← Chapters

မြင့်မြတ်ပန်းပဲမျိုးနွယ်ရဲ့ဟန်ယွမ်

Vol. 10 Ch. 148

မြင့်မြတ်ပန်းပဲမျိုးနွယ်ရဲ့ဟန်ယွမ်

Vol. 10 Ch. 148

ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးက၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာနဲ့ ညီမျှတယ်။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာ၊ ပြီးတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာနဲ့ ညီမျှတယ်။

အဆတစ်ရာစီကွာခြားတယ်။

ဒါကြောင့် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုတာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထရီလီယံနဲ့ ညီမျှသွားတယ်။

ပစ္စည်း အံ့ဖွယ်ဓား လျှပ်စီးထိန်းချုပ်ရေး နည်းစနစ်။

ဖော်ပြချက် ကောင်းကင်ကိုးထပ်ရဲ့ စွမ်းအားကိုအံ့ဖွယ်လျှပ်စီးအဖြစ် ပြောင်းလဲပေးတယ်။ထူးခြားတဲ့ကောင်းကင်ရဲ့စွမ်းအားကို ဓားနဲ့ ထိန်းချုပ်နိုင်တယ်။ ဒါက ဓားတာအိုနဲ့ လျှပ်စီးတာအိုကို ပေါင်းစပ်ထားတဲ့ အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုဖြစ်တယ်။

“ဒါက အသေးစားအံ့ဖွယ်စွမ်းအားပဲ။”

ချီမင်ရဲ့ မျက်လုံးတွေက နည်းနည်းလေး တောက်ပသွားပြီး စဉ်းစားလိုက်တယ် “ဒါနဲ့ ဒီနာမည်နဲ့ ဖော်ပြချက်ထဲကျမ်းကနည်းနည်း ရင်းနှီးနေတယ်။ ငါ တစ်နေရာရာမှာတွေ့ဖူးတယ်ထင်တယ်။”

ဝှစ်!

ချီမင် စိတ်ဆန္ဒပြုလိုက်တယ်။

သူက အံ့ဖွယ်ဓား လျှပ်စီးထိန်းချုပ်ရေး နည်းစနစ်ကို ထုတ်ယူလိုက်တယ်။ အဲဒါက ဓားအလင်းနဲ့ လျှပ်စီးတွေ လှည့်ပတ်နေတဲ့ ကျောက်စိမ်းစလစ်တစ်ခုဖြစ်တယ်။ ချီမင်က သူ့ရဲ့ဓမ္မစွမ်းအားတွေကိုထည့်လိုက်ပြီးချိန်ကျောက်စိမ်းစလစ်ကအသက်ဝင်လာတယ်။

ကလန်!

မိုးခြိမ်းသံလို ဓားအလင်းတစ်ခုထွက်ပေါ်လာတယ်။

ကျောက်စိမ်းစလစ်ထဲမှာ ပါတဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်က ချီမင်ရဲ့ စိတ်ထဲကိုတိုက်ရိုက် ပေါင်းစပ်ဝင်ရောက်သွားတယ်။

သူက အဲဒါကို အမြန်ဆုံး မှတ်သားလိုက်တယ်။

“အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ဖြည့်မယ်။”

ချီမင်ကပြောလိုက်တယ် “အံ့ဖွယ်ဓား လျှပ်စီးထိန်းချုပ်ရေး နည်းစနစ်ကို ကျင့်ကြံမယ်။”

တင်း!

“ဖြည့်သွင်းမှုအောင်မြင်ပါတယ်။”

“အဆတစ်သန်း မြင့်တင်မှုအောက်မှာ အံ့ဖွယ်ဓား လျှပ်စီးထိန်းချုပ်ရေး နည်းစနစ်ကို ကျင့်ကြံနေပါတယ်...”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ရက်ကြာသွားတယ်။

အဲဒီအချိန်မှာ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပွားခဲ့တယ်။

ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ မြင့်မြတ်ပန်းပဲမျိုးနွယ်ရဲ့ အမွေခံတပည့် ဟန်ယွမ်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတယ်။

သူက ဒီတစ်ခေါက်မှာ နှစ်ပေါင်းတစ်ရာတိတိ တံခါးပိတ် ကျင့်ကြံခဲ့တယ်။ သူက ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်ကနေ တာအိုပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ မအောင်မြင်ခဲ့ဘူး။

တစ်နည်းပြောရရင်သူ တံခါးပိတ်ကျင့်ကြံတာ ကျရှုံးသွားတယ်။

သူ ကျင့်ကြံရာက ထွက်လာပြီးတော့ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ပေါ်က မျိုးနွယ်အသီးသီးရဲ့ အမွေခံတပည့်တွေကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်လာတယ်။ ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေတဲ့သူမှန်သမျှ ဟန်ယွမ်ရဲ့ စိန်ခေါ်မှုကို လက်ခံရတော့တယ်။

“စီနီယာအစ်ကို ချီ။”

ဒီနေ့မှာ စုချင်းယင်က လာတွေ့တယ်။

“ဂျူနီယာညီမလေး ချင်းယင်။”

ချီမင်က လုံးဝ အရွယ်ရောက်လာပြီဖြစ်တဲ့ စုချင်းယင်ကို ကြည့်လိုက်တယ်။ သူတို့ မတွေ့တာ တော်တော်ကြာပြီဆိုတော့ သူမက တော်တော်လေး ပြောင်းလဲသွားတယ်။ ခမ်းနားတဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီး လှပတဲ့အရှိန်အဝါကို ပိုင်ဆိုင်ထားတယ်။ သူမရဲ့ အဖြူရောင်ဝတ်စုံအောက်မှာတော့ ဖြောင့်စင်းပြီးနူးညံ့တဲ့ ခြေသလုံးသားလေးက ပေါ်နေတယ်။ “မင်း ဘယ်လိုဖြစ်လို့ ငါ့ဆီလာတာလဲ။”

“စီနီယာအစ်ကိုကို သတိရလို့ လာတွေ့တာပေါ့ရှင့်။”

စုချင်းယင်ရဲ့ ပြောင်းလဲမှုက သူမရဲ့ ရုပ်ရည်နဲ့ ပုံပန်းသွင်ပြင်တင်မကဘူး၊ သူမရဲ့ စရိုက်ကလည်း အရင်လို တင်းတင်းကြပ်ကြပ် မဟုတ်တော့ဘူး။ အဲ့ဒီအစားပိုပြီး လွတ်လပ်ပေါ့ပါးလာတယ်။ ချီမင်ကိုတောင် စနောက်ရဲလာတယ်။ “စီနီယာအစ်ကိုက ကျွန်မကို မကြိုဆိုဘူးလား။”

“ပြောစရာရှိတာပြော။”

ချီမင်က သူမကို အခွင့်အရေးမပေးဘူး။

စုချင်းယင်က နူးညံ့စွာနှာခေါင်းရှုံ့လိုက်တယ်။ “ပျင်းစရာကြီး။ စီနီယာအစ်ကိုက တော်တော် ပျင်းဖို့ကောင်းတာပဲ။ ဂရုစိုက်ဦးမဟုတ်ရင်တစ်သက်လုံး တာအိုလက်တွဲဖော် ရှာမတွေ့ဘဲ နေမယ်။။”

“မင်း တကယ်အဆင် ပြေရင် ငါ့ကိုမနှောင့်ယှက်နဲ့။ ပြန်ပြီး သေချာကျင့်ကြံတော့။”ချီမင်ပြောလိုက်တယ်။

စုချင်းယင်ရဲ့ လှပတဲ့မျက်လုံးတွေက ချီမင်ဘက်ကိုလှိမ့်လိုက်တယ် “ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ မြင့်မြတ်ပန်းပဲမျိုးနွယ် အမွေခံတပည့် ဟန်ယွမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာ စီနီယာအစ်ကို သိပြီးပြီလား။”

“သိတယ်။” ချီမင်ပြောလိုက်တယ်”သတင်းတွေက ပျံ့နေတာပဲ။ ငါလည်း ကြားပြီးပြီ။”

“ဟန်ယွမ်က ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်ရောက်နေတဲ့ အမွေခံတပည့်တော်တော်များများကို စိန်ခေါ်ပြီးပြီ။”

စုချင်းယင်က ဆက်ပြောတယ်။ “သူ အကုန်နိုင်တယ်။”

“ပြီးတော့ရော။” ချီမင်က မေးတယ်။

“ဒါကြောင့် စီနီယာအစ်ကိုလည်း သတိထားရမယ်။”

စုချင်းယင်က ဆက်ပြောတယ် “စီနီယာအစ်ကိုကဘိုးဘေး ကောင်းကင်လျှို့ဝှက်ချက်ရဲ့ တစ်ဦးတည်းသော ကိုယ်ပိုင်တပည့်လေ။ ပြီးတော့ အရင်က စီနီယာအစ်ကိုရဲ့ အောင်မြင်မှုတွေနဲ့ပေါင်းလိုက်ရင် ဟန်ယွမ်ရဲ့ အာရုံစိုက်မှုကို ကျိန်းသေရမှာပဲ။ အဲဒီအခါကျရင် သူ စီနီယာအစ်ကိုကို သေချာပေါက် စိန်ခေါ်လိမ့်မယ်လို့ ကျွန်မထင်တယ်။”

“ဟန်ယွမ်ရဲ့ အင်အားက သန်မာတယ်။ မဟုတ်ရင် ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့် အမွေခံတပည့် ဒီလောက်များများကို သူနိုင်စရာအကြောင်းမရှိဘူး။”

“သတိပေးတဲ့အတွက် ကျေးဇူးပါပဲ ဂျူနီယာညီမလေး။”

ချီမင်ကပြောလိုက်တယ် “ငါ သတိထားပါ့မယ်။”

“ဪ ဟုတ်သားပဲ စီနီယာအစ်ကို။”

စုချင်းယင်က ဆက်ပြောတယ် “ကျွန်မ ဒီတစ်ခေါက် အရှေ့ပိုင်းဒေသကို သွားမလို့။ အရှေ့ပိုင်းဒေသမှာ ရှေးဟောင်း ကောင်းကင်ဂူတစ်ခု ထပ်ပေါ်လာတယ်လို့ ကြားတယ်။ ကျွန်မတစ်ချက်လောက် သွားကြည့်မလို့။ စီနီယာအစ်ကို စိတ်ဝင်စားရင် အတူသွားမလား။ ဟန်ယွမ်ကိုလည်း ရှောင်ပြီးသားဖြစ်တာပေါ့။”

“ဟင့်အင်း။” ချီမင်က ခေါင်းခါလိုက်ပြီးပြောတယ် “ငါ ဒါတွေကို စိတ်မဝင်စားဘူး။”

“စီနီယာအစ်ကိုကလည်း အိမ်တွင်းပုန်းဆန်လိုက်တာ။”

စုချင်းယင်ပြောစရာစကားမရှိတော့ဘူး။

“ဖြစ်နိုင်ပါတယ်။” ချီမင်က ပခုံးတွန့်လိုက်တယ်။

စုချင်းယင်က ထရပ်လိုက်ပြီး “စီနီယာအစ်ကို မလိုက်ရင်လည်း ပြီးတာပါပဲ။ ကျွန်မ တခြားစီနီယာအစ်ကိုတွေကို ရှာသွားလိုက်မယ်။ စီနီယာအစ်ကို ဟို ဟန်ယွမ်ကိုတော့ သတိထားနော်။ သူက တကယ် အရမ်းသန်မာတာ။ သတိမထားမိရင်ဆိုးဆိုးဝါးဝါးရှုံးသွားနိုင်တယ်။”

“ငါက ဘယ်လိုလုပ်ရှုံးမှာလဲ။ မင်း စိတ်ထင်နေတာပဲ။” ချီမင်က ပြောလိုက်တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ် လတစ်ဝက်ကြာသွားတယ်။

ဒီနေ့မှာတော့။

ဝှစ်!

ပုံရိပ်တစ်ခုက ကောင်းကင်ကိုထိုးခွဲပြီး အဝေးကနေ ရောက်လာတယ်။ ပြီးတော့ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် အပြင်ဘက်ကို ဆင်းသက်လာတယ်။ အဲဒါကတော့ စိမ်းပြာရောင်ဝတ်စုံရှည်၊ လွင့်မျောနေတဲ့ဆံပင်၊ ခန့်ညားတဲ့ရုပ်ရည်၊ကျစ်လျစ်တဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့ ထက်မြက်တဲ့မျက်ခုံးတစ်စုံကို ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။

သူက ဟန်ယွမ်ပဲ။

“ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ အမွေခံတပည့် ဟန်ယွမ်ပါ။”

ဟန်ယွမ်က သူ့ကိုယ်သူ မိတ်ဆက်လိုက်တယ် “ကျွန်တော် လာရောက်လည်ပတ်တာပါ”

ပတ်ဝန်းကျင်မှာကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ အမွေခံတပည့်တွေ ပေါ်လာကြတယ်။ သူတို့က အနားမကပ်ဘဲ အဝေးကနေ ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးနေကြတယ်။

“ထင်တဲ့အတိုင်းပဲ၊ စီနီယာအစ်ကို ဟန်ယွမ်က အမွေခံတပည့် ချီကိုစိန်ခေါ်ဖို့လာမယ်ဆိုတာ ငါသိပြီးသား။”

“ဒါပေါ့ကွာ!”

“အမွေခံတပည့် ချီရဲ့ အရင်က အောင်မြင်မှုတွေကို ငါတို့အားလုံးသိတယ်။ သူက ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ ဒဏ္ဍာရီတစ်ခုလို့ ပြောလို့ရတယ်။ စီနီယာအစ်ကို ဟန်ယွမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီးတော့ မျိုးနွယ်ဆယ့်နှစ်ခုလုံးက အမွေခံတပည့်တွေကို ဆက်တိုက်စိန်ခေါ် နေတာပဲ။ သူက အမွေခံတပည့် ချီကိုနောက်မှာချန်ထားမှာမဟုတ်ဘူး။”

“စီနီယာအစ်ကို ဟန်ယွမ်က သန်မာလွန်းတယ်။ သူ တကယ်ပဲ အဆင့်ချိုးဖြတ်သွားပြီလို့တောင် ငါသံသယဖြစ်မိတယ်။ ဒါပေမဲ့ သိသာတယ်။မဟုတ်သေးဘူး။ စီနီယာအစ်ကို ဟန်ယွမ်က အခုမှ ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတယ်။”

“စီနီယာအစ်ကို ဟန်ယွမ်က မျိုးနွယ်ဆယ့်နှစ်ခုရဲ့ အမွေခံတပည့်တွေကို စိန်ခေါ်ပြီး တိုက်ပွဲတိုင်းကို အနိုင်ရခဲ့တယ်!”

“ဟုတ်တယ်၊ ဟုတ်တယ်။”

လူတိုင်းက စကားတွေပြောနေကြတယ်။

“ဘာကိစ္စရှိလို့လဲ။”

ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် အပြင်ဘက်က ဟန်ယွမ်ရဲ့ အသံကို သဘာဝအတိုင်းပဲကြားလိုက်ရတယ်။ သူ လှမ်းကြည့်လိုက်တော့ ဟန်ယွမ်ရဲ့ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ သူ့ရဲ့အရှိန်အဝါက အရမ်းပြင်းထန်ပြီး ကောင်းကင်ကို ထိုးဖောက်တော့မယ့်ဓားအိမ်ထဲက နေထုတ်ထားတဲ့ ပြိုင်ဘက်ကင်း ဓားတစ်လက်လိုမျိုးဖြစ်နေတယ်။

အရမ်းသန်မာတယ်!

သူက တကယ်ကို အရမ်းသန်မာတယ်။

“ဒါကကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး။”

ဟန်ယွမ်က ပွင့်ပွင့်လင်းလင်းပဲပြောတယ် “ကျွန်တော်က အဓိကအားဖြင့် အမွေခံတပည့် ချီနဲ့တိုက်ခိုက်ပြီး ကျင့်ကြံခြင်းတာအိုကို ဆွေးနွေးချင်လို့ပါ။ ဖြစ်နိုင်ရင်တော့ တိုက်ခိုက်ရင်းနဲ့ တာအိုကို ဆွေးနွေးနိုင်ဖို့ မျှော်လင့်ပါတယ်။”

စုချီမန်က တွေးလိုက်တယ်”ဒီလူက ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ရဲ့ အကန့်သတ်ကို ရောက်နေပြီ။ သူက သူ့ရဲ့တာအိုကို ပေါင်းစည်းနေတာ၊ သခင်လေးကို ခြေနင်းကျောက်တုံးအဖြစ်သုံးချင်နေတာ။”

“သခင်လေး၊ သခင်လေးရဲ့ ကျင့်ကြံမှုအဆင့်က အခု မှအခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတယ်၊ တစ်ဖက်လူက ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေပြီ။ သူ့ကို ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲ ခေါ်ပြီး ဖိနှိပ်ရင် မကောင်းဘူးလား။”

“မလိုဘူး။” ချီမင်က လက်ကာပြလိုက်တယ် “ဒီ ဟန်ယွမ်က အချိန်ကိုက်ရောက်လာတာပဲ။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ချိုးဖြတ်ပြီးငါ့ရဲ့ သိုင်းနည်းစနစ်တွေနဲ့ အံ့ဖွယ်နည်းစနစ်တွေလည်း အများကြီး တိုးတက်လာတယ်။ ငါ့ရဲ့ လက်ရှိသန်မာမှုကို စမ်းသပ်ဖို့ ကျွမ်းကျင်သူတစ်ယောက် လိုအပ်နေတာနဲ့ အတော်ပဲ။”

“ဒီ ဟန်ယွမ်က အရမ်းသင့်တော်တယ်။”

“ဒါက...”

စုချီမန်က နည်းနည်း စိုးရိမ်သွားတယ်။

ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်က ဟန်ယွမ်ထက် အများကြီး နိမ့်ကျတယ်။

စုချီမန်က ချီမင်ရဲ့ တိုက်ပွဲအကြောင်းတွေကြားဖူးပေမယ့် သူကိုယ်တိုင် မျက်မြင်မတွေ့ဖူးဘူး။သူလုံးဝအပြည့်အဝမယုံရဲဘူး။

တကယ်လို့ အဲဒါတွေက အမှန်ဖြစ်ခဲ့ရင်တောင် ဒီ ဟန်ယွမ်ကလည်း လွယ်လွယ်နဲ့ ဖြေရှင်းလို့ရတဲ့သူ မဟုတ်ဘူး။

“ကောင်းပြီ။” ချီမင်က ထရပ်လိုက်တယ်။

ဝှစ်!

သူ့ရဲ့ပုံရိပ်က ဖြတ်ခနဲပျောက်သွားတယ်။

မြေကြီးက တစ်လက်မလောက်အထိ ကျုံ့သွားတယ်။

သူက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် အပြင်ဘက်ကို ရောက်သွားတယ်။

“သူ ထွက်လာပြီ၊ အမွေခံတပည့် ချီ ထွက်လာပြီ။”

“သူ စိန်ခေါ်မှုကို လက်ခံတော့မှာလား။”

“အမွေခံတပည့် ချီက တကယ့်ကိုအရမ်းသန်မာတယ်။ သူ စိန်ခေါ်မှုကို လက်ခံတာက ကျိုးကြောင်းဆီလျော်တယ်။”

“ဒါပေမဲ့ အမွေခံတပည့် ချီနဲ့ ဟန်ယွမ်ကြားမှာ ကျင့်ကြံမှုအဆင့် ကွာခြားချက်က အကြီးကြီးပဲ။ နောက်လာမယ့်တိုက်ပွဲမှာ ဟန်ယွမ်နိုင်ရင်တောင် မမျှတတဲ့အနိုင်ပဲ ဖြစ်လိမ့်မယ်။ သူ ရှုံးသွားရင်တော့ ဟန်ယွမ်ကသူပဲ မျက်နှာပျက်ရလိမ့်မယ်။ ဒီအချိန်အတောအတွင်းမှာ သူဖန်တီးခဲ့တဲ့ အရှိန်အဝါနဲ့ ဂုဏ်သတင်းတွေက အမွေခံတပည့်ချီအတွက်အကျိုးဖြစ်သွားလိမ့်မယ်။”

“ဟုတ်တယ်။”

လူတိုင်းက ဆက်ပြီး ဆွေးနွေးနေကြတယ်။

ဟန်ယွမ်က သူ့ရှေ့မှာရပ်နေတဲ့ လူငယ်ကို ကြည့်လိုက်တယ်။ သူက ပြိုင်ဘက်ကင်းလောက်အောင် ခန့်ညားချောမောပြီး၊ ကျစ်လျစ်တဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့ ထူးခြားတဲ့အမူအရာကို ပိုင်ဆိုင်ထားတယ်။ သူက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ အင်မော်တယ်တစ်ပါးလိုပဲ၊ တခြားသူတွေကို ရှက်ရွံ့သွားစေပြီး သူ့နဲ့မယှဉ်ရဲအောင် လုပ်နိုင်စွမ်းရှိတယ်။

ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ရဲ့ တံခါးဝမှာ ရပ်နေတယ်။ သူနဲ့ ဟန်ယွမ်ကြားမှာ ဆယ်မီတာတောင် မဝေးဘူး။ သူက လက်သီးဆုပ်အရိုအသေပေးလိုက်တယ်၊ “စီနီယာအစ်ကို ဟန်ယွမ်၊ ကျွန်တော်နဲ့ တိုက်ခိုက်ချင်တာလား။ ကောင်းပြီလေ၊ ကျွန်တော် ခင်ဗျားရဲ့ တောင်းဆိုမှုကို လက်ခံပါတယ်။”

ဟန်ယွမ်ရဲ့ မျက်လုံးတွေက လင်းလက်သွားတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှာ ဟန်ယွမ်ရဲ့ ဂုဏ်သတင်းက တကယ်ကို မသေးလှဘူး၊ အထူးသဖြင့် ဒီလဝက်အတွင်းမှာဆိုရင်သူကတစ်ချိန်လုံးစိန်ခေါ်လာခဲ့ပြီး တိုက်ပွဲတိုင်းကို အနိုင်ရခဲ့တယ်။ သူ့ရဲ့ ဂုဏ်သတင်းနဲ့ အရှိန်အဝါက အထွတ်အထိပ်ကို ရောက်နေပြီ။

ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှာ ဟန်ယွမ်က ဝါရင့်အမွေခံတပည့်တစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေပြီဆိုတာထားဦး၊ သူက သိုင်းနည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်အများကြီးကိုလည်းနားလည်တတ်မြောက်ထားတယ်။

သူက အရမ်းကို အစွမ်းထက်တယ်။

ဒါက ကိစ္စအသေးလေးမဟုတ်ဘူး။

သူတို့က ချီမင် အရင်က ကြုံတွေ့ခဲ့ရတဲ့ ရန်သူတွေနဲ့ လုံးဝမတူဘူး။

ကုန်းယန်ကျစ်ကောဆိုရင် ဟန်ယွမ်ရဲ့ လက်ချက်နဲ့ သုံးကွက်တောင်မခံနိုင်ဘဲ ရှုံးနိမ့်သွားလောက်တယ်။

ဟန်ယွမ်က ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်မှာ အချိန်အကြာကြီးရှိ နေခဲ့တယ်။ သူက အချိန်အကြာကြီး တံခါးပိတ်ကျင့်ကြံခဲ့ပေမယ့် မတိုးတက်လာဘူး။ ရှင်းရှင်းလင်းလင်းပြောရရင် သူက ကျင့်ကြံမှုရဲ့ အတားအဆီးကို ရောက်နေတယ်။

သူက အတားအဆီးကို ကျော်လွှားချင်တယ်ဆိုရင် ရိုးရိုးလေး ခါးခါးသီးသီး ကျင့်ကြံရုံနဲ့ မပြီးဘူး။

အခွင့်အရေးတွေနဲ့ ကံကောင်းခြင်းတွေ လိုအပ်တယ်။

ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီး ဟန်ယွမ်က အဆင့်တက်ဖို့ အခွင့်အရေးကို ရှာဖွေချင်တယ်။ ဒါကြောင့် သူက ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ မျိုးနွယ်အသီးသီးက အမွေခံတပည့်တွေကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ပြီး တိုက်ပွဲထဲမှာ အဆင့်တက်ဖို့ ရှာတာဖြစ်တယ်။

တိုက်ပွဲတစ်ခုစီတိုင်းမှာ သူက သူ့ရဲ့ခန္ဓာကိုယ်ကို အဆက်မပြတ် ပြီးပြည့်စုံအောင်လုပ်ပြီးသန့်စင်တယ်။ သူက သူ့ရဲ့ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပြီး အသန့်စင်ဆုံး အနှစ်သာရကိုပဲ ချန်ထားတယ်။

အခုဆိုရင် သူက သူ့ရဲ့အထွတ်အထိပ် အခြေအနေကို ရောက်နေပြီ။

တစ်နည်းနည်းနဲ့ ဟန်ယွမ်မှာ ခံစားချက်တစ်ခုရှိနေတယ်။ တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်လာပြီးမှာ သူက ဒီအခွင့်အရေးကို ဆုပ်ကိုင်မိပြီလို့ ခံစားနေရတယ်။ ချီမင်ကို အနိုင်ယူလိုက်တာနဲ့ သူ အဆင့်တက်နိုင်လိမ့်မယ်လို့ မရေမရာ ခံစားနေရတယ်။

ဒီခံစားချက်က အရမ်းကို မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် တကယ့်ကို အမှန်တရားဖြစ်တယ်။ ဒါက ကမ္မနဲ့ ကံတရားဖြစ်တယ်။အပြည့်အဝ နားလည်ဖို့မဖြစ်နိုင်ဘူး။

( နားမလည်သူ တွေအတွက်)

(ကမ္မဆိုတာ ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ရဲ့အကျိုးပုံစံလို့ပြောလို့ရတယ်။မြန်မာမှာဆို ကုသိုလ် အကုသိုလ်လိုမျိုး )

တကယ်တော့...

တစ်ခြားတစ်ဖက်က ကြည့်ရင် ဟန်ယွမ်က ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ မျိုးနွယ်အသီးသီးက အမွေခံတပည့်တွေကို စိန်ခေါ်ခဲ့တယ်။ သူ နိုင်တိုင်းမှာ ရန်သူကို အနိုင်ယူပြီး သူတို့ရဲ့ ကံကြမ္မာတစ်မျှင်ကို ရှင်းမပြနိုင်လောက်အောင် ယူဆောင်သွားနိုင်တယ်။

အပြီးသတ် အောင်ပွဲခံပြီးတော့ ဟန်ယွမ်ရဲ့ ကံတရားနဲ့ အရှိန်အဝါက အထွတ်အထိပ်ကို ရောက်နေပြီ။

သူက အခွင့်အရေးတစ်ခုပဲ လိုတော့တယ်။

ဒီအခွင့်အရေးက ချီမင်အပေါ်မှာ ရှိတယ်။

သူ ချီမင်ကို အနိုင်ယူနိုင်သရွေ့ သူ့ရဲ့ကံကြမ္မာက သူ့ရဲ့အရှိန်အဝါနဲ့ ပဲ့တင်ထပ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုကို သူ့နဲ့ သဘာဝအတိုင်း ပေါင်းစပ်သွားလိမ့်မယ်။ သူ တာအိုပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်းများစွာ ရှိတယ်။

“တောင်းပန်ပါတယ်။” ဟန်ယွမ်က လက်သီးဆုပ်လိုက်တယ်။

“မြင့်တက်။”

ဂရွမ်း!!!

ချီမင်က သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ လေးထောင့်ပြိုင်ပွဲကွင်းကြီးက ပြန်ပေါ်လာတယ်။ အဲဒါက လေနဲ့အတူ ကြီးမားလာပြီး လူတိုင်းရဲ့ အကြည့်အောက်မှာ မီတာတစ်ထောင်မြင့်တဲ့ပြိုင်ပွဲကွင်းကြီးအဖြစ် ပြောင်းလဲသွားတယ်။

“စီနီယာအစ်ကို ဟန်ယွမ်၊ ဒီလောက် ယဉ်ကျေးနေစရာမလိုပါဘူး။”

ဝှစ်!

ချီမင်က လေးထောင့်ကွက် ပွဲကြည့်စင်ပေါ်ကို ခုန်တက်လိုက်တယ်”ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့်က မကြာသေးခင်ကမှ အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်ကို ချိုးဖြတ်ထားတာ။ ကျွန်တော် တတ်မြောက်ထားတဲ့ အံ့ဖွယ်နည်းစနစ်တွေနဲ့ သိုင်းနည်းစနစ်တွေကလည်း တော်တော်လေး တိုးတက်လာတယ်။ ကျွန်တော့်ရဲ့ လက်ရှိစွမ်းအားကို စမ်းသပ်ဖို့ လုံလောက်အောင် သန်မာတဲ့ ပြိုင်ဘက်တစ်ယောက် လိုနေတာနဲ့ အတော်ပဲ။”

“စီနီယာအစ်ကို ဟန်ယွမ်က အရမ်းသင့်တော်တယ်။”

“ကျွန်တော်တို့က ကိုယ်လိုချင်တာကိုယ်ယူကြတာပဲ။”

“စင်ပေါ်တက်ခဲ့တော့။” ချီမင်က အော်လိုက်တယ်။

All Chapters