← Chapters

အပြာရောင် စွမ်းရည်!

Vol. 3 Ch. 41

အပြာရောင် စွမ်းရည်!

Vol. 3 Ch. 41

စုရှင်းသည် သူ့ရှေ့ရှိ မျက်နှာ အာဟာရပြုဆေး ထည့်ထားသည့် ပုလင်းများကို ကြည့်ပြီး ဘယ်လိုမှ ဖော်ပြလို့မရသော ကျေနပ်မှုကို ခံစားလိုက်ရသည်။

ဆေးများကို ထုတ်လုပ်ပြီးနောက် စုရှင်းသည် ရေတွင်းထဲမှ ဝိဉာဉ်ရေများကို ပန်းကန်လုံးနှင့် ခပ်ယူလိုက်သည်။

စုရှင်းသည် ချိုမြပြီး အေးစိမ့်နေသည့် ဝိညာဉ်စမ်းရေကို တစ်ငုံ သောက်လိုက်ပြီး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ထိုရေသည် လက်တွေ့ကမ္ဘာက အကောင်းဆုံး အဖျော်ယမကာတွေထက်တောင် အရသာ ပိုကောင်းသည်။

သူ၏ ဝမ်းဗိုက်တွင်း၌ ဝိဉာဉ်စမ်းရေ တစ်ငုံ ရောက်ရှိသွားသည့်အခါ စုရှင်းသည် လန်းဆန်း တက်ကြွလာသည် သာမက သူ၏ ကုန်ခမ်းနေသော ဝိဉာဉ်စွမ်းအင်များပင် ပိုမို လျင်မြန်စွာ ပြန်လည် ပြည့်တင်းလာခဲ့သည်။

ဝိဉာဉ်စမ်းရေဖြင့် ရေငတ် ဖြေပြီးနောက် စုရှင်းသည် ကျင့်ကြံခြင်းကို တစ်နာရီကြာ လုပ်ဆောင်ခဲ့သည်။

ဦးစွာ သူသည် ဝိဉာဉ်စိုက်ခင်း အတွင်းရှိ ဝိဉာဉ်စပါးပင်များကို ရေလောင်းခဲ့ပြီး ထို့နောက် သူ ယခင်က စိုက်ပျိုးခဲ့သည့် ဆေးဖက်ဝင်အပင်များကို ပြုစုပျိုးထောင်ခဲ့သည်။

စိုက်ခင်းထဲရှိ ဆေးဖက်ဝင် အပင်များသည် အညှောင့်ထွက်လာသည်။စုရှင်းသည် တစ်ဧကကျော် စိုက်ပျိုးထာခဲ့သည်။ယင်းဆေးပင်များသည် အာနိသင်ပြရန် ဆယ်စုနှစ်ပေါင်းများစွာ ကြာနိုင်သော်လည်း ယင်းကို သရုပ်ပြခြင်းတွင်သာ လိုအပ်ပါသည်။

ဝိဉာဉ်စိုက်ခင်းကို ဂရုစိုက်ပြီးနောက် စုရှင်းသည် နောက်ထပ် မြေကွက်ငယ်တစ်ခုကို ထွန်ယက်ကာ ဝိဉာဉ်မျိုးစေ့ အသစ်အချို့ကို စိုက်ပျိုးလိုက်သည်။

ယင်းမျိုးစေ့ အများစုသည် ချင်းယွင်ကျီ ချန်ထားခဲ့သည့် သိုလှောင်ထားသည့် အရာများမှ ရရှိခဲ့ခြင်း ဖြစ်သည်။စုရှင်းသည် မျိုးစေ့ အများစုကို မမှတ်မိသော်လည်း စုရှင်းသည် အရင်စိုက်ပြီး နောက်မှသာ မေးခွန်းထုတ်တတ်သည့် လူမျိုးဖြစ်သည်။

ဆေးဖက်ဝင်အပင် ဈေးကွက်မှ စုရှင်းကိုယ်တိုင် ဂရုတစိုက် ရွေးချယ်ထားသည့် မျိုးစေ့များလည်း ပါဝင်သည်။ ဤမျိုးစေ့များသည် များသောအားဖြင့် ပိုမို မြင့်မားသော ဝိဉာဉ်စွမ်းအင်များ ပါဝင်သည်။ဝိဉာဥ်စိုက်ခင်းတွင် စိုက်ပျိုးသောအခါ တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းမှာတင် အသုံးပြုနိုင်သည့် ဝိဉာဉ်ဆေးပင်များ ဖြစ်လာ‌နိုင်ခြေ ရှိသည်။

၎င်းတို့သည် ချင်းယွင်ကျီ ချန်ထားခဲ့သော ဆေးများကဲ့သို့ အာနိသင်မရှိသော်လည်း လျင်မြန်စွာ ကြီးထွားနိုင်ခြင်းနှင့် အရေအတွက် များပြားခြင်း ဟူသော အားသာချက်များ ရှိသည်။

နှစ်နာရီကြာ ပင်ပန်းစွာ အလုပ်လုပ်ပြီးနောက် စုရှင်းသည် ပြောမပြတတ်သော ကျေနပ်မှုကို ခံစားရသော်လည်း ချက်ချင်း အနားမယူဘဲ သူ မွေးမြူထားသည့် ကြက်လှောင်အိမ်ဆီသို့ သွားခဲ့သည်။

တစ်လကျော် မွေးမြူထားပြီးနောက် ဒါဇင်ချီသော ဝိဉာဉ်ကြက်များသည် ပို၍ပင် ပြည့်ဖြိုးလာကြသည်။

သူတို့ထဲက တစ်ချို့ဆိုလျှင် ဥများပင် ဝပ်နေကြပြီဖြစ်ရာ မကြာမီ ဒုတိယမျိုးဆက် ဝိဉာဉ်ကြက်များ ပေါ်ထွက်လာတော့မည် ဖြစ်သည်။

စုရှင်းသည် ကျွမ်းကျင်စွာပင် ကြက်ဥအချို့ကို ကောက်ယူကာ ဝိဉာဉ်စိုက်ခင်း အပြင်ရှိ ဟင်းသီးဟင်းရွက် အချို့ကို ခူးယူလိုက်သည်။ထို့နောက် ကြက်ဥကြော်နှင့် တောဟင်းရွက်စုံကြော် တစ်ပန်းကန်ကို အရသာရှိစွာ ချက်သည်။

သူသည် ဝိဉာဉ်စမ်းရေကို ခပ်ကာ ဝိဉာဉ်ဆန် တစ်အိုးကိုလည်း ချက်လိုက်သည်။

ဝိဉာဉ်စမ်းရေဖြင့် ချက်ထားသော ထမင်းနှင့် ကြော်ထားသော ဟင်းရွက်များသည် မွှေးကြိုင်လှပြီး လူတစ်ဦး၏ အစာစားချင်စိတ်ကို များစွာ လှုံ့ဆော်ပေးနိုင်သည်။

စုရှင်းသည် ဝိဉာဉ်ထမင်းကို ပါးစပ်အပြည့် လွေးကာ ကြက်ဥနှင့် အရွက်စုံကြော်ကို အရသာ ခံလိုက်သည်။ထိုအခါ သူ၏ စိတ်ကျေနပ်မှုသည် ပို၍ပင် အရှိန်အဟုန် မြင့်လာသည်။

“‌ဂေ့ ~”

သူ၏ညစာကို စားသောက်ပြီးတဲ့နောက်မှာ စူးရှင်းသည် သက်တောင့်သက်သာ ဖြစ်သွားကာ လေချဉ်များပင် တက်လိုက်သေးသည်။

“အာ... ဘဝဟာ အမြဲတမ်း ဒီလို ရိုးရှင်းပြီး မဆန်းပြားဘဲ နေနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…”

စုရှင်းသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။ သူကိုယ်တိုင်လည်း နေ့တိုင်း ပျင်းရိစွာ အချိန်ဖြုန်းချင်သည်။သို့‌သော် လယ်ယာ စိုက်ပျိုးခြင်းနှင့် ကြက်မွေးမြူခြင်း လုပ်ငန်းများကို လုပ်မှရမည်။ ဆယ့်နှစ်နှစ်ကျော်အတွင်း ဖြစ်ပေါ်လာမည့် အရေးကိစ္စကြီးတစ်ခုသည် သူ့အပေါ် ဓားမြှောင်သဖွယ် အမြဲတမ်း တည်ရှိနေသဖြင့် လုံးဝ အပန်းဖြေနိုင်ခြင်း မရှိပေ။

သတိပေးသည့်အနေဖြင့် မိမိကိုယ်ကို အနည်းငယ် ဖိအားပေးပြီးနောက် စုရှင်းသည် ဆေးပြားအသစ်များကို ထပ်မံပြုလုပ်ရန် စိတ်အားထက်သန်မှု အပြည့် ရှိလာခဲ့သည်။

“အင်း...မျက်နှာ အာဟာရပြုဆေးတွေကို ပိုလုပ်နိုင်လေလေ ပိုက်ဆံ ပိုရှာနိုင်လေလေဘဲ…ဒီလိုဆိုရင် ငါ့မှာ စွမ်းအင်အမှတ်တွေ ပိုတောင်များလာဦးမှာ!”ဟု စုရှင်း တွေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။

စုရှင်းသည် သူအစောပိုင်းက ပြင်ဆင်ထားသော မျက်နှာ အာဟာရပြုဆေး နှစ်ရာကို ကျင်းချုံးရွှယ် စေလွှတ်လိုက်သည့် သံတမန်ထံ ပေးအပ်လိုက်သည်။ ကျင်းချုံရွှယ်ကလည်း သူ့အတွက် ပြင်ဆင်ထားသော ရှားဒင်္ဂါး ဘီလီယံနှင့်ချီ တန်သည့် အဖြူရောင်အဆင့် ပစ္စည်းများကို ထည့်ပေးခဲ့သည်။

စုစုပေါင်း အဖြူရောင်အဆင့် ပစ္စည်း တစ်သိန်းတစ်သောင်းကို ရရှိခဲ့ပြီး စုရှင်းသည် သရုပ်ပြခြင်းအတွက် စွမ်းအင်အမှတ်များ အဖြစ် ပြောင်းလဲခဲ့သည်။

ထိုသို့ဖြင့် စုရှင်း၏ စွမ်းအင်အမှတ်များသည် ရှစ်သိန်းထိပင် ရောက်ရှိသွားခဲ့သည်။

စွမ်းအင်အမှတ်များ တိုးလာခြင်းသည် စုရှင်းအား စိတ်လုံခြုံစေသည်။

၂၀၂၃ခုနှစ် ဒီဇင်ဘာ၃၁ရက်။

၂၀၂၃ခုနှစ်၏ နောက်ဆုံးရက်တွင် စုရှင်းသည် သတ္တမကြိမ်မြောက် သရုပ်ပြခြင်းကို လုပ်ဆောင်ခဲ့သည်။

ဝိဉာဉ်စိုက်ခင်း ကောင်းချီးခံမြေထဲတွင် စုရှင်းသည် ဝိဉာဉ်ကြက်ဥပြုတ်ကို တစ်ကိုက် ကိုက်ရင်းဖြင့် သရုပ်ပြခြင်းကို စတင်ခဲ့သည်။

“သရုပ်ပြခြင်းကို စတင်ပါ!”

[စွမ်းအင် ၁၇၀၀မှတ် ကုန်ကျပါမည်။သင့်တွင် စွမ်းအင် ၈၀၃,၀၀၀မှတ်နှင့် အကန့်အသတ်မဲ့ သရုပ်ပြခြင်း အခွင့်များ ကျန်ရှိပါသည်။]

[သရုပ်ပြခြင်း စတင်ပါပြီ!]

[အဖြူရောင်အဆင့် စွမ်းရည် ရယူခြင်းအတွက် စွမ်းအင် ၁၀၀မှတ်၊ အစိမ်းရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင် ၁၀၀၀မှတ်၊ အပြာရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင် ၁၀,၀၀၀မှတ် ကုန်ကျပါမည်။ရယူဖို့ရန် ဆန္ဒရှိပါသလား?]

“အစိမ်းရောင်အဆင့် စွမ်းရည်ကို ရယူ…အာ၊ ခဏလေး။ဘာလို့ အပြာရောင်အဆင့် စွမ်းရည်က ပါလာတာလဲ?”

စုရှင်းသည် အစပိုင်းတွင် မသိလိုက်ဘဲ အစိမ်းရောင်အဆင့် စွမ်းရည်ကို ရွေးချယ်မိမလို ဖြစ်သွားသော်လည်း မမျှော်လင့်ဘဲ သူထုတ်ယူနိုင်သည့် အရည်အချင်းသည် အဆင့်တစ်ခု မြင့်တက်သွားသည်ကို တွေ့ရှိခဲ့သည်။

ထို့ကြောင့် စုရှင်းသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ဘာလို့ အပြာရောင်အဆင့် စွမ်းရည်က ရုတ်တရက် ပေါ်လာတာလဲ? အရင်က ဘာလို့ မရှိခဲ့တာလဲ”

စုရှင်းက ဒီတိုင်း ရိုးရိုးလေး မေးလိုက်ပေမဲ့ အဖြေ တကယ်ရမယ်လို့တော့ သူ မထင်ထားခဲ့ပါ။

[ဒင်၊ ယခင်က အသုံးပြုသူသည် အရမ်း ဆင်းရဲလွန်းသောကြောင့် ဖြစ်သည်။ယခုအခါ စွမ်းအင် လုံလောက်သည့်အတွက် နောက်တစ်ဆင့် စွမ်းရည်ကို အလိုအလျောက် ဖွင့်၍ရပါပြီ…]

စုရှင်း: ???

ဟာကွာ၊ ဒီခေတ်မှာ စနစ်ကတောင် ဆင်းရဲသားတွေကို ခွဲခြားဆက်ဆံနေပြီလား?

စုရှင်းသည် မကျေမနပ် ဖြစ်ပေမဲ့ အပြာရောင် စွမ်းရည်ကို ရွေးချယ်လိုက်သည်။

“အပြာရောင် စွမ်းရည်ကို ယူမယ်”

[ဒင်၊ ဓားတာအို ဉာဏ်ကြီးရှင် ဟူသည့် အပြာရောင်အဆင့် စွမ်းရည်ကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်။]

[ဓားတာအို ဉာဏ်ကြီးရှင်]: အပြာရောင်အဆင့် စွမ်းရည်… ဓားနှင့် ပတ်သက်သည့် သင်၏ ထိုးထွင်းဉာဏ်သည် သာမန်လူတို့ထက် သာလွန်ပြီး ဓားပညာတွင် သင်၏ လေ့ကျင့်မှုနှုန်းသည် သာမန်လူတို့ထက် ဆယ်ဆ မြန်ဆန်သည်!

ဤစွမ်းရည်ကို မြင်လိုက်တဲ့အခါ စူးရှင်းသည် ခဏလောက် တုံ့ဆိုင်းသွားသည်။သူ အရင်က အံ့ဖွယ် ဓားတာအိုဟု ခေါ်သည့် အစိမ်းရောင်အဆင့် စွမ်းရည်ကို ထုတ်ယူခဲ့ဖူးသည်။

‌နောက်ပြီး ဤ ဓားတာအို ဉာဏ်ကြီးရှင်သည် အံ့ဖွယ် ဓားတာအို၏ အဆင့်မြင့်ပုံစံ ဖြစ်လောက်မလား?

“ချီး ဘာလို့ ငါ့ကို ဓားသမား ဖြစ်ချင်တယ်လို့ ထင်ရတာလဲ! ဒါပေမဲ့ ငါ့မှာ ဓားသိုင်းမှ မရှိတာကို ဘယ်လို ဓား လေ့ကျင့်ရမှာလဲ? နေကြာ ဓားကျမ်းကို လေ့ကျင့်ဖို့ အချိန်တန်ပြီများလား?”

စုရှင်းသည် သူ့ကိုယ်သူ ငုံ့ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

အရမ်း မြင့်လွန်းတယ်။သွေးထွက်လွန်ပြီး သေသွားနိုင်တယ်!

စုရှင်းသည် အတော်လေး စိတ်ပျက်သွားသည်။သူ ပထမဆုံး အကြိမ်အဖြစ် အပြာရောင်အဆင့် စွမ်းရည်ကို ထုတ်ယူလိုက်ချိန်တွင် ခုလောက်ထိ အသုံးမဝင်သော အရာကို ရလိမ့်မည်ဟု ထင်မထားမိခဲ့ပါ။

စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

[ဝိဉာဉ်စိုက်ခင်း ကောင်းချီးခံမြေ အတွင်း၌ သင်သည် ဤသည်မှာ သရုပ်ဖော်မှုတစ်ခုဖြစ်ကြောင်း သိရှိလိုက်သည်။ယခုအကြိမ်တွင် ချန်ချွန်းနည်းပညာ၏ ဒုတိယပိုင်းကို ရရှိရန်အတွက် အခွင့်အရေး ရှာဖွေရန် ဆင်းသက်ဂိုဏ်းနှင့် ထပ်မံ အဆက်အသွယ် ပြုလုပ်ရန် သင် ဆုံးဖြတ်လိုက်သည်။]

[သင်သည် မဆင်မခြင် မပြုမူဘဲ နေ့စဉ် ဆေးဝါး ချက်လုပ်ခြင်းနှင့် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ကာ ဝမ့်ချင်းရွှမ်နှင့်လည်း အခါအားလျော်စွာ အဆက်အသွယ် ပြုလုပ်သည်။]

[တစ်နှစ်ကျော်ကြာပြီးနောက် တစ်ရက်တွင် ဝမ့်ချင်းရွှမ်သည် သင့်ထံ ရောက်လာသည်။]

[လျှို့ဝှက်ဆန်းကြယ် အဖွဲ့အစည်းက သူမအား ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း ဝမ့်ချင်းရွှမ်က သင့်အား ပြောပြသည်။]

[ဆင်းသက်ဂိုဏ်းက နောက်တစ်ကြိမ် လှုပ်ရှားနေခြင်း ဖြစ်ကြောင်း သင် စိတ်ထဲမှာ နားလည်လိုက်သည်။ နောက်တစ်ညတွင် ဝမ့်ချင်းရွှမ်သည် ကျောင်းကနေ ထွက်သွားခဲ့သည်။]

[သင်သည် ဆေးများ ဆက်လက် ထုတ်လုပ်နေစဉ် ဝမ့်ချင်းရွှမ်ထံမှ အဆက်အသွယ် ရခဲ့သည်။]

[ဆင်းသက်ဂိုဏ်းနှင့် အဆက်အသွယ် ပြုလုပ်ရန် စီစဉ်ထားသည့် အတွက် သင်သည် သင်၏တန်ဖိုးကို ပြသရမည် ဖြစ်သည်။]

[ဆင်းသက်ဂိုဏ်းနှင့် အဆက်အသွယ်ရပြီး သင်၏ စွမ်းရည်များကို ဖော်ထုတ်ပြီးလျှင် အစွန်းနှစ်ဖက်ကို ရောက်သွားနိုင်ကြောင်း သင်သိထားသည်။ ပထမ ဖြစ်နိုင်ခြေမှာ သူတို့သည် သင့်အား နှလုံးသားမရှ်ိသည့် ဆေးဖော်စက် တစ်ခုလို ဆက်ဆံနိုင်သည်။ ဒုတိယကတော့ သူတို့က သင့်ကို အထူးဧည့်သည်တစ်ဦးလို သဘောထားပြီး ချန်ချွန်းနည်းပညာရဲ့ ဒုတိယပိုင်းကိုတောင် ပေးကောင်းပေးနိုင်သည်။]

[သင်သည် စိတ်ရှည်စွာ စောင့်ဆိုင်းပြီး သင်၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ရန် ကြိုးစားအားထုတ်သည်။]

[ဒုတိယနှစ်တွင် သင်၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု ကျင့်ကြံခြင်းသည် အရိုးပုံသွင်းခြင်း နယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိခဲ့ပြီး သင်၏ ချီစွမ်းအင် ကျင့်ကြံခြင်းတွင်မူ တိုးတက်မှု မရှိခဲ့ပေ။]

[တတိယနှစ်တွင် သင်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်ကြံခြင်းသည် အရိုးပုံသွင်းခြင်း နယ်ပယ်၏ ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့ပြီး သင်၏ ချီစွမ်းအင် ကျင့်ကြံခြင်းသည် ရွှေအူတိုင်အဆင့်၏ ပထမအဆင့်တွင်သာ ဆက်လက် တည်ရှိနေသည်။]

[စတုတ္ထနှစ်တွင် သင်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်ကြံခြင်းသည် အရိုးပုံသွင်းခြင်း နယ်ပယ်၏ သတ္တမအဆင့်သို့ တိုးတက် ရောက်ရှိခဲ့ပြီး သင်၏ ချီစွမ်းအင် ကျင့်ကြံခြင်းသည် ရွှေအူတိုင်အဆင့်၏ ပထမအဆင့်တွင်သာ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။]

[ပဉ္စမနှစ်တွင် သင်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်ကြံခြင်းသည် အရိုးပုံသွင်းခြင်း နယ်ပယ်၏ နဝမအဆင့်သို့ ရောက်ရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် သင် အစောပိုင်းက စိုက်ပျိုးထားသည့် အနှစ်သာရ အားဖြည့်ဆေးပင်များသည် ရင့်မှည့်လာခဲ့သည်။သင်သည် တစ်လကျော်ကြာ အချိန်ယူကာ အနှစ်သာရ အားဖြည့်ဆေး စုစုပေါင်း နှစ်ရာကို ထုတ်လုပ်ပြီး သင်၏ ဝိဉာဉ်စွမ်းအင် အ‌ရည်အသွေးကို မြှင့်တင်ရန် ရည်ရွယ်ခဲ့သည်။]

[ခြောက်လအကြာတွင် သင်၏ ကျင့်ကြံမှု အဆင့်သည် ရွှေအူတိုင်အဆင့်၏ ဒုတိယအဆင့်သို့ တိုးတက်ရောက်ရှိသွားသည်။သင့် ခန္ဓာကိုယ်အတွင်းရှိ ဝိဉာဉ်စွမ်းအား၏ အရည်အသွေးသည် သိသိသာသာ မြင့်မားလာသည်ကို ခံစားရကာ သင်၏ မနောဓာတ်သည်လည်း ပို၍ပင် ခိုင်မာလာခဲ့သည်။]

[တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်ကို လာရှာသည်…]

…

All Chapters