← Chapters

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားအား မှန်ကန်စွာ အသုံးပြုပုံ၊ငါးတစ်ကောင်ကနေ အကျိုးကျေးဇူး လေးမျိုးလား?

Vol. 4 Ch. 50

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားအား မှန်ကန်စွာ အသုံးပြုပုံ၊ငါးတစ်ကောင်ကနေ အကျိုးကျေးဇူး လေးမျိုးလား?

Vol. 4 Ch. 50

ဖော်ပြ၍ပင် မရနိုင်သည့် ဝမ်းမြောက်မှုကို ခံစားလိုက်ရပြီး စုရှင်းကို လက်သီးကို တင်းတင်း ဆုပ်ထားခဲ့သည်။

သူသည် နောက်ဆုံးတော့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ ရောက်ရှ်ိခဲ့သည်။

အောင်မြင်စွာ အဆင့်တက်နိုင်ဖို့အတွက် သူသည် သရုပ်ပြခြင်း အများအပြားကို ကြိုးစားခဲ့ပြီး သရုပ်ပြခြင်းထဲတွင် အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ဖူးသည်။

မမျှော်လင့်ဘဲ နောက်ဆုံးတွင် သူ၏ စွမ်းရည် တိုးတက်လာမှုသည် သူ့ကို ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာစေခဲ့သည်။

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သည် ချီစွမ်းအင် ကျင့်ကြံသူများ၏ ရွှေအမြုတေ အဆင့်နှင့် တူညီသည်။

သူတို့၏ ဝိဉာဉ်စွမ်းအားနှင့် နည်းလမ်းများသည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများလောက် မကောင်းသော်ငြား တိုက်ခိုက်နိုင်စွမ်းပိုင်းတွင်မူ ရွှေအမြုတေအဆင့် ကျင့်ကြံသူများထက်ပင် ပို၍ ‌အားကောင်းသည်။

“တကယ့်ကြီး စွမ်းရည်က အရာအားလုံးဘဲကိုး…အပြာရောင်စွမ်းရည်က သယ်ဆောင်လာတဲ့ တိုးတက်မှုက အစိမ်းရောင်ထပ်တောင် ပိုများသေးတယ်!”

“ပြီးတော့ ငါသာ သရုပ်ပြခြင်း တစ်ခုစီတိုင်းမှာ ဆယ့်ငါးနှစ်ထိ အသက်ရှင်နိုင်ခဲ့ရင် အပြာရောင်အဆင့် စွမ်းရည်ကလည်း ငါ့ခွန်အားတွေကို ပိုပြီး မြန်မြန် တိုးမြင့်ပေးမှာဘဲ!”

စုရှင်းသည် သက်ပြင်းချကာ သရုပ်ပြခြင်းကို ဆက်လုပ်သည်။

[ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ ရောက်ရှိပြီးနောက် သင်သည် မကြုံစဖူး ယုံကြည်မှုတွေ ရှိလာသည်။သို့သော် မကောင်းဆိုးဝါး အဖွဲ့အစည်းဖြစ်တဲ့ ဆင်းသက်ဂိုဏ်းထဲမှာ သင်သည် လျှို့ဝှက်နဂါးတွေနဲ့ ဝပ်နေတဲ့ကျားတွေ ကြားမှာ ရှိနေသေးကြောင်း ထည့်သွင်းစဉ်းစားပြီး သင်သည် တည်ငြိမ်စွာပင် ဆက်လက် တိုးတက်ရန် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။]

[ပုံမှန်ရက်တွေမှာ သင်သည် ဆင်းသက်ဂိုဏ်းကို ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေး၊ အနှစ်သာရ အားဖြည့်ဆေးနှင့် တခြားဆေးဝါးတွေ ဖော်စပ်ရာမှာ ကူညီပေးနေဆဲ ဖြစ်သည်။သို့သော် သင့်ကိုယ်ပိုင် ကျင့်ကြံမှုအတွက် ဆေးဖက်ဝင် ပစ္စည်း အများစုကို ချန်ထားခဲ့သည်။]

[ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ ရောက်ရှိပြီးနောက် သင်သည် သင့် ကိုယ်တွင်းအင်္ဂါများ၏ ခွန်အားကို မြင့်တင်ဖို့ရန်အတွက် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားများကို နေ့စဉ် သောက်နိုင်ပြီ ဖြစ်သည်။]

[တတိယနှစ်တွင် သင်၏ ကျင့်ကြံခြင်း အဆင့်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် ဒုတိယအလွှာသို့ ရောက်ရှိခဲ့သည်။]

[စတုတ္ထနှစ်တွင် သင်၏ ကျင့်ကြံခြင်း အဆင့်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် တတိယအလွှာသို့ ရောက်ရှိခဲ့သည်။]

[ငါးနှစ်မြောက်တွင်မူ သင်၏ ကျင့်ကြံခြင်း အဆင့်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် စတုတ္ထအလွှာသို့ ရောက်ရှိခဲ့သည်။ပြီးတော့ နှစ်ပေါင်းများစွာ အတွင်း ဆင်းသက်ဂိုဏ်းကို သင် အမြောက်အမြား ပေးအပ်ခဲ့သည့် "ကြိုးစားအားထုတ်မှုနှင့် စေတနာထက်သန်မှု" ဆေးဝါးများကြောင့် အရိပ် စောင့်ရှောက်သူက သင့်ကို ဂိုဏ်း၏ အကြီးအကဲတစ်ဦးအဖြစ် ခန့်အပ်ဖို့ လျှောက်ထားပြီးပြီ ဖြစ်သည်။]

[သင်ဟာ ဆင်းသက်ဂိုဏ်းရဲ့ ဆယ့်ရှစ်ယောက်မြောက် အကြီးအကဲဖြစ်လာပြီး ဆေးဝါးအကြီးအကဲလို့ လူသိများလာတယ်။ အရိပ် စောင့်ရှောက်သူ၏ အချစ်တော်လည်း ဖြစ်လာပြီး သူ၏ လက်အောက် ငယ်သားတွေထဲမှာ အလားအလာ အရှိဆုံး သူတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။]

မျှော်လင့်ထားတဲ့အတိုင်း သူဟာ အကြီးအကဲအဆင့်ကို ပြန်ရောက်သွားခဲ့သည်။

"ဒီအရိပ် စောင့်ရှောက်သူက ငါ့အပေါ် မဆိုးဘူးနဲ့တူတယ်! ငါ ဆေးဖော်စပ်ဖို့ ပစ္စည်းတွေ လိုချင်တိုင်း ရခဲ့တယ်၊ ရာထူးတိုးချင်တိုင်း တိုးခဲ့ရတယ်။ ဆင်းသက်ဂိုဏ်းကိုဝင်တာ သုံးနှစ်နီးပါးပဲ ရှိသေးတယ်၊ အခု ငါ အကြီးအကဲ ဖြစ်သွားပြီ”စုရှင်းက သူ့မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

နဂါး‌ စောင့်ရှောက်သူ ကျုံးအပါအဝင်၊ အခြားသူများနှင့် ယှဉ်လျှင် အရိပ် စောင့်ရှောက်သူသည် သူ့အပေါ် တကယ်ကောင်းခဲ့တာ ဖြစ်နိုင်သည်။သို့သော် ယင်းမှာလည်း သူ့ဆီမှာ အလားအလာကို မြင်လို့သာ ဖြစ်သည်။

ဒါ့အပြင် ဒီလူတွေအားလုံးဟာ လူသားမျိုးနွယ်ရဲ့ သစ္စာဖောက်တွေဖြစ်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ဆန့်ကျင်ဘက်မှာ ရပ်တည်နေကြတာပင်။

စုရှင်းကို အံ့အားသင့်စေတဲ့ တစ်ခုတည်းသော အရာသည် သူ့ရဲ့ ခန္ဓာကိုယ် ကျင့်ကြံမှု အဆင့်သည် ဒုံးပျံလို အရှိန်အဟုန်နှင့် တက်လာခြင်း ဖြစ်သည်!

ပျမ်းမျှ တစ်နှစ်ကို အဆင့်တစ်ဆင့်နှုန်းနဲ့ မကြာသေးခင်ကပင် သူသည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်၏ စတုတ္ထအဆင့်ကို ရောက်ရှိနေတဲ့ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။

“ဒါက ‘အမွေခံ ရရှိထားသည့် နတ်တန်ခိုး’ ဆိုတဲ့ အပြာရောင် စွမ်းရည်ရဲ့ အားဖြည့်မှုကြောင့်များလား?”

စုရှင်းသည် အလေးအနက် စဉ်းစားသွားပြီးတော့မှ သဘောပေါက်သွားသည်။သရုပ်ပြခြင်းထဲတွင် သူသည် နေ့စဉ် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးတစ်လုံးကို သုံးစွဲခဲ့သည်။သုံးနှစ်ကျော် ကာလအတွင်းမှာ သူသည် ဆေးလုံး တစ်ထောင်ကျော် သုံးစွဲခဲ့ရမည်မှာ သေချာပေါက်ပင် မဟုတ်လား?

“ဖြစ်နိုင်တာက စွမ်းရည် တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး ထင်တယ်...ဒီ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးတွေက ကျင့်ကြံသူ တစ်ယောက်ကို ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်ထိ မြှင့်တင်ဖို့ရန်အတွက် အတော်လေး အသုံးဝင်ပုံ ရတယ်!”

“ခဏလေး၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေး…ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်! ဒီဆေးတွေက ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်း အဆင့်ကို ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်အထိ တကယ်ကြီး မြှင့်တင်နိုင်တာလား?”

စုရှင်းသည် အဖြေ ရသွားပြီးနောက် သူ့နဖူးတွင် သွေးကြောများ ထောင်လာသည်။

ဒါဘဲကိုး။ဒီဆေးလုံးတွေက ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်က လူတွေရဲ့ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ဖို့အတွက် တကယ်ကို ရည်ရွယ်ထားတာပဲ!

စုရှင်းသည် အရိုးတည်ဆောက်ခြင်း နယ်ပယ်တွင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးလုံးကို သောက်တိုင်း သေဆုံးနေရတာ အံ့ဩစရာ မရှိတော့ပါ...

“ငါ့ရဲ့ မွေးရာပါ အံ့ဖွယ်အင်အားကြောင့် ငါ့ခန္ဓာကိုယ်က ဒီလောက် ကြံ့ခိုင်နေတာ ကံကောင်းသွားလို့ပေါ့... မဟုတ်ရင် ငါ ပေါက်ကွဲပြီး သေသွားနိုင်တယ်!”

စုရှင်းသည် သူ့ရဲ့ မဆင်မခြင် လုပ်ရပ်အတွက် နောင်တရမိသော်လည်း တစ်ချိန်တည်းမှာပင် အပြာရောင်အဆင့်ရှိ ခန္ဓာကိုယ် ကျင့်ကြံ‌ရေး စွမ်းရည်ကို ရရှိခဲ့သည့်အတွက် ကျေးဇူးတင်နေမိသည်။

ဤကဲ့သို့ ခန္ဓာကိုယ် ကျင့်ကြံခြင်း စွမ်းရည် ပိုမို အားကောင်းတာမျိုးသာ မရှိခဲ့လျှင် စုရှင်းသည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ မရောက်မချင်း အကြိမ်ပေါင်းများစွာ သရုပ်ပြခြင်း လုပ်ဆောင်ရမည်မှာ သေချာသည်။

“အာ... ဒါက ဆရာမရှိခြင်းရဲ့ ဆိုးကျိုးပဲ။ ငါ့ရဲ့ စျေးပေါတဲ့ဆရာက ငါ့ကို ကျင့်ကြံရေး နည်းစနစ် နှစ်ခုနဲ့ ပျက်စီးနေတဲ့ နတ်ကွန်းတစ်ခုပဲ ထားခဲ့ပြီး တခြားဘာမှလည်း မသင်ပေးခဲ့ဘူး!”

စုရှင်းတွင် သရုပ်ပြခြင်းစက် ရှိသည့်အတွက်သာ သက်သာရာ ရသွားသည်။အကယ်၍ သူကိုယ်တိုင် ကျင့်ကြံမှုကို ရှာဖွေရမယ်ဆိုလျှင် အခုချိန်မှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ရမည်မှာ သေချာသည်။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် ဒါကဘဲ သရုပ်ပြစက်ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူးလား—အကြိမ်ကြိမ် လေ့လာပြီး အန္တရာယ်တွေကို ရှောင်ရှားဖို့လေ?

“ငါ ချန်ချွန်းနည်းရဲ့ ဒုတိယပိုင်းကို ရပြီး ငါ့ရဲ့အင်အား နည်းနည်း ပိုတိုးလာတာနဲ့ ကျင့်ကြံခြင်းဆိုင်ရာ အကျဉ်းခန်း တချို့ကို သွားကြည့်သင့်တယ်”

စုရှင်း၏ လက်ထဲတွင် ကျင့်ကြံခြင်းဆိုရာ အကျဉ်းခန်း အတော်များများရဲ့ တည်နေရာ အညွှန်းတွေ ရှိပေမဲ့ အခုချိန်မှာ သူသည် အင်အား မရှိသေးတာကြောင့် ပိုသန်မာလာမှ သွားကြည့်ဖို့ရန် စီစဉ်ထားသည်။

စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်သည်။

[အရိပ် စောင့်ရှောက်သူ ကိုယ်တိုင်က သင့်အတွက် အကြီးအကဲ ခန့်အပ်ပွဲ ကျင်းပပေးခဲ့သည်။သဘာဝဂိုဏ်းက အကြီးအကဲ တော်တော်များများ ကိုယ်တိုင် လာရောက်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့သလို လက်ဆောင် ပစ္စည်းတွေလည်း အတော်များများ ပေးခဲ့ကြတယ်။]

[ကျန်တဲ့ ဂိုဏ်းနှစ်ခုကတောင် အကြီးအကဲတစ်ဦးစီ စေလွှတ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ကြတယ်။]

[အကြီးအကဲ ခန့်အပ်ပွဲအပြီးမှာ ရူးသွပ်ဂိုဏ်းနဲ့ အတူယှဉ်တွဲ နေထိုင်ရေးဂိုဏ်းက အကြီးအကဲတွေ သင့်ဆီ ချဉ်းကပ်လာပြီး တောင်းဆိုမှု တစ်ခုစီ လုပ်ခဲ့ကြတယ်။ သူတို့အတွက် ဆေးဝါးအချို့ ထောက်ပံ့ပေးဖို့ မျှော်လင့်နေကြတယ်။]

[သင်သည် အလျင်အမြန် မတုံ့ပြန်ခဲ့ပါ။အဘယ့်ကြောင့်ဆိုသော် တခြားသူတွေရဲ့ အမြင်မှာ သင်သည် အရိပ် စောင့်ရှောက်သူ၏ ယုံကြည်စိတ်ချရသူ ဖြစ်နေလို့ပါ။ဒါကြောင့် သင်က ဒီကိစ္စကို အရိပ် စောင့်ရှောက်သူထံ မေးမြန်းခဲ့သည်။]

[သင့် မေးမြန်းမှုကို ကြားသိရတဲ့အတွက် အရိပ် စောင့်ရှောက်သူသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ဂိုဏ်းသုံးခုသည် အတွေးအခေါ် အယူအဆတွေ အနည်းငယ် ကွဲပြားခြားနားပေမဲ့ သူတို့အားလုံးဟာ ကြီးမြတ်တဲ့ ကောင်းကင်ဘုံ ဘိုးဘေးနဲ့ အဓိကလူမျိုးကို ကိုးကွယ်ကြတာကြောင့် တတ်နိုင်ရင် တခြားဂိုဏ်းတွေကို ကူညီသင့်ကြောင်း သင့်ကို ပြောပြခဲ့သည်။]

[အရိပ် စောင့်ရှောက်သူသည် ကျန်တဲ့ ဂိုဏ်းနှစ်ခုက အကြီးအကဲတွေကို ခေါ်ယူပြီး ဆေးဝါးတွေကို ရနိုင်ကြောင်း၊ ဒါပေမဲ့ သင့်လျော်တဲ့ တန်ကြေးကို ပေးရမည် ဖြစ်ကြောင်း ပြောလိုက်သည်။]

[ထို အကြီးအကဲနှစ်ယောက်သည် အရိပ် စောင့်ရှောက်သူကို အတော်လေး ကြောက်ရွံ့ပုံရပြီး သတ်မှတ်ချက်တွေကို လွယ်လွယ်ကူကူ သဘောတူလိုက်ကြတယ်။]

[ဒါကြောင့် နောက်လတွင် သင်ဖော်စပ်သည့် ဆေးပမာဏသည် သုံးဆ တိုးလာခဲ့သည်။သင်သည် လတိုင်း ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးလုံး သုံးရာနဲ့ အနာကျက်ဆေး သုံးရာ ပေးအပ်ရမှာ ဖြစ်တယ်။သင် ရရှိတဲ့ နတ်ဆေးပမာဏလည်း သုံးဆ တိုးလာသည်။ဒါ့အပြင် သင်ဟာ လစဥ်တိုင်း အောင်မြင်မှုအမှတ် သုံးထောင်အပြင် ကျန်တဲ့ ဂိုဏ်းနှစ်ခုက ပေးအပ်သည့် ဆေးဖော်စပ်မှုအတွက် တခြားဆုလာဘ်တွေကိုလည်း ရရှိခဲ့တယ်။]

ထိုစာကို ဖတ်ပြီးနောက် စုရှင်းသည် မနေနိုင်ဘဲ ကျေနပ်စွာ ရယ်မောလိုက်တော့သည်။

ငါဖော်စပ်တဲ့ ဆေးဝါးအရေအတွက် သုံးဆတိုးလာပြီး ဆေးဖက်ဝင် အပင်တွေလည်း သုံးဆတိုးလာတယ်။ ဒီတွက်ချက်မှုအရဆိုလျင် သူဟာ လတိုင်း ရွှေရောင် နတ်အဆီအနှစ် သုံးရာနီးပါးနှင့် တခြားနတ်ဆေးတွေကို သူ့အိတ်ထဲ ထည့်နိုင်လိမ့်မည်။

ဒါ့အပြင် အောင်မြင်မှု အမှတ်တွေလည်း သုံးဆတိုးလာပြီး အဲဒီအပေါ်မှာ ဆေးဖော်စပ်မှုအတွက် အပိုဆုလာဘ်တွေလည်း ရဦးမယ်...

ဒါသည် ကျောက်တုံးတစ်ခုနဲ့ ငှက်နှစ်ကောင်ပစ်တယ်လို့ ပြောတာထက်တောင် ပိုသည်—ကျောက်တုံးတစ်ခုနဲ့ ငှက်လေးကောင် ပစ်တာနှင့်ပင် တူသည်!

ထိုသို့ဖြင့် သူသည် သူ့ဘာသာ သုံးဖို့အတွက် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးလုံးနှင့် အနာကျက်ဆေးများကို ပိုမိုပြီး ဆက်လက် ဖော်ထုတ်နိုင်လာသည်။

သို့သော် သူကိုယ်တိုင်တောင် တစ်လမှာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးပြားကို အများဆုံး သုံးဆယ်ပဲ သုံးစွဲနိုင်တာကြောင့် ပိုလျှံနေတာတွေက အသုံးမဝင်သလို ဖြစ်နေသည်။

“ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ? ငါက ဆင်းသက်ဂိုဏ်းရဲ့ ပစ္စည်းတွေကို သုံးနေတာပဲ—အဲဒါတွေ အလဟဿ ဖြစ်သွားရင်တောင် ငါက နာကျင်ခံစားရမှာမှ မဟုတ်တာ!”

စုရှင်းသည် တခစ်ခစ် ရယ်ကာ သရုပ်ပြခြင်းကို ဆက်လုပ်သည်။

[ခြောက်နှစ်မြောက်မှာ သင့်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် ပဉ္စမအဆင့်ကို တက်ရောက်သွားခဲ့တယ်။သင့်ရဲ့ ကျင့်ကြံမှုအဆင့် မြင့်တက်လာသည်နှင့်အမျှ တိုးတက်မှုရဖို့ရန် ပိုခက်ခဲလာတာကို တွေ့လာတာကြောင့် သင်သည် ကျင့်ကြံရန်အတွက် နေ့တိုင်း ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးလုံး နှစ်လုံး သောက်သုံးခဲ့တယ်။]

[ခုနစ်နှစ်မြောက်မှာ သင်သည် ကျင့်ကြံဖို့အတွက် နေ့တိုင်း ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးသုံးလုံးကို သောက်သုံးခဲ့ပြီး သင့် ကျင့်ကြံမှု အဆင့်ဟာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်၏ ဆဋ္ဌမအဆင့်ကို တက်ရောက်သွားခဲ့တယ်။]

[ရှစ်နှစ်မြောက်မှာ သင်သည် နေ့တိုင်း ဆေးလေးလုံး သောက်သုံးခဲ့ပြီး သင့် ကျင့်ကြံမှု အဆင့်ဟာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်၏ သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။]

[ကိုးနှစ်မြောက်မှာ သင်သည် နှစ်ပေါင်းများစွာ ဆေးဝါးတွေ အလွန်အကျွံ သောက်သုံးခဲ့မိသည်ဟု ခံစားလာရသည်။ အဲဒီဆေးဝါးတွေရဲ့ အဆိပ်တွေဟာ သင့် ခန္ဓာကိုယ်ထဲမှာ စုပုံလာပြီး ဆေးဝါး အဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ သင်သည် ခန္ဓာကိုယ် ကျင့်ကြံမှုနှုန်းကို လျှော့ချပြီး သင့်ရဲ့ ချီလေ့ကျင့်မှုကို မြှင့်တင်ဖို့ရန် အာရုံစိုက်လာခဲ့သည်။]

…

All Chapters