← Chapters

နောက်တစ်ခါအဆင့်ချိုးဖြတ်ခြင်း၊ အံ့ဖွယ်ဓား လျှပ်စီးထိန်းချုပ်ခြင်းနည်းစနစ်

Vol. 10 Ch. 147

နောက်တစ်ခါအဆင့်ချိုးဖြတ်ခြင်း၊ အံ့ဖွယ်ဓား လျှပ်စီးထိန်းချုပ်ခြင်းနည်းစနစ်

Vol. 10 Ch. 147

“ထွက်ခဲ့။” ချီမင်က သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းရင်း ပြောလိုက်တယ်။

ဝှစ်!

သူ့ရှေ့မှာ အဖြူရောင်အလင်းတစ်ချက် လက်သွားတယ်။

“သခင်။”

ဟော့ချန်ချင်းက ဒုတိယမြောက် ဝိညာဉ်သားရဲ နေရာထဲကနေ ထွက်လာပြီး ချီမင်ကို အရိုအသေပေးလိုက်တယ်။ သူ့ရဲ့ပုံပန်းသဏ္ဍာန်က အရင်လိုပဲ တစ်ခြမ်းမည်း တစ်ခြမ်းဖြူဖြစ်နေတုန်းပဲ။ သူ့အသားအရေ၊ ဆံပင်၊ အဝတ်အစား... သူ့တစ်ကိုယ်လုံးက ဒီအတိုင်းပဲ။

အလယ်တည့်တည့်မှာသိသာထင်ရှားလွန်းတဲ့ ခွဲခြားထားတဲ့မျဉ်းတစ်ကြောင်းရှိနေတယ်။

ချီမင်က သူ့ညာလက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြီး သူ့ပစ္စည်းစာရင်းထဲကနေ အမွေအနှစ်သလင်းကျောက်ထိုက်ချီဓားတာအိုကျမ်းကို ထုတ်ယူလိုက်တယ်။ အဲ့ဒါက အလယ်မှာ ထိုက်ချီပုံစံပါတဲ့ ကျောက်စိမ်းစလစ်ပြားတစ်ခုဖြစ်တယ်။

“ဒါက အမွေအနှစ်သလင်းကျောက်ထိုက်ချီဓားတာအိုကျမ်းပဲ။ ဒါက မင်းကို တိုးတက်အောင် ကူညီပေးနိုင်တယ်။မင်းရဲ့ကြီးထွားမှုအလားအလာကို မြှင့်တင်ပေးနိုင်တယ်။ ယူပြီးဖြစ်နိုင်သမျှ အမြန်ဆုံး ပေါင်းစပ်လိုက်တော့။”

ဝှစ်!

ချီမင်က အမွေအနှစ်သလင်းကျောက်ကို ဟော့ချန်ချင်းဆီ ပစ်ပေးလိုက်တယ်။

“ကျေးဇူးတင်ပါတယ် သခင်။”

ဟော့ချန်ချင်းရဲ့ မျက်နှာအမူအရာက နည်းနည်း စိတ်လှုပ်ရှားနေပေမယ့် သူက ကောင်းကောင်းထိန်းချုပ်ထားနိုင်တယ်။ အထူးတလည် ထူးထူးခြားခြား မပြဘဲ အမွေအနှစ်သလင်းကျောက်ကို လက်နှစ်ဖက်နဲ့ ဖမ်းယူလိုက်တယ်။

အမွေအနှစ်သလင်းကျောက်က အဖြူအမည်းအလင်းတန်းတစ်ခုလို တောက်ပလာပြီး ဟော့ချန်ချင်းရဲ့ မျက်ခုံးနှစ်ခုကြားထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။ ထိုက်ချီပုံစံပေါ်လာပြီး ဟော့ချန်ချင်းရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်။

ချီမင်က ဟော့ချန်ချင်းကို ဒုတိယမြောက် ဝိညာဉ်သားရဲ နေရာထဲ ပြန်ထည့်လိုက်တယ်။

“အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး တစ်သိန်း ဖြည့်မယ်။” ချီမင်က ပြောလိုက်တယ်။

တင်း!

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“လက်ရွေးစင်ဝိညာဉ်သားရဲ: ရှူတောင်ရဲ့ ယင်ယန်ဓားသူတော်စင်က အဆတစ်သန်း မြှင့်တင်မှုအောက်မှာ ကြီးထွားလာပါတယ်။အမွေအနှစ်သလင်းကျောက်ထိုက်ချီဓားတာအိုကျမ်းနဲ့ ပေါင်းစပ်နေပါတယ်...”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“မဆိုးဘူးပဲ။”

ချီမင်က အသိပေးချက်ကို လက်ခံရလိုက်တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နေ့ကြာသွားတယ်။

တင်း!

“လက်ရွေးစင်ဝိညာဉ်သားရဲ: ရှူတောင်ရဲ့ ယင်ယန်ဓားသူတော်စင်က အဆတစ်သန်း မြှင့်တင်မှုအောက်မှာ တစ်ရက်ကြာ ကြီးထွားခဲ့ပါတယ်။ အမွေအနှစ်သလင်းကျောက်ထိုက်ချီဓားတာအိုကျမ်းနဲ့ လုံးဝပေါင်းစပ်ပြီးသွားပါပြီ။ ဒါက သူ့ကို နောက်တစ်ဆင့်တက်လှမ်းသွားစေပါတယ်။ မူလအခြေခံပေါ်မှာ ထိုက်ချီဓားတာအိုကိုဖမ်းဆုပ်နားလည်သွားကာ လက်ရွေးစင်ဝိညာဉ်သားရဲ ရှူတောင်တန်းရဲ့ ထိုက်ချီဓားသူတော်စင် ဖြစ်လာခဲ့ပါပြီ။ သူက ထိုက်ချီဓားတာအို၊ အရုဏ်ဦး၊ ဆည်းဆာနဲ့ ယင်ယန်ကောင်းကင်တာအိုရဲ့ စွမ်းအားတွေကိုနားလည်သွားပါပြီ။ သူကအများဆုံး ဗလာနယ်စွန့်ခွာခြင်း နှောင်းပိုင်းအဆင့်အထိ ရောက်ရှိနိုင်ပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“မဆိုးဘူးပဲ။” ချီမင်က ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။

ဝှစ်!

ဟော့ချန်ချင်းက ဝိညာဉ်သားရဲ နေရာထဲကနေ ထွက်လာတယ်။

ဟော့ချန်ချင်းရဲ့ ပြောင်းလဲမှုက မသေးဘူး။ သူ့ခန္ဓာကိုယ်က တစ်ခြမ်းမည်း တစ်ခြမ်းဖြူ မဟုတ်တော့ဘူး။ အဲဒီအစား ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ ဒါ့အပြင် သူက ထိုက်ချီတာအိုဝတ်ရုံကို ဝတ်ဆင်ထားတယ်။

သူ့ရဲ့အရှိန်အဝါက ထက်ရှနေတယ်။

သူက အရမ်းကို အစွမ်းထက်တဲ့ ဓားသမားတစ်ယောက်လို ဖြစ်နေတယ်။

“သခင်။”

ဟော့ချန်ချင်းက လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်တယ်။

ချီမင်ကပြောလိုက်တယ် “မဆိုးဘူးပဲ။”

“မင်းရဲ့ ဝိညာဉ်သားရဲ နေရာထဲမှာ ဆက်ပြီး ကြီးထွားနေလိုက်ဦး။” ချီမင်က ဆက်ပြောတယ်။

“ဟုတ်ကဲ့။” ဟော့ချန်ချင်းက ခေါင်းညိတ်လိုက်တယ်။

ဝှစ်!

အလင်းတစ်ချက် လက်သွားတယ်။

ဟော့ချန်ချင်းက ဒုတိယမြောက် ဝိညာဉ်သားရဲ နေရာထဲကို ပြန်ဝင်သွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ လအနည်းငယ် ကြာသွားတယ်။

တင်း!

“လက် ရွေးစင်ဝိညာဉ်သားရဲ: ရှူတောင်ရဲ့ ထိုက်ချီဓားသူတော်စင်က အဆတစ်သန်း မြှင့်တင်မှုအောက်မှာ ဆက်တိုက်ကြီးထွားခဲ့ပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်က ဆက်တိုက်တိုးတက်လာပါတယ်။ သူက သူ့ရဲ့လက်ရှိအကန့်အသတ်အထိ ကြီးထွားခဲ့ပါတယ်။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်း နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

ချီမင်က အသိပေးချက်ကို ပိတ်လိုက်ပြီး စဉ်းစားလိုက်တယ်၊ “ဒီလိုဆိုရင် အမှောင်မီးလျှံကလွဲလို့ ကျန်တဲ့ ဝိညာဉ်သားရဲသုံးကောင်က ဗလာနယ်စွန့်ခွာခြင်း နှောင်းပိုင်းအဆင့်ကို အဆင့်ချိုးဖြတ်ပြီး သူတို့ရဲ့ လက်ရှိကြီးထွားမှုအကန့်အသတ်ကို ရောက်သွားကြပြီ။”

“သူတို့ ဆက်ပြီး တိုးတက်ချင်တယ်ဆိုရင် ပိုမြင့်တဲ့ သွေးမျိုးဆက်သလင်းကျောက်တွေနဲ့ အမွေအနှစ်သလင်းကျောက်တွေ လိုအပ်လိမ့်မယ်။”

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားတယ်။

မသိလိုက်မသိဘာသာနဲ့ နောက်ထပ် နှစ် ၂၀ ကြာသွားတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အဓိကဖြစ်ရပ်ကြီးကြီးမားမား ဘာဆိုဘာမှမဖြစ်ခဲ့ဘူး။

ဒီနေ့၊ နေ့လယ်ခင်းမှာ။

တင်း!

“သန့်စင်ခြင်းသုံးပါး တာအိုကျမ်းကို အဆတစ်သန်း မြှင့်တင်မှုနဲ့ နှစ်(၂၀)ကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင်ဟာ ပိုနက်နဲတဲ့ မဟာတာအိုစစ်မှန်ရည်ရွယ်ချက်နဲ့ မဟာတာအိုရဲ့ နက်နဲမှုတွေကို သဘောပေါက်နားလည်ခဲ့ပါတယ်။ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းကို နောက်တစ်ဆင့်တက်ပြီး သဘောပေါက်နားလည်ကာ သန့်စင်ကျောက်စိမ်း အထွတ်အထိပ်သန့်စင်၊ ပြီးတော့ မဟာသန့်စင်ရဲ့ သန့်စင်ခြင်းသုံးပါးစစ်မှန်အနှစ်သာရကိုနားလည်သွားပါပြီ။ မဟာတာအိုစစ်မှန် အမှတ်အသားတွေက သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်မှာ ထွင်းထုပြီးသွားပါပြီ။ သင့်ရဲ့ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်သွားပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

ဘုန်း!

နောက်တစ်ခဏမှာပဲ ချီမင်ရဲ့တစ်ကိုယ်လုံး တုန်ခါသွားတယ်။ ကြီးမားကျယ်ပြန့်တဲ့ မဟာတာအို စစ်မှန်ရည်ရွယ်ချက်တွေက သူ့အပေါ် လွှမ်းမိုးလာပြီး သူက အံ့ဩဖို့ကောင်းတဲ့ ဉာဏ်အလင်းရတဲ့အခြေအနေထဲကို ကျရောက်သွားတယ်။ အဲ့ဒါက ဉာဏ်အလင်းရတာထက်တောင် ပိုပြီးနက်နဲသွားတယ်။

ချီမင်က သန့်စင်ခြင်းသုံးပါး တာအိုကျမ်းရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို အဆက်မပြတ်နားလည်နေတယ်။ ချီမင်ကသန့်စင်ခြင်းသုံးပါး တာအိုကျမ်းရဲ့ လျှို့ဝှက်ချက်အားလုံးကိုနားလည်ပြီးသွားတယ်။

ဘတ်ဇ်! ဘတ်ဇ်! ဘတ်ဇ်!

ဒီအချိန်မှာ ပတ်ဝန်းကျင်က များပြားတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေက စုစည်းလာပြီး ချီမင်ရဲ့ခန္ဓာကိုယ်ထဲကို လောင်းချလိုက်တယ်။ ချီမင်က ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို သန့်စင်ပြီး သူ့ရဲ့အခြေတည်ဝိညာဉ် ဓမ္မစွမ်းအင်အဖြစ် ပြောင်းလဲလိုက်တယ်။

မကြာခင်မှာပဲ သူ့ရဲ့ဒန်တျန်းထဲမှာ။

ဓမ္မစွမ်းအင်မြစ်ကြီးက ဓမ္မစွမ်းအင်ပင်လယ်ကြီးအဖြစ် အားကောင်းလာတယ်။

ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်ကချိုးဖြတ်သွားပြီ။

သူ အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားပြီ။

ပြီးတော့ ချီမင်က သူ့ရဲ့ကျင့်ကြံမှုကို ခိုင်မာအောင် စတင်လုပ်ဆောင်လိုက်တယ်။

တင်း!

“ရှားပါးဝိညာဉ်သားရဲ: ဦးချိုမဲ့နဂါးနက်ဟာ အဆတစ်သန်း မြှင့်တင်မှုနဲ့ နှစ်(၂၀) ကျင့်ကြံခဲ့ပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်က ဆက်တိုက်တိုးတက်လာပါတယ်။အံ့ဖွယ်စွမ်းအားနည်းစနစ်အတော်များများကို ဖမ်းဆုပ်နိုင်သွားပါတယ်။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်ကနေ တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ကို တိုးတက်သွားပါပြီ။”

အဲ့ဒီအချိန်မှာ ချီမင်က သူ့ရဲ့ကျင့်ကြံမှုကို ခိုင်မာအောင်လုပ်နေတုန်း အသိပေးချက်တစ်ခု ပေါ်လာတယ်။

အမှောင်မီးလျှံရဲ့ ကျင့်ကြံမှုအဆင့်က သူ့ရဲ့ကြီးထွားမှုအကန့်အသတ်ကို နောက်တစ်ကြိမ် ထပ်ရောက်သွားပြန်ပြီ။ နှစ် ၃၀ အတွင်းမှာ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့ အကူအညီနဲ့ အမှောင်မီးလျှံက ဗလာနယ်စွန့်ခွာခြင်း နှောင်းပိုင်းအဆင့်ကနေ တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။

သူ့ရဲ့စွမ်းအားက အကြီးအကျယ် တိုးတက်လာတယ်။

တင်း!

“ရှားပါးဝိညာဉ်သားရဲ: ဦးချိုမဲ့နဂါးနက်ဟာ သူ့ရဲ့လက်ရှိကြီးထွားမှုအကန့်အသတ်ကို ရောက်ရှိသွားပါပြီ။ သူ ဆက်ပြီး တိုးတက်ချင်တယ်ဆိုရင် နဂါး‌ပြောင်းလဲခြင်းအတိဒုက္ခကို နောက်တစ်ကြိမ် ကျော်ဖြတ်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံး နဂါး‌ပြောင်းလဲခြင်းအတိဒုက္ခ ပေါ်လာမယ့်အချိန်က မသေချာပါ။ သက်ဆိုင်ရာ အခွင့်အလမ်းနဲ့ ကံကြမ္မာ လိုအပ်ပါတယ်၊ ဒါမှမဟုတ် သူ့ရဲ့ကြီးထွားမှုအကန့်အသတ်ကို ချိုးဖျက်ဖို့ သွေးမျိုးဆက်သလင်းကျောက်ကို တိုက်ရိုက်စုပ်ယူနိုင်ပေမယ့် နဂါးအဖြစ် ပြောင်းလဲနိုင်တဲ့ အလားအလာကို လုံးဝဆုံးရှုံးသွားပါမယ်။”

ပြီးတာနဲ့ နောက်ထပ်အသိပေးချက်တစ်ခု ပေါ်လာတယ်။

“အော်။”

ချီမင်က ဒီအချိန်မှာ သူ့ရဲ့ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ပြီးသွားတယ်။ သူက အကြောင်းအရာနဲ့ အချက်အလက်တွေကို ကြည့်လိုက်တယ်၊ “နောက်ဆုံး နဂါး‌ပြောင်းလဲခြင်းအတိဒုက္ခက တကယ်တော့ကျော်ဖြတ်ချင်တိုင်း ကျော်ဖြတ်လို့ရတာမျိုး မဟုတ်ဘူးပဲ။ အခွင့်အလမ်းနဲ့ ကံကြမ္မာတွေ လိုသေးတာကိုး။”

“ဘယ်လို အခွင့်အလမ်းနဲ့ ကံကြမ္မာတွေ လိုအပ်တာလဲ။” ချီမင်က စဉ်းစားလိုက်တယ်။

တင်း!

“ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို အဆတစ်သန်း မြှင့်တင်မှုနဲ့ နှစ်(၂၀)ကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင်ဟာ ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ရဲ့ ပိုနက်နဲတဲ့ လျှို့ဝှက်ချက်တွေကို သဘောပေါက်နားလည်သွားပြီး အသေးစားအောင်မြင်မှုအဆင့်ရဲ့ အကန့်အသတ်ကို ရောက်ရှိသွားပါပြီ။ သင်ဟာ သင့်ရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်ရဲ့ အကန့်အသတ်ကိုရောက်ရှိသွားပါပြီ။ ဆက်ပြီးတိုးတက်ချင်တယ်ဆိုရင် သင့်ရဲ့ကျင့်ကြံမှုကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။”

…

တင်း!

“အပြောင်းအလဲနိမိတ်ဖတ်ကျမ်းက...”

…

အသိပေးချက်တွေ တစ်ခုပြီးတစ်ခု ပေါ်လာတယ်။

မသိလိုက်မသိဘာသာနဲ့ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာ နှစ် ၄၀ ကြာသွားတယ်။

သူ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို စတင်ခြေချတုန်းက ချီမင်က အမြူတေဖွဲ့စည်ခြင်း နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ အခုတော့ သူက အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က အဓိကအဆင့်ကြီးတစ်ခုကို ကျော်ဖြတ်ခဲ့ပြီ။ သူ့ရဲ့အံ့ဖွယ်စွမ်းအားတွေ၊ နည်းစနစ်တွေ၊ ရတနာတွေနဲ့ ဝိညာဉ်သားရဲတွေအားလုံး လုံးဝ တိုးတက်ပြောင်းလဲသွားပြီ။

ချီမင်ရဲ့စွမ်းအားက အရင်ကနဲ့ မတူတော့ဘူး။

တကယ်တော့...

သူ့ရဲ့ခွန်အားအပြည့်နဲ့ဆိုရင် ချီမင်က သူ့ရဲ့စွမ်းအားက ဘယ်အဆင့်ထိ ရောက်နိုင်မလဲဆိုတာ သူကိုယ်တိုင်တောင် မသိဘူး။

နှစ်(၂၀)အတွင်းမှာ သူက ဂိမ်းမြေအောက်စခန်းထဲမှာ ပစ္စည်းအများကြီး ရခဲ့တယ်။ သူက အမျိုးမျိုးသော နည်းစနစ်တွေကိုလည်း ကျင့်ကြံခဲ့ပြီး အခြေခံအားဖြင့် အကုန်လုံးနီးပါး ပါဝင်တယ်။ သူက အနန္တတန်ခိုးရှင်လိုတောင်ဖြစ်နေပြီ။

“သန့်စင်ခြင်းသုံးပါး တာအိုကျမ်းနဲ့ အပြောင်းအလဲနိမိတ်ဖတ်ကျမ်း။”

ချီမင်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာပြီးတော့ သူက မဟာတာအိုရဲ့ နက်နဲမှုနဲ့ ကြီးကျယ်ခမ်းနားမှုတွေအပြင် သူ့ခန္ဓာကိုယ်ထဲက အမျိုးမျိုးသော ပြောင်းလဲမှုတွေကို နက်နဲစွာ ခံစားမိလာတယ်။ သူက သူ့ရဲ့ပိုပြီးသန်မာလာတဲ့ စွမ်းအားနဲ့ တဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်အောင် နေသားကျအောင် လုပ်နေတယ်။

သူက ကောင်းကင်နဲ့မြေကြီး မဟာတာအိုရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို စစ်မှန်စွာနဲ့ သဘောပေါက်နားလည်သွားတယ်။

“ဒီကျင့်ကြံနည်းလမ်းနှစ်ခုထဲမှာ အပြောင်းအလဲနိမိတ်ဖတ်ကျမ်းက တကယ်တော့ အရမ်းနက်နဲတယ်။ လျှို့ဝှက်နက်နဲကမ္ဘာမှာ ဒါက သေချာပေါက် အထွတ်အထိပ်အဆင့် အမွေအနှစ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုပဲ။”

ချီမင်က ဆက်ပြောတယ်၊ “ဒါပေမဲ့ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အကန့်ကို အများကြီး ကျော်လွန်သွားပြီ။ ပိုပြီးတော့ မယုံနိုင်စရာကောင်းတဲ့အဆင့်ကို ရောက်နေတယ်။ အဲ့ဒါက အရင်တုန်းက မဟာရွှေအမြူတေတာအိုကျမ်းလိုပဲ။”

“လျှို့ဝှက်နက်နဲကမ္ဘာမှာ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ ကျင့်ကြံနည်းလမ်းတွေနဲ့ အမွေအနှစ်တွေအားလုံးက အင်မော်တယ်ကျင့်ကြံခြင်းဖြစ်ပြီး မဟာရွှေအမြူတေတာအိုကျမ်းနဲ့ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းကတော့ တာအိုကျင့်ကြံခြင်းတွေပဲ။ နှစ်ခုကြားမှာ ကွာခြားချက်ကကြီးတယ်။”

အခြေတည်ဝိညာဉ်အဆင့်မှာ အရင်ပြောခဲ့သလိုပဲ အခြေတည်ဝိညာဉ်အဆင့်အတန်းကို ခွဲခြားထားတာက:

အတုအယောင်အခြေတည်ဝိညာဉ်၊ စစ်မှန်တဲ့အခြေတည်ဝိညာဉ်၊ ပြီးတော့ တာအိုအခြေတည်ဝိညာဉ်။

အပြောင်းအလဲနိမိတ်ဖတ်ကျမ်းက တာအိုအခြေတည်ဝိညာဉ်ကို သိပ်သည်းပေးတယ်။ ဒါ့အပြင် ဒါက တာအိုအခြေတည်ဝိညာဉ်တွေထဲမှာ ပထမတန်းစားကိုသိပ်သည်းပေးတယ်။

ဒါပေမဲ့...

တာအိုအခြေတည်ဝိညာဉ်အဆင့်အပေါ်မှာ ကောင်းကင်တာအို အခြေတည်ဝိညာဉ်နဲ့ မဟာတာအို အခြေတည်ဝိညာဉ် ဆိုတာတွေလည်း ရှိသေးတယ်။

သံသယဖြစ်စရာမရှိဘဲ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းက စုစည်းပေးတဲ့ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က မဟာတာအို အခြေတည်ဝိညာဉ်ဖြစ်တယ်။

ချီမင်က ပြောလိုက်တယ်၊ “ဒီအဆင့်သုံးဆင့်ဖြစ်တဲ့ အခြေတည်ဝိညာဉ်၊ ဗလာနယ်စွန့်ခွာခြင်း နဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းတွေအားလုံးက အခြေတည်ဝိညာဉ်ကို ကျင့်ကြံပြီး အနှစ်သာရဝိညာဉ်ကို စုစည်းတာပဲ။ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းနဲ့ အပြောင်းအလဲနိမိတ်ဖတ်ကျမ်းကို ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်အထိ ကျင့်ကြံနိုင်တယ်။”

“ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်အပေါ်က တာအိုပေါင်းစည်းခြင်းအဆင့်ကတော့ နောက်ထပ်အဆင့်တစ်ခုပဲ။”

တင်း!

“လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားတာကို စစ်ဆေးမိပါတယ်။ အခြေတည်ဝိညာဉ် အလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း၊ ရှူတောင်အင်မော်တယ်တက်လှမ်းခြင်းကနေ ရရှိမယ့်ဆုလာဘ်တွေက အကြီးအကျယ် လျော့နည်းသွားပါပြီ။ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သန်း သုံးပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်နိုင်ပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်သန်း ဖြည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်မယ်။” ချီမင်က ပြောလိုက်တယ်။

တင်း!

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“သင်ဟာ အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း: ရှူတောင် ဓားအင်မော်တယ်နန်းတော် ကို ဝင်ရောက်နိုင်ပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“ဝင်မယ်။” ချီမင်က ပြောလိုက်တယ်။

သက်ဆိုင်ရာ ဂိမ်းမြင်ကွင်းက ချီမင်ရဲ့ရှေ့မှာ ပေါ်လာတယ်။ အရမ်းကို ရှင်းလင်းနေပြီး ဂိမ်းမြေအောက်စခန်းက တကယ့်ကမ္ဘာတစ်ခုလိုပဲ၊ ချီမင်က တကယ်ပဲ ဝင်ရောက်သွားသလိုထင်ရတယ်။

ပြီးတော့ ချီမင် ပြောင်းလဲသွားတဲ့ ဂိမ်းဇာတ်ကောင်က ရှူတောင်အင်မော်တယ်တက်လှမ်းစင်မြင့်ကို ကျော်ဖြတ်ပြီး ရှူတောင်ဓားအင်မော်တယ်နန်းတော်ကို ရောက်ရှိသွားပြီ။ ဒီနေရာမှာ ချီမင်က ရှူတောင်ဂိုဏ်းတည်ထောင်စဉ်ကတည်းက ရှိခဲ့ဖူးတဲ့ ရှူတောင်ဓားအင်မော်တယ်အားလုံးနဲ့ ကြုံတွေ့ရလိမ့်မယ်။

ဟုတ်တယ်၊ ဒီရှူတောင် ဓားအင်မော်တယ်တွေကပိုအဆင့်မြင်တဲ့ကမ္ဘာကို တက်လှမ်းသွားကြပြီး လူသားကမ္ဘာမှာ မရှိတော့ဘူး။ ဒါပေမဲ့ သူတို့က ရှူတောင်ဓားအင်မော်တယ်နန်းတော်မှာ သူတို့ရဲ့ပုံရိပ်တွေကို ချန်ထားခဲ့ကြတယ်။ ချီမင်က ဒီပုံရိပ်တွေနဲ့ တိုက်ခိုက်ပြီး အနိုင်ယူဖို့ လိုအပ်တယ်။

သူတို့ကို အနိုင်ယူပြီးရင် ချီမင်က ဒီဂိမ်းမြေအောက်စခန်းကို ရှင်းလင်းအောင်မြင်နိုင်မှာဖြစ်တယ်။

မျက်စိတစ်မှိတ်အတွင်းမှာ။

တိုက်ပွဲက စတင်လာတယ်။

ချီမင်ရဲ့ ပထမဆုံးပြိုင်ဘက်က ရှူတောင်ရဲ့ ပထမဆုံး ဓားအင်မော်တယ်ဖြစ်တယ်။ ဒါက ရုပ်ရည်ချောမောတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ သူ့ဆီမှာ ဓားမရှိ‌ပေမဲ့ သူ့တစ်ကိုယ်လုံးကို ဓားတွေနဲ့ ဖုံးလွှမ်းနေတယ်။

သူက ဓားမပါဘဲ အနိုင်ယူနိုင်တဲ့အဆင့်ကို ရောက်နေပြီ။

ချွင်!

ဓားမြည်သံတစ်ခု ထွက်ပေါ်လာတယ်။

တိုက်ပွဲက ပေါက်ကွဲထွက်လာတယ်။

ချီမင်ရဲ့ဓားက ခုတ်ပိုင်းချလိုက်တော့ ကြာပန်းစိမ်းတွေ ပေါ်လာတယ်။ ကြာပန်းစိမ်းဓားတာအိုက ပွင့်လန်းလာပြီး သူ့ရဲ့စွမ်းအားကို ပြသလိုက်တယ်။ သုံးကွက်အတွင်းမှာ သူက ရှူတောင်ရဲ့ ပထမဆုံး ဓားအင်မော်တယ်ကို အနိုင်ယူလိုက်တယ်...

မကြာခင်မှာပဲ ဒုတိယမြောက် ရှူတောင်ဓားအင်မော်တယ် ပေါ်လာတယ်။

ဒါက မျက်လုံးထောင့်မှာ မှဲ့တစ်လုံးပါတဲ့ လှပတဲ့ ဓားသမားအမျိုးသမီးတစ်ယောက်ဖြစ်တယ်။

“ကြာပန်းစိမ်းတာအို။”

ချွင်!

နောက်ထပ် ဓားမြည်သံတစ်ခု ထွက်ပေါ်လာတယ်။

ချီမင်က အရင်ဆုံး တိုက်ခိုက်မှုကို စတင်ပြီး တိုက်ရိုက် တိုက်ခိုက်လိုက်တယ်...

ဝှစ်!

ချီမင်က ဂိမ်းမြင်ကွင်းကို ပိတ်လိုက်ပြီး ဆက်မကြည့်တော့ဘူး။

ညကုန်ဆုံးသွားတယ်။

နောက်နေ့၊ နေ့လယ်ခင်းမှာ။

တင်း!

“သင်ဟာ ရှူတောင် ဓားအင်မော်တယ်နန်းတော် ဂိမ်းမြေအောက်စခန်းမှာ တစ်ရက်ကြာ အလိုအလျောက်ရှင်းလင်းခဲ့ပါတယ်။သင် ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင်အံ့ဖွယ်ဓား လျှပ်စီးထိန်းချုပ်ခြင်းနည်းစနစ်တစ်ခုနဲ့ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး တစ်သန်းရရှိပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“အံ့ဖွယ်ဓား လျှပ်စီးထိန်းချုပ်ခြင်းနည်းစနစ်။”

ချီမင်က ခဏစဉ်းစားပြီး ပြောလိုက်တယ်၊ “ဒါက ဓားတာအိုနည်းစနစ်တစ်ခု ဖြစ်မလား။ အခု ဂိမ်းမြေအောက်စခန်းတစ်ခု ရှင်းလိုက်တာနဲ့ ထိပ်တန်းအဆင့်အဆင့်ဝိညာဉ်ကျောက်တုံး တစ်သန်း တိုက်ရိုက်ရနိုင်ပြီပဲ။”

“ဒါကလွန်သွားပြီ။”

“ငါ့သုံးနိုင်တာထက်ပိုတဲ့ ဝိညာဉ်ကျောက်တုံးတွေ ပိုပိုရလာပြီ။”

All Chapters