တက်လှမ်းရန် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း၊ သင်၏ ကြိုးစားအားထုတ်မှုများ အကျိုး ခံစားရတော့မည့် အချိန်ဖြစ်ကြောင်း သိရှိခဲ့သည်။]

[ထိုအချိန်တွင် သင်သည် ရက်ပေါင်းများစွာ အစာနှင့်ရေကို ရှောင်ရှားကာ ကျင့်ကြံနေခဲ့သည်။ သင်၏ ခန္ဓာကိုယ်သည် နွမ်းနယ်နေသော်လည်း သင်၏စိတ်ဝိညာဉ်သည် တဖြည်းဖြည်း ပိုမို လန်းဆန်း တက်ကြွလာခဲ့သည်။ သင်သည် သွားများကို တင်းတင်းကြိတ်ကာ သည်းခံခဲ့ပြီး ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် လမ်းညွှန်ကာ သင်၏ အဓိကသွေးကြောများကို သန့်စင် စေခဲ့သည်။]”

[အဆုံးတွင် နေသာပြီး လေပြေညင်းများ တိုက်ခတ်နေသည့် မနက်ခင်းတစ်ခု၌ သင်သည် အောင်မြင်တော့မည်ဟု ခံစားလိုက်ရသည်။]

[မကြာမီတွင် သင်၏ ခန္ဓာကိုယ်အတွင်းမှ ဖျော့တော့သော ရွှေရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်သို့ ထိုးတက်ကာ ဝိညာဉ်စိုက်ခင်းကောင်းချီးခံ နယ်မြေတစ်ခုလုံးကို ထွန်းလင်းစေခဲ့သည်။]”

[သင်၏ နှလုံးသားထဲတွင် မိုးကြိုးပစ် သကဲ့သို့ နက်ရှိုင်းသော ခံစားမှုတစ်ခု ပေါ်ပေါက်လာပြီး သင်၏ ဝိဉာဉ်ဓာတ်စီသို့ ဦးတည်သွားသည်—ယင်းမှာ ရွှေအမြုတေ နယ်ပယ်၏ စွမ်းအား ဖြစ်သည်။ဆယ်နှစ်ကျော် ကြိုးစားပြီးနောက် သင်သည် ရွှေအမြုတေ နယ်ပယ်သို့ ရောက်ရှ်ိခဲ့သည်။]

စုရှင်းသည် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ တစ်ကိုယ်တည်း ရေရွတ်သည်။ခဏတာ အိပ်မက်တစ်ခု အလား။

“ဒါက…ရွှေ အမြုတေ နယ်ပယ်လား?”

ဆိုရိုးတစ်ခု ရှိတယ်လေ၊ ဟုတ်တယ်မလား? ‘ရွှေအူတိုင် နယ်ပယ်ကို ရောက်ရှိပြီးနောက် ကံကြမ္မာကို အမိန့်ပေးသူသည် ငါသာ ဖြစ်သည်။ ကောင်းကင်ဘုံမဟုတ်!’

ဤ သရုပ်ပြခြင်း ပြီးဆုံးသည်နှင့် တပြိုင်နက် စုရှင်းသည် လုံလောက်သော အရင်းအမြစ်များ ရှိသည်ဖြစ်ရာ ရွှေအူတိုင်အဆင့်ကို ချက်ချင်း ရရှိလိမ့်မည်!

စုရှင်းသည် သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

[သင်သည် ရွှေအူတိုင်အဆင့် ဘုန်းကြီးသော ကျင့်ကြံသူ တစ်ဦး ဖြစ်လာကာ သင်၏ ခွန်အားသည် အဆမတန် မြင့်တက်လာသည်။]

[သင်၏ တိတ်တဆိတ် ကျင့်ကြံခြင်းသည်လည်း ပြီးဆုံးသွားခဲ့ပြီး အပြင်လောကသို့ ပြန်လည် ရောက်ရှိလာသည်။သင်သည် ကျင့်ကြံခြင်းမှ ထွက်လာသည်ကို သိရှိသည့်အခါ ရှားနိုင်ငံ စစ်တပ်၏ အထက်ပိုင်း အရာရှိများသည် အလွန် ဝမ်းမြောက်ကာ ချက်ချင်းဆိုသလိုပင် သင့်ကို လာရောက် ရှာဖွေကြသည်။]

[သင့်ကို လာတွေ့သည့် ပုဂ္ဂိုလ်မှာ စိတ်ထား ကောင်းမွန်ပြီး ကျင်းချုံးရွှယ်၏ အဘိုးဖြစ်သူ လုယွမ်ဝူသာ ဖြစ်သည်။]

[သင်သည် သတိပေးခံရပြီး အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။]

[လုယွမ်ဝူသည် ရှေ့တန်း စစ်မြေပြင်တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ နတ်ဆိုး နှိမ်နင်းရေးတံခါးသည် မည်သည့်အချိန်တွင်မဆို ဖောက်ထွင်းခံရနိုင်ကြောင်း၊ ကျင်းချုံးရွှယ်ပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ဖြစ်ကြောင်း၊ ယခုအခါ အထူးဇုန်များတွင် ထုတ်လုပ်သော အနာကုသဆေးများ၏ အရေအတွက်မှာလည်း လျော့နည်းလာကာ ရှေ့တန်းမှ စစ်သည်ရဲမက်များအတွက် လုံလောက်မှု မရှိတော့ကြောင်း သင့်အား ပြောပြခဲ့သည်။]”

[သင်သည် ဤအကြောင်းကို ကြားသောအခါ တိတ်ဆိတ်သွားခဲ့သည်။ သားရဲများ၏ တိုက်ခိုက်မှုကြောင့် ရှားနိုင်ငံတစ်ခုလုံး ပျက်စီးခြင်းသို့ ရောက်ရန် တစ်နှစ်တောင် မကျန်တော့ကြောင်း သင် သိထားသော်လည်း၊ သင်၏ ကြိုးပမ်းအားထုတ်မှုများဖြင့် နတ်ဆိုး နှိမ်နင်းရေးတံခါးအား သားရဲများ ဖောက်ထွင်းမည့်အချိန်ကို နောက်ဆုတ်၍ ရနိုင်မလား မျှော်လင့်ချက်ဖြင့် သင်သည် ကြိုးစားကြည့်လိုသေးသည်။]

[အဘယ့်ကြောင့်ဆိုသော် ယခင် သရုပ်ပြခြင်း အတွေ့အကြုံအရ၊ ဆယ့်လေးနှစ်မြောက်တွင် နတ်ဆိုး နှိမ်နင်းရေးတံခါးသည် ဖောက်ထွင်းခံရသင့်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ယခုအကြိမ်တွင်မူ ရှေ့တန်းသည် နောက်ထပ် တစ်နှစ်ခွဲကြာသည်အထိ ခုခံနိုင်ခဲ့သည်။အကြောင်းရင်းမှာ ဤနှစ်များအတွင်း လူသားမျိုးနွယ်အတွက် ဆေးအမြောက်အမြားကို ထောက်ပံ့ပေးခဲ့သောကြောင့် ဖြစ်နိုင်သည်။]”

[လွန်ခဲ့သော ဆယ်စုနှစ်ကျော်အတွင်း သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား သောင်းချီ ထုတ်လုပ်ခဲ့ပြီး လူသားမျိုးနွယ်အတွက် ကျွမ်းကျင် မာစတာအဆင့် ကျင့်ကြံသူ နှစ်ထောင်နီးပါးကို မွေးထုတ်ပေးခဲ့သည်။ကျွမ်းကျင်မာစတာအဆင့် ကျင့်ကြံသူများသည် အမြင့်ဆုံး တိုက်ခိုက်ရေး စွမ်းအား မရှိသော်လည်း၊ နတ်ဆိုး နှိမ်နင်းရေးတံခါးရှိ တပ်ဖွဲ့ဝင်များ၏ အဓိကအင်အားစုများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်မှာ သေချာပါသည်။]”

[သင်သည် သင်၏ ခွန်အားဖြင့် ထိုအားကောင်းသော နတ်ဆိုးမျိုးနွယ်ဝင်များကို အနိုင်ယူရန် အခြေခံအားဖြင့် မဖြစ်နိုင်ကြောင်း သိထားသည်။ သင်သည် ရွှေရောင်အူတိုင် နယ်ပယ်အဆင့်သို့ ရောက်ရှိခဲ့လျှင်တောင်မှ ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသေးသည်။]

[ထို့ကြောင့် သင်သည် မတူညီသော ချဉ်းကပ်နည်းကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။ယင်းမှာ လူသားမျိုးနွယ်အတွက် ပိုမိုအားကောင်းသော ပုဂ္ဂိုလ်များကို ဖန်တီးနိုင်ရန် ဆေးဝါးများ ပိုမိုထုတ်လုပ်ခြင်းပင် ဖြစ်သည်။]

စုရှင်းသည် ဤစာကြောင်းကို ဖတ်ပြီးနောက် ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။ ဤသရုပ်ပြခြင်း အတွက် သူ၏ ပန်းတိုင်များသည် အောင်မြင်ပြီးဖြစ်သည်။

သူ၏ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ မရောက်ရှိသေးသော်လည်း၊ ရွှေရောင်အူတိုင် အဆင့်သို့ ရောက်ရှိခဲ့ခြင်းသည်ပင် သူ့အတွက် မမျှော်လင့်ထားသော ပျော်ရွှင်မှုတစ်ခုဖြစ်သည်။

ထို့ပြင် ကျန်ရှိသော တစ်နှစ်ခွဲအတွင်း၊ကျင့်ကြံမှု အဆင့်ကို ထပ်မံ တိုးမြှင့်ရန် သို့မဟုတ် ဆေးဝါးအသစ်များ သင်ယူရန်လည်း သူ့တွင် အချိန်မလုံလောက်ပေ။

ဆန့်ကျင်ဘက်အနေဖြင့်၊ သူ၏ ကိုယ်ပိုင် အားထုတ်မှုဖြင့် လူသားမျိုးနွယ်၏ မျိုးတုန်း ပျောက်ကွယ်မှုကို ပြောင်းလဲနိုင်မလား သို့မဟုတ် နှောင့်နှေးနိုင်မလား ဟူ၍ ကြိုးစားကြည့်ခြင်းသည် ကောင်းမွန်သော ကြိုးပမ်းမှုတစ်ခု ဖြစ်လိမ့်မည်။

စုရှင်းသည် သူ၏ဆုံးဖြတ်ချက်ကို ချပြီးနောက်၊ သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

[သင်သည် ဦးစွာ လုယွမ်ဝူအား ဆေးဖက်ဝင် အပင်များ စာရင်းကို ပေးအပ်ခဲ့ပြီး၊ သင်လိုအပ်သလောက် ပေးပို့ရန် ညွှန်ကြားခဲ့သည်။ သင်သည် မာစတာအဆင့် ကျင့်ကြံသူများ၏ ပြင်းထန်သော ဒဏ်ရာများကို လျင်မြန်စွာ ကုသနိုင်ပြီး၊ ကျွမ်းကျင်မာစတာအဆင့် ကျင့်ကြံသူများ၏ ဒဏ်ရာများကိုပင် တဖြည်းဖြည်း ကုသပေးနိုင်သော ဒဏ်ရာကုသဆေးဟု လူသိများသည့် ဆေးတစ်မျိုးကို ဖန်တီးနိုင်ကြောင်း သူ့အား ပြောပြခဲ့သည်။]

[လုယွမ်ဝူသည် ဤအကြောင်းကို ကြားသောအခါ အံ့အားသင့်သွားခဲ့သည်။ဒဏ်ရာ ကုသဆေးများသည် ဒဏ်ရာများကို ချက်ချင်း သက်သာ ပျောက်ကင်း စေနိုင်သော်လည်း၊ ၎င်းတို့သည် အဆင့်နိမ့် ကျင့်ကြံသူများအတွက်သာ အာနိသင်ရှိကြောင်း၊ မာစတာအဆင့်အတွက်မူ ထိုအနာပျောက်ဆေးများ၏ အာနိသင်သည် အလွန်လျော့နည်းသွားကြောင်း၊ ဂရန်းမာစတာအဆင့် ကျင့်ကြံသူများအတွက်မူ တန်ဖိုးကြီးသော အဆင့်မြင့် အနာပျောက်ဆေးများကို အသုံးပြုမှသာ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း သူ့အား ပွင့်ပွင့်လင်းလင်းပင် ပြောကြားခဲ့သည်။]

[သင်၏ စကားများသည် လုယွမ်ဝူ၏ မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေခဲ့သည်။သူသည် သင့်အား အားတက်သရော ကူညီပံ့ပိုးခဲ့သည်။ သူ၏ လက်အောက်ငယ်သားများအား ဆေးဖက်ဝင်အပင် အမြောက်အမြားကို သင့်ထံ အလျင်အမြန် ပို့ဆောင်ပေးရန် စီစဉ်ခဲ့သည်။]

[သင်သည် ဆေးဖက်ဝင်အပင်များကို စစ်ဆေးကာ လုပ်ငန်း စတင်ခဲ့သည်။ သင်သည် ရွှေအူတိုင် နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ အဂ္ဂိရတ်ပညာ လမ်းကြောင်းကို အစပြုနေပြီ ဖြစ်သောကြောင့်၊ ဤအခြေခံအဆင့် ဒဏ်ရာကုသဆေးများကို အလွယ်တကူ ဖန်တီးနိုင်ခဲ့သည်။]

[သရုပ်ပြခြင်းမှ တစ်ဆင့် လီမီးတောက်၏ အပူချိန်ကို ခံနိုက်ရည်ရှိသော သတ္တုတစ်မျိုးကို သင် ရှာဖွေ တွေ့ရှိခဲ့သည်။အဂ္ဂိရတ်ဖိုပေါင်း တစ်ဒါဇင်ကျော် ပြုလုပ်ရန် ကျွမ်းကျင်သည့် ပန်းပဲဆရာ တစ်ဦးကို ငှားရမ်းခဲ့သည်။]

[သင်သည် အလွန်လျင်မြန်သောအရှိန်ဖြင့် ဒဏ်ရာကုသဆေးများကို စတင်ဖန်တီးခဲ့သည်။တစ်နာရီအတွင်း ဒဏ်ရာကုသဆေး ငါးကြိမ် ထုတ်လုပ်နိုင်ခဲ့သည်။]

[တစ်လတာ ကာလအတွင်း သင်သည် ဒဏ်ရာ ကု‌သဆေး သောင်းချီကို ထုတ်လုပ်ခဲ့သည်။၎င်းတို့သည် ရှေ့တန်းသို့ အများအပြား ရောက်ရှိခဲ့သည့်အတွက် ထိုနေရာရှိ ကျင့်ကြံသူများအပေါ် သက်ရောက်နေသည့် ဖိအားကို လျော့ကျစေခဲ့သည်။]

[ဆယ့်ငါးနှစ်မြောက်တွင် သင်၏ မဆုတ်မနစ်သော ကြိုးပမ်းမှုများကြောင့်၊ နတ်ဆိုးလက်‌အောက် ဖြတ်ကျော်ခြင်း အကျဉ်းခန်း၏ ရှုံးနိမ့်မှုကို တစ်လအပြည့် ရွှေ့ဆိုင်းနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ အင်အားကွာခြားမှု အလွန်ကြီးမားသောကြောင့် ထိုနေရာရှိ ကျင့်ကြံသူများကြားတွင် ဆုံးရှုံးမှုများ တဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့ကာ အဆုံးတွင်မူ ရှုံးနိမ့်သွားခဲ့သည်။]

[တစ်နေ့တွင် လုယွမ်ဝူသည် နတ်ဆိုး နှိမ်နင်းရေးတံခါးတွင် လက်တစ်ဖက်ဆုံးရှုံးခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် ရင့်ရော်သွားသည့် သွင်ပြင်မျိုးဖြင့် သင့်ထံ ရောက်လာခဲ့သည်။]

[သူသည် လူသားမျိုးနွယ်များ မျိုးတုန်း ပျောက်ကွယ်မည့်အချိန်သည် မဝေးတော့ကြောင်း၊ ၎င်းသည် နတ်ဆိုးနှိမ်နင်းရေးတံခါး ကျဆုံးခြင်းကြောင့်သာမက လူသားမျိုးနွယ်၏ အထက်တန်းအင်အားစုများ စဉ်ဆက်မပြတ် တိုက်ပွဲတွင် သေဆုံးနေခြင်းကြောင့်လည်း ဖြစ်ကြောင်း သင့်အား ပြောပြခဲ့သည်။]

[သင်သည် ရောထွေးသော ခံစားချက်များဖြင့် ရင့်ရော်သွားသော လုယွမ်ဝူကို ငေးကြည့်ရင်း တိတ်ဆိတ်သွားခဲ့သည်။သင်သည် ထိုနတ်ဆိုးများကို အနိုင်ယူရန် နည်းလမ်းရှိပါသလားဟု သူ့ကို မေးလိုက်သည်။]

[ထိုအခါ လုယွမ်ဝူသည် ဖြူဖျော့ပြီး အားအင်မဲ့သော အပြုံးကို ပြုံးကာ “အံ့ဖွယ်အမှုတစ်ခု မဖြစ်ပေါ်သရွေ့ မဖြစ်နိုင်ဘူး။ လူသားမျိုးနွယ်က စစ်မှန်သော နတ်ဘုရား အဆင့်ရှိသူတစ်ဦးကို မွေးထုတ်ပေးနိုင်မှသာ ဖြစ်နိုင်မယ်” ဟု ပြောခဲ့သည်။]

…

All Chapters