← Chapters

ဝိဉာဉ်အားဖြည့်ဆေးများ ဖော်စပ်ခြင်း၊ ဂိုဏ်း၏ ဘဏ္ဍာတိုက်!

Vol. 4 Ch. 43

ဝိဉာဉ်အားဖြည့်ဆေးများ ဖော်စပ်ခြင်း၊ ဂိုဏ်း၏ ဘဏ္ဍာတိုက်!

Vol. 4 Ch. 43

[အနှစ်သာရကို ပျိုးထောင်ပေးသော ဆေးလုံးများကို ဖော်စပ်ခြင်းသည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးများကို ဖော်စပ်ခြင်းထပ် သိပ်မခက်ခဲပါ။သို့သော် သင်၏ အဂ္ဂ်ိရတ် ပညာဆိုင်ရာ ကျွမ်းကျင်မှုများ အလွန်တိုးတက်လာပြီး မကြာမီတွင် သင်သည် အနှစ်သာရကို ပျိုးထောင်ပေးသော ဆေးလုံးများ ပြုလုပ်သည့် အတတ်ပညာကို ကျွမ်းကျင်လာခဲ့သည်။]

[နောက်ထပ် သုံးလကြာပြီးနောက် ထိုလများအတွင်း သင်သည် အနှစ်သာရကို ပျိုးထောင်ပေးသော ဆေးလုံးများကို ဖော်စပ်ရန် အကြိမ် ရာပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အသုတ် နှစ်ဆယ်သာ အောင်မြင်ခဲ့သည်။ ထို့နောက် သင်သည် အနှစ်သာရကို ပျိုးထောင်ပေးသော ဆေးလုံးများကို လေ့လာရန် အချိန်ပေးခဲ့ပြီး တဖြည်းဖြည်း ပိုမို ကျွမ်းကျင်လာခဲ့သည်။]

[ခုနစ်နှစ်မြောက်တွင် သင်သည် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ဤတစ်နှစ်တာလုံးတွင် သင်သည် ဆင်းသက်ဂိုဏ်းကို ဆေးပညာဖြင့် ကြိုးကြိုးစားစား ကူညီနေပုံ ရသော်လည်း အမှန်တကယ်တွင် သင်သည် ၎င်းတို့၏ အရင်းအမြစ်များကို သင်၏ ကိုယ်ပိုင် ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်စေရန် အသုံးပြုနေခဲ့သည်။]

"ဆေးဖက်ဝင် အပင်များ အလုံအလောက် ရရှိသောကြောင့် ဤနှစ်တွင် သင်၏ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးလုံးများသည် လုံးဝ ကုန်ခမ်းသွားခြင်း မရှိခဲ့ပေ။ ရာနှင့်ချီသော ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားများသည် သင်၏ ဝိညာဉ်စွမ်းအင်ကို ပိုမိုခိုင်မာစေခဲ့ပြီး သင်၏ခွန်အားသည်လည်း ယခင်ကထက် ထက်ဝက်ကျော် တိုးတက်လာသည်ဟု ခံစားရသည်။”

[သို့သော် သင့်ကို အများဆုံး အထောက်အကူ ဖြစ်စေခဲ့သည်မှာ အနှစ်သာရကို ပျိုးထောင်ပေးသော ဆေးလုံးများပင် ဖြစ်သည်။ သင်၏ ဝိညာဉ်အာရုံသည် ပိုမို အားကောင်းလာသည်ကို ခံစားနိုင်သော်လည်း ပုံစံတကျ သိပ်သည်းခြင်း အဆင့်သို့ မရောက်ရှိသေးပေ။ သို့သော် ယခုအခါ သင်သည် မိမိကိုယ်ကို အလွယ်တကူ ပြန်လည် ဆန်းစစ်နိုင်ပြီး ယခင်ကထက် ဝိညာဉ်စွမ်းအင် လမ်းကြောင်းများနှင့် သင်၏ တန်းထျန်ကိုပင် ပိုမို ထိန်းချုပ်နိုင်ခဲ့သည်။]

[ဟုတ်ပါသည်။အရေးကြီးဆုံး အချက်မှာ သင်၏ ဝိညာဉ်အာရုံ အားကောင်းလာသည် နှင့်အမျှ သင်၏ ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုများလည်း လျင်မြန်စွာ တိုးတက်လာခြင်းပင် ဖြစ်သည်။သင်၏ လီမီးအဂ္ဂိရတ်ကို ထိန်းချုပ်နိုင်မှုသည်လည်း ယခင်ကထက် ပို၍ပင် သိမ်မွေ့လာခဲ့သည်။]

စုရှင်းသည် ယင်းကို ဖတ်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အနှစ်သာရကို ပျိုးထောင်ပေးသော ဆေးလုံးများကို ပေါင်းခံခြင်းသည် သူ၏ ဝိညာဉ်အာရုံကို အားကောင်းစေပြီး၊ ယင်းကတစ်ဆင့် သူ၏ ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ပြုစုပျိုးထောင်ပေးသည်။ သူ၏ ဆေးပညာဆိုင်ရာ ကျွမ်းကျင်မှုများ ပိုမို တိုးတက်လာသည်နှင့်အမျှ စုရှင်းသည် အရည်အသွေး ပိုမိုကောင်းမွန်သော အနှစ်သာရကို ပျိုးထောင်ပေးသည့် ဆေးလုံးများကို ပိုမိုထုတ်လုပ်နိုင်ခဲ့ပြီး အပြုသဘောဆောင်သော စက်ဝန်းတစ်ခုကို ဖန်တီးခဲ့သည်။

လုံလောက်သော ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားများဖြင့် စုရှင်း၏ ဝိညာဉ်စွမ်းအင်သည် ပိုမိုခိုင်မာလာပြီး သူ၏ ရွှေအမြုတေ အဆင့်သည် ပိုမိုပြည့်စုံလာသည်။စုရှင်းသည် အရည်အသွေးမြင့်သည့် ရွှေအမြုတေ အဆင့်ကို ရောက်ရှိရန် မဝေးတော့တာများ ဖြစ်နိုင်လောက်မလား?

ထို့အပြင် စုရှင်း အံ့အားသင့်သွားသည်မှာ ဆင်းသက်ဂိုဏ်း၏ ဝိညာဉ်ဆေးဝါးနှင့် ကျင့်ကြံခြင်း လောကအပေါ် နားလည်သဘောပေါက်မှုသည် တပ်မတော်ကြီး၏ နားလည်သဘောပေါက်မှုထက် များစွာ သာလွန်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်ကို များစွာ မြှင့်တင်ပေးခဲ့သည်။

စုရှင်းသည် ဆင်းသက်ဂိုဏ်း အတွက် အလုပ်လုပ်နေပုံ ရသော်လည်း အမှန်တကယ်တွင် ဆင်းသက်ဂိုဏ်းသည် သူ့အား ကျင့်ကြံရန်အတွက် အရင်းအမြစ်များကို အခမဲ့ ပံ့ပိုးပေးနေခြင်း ဖြစ်သည်။

“ဝိညာဉ်ဆေးဝါးတွေ အပြင် ဆင်းသက်ဂိုဏ်းမှာ ဝိညာဉ်ကျောက်တုံးတွေလိုမျိုး အရင်းအမြစ်တွေ ရှိမရှိ သိချင်သေးတယ်”

စုရှင်း၏ နှလုံးသားထဲတွင် တမ်းတမှု အနည်းငယ် ခံစားလိုက်ရသည်။ သူသည် များသောအားဖြင့် ကျင့်ကြံရန်အတွက် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရန် တွန့်ဆုတ်နေလေ့ရှိသည်။အကြောင်းမှာ သူပိုင်ဆိုင်သော ဝိညာဉ်ကျောက်တုံး အရေအတွက်သည် အမြဲလိုလို နည်းပါးသည်။၄င်းတို့ကို အသုံးပြုခြင်းသည် သူ့အား သရုပ်ပြခြင်းများအတွက် လုံလောက်သော ဝိညာဉ်ကျောက်တုံးများ မရှိတော့စေသောကြောင့် ဖြစ်သည်။

သို့သော်လည်း စုရှင်းသည် ဆေးဝါးများကို ပေါင်းခံသောအခါ၌ ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို အသုံးပြုရသေးသည်။

လွန်ခဲ့သော တစ်လအတွင်းမှာပင် စုရှင်း၏ ဝိညာဉ်ကျောက်တုံး အရေအတွက်သည် တစ်ထောင်အောက်သို့ လျော့နည်းသွားပြီး ဖြည့်တင်းရန် လမ်းကြောင်းလည်း မရှိတော့ပေ။ ဝိညာဉ်ကျောက်တုံးများ လုံးဝကုန်သွားပါက စုရှင်းသည် အမှန်တကယ်ပင် ဘာမှ လှုပ်ရှား၍ ရတော့မည် မဟုတ်ပေ။

“ငါ့လက်ထဲက ဝိဉာဉ်ကျောက်တုံးတွေနဲ့ဆို တစ်နှစ်လောက်တော့ လုံလောက်မှာဘဲ…ချွေတာမယ်ဆိုရင် အာ့ထပ် နည်းနည်း ပိုကြာနိုင်တယ်။ဒါပေမယ့် လက်ရှိ ကျောက်တုံးတွေ မကုန်ခင် နောက်ထပ် ဝိဉာဉ်ကျောက်တုံးတွေ ရနိုင်မယ့် နည်းလမ်းကို ရှာရမယ်”

ဤသို့ တွေးကာ စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[တစ်နေ့တွင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးလုံး နှစ်ရာကို တစ်သုတ်ထဲ ထုတ်လုပ်ခဲ့ပြီးနောက် ထို အရိပ် ကာကွယ်သူသည် သင့်ကို ထပ်မံတွေ့ဆုံခဲ့သည်။သူ၏ စကားများတွင် ချီးကျူးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။သင်သည် ဆင်းသက်ဂိုဏ်း၏ မျိုးဆက်သစ်များထဲတွင် ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ညွှန်ပြနေသည်။]

[ဂိုဏ်းဝင် ရာနှင့်ချီသော လူများရှေ့တွင် အရိပ် ကာကွယ်သူသည် သင့်အား ဆင်းသက်ဂိုဏ်း၏ (၁၈)ယောက်မြောက် အကြီးအကဲအဖြစ် ကြော်ငြာခဲ့ပြီး 'ဆေးဝါး'ဟူသော ဘွဲ့အမည်ကို ပေးအပ်ခဲ့သည်။ ကျန်ဂိုဏ်းသားများသည် သင့်အား လေးစားစွာဖြင့် ဆေးဝါး အကြီးအကဲဟု ခေါ်ဝေါ်ကြသည်။]

[ဆင်းသက်ဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှာ သင်၏ အခွင့်အရေးများသည် သိသိသာသာ တိုးလာခဲ့သည်။သင်ဟာ ကိုယ်ပိုင် အဖွဲ့တစ်ဖွဲ့ကို တည်ထောင်ခွင့်ရခဲ့သလို ဂိုဏ်း၏ ဘဏ္ဍာတိုက်ကို ဝင်ရောက်ရန် အရည်အချင်းလည်း ပြည့်မီသွားပြီ ဖြစ်သည်!]

[ယခင်က သိခဲ့သည့် အကြီးအကဲအား ဝမ့်ချင်းရွှမ်ကို သင်၏ လက်အောက်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုခဲ့သည်။သင်၏ ရာထူးအသစ်ကြောင့် တခြား အကြီးအကဲများသည် သင့်ကို အလွန် ရိုသေကြပြီး သင့်ရဲ့ ရိုးရှင်းသော တောင်းဆိုမှုကိုလည်း အလွယ်တကူပင် သဘောတူခဲ့သည်။]

[ဝမ့်ချင်းရွှမ်၏ အကူအညီကြောင့် သင်၏ အလုပ်များသည် အများကြီး ပိုပြီး ထိရောက်လာသည်။သူမသည် ဆင်းသက်ဂိုဏ်း၏ အင်အားအလုံးစုံကို လျှို့ဝှက်စွာ စစ်ဆေးရာတွင် ကူညီပေးခဲ့သည့်အပြင် သင်ဟဘဝကိုလည်း ပိုမို သာယာစေခဲ့သည်။]

[သင်၏ လစဉ် ဆေးဝါးဆိုင်ရာ တာဝန်များ ပြီးဆုံးပြီးနောက် သင်သည် ဝမ့်ချင်းရွှမ်ကို ခေါ်ကာ ဘဏ္ဍာတိုက်သို့ သွားရန် ပြင်ဆင်ခဲ့သည်။]

ထိုစာကို ဖတ်ပြီးနောက် စုရှင်းသည် ရယ်ချင်သလို ဖြစ်သွားသည်။သူက တကယ်ဘဲ ဆင်းသက်ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာတာလား။ပြီးတော့ သူတို့က သူ့ကို ဆေးဝါးအကြီးအကဲလို့တောင် ခေါ်ကြတယ်ပေါ့။

တစ်ချိန်တည်းမှာပင် စုရှင်းသည် အံ့အားသင့်သွားသည်။အဘယ့်ကြောင့်ဆိုသော် သူ ယခင်က တွေ့ခဲ့သည့် အကြီးအကဲသည် အနည်းဆုံး ကောင်းကင်ဘုံ ဘုရင်အဆင့်ရှိမှန်း သူ သိထားပြီးသား ဖြစ်သည်။ပြီးတော့ သူက နံပါတ်၁၈ အကြီးအကဲ…

ဆိုလိုသည်မှာ ဆင်းသက်ဂိုဏ်းတွင် ကောင်းကင်ဘုံ ဘုရင်အဆင့် လူ၁၇ယောက် ရှိသည်ဆိုသော အဓိပ္ပာယ် ဖြစ်သည်!

အကြီးအကဲများ၏ အထက်တွင် ရှိသည့် အုပ်ထိန်းသူများ အကြောင်းကို ခဏထားပါ။သူတို့ကတော့ သိုင်းဧကရာဇ်အဆင့် တိုက်ခိုက်ရေးသမားများ ဖြစ်နိုင်ခြေ များသည်။

သိုင်းဧကရာဇ်အဆင့် တိုက်ခိုက်ရေးသမားများသည် ရှားနိုင်ငံတွင် ရာဂဏန်းလောက်သာ ရှိသည်။ဆင်းသက်ဂိုဏ်းတွင် ထိုကဲ့သို့ အင်အားကြီးသူများ ရှိနေခြင်းသည် ထိုဂိုဏ်းဟာ သာမန် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေပေသည်။

တကယ်တမ်း ယခုအချိန် စုရှင်း စိတ်အဝင်စားဆုံး အရာမှာ ဆင်းသက်ဂိုဏ်း၏ ဘဏ္ဍာတိုက်ဟု ခေါ်သည့် အရာပင် ဖြစ်သည်။

“ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်... ချန်ချွန်းနည်းရဲ့ ဒုတိယပိုင်းက အဲဒီထဲမှာ ရှိနိုင်မလား?”

စုရှင်းသည် ဆက်လက် သရုပ်ပြ‌နေစဉ် သူ့နှလုံးသားထဲမှာ တမ်းတတဲ့ အရိပ်အယောင်လေးတစ်ခု ပေါ်လာသည်။

[ဘဏ္ဍာတိုက်ကို ဝင်ရောက်ခွင့်ဟာ ဂိုဏ်း၏ အကြီးအကဲ အဆင့်ရှိသူတွေသာ ဝင်ရောက်ခွင့်ရပြီး ဘဏ္ဍာတိုက်ထဲကို မဝင်ခင် ကာကွယ်သူ တစ်ယောက်နှင့် အတူသွားရမည် ဖြစ်သည်။]

[အရိပ် ကာကွယ်သူ၏ လမ်းညွှန်မှုအောက်မှာ သင်သည် ဘဏ္ဍာတိုက် ရှ်ိသည့်နေရာသို့ ဝင်ရောက်သွားသည်။အံ့ဩစရာ‌ ကောင်းသည်မှာ ဤဘဏ္ဍာတိုက်သည် လက်တွေ့ကမ္ဘာတွင် မဟုတ်ဘဲ အထူးပုံတူ တစ်ခုထဲတွင် ရှိနေပုံရသည်။]

ယင်းကို မြင်သည့်အခါ စုရှင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။အထူးပုံတူတစ်ခုထဲမှာ ဘဏ္ဍာတိုက်ကို တည်ထောင်တာဟာ တော်တော်လေး ရဲတင်းတဲ့ လုပ်ရပ် ဖြစ်သည်။

ပုံတူများသည် ပျောက်ကွယ်သွားနိုင်သော အန္တရာယ်ရှိမှန်း လူသိများပါသည်။တစ်နေ့နေ့တွင် ပုံတူသာ ကွယ်ပျောက်သွားခဲ့လျှင် ဆင်းသက်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်သည် လုံးဝဆုံးရှုံးသွားမည် မဟုတ်ဘူးလား?

စုရှင်းသည် ဘဏ္ဍာတိုက်၏ တကယ့် အပြင်ပုံစံကို ကိုယ်တိုင် မြင်တွေ့ချင်ခဲ့သည်။

ဒါကြောင့် စိတ်ထဲမှ တွေးကာ ပြောလိုက်သည်:

“မြှုပ်နှံထားတဲ့ သရုပ်ပြခြင်း တစ်နာရီကို ရယူချင်တယ်!”

[ဒင် သင်သည် စွမ်းအင်အမှတ် ၁၀၀,၀၀၀ကို တစ်နာရီစာ မြှုပ်နှံသရုပ်ပြခြင်းအတွက် အသုံးပြုခဲ့ပါသည်။ကျန်ရှိသော အမှတ်များ: ၆၉၃,၀၀၀]

သရုပ်ပြစက်၏ အသံသည် စုရှင်း၏နားထဲ ဝင်ရောက်လာသည်။

စုရှင်းသည် သူ့အမြင်အာရုံ ရုတ်တရက် ပြောင်းလဲသွားသည်ကိုသာ ခံစားလိုက်ရပြီး သူ မရင်းနှီးသည့် နေရာတစ်ခုကို ရောက်သွားသည်။

ထိုနေရာ၏ အပြင်ဘက်တွင် ကြည်လင်သော ရေများနှင့် စိမ်းလန်းသော တောင်တန်းများ ရှိမှန်း ထင်ရှားသည်။အဝေးရှိ တောင်ထိပ်သည် တစ်ခုထပ်တစ်ခု မြင့်တက်ကာ တစ်ခါတစ်ရံတွင် ယုန်နှင့်သမင်များ ပြေးလွှားနေသည်ကို မြင်တွေ့နိုင်သည်။

ယင်းသည် လက်တွေ့ကမ္ဘာ မဟုတ်မှန်း သေချာပါသည်။အဘယ့်ကြောင့်ဆိုသော် နည်းပညာတွေ တိုးတက်လာသည် နှင့်အမျှ ကမ္ဘာပေါ်မှာ ယခုလောက်ထိ သဘာဝကို အပြည့်အဝ ထိန်းသိမ်းထားသော နေရာများသည် မရှိသလောက် ရှားသွားခဲ့ပြီ။

စုရှင်း၏ဘေးတွင် မျက်နှာဖုံးများနှင့် ကိုယ်လုံးဖုံးသည့် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသည့် အခြွေအရံ များစွာ ရှိသည်။

စုရှင်းဟာ တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့ထဲမှ အရပ်ပုပုနှင့် သေးသေးသွယ်သွယ် ပုံရိပ်တစ်ခုကို မှတ်မိသွားသည်—ယင်းမှာ ဝမ့်ချင်းရွှမ်ပင်။

“ဆေးဝါးအကြီးအကဲ ၊ ဘာများ ဖြစ်လို့လဲ?”

ရှေ့က လျှောက်နေသည့် အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်က နောက်ကိုလှည့်ပြီး မေးလိုက်သည်။ သူ့အသံက အရမ်းဆွဲဆောင်မှုရှိပြီး ကျားမ ခွဲခြားရခက်သည့် အသံမျိုးဖြစ်တာကြောင့် ယောက်ျားလေးလား မိန်းကလေးလား ခွဲခြားဖို့ရန် ခက်ခဲပါသည်။

သရုပ်ပြခြင်းထဲကို အခုမှ ဝင်လာပြီး ရုတ်တရက် မေးလိုက်တဲ့ မေးခွန်းကြောင့် အသင့်မဖြစ်သေးတဲ့ စုရှင်းဟာ ခဏလောက် ကြောင်အသွားပေမယ့် ချက်ချင်း သတိပြန်ဝင်လာသည်။

သူက ပြုံးပြီးတော့ ပြောလိုက်သည်:

“ကျွန်တော် စဉ်းစားနေတာက ဒီပုံတူကမ္ဘာထဲက မြင်ကွင်းတွေက တကယ်ကို လှပတာဘဲ! တကယ့်ကမ္ဘာမှာတော့ ဒီလိုမြင်ကွင်းမျိုးတွေ မတွေ့ရတော့ဘူးနော်!”

စုရှင်း၏ စကားကို ကြားသည့်အခါ အရိပ် ကာကွယ်သူ၏ အသံမှာ အံ့အားသင့်တဲ့ လေသံအနည်းငယ် ပါသွားပြီး သူက တွေးတောရင်း မေးလိုက်သည်:

“ဆေးဝါး အကြီးအကဲက ကျွန်တော်တို့ရဲ့ သဘာဝ အဖွဲ့ထဲကို ပါဝင်ဖို့ တွေးနေတာများလား?”

ထိုစကားကို ကြားသည့်အခါ စုရှင်းသည် နားမလည်သလို ခံစားလိုက်ရသည်။သဘာဝ အဖွဲ့ဆိုတာ ဘာလဲ?ဒါက ဆင်းသက်ဂိုဏ်းထဲက အဖွဲ့ခွဲ တစ်ခုလား?

ထို့ကြောင့် စုရှင်းက မေးလိုက်သည်:

“အရိပ် ကာကွယ်သူ၊ သဘာဝ အဖွဲ့ဆိုတာက ဘာများလဲ?”

…

All Chapters