← Chapters

အပြာရောင်အဆင့် စွမ်းရည်၊ အမွေခံ ရရှိထားသော နတ်ဘုရားတန်ခိုး!

Vol. 4 Ch. 48

အပြာရောင်အဆင့် စွမ်းရည်၊ အမွေခံ ရရှိထားသော နတ်ဘုရားတန်ခိုး!

Vol. 4 Ch. 48

ထို့အပြင် ချန်ချွန်းနည်းပညာ ဒုတိယပိုင်း၏ တည်နေရာသည်လည်း ရှင်းလင်းသွားခဲ့သည်။

နောက်တစ်ကြိမ် သရုပ်ပြခြင်း အပြီးတွင် စုရှင်းသည် အကြီးအကဲကျုံး၏ လက်အောက်ရှိ အကြီးအကဲတစ်ဦး ဖြစ်လာရန် စဉ်းစားကောင်း စဉ်းစားနိုင်သည်။ထိုအချိန် ရောက်ပါက ချန်ချွန်းနည်းပညာ၏ ဒုတိယပိုင်းကို အောင်မြင်စွာ ထုတ်ယူနိုင်လိမ့်မည်။

“အရာအားလုံးက အစီအစဉ်အတိုင်းပဲ သွားနေတယ်။ အခု ကျန်တာဆိုလို့ စွမ်းအင်စုဆောင်းဖို့ပဲ ရှိတော့တယ်…”

သက်ပြင်းရှည်တစ်ခု ချလိုက်ပြီး စုရှင်းသည် ဝိညာဉ်စိုက်ခင်းတွင် ဆက်လက် နစ်မြုပ်ကာ စိုက်ပျိုးခြင်းနှင့် အဂ္ဂိရတ်ပညာ လေ့ကျင့်ခြင်းကို စတင်လိုက်သည်။

စုရှင်းအတွက် စွမ်းအင်၏ အဓိက အရင်းအမြစ်မှာ မျက်နှာ အာဟာရပြုဆေးပင် ဖြစ်သည်။စွမ်းအင် ရရှိရန်အတွက် အခြားသော ဆေးဝါးများကိုလည်း ထုတ်လုပ်နိုင်သည်။သို့သော်လည်း ပထမအချက် အနေဖြင့် မျက်နှာ အာဟာရပြုဆေးများကို ရောင်းချခြင်းသည် အာရုံစိုက်ခံရနိုင်ခြေ နည်းပါးသည်။ဒုတိယအချက်အနေဖြင့် အခြားသော ဆေးဝါးများ ထုန်လုပ်ရန်အတွက် စုရှင်းသည် ယခုအချိန်တွင် မရရှိနိုင်သော အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်းများ လိုအပ်သည်။

နောက်တစ်ပတ်တွင် စုရှင်းသည် ပထမဦးစွာ နှစ်ရက်ကြာ မျက်နှာ အာဟာရပြုဆေးပေါင်း ဆယ့်သုံးဖိုကို ထုတ်လုပ်ခဲ့ပြီး သူ၏ လုပ်ငန်း စွမ်းဆောင်ရည်ကို တဖြည်းဖြည်း မြှင့်တင်ခဲ့သည်။

စုရှင်း၏ အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှု တိုးတက်လာသည်နှင့်အမျှ အရည်အသွေးမြင့် မျက်နှာ အာဟာရပြုဆေးများ ထုတ်လုပ်နိုင်ခြေသည်လည်း တိုးမြင့်လာခဲ့သည်။ ဆေးလုံးဆယ်လုံးတွင် သုံးလုံးနီးပါးသည် ‘အဆင့်မြင့် မျက်နှာ အာဟာရပြုဆေး’ များ ဖြစ်လာသည်။

“ငါ အဆင့်မြင့် မျက်နှာ အာဟာရပြုဆေးတွေကို လေလံတင် ရောင်းချနိုင်လောက် မလား။ဆေးတစ်လုံးက သုံးလအထိ နုပျိုမှုကို ထိန်းသိမ်းပေးနိုင်တာကြောင့် ဈေးနှုန်းကတော့ သုံးသန်းကျော်သင့်တယ်!”

ရောင်းချရန် စီစဉ်ထားသော မျက်နှာ အာဟာရပြုဆေးများကို ထုတ်လုပ်ပြီးနောက် စုရှင်းသည် နေ့စဉ် ဝိညာဉ်သီးနှံများ စိုက်ပျိုးခြင်း၊ ဝိညာဉ်စိုက်ခင်းများကို ပြုစုပျိုးထောင်ခြင်း၊ ဝိညာဉ်ဆန် စားသုံးခြင်းနှင့် သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ခြင်းတို့ဖြင့် အချိန်ကုန်ဆုံးစေသည်။

ဝိညာဉ်ကျောက်တုံးများသည် အရေအတွက် နည်းပါးလာသောကြောင့် စုရှင်းသည် ၎င်းတို့ကို ကျင့်ကြံခြင်းအတွက် အသုံးပြုရန် တွန့်ဆုတ်နေသည်။ ၎င်းတို့ကို သရုပ်ပြခြင်းတွင် အသုံးပြုရန်အတွက် သိမ်းဆည်းထားခြင်းသည် အကောင်းဆုံး ဖြစ်သည်။

မကြာမီ တစ်ပါတ်တာ ကုန်ဆုံးသွားခဲ့သည်။

ထိုအပါတ်တွင် စုရှင်း၏ ခန္ဓာသန့်စင်ခြင်း အဆင့်သည် အရိုး မာကျောခြင်း ဒုတိယအလွှာသို့ သိသိသာသာပင် ရောက်ရှိခဲ့သည်။

အရိုးမာကျောခြင်း ဒုတိယအလွှာရှိ ကျင့်ကြံသူ တစ်ဦးသည် တိုက်ခိုက်ရေး စွမ်းအားအရဆိုလျှင် အုတ်မြစ် တည်ထောင်ခြင်းအဆင့် ဒုတိယအလွှာရှိ ချီကျင့်ကြံရေး ကျင့်ကြံသူထပ် ပိုသန်မာသည်။

စုရှင်း၏ သန့်စင်သော ကိုယ်ခန္ဓာ စွမ်းအားသည် ကျင်းတစ်သိန်းနီးပါးသို့ ရောက်ရှိနေပြီ ဖြစ်ရာ ငွေအဆင့် ပုံတူ မိစ္ဆာကောင်ကို လက်သီး တစ်ချက်တည်းဖြင့် အလွယ်တကူ ချေမှုန်းနိုင်ပေသည်။

ကျင်းချုံးရွှယ်သည် ရှေးဖြစ်ဟော ကုန်သွယ်ရေးအသင်းကို တည်ထောင်ရင်း အလုပ်များနေသဖြင့် ဆုလာဘ်များကို ကိုယ်တိုင်မပို့ဆောင်ဘဲ ယုံကြည်ရသော လက်ပါးစေတစ်ဦးကိုသာ ယခုအပတ်၏ အဖြူရောင်အဆင့် ပစ္စည်းများကို သယ်ဆောင်လာစေရန် တာဝန်ပေးခဲ့သည်။

စုစုပေါင်း အဖြူရောင်အဆင့် ပစ္စည်း တစ်သိန်း တစ်ထောင်ကို ရရှိပြီး စုရှင်းသည် သရုပ်ပြခြင်း စွမ်းအင်အဖြစ် ပြောင်းလဲခဲ့သည်။သူ၏ စွမ်းအင်အမှတ်များသည်လည်း ပထမဆုံး အကြိမ်အဖြစ် တစ်သန်းကို ကျော်လွန်ကာ စွမ်းအင်အမှတ် ၁.၁ သန်းသို့ ရောက်ရှိသွားခဲ့သည်။

၂၀၂၄ခုနှစ် ဇန်နဝါရီ၇ရက် ညနေခင်း အချိန်တွင် စုရှင်းသည် သရုပ်ပြခြင်းကို နောက်တစ်ကြိမ် အသက်သွင်းခဲ့သည်။

“သရုပ်ပြခြင်းကို စတင်ပါ!”

[ဤ သရုပ်ပြခြင်းအတွက် စွမ်းအင် ၁၈၀၀မှတ် ကုန်ကျမည် ဖြစ်ပြီး သင့်တွင် စွမ်းအင် ၁,၁၀၇,၀၀၀မှတ်နှင့် အကန့်အသတ်မဲ့ သရုပ်ပြခြင်း အခွင့်အရေးများ ကျန်ရှိပါသည်။]

[သရုပ်ပြခြင်း စတင်ပါပြီ!]

[အဖြူရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင်၁၀၀မှတ် ကုန်ကျမည် ဖြစ်ပြီး အစိမ်းရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင် ၁,၀၀၀မှတ်နှင့် အပြာရောင်အဆင့် စွမ်းရည်အတွက် စွမ်းအင်၁၀,၀၀၀မှတ် ကုန်ကျပါမည်။ရယူဖို့ရန် ဆန္ဒရှိပါသလား?]

စွမ်းအင်များစွာ ရှိနေသောကြောင့် စုရှင်းသည် အရင်အတိုင်း အပြာရောင်အဆင့် စွမ်းရည်ကို ရယူရန် ရွေးချယ်ခဲ့သည်။ အကယ်၍ သူသည် အသုံးဝင်သော အပြာရောင်အဆင့် စွမ်းရည်တစ်ခုကို ရရှိခဲ့ပါက ၎င်းသည် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လိမ့်မည်။

“အပြာရောင်အဆင့် စွမ်းရည်ကို ယူမယ်!”

[ဒင်၊ အမွေခံ ရရှိထားသော နတ်ဘုရားတန်ခိုး ဟူသည့် အပြာရောင်အဆင့် စွမ်းရည်ကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်!]

အမွေခံ ရရှိထားသော နတ်ဘုရားတန်ခိုး?

ခန္ဓာကျင့်ကြံခြင်းနှင့် ဆက်နွယ်နေသည့် စွမ်းရည် ဖြစ်နိုင်သည်!

စုရှင်းသည် ရင်ခုန်သွားပြီး စွမ်းရည်၏ ဖော်ပြချက်ကို အမြန် ကြည့်လိုက်သည်။

[အမွေခံ ရရှိထားသော နတ်ဘုရားတန်ခိုး]: အပြာရောင်အဆင့် စွမ်းရည်၊ သင်၏ ခွန်အားသည် သာမန်လူတစ်ဦးထက် များစွာသာလွန်ပြီး ကိုယ်ခန္ဓာဖွဲ့စည်းပုံနှင့် ကိုယ်ခန္ဓာ ကျင့်ကြံခြင်းတို့တွင် ထူးချွန်ထက်မြက်သော ပါရမီကို ပိုင်ဆိုင်ထားသည်။

တကယ်ကြီး ခန္ဓာ ကျင့်ကြံခြင်းအတွက် စွမ်းရည်ကိုး!

ဝမ်းသာအားရစွာဖြင့် စုရှင်းသည် သူ့စိတ်ထဲတွင် လျင်မြန်စွာ စဉ်းစားလိုက်သည်။

“ကြည့်ရ‌တာတော့ ဒီသရုပ်ပြခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောင်းရတော့မယ့်ပုံဘဲ…”

စုရှင်းသည် မူလက ဆင်းသက်ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး ချန်ချွန်းနည်းပညာ၏ ဒုတိယပိုင်းကို ယူဆောင်ရန် စီစဉ်ထားခဲ့သည်။

သို့သော် သူသည် မမျှော်လင့်ထားသော စွမ်းရည်တစ်ခုကို ရရှိခဲ့သောကြောင့် စုရှင်း၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု ကျင့်ကြံခြင်း အဆင့်သည် ပိုမိုတိုးတက်လာမည်မှာ သေချာသည်။

စုရှင်းသည် သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခုကို လျင်မြန်စွာ ရေးဆွဲပြီး သရုပ်ပြခြင်းကို တရားဝင် စတင်လိုက်သည်။

[ဝိဉာဉ်စိုက်ခင်း ကောင်းချီးခံမြေတွင် သင်သည် သရုပ်ပြခြင်း လုပ်ဆောင်နေမှန်း သတိရသွားသည်။]

[သင်၏ ခန္ဓာကိုယ်သည် အရင်ကထက် ပိုမိုသန်မာလာကြောင်း တွေ့ရှိခဲ့သည်။ အရိုး တည်ဆောက်ခြင်းအဆင့် ဒုတိယအလွှာတွင်ပင် သင်၏ ကိုယ်ခန္ဓာ စွမ်းအားသည် စတုတ္ထ သို့မဟုတ် ပဉ္စမအလွှာရှိ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။]

[သင်သည် ကျင့်ကြံရန် ကြိုးစားပြီး သင်၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုအတွက် စွမ်းရည်သည် အလွန် ကောင်းမွန်သောကြောင့် သင်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်ကြံခြင်း အဆင့်သည် လျင်မြန်စွာ မြင့်တက်လာသည်။ သင်သည် နေ့စဉ် ဝိညာဉ်ဆန် အတော်များများ စားနိုင်ပြီး စားတိုင်းတွင်လည်း ဝိညာဉ်ကြက်ဥ အနည်းငယ် ပါဝင်သည်။တစ်ရက်ခြားတိုင်းတွင် သင်၏ ကျင့်ကြံမှုကို ထိန်းသိမ်းရန်အတွက် ဝိညာဉ်ကြက်သားဟင်း တစ်အိုးကိုလည်း ချက်ပြုတ်ရန် လိုအပ်သေးသည်။]

[ကောင်းချီးခံမြေတွင် ဝိညာဉ်ကြက်များ၏ အရေအတွက်ကို တိုးချဲ့ရန် စတင်ကာ သင့်အတွက် ဝိညာဉ်ကြက်ဥနှင့် အသားများ ပိုမိုရရှိစေရန်အတွက် ၎င်းတို့ကို ပိုမိုမွေးမြူသည်။]

[ဒုတိယနှစ်တွင် သင်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်ကြံခြင်း အဆင့်သည် အရိုး တည်ဆောက်ခြင်း နယ်ပယ်၏ ပြီးပြည့်စုံသော အဆင့်သို့ တိုးတက် ရောက်ရှိသွားသည်။]

[အားကောင်းသော ချီနှင့်သွေးများ ပြည့်နှက်နေသော သင်၏ ခန္ဓာကိုယ်ကို ကြည့်ရင်း သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးများကို သောက်ရန် မလိုအပ်ဘဲ သင်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု စွမ်းရည်ဖြင့်သာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ မြှင့်တင်နိုင်ကြောင်း ကြိုတင် သိမြင်လိုက်သည်။]

[သင်သည် အဂ္ဂိရတ်ပညာနှင့် စိုက်ပျိုးရေးမှလွဲ၍ ခန္ဓာကိုယ် ကျင့်ကြံခြင်းကို အချိန်အများစု အသုံးပြုကာ စနစ်တကျ ဆက်လက် လေ့ကျင့်သည်။]

[တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်ကိုလာတွေ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုသို့ သူမ ပါဝင်လိုကြောင်း ပြောပြသည်။]

[တစ်ညတာ ပြင်းထန်သော ဆွေးနွေးမှုများအပြီးတွင် သင်သည်လည်း ထိုအဖွဲ့အစည်းသို့ ပါဝင်လိုကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။သူမအား သင့်ကို မိတ်ဆက်ပေးရန် တောင်းဆိုလိုက်သည်။]

[ဝမ့်ချင်းရွှမ်သည် အချိန်အတော်ကြာ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သင့်တောင်းဆိုမှုကို သဘောတူလိုက်သည်။]

စုရှင်းသည် ဤအရာကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။ငါးနှစ် ‌စောပြီး ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခြင်းသည် သူ့အား ဂိုဏ်းအတွင်းရှိ အဖိုးတန် ဝိဉာဉ်ဆေးများကို စောလျင်စွာ ရရှိစေပြီး သူ၏ နယ်ပယ်တွင် တိုးတက်မှုများ ပိုမိုစောလျင်စွာ ရောက်ရှိလာနိုင်မည် ဖြစ်သည်။

ထိုအကြောင်းကို စဉ်းစားပြီးနောက် စုရှင်းသည် ယခင်အတိုင်း အရိပ် စောင့်‌ရှောက်သူ လက်အောက်တွင် ဆက်လက် ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးအကြိမ် သရုပ်ပြခြင်းအရ အရိပ် စောင့်ရှောက်သူ၏ လက်အောက်တွင် အတော်အတန် လုံခြုံသည်ဟု ဆိုနိုင်သည်။ဂိုဏ်း၏ အတွင်းဘဏ္ဍာတိုက်သို့ မသွားသရွေ့ အခက်အခဲများစွာ ရှိမည်မဟုတ်ပေ။

စိတ်ထဲမှ ဆုံးဖြတ်ချက် ချပြီးနောက် စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[ဝမ့်ချင်းရွှမ်၏ ဦးဆောင်မှုဖြင့် သင်သည် ဂိုဏ်းအတွင်းရှိ အကြီးအကဲတစ်ဦးထံမှ ထောက်ခံချက် ရရှိခဲ့သည်။ ထိုအကြီးအကဲသည် အရိပ် စောင့်ရှောက်သူ၏ လက်အောက်ငယ်သား တစ်ဦးဖြစ်ပြီး သင် ယခင်က တွေ့ဆုံခဲ့ဖူးသူလည်း ဖြစ်သည်။]

[ထိုအကြီးအကဲက သင်သည် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ပြီးပါက ဘယ်သောအခါမှ သစ္စာဖောက်ဖျက်ခြင်း မပြုရကြောင်း၊ ထို့ပြင် သူသည် သင့်အား ခြောက်လကြာ စစ်ဆေးမည်ဖြစ်ပြီး ထိုကာလအတွင်း သင်သည် အပြင်ပိုင်း အဖွဲ့ဝင်သာ ဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။]

စုရှင်းသည် ဤအရာကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ယခင် သရုပ်ပြခြင်းတွင် အဘယ်ကြောင့် ခြောက်လကြာ စစ်ဆေးခြင်းမျိုး မရှိခဲ့သလဲဟု တွေးတောနေမိသည်။

သို့သော် မကြာမီမှာပင် စုရှင်း သတိရသွားသည်။

“ဟုတ်သားဘဲ၊ ပြီးခဲ့တဲ့ သရုပ်ပြခြင်းတုန်းက ဝမ့်ချင်းရွှမ်က ဂိုဏ်းရဲ့ အဓိက အင်အားစုထဲမှာ ပါနေပြီးသားဆိုတော့ သူ့ရဲ့ ထောက်ခံချက်က အတော်လေး ယုံကြည်ရလောက်တယ်။ ဒါပေမဲ့ အခုတော့ သူရော ငါရောက အသစ်ရောက်လာသူတွေပဲလေ။ အကဲဖြတ်မှုတစ်ခု ရှိတာက ပိုပြီး ယုတ္တိရှိပါတယ်…”

စုရှင်းသည် ခေါင်းကို ညိတ်လိုက်ပြီး ချက်ချင်း အလျင်စလို မလုပ်ဆောင်ဘဲ ခဏစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

[နောက်ခြောက်လအတွင်း သင်သည် ခွန်အားကို စုဆောင်းကာ နေ့စဉ် ဝီရိယရှိရှိ ခန္ဓာကိုယ်ကို ကျင့်ကြံပြီး ဂိုဏ်းမှ ပေးအပ်သော အလုပ်များကိုလည်း အချိန်မီ ပြီးမြောက်အောင် လုပ်ဆောင်သည်။]

[သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်နှင့် တစ်ဆင့်သာ ကွာတော့သည်ဟု ခံစားရသော်လည်း နောက်တစ်ဆင့်သို့ ထိုးဖောက်နိုင်သည့်ပုံတော့ မပေါ်ပေ။]

[အတော်ကြာသည်အထိ တုံ့ဆိုင်းပြီးနောက် သင်သည် သင်၏ တန်ဖိုးကို ပြသရန် စတင်သည်။ သင်သည် ဒဏ်ရာပျောက်ဆေးများကို စတင်ချက်လုပ်ပြီး အခြားဂိုဏ်းသားအချို့ကို လက်ဆောင်ပေးကာ ထိုဒဏ်ရာပျောက်ဆေးများ အကြောင်းကို ဂိုဏ်း၏ အထက်တန်းအရာရှိများ မတော်တဆ သိရှိသွားစေရန် လုပ်ဆောင်လိုက်သည်။]

[သုံးရက်အကြာတွင် အရိပ် စောင့်ရှောက်သူသည် သူ၏လက်အောက်ရှိ အကြီးအကဲ အချို့နှင့်အတူ သင့်ထံ ရောက်ရှိလာသည်။]

[သူသည် သင်ချက်လုပ်ထားသော ဒဏ်ရာ ပျောက်ဆေးများကို ထုတ်ယူပြီး ၎င်းတို့၏ မူလဇာစ်မြစ်အကြောင်းကို မေးမြန်းသည်။]

[သင်သည် နားမလည်နိုင် ဟန်ဆောင်နေသည်။ အရိပ် စောင့်ရှောက်သူက သင်သည် ဆေးဝါးများ၏ မူလဇာစ်မြစ်ကို ဖော်ထုတ်ပါက ဂိုဏ်းသည် သင့်အား မတရားသဖြင့် ဆက်ဆံမည် မဟုတ်ဟု ပြောကြားသည်။]

[သင်သည် ဒဏ်ရာပျောက်ဆေးများကို သင်ကိုယ်တိုင် ချက်လုပ်ခဲ့ကြောင်း တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ဝန်ခံပြီး အခြား ဆေးဝါး အမျိုးအစား အချို့ကိုလည်း ချက်လုပ်နိုင်ကြောင်း ပြောခဲ့သည်။သို့သော် ဆေးဖက်ဝင် ပစ္စည်းများ ယာယီအားဖြင့် လိုအပ်နေကြောင်းလည်း ထောက်ပြခဲ့သည်။]

…

All Chapters