ရွှေအမြုတေ အဆင့်၏ ဆန်းကြယ်မှုများ၊ စွမ်းအင်အသစ်: စိတ်ဝိဉာဉ် ပေါက်ကွဲခြင်း နည်းလမ်း
Vol. 3 Ch. 40
စုရှင်းသည် သရုပ်ပြစဉ်က သူ ဖြစ်ခဲ့သည်များကို ပြန်သတိရသွားသည်။ယင်းသည် အလွန် နာကျင်ကာ ပြင်းထန်သော ဝေဒနာကို ခံစားရသည်။
လပေါင်းများစွာ တစ်သီးတစ်ခြား ကျင့်ကြံပြီးနောက် သူသည် အလွန်ခက်ခဲစွာဖြင့် အဆုံးတွင် ရွှေအမြုတေ အဆင့်သို့ ရောက်ရှ်ိခဲ့သည်။
သို့သော် တကယ့် စုရှင်းကမူ သရုပ်ပြခြင်း၏ အကူအညီဖြင့် တစ်မိနစ်ပင် မကြာလိုက်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသကဲ့သို့ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိသွားသည်။
ထို့အပြင် သရုပ်ပြခြင်းထဲမှ စုရှင်းသည် ဝိဉာဉ်ဆေးပေါင်း များစွာကို သုံးစွဲခဲ့ရမည် ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည်လည်း အနည်းငယ် ဖောင်းပွနေသည်။သို့သော် ယခုအချိန်တွင်မူ စုရှင်း၏ ကျင့်ကြံမှု အဆင့်သည် တည်ငြိမ်နေပြီး အလွယ်တကူပင် ထိန်းချုပ်နိုင်သည်။
ယင်းက သရုပ်ပြစက်သည် စုရှင်းအား ကျင့်ကြံခြင်းအဆင့် တုံ့ပြန်ချက်ကို ပေးနိုင်ရုံသာမက ဘေးထွက်ဆိုးကျိုးများလည်း မရှိကြောင်း ဆိုလိုသည်။
ဤအရာကို တွေးတောရင်း စုရှင်းသည် လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး စိတ်ထဲတွင် တစ်ခုခုကို တွေးလိုက်မိသည်။သုံးလက်မခန့် ရှိသော လေဆင်နှာမောင်းငယ် တစ်ခုသည် သူ၏လက်ထဲတွင် ပေါ်လာသည်။ အဆိုပါ သေးငယ်သော လေဆင်နှာမောင်းသည် စဉ်ဆက်မပြတ် လည်ပတ်နေပြီး ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ယင်းသည် ဝိညာဉ်စွမ်းအားများ စုစည်းခြင်းဖြင့် ဖြစ်ပေါ်လာသော လေဆင်နှာမောင်း တစ်ခုဖြစ်သည်။
စုရှင်းသည် သူ၏လက်ထဲရှိ ဝိညာဉ်စွမ်းအင် ဆိုင်ကလုန်းကို ဆက်တိုက် ဖိသိပ်ကာ ခိုင်မာအောင် ကြိုးစားခဲ့ပြီး စက္ကန့်ပိုင်းအကြာတွင် လည်ပတ်နေသော ဆိုင်ကလုန်းတစ်ခု မွေးဖွားလာခဲ့သည်။ စုရှင်းသည် ၎င်း၏ အလွန်အစွမ်းထက်သော စွမ်းအားကို ခံစားနိုင်ခဲ့ပြီး ရွှေအဆင့်ရှိ ကျွမ်းကျင်ပညာရှင်တစ်ဦးပင် ခံနိုင်ရည်ရှိမည် မဟုတ်ဟု သူ ယူဆခဲ့သည်။
ဆိုင်ကလုန်းသည် ဆက်တိုက် တုန်ခါလာသည်ကို ခံစားလိုက်ရသဖြင့် ပေါက်ကွဲတော့မည့် ပုံစံမျိုး ဖြစ်ပေါ်နေသောကြောင့် စုရှင်းသည် ဆိုင်ကလုန်းကို အလျင်အမြန် ထိန်းချုပ်ကာ ၎င်းကို ပျက်ပြယ်စေရန် ပြုလုပ်ခဲ့သည်။
စက္ကန့် အနည်းငယ်ကြာပြီးနောက် ဆိုင်ကလုန်းသည် စုရှင်း၏လက်ထဲမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
နဖူးမှ ချွေးများကို သုတ်ရင်း စုရှင်းက ရေရွတ်လိုက်သည်။
“ဒုက္ခပါပဲ သီသီလေး လွတ်သွားတယ်။ငါသာ မထိန်းချုပ်နိုင်လိုက်ရင် အဆောင်တစ်ခုလုံး မြေပြင်နဲ့ တစ်သားတည်း ဖြစ်သွားစေနိုင်တယ် မဟုတ်လား?”
စုရှင်းသည် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ သူသည် သူ၏ ဝိညာဉ်စွမ်းအင်အား ဆယ်ပုံတစ်ပုံပင် မသုံးခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ဤသည်မှာ နည်းငယ်သော ပမာဏဟု ထင်ရသော်လည်း လက်တွေ့ကမ္ဘာတွင် သူသည် ဝိညာဉ် ကျောက်တုံးများကို အသုံးပြုခြင်းမှလွဲ၍ ဝိညာဉ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းနိုင်သည့် နည်းလမ်း မရှိပေ။ ဝိညာဉ်စိုက်ခင်း ကောင်းချီးခံမြေသို့ သွားရောက်မှသာ သူသည် ပြန်လည် ဖြည့်တင်းနိုင်မည် ဖြစ်သည်။
သို့သော် ယခု သူသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဝိညာဉ်စွမ်းအင်၏ ဆယ်ရာခိုင်နှုန်းခန့်ကို ပြန်လည်ဖြည့်တင်းရန် ဝိညာဉ်ကျောက်တုံး တစ်တုံးနီးပါး လိုအပ်ပါလိမ့်မည်။
“ချီး အလကား ဖြုန်းလိုက်သလိုဘဲ?”
စုရှင်းသည် စိတ်မသက်မသာ ဖြစ်ကာ အနည်းငယ် အပြစ်ရှိသလိုလည်း ခံစားလိုက်ရသည်။သူသည် အချိန်မီ ထိန်းချုပ်နိုင်ခဲ့သောကြောင့်သာ ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက သူသာ အဆောင်တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့လျှင် အကြမ်းဖက်သမားအဖြစ် ဖမ်းဆီးခံရနိုင်သည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် စုရှင်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ရှိနေသည်။ သူသည် မည်သည့် ကျင့်ကြံခြင်းဆိုင်ရာ မန္တန်များကိုမျှ ကျွမ်းကျင်ပိုင်နိုင်စွာ မတတ်သေးသော်လည်း ရွှေအမြုတေ နယ်ပယ် ကျင့်ကြံခြင်းကို အားကိုးရုံနှင့် ဤကဲ့သို့ ဖျက်ဆီးနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
“အမှန်ပဲ ကျင့်ကြံခြင်းကသာ စစ်မှန်တဲ့ လမ်းကြောင်းကိုး!အဆင့်မြှင့်တင်ခြင်းနဲ့ အခြား အရာတွေက အရည်အသွေး နိမ့်တယ်!”
စုရှင်း၏ နှုတ်ခမ်းသည် အနည်းငယ် တွ့န့်ကွေးသွားသည်။ သူ၏ အတွေးများကို စုစည်းပြီးနောက် သူ၏စိတ်ထဲတွင် မည်သည့်အချိန်က ပေါ်လာသည်ပင် မသိသည့် အမှတ်တရအသစ်များ ပြည့်နှက်နေကြောင်း သူ သဘောပေါက်လိုက်သည်။ ၎င်းတို့မှာ သရုပ်ပြခြင်း လောကတွင် ရရှိခဲ့သော ဆယ်နှစ်တာ အဂ္ဂိရတ်ပညာ အတွေ့အကြုံများ ဖြစ်သည်။
မကြာသေးမီက ရွှေအမြုတေ အဆင့်သို့ တိုးတက် ရောက်ရှိခဲ့ခြင်းသည် စုရှင်းအပေါ် အလွန်ကြီးမားသော သက်ရောက်မှု ရှိခဲ့သောကြောင့် ဤအရေးပါသော အဂ္ဂိရတ်ပညာ အတွေ့အကြုံကို လျစ်လျူရှုမိလုနီးပါး ဖြစ်သွားခဲ့သည်။
"ဟားဟား! သရုပ်ပြခြင်း တစ်ခုတည်းနဲ့ ငါ့ကို ပင်ပန်းခက်ခဲစေတဲ့ ဆယ့်ငါးနှစ်တာ ကျင့်ကြံခြင်း သက်သာသွားပြီ… ငါလည်း အခု ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သွားပြီ!”
ယခုအချိန်တွင် စုရှင်းသည် မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှား နေမိသော်လည်း ဆယ့်ငါးနှစ်အကြာတွင် ဖြစ်ပေါ်လာမည့် ဘေးဥပဒ်ကို တွေးမိသည်နှင့်တပြိုင်နက် သူ၏စိတ်ဓာတ်သည် ချက်ချင်း ကျဆင်းသွားသည်။
“တည်ငြိမ်ရမယ်၊ မဆင်မခြင် မလုပ်နဲ့!”
“တည်ငြိမ်ရမယ်၊ မဆင်မခြင် မလုပ်နဲ့!”
“တည်ငြိမ်ရမယ်၊ မဆင်မခြင် မလုပ်နဲ့!”
စုရှင်းသည် သူ့ကိုယ်သူ သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ပြောကာ သတိပေးလိုက်သည်။သူ၏ စွမ်းအားသည် များစွာ တိုးတက်လာပြီး ယခုအခါ ရွှေအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့်ပင် ယှဉ်နိုင်သော်လည်း ဆယ့်ငါးနှစ်အကြာတွင် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်ကို ကာကွယ်ရန်မှာ အလွန်ဝေးကွာနေသေးသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ဆယ့်ငါးနှစ်အတွင်း ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်ကို ထားလိုက်ဦး။ယခုအချိန်တွင် သူသည် ဆင်းသက်ဂိုဏ်းကိုပင် မကိုင်တွယ်နိုင်သေးပေ။
“ဒါပေမယ့်လည်း ပြောရမယ်ဆိုရင်… ယခု ငါက ရွှေရောင် အမြုတေ နယ်ပယ်ကို ရောက်ရှိနေပြီ ဆိုတော့ အကျဉ်းခန်းထဲက ချန်ချွန်းနည်းလမ်း နောက်တစ်ဝက်ကို ယူဖို့ နည်းလမ်းရှာရမယ်။မဟုတ်ရင် ကိုးပတ်လည် ရွှေအမြုတေကို လေ့ကျင့်ထားရင်တောင် အခြေတည်စ ဝိဉာဉ် ဘိုးဘေးကို ခံနိုင်ရည် ရှိမယ် မထင်ဘူး!”
စုရှင်းသည် မျက်လုံးများကို မှိတ်ကာ အကျဉ်းခန်းထဲသို့ သွားသင့်၊မသင့် နောက်တစ်ကြိမ် စဉ်းစားနေခဲ့သည်။
ယခုအချိန်တွင် စုရှင်းအတွက် အရေးတကြီး လိုအပ်နေသော အရာနှစ်ခု ရှိသည်။ပထမအချက်မှာ အခြေတည်စ ဝိညာဉ်အဆင့် သို့မဟုတ် ထို့ထက်မြင့်မားသော အဆင့်များသို့ တက်ရောက်နိုင်ရန် အတွက် အလွန်အရေးပါသော ချန်ချွန်းနည်းပညာ ဖြစ်သည်။
ဒုတိယအချက်မှာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြား ဖြစ်သည်။စုရှင်းသည် ထိုဆေးကို အောင်မြင်စွာ သောက်သုံးနိုင်လျှင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်သည်။ထိုအချိန်တွင် သူ၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးပွားလာလိမ့်မည်!
“ဒါပေမဲ့ ထားပါတော့လေ… ဒီထက် ပိုပြီး အစွမ်းထက်တဲ့ စွမ်းရည်မျိုး ရှိရင်တော့ စဉ်းစားကြည့်လို့ ရနိုင်တယ် မဟုတ်လား?”
စုရှင်းသည် စိတ်လှုပ်ရှားသွားပြီး သူ၏ အသက်မွေး ဝမ်းကျောင်းမှု မှတ်တမ်းကို ကြည့်လိုက်သည်။
[အမည်: စုရှင်း]
[အလုပ်အကိုင်: ကျင့်ကြံသူ (အထူးလျှို့ဝှက် အလုပ်အကိုင်)]
[ကျင့်ကြံခြင်း အဆင့်: ရွှေအမြုတေ အဆင့် ပထမအလွှာ၊ ခန္ဓာသန့်စင်ခြင်း ပြီးမြောက်သည့် အဆင့်]
[ကျင့်ကြံခြင်း နည်းလမ်း: ချန်ချွန်း နည်းလမ်း]
[စွမ်းရည်များ: သစ်သားနှင့်မီး ဒွန်တွဲနေသော ဝိဉာဉ်ရင်းမြစ်၊ လက်မလျှော့သော သေခြင်းတရား၊ မစ္စတာ လူသန်ကြီး၊ ကံကောင်းခြင်း၊ ဉာဏ် ထက်မြက်ခြင်း…]
[ကျွမ်းကျင်မှု]: လီ မီးစ(အစပြုသူ)၊ အဂ္ဂိရတ်ပညာ (အစပြုသူ)၊ စိတ်ဝိဉာဉ် ပေါက်ကွဲခြင်း နည်းပညာ (မစတင် ရသေးပါ)]
[ကိရိယာများ: သွေးကျောက်စိမ်း ဓားရှည် (အစိမ်းရောင် အဆင့်)၊ ဆူးပါသော သံချပ်ဝတ်ရုံ (အစိမ်းရောင် အဆင့်)၊ တိမ်တိုက်ပြာ ဘွတ်ဖိနပ် (အစိမ်းရောင် အဆင့်)]
ရွှေအမြုတေ အဆင့်သို့ ရောက်ရှိပြီးနောက် စုရှင်း၏ ခွန်အားသည် ကြီးမားသော ဖြစ်စဉ်များကို လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်း အဆင့်သည် ခန္ဓာသန့်စင်ခြင်း နယ်ပယ် ပြီးပြည့်စုံသည့် အဆင့်မှာတင် ရပ်တန့်နေသော်ငြား သူ၏ ကြိုးစားအားထုတ်မှုများ အရာထင်ကာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ ရောက်ရှိမည့် အချိန်ကို စုရှင်းသည် စောင့်မျှော်နေဆဲ ဖြစ်သည်။
ဒါ့အပြင် ယခုဆိုလျှင် စုရှင်းတွင် စွမ်းရည် ၆မျိုး ရှိပြီ ဖြစ်သည်။ယင်းတို့ တစ်ခုချင်းစီသည် စုရှင်းအတွက် အလွန်အရေးပါပြီး ပိုမိုကောင်းမွန်သော သရုပ်ပြခြင်းကို ပေးစွမ်းနိုင်သည်။
“ခု ငါ့မှာ စွမ်းရည်၆ခု ရှိတယ်။ဒါပေမယ့် ငါ အမှန်တကယ် ကျွမ်းကျင်နိုင်တာက ဘယ်တစ်ခုလဲ?” စုရှင်းက စဉ်းစားလိုက်သည်။
စုရှင်းသည် ဤစွမ်းရည်များတွင် ကန့်သတ်ချက် တစ်ခု သေချာပေါက် ရှိမည်ဟု အလိုလို ခံစားမိနေသည်။မဟုတ်ပါက သူ့တွင် အရည်အချင်း ထောင်ချီ ရှိနေမည်ဆိုလျှင် မည်သူမျှ မယှဉ်နိုင်အောင် ဖြစ်သွားနိုင်တယ် မဟုတ်လား?
“ဟင်း…ငါ့မှာ စွမ်းအားအသစ် ရလာတဲ့ပုံဘဲ။ဝိဉာဉ်စွမ်းအင် ပေါက်ကွဲစေတဲ့ နည်းပညာတဲ့လား?”
စုရှင်းသည် သူ၏ ကျွမ်းကျင်မှုဘားကို မြင်လိုက်သောအခါ ခဏတာ ကြောင်အသွားသည်။ သူသည် အရင်က လီမီးနှင့် အဂ္ဂိရတ် ပညာကိုသာ ကျွမ်းကျင်ခဲ့သော်လည်း အသက်မွေး ဝမ်းကျောင်းဘောင်တွင် လီမီး အဂ္ဂိရတ် ပညာသည် အပိုင်းနှစ်ပိုင်း ခွဲသွားသည်မှာ ထင်ရှားသည်။
ဝိညာဉ် စွမ်းအား ပေါက်ကွဲခြင်း နည်းပညာ အပိုင်းကို ပြောရမည်ဆိုလျှင် စုရှင်းတွင် ဤစွမ်းရည်ကို လေ့လာခဲ့ဖူးသည့် မှတ်ဉာဏ် မရှိပါ။
ဒါပေမဲ့ ခဏအကြာတွင် စုရှင်း၏ ဦးနှောက်ထဲ၌ တစ်စုံတစ်ခု ပေါ်လာခဲ့သည်။
“ဒါဆို ငါ အစောပိုင်းက စုစည်းဖို့ ကြိုးစားခဲ့တဲ့ လေဆင်နှာမောင်းကို အသက်မွေးဝမ်းကျောင်းမှု မှတ်တမ်းက စွမ်းရည်တစ်ခုအနေနဲ့ မှတ်ယူလိုက်တာ များလား?”
စုရှင်းသည် စဉ်းစားနေသည်။မိစ္ဆာများကို သတ်ဖြတ်ခြင်း (သို့) ရတနာသေတ္တာများကို ရှာဖွေခြင်းမှ စွမ်းရည်များကို မရရှိခဲ့လျှင်တောင် သူကိုယ်တိုင် စွမ်းရည်များကို ထုတ်လုပ်နိုင်သည်ဟု ဆိုလိုလိုက်ခြင်းပင်။
ယင်းသည် သိပ်အဆင်မပြေဘူးဟု ထင်ရသော်လည်း အကန့်အသတ်မဲ့ ဖြစ်နိုင်ခြေများကို ပိုင်ဆိုင်ထားသည်။
ဒါ့အပြင် ဤကမ္ဘာမှ ကျင့်ကြံသူများသည် သူ့ ယခင်ဘဝရှိ အွန်လိုင်းဂိမ်းများနှင့် ဆင်တူသည်။စွမ်းရည်တစ်ခုကို အသုံးပြုပြီးလျှင် ထပ်မံ အသုံးပြုနိုင်ရန် အချိန်တစ်ခုကို စောင့်ရသည်။
သူ ကြေးအဆင့် ကျင့်ကြံသူဖြစ်စဉ်က သူ၏ မိတ်ဆွေကောင်း ယုယန်သည် မီးလုံးမန္တန်ကို တစ်ခါပင် သုံးပြီး စွမ်းအားများ အားလုံး ကုန်ဆုံးသွားပြိီး နတ်ဆိုးများ၏ ခေါင်းကို တောင်ဝှေးနှင့်သာ ရိုက်နိုင်တော့သည်ကို စုရှင်း သတိရသွားသည်။
အခြားတစ်ဖက်တွင်မူ စုရှင်း၏ ကိုယ်တွင်းမှ ဝိဉာဉ်စွမ်းအင်များ လုံလောက်နေသရွေ့ သသသည် လီမီးနှင့် ဝိဉာဉ်ပေါက်ကွဲခြင်း နည်းလမ်းများကို စဉ်ဆက်မပြတ် သုံးနိုင်ပေလိမ့်မည်။
“နောက်လာမယ့် သရုပ်ပြခြင်းတွေမှာ ဝိဉာဉ်စွမ်းအင် ပေါက်ကွဲခြင်း နည်းလမ်း လေ့လာမယ့် အစီအစဉ်ကိုလည်စ ထည့်သွင်း လိုက်ရတော့မလား?”
စုရှင်းသည် သူ၏ အစီအစဉ်ကို တိတ်တဆိတ် မှတ်သားလိုက်သည်။
နောက်တစ်ပါတ်အတွင်း စုရှင်းသည် မျက်နှာ အာဟာရပြုဆေးများကို ဆက်တိုက် ထုတ်လုပ်ခဲ့သည်။
ရွှေရောင်အမြုတေ အဆင့်ကို ရောက်ရှိပြီးနောက် စုရှင်း၏ ဝိဉာဉ်စွမ်းအင်သည် ပိုမို ကြွယ်ဝလာပြီး ကုန်ဆုံးခြင်း မရှိလုနီးနီးပင် ဖြစ်သွားသည်။ထို့ကြောင့် သူသည် လီမီးစွမ်းအင်ကို တစ်နာရီကျော်ကြာ အသုံးပြုနိုင်လာပြီး သူ၏ ဆေးထုတ်လုပ်သည့် အရှိန်ဟာလည်း အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။
တစ်ရက်တည်းနှင့် စုရှင်းသည် အရည်အသွေးနိမ့် မျက်နှာ အာဟာရပြုဆေး ၂၀၀ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။
“ဟူး... နောက်ဆုံးတော့ ဒါတွေ အကုန်လုပ်ပြီးသွားပြီ!”
…