စုချီမန်
Vol. 10 Ch. 145
ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ရဲ့ ကောင်းကင်ဂူကိုးခုကို ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ လျှို့ဝှက်နက်နဲတံခါးနိမိတ်ဖတ်ခြင်းနဲ့ ပါ့ကွားတွေကို အစွဲပြုပြီး နာမည်ပေးထားတာဖြစ်တယ်။
အဲဒါတွေက: လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူ၊ ဖုံးကွယ်ချပ်ဝတ်တန်ဆာကောင်းကင်ဂူ၊ ပါ့ကွားကောင်းကင်ဂူ၊ ယင်ယန်ကောင်းကင်ဂူ၊ လေဧကရီကောင်းကင်ဂူ၊ ထိုက်ချီကောင်းကင်ဂူ၊ အစွန်းနှစ်ခုကောင်းကင်ဂူ၊အရပ်လေးမျက်နှာကောင်းကင်ဂူ နဲ့ ပြောင်းလဲခြင်းကျမ်းကောင်းကင်ဂူတို့ဖြစ်တယ်။
စုစုပေါင်း ကိုးခုရှိတယ်။
ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ခုမှစပြီး သန့်စင်နေဆဲဖြစ်တယ်။ သူက လျှို့ဝှက်နက်နဲတံခါးကောင်းကင်ဂူရဲ့ဝင်ပေါက်ကိုပဲ ဖွင့်နိုင်သေးပြီး အဲဒီထဲကိုပဲ လောလောဆယ် ဝင်လို့ရသေးတယ်။
“စုချီမန်၊” ချီမင်က ပြောလိုက်တယ်။ “မင်းက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ရဲ့အိမ်တော်စိတ်ဝိညာဉ်ပဲ။ မင်းက ငါ့ထက်ပိုသိတယ်။ ဒီကောင်းကင်လျှို့ဝှက်ချက်အိမ်တော်အကြောင်း၊ ကောင်းကင်ဂူကိုးခုအကြောင်းနဲ့ အိမ်တော်ရဲ့ အခြေအနေတွေကို ငါ့ကိုပြောပြစမ်း။”
“ဟုတ်ကဲ့ပါ၊ သခင်လေး။” စုချီမန်က ခေါင်းညိတ်လိုက်တယ်။ “ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲမှာ သူ့ကိုယ်ပိုင်ကမ္ဘာတွေ ရှိပါတယ်။ သခင်လေး အိမ်တော်ထဲရောက်နေချိန်မှာ ရန်သူတွေကို တိုက်ခိုက်ဖို့ အိမ်တော်ရဲ့စွမ်းအားကို သုံးနိုင်ပါတယ်။”
“ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲမှာ ကြယ်တာရာ ၂၈ လုံးအစီအရင်၊ လျှို့ဝှက်နက်နဲတံခါးနိိမိတ်အစီအရင်၊ ဓာတ်ငါးပါးစက်ဝန်းအစီအရင်၊ ပါ့ကွားယင်ယန်အစီအရင် နဲ့ တခြားမတူညီတဲ့ အစီအရင်ပုံစံတွေ အများကြီးရှိပါသေးတယ်။ အရွယ် အစားစုံလင်တဲ့ အစီအရင်ပေါင်း ၁၀၈ ခု ရှိပါတယ်။”
“အကုန်လုံးပေါင်းလိုက်ရင် မတူညီတဲ့ ပြောင်းလဲမှုပေါင်း ၁၂၉,၆၀၀ ခုရှိပါတယ်။”
“သခင်လေးက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ခုမှစပြီး သန့်စင်ရုံပဲရှိသေးတော့ အိမ်တော်ရဲ့စွမ်းအားကို အစပိုင်းအဆင့်ပဲ ဖမ်းဆုပ်နိုင်ပါသေးတယ်။ အသက်မသွင်းနိုင်သေးတဲ့ ဒါမှမဟုတ်မသုံးနိုင်သေးတဲ့ စွမ်းရည်တွေ အများကြီး ကျန်ပါသေးတယ်။”
“ကောင်းကင်ဂူကိုးခုနဲ့ ပတ်သက်လို့ကတော့ သခင်လေးရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်ပါသေးတယ်။ သခင်လေးက အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်ပဲ ရှိပါသေးတယ်။ ကောင်းကင်ဂူကိုးခုထဲကို လေ့ကျင့်ဖို့ ဒါမှမဟုတ် ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ကို လက်အောက်ခံစေဖို့ ဝင်ချင်တယ်ဆိုရင်တော့ ကျွန်တော်ထင်တာကတော့ အနည်းဆုံး ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်တော့ ရှိရမယ်။ တာအိုပေါင်းစည်းအဆင့်ဆို ပိုကောင်းပါတယ်။”
“…”
စုချီမန်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်နဲ့ ကောင်းကင်ဂူကိုးခုအကြောင်းကို ချီမင်ကို တစ်ခုပြီးတစ်ခု မိတ်ဆက်ရှင်းပြလိုက်တယ်။
သူက အိပ်ပျော်နေတာ အရမ်းကြာသွားလို့ နှစ်သောင်းချီ ကြာသွားခဲ့ပြီ။ ကောင်းကင်ဂူကိုးခုထဲက အခြေအနေတွေ ဘယ်လိုဖြစ်နေမလဲဆိုတာ သူလည်းမသိဘူး။
ဒီလိုအခြေအနေမျိုးမှာတော့ သူက ချီမင်ကို လောလောဆယ် ကောင်းကင်ဂူကမ္ဘာထဲကို မဝင်ဖို့ပဲ အကြံပေးနိုင်တယ်။ အရင်ဆုံး သူ့ရဲ့ကျင့်ကြံမှုနဲ့ ခွန်အားကို မြှင့်တင်ပြီးမှ ဝင်တာ ပိုကောင်းလိမ့်မယ်။
“ဆရာဖန်တီးခဲ့တဲ့ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ဆိုတဲ့အတိုင်းပဲ။ ကောင်းကင်လျှို့ဝှက်ချက်တာအိုနဲ့ အသေးစားအံ့ဖွယ်စွမ်းအားနည်းစနစ်သုံးခုကို အပြည့်အဝ ပေါင်းစပ်ထားပြီးသားပဲ။ ကာကွယ်ဖို့မဖြစ်နိုင်တဲ့ ပြောင်းလဲမှုတွေလည်း အများကြီးရှိနေသေးတယ်။”
ချီမင်က စိတ်ထဲကနေ လျှို့ဝှက်စွာချီးကျူးလိုက်တယ်။ “ကောင်းကင်ဂူကမ္ဘာအတွက်တော့ ငါစိတ်မလောပါဘူး။ ကောင်းကင်ဂူကိုးခုက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲမှာပဲ ရှိနေပြီး အဲဒီနဲ့ ဆက်စပ်နေတာပဲ။ ငါကြိုက်တဲ့အချိန် သွားလို့ရတယ်။”
“သခင်လေး ဒီလိုတွေးတာ စိတ်သက်သာရာရပါတယ်”စုချီမန်က ပြောတယ်။
ပြီးတော့ ချီမင်က စုချီမန်နဲ့ အကြောင်းအရာတော်တော်များများ စကားပြောကြတယ်။ စုချီမန်ကလည်း လွန်ခဲ့တဲ့အနှစ်တစ်သောင်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ အများကြီးကို ချီမင်ကို ပြန်ပြောပြတော့ ချီမင်လည်း အများကြီး သိခွင့်ရသွားတယ်။
“စုချီမန်၊ မင်းနောက်ဆုံးတော့ နိုးလာပြီပေါ့။”
အဲဒီအချိန်မှာ ရှန်ကွမ်းဝမ်ကောက အဓိကခြံဝင်းတံခါးကို ရောက်လာပြီး အေးစက်စက်လေသံနဲ့ ပြောလိုက်တယ်။
စုချီမန်က လှမ်းကြည့်လိုက်တယ်။ သူ့မျက်နှာအမူအရာက မပြောင်းလဲပေမယ့် သူ့မျက်လုံးထဲမှာတော့ ရွံရှာမုန်းတီးမှုတွေ ပြည့်နေတယ်။ “မင်းက မသေဘဲ ရှိနေသေးတာကိုး။”
“ဟဲဟဲ။” ရှန်ကွမ်းဝမ်ကောက ချက်ချင်းပဲ သရော်ပြုံးပြုံးလိုက်တယ်။ “ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက် သေရင်တောင် ငါမသေဘူး။”
“ဟက်!” စုချီမန်က နှာခေါင်းတစ်ချက်ရှုံ့ပြီး ချီမင်ကို လက်သီးယှက်အရိုအသေပေးရင်း ပြောလိုက်တယ်။ “သခင်လေး၊ ဒီရှန်ကွမ်းဝမ်ကောရဲ့ နောက်ကြောင်းကို သိပါသလား။”
“ငါလည်း သေချာမသိဘူး။” ချီမင်က ပြန်ပြောတယ်။
“အဲဒီအချိန်တုန်းက အကြောင်းကိုကျွန်တော် ပြန်ပြောပြပါမယ်။”
စုချီမန်က ရှန်ကွမ်းဝမ်ကောရဲ့ အကြောင်းကို စတင်ဖော်ထုတ်လာတယ်။ “သူက အစကတော့ ကံဆိုးမိုးမှောင်ကျနေတဲ့ ကျောင်းတော်သားတစ်ယောက်ပဲ။ သူ့မိန်းမကို မှီခိုပြီးပဲ အသက်ရှင်နေရတာ။ စာကို ကြိုးစားသင်ယူပြီး ရွှေအဆင့်သတ်မှတ်ချက်ကိုဝင်ဖို့ပဲ စိတ်အားထက်သန်ခဲ့တယ်။ စာမေးပွဲဖြေဖို့ မြို့တော်ကို တက်သွားပေမယ့် ဘာမှ အရာမထင်ခဲ့ဘူး။ စိတ်ဓာတ်ကျပြီး အိမ်ပြန်ရောက်တော့ သူ့မိသားစုအားလုံး သေဆုံးနေတာကို တွေ့လိုက်ရတယ်။ ပြီးတော့...”
“စုချီမန်၊ ပါးစပ်ပိတ်ထားစမ်း!”
ရှန်ကွမ်းဝမ်ကောက ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးတွေက နီရဲလာတယ်။ သူ့ခန္ဓာကိုယ်အနှံ့မှာ နတ်ဆိုးချီတစ်မျိုးနဲ့ နတ်ဘုရားတာအိုချီတစ်မျိုးကအဆုံးမရှိစီးဆင်းလာတယ်။ “မင်းနောက်တစ်ခွန်းထပ်ပြောကြည့်၊ မင်းယုံချင်ယုံ မယုံချင်နေမင်းကို လုံးဝပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်။။”
“ဟီးဟီး...”
စုချီမန်က လှောင်ပြုံးပြုံးပြီးပြောတယ်။ “အဘိုးကြီး၊ မင်းဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ။ မင်းရဲ့လက်ရှိအခြေအနေက မင်းရဲ့ကျင့်ကြံမှုအားလုံး စည်းခတ်ခံထားရတာလေ။ မင်းဘာလုပ်နိုင်မှာလဲ။”
“မင်းစမ်းကြည့်လို့ရတယ်။” ရှန်ကွမ်းဝမ်ကောက တစ်လုံးချင်းပြောတယ်။
“သခင်လေး။” စုချီမန်ရဲ့ အကြည့်တွေက တောက်ပလာတယ်။ “လွန်ခဲ့တဲ့ အနှစ်တစ်သောင်းတုန်းက ရှန်ကွမ်းဝမ်ကောဆိုတာ လူ့အသက်ကို ဖွဲနဲ့ဆန်ကွဲလို သဘောထားတဲ့ နတ်ဆိုးအိုကြီးတစ်ကောင်ပဲ။ သူက အစပိုင်းမှာ နတ်ဆိုးတာအို ကို ကျင့်ကြံခဲ့ပြီး လမ်းတစ်ဝက်မှာ နတ်ဘုရားတာအိုကို ပြောင်းကျင့်ကြံခဲ့တယ်။”
“ပြီးတော့...”
“နတ်ဆိုးတာအိုနဲ့ နတ်ဘုရားတာအိုကို ပေါင်းစပ်ဖို့အတွက် သူက ကပ်ဘေးဒုက္ခကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲပြီး တောင်ပိုင်းဒေသတစ်ခုလုံးကို လွှမ်းခြုံသွားစေမယ့် ကပ်ဘေးဒုက္ခတစ်ခုကို ကြံစည်ခဲ့တယ်။ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ အပြစ်အနာအဆာကင်းတဲ့ အစီအစဉ်နဲ့ လွတ်လမ်းမဲ့ ပ်ိုက်ကွန်ကိုမဆင်ထားခဲ့ရင် တောင်ပိုင်းဒေသတစ်ခုလုံး ဆင်းရဲဒုက္ခ ရောက်တော့မှာ။”
“သူ့လို နတ်ဆိုးအိုကြီးကို တိုက်ရိုက်ဖျက်ဆီးပစ်သင့်တယ်။”
“ရယ်စရာပဲ။” ရှန်ကွမ်းဝမ်ကောက မထီမဲ့မြင်ပြုတဲ့ လေသံနဲ့ နှာခေါင်းရှုံ့လိုက်တယ်။ “မင်းကရော ဘယ်လောက်ကောင်းမယ်ထင်နေလို့လဲ။ စုချီမန်၊ မင်းက မူလက မြောက်ပင်လယ်တစ်ဝိုက်မှာ အကြီး အကျယ်ဖျက်ဆီးပြီးလူပေါင်းမရေမတွက်နိုင်အောင် သေစေခဲ့တဲ့မြောက်ပင်လယ်နတ်ဆိုးနဂါးတစ်ကောင်ပဲလေ။ နောက်ဆုံးတော့ မင်းလည်း အဲဒီအဘိုးကြီး၊ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ လက်ထဲကျသွားတာပဲ မဟုတ်လား။ မင်းကိုတောင် ဒီကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ရဲ့ စိတ်ဝိညာဉ်အဖြစ် သန့်စင်ခံလိုက်ရသေးတယ်။”
“အပြစ်တွေနဲ့ ပတ်သက်ရင်တော့...”
“မင်းလည်း အပြစ်တွေ အများကြီး ကျူးလွန်ခဲ့တာပဲ။”
“ဒါက သူခိုးက လူပြန်ဟစ်နေတာပဲမဟုတ်လား။”
“သခင်လေး၊” ရှန်ကွမ်းဝမ်ကောက ပြောတယ်။ “ကျွန်တော်ထင်တာကတော့ ဒီစုချီမန်ရဲ့ အနှစ်သာရဝိညာဉ်ကို သန့်စင်ပြီး သခင်လေးရဲ့ ဝိညာဉ်သားရဲကို စုပ်ယူခိုင်းလိုက်ရင် ပိုကောင်းမယ်။ သူ့ရဲ့ဝိညာဉ်သားရဲကို တတိယမြောက် နဂါးပြောင်းလဲခြင်းအတိဒုက္ခကို တိုက်ရိုက်ကျော်လွှားပြီး တစ်ဆင့်တည်းနဲ့ ကောင်းကင်ဘုံကို ရောက်သွားပြီး ယင်းလုံနဂါးဖြစ်သွားနိုင်တယ်။”
“ဘာလဲ?” စုချီမန် အံ့အားသင့်သွားတယ်။ “ဝိညာဉ်သားရဲ? နဂါးပြောင်းလဲခြင်းအတိဒုက္ခ? ဒါ... သခင်လေး...”
“ဒါလည်း ဟုတ်တယ်။” ချီမင်က ခေါင်းညိတ်လိုက်တယ်။
“အနက်ရောင်မီးလျှံ၊ ထွက်ခဲ့။”
ချီမင်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ အနက်ရောင်အလင်းတန်းတစ်ခု လက်ခနဲထွက်လာပြီး အနက်ရောင်မီးလျှံက ဝိညာဉ်သားရဲကြီးထွားရာနေရာကနေ ထွက်လာကာ လူပုံစံကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။
“သခင်။” အနက်ရောင်မီးလျှံက အရိုအသေပေးလိုက်တယ်။
ချီမင်က ခေါင်းညိတ်ပြလိုက်တယ်။
“ဒါ...ဒါ...”
စုချီမန် ကြက်သေသေသွားတယ်။ သူ့အကြည့်တွေက အနက်ရောင်မီးလျှံပေါ် ကျရောက်သွားပြီး အသက်ရှူမှားသွားကာအံ့သြသွားတယ်။ “န...နဂါးပြောင်းလဲခြင်း လမ်းစဉ်... သူ...သူ နဂါးပြောင်းလဲခြင်းအတိဒုက္ခကိုတောင် ကျော်ဖြတ်ပြီးသွားပြီ။”
“နဂါး! တကယ်ပဲ နဂါးပါလား!”
လျှို့ဝှက်နက်နဲကမ္ဘာမှာ နဂါးစစ်သွေးပါတဲ့ နတ်ဆိုးတွေက မတူညီတဲ့ လမ်းနှစ်သွယ်ကို ရွေးချယ်နိုင်တယ်။
ပထမတစ်ခုက နဂါးပြောင်းလဲခြင်း လမ်းစဉ်ပဲ။
မတူညီတဲ့ ဂုဏ်သတ္တိတွေ၊ အမျိုးအစားတွေရှိတဲ့ နဂါးပြောင်းလဲခြင်းကျမ်းကို ကျင့်ကြံပြီး နဂါးပြောင်းလဲခြင်းအတိဒုက္ခကို ကျော်ဖြတ်ကာ တစ်ဆင့်ပြီးတစ်ဆင့် နဂါးစစ်ဖြစ်လာရတယ်။ ပြီးရင်တော့ အထက်ကမ္ဘာကို တက်လှမ်းပြီး နဂါးအစစ်တစ် ကောင်ဖြစ်သွားတယ်။
အဲဒီအချိန်ကျရင် အထက်ဘုံကို ရောက်သွားရင်တောင်နဂါးစစ်အင်မော်တယ်အဖြစ်နဲ့ သူ့အဆင့်အတန်းက နိမ့်မှာမဟုတ်ဘူး။
ဒုတိယအမျိုးအစားကတော့ ကျင့်ကြံခြင်းလမ်းစဉ်ပဲ။
အဲဒါက နဂါးအဖြစ်မပြောင်းလဲဘဲ ကျင့်ကြံမှုနည်းစနစ်အဆင့်ကိုပဲ ကျင့်ကြံရတယ်။ ပုံမှန်အခြေအနေမှာတော့ သူ့ရဲ့ကျင့်ကြံမှုကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပြီး နောက်ဆုံးမှာ အထက်ကမ္ဘာကို တက်လှမ်းသွားတယ်။ဒါပေမဲ့ ဒီအခြေအနေမှာတော့ အထက်ကမ္ဘာရောက်သွားရင် သူ့အဆင့်အတန်းက အရမ်းနိမ့်ကျနေမယ်။
နဂါးပြောင်းလဲခြင်းလမ်းစဉ်က ကျင့်ကြံခြင်းလမ်းစဉ်ထက် သိသိသာသာ ပိုခက်ခဲတယ်။
ပြီးတော့ အန္တရာယ်လည်း များတယ်။
နဂါးပြောင်းလဲခြင်းလမ်းစဉ်က ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ရုံတင်မကဘူး၊ နဂါးပြောင်းလဲခြင်းအတိဒုက္ခသုံးခုကိုပါ ကျော်ဖြတ်ရတယ်။ တစ်ကြိမ်ထက်တစ်ကြိမ် ပိုအန္တရာယ်များလာတယ်။ သတိမထားရင် အရာအားလုံး ဆုံးရှုံးပြီး သေသွားနိုင်တယ်။
ကျင့်ကြံခြင်းလမ်းစဉ်ကို ကျင့်ကြံဖို့က ကောင်းကင်ကပ်ဘေးကိုပဲ ကျော်ဖြတ်ဖို့လိုတယ်။
အနက်ရောင်မီးလျှံက နဂါးပြောင်းလဲခြင်း လမ်းစဉ်ကို လျှောက်လှမ်းနေတယ်။ ပြီးတော့ သာမန်နဂါးပြောင်းလဲခြင်းလည်း မဟုတ်ဘူး။ သူက စကြဝဠာအထွတ်အထိပ်နဂါးပြောင်းလဲခြင်းကျမ်းကို ကျင့်ကြံနေတာဖြစ်တယ်။ ဒါက ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံရဲ့ အခြေခံနည်းစနစ်ဖြစ်တယ်။
စုချီမန် လျှောက်လှမ်းခဲ့တာက နဂါးပြောင်းလဲခြင်း လမ်းစဉ်မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက မူလကတည်းက မြောက်ပင်လယ်နတ်ဆိုးနဂါးတစ်ကောင်ဖြစ်တယ်။ သူ့ရဲ့နဂါးစစ်သွေးမျိုးဆက်က နဂါးအဆင့်မှာ ရှိနေပြီးသားဖြစ်တယ်။ သူလည်း တစ်ချိန်က နဂါးပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းဖို့ စဉ်းစားခဲ့ဖူးပေမယ့် အရမ်းအန္တရာယ်များပြီး ခက်ခဲလွန်းလို့ စွန့်လွှတ်ခဲ့တယ်။ သူက ကျင့်ကြံခြင်းလမ်းစဉ်ကိုပဲ လျှောက်လှမ်းခဲ့တယ်။
“မင်္ဂလာပါ။” အနက်ရောင်မီးလျှံက စုချီမန်ကို နှုတ်ဆက်လိုက်တယ်။
“သ...သခင်လေး...ဒါ......”
စုချီမန်ရဲ့ မျက်နှာက နေရာမှာတင် တောင့်တင်းသွားတယ်။ သူ့စိတ်ထဲမှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားပြီး မှင်သက်မိနေတယ်။ အနက်ရောင်မီးလျှံက နဂါးပြောင်းလဲခြင်းအတိဒုက္ခကို ကျော်ဖြတ်သွားလို့တင် တုန်လှုပ်နေတာ မဟုတ်ဘူး။
အဓိကကတော့ သူက အနက်ရောင်မီးလျှံရဲ့ အသက်အရွယ်ကို သတိထားမိလိုက်လို့ဖြစ်တယ်။
အနက်ရောင်မီးလျှံ လူပုံပြောင်းလိုက်တော့ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ပဲ ရှိသေးတယ်။
သူက အရမ်းငယ်လွန်းတယ်။
သူ့ရဲ့ တကယ့်အသက်က အနှစ်တစ်ရာတောင် မကျော်သေးဘူး။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?”
စုချီမန်ကအံ့သြသွားတယ်။ “ဝိညာဉ်သားရဲတစ်ကောင်က နဂါးပြောင်းလဲခြင်းလမ်းစဉ်ကို ဘယ်လိုလျှောက်လှမ်းနိုင်မှာလဲ? ပြီးတော့ အောင်မြင်ပြီး နဂါးပြောင်းလဲခြင်းအတိဒုက္ခကို ကျော်ဖြတ်ပြီး နဂါးဖြစ်လာသေးတယ်တဲ့လား။”
“ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ နဂါးပြောင်းလဲခြင်းအတိဒုက္ခကို ကျော်ဖြတ်တယ်ဆိုတာ...”
“ဒါက တကယ်ကို မယုံနိုင်စရာပဲ။”
“အရမ်းကို မွန်းစတားဆန်လွန်းတယ်!”
“သခင်လေး။”
ရှန်ကွမ်းဝမ်ကောက ဆက်ပြောတယ်။ “စုချီမန်က မြောက်ပင်လယ်နတ်ဆိုးနဂါးတစ်ကောင်ပဲ။ သူ့ခန္ဓာကိုယ်ထဲက နဂါးစစ်သွေးက အရမ်းသိပ်သည်းတယ်။ ပြီးတော့ အရင်တုန်းက သူ့ရဲ့ကျင့်ကြံမှုအဆင့်ကလည်း မနိမ့်ဘူး။ သခင်လေး၊ သခင်လေးရဲ့ ဝိညာဉ်သားရဲက သူ့ကိုဝါးမျိုလိုက်ရင် အကြီးအကျယ် ကြီးထွားလာလိမ့်မယ်လို့ ကျွန်တော်ယုံတယ်။”
“မင်း...မင်း စောက်ပေါက်ပန်းလေးဆယ်လျှောက်ပြောမနေနဲ့..”
စုချီမန် သတိပြန်ဝင်လာတယ်။ သူ တုန်လှုပ်ခြောက်ခြားသွားပြီး မျက်နှာက ဖြူဖျော့သွားတယ်။ သူ နှစ်သောင်းချီတဲ့ အိပ်စက်ခြင်းကနေ ခုမှနိုးထလာတာ၊ မကြီးထွားသေးတဲ့ နဂါးငယ်လေးတစ်ကောင်ရဲ့ အစာဖြစ်သွားဖို့ သူ မလိုလားဘူး။
“သ...သခင်လေး။”
စုချီမန်က အမြန်ပြောလိုက်တယ်။ “ရှန်ကွမ်းဝမ်ကောရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို လုံးဝနားမယောင်ပါနဲ့။ သခင်လေးရဲ့ ဝိညာဉ်သားရဲရဲ့ အရည်အချင်းက ကမ္ဘာပေါ်မှာ ရှားပါးပြီး ပြိုင်ဘက်ကင်းပါတယ်။”
“ဒီလိုအခြေအနေမျိုးမှာ သခင်လေးရဲ့ ဝိညာဉ်သားရဲက နဂါးပြောင်းလဲခြင်းအတိဒုက္ခကို ကျော်ဖြတ်ပြီးသွားပြီ။ ကျွန်တော့်ကို မျိုလိုက်ရင် သခင်လေးရဲ့ ဝိညာဉ်သားရဲအတွက် အကျိုးရှိမှာ မဟုတ်တဲ့အပြင် သခင်လေးရဲ့ ဝိညာဉ်သားရဲရဲ့ သွေးမျိုးဆက်ကိုတောင် ညစ်ညမ်းစေလိမ့်မယ်။ တကယ့်ကို မတန်ပါဘူး။”
“ရှန်ကွမ်းဝမ်ကောက ဒါကို လုံးဝမသိလို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပါ။”
“သခင်လေး၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ။”
စုချီမန်က ဦးညွှတ်လိုက်တယ်။
“တော်ပြီ။”
ချီမင်က သူ့ညာလက်ကို ဝှေ့ယမ်းပြီး အနက်ရောင်မီးလျှံကို ဝိညာဉ်သားရဲကြီးထွားတဲ့နေရာဆီ ပြန်သွားခိုင်းလိုက်တယ်။
“မင်းတို့နှစ်ယောက်က ဒီလောက်တောင် မသင့်မြတ်ကြဘူးလား? အစကတည်းက တစ်ယောက်ကိုတစ်ယောက် သတ်ချင်နေကြတာလား?”
ချီမင်က စုချီမန်နဲ့ ရှန်ကွမ်းဝမ်ကောကို ကြည့်လိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ရဲ့ ပဋိပက္ခက အရမ်းသိသာနေတယ်။ တုံးနေတဲ့လူတစ်ယောက်မဟုတ်သေးဘူးဆိုရင်ပြောလို့ရတယ်။
“ဘာလဲ?”
“ဘာလို့ မင်းတို့ငါ့ကို မပြောပြတာလဲ?”
“ဒါက...” စုချီမန် စဉ်းစားနေတယ်။
“ဟီးဟီး။”
ရှန်ကွမ်းဝမ်ကောက အကြိမ်အနည်းငယ် လှောင်ပြုံးပြုံးပြီး မထီမဲ့မြင်ပြုတဲ့လေသံနဲ့ ပြောတယ်။ “ဒီကိစ္စက သိပ်ရှင်းပါတယ်။ အရင်တုန်းက ကျွန်တော် ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ပိုက်ကွန်ထဲ ကျသွားလို့ သူနဲ့အလောင်းအစားလုပ်ရပြီး ရှုံးနိမ့်သွားတယ်။ သူ့လက်အောက်ခံဖြစ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး။”
“အဲဒီတိုက်ပွဲက ရှုပ်ထွေးလွန်းတယ်။ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ရတနာတော်တော်များများ ပျက်စီးသွားတယ်။ တိုက်ပွဲပြီးသွားတော့ သူက ရတနာအမျိုးမျိုးကို သန့်စင်ဖို့ နည်းလမ်းရှာရတော့တယ်။”
“ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို သန့်စင်ချင်ပေမယ့် အိမ်တော်စိတ်ဝိညာဉ်တစ်ခု လိုအပ်နေခဲ့တယ်။ ဒါကြောင့် သူက ကောင်းကင်လျှို့ဝှက်ချက်နည်းစနစ်ကိုသုံးပြီး မြောက်ပင်လယ်နတ်ဆိုးနဂါးက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်စိတ်ဝိညာဉ်အတွက် အသင့်တော်ဆုံးဖြစ်တယ်ဆိုတာကို သိသွားပြီး ပစ်မှတ်ထားခဲ့တယ်။”
“အဲဒီတုန်းက သူ့ကိုဖမ်းခဲ့တာ ကျွန်တော်ပဲ။”
“ဒီရေချိုငါးအိုကြီးက ငါးရှဉ့်တစ်ကောင်လိုသိပ်ချောလွန်းတယ်။ သူ့ပါးစပ်က အထူးသဖြင့် ပုပ်စော်နံတယ်။ အဲဒီတုန်းက တော်တော်လေး အရိုက်ခံခဲ့ရတာ...”
“ရှန်ကွမ်းဝမ်ကော!”
စုချီမန် ဟိန်းဟောက်လိုက်တယ်။ “မင်းဘာတွေဂုဏ်ယူနေတာလဲ? အဲဒီတုန်းက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကောင်းကင်လျှို့ဝှက်ချက်အစီအရင်ထဲမှာ ပိတ်မိလို့ ငါ့ရဲ့စွမ်းအားနဲ့အံ့ဖွယ်စွမ်းအားတွေရဲ့ (၅၀)% တောင် ထုတ်သုံးနိုင်တာမဟုတ်ဘူး။ ငါဘယ်လိုလုပ် မင်းပြိုင်ဘက်ဖြစ်နိုင်မှာလဲ?”
“မင်းကတော့ လက်မခံချင်တဲ့ပုံပဲ။”
ရှန်ကွမ်းဝမ်ကောက အေးစက်စက်ပြောလိုက်တယ်။ “မင်းလက်မခံဘူးလား? ဒါဆို နောက်တစ်ခါ ထပ်ပြိုင်ကြမလား?”
“လုပ်စမ်းပါ၊ မင်းကိုကြောက်မယ်ထင်နေလား?” စုချီမန် အော်လိုက်တယ်။
“တော်ကြ တော့။” ချီမင်က ဆူလိုက်တယ်။ “မင်းတို့နှစ်ယောက်လုံး ပါးစပ်ပိတ်ထား။ မင်းတို့အသက်အရွယ်နဲ့ဆို နှစ်ယောက်လုံး အသက် ၁၀၀,၀၀၀ နီးပါးရှိနေပြီ။ နည်းနည်းလောက် ရင့်ကျက်လို့မရဘူးလား?”
“ဘယ်နှစ်နှစ်တောင် ကြာနေပြီလဲ? ဘာလို့ ခုထိ မမေ့နိုင်သေးတာလဲ?”
“သခင်လေးပြောတာ မှန်ပါတယ်။”
စုချီမန်က ခေါင်းငုံ့လိုက်တယ်။
“သခင်လေး ဒီလိုပြောမှတော့ သူ့ကို လွှတ်ပေးလိုက်ပါ့မယ်။”
ရှန်ကွမ်းဝမ်ကောက ပခုံးတွန့်လိုက်တယ်။
“မင်း...”
စုချီမန်က မျက်မှောင်ကြုတ်ပြီး ပြန်စိုက်ကြည့်လိုက်တယ်။
“မင်းတို့နှစ်ယောက် သွားလို့ရပြီ။”
ချီမင်က သူ့ညာလက်နဲ့ နဖူးကိုကိုင်ပြီး လက်ဝှေ့ယမ်းလိုက်တယ်။