← Chapters

ပြိုင်ပွဲကွင်းပြင် တည်ဆောက်ခြင်း

Vol. 10 Ch. 136

ပြိုင်ပွဲကွင်းပြင် တည်ဆောက်ခြင်း

Vol. 10 Ch. 136

ခရက်! ခရက်! ဘုန်း!

သန့်စင်ခြင်းသုံးပါး တာအိုအခြေတည်ဝိညာဉ်ရဲ့ ဖိနှိပ်မှုအောက်မှာ အရင်ပိုင်ရှင်ရဲ့ စိတ်ဆန္ဒတွေက အလျင်အမြန်ပျက်စီးပြီး ပျောက်ကွယ်သွားကြတယ်။ သူတို့မှာ ခုခံနိုင်စွမ်း မရှိတော့ဘဲချီမင်ရဲ့ ခန္ဓာကိုယ်ထဲကို ရွှေရောင်အလင်းအစက်အပြောက်တွေလိုမျိုးသန့်စင်တဲ့ တိုက်ပွဲစိတ်ဆန္ဒအဖြစ် ပြောင်းလဲဝင်ရောက်သွားတယ်။

ဒီလိုနဲ့...

နောက်ဆုံးခြေလှမ်းကအောင်မြင်စွာကျော်ဖြတ်နိုင်သွားတယ်။

တိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ သွေးမျိုးဆက်မူလက ချီမင်နဲ့ လုံးဝ ပေါင်းစပ်သွားတော့တယ်။

ခရက်! ခရက်!

ချီမင်က သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲသွားတာကို ခံစားလိုက်ရတယ်။

ဒါက တကယ့်ကို ပြန်လည်မွေးဖွားခြင်းဖြစ်တယ်။

သူက တကယ့် မြင့်မြတ်ခန္ဓာတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီ။

ဒါက ပြိုင်ဘက်ကင်းပြီးအရမ်းကိုကြောက်ဖို့ကောင်းတယ်လို့ ခံစားရတယ်။

အဲ့ဒီအချိန်မှာမိုင်ထောင်ပေါင်းများစွာဝေးတဲ့ဗဟို ဒေသမှာ။

ဒါက အင်မော်တယ်တွေရဲ့ နယ်မြေဖြစ်တယ်။

အနီးကပ်ကြည့်ပြီးအတားအဆီးများကြီးကို ဖြတ်ကျော်ရင်း အင်မော်တယ်မျိုးနွယ်ရဲ့ မြင့်မြတ်နယ်မြေကိုမြင်လိုက်ရတယ်။

ဒါကို အသင်္ချေအင်မော်တယ်တောင်လို့ ခေါ်တယ်။

ခရက်!

ရုတ်တရက် ဒီအသင်္ချေအင်မော်တယ်တောင်ပေါ်မှာ ရွှေရောင်လျှပ်စီးတစ်ခု ကောင်းကင်ကနေ ကျရောက်လာပြီး တောင်ထိပ်ကို ထိမှန်သွားတယ်။ သူ့ရဲ့ စွမ်းအားက မနည်းဘူး၊ တောင်ရဲ့ ထောင့်တစ်နေရာကို ပဲ့ကျသွားစေပြီး ပျက်စီးသွားစေတယ်။

အဲ့ဒီထောင့်မှာ ရွှေရောင်စာလုံးတွေပေါ်လာတယ်။

'မြင့်မြတ်ခန္ဓာ'

"အိုး။ အပြင်ကမ္ဘာမှာ မြင့်မြတ်ခန္ဓာ ပေါ်လာတာလား။"

"ဘာလို့လဲ။"

"ရှေးခေတ်အဆုံးသတ်မှာ 'အင်မော်တယ်ဘိုးဘေး'က အထွတ်အထိပ်ဓမ္မစွမ်းအားတွေနဲ့အထွတ်အထိပ်အံ့ဖွယ်စွမ်းအားတွေကို သုံးပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားတဲ့ကပ်ဘေးဒုက္ခကိုလိုက်နာပြီး ကောင်း ကင် နဲ့မြေကြီးကြားက ဆက်သွယ်မှုကို ဖြတ်တောက်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး မြင့်မြတ်ခန္ဓာတွေ ထပ်မပေါ်လာတော့ဘူး။ ရှိခဲ့ရင်တောင်ခဏတာပဲ တောက် ပနိုင်တယ်။ အဲ့ဒီအချိန်ကစပြီး ဘယ်တော့မှ ထပ်မပေါ်လာခဲ့ဘူး။အခုဒါကဘာလဲ။"

"ဘာဖြစ်တာလဲ။"

"စုံစမ်း!"

အသင်္ချေအင်မော်တယ်တောင်မှာထည်ဝါတဲ့ အသံအနည်းငယ် ထွက်ပေါ်လာတယ်။

စကားလုံးတိုင်းမှာ စည်းမျဉ်းတွေရဲ့ စွမ်းအားတွေ ပါဝင်နေတယ်။

ဗဟိုဒေသကအင်မော်တယ်တွေအတွက် ချီမင်ကို ရှာဖွေဖို့က အရမ်း ခက်ခဲနေသေးတယ်။

ဘာလို့လဲဆိုတော့ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာတိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ သွေးမျိုးဆက်မူလနဲ့ ပေါင်းစပ်ခဲ့လိုဖြစ်တယ်။သူကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အကာ အကွယ်ကို ရရှိထားတယ်။ ဒါ့အပြင် တိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ သွေးမျိုးဆက်မူလက ဘယ်လို အရှိန်အဝါမှထွက်ပေါ်မလာဘူး။

ဒီလိုနဲ့...

အင်မော်တယ်တွေ စုံစမ်းချင်ရင်တောင် သူတို့ စုံစမ်းလို့ မရနိုင်ဘူး။

အနည်းဆုံးတော့ လောလောဆယ်မှာ အင်မော်တယ်တွေမရှာတွေ့နိုင်ဘူး။

အနာဂတ်အတွက်တော့ မသိနိုင်ဘူး။

နေ့တစ်ဝက် ကြာသွားတယ်။

ချီမင်က တိုက်ပွဲမြင့်မြတ်ခန္ဓာနဲ့ နောက်ဆုံးမှာ လိုက်လျောညီထွေ ဖြစ်သွားတယ်။ ဒါက အရမ်းကိုလွှမ်းမိုးနိုင်စွမ်းပြင်းတယ်။ ပေါင်းစပ်မှု အောင်မြင်သွားတော့ ဓားတာအိုအင်မော်တယ်ခန္ဓာက တိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ဝါးမျိုးခြင်းနဲ့သန့်စင်ခြင်းကို ခံလိုက်ရပြီး သူ့ရဲ့ စွမ်းအားအစိတ်အပိုင်းဖြစ်သွားတယ်။

သူက တိုက်ပွဲမြင့်မြတ်ခန္ဓာနဲ့ ပေါင်းစပ်ပြီးသွားပေမဲ့ ဒါကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ မလွယ်ကူဘူး။ သူကဖွံ့ဖြိုးဖို့အချိန်နဲ့တိုက်ပွဲအများကြီးလိုအပ်တယ်။

အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့အကူအညီနဲ့ဆိုချီမင်အတွက် တိုက်ပွဲမြင့်မြတ်ခန္ဓာကို လုံးဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ဆိုတာအချိန်တစ်ခုပဲ လိုအပ်တယ်။

တိုက်ပွဲမြင့်မြတ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာက သူ့ရဲ့ နယ်ပယ်အဆင့်နဲ့ ဆက်စပ်နေတယ်။

အတိအကျပြောရင်အဆင့်က ကျင့်ကြံခြင်းနယ်ပယ် ကွာခြားချက်အရ အစပြုသူ၊ဝင်ခွင့်၊အသေးစားအောင်မြင်မှု၊ သွေးလွှဲပြောင်း၊ ပြောင်းလဲခြင်း၊အထွတ်အထိပ်၊ ရွှေခန္ဓာ၊အကြီးစားအောင်မြင်မှုနဲ့ ပြီးပြည့်စုံခြင်း ဆိုပြီး ခွဲခြားထားတယ်။

အဓိက အဆင့်တိုင်းကို အစပိုင်း၊အလယ်ပိုင်းနဲ့ နှောင်းပိုင်း ဆိုပြီး အဆင့်သုံးဆင့် ခွဲထားတယ်။

သုံးရက်ကြာပြီးနောက်။

ချီမင် အဆင့်တက်ပြီး ကြီးမားတဲ့ ထူးခြားဖြစ်စဉ် ဖြစ်စေခဲ့တဲ့ သတင်းက ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင် တစ်ခုလုံး ပျံ့နှံ့သွားတယ်။ ဝိညာဉ်တိမ်တိုက်တွေက (၁၅)ကီလိုမီတာ ရှည်လျားပြီး အလွှာလိုက် ထူးခြားဖြစ်စဉ်တွေ ဖြစ်စေခဲ့တယ်။ ပန်းတွေ ပွင့်လန်းပြီး တာအိုသံတွေကနောက်ကထွက် ပေါ်လာတယ်။

ဒီလို ထူးခြားဖြစ်စဉ်က သူ အင်မော်တယ် ဖြစ်သွားသလိုမျိုးဖြစ်နေတယ်။

ချီမင်က အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်ကိုပဲ အဆင့်ချိုးဖြတ်တာ။

ဒီသတင်း ပျံ့နှံ့သွားတော့ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကတပည့်အများကြီးမှင်သက်သွားကြတယ်။ သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။

ဒါပေမဲ့ မကြာခင်မှာပဲသူတို့ မယုံကြည်ကြဘူး။ သူတို့က ဒါက အခြေတည်ဝိညာဉ်အဆင့်ကိုပဲ အဆင့်တက်တာလို့ တကယ် မယုံနိုင်ဘူး။ ဒီလောက် ကြီးမားတဲ့ ထူးခြားဖြစ်စဉ် ဘယ်လို ဖြစ်စေနိုင်မှာလဲ။

သူတို့က ဒီသတင်းက အတုအယောင်ဖြစ်ပြီး မမှန်ဘူးလို့ ထင်ကြတယ်။ ချီမင်ကကြွားဝါဖို့ ကြိုးစားနေတဲ့ လူပြက်တစ်ယောက်ပဲလို့ ထင်ကြတယ်။

ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က သံသယရှိတဲ့ အမွေခံတပည့်တချို့က ချီမင်ကို ထပ်ပြီး လာတွေ့ကြတယ်။ သူတို့က ဒီကိစ္စရဲ့ စစ်မှန်မှုကို စစ်ဆေးဖို့ သူ့ကို စိန်ခေါ်ချင်ကြတယ်။

ဒီတစ်ခါတော့ချီမင်ကသူတို့ကိုတံခါးထပ်မပိတ်တော့ဘူး။

ဒါတင်မကဘူး၊ သူက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်အပြင်ဘက်မှာစိန်ခေါ်ဖို့ပြိုင်ပွဲကွင်းတစ်ခုတောင် တည်ဆောက်လိုက်တယ်။

အဲ့ဒီနေ့ နေ့လည်မှာ ချီမင်က လက်နောက်ပစ်ပြီး လေထဲမှာ ရပ်နေတယ်။ သူက လေထဲမှာ ရပ်ပြီး ရှိနေတဲ့ အမွေခံတပည့်တွေကို လှမ်းကြည့်လိုက်တယ်။ ဒီအမွေခံတပည့်တွေထဲမှာ အနိမ့်ဆုံး ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့် ဖြစ်ပြီး အများစုက ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ရောက်နေပြီ။

သူက ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် အမွေခံတပည့် တစ်ယောက်မှ မတွေ့ရဘူး။

ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က အမွေခံတပည့်တွေ အားလုံးက တောင်ထွတ် ဆယ့်နှစ်ခုကနေ အမွေခံတပည့်ပြိုင်ပွဲကနေ လာတာ မဟုတ်ဘူး။

အများစုက သူတို့ရဲ့ ဘိုးဘေးတွေနဲ့ဆက်ဆံရေးကို အားကိုးကြတယ်။ တစ်ခုရှိတာသူတို့ရဲ့ပါရမီကလည်းမဆိုးဝါးဘူး။

ဘုန်း!

ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာတယ်။

ချီမင်က သူ့ရဲ့ ညာလက်ကို ဝှေ့ယမ်းလိုက်တော့ ကြိတ်ဆုံလောက် အရွယ်အစားရှိတဲ့ အနက်ရောင်အရိပ်တစ်ခု ကျဆင်းလာပြီးလျင်လျင်မြန်မြန်ကြီးမားလာတယ်။ ဒီအနက်ရောင်အရိပ် ကျရောက်လာတော့ အချင်း မီတာတစ်ထောင် ရှိတဲ့ ကြီးမားတဲ့ပြိုင်ပွဲကွင်းတစ်ခု ဖြစ်သွားတယ်။

ကြီးမားတဲ့ပြိုင်ပွဲကွင်းက စက်ဝိုင်းပုံ ဖြစ်ပြီး အဓိက ကိုယ်ထည်က မည်းနက်နေတယ်။

ဒါက ဆယ်မီတာ မြင့်တယ်။

အလင်းတွေ စီးဆင်းနေတယ်။

သက်ဆိုင်တဲ့အစီအရင်ပုံစံတွေလည်း ရှိတယ်။

ပစ္စည်း: လေးထောင့်ပြိုင်ပွဲကွင်းပြင်

ဖော်ပြချက်: 'ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့ အစွန်အဖျား' ဂိမ်းမြေအောက်စခန်းက ထုတ်လုပ်တဲ့ အထူး ဓမ္မရတနာတစ်ခုဖြစ်တယ်။အပြည့်အဝအသက်သွင်းလိုက်ရင် အချင်း မီတာ ၁၀၀၀ ရှိတဲ့ စင်မြင့်တစ်ခုအဖြစ်ပြောင်းလဲနိုင်ပြီးစိန်ခေါ်ပွဲ‌တွေအတွက်အသုံးပြုနိုင်တယ်။

(စက်ဝိုင်းပုံကိုလေးထောင့်ပြိုင်ပွဲလို့ဘာလို့သုံးလဲဆိုတာကsquare arenaဆိုပြီးသုံးထားလို့ပါ)

"သူ ဘာလုပ်နေတာလဲ။"

"အထင်ကြီးဖို့ကောင်းတယ်။"

"ငါတော့ ကိစ္စတွေက အရမ်း စိတ်ဝင်စားဖို့ကောင်းလာတော့မယ်လို့ ခံစားရတယ်။"

"ကျွတ် ကျွတ်..."

"ဒါက ပြိုင်ပွဲကွင်းပြင်လား။"

"ငါတော့ ဒီပြိုင်ပွဲကွင်းပြင်က မရိုးရှင်းဘူးလို့ ခံစားရတယ်။"

"..."

ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်တွေက အရမ်း အံ့ဩနေကြတယ်။ သူတို့က လေးထောင့်ပြိုင်ပွဲကွင်းပြင်ကိုသေသေ ချာချာ ကြည့်ပြီး ကောင်းကင်မှာ ရပ်နေတဲ့ ချီမင်ကို ကြည့်ရင်းသူတို့ရဲ့မျက်နှာအမူအရာတွေက စိတ်လှုပ်ရှားလာကြတယ်။

"လူတိုင်းက ဒီလောက် ကြင်နာကြတော့ ငြင်းရခက်တယ်။"

ချီမင်ကလူတိုင်းကို ကြည့်ပြီးမောက်မာတဲ့အရှိန်အဝါနဲ့ အော်ပြောလိုက်တယ်၊ "ဒါဆို ဒီနေ့ကစပြီး ကျုပ်ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်အပြင်ဘက်မှာပြိုင်ပွဲကွင်းပြင်တည်ဆောက်ပြီးဂိုဏ်းတူတပည့်အားလုံးကိုကျုပ်ကို စိန်ခေါ်ဖို့ ကြိုဆိုပါတယ်။"

"ကျုပ် ချီမင်က လာသမျှလူတိုင်းကို ရင်ဆိုင်မယ်!"

"ဟူး..."

"မိုက်တယ်ဟ၊ ငါအရမ်း‌လေးစားသွားပြီ။"

"သူ... သူ တကယ်ပဲ လုပ်ရဲတယ်။"

"သူ ရူးနေတာလား။"

"သူ ဘယ်လိုတောင်လုပ်ရဲတာလဲ။"

"သူက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် ရှေ့မှာပြိုင်ပွဲကွင်းပြင်တည်ဆောက်ပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က အမွေခံတပည့် အားလုံးက သူ့ကို စိန်ခေါ်နိုင်တယ်လို့ ပြောလိုက်တယ်။ သူ ရူးသွားတာလား။"

"လွန်ခဲ့တဲ့ ဆယ်နှစ်ကချီမင်ကအမြဲတမ်းတံခါးပိတ်ကျင့်ကြံ နေခဲ့တယ်။ သူက အလည်အပတ်တွေနဲ့ စိန်ခေါ်မှုတွေကိုတံခါးပိတ်ကျင့်ကြံနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်တယ်။ အခုသူ့ကျင့်ကြံ ခြင်းအဆင့်တက်သွားပြီလား။ သူက အဝင်ဝမှာပြိုင်ပွဲကွင်းပြင်တည်ဆောက်ပြီးလူတိုင်းကို စိန်ခေါ်နေတာလား။"

"ချီမင်ရဲ့ အခု လုပ်ရပ်နဲ့ အရင်က လုပ်ရပ်တွေက လုံးဝ ဆန့်ကျင်ဘက်ပဲ!"

"ဟားဟားဟား..."

"ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းမှာ ဒီလို ကိစ္စမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးဘူး။သူတစ်ယောက် တည်းနဲ့ဂိုဏ်းတူတပည့် အားလုံးကို ဘယ်လိုတောင်စိန်ခေါ်ရဲတာလဲ။ ချီမင် ဘယ်လောက်ပဲ သန်မာပါစေ၊ သူကအဆင့်ကျော် တိုက်ခိုက်နိုင်တယ်။ဗလာ နယ်စွန့်ခွာခြင်းအဆင့် တပည့်ကို အနိုင်ယူနိုင်ရင်တောင်သူကဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်အမွေခံတပည့်ကို အနိုင်ယူနိုင်မှာတော့မဟုတ်ဘူးမလား။"

"အတိအကျပဲ!"

"..."

ချက်ချင်းပဲ နေရာတိုင်းမှာ ဆွေးနွေးမှုတွေ ထွက်ပေါ်လာတယ်။

"ဘာဖြစ်နေတာလဲ။"

ချီမင်ရဲ့ အကြည့်က တည်ငြိမ်နေပြီး သူက လေသံတိုးတိုးနဲ့ ပြောလိုက်တယ်၊ "အခု ဘယ်သူမှ မရှိတော့ဘူးလား။ ကြောက်နေတာလား။ ဒါမှမဟုတ် စကားပဲပြောပြီး ကြွားပဲကြွားတတ်တာလား။"

"ငါ လုပ်မယ်!"

"ဘယ်လိုတောင်အတင့်ရဲတာလဲ!"

"ဂျူနီယာညီလေး ချီ၊ ငါ မင်းကို ရင်ဆိုင်ပါရစေ။ မင်း ဘာတွေလုပ်နိုင်လဲဆိုတာ ငါ သိချင်တယ်။"

"..."

မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က အမွေခံတပည့် ငါးယောက် စင်ပေါ်ကို ခုန်တက်သွားတယ်။

ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်နှစ်ယောက်နဲ့ အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့် သုံးယောက် ရှိတယ်။

"မင်းတို့။"

ချီမင်က တစ်ချက်ကြည့်ပြီး စိတ်ပျက်စွာ ခေါင်းခါလိုက်တယ်။

"ချီမင်၊ မြန်မြန်ဆင်းလာပြီး တိုက်ခိုက်ပါ။"

စင်ပေါ်မှာ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က အမွေခံတပည့် ငါးယောက်က အော်ပြောလိုက်တယ်။

"မင်းတို့ ငါ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မရှိဘူး။" ချီမင်က ခေါင်းခါလိုက်တယ်၊ "အားနည်းလွန်းတယ်။ ငါ တကယ်ပဲ စိတ်မဝင်စားဘူး။ မင်းတို့ ငါ့ရဲ့ဝိညာဉ်သားရဲကို အနိုင်ယူနိုင်တယ်အထိစောင့်လိုက်ဦး။"

ဝေါင်း!

သူ စကားဆုံးတာနဲ့ ချီမင်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ အမှောင်မီးလျှံ ပေါ်လာတယ်။ အဆတစ်သန်းမြှင့်တင်မှုအောက်မှာ အမှောင်မီးလျှံရဲ့ တိုးတက်မှုနှုန်းက အရမ်း မြန်ဆန်တယ်။ ဒီနေ့မနက်မှာ သူ အဆင့်ချိုးဖြတ်သွားတယ်။

အမှောင်မီးလျှံရဲ့ ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်ကို ရောက်သွားပြီ။

တင်း!

"ဝိညာဉ်သားရဲ: အမှောင်မီးလျှံရေလွှမ်းနဂါးက အဆတစ်သန်းမြှင့်တင်မှုအောက်မှာ ဆက်လက်ကြီးထွားနေပါတယ်။ သူက စကြဝဠာအထွတ်အထိပ် နဂါးပြောင်းလဲခြင်းကျမ်းနဲ့ ယင်းလုံကိုးပါးပြောင်းလဲခြင်းကို သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအကန့်အသတ်အထိ ကျင့်ကြံပြီးအပြည့်အဝကြီးထွားလာခဲ့ပါတယ်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်ကိုချိုးဖြတ်သွားပါပြီ။ နောက်တစ်ခုအနေနဲ့ သူက နဂါးပြောင်းလဲခြင်းအတိဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်ဖို့ပဲ လိုအပ်ပြီး စကြဝဠာအထွတ်အထိပ် နဂါးပြောင်းလဲခြင်းကျမ်းကနေ ရှားပါးတဲ့ ဝိညာဉ်သားရဲအဖြစ်ဆင့်ကဲပြောင်းလဲနိုင်မှာပါ။"

အမှောင်မီးလျှံက စကြဝဠာအထွတ်အထိပ် နဂါးပြောင်းလဲခြင်းကျမ်းနဲ့ ယင်းလုံကိုးပါးပြောင်းလဲခြင်းကို ကျင့်ကြံပြီး သူက နဂါးပြောင်းလဲခြင်းအတိဒုက္ခကို ဖြတ်ကျော်ဖို့လိုပြီးဆက်ပြီးဆင့်ကဲပြောင်းလဲနိုင်မှာ ဖြစ်တယ်။ သူက သွေးမျိုးဆက်သလင်းကျောက်လိုမျိုး အရာတွေကို အားကိုးစရာမလိုတော့ဘူး။

နဂါးပြောင်းလဲခြင်းအတိဒုက္ခကို ကျော်ဖြတ်ဖို့က ဒီလောက် မလွယ်ကူဘူး။

"ရေလွှမ်းနဂါး။"

"ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်ရေလွှမ်းနဂါး။"

"ဒါက..."

"ချီမင်ရဲ့ ဝိညာဉ်သားရဲတွေက အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်မဟုတ်ဘူးလား။ ဘာလို့ ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေတဲ့ ရေလွှမ်းနဂါး ရုတ်တရက် ပေါ်လာတာလဲ။"

စင်ပေါ်က အမွေခံတပည့် ငါးယောက်က မှင်သက်နေကြပြီး သူတို့ရဲ့ မျက်နှာအမူအရာတွေက တုန်လှုပ်သွားကြတယ်။

ဝေါင်း! ဝေါင်း!

အမှောင်မီးလျှံက ဆက်တိုက် ဟိန်းဟောက်နေပြီး နဂါးစွမ်းအင်တွေ ထွက်ပေါ်လာပြီး အောက်က အမွေခံတပည့် ငါးယောက်ကို ဖိနှိပ်လိုက်တယ်။ ထူထဲတဲ့ အနက်ရောင်မီးတောက်တွေက သူတို့ ခန္ဓာကိုယ်တစ်ခုလုံးကိုမြင့်တက်လာတယ်။

အဲ့တာကစွမ်းအားကြီးတယ်။

အရမ်းကိုစွမ်းအားကြီးတယ်။

"ဒါက ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်ဝိညာဉ်သားရဲ တစ်ကောင်ပဲ။ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် မဟုတ်ဘူး။ ငါတို့က ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က အမွေခံတပည့်တွေပဲ။ ငါတို့က အဆင့်ကျော် တိုက်ခိုက်နိုင်တယ်။ ငါတို့ အတူတူ ဝိညာဉ်သားရဲ တစ်ကောင်ကို မရင်ဆိုင်နိုင်ဘူးလား။"

"ဟုတ်တယ်။"

"တိုက်ခိုက်!"

ဘုန်း! ဘုန်း!

သူ စကားဆုံးတာနဲ့ အမွေခံတပည့် ငါးယောက်က အမှောင်မီးလျှံကို ပူးပေါင်းတိုက်ခိုက်ပြီးစွမ်းအားကြီးတဲ့ အံ့ဖွယ်စွမ်းအား သိုင်းနည်းစနစ်တွေ သုံးလိုက်တယ်။ အလင်းရောင်မျိုးစုံထွက်ပေါ်လာပြီး ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်‌ပေါ်လာတယ်။

သူတို့က အမှောင်မီးလျှံကို လုံးဝ လျှော့တွက်ထားတယ်။

အမှောင်မီးလျှံက သာမန် ဝိညာဉ်သားရဲ မဟုတ်ဘူး။ သူ ကျင့်ကြံတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေက စကြဝဠာအထွတ်အထိပ် နဂါးပြောင်းလဲခြင်းကျမ်းနဲ့ ယင်းလုံကိုးပါးပြောင်းလဲခြင်းပဲ။ ဒါတွေက ရှေးခေတ်နတ်ဆိုးဧကရာဇ်ယင်းလုံရဲကျင့်ကြံခြင်းနည်း စနစ်တွေဖြစ်တယ်။ ဒါတွေက ထူးခြားပြီး နက်ရှိုင်းတဲ့ အခြေခံ ရှိတယ်။

ဝေါင်း!

အမှောင်မီးလျှံကနဂါးအသက်ရှုသံတစ်ချက်ကိုတိုက်ရိုက်သုံးပြီးအမွေခံတပည့် ငါးယောက်ရဲ့ အံ့ဖွယ်စွမ်းအား သိုင်းနည်းစနစ်တွေကို ဖျက်ဆီးပစ်လိုက်တယ်။ ပေါက်ကွဲမှုရဲ့ စွမ်းအားက သူတို့ ငါးယောက်လုံးကို လွင့်စင်သွားစေတယ်။

"အား!!!"

ပု! ပု! ပု!

သွေးတွေ အန်ထုတ်လိုက်ပြီး‌ထိတ်လန့်တကြားအော်ဟစ်သံတွေထွက်ပေါ်လာတယ်။

အမွေခံတပည့် ငါးယောက်က အမှောင်မီးလျှံရဲ့ တိုက်ခိုက်မှု တစ်ချက်တောင် မခံနိုင်ဘဲ ဒဏ်ရာရသွားတယ်။ သူတို့ရဲ့ ဒဏ်ရာတွေက မနည်းဘူး၊ သူတို့ကပြိုင်ပွဲကွင်းပြင်ကနေသနားဖို့ကောင်းတဲ့အခြေအနေနဲ့လွင့်ထွက်သွားတယ်။

"ကွာခြားချက်က အရမ်း ကြီးတယ်။"

ချီမင်က ခေါင်းခါလိုက်တယ်၊ "မင်းတို့ရဲ့ အင်အားနဲ့ ငါ့ကို စိန်ခေါ်ချင်တာလား။ မင်းတို့ ငါ့ဝိညာဉ်သားရဲကိုတောင်အနိုင်မယူနိုင်ဘူး။ မင်းတို့ ဘယ်ကနေ ယုံကြည်မှု ရလာလဲ ငါ သိချင်တယ်။"

"ဘယ်လောက် ရယ်စရာကောင်းလဲ။"

ချီမင်ရဲ့ လေသံကအထင်သေးသလိုဖြစ်နေတယ်၊ "အရေအတွက်ပြည့်အောင် လာတဲ့ အမွေခံတပည့်တွေလည်း ရှိသေးတာလား။"

အရင်က သူ့ကျင့်ကြံခြင်းမလုံလောက်တာကြောင့် ချီမင်က သူ့ဂိုဏ်းတူတပည့်တွေရဲ့ ရန်စမှုနဲ့ စိန်ခေါ်မှုကို တိတ်တဆိတ် သည်းခံဖို့ပဲ ရွေးချယ်ခဲ့တယ်။ သူက တံခါးပိတ်နေပြီး ဧည့်သည်တွေကို ငြင်းပယ်ခဲ့တယ်။

အခု ချီမင်ရဲ့ ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်ပြီးသူ့အင်အားတွေကြီးကြီးမားမားတိုးတက်လာတယ်။

ဒါပေမဲ့ ချီမင်ကို သံသယဝင်တဲ့ တပည့်တွေ အများကြီး ရှိနေသေးတယ်။ သူတို့က သူ ဒီလောက် စွမ်းအားကြီးတဲ့ထူးခြားဖြစ်စဉ်ကိုမဖြစ်နိုင်ဘူးလို့ ခံစားရတယ်။ သူတို့က ချီမင်ကပြပွဲတစ်ခုလုပ်ပြီးသူ့တိုကို စိန်ခေါ်ချင်ကြတယ်လို့ခံစားရတယ်။

ချီမင်က သူတို့ ဘာတွေ တွေးနေလဲ၊ ဒါမှမဟုတ် တခြား အကြောင်းပြချက် ရှိလား မရှိလား ဂရုမစိုက်ဘူး။

သူက ထပ်ပြီး သည်းမခံတော့ဖို့ စီစဉ်ထားတယ်။

အရင်ကတော့ သူ့အင်အား မလုံလောက်လို့ ယာယီ သည်းခံခဲ့တယ်။ အခု သူရဲ့အင်အား လုံလောက်ပြီး သူရဲ့ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်သွားပြီမို့ ချီမင်ရဲ့ စရိုက်နဲ့ဆိုရင် သူက သည်းမခံနိုင်တော့ဘူးဆိုတာ သဘာဝကျတယ်။

ဘယ်သူ လာလာ ရိုက်တော့မယ်။

သူက သူတို့ အားလုံးကို အရင်ဆုံးမသန်မစွမ်းဖြစ်သွားအောင် လုပ်မယ်။

သူက ကြင်နာမှုကို ကြင်နာမှုနဲ့၊ရန်လိုမှုကိုရန်လိုမှုနဲ့တုံ့ပြန်တယ်။

ချီမင်က ပခုံးတွန့်လိုက်တယ်၊ "တကယ်ကို ပျင်းစရာကောင်းတယ်။ ငါကမင်းတို့ထဲကနည်းနည်းကတိုက်ခိုက်နိုင်မယ်လို့ ထင်ခဲ့တာ။ နောက်ဆုံးတော့ မင်းတို့ ကငါ့ရဲ့ဝိညာဉ်သားရဲကိုတောင်အနိုင်မယူနိုင်ဘူး။"

သူကပြိုင်ပွဲကွင်းပြင်ပေါ် ခုန်တက်လိုက်တယ်။ သူ့ကို စိန်ခေါ်တဲ့ အမွေခံတပည့် ငါးယောက်က အောက်ခြေမှာပဲရှိတယ်လို့ယူဆလို့ရတယ်။ သူတို့ရဲ့ကျင့်ကြံမှုအဆင့်တွေနဲ့ အင်အားတွေက သာမန်ပဲ။

တကယ့် ကျွမ်းကျင်သူတွေက မပေါ်လာသေးဘူး။

သူကကျွမ်းကျင်သူအစစ်အမှန်ပေါ်လာပြီး သူ့ရဲ့ လက်ရှိ နည်းစနစ်တွေကို စမ်းသပ်ချင်တယ်။

All Chapters