ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်!
Vol. 4 Ch. 49
စုရှင်းသည် ခေါင်းငြိမ့်လိုက်သည်။
ယခင် သရုပ်ပြခြင်းတွင် သူသည် ဝိဉာဉ်ဆန်များကို လာဘ်ထိုးခဲ့ကာ သေသည်အထိ ညှင်းပန်းနှိပ်စက်မယ့် အကြီးအကဲ တစ်ဦးနှင့် ဆုံခဲ့ရသည်။
အဲဒီ သရုပ်ပြခြင်းတွင် သူ့ရဲ့ နေရာဟာ အရေးမပါသလောက်ဖြစ်ပြီး အကြီးအကဲ ကျုံးဟာ အစွန်းရောက် ဝါဒီတစ်ယောက်ကဲ့သို့ ဖြစ်နေသည့်အတွက် ထိုသို့သော အဆုံးသတ်မျိုးကို ရောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဒီအရိပ် စောင့်ရှောက်သူသည် အနည်းငယ်ပိုပြီး ကျိုးကြောင်း ဆီလျော်ပုံရသည်။သူသာ ဂရုတစိုက်နေပြီး သူ့ရဲ့ အဂ္ဂိရတ်ပညာကို သူ့လက်အောက်မှာသာ လေ့ကျင့်မည်ဆိုလျှင် မည်သည့်ပြသာနာမှ ရှိမည် မဟုတ်ပါ။
ထိုသို့တွေးကာ စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။
[အရိပ် စောင့်ရှောက်သူသည် အလွန် ဝမ်းမြောက်သွားပြီး သူ၏ လက်အောက်ငယ်သားများကို ဆေးဖက်ဝင်အပင် တစ်ရာကျော် ယူလာခိုင်းကာ သင့်အား ဒဏ်ရာပျောက်ဆေးများကို ဖော်စပ်ခိုင်းသည်။]
[သင်သည် ဒဏ်ရာပျောက်ဆေး တစ်ရာကို သုံးရက်ကြာ ဖော်စပ်ခဲ့ပြီး ဆေးလုံးငါးဆယ်နဲ့ ဆေးဖက်ဝင် အပင်ကိုးဆယ်ကို လျှို့ဝှက် သိမ်းဆည်းထားကာ ဒဏ်ရာပျောက်ဆေး ငါးဆယ်ကိုသာ ပေးအပ်ခဲ့သည်။]
[သင်၏ အောင်မြင်တဲ့ ဖော်စပ်မှု အကြောင်းကို ကြားပြီးနောက် အရိပ် စောင့်ရှောက်သူ ကိုယ်တိုင် လာရောက် လေ့လာခဲ့ပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကို သင်၏ ဒဏ်ရာပျောက် ဆေးလုံးများကို စမ်းသပ်ခိုင်းသည်။မာစတာအဆင့် ကျင့်ကြံသူတွေ အတွက်တောင် အတော်လေး ကောင်းမွန်တဲ့ ကုထုံး အာနိသင်တွေ ရှိကြောင်း တွေ့ရှိခဲ့ရသည်။]
[အရိပ် စောင့်ရှောက်သူသည် သင့် စွမ်းဆောင်ရည်ကို အလွန်ကျေနပ်ပြီး သင်သာ ကြိုးစားမည်ဆိုလျှင် သုံးနှစ်အတွင်းမှာ အကြီးအကဲ အသစ်တစ်ယောက် ဖြစ်လာမှာ သေချာကြောင်း ပြောခဲ့သည်။]
[သင်သည် သူ့ရဲ့ မျက်နှာသာပေးမှုကို ချီးကျူးခံရသလို ဟန်ဆောင်ပြီး အရိပ် စောင့်ရှောက်သူကို ပိုလို့တောင် ရိုသေလေးစားလာကြောင်း ပြခဲ့သည်။ဒါကြောင့် အရိပ် စောင့်ရှောက်သူသည် သင့်သဘောထားကို ပို၍ သဘောကျသွားပြီး ဆေးဝါးတွေ ပိုထုတ်လုပ်နိုင်ဖို့ အတွက် ဝိညာဉ်ဆေးဝါးတွေကို ပိုပေးခဲ့သည်။]
စုရှင်းသည် ထူးဆန်းသည့် မျက်နှာ အမူအရာနှင့် ကြည့်နေသည်။
ဘုရားရေ၊ ဆေးဖက်ဝင်အပင် တစ်ရာဆိုလျှင် ဒဏ်ရာပျောက် ဆေးလုံး တစ်ထောင် ဖော်စပ်လို့ရသည်ကို သူက ဆေးလုံးငါးဆယ်ပဲ ပေးအပ်ခဲ့တာဆိုတော့ ပစ္စည်းတွေကို ၉၅ ရာခိုင်နှုန်းတောင် အလွဲသုံးစား လုပ်လိုက်တာပဲ။
“ဒါပါလား၊ သရုပ်ပြခြင်းထဲက ငါက တော်တော်လေး ရက်စက်တဲ့ နှလုံးသားရှိပုံပဲ…”
စုရှင်းက သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ့နှုတ်ခမ်းကလည်း အနည်းငယ် ကွေးတက်သွားသည်။
ဒါပေမဲ့ ထူးဆန်းတာက သူ့အပြင် ဆင်းသက်ဂိုဏ်းတွင် မည်သူမှ အဂ္ဂိရတ် ပညာကို နားမလည်ကြပါ။ဒါကြောင့် သူ ဆေးဝါးတွေကို အချိန်မီ ပို့ပေးနိုင်သရွေ့ ဘယ်သူမှ သူ့ကို ဖမ်းမိမည် မဟုတ်ပါ။
[နောက်ထပ် တစ်လကြာသောအခါ သင်သည် ဆင်းသက်ဂိုဏ်းကို ဒဏ်ရာပျောက်ဆေး အလုံးတစ်ရာ ပေးအပ်ခဲ့ပြီး ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားဟုခေါ်သည့် ဆေးတစ်မျိုးကို ဖော်စပ်နိုင်ကြောင်း ကြော်ညာခဲ့သည််။]
[ဒီအကြောင်းကို ကြားပြီးနောက် အရိပ် စောင့်ရှောက်သူသည် ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းပင် ဟွမ်းရှန့် အနှစ်တစ်ရာ အဆီအနှစ်ကို သင့်ထံ ပေးခဲ့ပြီး ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားတစ်ရာကို သူတို့စီ ပေးသွင်းရန် ညွှန်ကြားခဲ့သည်။]
[ဟွမ်းရှန့် အနှစ်တစ်ရာ အဆီအနှစ်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးတစ်ထောင် ဖော်စပ်ဖို့ လုံလောက်သည်ထက်ပင် ပိုပါသည်။သင်သည် တစ်လကြာ ဆေးတစ်ထောင်ကို ဖော်စပ်ခဲ့ပြီး အရည်အသွေးနိမ့် ဆေးများကို ပေးအပ်လိုက်သည်။ထို့နောက် သင်သည် တရား အားထုတ်ရန်အတွက် သီးသန့်ခွဲထွက်တော့သည်။]
[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် သင်သည် ဆေးအာနိသင် အနည်းငယ် အားနည်းသော်လည်း အရည်အသွေး ကောင်းမွန်သည့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးအနည်းငယ်ကို ရွေးချယ်ပြီး ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ တက်လှမ်းဖို့ ရည်ရွယ်ထားသည်။]
[သင်၏ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှုအဆင့်သည် အရိုးမာကျောခြင်း နယ်ပယ် ပြီးပြည့်စုံသည့် အဆင့်သို့ လွန်ခဲ့သည့် တစ်နှစ်ကတည်းက ရောက်ရှ်ိခဲ့သည်။လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်းမှာ သင်၏ ခန္ဓာကိုယ်သည် အရင်ကထက် ပိုပြီး ပြည့်စုံလာကာ ပိုမိုသန်မာလာသည်ဟု ခံစားခဲ့ရသည်။ဒီတစ်ကြိမ်မှာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည်ဟု ကြိုတင်သိနေခဲ့သည်။]
[သင်သည် သုံးရက်ကြာ သင့်ခန္ဓာကိုယ် အခြေအနေကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ခဲ့ပြီး တက်ကြွမှု အရှိဆုံးဖြစ်တဲ့ မနက်ခင်း တစ်ခုမှာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးတစ်လုံးကို သောက်လိုက်သည်။]
[ထိုဆေး၏ အဓိက ပါဝင်ပစ္စည်းဖြစ်သည့် ဟွမ်းရှန့် အဆီအနှစ်သည် သုံးနှစ်ပင် မပြည့်သေးပါ။ထို့ကြောင့် ဤအချိန်တွင် အဆင့်တက်နိုင်ဖို့အတွက် ၇၀ ရာခိုင်နှုန်းကျော် ယုံကြည်မှု ရှိသည်။]
[ဒါပေမဲ့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်ခြင်း ဆေးပြားကို သောက်လိုက်ပြီးတဲ့နောက် သင်သည် သူ့ရဲ့အာနိသင်ကို လျှော့တွက်မိမှန်း သိလိုက်သည်။]
[နွေးထွေးတဲ့ စီးဆင်းမှု တစ်ခုဟာ သင့်ရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်လာပြီး သင့်ရဲ့အပူချိန် မြင့်တက်လာကြောင်း ခံစားလိုက်ရသည်။သင့်ရဲ့အသားအရေဟာ တဖြည်းဖြည်း နီရဲလာပြီး သင့်ရဲ့အသက်ရှူနှုန်းများ မြန်လာသည်။ထို့နောက် သင့်အတွင်းပိုင်းကနေ နူးညံ့တဲ့ နာကျင်မှုတစ်ခု စတင်ထွက်ပေါ်လာသည်။]
[နာကျင်မှုက ပိုပြင်းထန်လာပြီး သင်၏ အတွင်းကလီစာများ ဆုတ်ဖြဲခံရတော့မည့်အတိုင်း ခံစားလိုက်ရသည်။ သင့်စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ဆွဲထုတ်ခံရသလိုမျိုး ခံစားလိုက်ရသည်။]
[အဆုံးမရှိတဲ့ နာကျင်မှုသည် သင့်အတွင်းထဲမှာ ပူလောင်လာပြီး သင့်ရဲ့နဖူးတွင် ချွေးစေးများ ပြန်လာသည်။ ဒီနာကျင်မှုသည် မြန်မြန်ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ ဆက်လက်တည်ရှိနေမှာ ဖြစ်သည်။]
[ထိုဆေးသောက်ပြီး ပထမနေ့တွင် သင့်အတွင်းကလီစာတွေမှာ ခံစားရတဲ့ နာကျင်မှုက ဘယ်လိုမှ ဖော်ပြလို့မရမည် မဟုတ်ပါ။သို့သော် သင်သည် မလျှော့သောဇွဲနှင့် ခံနိုင်ရည် ရှိခဲ့သည်။]
[ဆေးသောက်ပြီး ဒုတိယနေ့တွင် သင့်အတွင်းထဲက နာကျင်မှုသည် တဖြည်းဖြည်း သက်သာလာပြီး သင့်ရဲ့ခန္ဓာကိုယ်သည် ပိုသန်မာလာသည်ဟု ခံစားလိုက်ရသည်။အရင်ကထက် သုံးဆလောက် ပိုအားကောင်းလာပုံရသည်။]
[သို့သော် သင်သည် ခြေချိတ်ထိုင်ပြီး ဘယ်မှမရွေ့ရဲပါ။အဘယ့်ကြောင့်ဆိုသော် လှုပ်ရှားမှုတိုင်းသည် သင်၏ ကိုယ်တွင်းအင်္ဂါများကို အဆုံးမရှိသော နာကျင်မှုများ သယ်ဆောင်လာမှာ ဖြစ်သောကြောင့် ဖြစ်သည်။]
[သင်သည် အံကြိတ်ပြီး ဆက်လက်သည်းခံခဲ့သည်။ထိုသို့ဖြင့် နောက်ထပ် သုံးရက် ကုန်လွန်သွားသည်။]
[ခြောက်ရက်မြောက် နေ့တွင်မူ သင်သည် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခဲ့သည်။သင့် ကိုယ်တွင်းအင်္ဂါများကို ငုံ့ကြည့်လိုက်သည့်အခါ အားလုံးသည် ရွှေအလင်းရောင် ဖျော့ဖျော့လေးနှင့်
ဝန်းရံထားကြောင်း တွေ့လိုက်ရသည်။အရင်ကထက် အများကြီး ပိုခံနိုင်ရည်ရှိလာသည်ဟု ခံစားရသော်လည်း သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့်ကို မရောက်သေးပုံ ရသည်။]
[ခုနစ်ရက်မြောက်နေ့တွင် သင်သည် တရားအားထုတ်ရာမှ ထွက်လာခဲ့သည်။ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ မရောက်သေးသော်လည်း သင်၏ ကာယကြံ့ခိုင်မှု၊ အထူးသဖြင့် သင့်အတွင်းအင်္ဂါတွေရဲ့ ကြံ့ခိုင်မှုဟာ အရင်ကထက် အများကြီး တိုးတက်လာသည်ဟု ခံစားလိုက်ရသည်။]
[သင်သည် ဆင်းသက်ဂိုဏ်းကို ပြန်လာပြီး နောက်လအတွက် လိုအပ်သည့် ဆေးဝါးများကို ရက်အတော်ကြာ ကြိုတင်ပြင်ဆင်ခဲ့သည်။ထို့နောက် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေမှာ ဆက်လက် တရားအားထုတ်ရန် ရွေးချယ်လိုက်သည်။]
[သင့်ခန္ဓာကိုယ်သည် အကောင်းဆုံး အခြေအနေကို ပြန်ရောက်ဖို့ရန် တစ်ပတ်ကြာသည်။ယခင်အကြိမ်ရဲ့ အတွေ့အကြုံအရ သင်သည် နောက်ထပ် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးတစ်လုံးကို ထပ်ပြီး စုပ်ယူနိုင်မည်ဟု ယုံကြည်သည်။]
[မျှော်လင့်ထားသော နာကျင်မှုက ဝင်ရောက်လာသော်လည်း သင့်ရဲ့ခန္ဓာကိုယ် ပိုသန်မာလာတာကြောင့်လား၊ ဒါမှမဟုတ် နာကျင်မှုကို ခံနိုင်ရည်ရှိမှု ပိုများလာတာကြောင့်လားတော့ မသိပါ။နာကျင်မှုသည် အရင်တစ်ခေါက်၏ တစ်ဝက်လောက်သာ ပြင်းထန်ပုံရသည်။]
[သင်သည် ခြေချိတ်ထိုင်ပြီး သင့်အတွင်းအင်္ဂါတွေ၏ နာကျင်မှုကို တိုက်ထုတ်ဖို့အတွက် မှန်မှန်အသက်ရှူနေခဲ့တယ်။]
[နောက်ထပ် တစ်ပတ်ကြာပြီးနောက် သင် အံ့အားသင့်သွားသည်။သင့် အတွင်းအင်္ဂါတွေ၏ အလင်းရောင်သည် ပိုတောက်ပလာပြီး ကန့်သတ်ချက်တစ်ခုကို ရောက်တော့မည့်ပုံ ပေါ်သည်။သင် ထိုအတားအဆီးကို ကျော်လွှားလိုက်သည်နှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ ရောက်သွားလိမ့်မည်!]
[ဒီတစ်ခေါက် ဆေးသောက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများသည် ယခင်ကထက် အများကြီး သက်သာသွားသည်။ထို့ကြောင့် သုံးရက်လောက် အနားယူပြီးတဲ့နောက် သင့်ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်တွေသည် အကောင်းဆုံး အခြေအနေသို့ ပြန်ရောက်သွားသည်။]
[သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားကို တတိယအကြိမ် သောက်လိုက်ပြီး ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သည် မဝေးတော့ကြောင်း ကြိုတင်သိနေခဲ့သည်။]
[မျှော်လင့်ထားတဲ့ နာကျင်မှုသည် ဖြစ်ပေါ်မလာပါ။အသက်ရှူတိုင်း ပိုပိုပြီး ပေါ့ပါးလာတာကိုသာ ခံစားလိုက်ရသည်။ယခင်က နာကျင်မှုနှင့် လုံးဝခြားနားသည့် သက်တောင့်သက်သာရှိမှုက သင့်ကို ချက်ချင်းပင် ပျံတက်သွားလုနီးပါး ဖြစ်စေသည်။]
[သင်သည် မျက်လုံးမှိတ်ကာ တရားထိုင်နေရင်း သင့်အတွင်းအင်္ဂါများ၏ ပြောင်းလဲမှုကို အာရုံစူးစိုက်လိုက်သည်။]
[သင့်နှလုံး၊ အသည်း၊ အစာအိမ်၊ အဆုတ်၊ ကျောက်ကပ်နဲ့ သင့်အတွင်းပိုင်းက အင်္ဂါ အစိတ်အပိုင်း အားလုံးဟာ သူတို့ကိုယ်ပိုင် အသက်ရှိပုံရပြီး လွတ်လွတ်လပ်လပ် အသက်ရှူကာ ပျော်ရွှင်နေကြသည်။]
[သင့်အင်္ဂါများ၏ ရွှေရောင် အလင်းတန်းများသည် တဖြည်းဖြည်း ပိုအားကောင်းလာပြီး အထွတ်အထိပ်တစ်ခုကို ရောက်သွားကာ နောက်ဆုံးမှာတော့ ရိုးရှင်းတဲ့ အခြေအနေသို့ ပြန်ရောက်သွားပြီး တည်ငြိမ်အေးချမ်းလာသည်။]
[သို့သော် သင် မျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ အရာအားလုံး ပြောင်းလဲသွားပြီဟု ခံစားလိုက်ရသည်!]
[သင့်နှလုံးသည် ပိုမိုအားကောင်းလာပြီး သင့်အား ပိုကြာကြာ တိုက်ခိုက်နိုင်စေသည်။သင့်အဆုတ်များသည် ပိုမာကျောလာပြီး ရေအောက်မှာတောင် လွတ်လွတ်လပ်လပ် အသက်ရှူနိုင်စေသည်။ပြီးတော့ သင့်ရဲ့အသည်းသည် အရမ်းသန်မာသောကြောင့် အဆိပ်အတောက် အချို့ကိုတောင် ခုခံနိုင်စွမ်းရှိလာသည်...]
[သင့်ခန္ဓာကိုယ်ထဲတွင် မကြုံဖူးသည့် တက်ကြွမှုကို ခံစားလိုက်ရသည်။သင့်ခွန်အားသည် ချက်ချင်းဆိုသလို အဆပေါင်းများစွာ တိုးလာသည့်အတိုင်းပင်!]
[သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်!]
…