← Chapters

နဂါးပြောင်းလဲခြင်းအတိဒုက္ခ

Vol. 10 Ch. 142

နဂါးပြောင်းလဲခြင်းအတိဒုက္ခ

Vol. 10 Ch. 142

ချီမင်ရဲ့ စကားတွေက တကယ်တော့ကျိုး ကြောင်းဆီလျော်တယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်က လုံလောက်အောင် သန်မာနေသရွေ့ ဘယ်လိုပြဿနာမျိုးကိုမဆို ရင်ဆိုင်နိုင်ပြီး အန္တရာယ်အားလုံးကို မကြောက်မရွံ့ ဖြစ်နေလိမ့်မယ်။

ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီးကပ်ဘေးအောက်မှာတုရှေးခေတ်နတ်ဆိုးဧကရာဇ်ယင်းလုံက ကပ်ဘေးကို မလွှဲမရှောင်သာ ကြုံတွေ့ခဲ့ရတယ်။ သူက နှစ်ပေါင်းတစ်သောင်း ကျင့်ကြံထားတဲ့ သူ့ရဲ့ ယင်းလုံခန္ဓာကိုယ်ကိုသုံးပြီး ကမ္ဘာကြီးရဲ့ အပေါက်ကို ဖာထေးခဲ့ရတယ်။ ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံရဲ့ ခွန်အားနဲ့ပတ်သက်ပြီး သံသယဖြစ်စရာ မရှိဘူး။ သူ့ရဲ့တိုက်ပွဲဝင်ခွန်အားက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ထိပ်မှာသေချာပေါက် ရှိတယ်။

ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံကရှေးဟောင်းနတ်ဆိုးနန်းတော်ကို တည်ထောင်ခဲ့ပြီး ခေတ်တစ်ခေတ်ကို ဖိနှိပ်ချုပ်ချယ်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။ ဒါပေမဲ့ ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံတောင်မှ ကပ်ဘေးဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်။

ဒါကြောင့်…

သန်မာတဲ့ ခွန်အားက အကြွင်းမဲ့ မဟုတ်ဘူး။

အကြောင်းအရင်းပေါင်းများစွာရှိနေသေးတယ်။

ဟုတ်တယ်၊ သူသာ အထက်ဘုံကို တက်လှမ်းသွားခဲ့ရင် လျှို့ဝှက်နက်နဲကမ္ဘာကနေ ထွက်ခွာသွားပြီး ဒီကမ္ဘာရဲ့ သက်ရောက်မှုတွေကို ခံစားရတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀,၀၀၀ အတွင်းမှာ လျှို့ဝှက်နက်နဲကမ္ဘာကနေ ဘယ်သူမှ တက်လှမ်းသွားခဲ့နိုင်ခြင်း မရှိဘူး။

"တက်လှမ်းခြင်း။" ချီမင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်၊ ဒါပေမဲ့ သူ ဘာမှမမြင်ရဘူး။ ဘာမှရှ်ိမနေဘူး။ "ဘယ်လိုလုပ်လွယ်ကူမှာလဲ။"

ချီမင် သိလိုက်ရတာက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တည်ရှိနေတဲ့နေရာက တကယ်တော့ နတ်ဘုရားတောင်ငါးခုထဲက တစ်ခုဖြစ်တဲ့ တောင်ပိုင်းနတ်ဘုရားတောင် ဖြစ်နေတယ်။ တောင်ပိုင်းနတ်ဘုရားတောင် ပြိုကျပြီးတဲ့နောက်မှာအဲ့တာက ဒီတောင်တန်းနဲ့ တောအုပ်အဖြစ် ပြောင်းလဲသွားခဲ့တာတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို တောင်ပိုင်းနတ်ဘုရားတောင် ပြိုကျပြီးနောက် အကြီးမားဆုံး အပိုင်းအစ သုံးခုကနေ သန့်စင်ပြုလုပ်ထားတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ဘယ်လောက်တောင် နက်ရှိုင်းတယ်ဆိုတာကို ဒါကိုကြည့်ရင် သိနိုင် လောက်အောင်လုံ လောက်တယ်။

သူတို့က ပြိုကျပြီးသား တောင်ပိုင်းနတ်ဘုရားတောင်မှာ ဂိုဏ်းကို တည်ဆောက်နိုင်ခဲ့ပြီး အဲ့ဒီတောင်ရဲ့ အကြီးဆုံး အပိုင်းအစ သုံးခုကို ရယူနိုင်ခဲ့တယ်။ ဒါ့အပြင် အဲ့ဒါတွေကို ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်အဖြစ်တောင် သန့်စင်နိုင်ခဲ့သေးတယ်။

ဒီအချက်တွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အင်အားကို သက်သေပြနိုင်တယ်။

"အသက်သွင်းလိုက်။"

အတွေးတစ်ချက်နဲ့ ချီမင်က သူ့ရဲ့ပစ္စည်းစာရင်းကိုဖွင့်ပြီး ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်တယ်။ အဲ့ဒါတွေက အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့နဲ့ နှင်းမြူပုံဆောင်ခဲအပျိုစင်တို့ကို ဆင့်ကဲပြောင်းလဲစေနိုင်တဲ့ သွေးမျိုးဆက်သလင်းကျောက်တွေပဲ ဖြစ်တယ်။

ပစ္စည်း: သွေးမျိုးဆက်သလင်းကျောက် အမှောင်နတ်ဆိုးလင်းနို့။

ဖော်ပြချက်: ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့ အစွန်အဖျား ကနေရရှိတဲ့ 'သွေးမျိုးဆက်သလင်းကျောက်' တစ်ခုဖြစ်တယ်။ နတ်ဆိုးမျိုးနွယ်အမှောင်နတ်ဆိုးလင်းနို့ရဲ့ အမွေအနှစ်နဲ့ သွေးမျိုးဆက်ကို သယ်ဆောင်ထားတယ်။အဲ့တာက အလင်းနဲ့အမှောင်ရဲ့ စွမ်းအားနဲ့အတူ မွေးဖွားလာတယ်။

…

ပစ္စည်း: သွေးမျိုးဆက်သလင်းကျောက်—ရေခဲနတ်ဆိုးမ။

မိတ်ဆက်: ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့အစွန်အဖျားကနေရရှိတဲ့ သွေးမျိုးဆက်သလင်းကျောက်တစ်ခုဖြစ်တယ်။ ကောင်းကင်နဲ့မြေကြီးရဲ့စိတ်ဝိညာဉ်၊ ရေခဲနတ်ဆိုးမရဲ့ အမွေအနှစ်နဲ့ သွေးမျိုးဆက်ကို သယ်ဆောင်ထားတယ်။ သူမက ရေခဲတာအိုရဲ့ စွမ်းအားနဲ့အတူ မွေးဖွားလာတယ်။

…

"ထွက်လာခဲ့။"

ချီမင်က သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့နဲ့ နှင်းမြူပုံဆောင်ခဲအပျိုစင်တို့ တစ်ချိန်တည်းမှာ ပေါ်ထွက်လာပြီး ချီမင်ရဲ့ရှေ့မှာ ရပ်နေကြတယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်မှာပဲ ရှိနေသေးတယ်။

"သခင်။" နှင်းမြူပုံဆောင်ခဲအပျိုစင်က အရိုအသေပြုလိုက်တယ်။

"…"

အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့က ချီမင်ရဲ့ ပတ်ပတ်လည်မှာ ပျံဝဲနေတယ်။

ချီမင်က ခေါင်းညိတ်ပြလိုက်တယ် "နောက်တစ်ခုက မင်းတို့ကို သွေးမျိုးဆက်သလင်းကျောက်နဲ့ ပေါင်းစပ်စေပြီး ဆင့်ကဲပြောင်းလဲခြင်းကို ပြီးမြောက်စေမယ်။"

"ကျေးဇူးတင်ပါတယ် သခင်။" နှင်းမြူပုံဆောင်ခဲအပျိုစင်က ထပ်မံအရိုအသေပြုလိုက်တယ်။

"…"

အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့က အသံတစ်ချက်ပြုလိုက်တယ်။ သူလည်း စိတ်လှုပ်ရှားနေတယ်။

အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့မှာ ဉာဏ်ရည်အလုံအလောက် မရှိဘူး။ အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့ သွေးမျိုးဆက်ရဲ့ ထူးခြားတဲ့သဘာဝကြောင့် အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ကို ရောက်နေပေမဲ့ လည်ပင်းအရိုးကို မသန့်စင်ရသေးလို့ စကားမပြောနိုင်သေးဘူး။

"သွား!"

ရှု! ရှု!

ချီမင်က သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ သွေးမျိုးဆက်သလင်းကျောက်နှစ်ခု ပျံထွက်သွားတယ်။ အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့နဲ့ ပေါင်းစပ်မယ့် သွေးမျိုးဆက်သလင်းကျောက်က အမည်းနဲ့အဖြူရောင်တွေ ဖြစ်ပြီး တစ်ရောင်ချင်းစီက ထက်ဝက်စီ နေရာယူထားတယ်။

သွေးမျိုးဆက်သလင်းကျောက်: အမှောင်နတ်ဆိုးလင်းနို့က တောက်ပတဲ့အလင်းတန်းအဖြစ် ပြောင်းလဲသွားတယ်။ တစ်ခုက အမည်း၊ တစ်ခုက အဖြူ။ အလင်းနဲ့အမှောင်က အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့ကို ဖုံးလွှမ်းပြီး သူ့ထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။

ဝေါင်း!

အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့က ဟိန်းဟောက်လိုက်တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ လေထဲမှာ မျောနေတဲ့ အမည်းနဲ့အဖြူရောင် ဥကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားတယ်။

"ဝင်‌တော့။"

ချီမင်က သူ့ရဲ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်တော့ အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့ကနေ ပြောင်းလဲသွားတဲ့ အမည်းနဲ့အဖြူရောင် ဥကြီးက လေထဲမှာ ပျောက်ကွယ်သွားပြီး ပထမဝိညာဉ်သားရဲနေရာထဲကို ကြီးထွားဖို့ ဝင်ရောက်သွားတယ်။

"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ထည့်လိုက်မယ်။" ချီမင်က ပြောလိုက်တယ်။

တင်း!

"ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။"

"ဝိညာဉ်သားရဲ: အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့ကအဆတစ်သန်း အရှိန်မြှင့်တင်မှုအောက်တွင် ကြီးထွားနေပါတယ်… သွေးမျိုးဆက်သလင်းကျောက် အမှောင်နတ်ဆိုးလင်းနို့နှင့် ပေါင်းစပ်နေပါတယ်။ ကျေးဇူးပြု၍ စိတ်ရှည်ရှည် စောင့်ဆိုင်းပေးပါ…"

အသိပေးချက်တစ်ခု ပေါ်လာတယ်။

"မဆိုးဘူး။" ချီမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။

အရိုးထိအောင် အေးစိမ့်တဲ့ အအေးဓာတ်တစ်ခု လိမ့်တက်လာပြီး ရေခဲပြာရောင် မြူခိုးလှိုင်းတွေ ပျံ့နှံ့လာတယ်။ နှင်းမြူပုံဆောင်ခဲအပျိုစင်က သွေးမျိုးဆက်သလင်းကျောက်ရေခဲနတ်ဆိုးမနဲ့ ပေါင်းစပ်နေတယ်။

ပတ်ဝန်းကျင် အပူချိန်က သိသိသာသာ ကျဆင်းသွားတယ်။

မကြာခင်မှာပဲ နှင်းမြူပုံဆောင်ခဲအပျိုစင်က ရေခဲတောင်ငယ်လေးတစ်ခု ဖြစ်သွားပြီး နှင်းမြူပုံဆောင်ခဲအပျိုစင်က အဲ့ဒီရေခဲတောင်ထဲမှာ အေးခဲနေတယ်။ သူက အသက်ဝင်နေတဲ့ရေခဲရုပ်တုတစ်ခုနဲ့တူနေတယ်။

"မင်းလည်း ဝင်‌တော့။"

ချီမင်က သူ့ရဲ့ဘယ်လက်ကို ထပ်မံဝှေ့ယမ်းလိုက်တော့ နှင်းမြူပုံဆောင်ခဲအပျိုစင်က လေထဲမှာ ပျောက်ကွယ်သွားတယ်။ တကယ်တော့ သူက နှင်းမြူပုံဆောင်ခဲအပျိုစင်ကို တတိယဝိညာဉ်သားရဲ‌ နေရာထဲကို ထည့်ပြီး ကြီးထွားစေလိုက်တာဖြစ်တယ်။

"အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ထည့်မယ်။" ချီမင်က ပြောလိုက်တယ်။

တင်း!

"ထည့်သွင်းခြင်း အောင်မြင်ပါတယ်။"

"ဝိညာဉ်သားရဲ: နှင်းမြူပုံဆောင်ခဲအပျိုစင်က အဆတစ်သန်း အရှိန်မြှင့်တင်မှုအောက်တွင် ကြီးထွားနေပါတယ်… သူမက သွေးမျိုးဆက်သလင်းကျောက်ရေခဲနတ်ဆိုးမနှင့် ပေါင်းစပ်နေပါတယ်။ ကျေးဇူးပြု၍ စိတ်ရှည်ရှည် စောင့်ဆိုင်းပေးပါ…"

အသိပေးချက်တစ်ခု ပေါ်လာတယ်။

"မဆိုးဘူး။" ချီမင်က ထပ်မံခေါင်းညိတ်လိုက်တယ်။

"နောက်တစ်ခုက အမှောင်မီးလျှံရဲ့ နဂါးပြောင်းလဲခြင်းအတိဒုက္ခပဲ။" ချီမင်က ပြောလိုက်တယ်။

အလင်းတန်းတစ်ခု လင်းလက်သွားတယ်။

အမှောင်မီးလျှံက ပေါ်ထွက်လာတယ်။

"သခင်။" အမှောင်မီးလျှံက သူ့ရဲ့ခန္ဓာကိုယ်ကို ကျုံ့လိုက်တယ်။ သူက တစ်မီတာလောက်ပဲ ရှည်ပြီး ချီမင်ရဲ့ရှေ့မှာ ပျံဝဲနေတယ်။

"အမှောင်မီးလျှံ။" ချီမင်က ပြောလိုက်တယ်၊ "မင်းက ဗလာစွန့်ခွာခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီ၊ ပြီးတော့ မင်းရဲ့ လက်ရှိ ကန့်သတ်ချက်ကိုလည်း ရောက်နေပြီ။ နောက်တစ်ခုက မင်း ရှေ့ဆက်တိုးတက်ဖို့အတွက် နဂါးပြောင်းလဲခြင်းအတိဒုက္ခကို ကျော်ဖြတ်ဖို့ လိုတယ်။"

"သခင် စိတ်မပူပါနဲ့။ ကျွန်တော် နဂါးပြောင်းလဲခြင်းအတိဒုက္ခကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ။" အမှောင်မီးလျှံက ပြောလိုက်တယ်။

ချီမင်က ခေါင်းညိတ်လိုက်တယ်။

နဂါးပြောင်းလဲခြင်းအတိဒုက္ခ။

ဒါက စကြဝဠာအထွတ်အထိပ် နဂါးပြောင်းလဲခြင်းကျမ်းရဲ့ အကြီးမားဆုံး ကပ်ဘေးဒုက္ခဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ နဂါးပြောင်းလဲခြင်းအတိဒုက္ခကို သုံးကြိမ် ကျော်ဖြတ်ရတယ်။

အဲ့ဒါတွေကတော့ ရေလွှမ်းနဂါးပြောင်းလဲခြင်း၊ နဂါးပြောင်းလဲခြင်း နဲ့ ယင်းလုံပြောင်းလဲခြင်းတို့ဖြစ်တယ်။

နောက်ဆုံးမှာ နဂါးစစ်စစ်အဖြစ် ပြောင်းလဲပြီး အထက်ကမ္ဘာကို တက်လှမ်းနိုင်လိမ့်မယ်။

"သွား။" ချီမင်က ပြောလိုက်တယ်။

"ဟုတ်ကဲ့။" အမှောင်မီးလျှံက ပြန်ဖြေလိုက်တယ်။

ဝေါင်း!

အမှောင်မီးလျှံက ဟိန်းဟောက်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်က နဂါးပုံစံ အလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားတယ်။ သူက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲကနေ တိုက်ရိုက်ထွက်ပြီး ကောင်းကင်ကို ပျံတက်သွားကာ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ အပြင်ဘက်က နက္ခတ်တာရာအလွှာထဲကို ဝင်ရောက်သွားတယ်။

ဝေါင်း! ဝေါင်း! ဝေါင်း!

နဂါးဟိန်းသံတွေ ထွက်ပေါ်လာပြီး ရေလွှမ်းနဂါးကကောင်းကင်ကို ပျံတက်သွားကာ အမည်းရောင်မီးတောက်တွေက ပျံ့နှံ့သွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ အမည်းရောင် တိမ်အလွှာတစ်ခု ဖြစ်ပေါ်လာတယ်။

"အဲ့ဒါ…"

"ဘာဖြစ်တာလဲ။"

"ရေလွှမ်းနဂါး! ရေလွှမ်းနဂါးပဲ!"

"မဟုတ်ဘူး! မဟုတ်ဘူး!"

"အဲ့ဒါ အမွေခံတပည့် ချီရဲ့ ဝိညာဉ်သားရဲပဲ။"

"ဒါက…"

အမှောင်မီးလျှံကြောင့် ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုက မသေးလှဘူး၊ လူအများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိုက်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ပေါ်က လူတိုင်း လှမ်းကြည့်လိုက်ကြပြီး လူတော်တော်များများက အမှောင်မီးလျှံရဲ့ သရုပ်မှန်နဲ့ နောက်ခံကို သိကြတယ်။

"ဒီဝိညာဉ်သားရဲက ဘာလုပ်ချင်နေတာလဲ။"

"ဒါမှမဟုတ် အမွေခံတပည့် ချီက ဘာလုပ်စေချင်နေတာလဲ။"

"…"

ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်က အမွေခံတပည့်တွေက နားမလည်နိုင် ဖြစ်နေကြတယ်။

ဝေါင်း! ဝေါင်း!

နဂါးဟိန်းသံက အရပ်မျက်နှာတိုင်းကို ပျံ့နှံ့သွားတယ်။

မဟာအကြီးအကဲ တချို့လည်း ဒါကို သတိပြုမိသွားကြတယ်။

ဂျိန်း! ဂျိန်း!

ဒီအချိန်မှာ ကောင်းကင်မှာ နောက်ထပ်အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတယ်။ လျှပ်စီးတွေ ပေါ်လာပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတယ်။ အမည်းရောင်မီးတောက်တွေအပေါ်မှာ တိမ်တိုက်ကြီးတွေ ပေါ်လာတယ်။

စုစုပေါင်း ခြောက်ခု ရှိတယ်။

ဒါ့အပြင် သူတို့က ဖြည်းဖြည်းချင်း စုစည်းလာကြတယ်။

"အိုး။"

"ဒီရေလွှမ်းနဂါးက နဂါးအဖြစ် ပြောင်းလဲချင်နေတာပဲ။"

"ချီမင်ဆိုတဲ့အတိုင်းပဲ။ သူ့ရဲ့ ဝိညာဉ်သားရဲက နဂါးပြောင်းလဲခြင်းလမ်းကို လျှောက်လှမ်းနေတာပဲ။ ဒါက အရမ်းခက်ခဲတဲ့ လမ်းတစ်ခုပဲ။ ရှေးကတည်းက အခုချိန်အထိ တကယ်အောင်မြင်နိုင်တဲ့သူ အရမ်းနည်းတယ်။ ရှေးခေတ်မှာပဲ နဂါးအစစ်တွေ တကယ်ရှိခဲ့တာ။"

"ဒါက နဂါးပြောင်းလဲခြင်းအတိဒုက္ခပဲ။"

"…"

မဟာအကြီးအကဲတွေက တစ်ချက်ကြည့်ရုံနဲ့ သိနိုင်ကြတယ်။

မကြာခင်မှာပဲ နဂါးပြောင်းလဲခြင်းအတိဒုက္ခက ဖြစ်တည်လာတယ်။

ဂျိန်း! ဂျိန်း!

ကြောက်မက်ဖွယ် မိုးကြိုးတိမ်တိုက်တွေက ဆယ်ကီလိုမီတာ ပတ်လည်နေရာကို ဖုံးလွှမ်းသွားပြီး နဂါးအဖြစ် ပြောင်းလဲချင်နေတဲ့ အမှောင်မီးလျှံရေလွှမ်းနဂါးကို ပစ်မှတ်ထားလိုက်တယ်။ လျှပ်စီးမိုးကြိုးတွေက စပါးကြီးမြွေတွေ၊ ရေလွှမ်းနဂါးတွေလို မိုးကြိုးတိမ်တိုက်တွေကြားထဲကနေ ဖြတ်သန်းသွား နေကြတယ်။

ဝေါင်း! ဝေါင်း!

အမှောင်မီးလျှံက မော့ကြည့်ပြီး ဟိန်းဟောက်လိုက်တယ်။

နဂါးပြောင်းလဲခြင်းအတိဒုက္ခဆိုတာ ကောင်းကင်နဲ့မြေကြီးကဖြစ်တည်လာတဲ့ လျှပ်စီးအတိဒုက္ခဖြစ်တယ်။

ဒီလျှပ်စီးအတိဒုက္ခတွေကို ခံနိုင်ရည်ရှိရင် သူတို့ထဲမှာ ပြန်လည်မွေးဖွားနိုင်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ လက်ဆောင်ကို ရလိမ့်မယ်။ အတိဒုက္ခအပြီးမှာ ပြန်လည်မွေးဖွားပြီး နဂါးအဖြစ် အောင်အောင်မြင်မြင်ဆင့်ကဲပြောင်းလဲနိုင်လိမ့်မယ်။

မအောင်မြင်ခဲ့ရင်တော့ သေဆုံးသွားပြီး သူ့မှာရှိသမျှ အရာအားလုံးက ကမ္ဘာကြီးဆီ ပြန်ရောက်သွားလိမ့်မယ်။

ဂျိန်း!

တစ်ခဏအတွင်းမှာပဲ နဂါးပြောင်းလဲခြင်းအတိဒုက္ခက ပေါက်ကွဲထွက်လာတယ်။

သူက လုံလောက်တဲ့ ခွန်အားကို စုဆောင်းပြီးသွားပြီ။

လျှပ်စီးနဲ့မိုးကြိုးက လေထုကို ဆွဲဖြဲလိုက်တယ်။

ပတ်ဝန်းကျင်ကို လင်းထိန်သွားစေတယ်။

နေရာလွတ်ရဲ့ ထက်ဝက်လောက် ကွဲထွက်သွားတယ်။ ငွေခရမ်းရောင် လျှပ်စီးက အရမ်းကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းအားကို သယ်ဆောင်ထားပြီး အမှောင်မီးလျှံဆီကို လက်ကနဲ ပစ်လွှတ်လိုက်တယ်၊ သူ့ကို ဖျက်ဆီးပစ်ချင်နေပုံပေါ်တယ်။

ဝေါင်း!

အမှောင်မီးလျှံက ဟိန်းဟောက်လိုက်ပြီး နဂါးအသက်ရှုခြင်းကို ထုတ်လွှတ်လိုက်တော့မယုံနိုင်လောက်အောင်ကြီးမားတဲ့ အမည်းရောင်မီးတိုင်ကြီးအဖြစ် ပြောင်းလဲသွားတယ်။ ပထမဆုံး လျှပ်စီးအတိဒုက္ခနဲ့ တိုက်မိပြီး ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားတယ်။

ပထမဆုံး လျှပ်စီးအတိဒုက္ခကို တားဆီးနိုင်လိုက်ပြီ။

ဂျိန်း!!!

ချက်ချင်းဆိုသလိုပဲ ဒုတိယ၊ တတိယ၊ စတုတ္ထ…

ဒီ နဂါးပြောင်းလဲခြင်းအတိဒုက္ခက မိုးကြိုးတိမ်တိုက်ခြောက်ခု စုစည်းထားလို့ စုစုပေါင်း လျှပ်စီးအတိဒုက္ခခြောက်ခု ရှိတယ်။ ဒါ့အပြင် တစ်ခုချင်းစီက အရင်တစ်ခုထက် ပိုပြင်းထန်ပြီး ပိုကြမ်းတမ်းတယ်။

ဝေါင်း! ဝေါင်း!

အမှောင်မီးလျှံက ထပ်ခါထပ်ခါ ဟိန်းဟောက်နေတယ်၊ နဂါးသွေးတွေ ပန်းထွက်လာပြီးနဂါးအကြေးခွံတွေ ကွာကျကုန်တယ်၊ လျှပ်စီးက သူ့ရဲ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတယ်… လျှပ်စီးကြောင်းတွေက သူ့ရဲ့နဂါးကိုယ်ပေါ်မှာ ခုန်ပေါက်နေတယ်…

သူ့ရဲ့တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားတယ်…

"ဒါ… ဒါ…"

"လျှပ်စီးအတိဒုက္ခ! တကယ်ပဲ လျှပ်စီးအတိဒုက္ခပဲ!"

"အဲ့ဒီရေလွှမ်းနဂါးက တကယ်ပဲ အတိဒုက္ခကို ကျော်ဖြတ်နေတာ!"

"ဟူး…"

"ဒါက နဂါးပြောင်းလဲခြင်းအတိဒုက္ခ ဖြစ်နိုင်မလား။ ချီမင်ရဲ့ ဝိညာဉ်သားရဲက တကယ်ပဲ နဂါးပြောင်းလဲခြင်းလမ်းကို လျှောက်လှမ်းခဲ့တာပဲ။ ဒီရေလွှမ်းနဂါးက ဒီလောက်တောင်အင်အားကြီးတာ မအံ့ဩတော့ဘူး။"

"ဒီရေလွှမ်းနဂါး အောင်မြင်နိုင်ပါ့မလား။"

"သူ့ရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်နေပြီ။"

"…"

ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်က အမွေခံတပည့်တွေအားလုံး အမှောင်မီးလျှံရဲ့ အတိဒုက္ခကို အာရုံစိုက်နေကြတယ်။ သူတို့က အခြေအနေကို နားလည်သွားကြပြီး အရမ်းအံ့ဩတုန်လှုပ်နေကြတယ်။

ဘုန်း!

အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာတယ်။

ပဉ္စမမြောက် လျှပ်စီးအတိဒုက္ခ ကျရောက်လာတယ်။

ဒီစွမ်းအားက တကယ်ပဲ အရမ်းပြင်းထန်တယ်။ အမှောင်မီးလျှံက လျှပ်စီးအတိဒုက္ခလေးခုကို ဖြတ်ကျော်ခဲ့ပြီး ဒဏ်ရာရနေတာနဲ့ ပေါင်းလိုက်တော့ ဒီလျှပ်စီးအတိဒုက္ခက အမှောင်မီးလျှံရဲ့ ခန္ဓာကိုယ်ကို ထိမှန်ပြီး သူ့ရဲ့နဂါးလက်သည်းတွေကိုသွေးမှုန်တွေဖြစ်သွားစေပြီးကောင်းကင်တောင်ပြည့်နှက်သွား‌စေတယ်။

အမှောင်မီးလျှံက ဟိန်းဟောက်ပြီး အော်ဟစ်လိုက်တယ်။

ချီမင်က မတ်တပ်ရပ်လိုက်တယ်။ သူက အမှောင်မီးလျှံရဲ့ ပြင်းထန်စွာ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်၊ "နဂါးပြောင်းလဲခြင်းအတိဒုက္ခရဲ့ စွမ်းအားက တကယ်ပဲ ဒီလောက်ပြင်းထန်တာလား။ ပဉ္စမမြောက်ကို ရောက်နေပြီ၊ ဒါပေမဲ့ အမှောင်မီးလျှံရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်လွန်းတယ်။ သူ ခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်။"

ချီမင်က ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာကို လည်ပတ်လိုက်တယ်။

သူက ကူညီချင်တယ်။

"သခင်… သခင်…" အမှောင်မီးလျှံက အသံပို့လိုက်တယ်၊ "ကျွန်တော်… ကျွန်တော်… လုပ်နိုင်တယ်…"

ချီမင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ စုစည်းထားတဲ့ တာအိုစွမ်းအင်တွေကို ထိန်းချုပ်လိုက်တယ်။ သူ အသုံးပြုချင်နေတဲ့ အံ့ဖွယ်စွမ်းအားကိုလည်း ဖယ်ထားလိုက်တယ်၊ "ဒီလိုဆိုရင်တော့ အမှောင်မီးလျှံ၊ မင်း ကိုယ့်ဘာသာကိုယ် အောင်မြင်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်လိုက်မယ်။"

ဝေါင်း!

တစ်ခဏအတွင်းမှာပဲ အမှောင်မီးလျှံက နဂါးဟိန်းသံတစ်ချက် ပြုလိုက်တယ်။ သူက သူ့ရဲ့စွမ်းအားအားလုံးကို ပေါက်ကွဲထွက်စေပြီး ယင်းလုံကိုးပါးပြောင်းလဲခြင်းကို အသုံးပြုလိုက်တယ်။ ဒီအချိန်မှာ သူက ကောင်းကင်ကို ပျံတက်သွားတဲ့ အမည်းရောင် ယင်းလုံအဖြစ် ပြောင်းလဲသွားပုံရတယ်။

ဂျိန်း!

ဆဋ္ဌမမြောက် လျှပ်စီးအတိဒုက္ခ ကျရောက်လာတယ်။

ဒါက ခရမ်းရောင်လျှပ်စီးပဲ။

အဲ့ဒီထဲမှာ ပါဝင်တဲ့ စွမ်းအားက အမှောင်မီးလျှံရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားတယ်။

ဘုန်း ဘုန်း ဘုန်း!!!

ဂျိန်း! ဂျိန်း!!!

ဒီအချိန်မှာ မရေမတွက်နိုင်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး တဂျိန်းဂျိန်းအသံတွေ ထွက်ပေါ်လာတယ်။ အလင်းရောင်အမျိုးမျိုး လင်းလက်နေပြီး မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ အဖြူရောင်အလင်းက ကောင်းကင်ကို ပိတ်ဆို့ထားတယ်… တုန်ခါနေတဲ့ စွမ်းအင်ကြောင့် ပတ်ဝန်းကျင်ကနက္ခတ်တာရာချီတွေ ပြင်းထန်စွာ လှုပ်ခတ်သွားတယ်။

All Chapters