ရွှေအမြုတေအဆင့် ကျင့်ကြံသူ အဖြစ်သို့ ရောက်ရှိခြင်း!
Vol. 3 Ch. 39
[သင်သည် ထပ်မံ မေးလိုသော်လည်း ရုတ်တရက် ကမ္ဘာကြီးသည် တုန်ခါသွားပြီး မလှမ်းမကမ်းရှိ ကောင်းကင်ယံတွင် ဧရာမ သားရဲကြီးတစ်ကောင် ပေါ်လာသည်။]
[ထိုဧရာမ သားရဲကြီးကို မြင်သောအခါ လုယွမ်ဝူ၏ မျက်လုံးများသည် တောက်ပသွားသည်။ သူသည် သင်၏ပခုံးကို ပုတ်ကာ ထို သားရဲကြီးဆီသို့ တည့်တည့် ပျံသန်းသွားလေသည်။]
[တစ်ချိန်တည်းမှာပင် ရှားနိုင်ငံ၏ ထိပ်တန်းစစ်သားများသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။နိုင်ငံ၏ နောက်ဆုံးခွန်အားကို ပြသနေသည်။]
[သို့သော် ခွန်အား ကွာဟချက်သည် အလွန်များသည်။ထိုသားရဲကြီးသည် ရှားနိုင်ငံ၏ ထိပ်တန်းစစ်သားများ အားလုံးကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်သည်။]
[သင်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝိညာဉ်စိုက်ခင်း ကောင်းချီးခံ နယ်မြေသို့ ဝင်ရန် ရွေးချယ်လိုက်သည်။]
စုရှင်းသည် ဤအရာကို မြင်သောအခါ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ဝိညာဉ်စိုက်ခင်း ကောင်းချီးခံ နယ်မြေအတွင်း၌ နေလျှင် ဤဘေးဆိုးမှ လွတ်မြောက်နိုင် လောက်မည်လား။
သို့သော် နောက်ဆက်တွဲ သရုပ်ပြခြင်း ရလဒ်က စုရှင်းကို လုံးဝ စိတ်ပျက် အားငယ်သွားစေခဲ့သည်။
[သင်သည် ကမ္ဘာမြေ၏ ငရဲနှင့်မတူဘဲ တည်ငြိမ်အေးချမ်းပုံရသော ဝိညာဉ်စိုက်ခင်း ကောင်းချီးခံ နယ်မြေထဲသို့ ဝင်ရောက်ခဲ့သည်။]
[ဘေးဆိုးမှ လွတ်မြောက်နိုင်ပြီဟု သင်ထင်နေစဉ်မှာပင် ကောင်းကင်နှင့် မြေကြီးသည် ပြိုကွဲတော့မည့်အလား ဝိညာဉ်စိုက်ခင်း ကောင်းချီးခံ နယ်မြေတစ်ခုလုံး တုန်လှုပ်လာပြီး မှောင်မိုက်မှုသည် တစ်နယ်မြေလုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားလေသည်။]
[သင်သည် ထိုသို့သော မငြိမ်သက်မှုများကြားတွင် ပါသွားပြီး အပိုင်းပိုင်း စုတ်ပြတ်သွားခဲ့သည်။]
[သင်သည် သေဆုံးသွားပြီး သရုပ်ပြခြင်းလည်း အဆုံးသတ်သွားသည်။]
ထိုအရာကို မြင်သည့်အခါ စုရှင်းသည် သက်ပြင်းချလိုက်ပြီး တစ်ခဏလောက် စိတ်အာရုံများ မစုစည်းနိုင် ဖြစ်သွားသည်။
ဤသရုပ်ပြခြင်းမှ ရရှိမည့် ဆုလာဘ်များသည် တန်ဖိုးကြီးသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ကို ရွှေအမြုတေ နယ်ပယ်အထိ မြှင့်တင်နိုင်ခဲ့သည့်အပြင် လူသားမျိုးနွယ်အကြောင်း လျှို့ဝှက် သတင်းအချက်အလက် များစွာကိုလည်း သူသိရှိခဲ့သည်။ အရေးအကြီးဆုံးမှာ ကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် အကျဥ်းခန်းသုံးခု၏ တည်နေရာများပင် ဖြစ်သည်။
ယခုဆိုလျှင် စုရှင်းသာ ဆန္ဒရှိပါက ထိုအကျဥ်းခန်းများကို ကိုယ်တိုင် ရှာဖွေလေ့လာနိုင်ပြီ ဖြစ်သည်။
“လောလို့မရဘူး...ငါ့ရဲ့ အင်အားက အခုထိ အရမ်းနည်းနေသေးတယ်။ ရွှေအမြုတေ နယ်ပယ်မှာတောင်မှ အသက်ဆုံးရှုံးနိုင်ခြေ အနည်းငယ် ရှိနေသေးတယ်" ဟု သူက ဆိုသည်။
စုရှင်းသည် အလွန်သတိကြီး၏။အကျဥ်းခန်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသော အားအကောင်းဆုံး NPC သည် သခင်အဆင့်တွင် ရှိနေသော်လည်း လျှို့ဝှက်သခင်တစ်ဦး၊ ကျွမ်းကျင် မာစတာအဆင့်၊ကောင်းကင်ဘုံ ဘုရင်အဆင့် တစ်ဦးဦး ရှိနေလျှင် အဘယ်သို့ လုပ်မည်နည်း။ယင်းသည် သူ့အတွက် အဆုံးသတ် ဖြစ်သွားနိုင်သည် မဟုတ်လား?
ထို့ကြောင့် စုရှင်းသည် လုံလုံခြုံခြုံ နေရန် ဆုံးဖြတ်လိုက်သည်။
“နေအုံး၊ ငါ အခြေတည်စ ဝိဉာဉ်အဆင့် ဒါမှမဟုတ် နတ်ဘုံ ပြောင်းလဲခြင်း အဆင့်ကို ရောက်တဲ့အထိ စောင့်ရမယ်။အာ့ကျမှ သွားရင်လည်း ပြသာနာ မရှိဘူးမလား?”
ဤသို့ တွေးတောရင်းဖြင့် စုရှင်းသည် လောထျန်း၏ မြင့်မြတ်သော ညီလာခံသည် နောက်သုံးနှစ်အကြာတွင် ပျောက်ကွယ်သွားမည်ကို သတိပြုမိသွားသည်။ယင်း မပျောက်ကွယ်မီ စူးစမ်းလေ့လာရန် စုရှင်းသည် ဆုံးဖြတ်ချက် ချလိုက်သည်။
“ဒါပေမဲ့ ဘာလို့ ဝိညာဉ်စိုက်ခင်း ကောင်းချီးခံ နယ်မြေထဲမှာ ပုန်းနေတာတောင်မှ ဧရာမသတ္တဝါကြီးရဲ့ တိုက်ခိုက်မှုကို မလွတ်မြောက်နိုင်ရတာလဲ?”
စုရှင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤကျင့်ကြံမှုတွင် သူသည် လူသားမျိုးနွယ်၏ ကံဆိုးမိုးမှောင် ကျရောက်မှုကို တစ်လတိုင်အောင် ရွှေ့ဆိုင်းနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ၎င်းသည် အရေးပါသော ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ ၎င်းသည် ကောင်းမွန်သော ကြိုးစားမှုတစ်ခုဖြစ်သည်။ လူသားမျိုးနွယ် သက်တမ်းရှည်ကြာလေလေ သူသည် ပိုမိုကြာရှည်စွာ စမ်းသပ်နိုင်လေလေ ဖြစ်သည်။
နောက်ဆုံးအချိန်တွင် စုရှင်းသည် ဝိဉာဉ်စိုက်ခင်း ကောင်းချီမြေကို ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။
ထိုအချိန်တွင် ကမ္ဘာကြီး အစိတ်စိတ် ကွဲကြေကာ သေခြင်းတရားနှင့် ကြုံခဲ့ရသည်…
စုရှင်းသည် သေချာစွာ စဉ်းစားပြီး ရေရွတ်လိုက်သည်။
“ချင်းယွင်ကျီရဲ့ ဖော်ပြချက်အရဆိုရင် ဒီဝိညာဉ်စိုက်ခင်း ကောင်းချီးခံ နယ်မြေဆိုတာ ကောင်းချီးခံနယ်မြေရဲ့ တစ်ဝက် (သို့) ကမ္ဘာငယ်လေးရဲ့ တစ်ဝက်လို့ သတ်မှတ်လို့ရတယ်... ဒါပေမဲ့ အဲဒီကမ္ဘာငယ်လေးက မဟာကမ္ဘာကြီးရဲ့ အရိပ်အောက်မှာ တည်ရှိနေတာများ ဖြစ်နေလောက်မလား?”
စုရှင်းသည် သေချာ နားလည်သွားပြီး ဆက်လက်၍ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
“ဒါကြောင့် မဟာကမ္ဘာကြီး ပျက်စီးသွားတဲ့အခါ ကမ္ဘာငယ်လေးလည်း အပိုင်းပိုင်း ပြိုကွဲသွားတာပေါ့?”
ထိုအရာကို တွေးမိပြီး စုရှင်းသည် မေးစေ့ကို ပွတ်ကာ ရေရွတ်လိုက်သည်။
“ဒါဆို လေ့ကျင့်ရေးကွင်း တစ်ခုစီက ဘယ်အချိန်မဆို စူးစမ်းလေ့လာဖို့ အဆင်သင့် ဖြစ်ပေါ်နေတဲ့ ကမ္ဘာငယ် တစ်ခုလို့ ဆိုလိုတာလား?”
“ဒီလိုသာဆို... ကမ္ဘာမြေလိုမျိုး ကြီးမားတဲ့ ကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားတဲ့ လေ့ကျင့်ရေးကွင်း တစ်ချို့လည်း ရှိနိုင်သေးလား?”
စုရှင်းသည် ခေါင်းကိုယမ်းကာ ပြောသည်။
“ထားလိုက်တော့။ ဘာလို့ ရှည်ရှည်ဝေးဝေး စဉ်းစားနေမှာလဲ? ဆုလာဘ်တွေကို အရင် ရွေးရအောင်”
စုရှင်းသည် အောက်တွင် ဖော်ပြထားသည့် သရုပ်ပြခြင်း ဆုလာဘ်များထံ အာရုံရောက်သွားသည်။
[ခန့်ညားထည်ဝါသော အသွင်အပြင်]: အစိမ်းရောင်အဆင့် စွမ်းရည်၊ တန်ဖိုး - စွမ်းအင်အမှတ် ၁၀,၀၀၀။
[ပြီးမြောက်သော အရိုးသန့်စင်ခြင်း]: ကျင့်ကြံခြင်းအဆင့်၊ တန်ဖိုး - စွမ်းအင်အမှတ် ၁၁,၀၀၀။
[ဆယ်နှစ်တာ အဂ္ဂိရတ်ပညာ အတွေ့အကြုံ]: ဆယ်နှစ်တာ ကြိုးစားအားထုတ်မှုကြောင့် သင်၏ အဂ္ဂိရတ် ပညာသည် တစ်ဆင့် တိုးတက်လာခဲ့သည်။ သင်သည် အနာကျက်ဆေးများကို အကောင်းဆုံး အဆင့်အထိ ဖော်စပ်နိုင်ပြီး အနှစ်သာရ အားဖြည့်ဆေး ဖော်စပ်နည်းကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။ ထို့အပြင် သင်၏ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား ကျွမ်းကျင်မှုသည် မဟာယနအဆင့်သို့ ရောက်ရှိခဲ့သည်။တန်ဖိုး - စွမ်းအင်အမှတ် ၁၀၀,၀၀၀။
[ရွှေအမြုတေ အဆင့် ပထမလွှာ]: ကျင့်ကြံခြင်း အဆင့်၊ ရွှေအမြုတေကို ရရှိပြီးနောက် သင်၏ကံကြမ္မာသည် ကောင်းကင်ဘုံ၌ မဟုတ် သင်၏လက်၌သာ ရှိ၏။ လူငယ် ဤအရာကို ရွေးချယ်လိုက်ပါ။သင်သည် အခြားသူများထက် သာလွန်သော ပိုမိုအားကောင်းသည့် ဝိညာဉ်စွမ်းအင်နှင့် မနောဓာတ်တို့ဖြင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မည်။ သို့သော် သတိထားပါ၊ သင်၏ ရွှေအမြုတေသည် အလယ်အလတ် အဆင့်သာဖြစ်ပြီး အဆင့်မြင့် ရွှေအမြုတေ သို့မဟုတ် ကိုးပတ်လည် ရွှေအမြုတေအထိ ဖြစ်လာစေရန် အမြဲတစေ သန့်စင်ပြီး စုစည်းရန် လိုအပ်သည်။တန်ဖိုး - စွမ်းအင်အမှတ် ၁၁၀,၀၀၀။
စုရှင်းသည် ခန့်ညားထည်ဝါသော အသွင်အပြင် စွမ်းရည်ကို ဦးစွာ ဖယ်ရှားလိုက်သည်။သူသည် သစ်သားနှင့် မီး ဒွန်တွဲနေသည့် ဝိညာဉ် ရင်းမြစ်ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ ၎င်းသည် အရေးပါသော ကိရိယာတစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ပင် ဖြစ်သည်။နောက်ထပ် ဘာမှ မလိုအပ်ပါ။
“ရွှေအမြုတေ အဆင့် ပထမအလွှာကိုတော့ မဖြစ်မနေ ရွေးချယ်မှ ရမယ်။အဲ့ဒါက ငါ့ရဲ့ခွန်းအားနဲ့ ငါ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဝိဉာဉ်စွမ်းအင်ကို တိုးမြှင့်ပေးနိုင်တယ်။ဒါပေမယ့် သူ ပြောတဲ့ အဆင့်မြင့် ရွှေအမြုတေနှင့် ကိုးပတ်လည် ရွှေအမြုတေဆိုတာ ဘာလဲ?”
စုရှင်းသည် ချောက်ကမ်းပါးစွန်းတွင် ရပ်နေရသကဲ့သို့ ခံစားလိုက်ရသည်။
အခြားရွေးချယ်စရာတစ်ခုအတွက် စုရှင်းသည် ခဏတာ တွန့်ဆုတ်သွားသော်လည်း ဆယ်နှစ်တာ အဂ္ဂိရတ်ပညာ အတွေ့အကြုံကိုသာ ရွေးချယ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် မဟာယန အဆင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားများ၏ ကျွမ်းကျင်မှု ပါဝင်သော အတွေ့အကြုံတစ်ခု ဖြစ်သည်။
စုရှင်းသည် ၎င်းကို ယူခဲ့မှန်း မည်သူ သိနိုင်မည်နည်း။ နောက်တစ်ကြိမ် ကျင့်ကြံမှုတွင် သူသည် သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှုအဆင့်ကို ကိုယ်တွင်းအင်္ဂါ သန့်သင်ခြင်း နယ်ပယ်သို့ တိုက်ရိုက် မြှင့်တင်နိုင်လိမ့်မည်။
“ရွှေအမြုတေ နယ်ပယ် ကျင့်ကြံခြင်းနဲ့ ဆယ်နှစ်တာ အဂ္ဂိရတ်ပညာ အတွေ့အကြံကို ရွေးချယ်မယ်”
သတိပေးချက်သံသည် စုရှင်း၏ နားထဲသို့ ဝင်ရောက်လာသည်။
[ဒင် သင်သည် ဆယ်နှစ်တာ အဂ္ဂိရတ်ပညာ အတွေ့အကြုံကို ရွေးချယ်လိုက်ပါသည်။စွမ်းအင် ၁၀၀,၀၀၀မှတ် အသုံးပြုပြီး သင့်တွင် စွမ်းအင် ၃၀၇,၀၀၀မှတ် ကျန်ရှိပါသည်။]
[ဒင်၊ သင်သည် ရွှေအမြုတေ ပထမအလွှာကို ရွေးချယ်လိုက်ပါသည်။စွမ်းအင် ၁၁၀,၀၀၀မှတ် အသုံးပြုပြီး သင့်တွင် စွမ်းအင် ၁၉၇,၀၀၀မှတ် ကျန်ရှိပါသည်။
ဘုန်း!
စုရှင်း၏ စိတ်ထဲတွင် ကြည်လင်သော ကောင်းကင်မှ လျှပ်စီးလက် လိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စိတ်ဝိဉာဥ်နှင့် ခန္ဓာကိုယ်သည် ကြီးမားသော အသွင်ပြောင်းလဲမှုကို ခံစားလိုက်ရသည်။
စုရှင်း၏ ခန္ဓာကိုယ်အတွင်း၌ ဘယ်နေရာကမှန်း မသိသော ဝိညာဉ်စွမ်းအင်များ ပေါ်လာခဲ့သည်။ ရေသည် ၎င်း၏ လမ်းကြောင်းအတိုင်း စီးဆင်းသကဲ့သို့ သူ၏ ကျင့်ကြံခြင်းအဆင့်သည် စက္ကန့်ပိုင်းအတွင်း အဆပေါင်းများစွာ တိုးမြင့်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ မနောဓာတ်သည်လည်း ဆယ်ဆတိုင် ပိုမို အားကောင်းလာခဲ့သည်။
စုရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်သည် မူလက စမ်းရေအိုင်တစ်ခုဖြစ်ခဲ့လျှင် ယခုတွင် ပွက်ပွက်ဆူနေသော စမ်းချောင်းတစ်ခု ဖြစ်သွားခဲ့သည်။
စုစည်းခြင်း၊ ဖိသိပ်ခြင်း... နောက်ဆုံးတွင် ပေါက်ကွဲခြင်း!
စုရှင်းသည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားသည် နောက်ထပ် အပြောင်းအလဲများကို ခံယူနေသည်ကို ခံစားလိုက်သည်။ စမ်းချောင်းကဲ့သို့သော ဝိညာဉ်စွမ်းအားသည် စုစည်းလာပြီး နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နက်ရှိုင်းသော ရေကန်တစ်ခု ဖြစ်လာကာ—သူ၏ တန်းထျန်ထဲသို့ စီးဝင်သွားလေသည်။
အတွင်းရှိ ဝိညာဉ်စွမ်းအားသည် အစေ့ငယ်လေး တစ်ခုနှင့်တူပြီး ဖြည်းဖြည်းချင်း အညှောင့် ထွက်လာကာ နုနယ်သော အရွက်များ ပေါက်လာပြီး နောက်ဆုံးတွင် ပွင့်ကာ အသီးသီးလေသည်။ စုရှင်းသည် သူ၏ တန်းထျန်အတွင်း၌ ငြိမ့်ငြိမ့်လေး တည်ရှိနေသော ရွှေအမြုတေငယ်လေး နှင့်တူသည့် ထိုအသီး၏ အရှိန်အဝါကို ခံစားလိုက်ရသည်။
စုရှင်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ယခင်ကထက် တစ်ဆင့် မြင့်တက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းသည် ပျော်ရွှင်မြူးတူး နေသကဲ့သို့ ခံစားရသည်။ တစ်ချိန်တည်းမှာပင် စုရှင်း၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားသည်လည်း ဤဖြစ်စဉ်အတွင်း တိုးတက်လာခဲ့သည်။သူ၏ နတ်မျက်စိသည် ပိုမိုထက်မြက်လာကာ သူ၏ စိတ်ဝိဉာဉ်သည်ပင် ပိုမို ကြည်လင်လာခဲ့သည်။
ဤဖြစ်စဉ်တွင် နာကျင်မှုမရှိဘဲ နွေဦးလေပြေကဲ့သို့ လန်းဆန်းတက်ကြွမှုကိုသာ ခံစားရသည်။
နောက်ဆုံးတွင် စုရှင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။သူ၏မျက်လုံးများမှ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်သွားသည်ဟု ထင်လိုက်ရသည်။
“ဒါ ဒါက…ရွှေအမြုတေ အဆင့် ရောက်တဲ့ ခံစားချက်လား?”
…