ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နှင့် ကောင်းကင်လျှို့ဝှက်ချက်စုတ်တံကို အသက်သွင်းခြင်း
Vol. 10 Ch. 144
ချီမင်က နောက်ပိုင်းအချိန်တွေကို ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာပဲ ကျင့်ကြံရင်း ကုန်ဆုံးစေခဲ့တယ်။ အပြင်လောကရဲ့ အပြောင်းအလဲတွေကတော့ အရင်အတိုင်းပဲ။ ကြီးကြီးမားမား လှုပ်ခတ်မှုတွေလည်း မရှိသလို၊ မဟာကပ်ဘေးဒုက္ခ ကျရောက်တော့မယ့် အရိပ်အယောင်တွေလည်း မတွေ့ရဘူး။
ဂိုဏ်းတွေ၊ မိသားစုတွေတိုင်းကတော့ အရင်းအမြစ်တွေအတွက် မကြာခဏဆိုသလို တိုက်ခိုက်နေကြတယ်။
ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာတော့ ဘာအထွေအထူးမှ ဖြစ်မလာတော့ဘူး။
အခြေခံအားဖြင့်တော့ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ရဲ့ မျိုးနွယ် (၁၂) ခုကအမွေခံတပည့်တွေက သူတို့ရဲ့ ဂူစံအိမ်တွေမှာ ကျင့်ကြံနေကြတယ်၊ ဒါမှမဟုတ် အတွေ့အကြုံသစ်တွေရှာဖို့၊ အသိပညာတိုးပွားဖို့၊ တိုက်ခိုက်ရေးအတွေ့အကြုံတွေ မြှင့်တင်ဖို့၊ အခွင့်အလမ်းတွေ ရှာဖွေဖို့၊ ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်ဖို့စသဖြင့် လုပ်ဆောင်နေကြတယ်။
ချီမင်တစ်ယောက်ပဲ အစကနေအဆုံးထိ ကောင်းကင် ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကနေ တစ်ခါမှ ထွက်မသွားခဲ့ဖူးဘူး။
(အရင်က ပြန်ခဲ့တဲ့ရှစ်ထောင့်ဆိုတာ ပါ့ကွားကိုပြောမှန်းသိလို့ပြင်လိုက်ပါပြီ အရင်ပိုင်းတွေကိုလည်းတဖြည်းဖြည်းလိုက်ပြင်ပေးပါ့မယ်)
အဲ့ဒီညမှာ
ချီမင် အချိန်ရတဲ့အခါ သူကအပြောင်းအလဲပါ့ကွားအခြေတည်ဝိညာဉ် နဲ့ ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအားကို သုံးပြီး ကောင်းကင်လျှို့ဝှက်ချက်စာအုပ် နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံ ကို ဖွင့်ဖို့ ကြိုးစားကြည့်ချင်စိတ်ပေါက်လာတယ်။
နောက်ဆုံးတော့ သူ တကယ်ပဲ အောင်မြင်သွားတယ်။ ဘာအခက်အခဲမှ မရှိလိုက်ဘူး။
အလင်းတန်းတွေ စီးဆင်းလာတယ်။
ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ကောင်းကင်လျှို့ဝှက်ချက်စုတ်တံက လေပေါ်ကို ပျံတက်သွားပြီး လင်းလက်လာတယ်။သန့်စင်တဲ့အဖြူရောင်အလင်းရောင်က နေတစ်စင်းလိုတောက်ပလာပြီး ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်တစ်ခုလုံးကို လင်းထိန်သွားစေတယ်။
“သူ… သူ တကယ်ပဲ ဖွင့်နိုင်ခဲ့တာပဲ။”
ရှန်ကွမ်းဝမ်ကော ပေါ်လာတယ်။ သူ့မျက်နှာမှာ အံ့ဩတဲ့အရိပ်အယောင်တစ်ခု ပေါ်လာပြီး ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ရဲ့ ကောင်းကင်ယံမှာ ပေါ်လာတဲ့ ပါ့ကွားပုံစံကို ကြည့်ရင်း အရမ်းကို တုန်လှုပ်ခြောက်ခြားတဲ့လေသံနဲ့ ပြောလိုက်တယ်။ “သူက ပါ့ကွားယင်ယန် အံ့ဖွယ်စွမ်းအားကို ဒီလောက်မြန်မြန် ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာပဲ။”
“ဒါ… ဒါကတော့…”
တုန်လှုပ်မှု။
အရမ်းကိုတုန်လှုပ်စရာကောင်းတယ်။
ပါ့ကွားယင်ယန် အံ့ဖွယ်စွမ်းအားဆိုတာ သာမန်အဆင့်သိုင်းနည်းစနစ်မဟုတ်ဘူး။အသေးစားအံ့ဖွယ်စွမ်းအား တစ်ခု ဖြစ်တယ်။ ဒါ့အပြင် ဒါက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ဂုဏ်အယူရဆုံး အံ့ဖွယ်စွမ်းအားတွေထဲက တစ်ခုလည်း ဖြစ်တယ်။
အရင်တုန်းက ရှန်ကွမ်းဝမ်ကောနဲ့ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်တို့ တိုက်ပွဲမှာ သူက ဒီ ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအားကြောင့်အကြီး အကျယ် အထိနာခဲ့ဖူးတယ်။ ဒါကြောင့် ဒီအသေးစားအံ့ဖွယ်စွမ်းအားကို သူ ခုထိ သေသေချာချာ မှတ်မိနေသေးတယ်။
အခုတော့ ချီမင်ကပါ့ကွားယင်ယန် အံ့ဖွယ်စွမ်းအား ကို ရထားတာ ဆယ်နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်။ဒီအသေးစားအံ့ဖွယ်စွမ်းအားကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီ။
ဒီလို ပါရမီမျိုး…
ဒီလို အလားအလာမျိုး…
ရှန်ကွမ်းဝမ်ကောကချီမင်ကြောင့် လုံးဝကို မှင်သက်သွားတယ်။
“မယုံနိုင်စရာပဲ။”
ရှန်ကွမ်းဝမ်ကောက ဆက်ပြောတယ်။ “တကယ်ကို မယုံနိုင်စရာကောင်းလွန်းတယ်။ သူ့ရဲ့ ပါရမီက ဘယ်အဆင့်ထိ ရောက်နေပြီလဲ။ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံရဲ့ ချိတ်စည်းကို ဖွင့်ချင်တယ်ဆိုရင် အပြောင်းအလဲနိမိတ်ဖတ်ကျမ်း ကို အခြေတည်ဝိညာဉ်အဆင့်အထိ ကျင့်ကြံရသလို၊ ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအားကိုလည်း ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံထားဖို့ လိုတယ်။”
“သူ အားလုံး လုပ်နိုင်ခဲ့တယ်။”
“ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်…”
ရှန်ကွမ်းဝမ်ကောက အသက်ပြင်းပြင်းရှူလိုက်ပြီး လျှို့ဝှက်တံခါး ပါ့ကွားပုံစံရဲ့ အလင်းရောင်ကို ကြည့်နေတယ် “ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ဆိုတဲ့အတိုင်းပဲ။ ဒီလိုမျိုး ကိုယ်ပိုင်တပည့်ကို ရှာတွေ့ခဲ့တာကိုး”
“ဟား ဟား ဟား…” ရှန်ကွမ်းဝမ်ကော ကျယ်လောင်စွာ ရယ်မောလိုက်တယ်။
ကောင်းကင်ပျက်သုဉ်းတားမြစ်နယ်မြေထဲမှာ လှိုင်းဂယက်တွေ ထွက်ပေါ်လာတယ်။
မြူခိုးတွေ ဝေနေတယ်။
“ဘယ်… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!”
ချက်ချင်းပဲ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ တုန်လှုပ်ခြောက်ခြားသံက တားမြစ်နယ်မြေကနေ ထွက်ပေါ်လာတယ်။
ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကလည်း ချီမင်ဘက်က အခြေအနေကို အာရုံခံမိသွားတယ်။ သူ တုန်လှုပ်သွားပြီး မဖြစ်မနေ ပြန်နိုးထလာရတယ်။ ချီမင်ရဲ့ ကျင့်ကြံမှုအရှိန်ကြောင့် သူ တကယ်ကို ထိတ်လန့်အံ့ဩသွားတယ်။
“ငါ့ရဲ့ ဒီကိုယ်ပိုင်တပည့်က ဒီလောက်တောင် မွန်းစတားဆန်တာလား။”
ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကပြောလိုက်တယ် “ဟား ဟား ဟား… အရမ်းကောင်းတာပဲ”
ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ချီမင်ကို သူ့ရဲ့ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခဲ့တဲ့အကြောင်းရင်းကချီမင်ဆီမှာ ကောင်းကင်ရဲ့အလုပ်လုပ်ပုံကိုမြင်ခဲ့ရပြီး မျှော်လင့်ချက်ရောင်ခြည်လေး မြင်ခဲ့ရလို့ပဲ ဖြစ်တယ်။
အခု ချီမင်က ဒီလိုမျိုး သာမန်ထက်လွန်ကဲတဲ့ ထူးခြားဆန်းကြယ်တဲ့ ပါရမီကို ပြသလိုက်တော့ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က သံသယမဝင်တဲ့အပြင် အရမ်းကို ပျော်ပြီးစိတ်လှုပ်ရှားသွားတယ်။
ချီမင်က ပိုသန်မာပြီး ပါရမီပိုရှိလေလေ၊ အနာဂတ်မှာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်အတွက် အကူအညီပိုပေးနိုင်လေပဲဖြစ်တယ်။
ဒီအချိန်မှာတော့ ချီမင်ကအပြောင်းအလဲနိမိတ်ဖတ်ကျမ်း ရဲ့ပါ့ကွားအခြေတည်ဝိညာဉ်နဲ့ ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအားကို သုံးပြီး ကောင်းကင်လျှို့ဝှက်ချက်စာအုပ် နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံ ပေါ်ကချိတ်စည်းကိုကို လုံးဝ ဖွင့်လှစ်ပြီးသွားတယ်။ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ရဲ့ ရတနာနှစ်ပါးက ချီမင်ရဲ့ရှေ့မှာ အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီ။
အလင်းတန်းတွေ တောက်ပလာတယ်။
“ကောင်းကင်လျှို့ဝှက်ချက်စာအုပ် ထဲကနေ မရေမတွက်နိုင်တဲ့ အဆောင်သင်္ကေတစာလုံးတွေ ထွက်ပေါ်လာတယ်။ စာမျက်နှာတွေ တစ်ရွက်ပြီးတစ်ရွက် လှန်သွားပြီး ကျယ်ပြန့်တဲ့အလင်းရောင်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာကာ ကောင်းကင်လျှို့ဝှက်ချက်အိမ် တော်တစ်ခုလုံးကို လွှမ်းခြုံသွားတယ်။
ဒီအချိန်မှာ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ရဲ့ လှုံ့ဆော်မှုအောက်မှာ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်က လုံးဝ ပြန်လည်ကောင်းမွန်သွားတယ်။
အပြင်လောကကနေ ကြည့်လိုက်ရင် ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်တစ်ခုလုံးကို အဖြူရောင်အလင်းလွှာတစ်ခုက ဖုံးအုပ်ထားပြီး ထူးဆန်းတဲ့ပါ့ကွားပုံစံတစ်ခု ဖြစ်ပေါ်နေတယ်။ အဲဒါကအိမ်တော်ထဲက အရာအားလုံးကို ပိတ်ဆို့ထားပြီး ဘာကိုမှ မမြင်နိုင်ဘူး။
ကောင်းကင်ယံမှာ ယန်လီနဲ့ မဟာအကြီးအကဲတွေ ပေါ်လာကြတယ်။
“ဒါက…”
“ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်က ဒီလောက်မြန်မြန် ပြန်အသက်ဝင်လာတာပဲ။”
“ချီမင် ဘယ်လိုလုပ်လိုက်တာလဲ။”
“မယုံနိုင်စရာပဲ။”
ယန်လီနဲ့ မဟာအကြီးအကဲတွေ အံ့ဩတကြီး ရေရွတ်လိုက်ကြတယ်။
မကြာခင်မှာပဲ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကလုံးဝ ပြန်လည်ရှင်သန်လာတယ်။
ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ဆိုတာ သာမန်အိမ်တော်မဟုတ်ဘူး။ ဒါက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့အိမ်တော်ဖြစ်တယ်။ဘယ်လိုလုပ် သာမန်အိမ်တော် ဖြစ်နိုင်မှာလဲ။
အတိအကျပြောရရင် ကောင်းကင်လျှို့ဝှက်ချက်အိမ် တော်ကိုယ်တိုင်က အရမ်းအစွမ်းထက်တဲ့ ဓမ္မရတနာတစ်ခုဖြစ်တယ်။ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အကန့်အသတ်ကို ရောက်နေပြီးသား။ အင်မော်တယ်ပစ္စည်း ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။
ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်က သီးခြားနေရာလွတ်တစ်ခုကို ဖန်တီးထားတယ်။
သူ့မှာဟင်းလင်းပြင်ဖန်တီးခြင်းဆိုတဲ့အံ့ဖွယ်စွမ်းအား ရှိတယ်။
ရှပ်! ရှပ်!
နောက်တစ်ခဏမှာပဲ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံဆီကနေ အလင်းတန်းသုံးခု ပျံထွက်လာခဲ့တယ်။ အဲဒီအထဲမှာ ပြိုင်ဘက်ကင်းနက်နဲတဲ့ စာလုံးတွေ ပါဝင်နေတယ်။ ချီမင်ကမရှောင်တိမ်းလိုက်ဘူး။ အလင်းတန်းသုံးခုက သူ့စိတ်ထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။
ဘုန်း!
သန့်စင်သုံးပါးတာအိုကျမ်းကလည်ပတ်သွားတယ်။
အလင်းတန်းသုံးခုက ချီမင်ရဲ့ ခန္ဓာကိုယ်ထဲမှာဖိနှိပ်ခံလိုက်ရတယ်။
သူတို့ တဖြည်းဖြည်း ပေါ်ထွက်လာတယ်။
အဲဒါတွေကမွေးရာပါအပြောင်းအလဲတာအိုရယူခြင်းကျမ်း လျှို့ဝှက်နက်နဲတံခါးနိမိတ်ဖတ်အံ့ဖွယ်စွမ်းအားနဲ့ ဓာတ်ငါးပါးစက်ဝန်းအံ့ဖွယ်စွမ်းအား တို့ပဲ ဖြစ်တယ်။
“ဒါက…”
ချီမင်ရဲ့ မျက်လုံးတွေ အရောင်တောက်လာပြီးသန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ဆက်လက်လည်ပတ်စေလိုက်တယ်။ သန့်စင်ခြင်းသုံးပါးအခြေတည်ဝိညာဉ်က ကျမ်းကို ရွတ်ဖတ်နေပြီး အလင်းတန်းသုံးခုက တဖြည်းဖြည်း သန့်စင်သွားတယ်။
မကြာခင်မှာပဲ ချီမင်က အဲ့ဒီအလင်းတန်းသုံးခုကို သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲလိုက်နိုင်တယ်။
ဒီလိုနဲ့ သူက သူတို့ကို စုပ်ယူပြီး မှတ်သားလိုက်တယ်။
“သြော်… ဒီလိုကိုး။”
ချီမင် နားလည်သွားတယ်”မွေးရာပါအပြောင်းအလဲတာအိုရယူခြင်းကျမ်းက တာအိုကိုရယူပြီး တက်လှမ်းဖို့ အခြေခံကျတဲ့ နည်းလမ်းပဲ။ အပြောင်းအလဲနိမိတ်ဖတ်ကျမ်းကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးရင် ငါ ဒါကို ကျင့်ကြံလို့ရပြီ။”
“လျှို့ဝှက်နက်နဲတံခါးနိမိတ်ဖတ်အံ့ဖွယ်စွမ်းအားနဲ့ ဓာတ်ငါးပါးစက်ဝန်းစွမ်းအားက အသေးစားအံ့ဖွယ်စွမ်းအားတွေပဲ။ ဒီအသေးစားအံ့ဖွယ်စွမ်းအား နှစ်ခုနဲ့ ပါ့ကွားယင်ယန် အံ့ဖွယ်စွမ်းအားကို ပေါင်းစပ်လိုက်ရင် ပိုပြီးတော့တောင်သန်မာတဲ့ စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်။”
“အသေးစားအံ့ဖွယ်စွမ်းအားသုံးခု ပေါင်းစပ်လိုက်တဲ့အခါ သူတို့ရဲ့ စွမ်းအားက အဆုံးမရှိတော့ဘူး။ ကောင်းကင်ရဲ့အလုပ်လုပ်ပုံကို တွက်ချက်နိုင်တယ်၊ ကောင်းကင်ရဲ့အလုပ်လုပ်ပုံကို ပြောင်းလဲနိုင်တယ်၊ ကောင်းကင်ကို အန်တုနိုင်ပြီး ကံကြမ္မာကို ပြောင်းလဲနိုင်တယ်။ အရာအားလုံးကို တွက်ချက်နိုင်ပြီး ကမ္ဘာကြီးကို ထိန်းချုပ်နိုင်တယ်။”
“ဒါကြောင့်ပဲ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကို ကောင်းကင်လျှို့ဝှက်ချက်လို့ ခေါ်ကြတာကိုး။”
“ဒါတွေအားလုံးက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ အခြေခံအကျဆုံး နည်းလမ်းတွေပဲ။”
ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ချီမင်ကို သူ့ရဲ့ကိုယ်ပိုင်တပည့်အဖြစ် အမှန်တကယ် သဘောထားခဲ့တယ်။ သူက သူ့ရဲ့ အမွေအနှစ်အားလုံးကို ချီမင်ဆီ လက်ဆင့်ကမ်းပေးတယ်။
သူ ဘာတစ်ခုမှ ချန်မထားခဲ့ဘူး။
ချက်ချင်းပဲ ချီမင်ကတင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံကို အမှန်တကယ်စတင်သန့်စင်တော့တယ်။ ရတနာနှစ်ပါးရဲ့ အဆင့်အတန်းက အရမ်းမြင့်မားပြီး အခြေတည်ဝိညာဉ်အဆင့်ထက် အများကြီး ကျော်လွန်နေတယ်။
ချီမင်က အစောပိုင်းအဆင့် သန့်စင်ခြင်းကိုပဲ စတင်နိုင်ခဲ့ပြီး သူ့ရဲ့ အမှတ်အသားကို ထည့်သွင်းနိုင်တယ်။
ဒါနဲ့တင် လုံလောက်နေပါပြီ။
ချက်ချင်းပဲ ချီမင်က ကောင်းကင်လျှို့ဝှက်ချက်စာအုပ် နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံ ကတစ်ဆင့် ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို သန့်စင်ပြီး ထိန်းချုပ်နိုင်အောင် ကြိုးစားလိုက်တယ်။ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကလည်း အရမ်းမြင့်မားတဲ့အဆင့်ရှိတဲ့ ဓမ္မရတနာတစ်ခုဖြစ်တယ်။ ချီမင်က အစောပိုင်းအဆင့်ထိပဲ သန့်စင်နိုင်တယ်။
ကောင်းကင်လျှို့ဝှက်ချက်စာအုပ် နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံတို့က ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က အသေးစားအံ့ဖွယ်စွမ်းအားနည်းစနစ်သုံးခုနဲ့ အထူးသန့်စင်ထားတဲ့ ကောင်းကင်ရဲ့ ရတနာတွေ ဖြစ်တယ်။ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက် သူ့ရဲ့ အထွတ်အထိပ်အင်အားရှိနေချိန်မှာ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ ကံကြမ္မာတစ်မျှင်ကို အတင်းအကျပ် ဖြတ်ယူပြီးကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ကောင်းကင်လျှို့ဝှက်ချက်စုတ်တံ ထဲကို ပေါင်းစပ်ထည့်သွင်းခဲ့တယ်။
ဒါတွေက ကောင်းကင်လျှို့ဝှက်ချက် အထွတ်အထိပ်ရတနာနှစ်ပါးပဲ။
သူတို့က တိုက်ခိုက်ရေးမှာ အစွမ်းထက်ချင်မှထက်လိမ့်မယ်၊ ဒါပေမဲ့ တခြားကဏ္ဍတွေမှာတော့ အရမ်းကို အစွမ်းထက်တယ်။
သူတို့ကိုချီမင်ကယာယီပိုင်ဆိုင်ထားတယ်။
ဒီရတနာသုံးပါးကို သန့်စင်ပြီးတော့ချီမင်က ကောင်းကင်လျှို့ဝှက်ချက်စုတ်တံနဲ့ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်ရဲ့ စွမ်းအားကို အကြမ်းဖျင်း နားလည်သွားတယ်။ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်အကြောင်းကိုလည်း အလားတူ နားလည်မှုရရှိသွားတယ်။
“ကောင်းပြီ။”
ချီမင် နိုးထလာတယ်။ သူ့ရဲ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ကောင်းကင်လျှို့ဝှက်ချက်စုတ်တံနဲ့ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်က အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့လက်ထဲကို ကျရောက်လာကာ တောက်ပတဲ့အရောင်အဝါတွေ ထုတ်လွှတ်နေတယ်။
ရှပ်!
ချီမင်က သူ့ညာဘက်လက်ကို ဆုပ်လိုက်တာနဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံ နဲ့ ကောင်းကင်လျှို့ဝှက်ချက်စာအုပ် က သူ့ရဲ့ဒန်တျန်းထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။ကိုယ်ပိုင်ရတနာသုံးခုလိုပဲ သူတို့ကသုံးပါးသန့်စင်ခြင်းသုံးပါးအခြေတည်ဝိညာဉ်ကို ဝန်းရံထားလိုက်ကြတယ်။
“ကျေးဇူးတင်ပါတယ်၊ ဆရာ။”
ပြီးတော့ ချီမင်က ကောင်းကင်ပျက်သုဉ်းတားမြစ်နယ်မြေရှိရာကို ဦးညွှတ်အရိုအသေပေးလိုက်တယ်။
ဒီအချိန်မှာ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်က လုံးဝ ပြန်လည်ကောင်းမွန်လာတယ်။ ချီမင်ရဲ့ရှေ့မှာ အရောင်အသွေးစုံလင်တဲ့ အလင်းတန်းတွေ စုစည်းလာပြီး ဆံပင်ဖြူလူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။
“အိမ်တော်စိတ်ဝိညာဥ် စုချီမန်က သခင်လေးကို ဂါရဝပြုပါတယ်။”
ဆံပင်ဖြူလူငယ်က ချီမင်ကို ဦးညွှတ်အရိုအသေပေးလိုက်တယ်။
ချီမင်က မတ်တပ်ရပ်လိုက်ပြီး ဒီအိမ်တော်စိတ်ဝိညာဉ်ကို အကဲခတ်ကြည့်လိုက်တယ်။ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ကောင်းကင်ပျက်သုဉ်းတားမြစ်နယ်မြေထဲမှာ သူ့ကိုယ်သူစည်းခတ်လိုက်ပြီးနောက်မှာ ဒီအိမ်တော်စိတ်ဝိညာဥ်ကလည်း အိပ်စက်ခြင်းထဲ ကျရောက်သွားပြီး ဒီနေ့မှ အမှန်တကယ် ပြန်နိုးထလာခဲ့တယ်။
ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲမှာ ကောင်းကင်ဂူကိုးခု ရှိတယ်။
ကောင်းကင်ဂူတစ်ခုစီက ကမ္ဘာငယ်လေးတစ်ခုလိုပဲ။ ဒါ့အပြင် ကောင်းကင်ဂူတစ်ခုစီရဲ့ နယ်နိမိတ်နဲ့ အရွယ်အစားက ယင်းလုံကောင်းကင်ဂူထက် မနိမ့်ကျဘူး။ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ထိန်းချုပ်နိုင်ပြီးတော့သူက ဒီကောင်းကင်ဂူကိုးခုကိုပါ ထိန်းချုပ်နိုင်သွားပြီ။
ဒီကောင်းကင်ဂူကိုးခုထဲမှာသဘာဝကျကျပဲသက်ရှိသတ္တဝါတွေ အများကြီးရှိတယ်။
ဒါ့အပြင် ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကိုလည်းကောင်းကင်ဂူကိုးခုထဲမှာ ဖြန့်ဝေထားတယ်။ကောင်းကင်ဂူကိုးခုထဲက ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်အားလုံးကို စုစည်းလိုက်နိုင်ရင် အရမ်းအစွမ်းထက်တဲ့ အင်အားစုကြီးတစ်ခု ဖြစ်လာမှာ သေချာတယ်။
ကောင်းကင်ဂူတွေဆိုတာနားမလည်နိုင်လောက်တဲ့ ကျင့်ကြံမှုအဆင့်ရှိတဲ့ ကျွမ်းကျင်သူတွေမှသာ ဖွင့်လှစ်နိုင်တဲ့ သီးခြားနေရာလွတ်တွေဖြစ်တယ်။ လျှို့ဝှက်နက်နဲကမ္ဘာအခြေခံအရကောင်းကင်ဂူတစ်ခု ဖွင့်လှစ်တယ်ဆိုတာ ကောင်းကင်နဲ့မြေကြီးကို ခွဲခြမ်းနိုင်တဲ့ ကြီးမားတဲ့စွမ်းအားတစ်ခုလိုဖြစ်တယ်။
သာမန်အားဖြင့်ကောင်းကင်ဂူတစ်ခု တည်ထောင်ချင်တယ်ဆိုရင် အနည်းဆုံးတော့ တာအိုပေါင်းစည်းခြင်းအဆင့် ရောက်နေမှ အောင်မြင်နိုင်တယ်။
ကောင်းကင်ဂူရဲ့ အရွယ်အစားကို ကောင်းကင်ဂူငယ် ၊ကောင်းကင်ဂူကြီး၊ကောင်းကင်ဂူကောင်းချီးမြေနဲ့ ကောင်းကင်ဂူကမ္ဘာဆိုပြီး ခွဲခြားထားတယ်။
ကောင်းကင်လျှို့ဝှက်ချက်စံအိမ်ရဲ့ ကောင်းကင်ဂူကိုးခုလုံးက ကောင်းကင်ဂူကမ္ဘာတွေချည်းပဲဖြစ်တယ်။
သူတို့အားလုံးကကြီးဆုံး ကောင်းကင်ဂူအမျိုးအစားတွေဖြစ်တယ်။
ယင်းလုံကောင်းကင်ဂူကလည်းကောင်းကင်ဂူကမ္ဘာတစ်ခုဖြစ်တယ်။
သာမန်အားဖြင့်ကောင်းကင်ဂူကမ္ဘာထဲမှာ သက်ရှိသတ္တဝါတွေလည်း ကျင့်ကြံနိုင်ကြတယ်။
ကောင်းကင်ဂူကို လုံးဝစည်းမခတ်ထားဘူးဆိုရင် ကောင်းကင်ဂူကမ္ဘာထဲက ကျင့်ကြံခြင်းက ဘာတားမြစ်ချက်မှ ရှိမှာမဟုတ်ဘူး။
တကယ်လို့ကောင်းကင်ဂူကို လုံးဝစည်းခတ်လိုက်ပြီး ကောင်းကင်ဂူကမ္ဘာနဲ့ လျှို့ဝှက်နက်နဲကမ္ဘာကြားက ဆက်သွယ်မှုကို ဖြတ်တောက်လိုက်မယ်ဆိုရင်ကျင့်ကြံခြင်းကကောင်းကင်ဂူကမ္ဘာရဲ့တားမြစ်ချက်ခံရပြီး ဘယ်သူမဆိုမြင့်မားတဲ့အဆင့်အထိ ကျင့်ကြံဖို့ ခက်ခဲသွားလိမ့်မယ်။
သာမန်အားဖြင့်တော့ သူတို့ကကောင်းကင်ဂူကမ္ဘာကို ဖန်တီးခဲ့သူရဲ့ လမ်းစဉ်ကိုပဲ ကျင့်ကြံနိုင်ကြတော့တယ်။
နှစ်ပေါင်းသောင်းချီကြာအောင် ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကအသက်ဝင်မှုမရှိခဲ့ပေမယ့် လုံးဝစည်းခတ်ခံထားရတာတော့ မဟုတ်ဘူး။
ဒီလိုဆိုတော့ကောင်းကင်ဂူကမ္ဘာကိုးခုကလည်း လုံးဝ စည်းခတ်ခံထားရတာ မဟုတ်ဘူး။ကောင်းကင်ဂူကမ္ဘာကိုးခုထဲက သက်ရှိသတ္တဝါတွေကလည်းသဘာဝအတိုင်းတားမြစ်ချက်မရှိဘူး။
ဒီလောက်အချိန်တွေ ကြာပြီးတော့ ဒီကောင်းကင်ဂူကမ္ဘာကိုးခုက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ မွေးထုတ်ပေးခဲ့မှာ သေချာတယ်။
တကယ်လို့ သူသာကောင်းကင်ဂူကိုးခုလုံးကို လုံးဝ လက်အောက်ခံဖြစ်အောင် လုပ်နိုင်ခဲ့ရင် ချီမင်က အစွမ်းထက်တဲ့ လက်အောက်ငယ်သား အများကြီးကို ထိန်းချုပ်ပြီးရနိုင်မှာ သေချာတယ်။
သူကတော့ ဒီကိစ္စအပေါ်မှာ သိပ်စိတ်ဝင်စားမှု မရှိ ပေမယ့်ကောင်းကင်ဂူကိုးခုကို သွားကြည့်ဖို့တော့ သူ့ကိုမတားဆီးနိုင်ဘူး။နေ့တိုင်း ကျင့်ကြံနေရတာ ပျင်းစရာကောင်းတယ်။အချိန် ဖြုန်းဖို့ တစ်ခုခုရှာပြီးလုပ်လို့ရတယ်။