ဆုလာဘ်များ ရွေးချယ်ခြင်း
Vol. 4 Ch. 51
စုရှင်းသည် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
မိမိ၏ နယ်ပယ်ကို မြှင့်တင်ဖို့ရန် အတွက် အမတဘဝကို ကျင့်ကြံခြင်းသည် ဘယ်တော့မှ မလွယ်ကူပါ။ မကြာခဏဆိုသလိုပင် အသေးစား နယ်ပယ်တစ်ခုကို ကျော်ဖြတ်ဖို့ နှစ်ပေါင်းများစွာ ကြာတတ်ပြီး အဓိက နယ်ပယ်တစ်ခုဆိုရင် ပြောစရာတောင် မလိုတော့ပါ။
စုရှင်း၏ အရည်အချင်းကို အခုချိန်မှာ ထူးခြားတယ်လို့ သတ်မှတ်နိုင်ပေမဲ့ တစ်နှစ်ကို အသေးစား နယ်ပယ်တစ်ခု တိုးတက်အောင် ထိန်းသိမ်းဖို့ဆိုတာ အလွန်ခက်ခဲသည်။ ဆေးဝါးတွေရဲ့ အကူအညီနဲ့မို့သာ သူ တိုးတက်မှု ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျင့်ကြံခြင်း တစ်ခုစီက သူ့ကို ကျင့်ကြံချိန် ၁၅ နှစ်ပဲ ပေးတာကြောင့် ကျင့်ကြံသည့် နှစ်တိုင်းဟာ အလွန်ပင် တန်ဖိုးရှိသည်။
ဒီအကြောင်းပြချက်ကြောင့် စုရှင်းသည် သူ၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ဖို့ရန် ဆေးဝါး အမြောက်အမြား သောက်သုံးပြီးတဲ့နောက် သူ့ခန္ဓာကိုယ်ထဲမှာ ဆေးဝါး အဆိပ်သင့်ခြင်း ဖြစ်ပေါ်လာခြင်းသည် ရှောင်လွှဲ၍ မရနိုင်သော အရာတစ်ခု ဖြစ်လာခဲ့သည်။
[ဆယ်နှစ်မြောက်မှာ သင့်ရဲ့ ချီ ကျင့်ကြံခြင်းသည် ရွှေအူတိုင် နယ်ပယ်၏ တတိယအဆင့်ကို တိုးတက် ရောက်ရှိသွားခဲ့သည်။ဒီတစ်နှစ်တာအတွင်းမှာ သင်ဟာ နေ့တိုင်း ဝိဉာဉ်စွမ်းအင်ကို အသုံးပြုပြီး သင့်ခန္ဓာကိုယ်ထဲက ဆေးဝါးအဆိပ်ကို ဖယ်ရှားခဲ့တာကြောင့် ခန္ဓာကိုယ်ထဲက ဆေးဝါးအဆိပ်တွေ သိသိသာသာ လျော့နည်းသွားခဲ့တယ်။]
[ဆယ့်တစ်နှစ်မြောက်မှာ သင်ဟာ ခန္ဓာကိုယ် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့အတွက် နေ့တိုင်း ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးတစ်လုံးကို မှန်မှန် သောက်သုံးခဲ့ပေမဲ့ သင့်ခန္ဓာကိုယ်ထဲတွင် ဆေးဝါးအဆိပ်တွေ အလွန်အကျွံ ရှိနေတာကြောင့် သင့်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ မတိုးတက်ခဲ့ပါ။]
[ဆယ့်နှစ်နှစ်မြောက်မှာ သင့်ရဲ့ မဆုတ်မနစ်တဲ့ ကြိုးပမ်းမှုတွေကြောင့် သင့် ကျင့်ကြံမှုအဆင့်ဟာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်ရဲ့ အဋ္ဌမအဆင့်ကို တိုးတက်ရောက်ရှိသွားခဲ့တယ်။]
[ဆယ့်လေးနှစ်မြောက်မှာ သင့်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်၏ နဝမအဆင့်ကို တိုးတက်ရောက်ရှိသွားခဲ့တယ်!]
[တစ်နေ့တွင် အရိပ် စောင့်ရှောက်သူသည် သင့်ထံ ချဉ်းကပ်လာသည်။သင် သူ့ကို နောက်ဆုံးတွေ့ခဲ့တာ နှစ်ပေါင်း တော်တော်ကြာခဲ့ပြီ ဖြစ်သည်။သင်သည် သူ့ရဲ့ အရှိန်အဝါဟာ အရင်ကထက် အများကြီး ပိုကြောက်စရာ ကောင်းလာတာကို ခံစားမိသည်။သူ့ရဲ့ စိတ်ခံစားချက်တွေက ပိုမတည်ငြိမ် ဖြစ်လာပြီး တစ်ခါတစ်လေ သူ့မျက်လုံးတွေထဲမှာ သွေးဆာနေတဲ့ အနီရောင် အလင်းတန်းတွေ လျှပ်ခနဲ ပေါ်လာတတ်သည်။]
[သူက သင့်ကို တကယ့်ကမ္ဘာကြီးဟာ ပျက်စီးလုနီးပါး ဖြစ်နေပြီဟု ပြောသည်။သင်ဟာ သူ အလေးစားရဆုံး အကြီးအကဲတစ်ဦး ဖြစ်တယ်လို့လည်း ပြောသည်။သူက အဆင့်မြင့် သားရဲတစ်ကောင်နှင့် တူသည့် နတ်ဆိုးသားရဲ၏ အလောင်းတစ်ခုကို ထုတ်ယူပြသည်။]
[သူ့ရဲ့ စိတ်ခံစားချက်တွေသည် အတော်လေး ထိန်းချုပ်မရ ဖြစ်နေခဲ့သည်။အရာအားလုံးဟာ လှည့်စားမှုတွေဟု သင့်ကို ပြောခဲ့သည်။အတူယှဉ်တွဲ နေထိုင်ရေး ဂိုဏ်းသား အများစုဟာ သုတ်သင် ရှင်းလင်းခံလိုက်ရပြီး ရူးသွပ်ဂိုဏ်းက ကျန်တဲ့ ဂိုဏ်းနှစ်ခုကို တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်နေသည်။အဓိကလူမျိုးက တစ်လအတွင်းမှာ ဆင်းသက်လာတော့မည်။အခု သင် အသက်ရှင်ဖို့ရန် တစ်ခုတည်းသော နည်းလမ်းက အဓိကလူမျိုးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့သာ ဖြစ်သည်။]
[အရိပ် စောင့်ရှောက်သူက သင့်ကို ကိုယ်တိုင် ပြောင်းလဲပေးဖို့ ဆန္ဒရှိနေတယ်။သူက သင့်ကို အဓိကလူမျိုးရဲ့ ကမ္ဘာဆီ ခေါ်သွားပြီး ဘဝသစ်တစ်ခု စတင်စေမယ်ဟု ပြောသည်။]
[အရိပ် စောင့်ရှောက်သူ၏ တောင်းဆိုမှုကို ရင်ဆိုင်လိုက်ရတဲ့အခါ သင်သည် တုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးမှာ ငြင်းပယ်လိုက်ပြီး လူတစ်ပိုင်း၊ သားရဲတစ်ပိုင်း ဘီလူးတစ်ကောင် မဖြစ်ချင်ဘူးဟု ပြောလိုက်သည်။]
[သင့် ငြင်းပယ်မှုကို ကြားပြီးနောက် အရိပ် စောင့်ရှောက်သူဟာ အတော်ကြာ ငြိမ်သက်သွားပြီး ဘာမှ မပြောတော့ပါ။သူက သင့်ရဲ့ တုံ့ပြန်မှုကို ကြိုတင် ခန့်မှန်းထားပုံရသည်။သူက သင့်ရဲ့ ကံကြမ္မာကို လေးစားကြောင်းနဲ့ သင့်ရဲ့ နှစ်ပေါင်းများစွာ ပံ့ပိုးကူညီမှုတွေကို အသိအမှတ်ပြုကြောင်း ပြောကြားပြီး သင့်ရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနိုင်ကြောင်း ပြောသည်။]
[သင့်အတွက်တော့ ဒီသရုပ်ပြခြင်း၏ ရည်ရွယ်ချက်သည် ပြည့်စုံသွားပြီဖြစ်ပြီး ဘာတောင်းဆိုရမလဲဆိုတာ သင်သည် စဉ်းစားမရ ဖြစ်သွားသည်။သို့သော် သင်သည် ရုတ်တရက် စိတ်ကူးတစ်ခု ပေါ်လာပြီး စောင့်ရှောက်သူ ကျုံးရဲ့ ကျင့်ကြံရေး နည်းစနစ်ဖြစ်တဲ့ ချန်ချွန်းနည်း အစုံအလင်ကို လိုချင်ကြောင်း ပြောလိုက်သည်။]
[အရိပ် စောင့်ရှောက်သူသည် ခဏတာ အံ့အားသင့်သွားပေမဲ့ ခေါင်းခါယမ်းပြီး စောင့်ရှောက်သူ ကျုံးသည် ရက်အနည်းငယ် အကြာက တိုက်ပွဲတစ်ခုမှာ သေဆုံးသွားခဲ့ကြောင်းနဲ့ သူ့ရဲ့ ပစ္စည်းတွေ ဘယ်မှာရှိမှန်း ဘယ်သူမှ မသိကြောင်း ပြောပြသည်။ဒါကြောင့် သူသည် သင့်ရဲ့ တောင်းဆိုမှုကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။]
[ချန်ချွန်းနည်းကို မရနိုင်တော့တဲ့အတွက် သင်သည် ပေါ့ပေါ့ပါးပါး တောင်းဆိုမှုတစ်ခုကိုသာ ပြုလုပ်လိုက်သည်။ အရိပ် စောင့်ရှောက်သူကို ဆယ်စုနှစ် တစ်ခုကျော် သိခဲ့ပေမဲ့ အဲဒီမျက်နှာဖုံးအောက်က သူ့ရဲ့အစစ်အမှန် ရုပ်သွင်ကို သင် မသိသေးပါ။ဒါကြောင့် သင်က အရိပ် စောင့်ရှောက်သူ၏ မျက်နှာ အစစ်အမှန်ကို မြင်ချင်ကြောင်း ပြောလိုက်သည်။]
[သင့်ရဲ့ တောင်းဆိုမှုကို ကြားပြီးနောက် အရိပ် စောင့်ရှောက်သူဟာ အံ့အားသင့်သွားသည်။ခဏလောက် တုံ့ဆိုင်းပြီးနောက် အဆုံးမှာ သူ့မျက်နှာဖုံးကို ချွတ်လိုက်တယ်။]
[အရိပ် စောင့်ရှောက်သူ၏ မျက်နှာဖုံးကို ချွတ်လိုက်တဲ့အခါ သင် အံ့အားသင့်သွားတယ်။ မျက်နှာဖုံးအောက်မှာ အံ့သြလောက်အောင် လှပတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတာကို သင် တွေ့လိုက်ရတယ်။ သူမမှာ ကျော့ရှင်းတဲ့ ဆံပင်နဲ့ ဆီးနှင်းလို ဖြူဖွေးတဲ့ အသားအရေရှိပြီး ပန်းချီကားထဲက ထွက်လာတဲ့ အမျိုးသမီးတစ်ယောက်နှင့်ပင် တူသည်။]
[အရိပ် စောင့်ရှောက်သူသည် သူ့အသံကို ဖုံးကွယ်မထားတော့ပါ။သူက သင့်ကို ဂရုစိုက်ဖို့ ပြောပြီး စိတ်ပြောင်းသွားရင် ဘယ်အချိန်မဆို သူ့ကို လာရှာလို့ရကြောင်း ပြောခဲ့သည်။]
[နောက်ဆုံးမှာ အရိပ် စောင့်ရှောက်သူ ထွက်သွားပြီး သူမ ဘယ်ကို သွားမယ်ဆိုတာ သင် သေချာမသိပါ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူမလည်း လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး ဆင်းသက်ဂိုဏ်းထဲ ဝင်ရောက်လာစေခဲ့တဲ့ အတိတ်ဇာတ်လမ်းတစ်ခု ရှိခဲ့ဖူးမှာပါ။]
[၂၀၃၇ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ ဒီနေ့ဟာ သီတင်းကျွတ် လပြည့်နေ့ ဖြစ်ရမှာပေမဲ့ လူသားမျိုးနွယ် တစ်ခုလုံးကို အလွန်အမင်း ထိတ်လန့် တုန်လှုပ်မှုများနှင့် ဖုံးလွှမ်းသွားခဲ့သည်။]
[နေနဲ့ကောင်းကင်ကို ဖုံးလွှမ်းနိုင်လောက်တဲ့အထိ ကြီးမားတဲ့ သားရဲကြိီး တစ်ကောင် ပေါ်လာသည်။၎င်းသည် ရှားနိုင်ငံ တစ်ခုလုံးကို တစ်ကိုက်တည်းနဲ့ မြိုချသွားသည်။]
[သင်သည် အသက်၃၇နှစ် အရွယ်တွင် သေဆုံးခဲ့သည်။]
[သင်၏ လက်မလျှော့သော သေခြင်းတရား စွမ်းရည် အသက်ဝင်လာခဲ့သည်…]
[ဒင်၊ သရုပ်ပြခြင်း ပြီးဆုံးပါပြီ!]
သရုပ်ပြခြင်း ပြီးဆုံးပြီးနောက် စုရှင်း၏ စိတ်အာရုံများ လက်တွေ့လောကသို့ ပြန်ရောက်လာသည်။
ယေဘုယျအားဖြင့် ဒီသရုပ်ပြခြင်းမှာ ပါဝင်သည့် အချက်အလက်များသည် လွန်စွာများပြားလွန်းပြီး ရရှိတဲ့ ဆုလာဘ်တွေကလည်း တကယ်ကို တန်ဖိုးကြီးသည်။
"အရိပ် စောင့်ရှောက်သူက အမျိုးသမီးတစ်ယောက်လို့ ဘယ်သူထင်မှာလဲ..."
စုရှင်းဟာ အနည်းငယ် အံ့အားသင့်သွားသည်။ဒီလို အလှည့်အပြောင်းကို သူ လုံးဝ မမျှော်လင့်ထားမှန်း ထင်ရှားသည်။
ဤသရုပ်ပြခြင်းရဲ့ ရလဒ်တွေအရ လူသားမျိုးနွယ် တစ်ခုလုံး သုတ်သင်ခံလိုက်ရပုံရပြီး ဆင်းသက်ဂိုဏ်းအတွင်းက ဂိုဏ်းသုံးခုရဲ့ အဆုံးသတ်တွေကလည်း ကွဲပြားခြားနားပုံရသည်။
အတူယှဉ်တွဲနေထိုင်ရေး ဂိုဏ်းဝင်တွေဟာ ရူးသွပ်ဂိုဏ်းရဲ့ လက်ချက်နဲ့ အတော်လေး အကုန်အကျေ သုတ်သင်ခံလိုက်ရပြီး ကျန်ရှိတဲ့ ရူးသွပ်ဂိုဏ်းဝင်တွေရဲ့ ကံကြမ္မာကတော့ မသိရသေးပါ။
သဘာဝဂိုဏ်း တစ်ခုတည်းသာ ဒီဘေးအန္တရာယ်က လွတ်မြောက်သွားပုံရပြီး သူတို့ကိုယ်သူတို့ တိုင်းတစ်ပါးသား မျိုးနွယ်အဖြစ် ပြောင်းလဲသွားတာ ထင်ရှားသည်။သူတို့သည် တိုင်းတစ်ပါးသား မျိုးနွယ်တွေ နေထိုင်တဲ့ ကမ္ဘာမှာ ခိုလှုံနိုင်ခဲ့ပုံရသည်။
စုရှင်းက ခေါင်းခါယမ်းလိုက်သည်။ဒီဂိုဏ်းသုံးခုရဲ့ အဆုံးသတ်တွေက သူလိုချင်တဲ့အတိုင်း မဟုတ်ခဲ့ပါ။တိုင်းတစ်ပါးသား မျိုးနွယ်တစ်ယောက် ဖြစ်လာလျှင် အဆုံးသတ်တွင် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားနိုင်သည် မဟုတ်လား?
ထို့ကြောင့် ဆင်းသက်ဂိုဏ်းထဲသို့ ဝင်ခြင်းသည် မည်သည့် အခြေအနေမျိုးမှာမဆို ကောင်းကောင်း အဆုံးသတ်မှာ မဟုတ်ဘူးဆိုတာ ရှင်းနေပါသည်။
စုရှင်းကို အံ့အားသင့်စေသည့် အဓိကအချက်မျာ ဤ သရုပ်ပြခြင်းတွင် သူ့ရဲ့အသက်က ဘာလို့ သုံးဆယ့်ခုနစ်နှစ် ဖြစ်သွားရတာလဲ ဆိုတာပင်။
“ဒီသရုပ်ပြခြင်းထဲမှာ ကမ္ဘာပျက်ကပ်က နောက်ထပ် ၁၄ နှစ်အကြာမှာ ရောက်လာတာပဲ။ ဒါက ဒီနေ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ဖြစ်နေလို့လား? မဖြစ်သင့်ဘူး၊ မဟုတ်ရင် ငါ အသက် ၃၈ နှစ်မှာ ရှိနေရမှာ…”
“ဖြစ်နိုင်တာက ငါက ဆင်းသက်ဂိုဏ်းထဲကို ဝင်ပြီး သူတို့အတွက် အတော်လေး လုပ်ပေးခဲ့လို့ တိုင်းတစ်ပါးသား မျိုးနွယ်တွေ တကယ့်ကမ္ဘာကို အောင်မြင်စွာ ကျူးကျော် ဝင်ရောက်မယ့် အချိန်ကို လအနည်းငယ် စောသွားစေတာ ဖြစ်နိုင်တယ်…”
ရှားနိုင်ငံ၏ စစ်တပ်ထဲ ဝင်ပြီးနောက် စုရှင်းသည် တိုင်းတစ်ပါးသား မျိုးနွယ်တွေ ရောက်ရှိလာမည့် အချိန်ကို တစ်လ ရွှေ့ဆိုင်းပေးခဲ့ဖူးသည်။
“အဲဒီအကြောင်းပြချက်အရဆိုရင်...ဆင်းသက်ဂိုဏ်းထဲဝင်တာက ငါ လေ့ကျင့်ဖို့ ၁၄ နှစ်ပဲ အချိန်ရတယ်လို့ ဆိုလိုတာပဲ…”
စုရှင်းက ညည်းညူလိုက်သည်။ဘာမှ မတတ်နိုင်ဘူးလေ။
ဘယ်လိုဖြစ်ဖြစ် ဆင်းသက်ဂိုဏ်းကနေတစ်ဆင့် သရုပ်ပြခြင်းစက်က အများကြီး ပေးခဲ့တာပဲလေ...
စုရှင်းကို ဆေးဝါးတွေ အလုံအလောက် ပေးခဲ့ပြီး သူ့ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်မှုကို အဆပေါင်းများစွာ မြန်ဆန်စေနိုင်ခဲ့သည်။
“ပိုကောင်းတဲ့ ကျင့်ကြံမှု လမ်းကြောင်း မတွေ့ခင်အထိ ငါ့ရဲ့ ကျင့်ကြံမှု တိုးမြှင့်ချင်ရင် ဆင်းသက်ဂိုဏ်းကို လိမ်လည်လှည့်ဖျားဖို့ လိုသေးတယ်!”
ဆူရှင်းသည် သရုပ်ပြခြင်းမှ ရရှိသည့် ဆုလာဘ်များကို အာရုံစိုက်လိုက်သည်။
[မွေးရာပါ နတ်တန်ခိုး]: အပြာရောင် စွမ်းရည်၊ စွမ်းအင်အမှတ် ၁၀၀,၀၀၀။
[ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်၊ နဝမအဆင့်]: ခန္ဓာကိုယ် ကျင့်ကြံခြင်းအဆင့်၊ကိုယ်တွင်း ဆေးအဆိပ်၏ ဘေးထွက်ဆိုးကျိုး အားလုံးကို ဖယ်ရှားပြီးသား ဖြစ်သည်။ စွမ်းအင်အမှတ် ၁ သန်း။
[ဆေးဖော်စပ်မှု အတွေ့အကြုံ ၁၄ နှစ်]: ဆေးဖော်စပ်မှုဆိုင်ရာ အသိပညာ၊ စွမ်းအင်အမှတ် ၁၄၀,၀၀၀။
[ရွှေအူတိုင်အဆင့် စတုတ္ထအလွှာ]: ချီသန့်စင်ခြင်း ကျင့်ကြံမှု၏ ရွှေအူတိုင်အဆင့် စတုတ္ထအလွှာ။ထို့နောက် သင်သည် အနှစ်သာရ အားဖြည့်ဆေးလုံးတွေကို အမြဲ သောက်သုံးခဲ့တာကြောင့် သင့်ရဲ့ တန်းထျန်ထဲက ဝိဉာဉ်ဆေးလုံးဟာ ပိုပြီး တောင့်တင်းလာပြီး အဆင့်မြင့် ဝိဉာဉ်ဆေး၏ အရည်အသွေးနှင့် နီးကပ်လာပြီ ဖြစ်သည်။စွမ်းအင်အမှတ် ၃၀၀,၀၀၀။
[ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆေး အလုံး ၁၀၀၀]: စွမ်းအင်အမှတ် ၁၀ သန်း။
အပြာရောင် စွမ်းရည်ဖြစ်သည့် မွေးရာပါ နတ်တန်ခိုးသည် စုရှင်းအတွက် မဖြစ်မနေ ရွေးချယ်ရမည့် ဆုလာဘ်တစ်ခု ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် ယင်းသည် သူ ပိုင်ဆိုင်ပြီးသားဖြစ်သည့် ကြီးမြတ်သော ခွန်အား၏ အဆင့်မြင့်ပုံစံဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ် ကျင့်ကြံရေး စွမ်းရည်ကို များစွာ မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်သည်။
ကျန်သည့် ရွေးချယ်စရာတွေ အတွက်မူ စုရှင်းသည် အခုလောလောဆယ် ခန္ဓာကိုယ် ကျင့်ကြံမှုအဆင့်၊ အဂ္ဂိရတ်ပညာနှင့် ချီကျင့်ကြံခြင်း အဆင့်ကိုသာ ဝယ်ယူနိုင်သည်။
သိပ်မတွန့်ဆုတ်ဘဲ ဆူရှင်းသည် သူ့ရဲ့ ရွေးချယ်မှုကို မြန်မြန်ဆန်ဆန် လုပ်လိုက်သည်။
“ငါ မွေးရာပါ နတ်တန်ခိုးဆိုတဲ့ အပြာရောင် စွမ်းရည်နဲ့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် နဝမအဆင့်ကို ရွေးမယ်!”
…