← Chapters

အခန်း (၅၆)

Vol. 4 Ch. 56

အခန်း (၅၆)

Vol. 4 Ch. 56

စုရှင်းသည် ဤအရာကိုမြင်သောအခါ ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။

သူ့တွင် ကျင့်ကြံခြင်း နည်းလမ်း ရှိပြီ ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်နိုင်ရန် အတွက် အချိန်အတော်ကြာ လေ့ကျင့်ရန် လိုအပ်သေးသောကြောင့် ယခုသည် ကျေနပ်နေရမည့် အချိန် မဟုတ်ပေ။

“ပထမဦးဆုံး ကိုးပတ်လည် ရွှေအမြု‌တေကို စုစည်းဖို့ နည်းလမ်း ရှာဖွေပြီးရင် အခြေတည် ဝိဉာဉ်အဆင့်ကို တိုးတက်ဖို့ လိုသေးတယ်။ဒါက ငါ နောက်ထပ် အာရုံစိုက်ရမယ့် အရာဘဲ…”

စုရှင်းသည် ဆက်လက်၍ သရုပ်ပြခြင်းကို လုပ်ဆောင်သည်။

[ခြောက်နှစ်မြောက်တွင် သင်သည် သင်၏ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ရန် ကြိုးစားနေဆဲ ဖြစ်ပြီး လတိုင်း တစ်ပတ်ကြာ ဆေးလုံးများကို ဖော်စပ်ကာ သင်၏ ကျင့်ကြံခြင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခဲ့သည်။]

[ခုနစ်နှစ်မြောက်တွင် သင်၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအမြုတေ အဆင့်၏ စတုတ္ထအလွှာသို့ တိုးတက်ခဲ့သည်။]

[ရှစ်နှစ်မြောက်တွင် သင်သည် ကြိုးစားအားထုတ်ပြီး လေ့ကျင့်ခဲ့သော်လည်း သင်၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအမြုတေ အဆင့်၏ စတုတ္ထအလွှာတွင်ပင် ရှိနေဆဲ ဖြစ်သည်။]

[ကိုးနှစ်မြောက်တွင် သင်၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအမြုတေ အဆင့်၏ ပဉ္စမအလွှာသို့ တိုးတက်ခဲ့သည်။]

[ဆယ်နှစ်မြောက်တွင် ဂိုဏ်းသည် ရုတ်တရက် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးလုံး၏ ဝယ်လိုအားကို တိုးမြှင့်လိုက်သည်။၎င်းသည် သင့်အတွက် သတင်းကောင်း ဖြစ်သည်။အကြောင်းမှာ သင်သည် ဟွမ်ရှန်း အနှစ်သာရကို ပိုမိုစုဆောင်းနိုင်မည် ဖြစ်‌သောကြောင့်ဖြစ်သည်။]

[ဆယ့်တစ်နှစ်မြောက်တွင် သင်၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအမြုတေ အဆင့်၏ ပဉ္စမအလွှာတွင်ပင် ရှိနေဆဲ ဖြစ်သော်လည်း သင့် ရွှေအမြုတေ၏ အရည်အသွေးသည် အဆက်မပြတ် တိုးမြင့်လာကာ အထူး ကောင်းမွန်သော အဆင့်သို့ နီးကပ်လာခဲ့သည်။]

[နှစ်ပေါင်းများစွာ ကြာပြီးနောက် စောင့်ရှောက်သူ ကျုံးမှ သင့်အားကြည့်သော အကြည့်များသည် တဖြည်းဖြည်း ထူးဆန်းလာသည်ကို သင်သတိပြုမိခဲ့သည်။သင့်အား စိတ်အနှောင့်အယှက် ဖြစ်စေသော နက်နဲသည့် တောင့်တမှု အချို့ကို မြှုပ်နှံထားပုံ ရသည်။]

[သင်လိုချင်သော ချန်ချွန်းနည်းလမ်းကို ရရှိပြီးဖြစ်သောကြောင့် စောင့်ရှောက်သူ ကျုံးသည် သင့်အတွက် မည်သည့် တန်ဖိုးမှ မရှိတော့ပါ။ထို့ကြောင့် သင်သည် တဖြည်းဖြည်း အကွာအဝေး ထားလာခဲ့သည်။]

[စောင့်ရှောက်သူ ကျုံးသည် ဤအကြောင်းနှင့် ပတ်သက်၍ များများစားစား မပြောခဲ့သော်လည်း မည်သို့ပင်ဆိုစေ သူသည် သင်၏ တိုက်ရိုက် အထက်အရာရှိ ဖြစ်သည့်အတွက် သင်သည် လတိုင်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် တွေ့ဆုံနေရဆဲ ဖြစ်သည်။]

[ဆယ့်နှစ် နှစ်မြောက်တွင် သင်၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအမြု‌တေ အဆင့်၏ ပဉ္စမအလွှာတွင်ပင် ရှိနေဆဲဖြစ်သည်။သင်၏ အရည်အချင်း မလုံလောက်သောကြောင့် ဖြစ်နိုင်သည်ဟု သင်သဘောပေါက်ခဲ့သည်။သင်သည် သင်၏ စွမ်းအင် အများစုကို သင့် ရွှေအမြုတေ အဆင့်၏ အရည်အသွေးကို မြှင့်တင်ရန် အသုံးပြုခဲ့သည်။]

[ဆယ့်သုံးနှစ်မြောက်တွင် သင်၏ ကျင့်ကြံခြင်း အဆင့်သည် ရွှေအမြုတေ အဆင့်၏ ပဉ္စမအလွှာတွင်ပင် ရှိနေဆဲဖြစ်ပြီး၊ သင့် ရွှေအမြုတေ၏ အရည်အသွေးသည် ထပ်မံ တိုးတက်မလာခဲ့ပေ။]

[တစ်နေ့တွင် စောင့်ရှောက်သူ ကျုံးသည် သင့်အား သီးသန့် လာတွေ့ခဲ့သည်။သင်သည် မကောင်းသော ခံစားချက်ကို ရရှိခဲ့သော်လည်း စောင့်ရှောက်သူ ကျုံးသည် သင်၏ တိုက်ရိုက် အထက်အရာရှိ ဖြစ်သောကြောင့် ငြင်းပယ်ပိုင်ခွင့် မရှိခဲ့ပေ။]

[စောင့်ရှောက်သူ ကျုံးသည် သင့်အား တိတ်ဆိတ်သော နေရာသို့ ခေါ်ဆောင်သွားသည်။သူ၏အကြည့်သည် မရိုးမသား မဟုတ်တော့ဘဲ ပြင်းထန်ပြီး လောဘကြီးလာခဲ့သည်။]

[သူသည် သင့်အား ပထမဆုံး မြင်ကတည်းကပင် သင်သည် ချန်ချွန်းနည်းလမ်းကို လေ့ကျင့်နေကြောင်း သိသည်ဟု ပြောခဲ့သည်။]

[ကြိုတင် သိနေသည့် မကောင်းသော ခံစားမှုနှင့်အတူ၊ သင်သည် စောင့်ရှောက်သူ ကျုံး၏ သင့်အပေါ် မကောင်းကြံရွယ်မှုကို ခံစားမိနိုင်သော်လည်း၊ သင်၏ခွန်အားဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိသောကြောင့်၊ သင်သည် စိတ်ကို တည်ငြိမ်အောင် ထားကာ ချန်ချွန်းနည်းလမ်းကို လေ့ကျင့်နေကြောင်း ပြောခဲ့သည်။ သူ မည်သို့ သိသည်ကိုလည်း မေးမြန်းခဲ့သည်။]

[စောင့်ရှောက်သူ ကျုံးသည် ရက်စက်စွာ ပြုံးလိုက်ပြီး သူ၏ ပြတ်သားသော အဖြူရောင် သွားများကို လှစ်ပြကာ သူသည်လည်း ချန်ချွန်းနည်းလမ်းကို လေ့ကျင့်သောကြောင့် ဖြစ်သည်ဟု ပြောခဲ့သည်။]

[သင်သည် တုန်လှုပ်သွားသော်လည်း ကမ္ဘာပေါ်တွင် သင်၏ အသက်မွေး ဝမ်းကျောင်းနှင့်တူသော ကျင့်ကြံသူသည် တစ်ဦးသာ ရှိသင့်သောကြောင့် သင်သည် သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ဆက်လက် မေးမြန်းခဲ့သည်။]

[စောင့်ရှောက်သူ ကျုံးသည် သင်သေဆုံးရန် သေချာနေပြီ ဖြစ်ကြောင်း၊ သူသည် သင့်အား ကိုယ်ပိုင် အသိဉာဏ်ဖြင့် သေဆုံးခွင့်ပြုလိုကြောင်း တိုက်ရိုက် ပြောကြားခဲ့သည်။သူသည် ဤကမ္ဘာမှ မဟုတ်ဘဲ အခြားကမ္ဘာမှ ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်းကိုပါ ထုတ်ဖော် ပြောကြားခဲ့သည်။]

[ပြီးတော့ ဆင်းသက်ဂိုဏ်းသို့ သူဝင်ရောက်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ကာလကြာရှည်ကတည်းက ပျောက်ဆုံးနေသော အမတလမ်းကို ရှာဖွေရန်ဖြစ်ပြီး၊ သင်သည် ဤနှစ်များ တစ်လျှောက် သူတွေ့ဆုံခဲ့ဖူးသည့် ဒုတိယမြောက် ကျင့်ကြံသူ ဖြစ်ကြောင်း ပြောသည်။သင်သည် ခိုင်မာသော အသက်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့်အတွက် သူ၏သက်တမ်းကို တိုးမြှင့်ရန် အလွန် သင့်လျော်သူ ဖြစ်သည်။]

[သူသည် သင့်အား မည်သို့ပြုလုပ်ရန် ပြင်ဆင်နေသည်ကို သင် ကြိုတင် ခန့်မှန်းပြီးသား ဖြစ်သော်လည်း သင်သည် မတိုက်ခိုက်ဘဲ အရှုံးပေးရန် ရည်ရွယ်ထားခြင်း မရှိပေ။ သင်သည် သင်၏ ခန္ဓာကိုယ်အနှံ့ရှိ သွေးစွမ်းအင် အားလုံးကို လည်ပတ်စေပြီး စောင့်ရှောက်သူ ကျုံးအား အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။]

[သို့သော်လည်း သင်တို့နှစ်ဦးကြား ကွာဟချက်သည် အလွန် ကြီးမားလွန်းသည်။စောင့်ရှောက်သူ ကျုံးသည် သင့်အား သတိလစ်သွားစေဖို့ သူ၏ အင်အားအပြည့်ကိုပင် အသုံးပြုရန် မလိုအပ်ခဲ့ပေ။]

[သင်ပြန်နိုးလာသောအခါ၊ ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများ ဝန်းရံထားသည့် မရင်းနှီးသော နေရာတစ်ခုတွင် သင့်ကိုယ်သင် တွေ့ရှိခဲ့ပြီး သင်သည် ခိုင်မာစွာ တုပ်နှောင် ခံထားရသည်။သင်၏ ခြေလက်များသည် ဖြတ်တောက်ခံထားရပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။]

[ဂိုဏ်းအကြီးအကဲ ကျုံးသည် မျက်နှာဖုံးကို မဝတ်ဆင်ထားဘဲ၊ အရေးအကြောင်းများ အပြည့်ရှိသော သူ၏ ပိန်လှီသည့် မျက်နှာကို ပြသထားသည်။သူ၏ ဝါနေသော သွားများသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်ဖွယ် ကောင်းသည်။]

[လောကတွင် ဝိညာဉ်စွမ်းအင် မရှိတာကို သိလျက်နှင့် သင်သည် ဘာကြောင့် ကျင့်ကြံနိုင်ရတာလဲဟု သူက မေးမြန်းခဲ့သည်။]

[သေခြင်းတရားဟာ မလွဲမသွေ ရောက်လာတော့မယ် ဆိုတာကို သိထားတဲ့အတွက် သင်သည် အံကိုကြိတ်ကာ ဘာမှ မပြောခဲ့ပါ။]

[ဂိုဏ်းအကြီးအကဲဟာ လက်မလောက်ထူတဲ့ အနက်ရောင် ပိုးကောင် တစ်ကောင်ပါသည့် ဝါးကျည်တောက်လေး တစ်ခုကို ဂရုတစိုက် ထုတ်ယူလိုက်တယ်။ အဲဒီပိုးကောင်ဟာ သင့်ရဲ့ ခန္ဓာကိုယ်ပေါ်ကို ဖြည်းဖြည်းချင်း တွားသွားပြီး နောက်ဆုံးမှာတော့ သင့်ရဲ့ မျက်လုံးများမှ တစ်ဆင့် သင့်အတွင်းထဲသို့ တိုးဝင်သွားခဲ့သည်။]

[သင်သည် တတ်နိုင်သမျှ အားကုန်ထုတ်ပြီး ခုခံကာကွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်လိုပဲလုပ်လုပ် သင့်တွင် ဘာအစွမ်းအစမှ မရှိတော့ဘူး ဆိုတာကို တွေ့ရှိခဲ့ရသည်။သင့်အတွင်းထဲက ဝိညာဉ်စွမ်းအားတွေတောင်မှ ပျောက်ကွယ်သွားခဲ့သည်။]

[အမှောင်ထု ကြီးမားတဲ့ ဂူပိုးကောင်ဟာ သင့် ခန္ဓာကိုယ်ထဲကို တိုးဝင်သွားတဲ့အခါမှာ သင်သည် နှလုံးသားကို ပုရွက်ဆိတ် ထောင်နဲ့ချီပြီး ကိုက်နေသလို နာကျင်မှုမျိုးကို ခံစားခဲ့ရသည်။သို့သော် သင်သည် ဘာမှ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိသလို သင့်ကိုယ်သင်တောင် သတ်သေလို့ မရခဲ့ပါ။]

[မင်းသည် အံကိုကြိတ်ထားသည်။သင်၏ မလျှော့သော ဇွဲလုံ့လသာ ထိုအချိန်တွင် အလုပ် လုပ်လာသည့်အတွက် သင်သည် အနည်းငယ် ပိုကြာကြာ ခံနိုင်ရည် ရှိလာခဲ့သည်။]

[ထို့နောက် အာရုံကို ထိခိုက်စေသည့် အသံနှင့်အတူ စောင့်ရှောက်သူ ကျုံးရဲ့အသံသည် သင့်ရဲ့နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။သူက သင်သည် ဝိညာဉ်စွမ်းအင်ရှိတဲ့ ကမ္ဘာတစ်ခု၏ ပုံတူကို တွေ့ထားကြောင်း သူသိသည်ဟု ပြောသည်။ထိုပုံတူ၏ တည်နေရာကို သင် ပေးလိုက်တာနဲ့ သူက သင့်ကို မြန်မြန်ဆန်ဆန် အဆုံးသတ် ပေးမည်ဟု ပြောသည်။]

[သင့်စိတ်ထဲတွင် နာကျင်မှုများနှင့် ဝေဝါးနေသည်။သင့် နှလုံးသားထဲရှိ တစ်ခုတည်းသော အတွေးမှာ သေသွားရင်တောင် ထိုပုံတူ၏ တည်နေရာကို မပြောဘူး ဆိုတာပင်။အဘယ့်‌ကြောင့်ဆိုသော် ဂိုဏ်းအကြီးအကဲ လိုလူမျိုးကို ထိုသို့သော အကျိုးအမြတ်မျိုး မပေးချင်သောကြောင့် ဖြစ်သည်။]

[သင်သည် လက်မလျှော့ဘဲ လွတ်မြောက်ဖို့ နည်းလမ်းကို ဆက်စဉ်းစားနေသော်လည်း လုံးဝ အာရုံစိုက်လို့ မရတော့ပါ]

[ထိုအချိန်မှာပဲ အသံတစ်ခုသည် သင့်နားထဲသို့ ရောက်လာပြီး သင်သည် လန့်သွားခဲ့သည်။ပြီးတော့ ယင်းမှာ ဂူပိုးကောင်၏ အသံမှန်း သင် သိလိုက်သည်။]

[ရုတ်တရက် သင့်ရဲ့ တိရစ္ဆာန် စကားပြောခြင်း အဆင့်တစ်ဆယ် စွမ်းရည်ကို ပြန်သတိရသွားသည်။ဂူပိုးကောင်ဟာလည်း တိရစ္ဆာန် အမျိုးအစား တစ်ခုဖြစ်တာ သေချာတာကြောင့် သင်သည် သည်းခံပြီး ပိုးကောင်ကို ချော့မြှူ ပြောဆိုလိုက်သည်။သင့် ခန္ဓာကိုယ်ထဲက ထွက်သွားဖို့ မျှော်လင့်ရင်းပေါ့။]

[မထင်မှတ်ဘဲ ဂူပိုးကောင်ဟာ တကယ်ပင် သဘောတူလိုက်သည်။ယင်းသည် သင့်ပါးစပ်ကနေ တွားထွက်လာပြီး သင့်ကို စပ်စုတဲ့ပုံစံနဲ့ လှည့်တောင် ကြည့်လိုက်‌သေးသည်။]

[ဂူပိုးကောင်ဟာ သင့်ရဲ့ခန္ဓာကိုယ်ထဲက ထွက်သွားတဲ့အခါ သင့်အတွင်းထဲက နာကျင်မှုသည် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားသည်။သို့သော် ယင်းပိုးကောင် ကိုက်ထားသည့်အတွက် သင့် အတွင်းအင်္ဂါတွေမှာ အပေါက်တွေ အများကြီး ဖြစ်နေကြောင်း သင် ခံစားနိုင်သည်။]

[ကံကောင်းသည်မှာ ယင်းဂူပိုးကောင်ကို သတ်ဖို့မဟုတ်ဘဲ ညှဉ်းပန်းဖို့အတွက်သာ ရည်ရွယ်ထားသည်။ပြီး သင်သည် ကိုယ်တွင်းအင်္ဂါ စင်ကြယ်ခြင်းအဆင့်ကို ရောက်နေသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်တာကြောင့် သင့်အင်္ဂါများ ပျက်စီးသွားခြင်းသည် တဖြည်းဖြည်း ပြန်ကောင်းလာနိုင်သည်။]

[စောင့်ရှောက်သူ ကျုံး၏ မျက်နှာသည် ဖြူဖျော့သွားသည်။သင်သည် ဂူပိုးကောင် များကိုလည်း အမိန့်ပေးနိုင်လိမ့်မည်ဟု သူ မထင်ထားပါ။ထို့‌နောက် သင်သည် ဂူလူမျိုးများထံမှ အမွေအနှစ်တစ်ခုခု ရထားသလားဟု သူက မေးသည်။]

[သင်သည် ပြုံးရယ်လိုက်ပြီး စောင့်ရှောက်သူ ကျုံးကို လုံးဝ ဂရုမစိုက်ခဲ့ပါ။]

[နောက် သုံးရက်တာ ကာလအတွင်းမှာ စောင့်ရှောက်သူ ကျုံးသည် သင့်ကို ညှဉ်းပန်းနှိပ်စက်မှု နည်းလမ်းပေါင်း မြောက်များစွာနှင့် စမ်းသပ်ခဲ့သည်။သို့သော် သင့်စိတ်သည် ခိုင်မာနေပြီး သင်သည် အလျှော့မပေးခဲ့ပါ။]

စုရှင်းသည် ခဏရပ်ပြီး အံ့ဩသွားသည်:

“ငါက နှစ်တစ်ထောင်မှာမှ တစ်ယောက်လောက်ပေါ်တဲ့ ရှားပါးတဲ့ ခံနိုင်ရည်ရှိတဲ့သူတွေထဲက တစ်ယောက်များ ဖြစ်နေမလာ”

ဒါမျိုးတော့ မဖြစ်နိုင်ဘူး! စုရှင်းသည် ခေါင်းကို ခါယမ်းလိုက်သည်။

“ငါ့မှာရှိတဲ့ ခံနိုင်ရည်အားက အရမ်း ပြင်းထန်လို့ ညှဉ်းပန်းတာကို ခံနိုင်ရည်ရှိတာများလား... မဟုတ်ဘူး၊ အဲဒါ မဖြစ်နိုင်ဘူး။အဆင့်နိမ့်တဲ့ အစိမ်းရောင် ပါရမီတစ်ခုက အဲဒီလို အကျိုးသက်ရောက်မှုမျိုး ရှိမှာမဟုတ်ဘူး!”

စုရှင်း အတော်ကြာ စဉ်းစားပြီးမှ သဘောပေါက်သွားသည်။

“ဖြစ်နိုင်တာက သရုပ်ပြခြင်းထဲက 'ငါ' ဟာ တကယ့်ကမ္ဘာထဲက ငါ့ရဲ့အတွေးတွေ အတိုင်း လုပ်ဆောင်တာကြောင့်များလား? ပြီးတော့ ငါက အ လျှော့မပေးချင်တော့ သရုပ်ပြခြင်းထဲက 'ငါ' လည်း လက်နက်ချမှာ မဟုတ်ဘူးပေါ့။”

စုရှင်းသည် ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။ယင်းသည် အဓိပ္ပာယ်ရှိသည့် တစ်ခုတည်းသော ရှင်းပြချက် ဖြစ်သည်။

စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[သင့်စီကနေ အသုံးဝင်သည့် ဘာ သတင်းအချက်အလက်မှ မရနိုင်တော့ဘူးဆိုတာကို သိလိုက်တဲ့အတွက် ဂိုဏ်းအကြီးအကဲဟာ လက်လျှော့လိုက်သည်။]

[သို့သော် သူက သင့်ကို ချက်ချင်း အဆုံးမသတ်လိုက်ပါ။အဲဒီအစား သူက ကြီးမားတဲ့ ဆေးဖိုကြီးတစ်ခုကို ထုတ်ယူလိုက်ကာ သင့်ကို ယင်းဆေးဖိုထဲသို့ ပစ်ထည့်လိုက်သည်။သူသည် သင့်ကို လူသားဆေးလုံးအဖြစ် ပြောင်းလဲဖို့ရန် ရည်ရွယ်ထားခြင်းပင်!]

…

All Chapters