← Chapters

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ် နဝမအဆင့်၊ ခွန်အား အဆမတန် တိုးပွားလာခြင်း!

Vol. 4 Ch. 52

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ် နဝမအဆင့်၊ ခွန်အား အဆမတန် တိုးပွားလာခြင်း!

Vol. 4 Ch. 52

ယခင်က စုရှင်း၏ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုအဆင့်သည် အရိုးမာကျောခြင်း ဒုတိယအဆင့်သာ ရှိသေးသည်။

သို့သေည် ဤသရုပ်ပြခြင်းတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် နဝမအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားပြီး သူ၏ ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုအဆင့်သည် တရှိန်ထိုး မြင့်တက်လာသည်!

ဒါ့အပြင် ဤ ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် ဆေးဝါး အဆိပ်သင့်ခြင်းကိုလည်း ဖယ်ရှားပြီး ဖြစ်သည်။ထို့ကြောင့် စုရှင်းအနေဖြင့် ယင်းကို ရွေးချယ်ရန် အကြောင်းပြချက်ပင် မလိုတော့ပါ။

တကယ်တမ်းတွင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် နဝမအဆင့်ကို ရယူရန်အတွက် လိုအပ်သော စွမ်းအင်အမှတ်သည် အလွန်များသည်။စုစုပေါင်း ၁မီလီယံ ဖြစ်သည်။

သူ၏စွမ်းရည်ကို ရယူရန် လိုအပ်သည့် စွမ်းအင် ၁၀၀,၀၀ဝပါ ပေါင်းလျှင် စုရှင်းတွင် လက်ရှိမှာ လုံလောက်သည့် စွမ်းအင်အမှတ်များ မရှိပါ။

ရွေးချယ်စရာ မရှိတော့သည့်အခါ စုရှင်းသည် ကြိုတင် စုဆောင်းထားသည့် အဖြူရောင် ပစ္စည်းများကို ရောင်းချကာ လိုအပ်သည့် စွမ်းအင်၁.၁မီလီယံ ပြည့်ရန် အလောတကြီး စုခဲ့ရသည်။

[ဒင်၊ သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် နဝမအဆင့်ကို ရွေးချယ်လိုက်ပါသည်။စွမ်းအင်အမှတ် ၁မီလီယံ ကုန်ကျမည် ဖြစ်ပြီး သင့်တွင် စွမ်းအင် ၁၀၀,၁၀၃မှတ် ကျန်ရှိပါသည်။]

[ဒင် သင်သည် မွေးရာပါ နတ်တန်ခိုးဟူသည့် အပြာရောင် စွမ်းရည်ကို ရွေးချယ်လိုက်ပါသည်။စွမ်းအင်အမှတ် ၁၀၀,၀၀၀ ကုန်ကျမည် ဖြစ်ပြီး သင့်တွင် စွမ်းအင် ၁၀၃မှတ် ကျန်ရှိပါသည်။]

စုရှင်းသည် ကျန်ရှိသည့် စွမ်းအင်အမှတ်လေး ၁၀၃မှတ်ကို ကြည့်ကာ မျက်ရည်မထွက်ဘဲ ငိုချင်သွားသည်။သူ နှစ်ပါတ်တာ စုဆောင်းခဲ့ရသည့် စွမ်းအင်အမှတ်များသည် တစ်ညထဲနှင့် ကုန်သွားရသည်။

သို့သော်လည်း တန်ပါသည်!

သရုပ်ပြစက်၏ သတိပေးချက်သံများ စုရှင်း၏နားထဲ ဝင်ရောက်လာပြီးနောက် သူ့ခန္ဓာကိုယ်တွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

စုရှင်းသည် ခဏအတွင်းမှာပင် သူ၏ အတွင်းအားသည် အဆမတန် မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး သူ၏တစ်ကိုယ်လုံးမှ အရှိန်အဝါသည်လည်း ပြင်းထန်စွာ မြင့်တက်သွားလေသည်။

အရိုး မာကျောခြင်းနယ်ပယ် တတိယအဆင့်…အရိုးမာကျောခြင်း နယ်ပယ် ပဉ္စမအဆင့်…

အရိုးမာကျောခြင်း နယ်ပယ် ပြီးပြည့်စုံသည့် အဆင့်…

ဆယ်စက္ကန့်အတွင်းမှာပင် စုရှင်း၏ အရိုးမာကျောခြင်း နယ်ပယ်သည် ဒုတိယအဆင့်မှ ပြီးပြည့်စုံသည့် အဆင့်သို့ ခုန်တက်သွားသည်။

ထို့ပြင် စုရှင်း၏ ကိုယ်ခန္ဓာ အင်အားသည်လည်း အဆပေါင်းများစွာ တိုးပွားလာပြီး သူ၏လက်များသည် ယခုအခါ ပေါင်နှစ်သိန်းကျော်ပင် အားရှိလာလေသည်!

သို့သော်လည်း ထိုမျှနှင့် ပြီးဆုံးသွားခြင်း မဟုတ်သေးပေ။

စုရှင်း၏ ရုပ်ပိုင်းဆိုင်ရာ အင်အားသည် ဆက်လက် စုပုံလာကာ အချို့သော ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသည့်အခါ သူ၏အတွင်း၌ ချည်နှောင်ထားသော အရာတစ်ခုသည် အောင်မြင်စွာ ဖောက်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်!

စုရှင်းသည် သူ့ခန္ဓာကိုယ် အတွင်းပိုင်းကို အလျင်အမြန် စစ်ဆေးလိုက်ရာ ဖျော့တော့သော ရွှေရောင်အလင်းတန်း တစ်ခုသည် သူ၏ အတွင်းအင်္ဂါ ငါးပါးနှင့် အူမကြီး ခြောက်ခုကို ဖုံးအုပ်ထားသည်ကို တွေ့ရှိခဲ့သည်။ ထိုရွှေရောင်အလင်းသည် တဖြည်းဖြည်းချင်း ပြန်လည်ဝင်ရောက်သွားပြီး နောက်ဆုံးတွင် ၎င်းတို့အတွင်းသို့ စိမ့်ဝင် ပျောက်ကွယ်သွားလေသည်…

ဤသရုပ်ပြခြင်းတွင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်၏ ပထမအဆင့်သည် စုရှင်း၏ အမြင့်ဆုံးကန့်သတ်ချက်နှင့် အလွန်ဝေးကွာနေသေးသည်!

နောက်ထပ် မိနစ် အနည်းငယ်ကြာပြီးနောက် စုရှင်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ပြတ်တောင်း၊ ပြတ်တောင်း မြင့်တက်လာသည်။

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် ဒုတိယအဆင့်…ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် တတိယအဆင့်…

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် ပဉ္စမအဆင့်…ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် အဌမအဆင့်!

နောက်ဆုံးတွင် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်၏ နဝမအဆင့်ကို ရောက်ရှိပြီးနောက် စုရှင်းသည် သူ၏ ကျင့်ကြံမှုအဆင့် မြင့်တက်နှုန်းသည် တဖြည်းဖြည်း နှေးကွေးသွားပြီးနောက် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် နဝမအဆင့်တွင် နောက်ဆုံး တည်ငြိမ်သွားသည်ကို ခံစားလိုက်ရသည်!

“ဒါက ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် နဝမအဆင့်လား?”

စုရှင်းသည် အိပ်မက် မက်နေသကဲ့သို့ ခဏမျှ ခံစားလိုက်ရသည်။ဒုတိယမြောက် သရုပ်ပြခြင်းတွင် သူသည် ခန္ဓာကိုယ် သန့်စင်ခြင်း ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိခဲ့ပြီး ယခု သူ၏ ရှစ်ကြိမ်မြောက် သရုပ်ပြခြင်း မတိုင်ခင်ထိ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှုအဆင့်ကို ထုတ်ယူနိုင်ခဲ့ခြင်း မရှိပါ။

ဒါ့အပြင် များစွာသော သရုပ်ပြခြင်းများတွင် စုရှင်းသည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်သို့ ရောက်ရှိရန် ကြိုးစားရင်း ခန္ဓာကိုယ် ပေါက်ကွဲကာ သေဆုံးခဲ့ရသည်။

သို့သော် အရာအားလုံးသည် ထိုက်တန်ပါသည်; စုဆောင်းထားသည့် အားစိုက်မှုများက ရုတ်တရက် အောင်မြင်မှုစီ ဦးတည်သွားပြီး စုရှင်းသည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သူသာ နောက်တစ်ကြိမ် ထပ်မံ တိုးတက်နိုင်ခဲ့မည်ဆိုလျှင် ယင်းသည် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံသူ၏ စတုတ္ထအဆင့် ဖြစ်သည့် မူလ စစ်သည်တော် နယ်ပယ်ပင် ဖြစ်သည်!

စုရှင်းသည် ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ဝင်ရောက်ကာ တရားထိုင်ရင်း သူ့၏ စိတ်နှင့်ခန္ဓာကိုယ်ကို ဆက်တိုက် စူးစမ်းလေ့လာနေခဲ့သည်။သူ့ခန္ဓာကိုယ်ထဲရှိ အလွန်ကြီးမားသည့် အင်အားတစ်ခုကို ခံစားလိုက်ရသည်။

“ဒီခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်က ဘေးထွက်ဆိုးကျိုးမရှိဘဲ ရောက်လာပေမဲ့၊ ဒီခန္ဓာကိုယ်ရဲ့ ခွန်အားအပေါ် ငါ့ရဲ့ ကျွမ်းကျင်မှုကတော့ အရမ်းနည်းနေသေးတယ်…ငါ ဒါကို ပိုပြီး ရင်းနှီးကျွမ်းဝင်အောင် လုပ်သင့်တယ်။”

နောက်တစ်ပတ်တွင် စုရှင်းသည် အဂ္ဂိရတ်ပညာကို မလေ့ကျင့်ဘဲ သူ့ခန္ဓာကိုယ်၏ ခွန်အားကို ရင်းနှီးကျွမ်းဝင်အောင် လေ့လာခဲ့သည်။

အရိုး တည်ဆောက်ခြင်း ဒုတိယအဆင့်မှ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နဝမအဆင့်သို့ တစ်ရက်တည်းဖြင့် တိုးတက်ခြင်းသည် သူတောင်းစား တစ်ဦး ရုတ်တရက် ဒေါ်လာ ၅ သန်း ထီပေါက်သကဲ့သို့ ဖြစ်သည်။

သဘာဝအားဖြင့် ဤလက်ဆောင်နှင့် ထိုက်တန်စေရန် အတွက် သူသည် မိမိကိုယ်ကို သေချာစွာ ရင်းနှီးကျွမ်းဝင်ရန် လိုအပ်သည်။

ဝိညာဉ်စိုက်ခင်း ကောင်းချီးခံမြေတွင် ရက်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် စုရှင်းသည် သူ့ခန္ဓာကိုယ်၏ ခွန်အားကို တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့သည်။

“ငါ အခု ဘယ်လောက်တောင် အားကောင်းလဲ မသိဘူး... အရိုး တည်ဆောက်ခြင်းအဆင့် အမြင့်ဆုံးကို ရောက်တုန်းက ငါ့မှာ ကျင်း ၂ သိန်း အားရှိခဲ့တယ်။ အခု ငါ့အားက ကျင်း ၁ သန်းတောင် ကျော်သွားပြီလား မသိဘူး”

ဟုတ်ပါသည်။ လူတစ်ဦးသည် ရုတ်တရက် အလွန်အမင်း ခွန်အား ကြီးလာသောအခါတွင် စမ်းသပ်ခြင်းမရှိဘဲ သူတို့ အမှန်တကယ် မည်မျှ အားကောင်းသည်ကို ရိုးရိုးရှင်းရှင်း သိနိုင်မည် မဟုတ်ပေ။

“ဖြစ်နိုင်တာက ငါ ဘယ်လောက် အားကောင်းလဲဆိုတာ စမ်းသပ်ဖို့ နေရာတစ်ခု ရှာတွေ့နိုင်တယ်…”

လုံခြုံစေရန်အတွက် စုရှင်းသည် သူအချိန်အတော်ကြာအောင် ပေါင်းခံထားသော အသွင်ပြောင်း ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး သူ၏အသွင်အပြင်ကို လုံးဝပြောင်းလဲကာ လူသူကင်းမဲ့နေချိန်တွင် ကျိုတိုအကယ်ဒမီ၏ လေ့ကျင့်ရေးစခန်းသို့ လျှို့ဝှက်စွာ ဝင်ရောက်ခဲ့သည်။

ကျယ်ပြောသော လေ့ကျင့်ရေးစခန်းအတွင်း၌ အထူးပြုလုပ်ထားသော ခွန်အားလေ့ကျင့်ရေးစက် ဒါဇင်ပေါင်းများစွာ ရှိသည်။

ဤခွန်အား လေ့ကျင့်ရေး စက်များသည် အနီးတိုက် ကစားသမားများအတွက် အသုံးပြုပါသည်။

ကျွမ်းကျင် ပညာရှင်များသည် ၎င်းတို့၏ အဆင့်ကို မြှင့်တင်ပြီးနောက် ဂုဏ်သတ္တိ အမှတ်များစွာကို ရရှိလေ့ရှိသည်။ မှော်ပညာရှင်များသည် များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအား ပိုမိုကောင်းမွန်ကြပြီး ၎င်းတို့၏ခွန်အားကို အပြည့်အဝ ကျွမ်းကျင် ပိုင်နိုင်စေရန် အတွက် ၎င်းတို့၏ စွမ်းရည်များကို အမြဲတစေ အသုံးပြုရန် လိုအပ်သည်။

အနီးတိုက် ကျွမ်းကျင်ပညာရှင်များ၊ အထူးသဖြင့် ခွန်အား သို့မဟုတ် အမြန်နှုန်း အမျိုးအစားများသည် ၎င်းတို့၏ ဂုဏ်သတ္တိအမှတ်များ တိုးလာပြီးနောက် ၎င်းတို့၏ ကိုယ်ပိုင်ခွန်အားကို အပြည့်အဝ ကျွမ်းကျင် ပိုင်နိုင်စေရန် အတွက်လည်း စဉ်ဆက်မပြတ် လေ့ကျင့်ရန် လိုအပ်သည်။

ကျိုတို အကယ်ဒမီတွင် ကျွမ်းကျင်ပညာရှင်များ အတွက် ၎င်းတို့၏ခွန်အားနှင့် အမြန်နှုန်းကို လျင်မြန်စွာ ကျွမ်းကျင်ပိုင်နိုင်စေရန် ကူညီပေးနိုင်သော အဆောက်အအုံများ ရှိသည်။

ထိုအချိန်သည် ညနက်ပိုင်းဖြစ်ပြီး စခန်းတစ်ခုလုံးတွင် လူအနည်းငယ်သာ လေ့ကျင့်နေကြသည်။

ထိုအချက်သည်ပင် စုရှင်း၏ ရည်ရွယ်ချက် ဖြစ်သည်—သူ၏ အသွင်အပြင်ကို ပြောင်းလဲကာ လူမစည်ကားသော နေရာတွင် လေ့ကျင့်ခြင်းဖြင့် အာရုံစူးစိုက်မှုကို များစွာ မရရှိစေရန် ဖြစ်သည်။

စုရှင်းသည် ရွှေအဆင့် ကျွမ်းကျင် ပညာရှင်များအတွက် သတ်မှတ်ထားသော ခွန်အား လေ့ကျင့်ရေးစက် တစ်ခုစီသို့ ချဉ်းကပ်သွားသည်။သီအိုရီအရ ဤစက်သည် ရွှေအဆင့် ခွန်အား အမျိုးအစား ကျွမ်းကျင် ပညာရှင်တစ်ဦး၏ အားအပြည့်ဖြင့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူတစ်ဦး အနေဖြင့် စုရှင်းသည် ခန္ဓာကိုယ် လေ့ကျင့်ရေး၏ တတိယနယ်ပယ်တွင် ရှိနေပြီး၊ သီအိုရီအရဆိုလျှင် သူ၏ခွန်အားသည် အဆင့် ၃၀ ရှိသော ခွန်အား အမျိုးအစား ရွှေအဆင့် ကျွမ်းကျင် ပညာရှင်တစ်ဦးနှင့် ညီမျှသည်ဟု ဆိုလိုသည်။

စုရှင်းသည် ထောင့်ရှိ ခွန်အား လေ့ကျင့်ရေးစက် တစ်ခုသို့ လှမ်းသွားကာ အသက်ပြင်းပြင်း ရှူသွင်းကာ ထိုးလိုက်သည်။

ဒုန်း!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အလျား၊ အနံ၊ အမြင့် သုံးမီတာစီရှိသော အထူးစက်ကြီးသည် အပိုင်းပိုင်းအစစ ဖြစ်သွားသည်။

ဤအရာကို မြင်သောအခါ စုရှင်းသည် ခဏမျှ ကြောင်အသွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒီရွှေအဆင့် ခွန်အား လေ့ကျင့်ရေးစက်တွေက... နည်းနည်းလေး ပျော့လွန်းတယ်လို့ မထင်ဘူးလား”

လေ့ကျင့်ရေးစက်ကို ပေါက်ကွဲစေသည့် စုရှင်း၏ လက်သီးချက်သည် ကျယ်လောင်သော ဆူညံသံကို ဖန်တီးလိုက်ပြီး စခန်းထဲရှိ လူအနည်းငယ်၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

“ဝိုး၊ ရွှေအဆင့် ခွန်အားလေ့ကျင့်ရေးစက်က လက်သီးတစ်ချက်တည်းနဲ့ ပေါက်ကွဲသွားတယ်။ငါ မမှားဘူးဆိုရင် ရွှေအဆင့်စက်တွေက တန်ချိန် ၁၀၀ အထိ ခံနိုင်ရည်ရှိတယ် မဟုတ်လား”

“ဒီအစ်ကိုကြီးကို နည်းနည်း စိမ်းနေသလိုဘဲ! သူက မာစတာ အဆင့်ကို အခုမှ တက်လာပြီး လေ့ကျင့်ရေးစခန်းကို ကြွားဖို့သပ်သပ် ရောက်လာတာများလား?”

“မာစတာ အဆင့်ကို တက်ခါစမှာ ဒီလိုခွန်အားမျိုး ရှိတယ်ဆိုတော့... အတွေ့အကြုံရင့်တဲ့ ခွန်အား အမျိုးအစား မာစတာ ကျွမ်းကျင်သူ တစ်ချို့တောင် လက်သီး တစ်ချက်တည်းနဲ့ တန်ချိန် ၁၀၀ အားကို မမီနိုင်လောက်ဘူး မဟုတ်လား?”

“ဟင်... အထွတ်အထိပ် မာစတာအဆင့် ကျွမ်းကျင်သူလား? ဒီအစ်ကိုကြီးက သူတို့ စတုတ္ထနှစ်မှာ အတော်ဆုံးတွေထဲက တစ်ယောက်များလား? ဒါပေမယ့် ငါတို့ သူ့ကို အရင်က မမြင်ဖူးဘူးပဲ”

လေ့ကျင့်ရေးစခန်း၏ အခြားတစ်ဖက်တွင် ကျွမ်းကျင်ပညာရှင် အချို့သည် အဝေး တစ်နေရာမှ စုရှင်းကို အားကျစွာ ကြည့်ရင်း တီးတိုး ပြောဆိုနေကြသည်။

စုရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အခြားကျောင်းသားများ၏ အာရုံစိုက်ခံရရန် မလိုလားသော်လည်း သူ၏ခွန်အားကို စမ်းသပ်ရန် ရည်မှန်းချက်သည် မအောင်မြင်သေးပေ။ ထို့ကြောင့် စုရှင်းသည် မာစတာ အဆင့် ကျွမ်းကျင် ပညာရှင်များ အတွက် သတ်မှတ်ထားသော ခွန်အား လေ့ကျင့်ရေး စက်တစ်ခုသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

သူ၏စွမ်းအားကို စုစည်းပြီး လက်သီးဖြင့် ထိုးလိုက်သည်။

ဘုန်း!

စုရှင်း၏ လက်သီးချက်ကြောင့် လေ့ကျင့်ရေးစက် တစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။စုရှင်းသည် စက်ပေါ်ရှိ နံပါတ်ကို ကြည့်လိုက်ရာ သူ၏မျက်နှာတွင် အံ့သြမှု အရိပ်အယောင်များ ပေါ်လာသည်။

ထို့နောက် စုရှင်းသည် နံပါတ်များ မှားယွင်းခြင်း ရှိမရှိ သေချာစေရန် နောက်ထပ် လက်သီးချက် အနည်းငယ် ထိုးပြီးနောက် လေ့ကျင့်ရေးစခန်းမှ လျင်မြန်စွာ ထွက်ခွာသွားသည်။

…

All Chapters