မူလအစ
Vol. 10 Ch. 140
ချီမင် အမွေအနှစ်ခန်းမဆီသို့လျှောက်လှမ်းသွားလိုက်သည်။တံခါးကအမြဲပင်ပွင့်လျက်သားဖြစ်နေပြီးအမွေခံတပည့်အတော်များများကထွက်လာနေကြသည်။သူတို့ချီမင်ကိုမြင်သွားသည့်အခါသူတို့၏ အမူအရာများသည်အနည်းငယ်အံ့အားသင့်သွားပြီးသူတို့၏လက်ကိုဆုပ်၍ချီမင်ကိုအရိုအသေပြုဦးညွှတ်လိုက်၏။
"အမွေခံတပည့်ချီကိုနှုတ်ဆက်ပါတယ်။"
အမွေခံတပည့်သုံးယောက်၏ လေသံသည်အလွန့်ကိုရိုသေလေးစားမှုများဖြင့်ပြည့်နှက်နေ၏။
ချီမင်ကတော့ဘာမှထွေထွေထူးထူးခံစားမနေဘဲတုန့်ပြန်သည့်အနေဖြင့်ခေါင်းညိတ်ပြလိုက်သည်။
နောက်နှစ်ရက်အတွင်းမှာပင် ချီမင်ကကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်၏ရှေ့မှောက်တွင်ပြိုင်ပွဲကွင်းပြင်တစ်ခုတည်ဆောက်ကာအမွေခံတပည့်အားလုံးကိုစိန်ခေါ်ခဲ့သည်ဟူသောသတင်းကပျံ့နှံသွားတာကြာပြီဖြစ်၏။
ထို့အပြင် ချီမင်၏ဝိညာဉ်သားရဲ၏တိုက်ပွဲဝင်စွမ်းအားမှာကောင်းကင်ကိုပင်အန်တုနိုင်လောက်သည်။အမွေခံတပည့်အများအပြားပူးပေါင်းတိုက်ခိုက်ကြလျှင်ပင်၎င်း၏ပြိုင်ဘက်မဟုတ်ပေ။
ထိုသတင်းကိုကြားလိုက်ရသော ထိုပွဲမှာ မပါဝင်သောကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်၏အမွေခံတပည့်အများအပြားမှာ ထိတ်လန့်အံ့ဩသွားကြသည်။
သူတို့က၎င်းကိုမဖြစ်နိုင်ဟူ၍ယူဆလိုက်ကြသည်။
ဝိညာဉ်သားရဲတစ်ကောင်က ဘယ်လိုလုပ်ပြီးဒီလောက်တောင်စွမ်းအားကြီးနိုင်မှာလဲ။
သိုသော်ငြား ဤအရာသည် အမှန်တရားဖြစ်သည်။
သူတို့ မယုံကြည်ချင်လျှင်ပင် ယုံကြည်ရပေမည်။
ထိုအပြင် ခန္ဓာကိုယ်သန့်စင်ခြင်းမျိုးနွယ်ဖြစ်သည့် ကုန်းယန်ကျစ်ကောက ချီမင်ကိုရှုံးနိမ့်သွားသည်။ထူးခြားသည်မှာ သူအကျွမ်းကျင်ဆုံးဖြစ်သောခန္ဓာကိုယ်သန့်စင်ခြင်းတာအို၌ ရှုံးနိမ့်သွားခြင်းဖြစ်သည်။ ထိုသတင်းက ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင် တစ်ခုလုံးကိုပျံ့နှံ့သွားပြီး မျိုးနွယ်အသီးသီး၏ အမွေခံတပည့်အားလုံးသိရှိသွားကြသည်။
အရေးကြီးဆုံးမှာ ကုန်းယန်ကျစ်ကောကဝိညာဉ်ဖွဲ့တည်ခြင်း အစောပိုင်းအဆင့်မှာရှိနေပြီး ချီမင် ၏ကျင့်ကြံခြင်းအဆင့်သည်ကား အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်၌သာ ရှိသေးသည်။ သူတို့နှစ်ယောက်ကြားမှကျင့်ကြံခြင်းအဆင့် ကွာခြားချက်သည် ကြီးမားလွန်းလှသည်။
အခြေတည်ဝိညာဉ်၊ဗလာနယ်စွန့်ခွာခြင်း၊ဝိညာဉ်ဖွဲ့တည်ခြင်း
အလယ်တွင် ဗလာနယ်စွန့်ခွာခြင်းဟူသော အဆင့်တစ်ဆင့် ကွာခြားသေးသည်။
သူအပြတ်အသတ် ရှုံးနိမ့်သွားသည်။
ဤသို့သော ရလဒ်က ထိုသတင်းကို သိသွားသော လူတိုင်းကို ကြောင်အမ်းသွားစေသည်။
အရမ်းကို ထိတ်လန့်အံ့ဩဖို့ ကောင်းသည်။
အချိန်အတန်ကြာ သူတို့၏ထိတ်လန့်မှုကနေ ပြန်လည် မသက်သာနိုင်သေးပေ။
မသိလိုက်ဘဲနှင့်ပင် ချီမင်၏ပုံရိပ်အသီးသီးက လူအများ၏ နှလုံးသားထဲကို တဖြည်းဖြည်း စိမ့်ဝင်လာသည်။ ချီမင်ရဲ့ ပုံရိပ်က ကောင်းကင်ကိုအံတုနိုင်လောက်တဲ့အရည်အချင်းရှိကာ စွမ်းအားကြီးဖြစ်တည်မှုတစ်ခုဖြစ်ပြီး ပြိုင်ဘက်ကင်း တိုက်ပွဲဝင်စွမ်းအားရှိပေသည်။
အရမ်းသန်မာသည်။
အရမ်းသန်မာသည်။
မယုံနိုင်လောက်သန်မာသည်။
ချီမင်ရဲ့ရှေ့တွင် သင်သာ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံမှုမျိုး မရှိသရွေ့ သင့်ခေါင်းကိုငုံ့ထားပြီးနှိမ့်ချနေရမည်။ သင့်မှာ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံခြင်းမှုမျိုး ရှိလျှင်ပင် သင်က ချီမင်ရဲ့ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်ပေ။
ကုန်းယန်ကျစ်ကောက အကောင်းဆုံးသော ဥပမာဖြစ်သည်။
ထိုကိစ္စတွေမှာအမှန်တော့ ချီမင်အတွက် ကောင်းမွန်ပေသည်။ဘာကြောင့်လဲဆိုရရင် ဤသို့ဆိုလျှင် သူကနာမည်ကျော်ကြား လာရုံတင်မဟုတ်တော့ဘဲ သူ့ကိုပြဿနာအများအပြားကိုလည်း ရှောင်ရှားသွားစေနိုင်သည်။
အနည်းဆုံးအနေဖြင့် ဘယ်သူမှ ချီမင်ကို ပေါ့ပေါ့ တန်တန် ပြဿနာလာရှာရဲမှာ မဟုတ်တော့ပေ။
ထို့အပြင် လူတိုင်းကချီမင်ကို အလွန်လေးစားလာကြပေသည်။
ချီမင် အမွေအနှစ်ခန်းမထဲသို့ လျှောက်ဝင်သွားလိုက်သည်။ အတွင်းက အခြေအနေမှာ ချီမင်၏ မျှော်လင့်ချက်ကို ကျော်လွန် သွားသည်။ အမွေအနှစ်ခန်းမမှာ သူ့ကိုယ်ပိုင်နေရာလွတ် ရှိနေသည်။ ၎င်းက သိသိသာသာဖြင့် သုံးထပ်မြင့်နန်းတော်တစ်ခု ဖြစ်ပေမယ့် အတွင်းက နေရာလွတ်မှာ ကမ္ဘာငယ်လေးတစ်ခုနှယ်ဖြစ် နေသည်။
သူ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဆလင်ဒါတစ်ခုကိုတွေ့သွားသည်။
အနားမှာ ရှိသောစာအုပ်စင်တွေက ခရုပတ်လှေကားတစ်ခုနှယ်တည်ရှိပြီး အပေါ်ပိုင်းကို ဝေ့ဝိုက်တက်သွားသည်။သူ့ခေါင်းကို မော့လိုက်သည့်အခါမှစာအုပ်စင်များ၏ အဆုံးကို မသဲမကွဲ မြင်နိုင်သည်။
သူပြောနိုင်တာကတော့ စာအုပ်၊ကျင့်ကြံခြင်းနည်းစနစ်၊အမွေအနှစ်၊သိုင်းနည်းစနစ်တွေ အများကြီးကိုအမွေအနှစ်ခန်းမထဲမှာ တွေ့နိုင်သည်။သူတို့တွေက မရေမတွက်နိုင်လောက် အောက်ရှိပြီး သမုဒ္ဒရာတစ်စင်း ဒါမှမဟုတ် ကြီးမားကျယ်ပြန့်တဲ့ ကြယ်ရောင်စုံကောင်းကင်ကြီးတစ်ခုနဲ့တူနေသည်။
ဒါတွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတည် ထောင်ခဲ့တည်းကရှိခဲ့တဲ့ အမွေအနှစ်တွေနဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေအားလုံးရဲ့ စုစည်းမှုဖြစ်ပေသည်။သူတို့တွေ အကုန်ကို အမွေအနှစ်ခန်းမထဲမှာသိမ်းဆည်းထားပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့သမိုင်းကအရမ်းကိုရှည်ကြာနေပြီ။သူ့ရဲ့သမိုင်းကို ရှေးခေတ်ရဲ့အဆုံးသတ်အထိခြေရာခံရလို့ရသည်။
တော်တော်ကို ရှည်ကြာခဲ့ပြီ။
လက်ရှိအချိန်မှာ ချီမင်ရဲ့ခါးကအင်မော်တယ်တက်လှမ်းခြင်းတိုကင်ကလင်းလက်လာသည်။ သန့်စင်တဲ့အဖြူ ရောင်အလင်း တစ်ခုလင်းလက်လာပြီး သူ့ရှေ့မှနေရာလွတ်ထဲသို့ ပေါင်းစပ်သွားကာ သုံးမီတာမြင့်ပြီးတစ်မီတာကျယ်သည့်အဖြူရောင်တံခါးတစ်ချပ်အဖြစ်ပြောင်းလဲသွားသည်။
"ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။"
အဲ့ဒီအချိန်တွင် ညင်သာတဲ့အသံတစ်ခုသူ့စိတ်ထဲမှထွက်ပေါ်လာသည်။
"မင်းက"ချီမင်မေးလိုက်သည်။
"လေးစားရပါသော အမွေခံတပည့်ချီ "သူ့စိတ်ထဲကအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ရှင်းပြလာသည်။"ကျွန်တော်က သင့်ကိုဝန် ဆောင်မှုပေးမဲ့အမွေအနှစ်ခန်းမရဲ့စိတ်ဝိညာဉ်အမှတ်(၀၃)ပါ။နောက်ပိုင်းအချိန်တွေကျရင် ကျွန်တော်က သက်ဆိုင်တဲ့ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးမှာပါ။"
"သင့်ကို သက်ဆိုင်တဲ့စာအုပ်တွေ အမွေအနှစ်တွေ သိုင်းနည်းစနစ်တွေအပြင် တစ်ခြားသောအရာတွေကိုရှာဖွေရာမှာ ကူညီဆောင်ရွက်ပေးမှာပါ။"
"သင့်ရှေ့ကအဖြူရောင်တံခါးက သင့်အတွက် သီးသန့်ဖွင့်ထားတဲ့ သီးခြားနေရာလွတ်တစ်ခုဖြစ်ပါတယ်။သင်သီးခြားနေရာလွတ်ထဲမှာနေပြီး အပြင်ကမ္ဘာရဲ့နှောင့်ယှက်မခံရနိုင်ပါဘူး။ သင်ဘယ်စာအုပ်ကိုမဆို ဖတ်ရှုရာမှာအာရုံစိုက်ထားနိုင်ပြီး အမွေအနှစ်ခန်းမထဲမှာ အမွေဆက်ခံနိုင်ပါတယ်။"
"ဒီဝန်ဆောင်မှုကတော်တော်လေးတွေးပေးတတ်တာပဲ။"
ချီမင်ပြုံးပြီး သူ့ရှေ့မှအဖြူရောင်တံခါးကိုတွန်းပြီးဝင်သွားသည်။သူအထဲသို့လျှောက်ဝင်သွားသည်။ဒီနေရာသည်တကယ့်ကိုသီခြားနေရာလွတ်တစ်ခုဖြစ်ပြီး လေ့လာဖို့ဒီဇိုင်းဆွဲထားတာသည်နှင့်တူသည်။
အဖြူရောင်တံခါးကပိတ်သွားသည်။
ချီမင် ကုလားထိုင်ဆီသို့လျှောက်သွားပြီးထိုင်ချလိုက်သည်။
စားပွဲပေါ်ကအဖြူရောင်အလင်းလုံးတစ်လုံးဆီကအသံထွက်လာသည်။
အဖြူရောင်အလင်းဘောလုံးကအမွေအနှစ်ခန်းမ၏ စိတ်ဝိညာဉ်(၀၃)ဖြစ်သည်။
"လေးစားလှပါသော အမွေခံတပည့်ချီကို နှုတ်ခွန်း ဆက်သပါတယ်။"
အမွေအနှစ်ခန်းမ၏စိတ်ဝိညာဉ်အမှတ်(၀၃)ကမေးလိုက်သည်။"ဘယ်လို စာအုပ်အမျိုးအစားမျိုး ကိုရှာချင်ပါသလဲ။ကျင့်ကြံခြင်းနည်းစနစ်လား အံ့ဖွယ်စွမ်းအားလား ဒါမှမဟုတ် သိုင်းနည်းစနစ်လား အမွေအနှစ်ခန်းမမှာရှိတဲ့စာအုပ်အားလုံးကိုရှာပေးနိုင်ပါတယ်။အကယ်၍ သင်ကိုယ်တိုင်ရှာဖွေမယ်ဆိုရင် သင့်တော်တဲ့ကျင့်ကြံခြင်းနည်းစနစ် ဒါမှမဟုတ် အမွေအနှစ်ကိုရှာတာက အချိန်အတော်ကြာကုန်ပါလိမ့်မယ်။ဒါပေမယ့် ကျွန်တော်ကသင့်ကို ဒီကိစ္စကိုအချိန်ခဏလေးအတွင်းဖြေရှင်းပြီး ကူညီနိုင်ပါတယ်။"
"ငါလျှို့ဝှက်နက်နဲကမ္ဘာရဲ့သမိုင်းကြောင်းနဲ့ခေတ်အကြောင်းသက်ဆိုင်နေတဲ့ စာအုပ်အားလုံးကို ရှာချင်တယ်။"
ချီမင်တိတိကျကျပြောလိုက်သည်"အသေးစိတ်ကျလေ ပိုကောင်းလေပဲ။"
"ဟုတ်ကဲ့ပါ"အမွေအနှစ်ခန်းမရဲ့စိတ်ဝိညာဉ်အမှတ်(၀၃)ကပြန်ဖြေလိုက်သည်။
ဘူးဇ် ဘူးဇ်
နောက်တစ်ခဏမှာ အဖြူရောင်အလင်းဘောလုံးက ချီမင်၏ရှေ့မှာပုံရိပ်တစ်ခုအဖြစ် ထိုးကျလာသည်။ပုံရိပ်ထဲမှာ ကျောက်စိမ်းစလစ်တွေ တစ်ခုပြီးတစ်ခုပြသလာသည်။သူတို့အကုန်လုံးက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ ရှေးခေတ်သမိုင်းကြောင်းနဲ့သက်ဆိုင်သောစာအုပ်တွေပဲဖြစ်ကြသည်။
"လေးစားရပါသော အမွေခံတပည့်ချီကိုနှုတ်ခွန်းဆက်သပါတယ်"
အမွေအနှစ်ခန်းမစိတ်ဝိညာဉ်အမှတ်(၀၃)ကဆက်ပြောလာသည်"ကျွန်တော် လျှို့ဝှက်နက်နဲကမ္ဘာနဲ့သက်ဆိုင်သောစာအုပ်ပေါင်း (၁၃၈၇)အုပ်ကိုရှာတွေ့ခဲ့ပါတယ်။ဘယ်တစ်ခုကိုကြည့်ပါမလဲ။"
"အကုန်လုံး"ချီမင်ပြောလိုက်သည်။
"ဟုတ်ကဲ့"
ဆွတ်ရှ် ဆွတ်ရှ် ဆွတ်ရှ်
နောက်တစ်ခဏမှာ ကျောက်စိမ်းစလစ် (၁၃၈၇)ခုကိုကူးယူလိုက်ပြီး ချီမင်ရှိသည့် သီးခြားနေရာလွတ်သို့ပို့ဆောင်လိုက်သည်။သူတို့တွေကိုစားပွဲခုံပေါ်သို့တင်လိုက်ပေမယ့် အားလုံးမဆန့်ပေ။ထို့ကြောင့်ကျန်တဲ့ပစ္စည်းတွေကို သူ့ပတ်လည်မှာ ထားလိုက်သည်။
"ကျေးဇူးပြုပြီးကြည့်ကြည့်ပါ"အမွေအနှစ်ခန်းမစိတ်ဝိညာဉ်ကပြောလိုက်သည်။
ချီမင်ခေါင်းညိတ်လိုက်သည်။
"အကယ်၍ တစ်ခုခုလိုအပ်တာများရှိရင် ကျွန်တော်ကိုရှာနိုင်ပါတယ်"အမွေအနှစ်ခန်းမစိတ်ဝိညာဉ်ကဆက်ပြောလာသည်"ကျွန်တော်သင်ဖတ်နေတာကိုမနှောက်ယှက်တော့ပါဘူး။"
"ကောင်းပြီ။"ချီမင်ပြန်ဖြေလိုက်သည်။
“ဟူး…”
ချီမင်သူ့ပတ်လည်ကကျောက်စိမ်းစလစ်ပြားများကိုကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။သူခံစားချက်အပြည့်ဖြင့်သက်ပြင်းချလိုက်သည်"ငါအများကြီးရှိမယ်လို့မမျှော်လင့်ထားဘူး။"
ထို့နောက် သူအနီးကပ်ဆုံးကျောက်စိမ်းစလစ်ပြားတစ်ခုကိုကြုံရာကျပန်းကောက်ယူလိုက်ပြီး ဓမ္မစွမ်းအားတွေကိုအထဲသို့ထည့်သွင်းလိုက်သည်။ကျောက်စိမ်းစလစ်ပြား၏အကြောင်းအရာတွေက ချီမင်၏စိတ်ထဲသို့တဖြည်းဖြည်းပေါ်ထွက်လာသည်"ကျောက်စိမ်းစလစ်(၁၃၈၇)ခု။ငါသူတို့ကိုသေသေချာချာကြည့်နိုင်ပါတယ်။"
ချီမင်သည်ကျောက်စိမ်းစလစ်ပြားများကိုဖတ်နေ လျှက်ပင် သူကျင့်ကြံခြင်းလည်းလုပ်နေသည်။သူက သန့်စင်ခြင်းသုံးပါးတာအိုကျမ်း ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ် အပြောင်းအလဲနိမိတ်ဖတ်ကျမ်း ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအားနှင့် တိုက်ပွဲမြင့်မြင်ခန္ဓာတိုးတက်မှုကိုကျင့်ကြံနေလိုက်သည်။
ဒါအတွက် ချီမင်အထူးအနေဖြင့် အလိုအလျောက်ကျင့်ကြံခြင်းနေရာ လေးခုမြောက်နှင့်ငါးခုမြောက်ကိုပါအသက်သွင်းထားသည်။
လေးခုမြောက်အလိုအလျောက်ကျင့်ကြံခြင်းနေရာကိုအသက်သွင်းရန် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး (၁၀၀၀၀)ပဲလိုအပ်သည်ဆိုပေမယ့် ငါးခုမြောက်အလိုအလျောက်ကျင့်ကြံခြင်းနေရာအတွက် အဆင့်မြင် ဝိညာဉ်ကျောက်တုံး(၁၀၀၀၀၀၀) ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး(၁၀၀၀၀)ကုန်ကျသည်။
အလိုအလျောက်ကျင့်ကြံခြင်းနေရာငါးခုလုံးကိုအဆတစ်သန်းမြင့်တင်မှုဖြင့်ကျင့်ကြံထားသည်။
ဒီလိုဖြင့် သူနေ့တိုင်းအလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး(၅၀၀၀၀၀)ကိုနေတိုင်းသုံးဖို့လိုအပ်လာသည်။ချီမင့်အနေဖြင့် သူသုံးစွဲလိုက်သည့်ဝိညာဉ်ကျော်တုံးကအများကြီးမဟုတ်သေးပေ။ဘာကြောင့်လဲပြောရရင်တော့နေ့စဉ်ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့ အစွန်အဖျား' ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းခြင်းအားဖြင့် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတစ်သန်းရရှိသည်။
ဒါကလုံလောက်သွားပြီ။
တကယ်ကသူမှာ့နေ့တိုင်းဝိညာဉ်ကျောက်တုံးတွေပိုလျှံသည်။
အမှန်တကယ်က ချီမင်က ဒီနှစ်တွေတစ်လျှောက်မှာ ဝိညာဉ်ကျောက်တုံးပမာဏအများကြီးကိုစုဆောင်းနိုင်ခဲ့သည်။အဲ့တာတွေအကုန်လုံးကို သူ့ရဲ့ပစ္စည်းစားရင်းထဲသိမ်းဆည်းထားသည်။သို့ပေမယ့် သူမှာသုံးစရာအခွင့်အရေးတစ်ခုမှမရှိခဲ့ပေ။
တစ်ခါတစ်လေ ဝိညာဉ်ကျောက်တုံးတွေကပိုက်ဆံတွေလိုပဲဖြစ်သည်။အများကြီးရှိတာကလည်းပြဿနာတစ်ခုပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင်တစ်လကုန်သွားသည်။
ချီမင်ကအမွေအနှစ်ခန်းမထဲမှသီးခြား နေရာလွတ်ထဲတွင် တစ်လလုံးနေနေဆဲဖြစ်ပြီးကျောက်စိမ်းစလစ်(၁၃၈၇)ကိုဖတ်ရှုခြင်းပြီးစီးသွားခဲ့ပြီ။
ထို့အပြင် အလိုအလျောက်ကျင့်ကြံခြင်းကိုတစ်လလုပ်ပြီးတော့ သန့်စင်ခြင်းသုံးပါးတာအိုကျမ်း ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ် အပြောင်းအလဲနိမိတ်ဖတ်ကျမ်းနှင့် ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအားအကုန်လုံးတိုးတက်သွားသည်။
အတိုးတက်ဆုံးတစ်ခုက တိုက်ပွဲမြင့်မြတ်ခန္ဓာဖြစ်သည်။
တင်း!
"တိုက်ပွဲမြင့်မြတ်ခန္ဓာက အဆ(၁၀၀၀၀၀၀)မြင့်တင်မှုအောက်မှာရက်ပေါင်း(၃၀)ကြာဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။အသေးစားအောင်မြင်မှုနှောင်းပိုင်းအဆင့်ကိုရောက်ရှိသွားပါပြီ။ဒါ့အပြင် သင်တိုက်ပွဲမြင့်မြတ်နည်းစနစ်တွေဖြစ်တဲ့ တိုက်ပွဲရွေ့လျားမှုနည်းစနစ် တိုက်ပွဲနတ်ဘုရားလက်သီးနဲ့တစ်ခြားသောခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်တွေကိုဖမ်းဆုပ်နိုင်ခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်ကျေနပ်မှုအပြည့်နဲ့ခေါင်းညိတ်လိုက်သည်"ဒါကအသေးစားအောင်မြင်မှု နှောင်းပိုင်းအဆင့်တောင်ရောက်သွားပြီပဲ။ငါတွက်ကြည့်ရင် သိပ်မကြာခင်မှာပဲတိုက်ပွဲမြင့်မြတ်ခန္ဓာကသွေးလွှဲပြောင်းခြင်းအဆင့်ကိုရောက်သွားလိမ့်မယ်။"
ထို့အပြင် ယခုရက်ပေါင်း (၃၀) အတွင်း ချီမင်သည် ဧကရာဇ်တားမြစ်သင်္ချိုင်း၏ အစွန်အဖျားကို အကြိမ် (၃၀) ရှင်းလင်းခဲ့ပြီး အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့နှင့် နှင်းမြူပုံဆောင်ခဲအပျိုစင်တို့၏ စွမ်းအားကို တိုးမြှင့်ပေးနိုင်သော သွေးမျိုးဆက်သလင်းကျောက်များကို ရရှိသွားသည်။ ၎င်းက သူတို့ကို ဆင့်ကဲပြောင်းလဲခြင်း ပြီးမြောက်စေနိုင်သည်။
သို့သော် ဟော့ချန်ချင်းကို တိုးတက်စေနိုင်သည့် အမွေအနှစ်သလင်းကျောက်ကိုမူ သူ မရရှိသေးပေ။
ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်သို့ ပြန်ရောက်ပြီးနောက် အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့နှင့် နှင်းမြူပုံဆောင်ခဲအပျိုစင်တို့ကို ဦးစွာ ဆင့်ကဲပြောင်းလဲစေရန် စီစဉ်ထားသည်။ ဟော့ချန်ချင်းကိုမူ လောလောဆယ် ဘေးဖယ်ထားရုံသာ တတ်နိုင်ပေသည်။
အမှောင်မီးလျှံ၏ နဂါးပြောင်းလဲခြင်းအတိဒုက္ခသည်လည်း အစီအစဉ်တွင် ထည့်သွင်းရမည့်အချိန် ဖြစ်ပေသည်။
၎င်းအောင်မြင်သရွေ့ အမှောင်မီးလျှံသည် နဂါးအဖြစ်သို့ ထပ်မံပြောင်းလဲနိုင်ပြီး လက်ရွေးစင် ဝိညာဥ်သားရဲမှ ရှားပါးဝိညာဥ်သားရဲအဖြစ်သို့ တိုးတက်နိုင်ပေသည်။
ဤတစ်လအတွင်း ချီမင်သည် လျှို့ဝှက်နက်နဲကမ္ဘာ၏ သမိုင်းကြောင်းနှင့် ဒဏ္ဍာရီများနှင့် သက်ဆိုင်သော ကျောက်စိမ်းစလစ် (၁၃၈၇) ခုလုံးကို ဖတ်ရှုပြီးဖြစ်သောကြောင့် သူသည် ကမ္ဘာကြီးတစ်ခုလုံးကို လုံလောက်စွာ နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။
ပထမဦးစွာ လျှို့ဝှက်နက်နဲကမ္ဘာ၏ မွေးဖွားခြင်းနှင့် ပတ်သက်၍အဆိုသုံးမျိုး ရှိသည်။
ပထမအဆို။
ဝေးကွာသော မူလအစခေတ်မတိုင်မီ၊ လျှို့ဝှက်နက်နဲကမ္ဘာ မမွေးဖွားမီက၊ အထက်ကမ္ဘာတွင် မကြုံစဖူးကြီးမားသော အင်မော်တယ်တိုက်ပွဲကြီးတစ်ရပ် ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲတွင် အင်မော်တယ်ဘုရင်တစ်ပါး သေဆုံးသွားသည်။
ဤအင်မော်တယ်ဘုရင်၏ အလောင်းသည် အထက်ကမ္ဘာမှ ပြုတ်ကျလာကာ လေဟာနယ်ထဲသို့ ရောက်ရှိလာသည်။ အင်မော်တယ်ဘုရင်၏ အလောင်းသည် လေဟာနယ်ထဲတွင် မရေမတွက်နိုင်အောင်များတဲ့ နှစ်များနှင့် ခေတ်ကာလများစွာ မျောပါနေခဲ့သည်။
အနာဂတ်တစ်နေ့ မရောက်မီအခါအထိပင်။
ထိုနေ့ကို မူလအစနေ့ ဟု ခေါ်တွင်သည်။
အင်မော်တယ်ဘုရင်၏ အလောင်းသည် လေဟာနယ်၏ သက်ရောက်မှုအောက်တွင် ကမ္ဘာတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာသည်။ အင်မော်တယ်ဘုရင်၏ ဦးခေါင်း၊ ခြေထောက်၊ ဘယ်လက်နှင့် ညာလက်တို့သည် အရှေ့၊ တောင်၊ အနောက်၊ မြောက်ဘက်တို့၏ နတ်ဘုရားတောင်လေးလုံး အသီးသီး ဖြစ်လာကြသည်။ သူ၏ ခန္ဓာကိုယ်သည် ဗဟိုဒေသနတ်ဘုရားတောင် ဖြစ်လာပြီး လျှို့ဝှက်နက်နဲကမ္ဘာ၏ အထွတ်အထိပ်တိုင်လုံးကြီးငါးခု ဖြစ်လာသည်။
အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် ဤကမ္ဘာကြီးကို ပြောင်းလဲစေပြီး ပြည့်စုံစေခဲ့သည်။ သူ၏ ဘယ်မျက်လုံးသည် နေ ဖြစ်လာပြီး ညာမျက်လုံးသည် လ ဖြစ်လာသည်။ သူ၏ တာအိုကို နားလည်မှုသည် မြေ၊ ရေ၊ မီး၊ လေ အဖြစ်သို့ ပြောင်းလဲသွားသည်...
နောက်ဆုံးတွင် အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားသည်။
လျှို့ဝှက်နက်နဲကမ္ဘာ မွေးဖွားလာခဲ့သည်။
၎င်းသည် မူလအစခေတ်သို့ ဝင်ရောက်ခဲ့သည်။
လျှို့ဝှက်နက်နဲကမ္ဘာတွင် မွေးဖွားလာသော သက်ရှိသတ္တဝါတို့သည် ဤအင်မော်တယ်ဘုရင်ကို မူလအစအင်မော်တယ်ဘုရင် ဟု လေးစားစွာ ခေါ်ဝေါ်ကြသည်။
…
ဒုတိယအဆို။
မူလအစနေ့တွင်၊ လေဟာနယ်ထဲ၌ တစ်ခုတည်းသောဖြစ်တည်မှုတစ်ခု မွေးဖွားလာသည်။ ဤတစ်ခုတည်းသောဖြစ်တည်မှုသည် မယုံနိုင်စရာကောင်းပြီး ဖော်ပြရန် မဖြစ်နိုင်ပေ။ 'သူ' သည် အလင်း ဖြစ်သည်၊ 'သူ' သည် အမှောင် ဖြစ်သည်၊ 'သူ' သည် အရာခပ်သိမ်း၏ အစ ဖြစ်သည်...
ဤတစ်ခုတည်းသောဖြစ်တည်မှုသည် လေဟာနယ်၏ သက်ရောက်မှုကိုခံရပြီး ဖောင်းပွကာ ပေါက်ကွဲသွားစေသည်။ ၎င်းသည် တစ်ခုတည်းသော ဖြစ်တည်မှုမှအပြင်သို့ အဆက်မပြတ် ကျယ်ပြန့်လာသည်...
ထို့နောက် ၎င်းသည် အကန့်အသတ်သို့ ရောက်ရှိသွားသည်။
တစ်ခုတည်းသော ဖြစ်တည်မှုအတွင်းရှိ နေရာလွတ်တွင် မြေ၊ ရေ၊ မီး၊ လေတို့ဖြင့် ပြည့်နှက်သွားသည်။ မွေးရာပါမဟာမူလအစနတ်ဘုရားငါးပါး မွေးဖွားလာသည်။ သူတို့သည် အရှေ့၊ တောင်၊ အနောက်၊ မြောက်ဘက်တို့၏ နတ်ဘုရား တောင်လေးလုံးကို ဖန်တီးခဲ့ပြီး အလယ်ဗဟိုမှ နတ်ဘုရားတောင်ကို ဆင့်ကဲပြောင်းလဲစေကာ လျှို့ဝှက်နက်နဲကမ္ဘာကို လုံးဝတည်ငြိမ်စေခဲ့ပြီး သက်ရှိများကို မွေးဖွားစေကာ အရာခပ်သိမ်းကို ဖွားမြင်ပေးခဲ့သည်...
လျှို့ဝှက်နက်နဲကမ္ဘာ မွေးဖွားလာသည်။
မူလအစခေတ်သည်ရောက်ရှိလာသည်...