← Chapters

ကပ်ဘေးဒုက္ခ

Vol. 10 Ch. 141

ကပ်ဘေးဒုက္ခ

Vol. 10 Ch. 141

ဒဏ္ဍာရီရဲ့ တတိယအဆိုက

'လေဟာနယ်' ထဲမှာ 'လေဟာနယ် သားရဲ' တွေ ရှိတယ်လို့ ဒဏ္ဍာရီတွေမှာ ဆိုကြတယ်။ 'မူလအစ' နေ့မှာ၊ ခွန်အားတူညီတဲ့ လေဟာနယ် သားရဲ ငါးကောင်ဟာ တစ်ကောင်နဲ့တစ်ကောင်ရင်ဆိုင်တိုက်ခိုက်ကြတယ်။

အဲ့ဒီ လေဟာနယ် သားရဲ ငါးကောင်ကတော့ သတ္တု လေဟာနယ် သားရဲ၊ သစ်သား လေဟာနယ် သားရဲ၊ ရေ လေဟာနယ် သားရဲ၊ မီး လေဟာနယ် သားရဲ နဲ့ မြေ လေဟာနယ် သားရဲတို့ပဲ ဖြစ်တယ်။

လေဟာနယ် သားရဲ ငါးကောင် တွေ့ဆုံပြီးတဲ့နောက်မှာတော့ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တယ်။ ဒီတိုက်ပွဲကို လျှို့ဝှက်နက်နဲကမ္ဘာရဲ့ သက်ရှိတွေက 'မူလအစ တိုက်ပွဲ' လို့ ခေါ်တွင်ခဲ့ကြတယ်။

ဒီတိုက်ပွဲဟာ လေဟာနယ် သားရဲ ငါးကောင်လုံး သူတို့ရဲ့ ခွန်အားတွေ အကုန်ကုန်ပြီး သေဆုံးသွားတဲ့အထိ အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ကြတယ်။

သူတို့ဟာ အတူတူ သေဆုံးသွားခဲ့တယ်။

လေဟာနယ် သားရဲ ငါးကောင်ရဲ့ အလောင်းတွေကစုစည်းပြီး ပေါင်းစပ်သွားကာ တဖြည်းဖြည်းနဲ့ ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲလာခဲ့တယ်။ လေဟာနယ် သားရဲ ငါးကောင်ရဲ့ ပင်မခန္ဓာကိုယ်တွေကတော့ အရှေ့၊ တောင်၊ အနောက်၊ မြောက် နတ်ဘုရားတောင်တန်း လေးခုနဲ့ ဗဟို နတ်ဘုရားတောင်တန်းအဖြစ် ပြောင်းလဲသွားခဲ့တယ်။

နတ်ဘုရားတောင်တန်း ငါးခုက ကမ္ဘာကြီးကို ဖိနှိပ်ထိန်းချုပ်ထားပြီး ထောက်ပံ့ပေးထားတယ်။

လျှို့ဝှက်နက်နဲကမ္ဘာကြီးဟာ အောင်မြင်စွာ ပြောင်းလဲဖြစ်ပေါ်လာတယ်။

ကမ္ဘာသစ်တစ်ခု မွေးဖွားလာခဲ့တယ်။

သူကနေအရာအားလုံးကို မွေးဖွားပေးခဲ့တယ်။

မူလအစခေတ်ကြီး ရောက်ရှိလာခဲ့ပြီ…

"ဒဏ္ဍာရီရဲ့ အဆိုသုံးမျိုးပေါ့။" ချီမင်က ခဏလောက် စဉ်းစားလိုက်တယ်။ "တကယ်တော့ သူတို့အားလုံးမှာ တူညီတဲ့အချက်တစ်ခု ရှိတယ်။ အဲ့ဒါက နတ်ဘုရားတောင်တန်း ငါးခုပဲ။ အရှေ့၊ တောင်၊ အနောက်၊ မြောက် နဲ့ ဗဟို နတ်ဘုရားတောင်တန်းတွေပဲ။"

"နတ်ဘုရားတောင်တန်း ငါးခုက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အခြေခံကို ကိုယ်စားပြုပုံရတယ်။"

လျှို့ဝှက်နက်နဲကမ္ဘာရဲ့ ခေတ်နဲ့ သမိုင်းကို မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းစလစ်နဲ့ စာအုပ်ပေါင်း (၁၃၈၇) ခု ရှိတယ်။ အကြောင်းအရာတွေက အမျိုးမျိုး ကွဲပြားနေပြီး သူတို့ကြားထဲမှာတောင် ကွဲလွဲမှုတွေ ရှိနေတယ်။

ချီမင်က လျှို့ဝှက်နက်နဲကမ္ဘာနဲ့ ပတ်သက်ပြီး တော်တော်လေး ပြည့်စုံတဲ့ သမိုင်းကြောင်းတစ်ခုကို စုစည်းဖို့ တစ်လလောက် အချိန်ယူခဲ့ရတယ်။

"ခြုံပြောရရင်တော့…" ချီမင်က ခဏစဉ်းစားပြီး ပြောလိုက်တယ်။ "လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးရဲ့ သမိုင်းနဲ့ ခေတ်ကို ကြည့်လိုက်ရင်၊ လျှို့ဝှက်နက်နဲကမ္ဘာ မွေးဖွားခဲ့တဲ့ မူလအစနေ့ကနေစပြီး မူလအစခေတ်၊ဝေးကွာရှေးဟောင်းခေတ်၊ ရှေးဟောင်းခေတ်၊ နီးကပ်ရှေးဟောင်းခေတ် နဲ့ လက်ရှိခေတ် ဆိုပြီး ခွဲခြားနိုင်တယ်။"

"စုစုပေါင်း ခေတ်ငါးခု ရှိတယ်။"

"မူလအစနေ့ကနေ မူလအစခေတ် အဆုံးအထိ၊ အခုအချိန်မှာ သိထားတဲ့ သတင်းအချက်အလက် သိပ်မများဘူး။ အချိန်ဘယ်လောက်ကြာသွားလဲဆိုတာကို အတိအကျ ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး။"

"ဒါပေမဲ့…"

"သေချာတာတစ်ခုကတော့ မူလအစခေတ်ဟာ ကပ်ဘေးဒုက္ခ ကိုးခုလောက် မတိုင်ခင်မှာ ပြီးဆုံးသွားခဲ့တယ်။"

ကပ်ဘေးဒုက္ခ။

ဒါဟာ အချိန်ကို တိုင်းတာတဲ့ ယူနစ်တစ်ခုပဲ။

ထပ်ပြောရရင်၊ ကပ်ဘေးဒုက္ခ ဆိုတာက ကပ်ဘေးဒုက္ခပဲ၊ အကန့်အသတ်မဲ့ကပ်ဘေးဒုက္ခ မဟုတ်ဘူး။

လျှို့ဝှက်နက်နဲကမ္ဘာမှာ အကန့်အသတ်မဲ့ ကပ်ဘေးဒုက္ခ မရှိဘူး၊ ကပ်ဘေးဒုက္ခ ပဲ ရှိတယ်။

နှစ်တွေကို တိုင်းတာရေး ယူနစ်အဖြစ် သုံးမယ်ဆိုရင်…

တွေ့ဆုံခြင်း (နှစ်ပေါင်း ၁၈,၀၀၀)၊ မူလတွေ့ဆုံခြင်း (နှစ်ပေါင်း ၁၂၉,၆၀၀)၊ ကပ်ဘေးဒုက္ခ (မူလတွေ့ဆုံခြင်း ၉၉ ခု)။

ကပ်ဘေးဒုက္ခ ကိုးခုဆိုတာ နှစ်သန်းပေါင်း တစ်ရာကျော်တဲ့ အချိန်ကာလတစ်ခုဖြစ်တယ်။

ပိုပြီး တိတိကျကျ ပြောရရင်တော့ (၁၁၅,၄၇၃,၆၀၀) နှစ်ဖြစ်တယ်။

"မူလအစခေတ် ပြီးဆုံးသွားတဲ့အခါ၊ ကမ္ဘာကြီးက ဝေးကွာရှေးဟောင်းခေတ်ထဲကို ဝင်ရောက်လာတယ်။ ဝေးကွာရှေးဟောင်းခေတ်ရဲ့ အစက မူလအစခေတ်ရဲ့ အဆုံးဖြစ်ပြီး၊ အဆုံးကတော့ကပ်ဘေးဒုက္ခ နှစ်ခုလောက်မှာ ဖြစ်သင့်တယ်။"

" ဝေးကွာရှေးဟောင်းခေတ်ရဲ့ အချိန်ကာလက ကပ်ဘေးဒုက္ခ ခုနစ်ခု ကြာတယ်၊ ဒါက နှစ်သန်း (၈၀) ကျော်ပဲ။ နှစ်သန်း(၉၀) နီးပါးလောက်ပေါ့။ ပိုတိတိကျကျ ပြောရရင်တော့ (၈၉,၈၁၂,၈၀၀)နှစ်ပဲ။"

"နောက်ပြီးတော့…"

"ရှေးဟောင်းခေတ်နှောင်းပိုင်းမှာ၊ စုစုပေါင်း ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေးခုနစ်ခု ဖြစ်ပွားခဲ့တယ်။ မဖြစ်ဖူးတဲ့တိုက်ပွဲကြီး ခုနစ်ခု ဖြစ်ပွားခဲ့ပြီး၊ လျှို့ဝှက်နက်နဲကမ္ဘာ တစ်ခုလုံးကို အကြီးအကျယ် သက်ရောက်မှု ရှိခဲ့တယ်။"

"သတ္တမမြောက် ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေး ပြီးဆုံးသွားတဲ့အထိ၊ လျှို့ဝှက်နက်နဲကမ္ဘာဟာ အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့တယ်။ အင်မော်တယ်၊ နတ်ဘုရား၊ နတ်ဆိုး၊ လူသား၊ မိစ္ဆာ နဲ့ တစ္ဆေ ဆိုတဲ့ မျိုးနွယ်ခြောက်ခုကို တည်ထောင်ခဲ့တယ်။ ဒါက ဝေးကွာရှေးဟောင်းခေတ်ကို လုံးဝ အဆုံးသတ်စေပြီး ရှေးဟောင်းခေတ်ထဲကို ဝင်ရောက်စေခဲ့တယ်။"

(မကောင်းဆိုးဝါးကိုမိစ္ဆာလို့ပြင်လိုက်ပါတယ်)

"ရှေးဟောင်းခေတ်ရဲ့ အစက ဝေးကွာရှေးဟောင်းခေတ်ရဲ့ အဆုံးဖြစ်ပြီး၊ ရှေးဟောင်းခေတ်ရဲ့ အဆုံးကတော့ အခုလက်ရှိမတိုင်ခင် ကပ်ဘေးဒုက္ခ တစ်ခုလောက်မှာပဲ။ တစ်နည်းအားဖြင့် ပြောရရင်၊ ရှေးဟောင်းခေတ် တစ်ခုလုံးဟာ ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေး တစ်ခုပဲ ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့ လုံးဝ ပြီးဆုံးသွားခဲ့တယ်။"

"ဒီ ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေးက လျှို့ဝှက်နက်နဲကမ္ဘာ တစ်ခုလုံးမှာ အကြောက်စရာအကောင်းဆုံး ကပ်ဘေးပဲ။ ဒါက ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံ ကြုံတွေ့ခဲ့ရတဲ့ ကောင်းကင်နဲ့မြေကြီး ကပ်ဘေးလည်း ဖြစ်တယ်။"

"ကောင်းကင်နဲ့မြေကြီး ကပ်ဘေး။"

"အကြောင်းတစ်ခုခုကြောင့်၊ ကောင်းကင်မှာ နားမလည်နိုင်တဲ့ အပေါက်တစ်ခု ပေါ်လာပြီး၊ ကောင်းကင်ပြိုကျတဲ့ မြင်ကွင်းမျိုး ဖြစ်ပေါ်စေခဲ့တယ်။ အဲ့ဒါက လေဟာနယ်လေပြင်းတွေ လျှို့ဝှက်နက်နဲကမ္ဘာထဲကို တိုးဝင်လာစေခဲ့တယ်။ ရှေး‌ခေတ် နတ်ဆိုးဧကရာဇ် ယင်းလုံက သူ့ရဲ့ နှစ်သောင်းချီ ကျင့်ကြံမှုနဲ့ ကောင်းကင်ကို ဖာထေးပြီး အပေါက်ကို ပြန်ပိတ်စေခဲ့တယ်။"

"ဒါပေမဲ့…"

"ဒါက ဒီ ကောင်းကင်နဲ့မြေကြီး ကပ်ဘေးရဲ့ တကယ့်အစပဲ။"

"မျိုးနွယ်ငါးခုက ပူးပေါင်းပြီး ရှေးခေတ် နတ်ဆိုးနန်းတော်ကို ဝိုင်းရံခဲ့တယ်။ မျိုးနွယ်ခြောက်ခုရဲ့ တိုက်ပွဲက လုံးဝ ပေါက်ကွဲထွက်လာခဲ့တယ်။ ဒီတိုက်ပွဲကြောင့် အရှေ့၊ တောင်၊ အနောက်၊ မြောက် နတ်ဘုရားတောင်တန်း လေးခု ပြိုကျခဲ့ပြီး၊ ဗဟို နတ်ဘုရားတောင်တန်း တစ်ခုပဲ ကျန်ခဲ့တယ်။"

"လျှို့ဝှက်နက်နဲကမ္ဘာကြီးက ပြိုလဲတော့မယ်။"

"ဒီအချိန်မှာ၊ မျိုးနွယ်ငါးခုက သူတို့ရဲ့ အပြစ်တွေ ကြီးမားမှန်း သိသွားကြတယ်။ မျိုးနွယ်ငါးခုရဲ့ ခေါင်းဆောင်တွေက သူတို့ကိုယ်သူတို့ ကောင်းကင်တိုင်လုံးတွေအဖြစ် ပြောင်းလဲပြီး လျှို့ဝှက်နက်နဲကမ္ဘာကို ထောက်ပံ့ပေးခဲ့တယ်။ အဲ့ဒီအခါမှ ကမ္ဘာကြီးရဲ့ ပျက်စီးခြင်းကို ရှောင်လွှဲနိုင်ပြီး ကမ္ဘာရဲ့ပြန်လည်တည်ဆောက်ခြင်း ကပ်ဘေးဒုက္ခကို ထပ်မဖြစ်အောင် တားဆီးနိုင်ခဲ့တယ်။"

"အဲ့ဒီအချိန်ကစပြီး၊ ရှေးဟောင်းခေတ် ပြီးဆုံးသွားပြီး နီးကပ်ရှေးဟောင်းခေတ်ထဲကို ဝင်ရောက်လာခဲ့တယ်။ မျိုးနွယ်ခြောက်ခုက ပြန်လည် နာလန်ထူပြီး တိုက်ခိုက်ခြင်းကို ရပ်တန့်ခဲ့တယ်။ ဒါပေမဲ့ ဂိုဏ်းတွေနဲ့ တာအိုနယ်မြေတွေကိုတော့ တစ်ခုပြီးတစ်ခု တည်ထောင်လာကြတယ်။"

"တဖြည်းဖြည်း ပြောင်းလဲလာမှုတွေအောက်မှာ၊ လျှို့ဝှက်နက်နဲကမ္ဘာ တစ်ခုလုံးမှာ၊ ဂိုဏ်းအမျိုးမျိုးနဲ့ ကျင့်ကြံခြင်းမိသားစုတွေဟာ မိုးရွာပြီးရင်ဝါးညွန့်တွေလို ပေါ်ပေါက်လာခဲ့တယ်။"

"တာအိုဆရာ ကောင်းကင်ဘုံဉာဏ်အလင်း တည်ထောင်ခဲ့တဲ့ ဂိုဏ်းကနီးကပ်ရှေးဟောင်းခေတ်မှာ တည်‌ထောင်ခဲ့တာဖြစ်တယ်။ အချိန်ရဲ့ ဆေးကြောမှုတွေအပြီးမှာ၊ ဂိုဏ်းတည်ထောင်ချိန်ကနေ အခုအထိ၊ စုစုပေါင်း မူလတွေ့ဆုံခြင်း ၁၂ ခု (၁,၅၅၂,၀၀၀ နှစ်) ရှိနေခဲ့ပြီ။"

"နောက်ပြီးတော့…"

"နီးကပ်ရှေးဟောင်းခေတ်ရဲ့ အဆုံးက လွန်ခဲ့တဲ့ နှစ် ၁၀၀,၀၀၀ ကပဲ။ ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲ လုဖုန်ကျန်း တက်လှမ်းပြီး တစ်နှစ်အကြာမှာ ဖြစ်ခဲ့တာ။"

"နီးကပ်ရှေးဟောင်းခေတ် ပြီးဆုံးသွားပြီး လက်ရှိခေတ်ထဲကို ဝင်ရောက်လာခဲ့တယ်။ လက်ရှိခေတ်က နှစ် ၁၀၀,၀၀၀ ကြာခဲ့ပြီ။ ဒီ နှစ် ၁၀၀,၀၀၀ အတွင်းမှာ၊ တက်လှမ်းခြင်း တစ်ခုမှ မဖြစ်ပွားခဲ့ဘူး။"

"မဟာအကြီးအကဲ လုဖုန်ကျန်းကို လက်ရှိခေတ်ရဲ့ နောက်ဆုံး တက်လှမ်းသူလို့ ပြောလို့ရတယ်။"

"ဒါက ငါ အခု သိထားတဲ့ လျှို့ဝှက်နက်နဲကမ္ဘာပဲ။"

ချီမင်က ခဏစဉ်းစားပြီး "ဟုတ်ပါတယ်၊ ငါမသိသေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေဦးမှာပဲ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက နှစ်သန်းချီပြီး တည်ရှိနေခဲ့ပေမဲ့၊ အမွေအနှစ်ခန်းမထဲက ကျောက်စိမ်းစလစ်တွေနဲ့ စာအုပ်တွေက အရမ်းပြည့်စုံနေပေမဲ့၊ အားလုံး မှန်ကန်တယ်လို့တော့ အာမမခံနိုင်ဘူး။"

"ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတောင် မသိတဲ့ အကြောင်းအရာတွေ အများကြီး ရှိနေဦးမှာ သေချာတယ်။"

"နောက်ပြီး၊ ကောင်းကင်နဲ့မြေကြီး ကပ်ဘေးနဲ့ ပတ်သက်ပြီးတော့။" ချီမင်က ဆက်ပြီး စဉ်းစားနေတယ်။ "ဒါက ကောင်းကင်နဲ့မြေကြီးကနေ ဖြစ်ပေါ်လာတဲ့ ကပ်ဘေးတစ်ခုပဲ။ သူ့ကို ကောင်းကင်နဲ့မြေကြီး မဟာကပ်ဘေး၊ ကောင်းကင်နဲ့မြေကြီး မဟာကပ်ဘေးဒုက္ခ စသဖြင့်လည်း ခေါ်ကြတယ်။"

"တကယ်တော့၊ ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေး ဖြစ်ပေါ်လာတာက ကမ္ဘာကြီးရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ပဲ။"

"ဘာလို့လဲဆိုတော့ သက်ရှိတွေက ကမ္ဘာပေါ်မှာ ပေါက်ဖွားတာများပြားလာတယ်၊ အင်မော်တယ်တွေပဲဖြစ်ဖြစ်၊ ဗုဒ္ဓတွေ၊ နတ်ဘုရားတွေ၊ နတ်ဆိုးတွေ၊ မိစ္ဆာတွေပဲဖြစ်ဖြစ်၊ လူတိုင်းက အရင်းအမြစ်တွေအတွက် တိုက်ခိုက်နေကြပြီးဝိညာဉ်စွမ်းအင်နဲ့ ကမ္ဘာစွမ်းအင်တွေကို စုပ်ယူနေကြတယ်။"

"မှန်ကန်တဲ့ နည်းနဲ့ ရယူပြီး ကောင်းကင်နဲ့မြေကြီးရဲ့ကျင့်ကြံခြင်းအတိုင်း အသုံးပြုမယ်ဆိုရင်၊ စွမ်းအင်ကို မျှတအောင် ထိန်းညှိနိုင်ပြီး ဘာမှ ဖြစ်မှာ မဟုတ်ဘူး။"

"ဒါပေမဲ့၊ လျှို့ဝှက်စွာနဲ့ထိန်းချုပ်ထားပြီးဝင်ရောက်စွက်ဖက်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ မိစ္ဆာတွေ၊ အင်မော်တယ်တွေ နဲ့ နတ်ဘုရားတွေကတော့ကျင့်ကြံ တယ်။ သူတို့ ကြီးထွားချင်တယ်ဆိုရင်၊ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို စုပ်ယူရတယ်။ ဒါ့အပြင် သူတို့က သေမျိုးတွေနဲ့ မတူဘူး။ သေမျိုးတွေက နှစ်တစ်ရာမှာ သေတယ်။ သူတို့သေသွားရင်၊ အရာအားလုံးက ကမ္ဘာကြီးဆီ ပြန်ရောက်သွားတယ်။ ဟန်ချက်ညီမှုက ပျက်စီးမှာ မဟုတ်ဘူး။"

"မိစ္ဆာတွေ၊ နတ်ဆိုးတွေ၊ အင်မော်တယ်တွေ နဲ့ နတ်ဘုရားတွေကတော့ မတူဘူး။ သူတို့ရဲ့ သက်တမ်းက အရမ်းရှည်တယ်။ အမြူတေဖွဲ့စည်းခြင်းအဆင့် ရောက်တဲ့သူတွေက အများဆုံး နှစ်တစ်ထောင် နေနိုင်တယ်။ အခြေတည်ဝိညာဉ်အဆင့် ရောက်တဲ့သူတွေက အများဆုံး နှစ်သုံးထောင် နေနိုင်တယ်။ ဗလာနယ်စွန့်ခွာခြင်းအဆင့် ရောက်တဲ့သူတွေက နှစ်ခြောက်ထောင် နေနိုင်တယ်။ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် ရောက်တဲ့သူတွေက အများဆုံး နှစ်တစ်သောင်း နေနိုင်တယ်…"

"မင်းရဲ့ အဆင့် ပိုမြင့်လေ၊ မင်း သက်တမ်း ပိုရှည်လေ၊ မင်း စုပ်ယူတဲ့ ကောင်းကင်နဲ့မြေကြီး ဝိညာဉ်စွမ်းအင် ပိုများလေပဲ။ တက်လှမ်းသူတစ်ယောက် အထက်ဘုံကို ဝင်ရောက်သွားရင်တောင်၊ သူတို့ကကောင်းကင်နဲ့မြေကြီး ဝိညာဉ်စွမ်းအင် ပမာဏ တစ်ခုလုံးကို တိုက်ရိုက် ယူသွားတယ်။"

"ဒီနည်းနဲ့ဆိုရင်၊ ကောင်းကင်နဲ့မြေကြီး ဝိညာဉ်စွမ်းအင်က ပိုပြီး ဟန်ချက်မညီ ဖြစ်လာစေတယ်။ ကောင်းကင်နဲ့မြေကြီး စွမ်းအင်က ထိန်းချုပ်မှု လွတ်သွားပြီး၊ ကပ်ဘေးဆီကို ခြေတစ်လှမ်းချင်း လျှောက်သွားစေတယ်။"

"ဒီလို အခြေအနေမျိုးအောက်မှာ၊ အတိုင်းအတာတစ်ခုအထိ စုပုံလာပြီးတဲ့နောက်မှာ၊ ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေးက ပေါက်ကွဲထွက်လာလိမ့်မယ်။ ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေးထဲမှာ၊ ကံကြမ္မာတွေက ရှုပ်ထွေးနေပြီး၊ ကံတရားက မသေချာဘူး။တစ်ခါမှမဖြစ်ဖူးတဲ့ထူးခြားတဲ့ တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး၊ မိစ္ဆာတွေ၊ နတ်ဆိုးတွေ၊ အင်မော်တယ်တွေ နဲ့ နတ်ဘုရားတွေ အများအပြား သေဆုံးကြလိမ့်မယ်။"

"ကျဆုံးသွားတဲ့ မိစ္ဆာတွေ၊ နတ်ဆိုးတွေ၊ အင်မော်တယ်တွေ နဲ့ နတ်ဘုရားတွေရဲ့ စွမ်းအင်နဲ့ ကံကြမ္မာတွေက ကမ္ဘာကြီးဆီ ပြန်ရောက်သွားလိမ့်မယ်။ သူတို့က ကမ္ဘာကြီးကို ပြန်လည်ဖြည့်တင်းပြီး ဝိညာဉ်စွမ်းအင် ဟန်ချက်ညီမှုကို ပြန်လည် ထိန်းညှိပေးနိုင်တယ်။"

တံခါးဝမှာ

ချီမင်က အမွေအနှစ်ခန်းမထဲကနေ ထွက်လာခဲ့တယ်။ အမွေအနှစ်ခန်းမစိတ်ဝိညာဉ် အမှတ်( ၀၃) ရဲ့ အသံက သူ့စိတ်ထဲမှာ ပေါ်လာတယ်။

"နှုတ်ဆက်ပါတယ် အမွေခံတပည့် ချီ။"

ချီမင်က အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ရှု!

သူက ပျံသန်းထွက်ခွာသွားပြီး ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ပြန်သွားလိုက်တယ်။

နာရီဝက်အကြာမှာ၊ ယန်လီက အမွေအနှစ်ခန်းမကို ရောက်လာတယ်။

"ခန်းမစိတ်ဝိညာဉ်။" ယန်လီက အော်ခေါ်လိုက်တယ်။

"ဂိုဏ်းချုပ်။"

အဖြူရောင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး ခန္ဓာကိုယ် သွယ်လျလှပတဲ့ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက် ပေါ်လာတယ်။ သူမမှာ ဘဲဥပုံ မျက်နှာ၊ ချယ်ရီရောင် နှုတ်ခမ်းလေးနဲ့ ရှည်လျားဖြောင့်စင်းတဲ့ ဆံပင်တွေ ရှိတယ်။ သူမရဲ့ အသားအရေက နှင်းလို ဖြူဖွေးနေပြီး ကျောက်စိမ်းလို ခြေတံရှည်တွေ ရှိတယ်။ သူမ လက်ထဲမှာ စာအုပ်တစ်အုပ် ကိုင်ထားပြီး ကျောင်းတော်သား တစ်ယောက်လို အရှိန်အဝါ ရှိတယ်။

"ချီမင်က ဒီတစ်လလုံး ဘာတွေ ကြည့်နေခဲ့တာလဲ။" ယန်လီက မေးလိုက်တယ်။

"ဂိုဏ်းချုပ်၊ အမွေခံတပည့် တစ်ယောက်အကြောင်းကို ဒီလောက် ပွင့်ပွင့်လင်းလင်း မေးတာက မသင့်တော်ဘူး မဟုတ်လား။" အမွေအနှစ်ခန်းမစိတ်ဝိညာဉ်က ပြန်ဖြေလိုက်တယ်။

"မင်းက ငါ့မေးခွန်းကို ဖြေဖို့ပဲ လိုတယ်။" ယန်လီက လေးနက်စွာ ပြောလိုက်တယ်။

"ကောင်းပါပြီ။" အမွေအနှစ်ခန်းမစိတ်ဝိညာဉ်က ပြောလိုက်တယ်။ "ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်ဆိုတော့ ကျွန်မက နာခံရမှာပေါ့။ ဂိုဏ်းချုပ်၊ ဒီတစ်လအတွင်းမှာ ချီမင်က လျှို့ဝှက်နက်နဲကမ္ဘာရဲ့ သမိုင်းနဲ့ ခေတ်နဲ့ ပတ်သက်တဲ့ ကျောက်စိမ်းစလစ် ၁၃၈၇ ခုလုံးကို ဖတ်ပြီးသွားပါပြီ။"

"ဘာလဲ။" ယန်လီက စဉ်းစားလိုက်တယ်။ "သူက ဘာလို့ ဒီကျောက်စိမ်းစလစ်တွေနဲ့ စာအုပ်တွေကို ဖတ်နေရတာလဲ။ သူက အမွေအနှစ်ခန်းမထဲကအံ့ဖွယ်စွမ်းအားတွေနဲ့ အမွေအနှစ်တွေကို ရှာမကြည့်ဘူးလား။"

"မရှာပါဘူး။" အမွေအနှစ်ခန်းမစိတ်ဝိညာဉ်က ပြန်ဖြေလိုက်တယ်။

"ကောင်းပြီ၊ ငါ နားလည်ပြီ။" ယန်လီက ခေါင်းညိတ်လိုက်တယ်။

"ဂိုဏ်းချုပ်၊ တခြား ဘာများ ရှိသေးလဲ။"

အမွေအနှစ်ခန်းမစိတ်ဝိညာဉ်က မေးလိုက်တယ်။ "မရှိတော့ဘူးဆိုရင်၊ ကျွန်မ ဆက်အိပ်တော့မယ်။ ဒီတစ်ခါ ကျွန်မ အနှစ်တစ်ထောင်ပဲ အိပ်ရသေးတာကို ဂိုဏ်းချုပ်က နှိုးလိုက်တယ်။ မိန်းကလေးတစ်ယောက်ရဲ့ ထိန်းသိမ်းမှုအတွက် လုံလောက်တဲ့ အိပ်စက်ခြင်းက ဘယ်လောက် အရေးကြီးလဲဆိုတာ ဂိုဏ်းချုပ် သိထားရမယ်။"

"…"

ယန်လီကအနည်းငယ် ပြောစရာစကားမဲ့သွားတယ်။

သူ့လို အမွေအနှစ်ခန်းမစိတ်ဝိညာဉ်က ဘာကို ထိန်းသိမ်းဖို့ လိုနေတာလဲ။

သူက နေ့တိုင်း အိပ်ဖို့ပဲ သိတယ်။

ဘယ်သူက တစ်ခါအိပ်ရင် နှစ်ထောင်ချီပြီး အိပ်နေလို့လဲ။

ဒါ့အပြင်…

အမွေအနှစ်ခန်းမစိတ်ဝိညာဉ်ကို မိန်းကလေးလို့ ခေါ်လို့ရလို့လား။

ယန်လီက အရမ်း သံသယဝင်သွားတယ်။

"ခေတ်နဲ့ သမိုင်း ကြောင်းကို ဖတ်တယ်၊ သူက ယင်းလုံကောင်းကင်ဂူနဲ့ ပတ်သက်ပြီး ဘာများ သိသွားခဲ့လဲ။"

ယန်လီက သူ့ဘာသာသူ တွေးနေတယ်။ "အကြောင်းအရာ အများကြီးက ကျောက်စိမ်းစလစ်စာအုပ်တွေထဲမှာ မှတ်တမ်းတင်မထားဘူး။ အဲ့ဒီအစား၊ သူက တကယ့်အဖြေကို ကိုယ်တိုင် ရှာဖွေဖို့ လိုတယ်။"

ရှု!

ယန်လီရဲ့ ပုံရိပ်က လေထဲမှာ ပျောက်ကွယ်သွားခဲ့တယ်။

"ချီမင်လား။" အမွေအနှစ်ခန်းမစိတ်ဝိညာဉ်က နည်းနည်း စိတ်ဝင်စားသွားပုံရတယ်။ "ယန်လီက သူ့ကို အာရုံစိုက်ရလောက်အောင် ဖြစ်စေတဲ့သူက သာမန်တော့ မဟုတ်လောက်ဘူး။ ဒါပေမဲ့၊ ငါက ဒါကို စိတ်မဝင်စားဘူး။ အိပ်တာက ပိုကောင်းတယ်။"

အမွေအနှစ်ခန်းမစိတ်ဝိညာဉ်ကလည်း လေထဲမှာ ပျောက်ကွယ်သွားခဲ့တယ်။

ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာ၊ ချီမင်က ပြန်ရောက်နှင့်နေပြီ။

အမွေအနှစ်ခန်းမမှာ၊ သူ့ရဲ့ ရရှိမှုတွေက မနည်းလှဘူး။ အနည်းဆုံးတော့၊ သူက အကြောင်းအရာတချို့ကို တကယ် သိရှိနားလည်ခဲ့တယ်။

ကောင်းကင်နဲ့မြေကြီး ကပ်ဘေးရဲ့ အချိန်နဲ့ သဘောတရားအရ၊ ကပ်ဘေးတစ်ခု ဖြစ်ပေါ်ဖို့အတွက် မူလတွေ့ဆုံခြင်း ၉၉ ခု လိုအပ်တယ်။

ရှေးဟောင်းခေတ်ရဲ့ မဟာကပ်ဘေးကြီး ပြီးဆုံးသွားပြီးနောက်၊ လျှို့ဝှက်နက်နဲကမ္ဘာကနီးကပ် ရှေးဟောင်းခေတ်ထဲကို ဝင်ရောက်လာခဲ့တယ်။ နီးကပ်ရှေးဟောင်းခေတ်ရဲ့ အစကနေ အဆုံးအထိ၊ စုစုပေါင်း မူလတွေ့ဆုံခြင်း ၉၈ ခု ဖြတ်ကျော်ခဲ့ပြီးပြီ။

လက်ရှိခေတ်က အခြေခံအားဖြင့် လွန်ခဲ့တဲ့ နှစ် ၁၀၀,၀၀၀ က စတင်ခဲ့တာ။

တစ်နည်းအားဖြင့် ပြောရရင်…

အချိန်စက်ကွင်းအရဆိုရင်၊ နှစ် ၂,၀၀၀ မပြည့်ခင်မှာ၊ နောက်ထပ် ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေးတစ်ခု ဖြစ်ပွားတော့မယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀,၀၀၀ အတွင်းမှာ ဘယ်သူမှ တက်လှမ်းခဲ့ခြင်း မရှိဘူး။

ဒါက ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုပဲ။

"ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေး ဒါမှမဟုတ် ကပ်ဘေးဒုက္ခ ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ငါ အခု လုပ်ရမှာက ငါ့ရဲ့ ခွန်အားကို တိုးမြှင့်ပြီး ပိုပြီး သန်မာလာအောင် လုပ်ဖို့ပဲ။"

ချီမင်က ပြောလိုက်တယ်။ "ငါက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာပဲ လုံလုံခြုံခြုံ ကျင့်ကြံနေမယ်။ ငါ လုံလောက်အောင် သန်မာနေသရွေ့တော့၊ ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေး တကယ် ပေါ်လာရင်တောင်၊ ငါက လုံလုံခြုံခြုံနဲ့ ကျော်ဖြတ်နိုင်မှာပဲ။"

All Chapters