← Chapters

ခရမ်းရွှေနဂါးကျားပုံစံ

Vol. 10 Ch. 149

ခရမ်းရွှေနဂါးကျားပုံစံ

Vol. 10 Ch. 149

ချီမင်ရဲ့စကားတွေကိုကြားပြီးတော့ဟန်ယွမ်ရဲ့အမူအရာကမနေနိုင်ဘဲ ခဏလောက်အေးခဲသွားတယ်။သူ့ရဲ့အမူအရာကလည်းအနည်းငယ်အေးစက်သွားတယ်။

ချီမင်ကအရမ်းမောက်မာမယ်လို့မထင်ထားဘူး။သူကိုလေ့ကျင့်ဖို့ပြိုင်ဘက်တစ်‌ယောက်လိုတကယ်ဆက်ဆံရဲတယ်။

“ကောင်းပြီ။”ဟန်ယွမ်ဖြေးညင်းစွာအော်လိုက်ပြီးအနီးကပ်လိုက်တယ်။သူ‌လေးထောင့်ပြိုင်ပွဲကွင်းပြင်ပေါ်ကိုခုန်တက်လိုက်ပြီး ချီမင်နဲ့သိပ်မဝေးတဲ့နေရာမှာရပ်လိုက်တယ်။နှစ်ဖက်က မီတာတစ်ရာလောက်ခြားတယ်။

ဟန်ယွမ်ပြောလိုက်တယ်”မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်မှာပဲ။ဒီလိုဆိုဘယ်လိုလဲ။ငါကငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကိုအခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ထိဖိနှိပ်ပြီးမင်းကိုတိုက်ခိုက်မယ်။ငါမင်းကိုအခွင့်အရေးမယူပါဘူး””

“ခင်ဗျားရဲ့ကျင့်ကြံခြင်းအဆင့်ကိုဖိနှိပ်မယ်”ချီမင်ပြုံးလိုက်တယ်”အဲ့လိုလုပ်ဖို့မလိုပါဘူး။”

“စီနီယာအစ်ကိုဟန်ယွမ်ကတကယ်တော့ သူ့ကျင့်ကြံခြင်းအဆင့်ကိုဖိနှိပ်ပြီး အမွေခံတပည့်ချီနဲ့တိုက်ခိုက်ချင်တာလား။”

“ဒါက”

“ငါထင်သာမမှားဘူးဆိုရင် အမွေခံတပည့်ချီ အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်ကနေအခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ကိုတိုးတက်ဖို့နှစ်(၃၀)လောက်သုံးလိုက်ရတယ်။”

“ဒီတိုးတက်မှုအမြန်နှုန်းက တကယ်တော့မနှေးဘူး။”

“ဒါပေမယ့် အရမ်းလည်းမမြန်ဘူး။”

“ဟုတ်တယ်။”

“ဒါပေမယ့် ကျင့်ကြံခြင်းအဆင့်အရဆိုရင် စီနီယာအစ်ကိုဟန်ယွမ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် အဓိကအဆင့်ကြီးတစ်ခုခြားသေးတယ်။”

“အမွေခံတပည့်ချီကစီနီယာအစ်ကိုဟန်ယွမ်နဲ့တကယ်ကြီးသူ့ခွန်အားကိုစမ်းသပ်ချင်တယ်ပြောမယ်လို့ငါမထင်ထားဘူး။အမွေခံတပည့်ချီဆိုတဲ့အတိုင်းပဲ။ပြန်တွေးကြည့်ရင် အမွေခံတပည့်ချီက အခြေတည်ဝိညာဉ်အစောပိုင်းအဆင့် စီနီယာအစ်ကိုကုန်းယန်ကျစ်ကော ကိုအနိုင်ယူခဲ့တာပဲ။”

“…”

ပတ်ဝန်းကျင်မှာ ပိုပိုပြီးများလာတဲ့ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကအမွေခံတပည့်တွေကတိုက်ပွဲကို ကြည့်ဖို့ရောက်လာကြတယ်။ပတ်ဝန်းကျင်ကအရမ်းကို စည်ကားနေတယ်။ဒါ့အပြင် မဟာအကြီးအကဲတွေလည်းကောင်းကင်ကနေရောက်လာကြတယ်။

တာအိုဆရာခရမ်းရောင်ကောင်းကင်ကမြင့်မြတ်ပန်းပဲမျိုးနွယ်ရဲ့မဟာအကြီးအကဲဖြစ်တယ်။တိမ်စိမ်းမျိုးနွယ်ရဲ့မဟာအကြီးအကဲဘိုးဘေးဝေဟီနဲ့ဘိုးဘေးဝူယန်တို့လည်းရောက်နေကြတယ်။

စုစုပေါင်းသုံးယောက်ရှိတယ်။

“ဒါကလုံလောက်ပြီ။”

အတွေးတစ်ချက်နဲ့ဟန်ယွမ်ကသူ့ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်ပြီး သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကိုဖိနှိပ်လိုက်တယ်။သူကအခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ကနေအခြေတည်ဝိညာဉ်အစောပိုင်းအဆင့်ထိကျသွားတယ်။သူ့ရဲ့ခွန်အားအရှိန်အဝါကလည်းကြီးကြီးမားမားအားနည်းသွားတယ်။

“ဒါကိုယူ”

ဟန်ယွမ်တိုက်ခိုက်လိုက်တယ်။သူကသူ့ရဲ့ညာဘက်လက်ကိုဝှေ့ယမ်းပြီး ထိပ်တန်းအဆင့် ဝိညာဉ်ဖွဲ့တည်ခြင်းဓမ္မရတနာတစ်ခုကိုဆင့်ခေါ်လိုက်တယ်။ဒါကသွယ်လျှတဲ့အံ့ဖွယ်လှံတစ်ခုဖြစ်တယ်။လှံက ‌ခရမ်းရွှေရောင်ရှ်ိပြီးနက်နဲတဲ့ပုံစံမျိုးထွက်နေတယ်။

“နဂါးလှံ”

ဝေါင်း!

ဟန်ယွမ်သူ့ရဲ့လှံကိုထုတ်လိုက်တယ်။သူကသူ့ရဲ့အနှစ်သာရဝိညာဉ်စွမ်းအားနဲ့ဓမ္မစွမ်းအားကိုပေါင်းစပ်ကာလှံထဲသို့ထည့်သွင်းလိုက်တယ်။လှံကခရမ်းရွှေရောင်နဂါးခေါင်းအဖြစ်ပြောင်းကာချီမင်ကိုတိုက်ခိုက်လိုက်တယ်။

ဘုန်း!

ချီမင်က လက်သီးနဲ့ထိုးလိုက်တယ်။ သူ့ရဲ့ တိုက်ပွဲမြင့်မြတ်ခန္ဓာကိုယ်က စွမ်းအားတွေ ပေါက်ကွဲထွက်လာတယ်။ ရွှေရောင်အလင်းတွေ လက်ခနဲဖြစ်သွားပြီး အားကောင်းတဲ့ တိုက်ခိုက်ရေးစိတ်ဆန္ဒက ခရမ်းရွှေနဂါးခေါင်းပုံပြောင်းသွားတဲ့ လှံရဲ့အလင်းတန်းကို တစ်ချက်တည်းနဲ့ ကြေမွသွားစေတယ်။

“စီနီယာ ဟန်ယွမ်...” ချီမင်က ဖြည်းဖြည်းချင်းရပ်ပြီး အေးဆေးပြောလိုက်တယ်။ “ကျွန်တော်ထင်တာတော့ ခင်ဗျား အဆင့်ကို မလျှော့ထားတာ ပိုကောင်းမယ်ထင်တယ်။ မဟုတ်ရင်တော့ ခင်ဗျား ကျွန်တော့်တစ်ကွက်တောင် ခံနိုင်မှာမဟုတ်ဘူး။”

“မင်း...” ဟန်ယွမ်က အသက်ပြင်းပြင်းရှူလိုက်တယ်။ သူ့မျက်နှာက တည်ကြည်နေပေမဲ့ အရမ်းကို တုန်လှုပ်နေတယ်။

ခုနက လက်သီးချက်မှာ ချီမင်ရဲ့ခွန်အားကို သူကိုယ်တိုင် ခံစားလိုက်ရတယ်။ အဲ့ဒီလက်သီးချက်က ပတ်ဝန်းကျင်တစ်ခုလုံးကိုတောင် တုန်ခါသွားစေတယ်။

သန်မာတယ်။ အရမ်းကိုသန်မာတယ်!!!!

ချီမင်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ပဲ ရှိသေးတာရှင်းနေတယ်။ ဒါပေမဲ့ သူပြလိုက်တဲ့ခွန်အားက ဟန်ယွမ် အရင်က ရင်ဆိုင်ခဲ့ဖူးတဲ့အဖွဲ့ခွဲ (၁၂) ခုက အမွေခံတပည့်တွေအားလုံးထက်တောင် သာနေတယ်။

“ကောင်းပြီ။” ဟန်ယွမ်က သူ့ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်တယ်။ သူ့အဆင့်ကိုလည်း ဖိနှိပ်မထားတော့ဘူး။ သူ့ရဲ့အရှိန်အဝါက တရိပ်ရိပ်တက်လာပြီး အမြင့်ဆုံးအခြေအနေကို ချက်ချင်းရောက်သွားတယ်။

“အမွေခံတပည့်ချီ၊” ဟန်ယွမ်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။ သူ့ကိုယ်ပေါ်မှာ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ရဲ့ ကြီးမားတဲ့ဓမ္မစွမ်းအားတွေ ကလှည့်ပတ်စီးဆင်းနေပြီး သူ့အသံက လိမ့်တက်လာတဲ့မြစ်တစ်စင်းလို၊ သမုဒ္ဒရာလိုလို ကျယ်လောင်လာတယ်”မင်းပြောတာမှန်တယ်။ ငါ့အဆင့်ကို လျှော့ထားရင် မင်းကို တကယ်မယှဉ်နိုင်ဘူး။ ပြီးတော့ အဲ့ဒါက ဒီတိုက်ပွဲရဲ့ မူလရည်ရွယ်ချက်နဲ့လည်း ဆန့်ကျင်သွားလိမ့်မယ်။ ဒီတော့ ငါ့အစွမ်းအကုန်သုံးပြီး တိုက်ခိုက်ရုံပဲရှိတော့တယ်။”

“ကောင်းပြီလေ။” ချီမင်က ပြောလိုက်တယ်။

“ကြာပန်းစိမ်းတာအို။” ချီမင်က ညာလက်ကို ဝှေ့ယမ်းလိုက်တော့ ဆယ့်နှစ်လွှာ ‌သောင်း‌ပြောင်းကြာပန်းစိမ်းနဲ့ ကြာပန်းစိမ်းဓားတာအိုရဲ့ စွမ်းအားတွေ ထွက်ပေါ်လာတယ်။ သူက ဒီအံ့ဖွယ်စွမ်းအားနဲ့ ဟန်ယွမ်ကို ဖိနှိပ်လိုက်တယ်။

“ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်!” ဟန်ယွမ် တုန်လှုပ်သွားတယ်။ “ဖိနှိပ်ခံလိုက်ရပါလား။ ဒါ သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုရဲ့အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ် လား။ ပြိုင်ဘက်ကို အဆင့်ငယ်တစ်ခုလောက်ထိ အတင်းအကျပ် ဖိနှိပ်နိုင်တာကိုး။ ဒီလိုဆိုတော့ အဆင့်တူချင်းမှာ ရှုံးစရာမရှိဘူးလို့ ပြောကြတာ မဆန်းတော့ဘူး။”

“ဒါပေမဲ့!” ဟန်ယွမ်က ကျယ်လောင်စွာအော်လိုက်တယ်။ “ငါက ဝိညာဉ်ဖွဲ့တည်ခြင်းနှောင်းပိုင်းအဆင့်၊ မင်းက အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ပဲ ရှိသေးတယ်။ အဆင့်ကွာခြားချက်က အရမ်းကြီးတော့ မင်းရဲ့အံ့ဖွယ်စွမ်းအားသိုင််းနည်းစနစ်က ငါ့ကိုဖိနှိပ်ဖို့မမီတော့ဘူး။”

“မြင့်မြတ်တောင်ကာကွယ်မှု။”

ဘုန်း!

ဟန်ယွမ်ကလည်း သူ့ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကအံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကို သုံးလိုက်တယ်။ သူ့တစ်ကိုယ်လုံး ခရမ်းရွှေရောင်အလင်းတွေနဲ့ လင်းလက်လာပြီး တောင်ထိပ်တစ်ခုလို အလင်းကာတစ်ခု ဖြစ်ပေါ်လာကာ ချီမင်ရဲ့ ကြာပန်းစိမ်းတာအိုကို တားဆီးလိုက်တယ်။

“ပြိုင်ဘက်ကင်း ဝိညာဉ်စွမ်းအား။”

ရှူး! ရှူး! ရှူး!

ဟန်ယွမ်က ညာလက်ကို ဝှေ့ယမ်းပြီး နည်းစနစ်ကို သုံးလိုက်တယ်။”မိုးအလင်းဓားသွား”

ချက်ချင်းဆိုသလိုပဲ၊ လေထဲမှာ ခရမ်းရွှေရောင်အလင်းစက်ပေါင်းများစွာ ပေါ်လာတယ်။ အဲ့ဒါတွေက မုန်တိုင်းလို သွန်ကျလာပြီး ချီမင်ကို ဖုံးလွှမ်းသွားတယ်။ ခရမ်းရွှေရောင်အလင်းစက်တိုင်းက မိုးစက်လေးတွေနဲ့တူတယ်။ပြီးတော့ မိုးစက်တိုင်းက ပုံစံအမျိုးမျိုးရှိတဲ့ အလင်းဓားသွားတွေအဖြစ် ပြောင်းသွားတယ်။

“သဏ္ဍာန်မဲ့ပုံစံမုန်တိုင်း” ချီမင်က လက်ဝှေ့ယမ်းလိုက်တော့ သူ့ရဲ့ဓမ္မစွမ်းအားတွေက လှိုင်းထသွားတယ်။ ချက်ချင်းပဲ ကြီးမားတဲ့ ဓမ္မစွမ်းအားမုန်တိုင်းတစ်ခု တိုက်ခတ်လာတယ်။ပတ်ဝန်းကျင်ကအရာအားလုံးကို တိုက်စားသွားပြီး ကြောက်စရာကောင်းတဲ့ လေဆင်နှာမောင်းကြီးတစ်ခုနဲ့တူတယ်။

ဗြောင်း! ဗြောင်း! ဗြောင်း!!!

ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်ပေါ်လာတယ်။ နှစ်ယောက်စလုံး အပြန်အလှန် အင်အားပြိုင်နေကြတယ်။ ခုနက တိုက်ခိုက်တာက အစမ်းသဘောပဲ ရှိသေးတယ်။

“ထပ်လာဦးမယ်။” ဟန်ယွမ်က ဟိန်းဟောက်လိုက်တယ်။ တစ်ချက်တွေးလိုက်ပြီး ဒီတစ်ခါတော့ သူ့ရဲ့ ကိုယ်ပိုင်ဓမ္မရတနာကို ထုတ်လိုက်တယ်။ အဲ့ဒါက ခြေသုံးချောင်းခရမ်းရွှေရောင် ဆေးမီးဖိုဖြစ်ပြီး ပုံရိပ်အမျိုးမျိုးနဲ့ နတ်ဆိုးသားရဲတွေရဲဓမ္မရုပ်တုအဖြစ် ပြောင်းလဲသွားနိုင်တယ်။

“တိုက်စမ်း!” ဟန်ယွမ်အော်လိုက်တာနဲ့ နတ်ဆိုးသားရဲ ဓမ္မရုပ်တုတွေက ချီမင်ဆီကို အရပ်မျက်နှာတိုင်းကနေ ဝိုင်းပြီး ခုန်အုပ်လိုက်ကြတယ်။

“နတ်ဆိုးသားရဲ ဓမ္မရုပ်တုတွေပါလား။” ချီမင်က တစ်ချက်ကြည့်ပြီး “ဝိညာဉ်သန့်စင်ခြင်း ဓမ္မစွမ်းအားကိုသုံးပြီး နတ်ဆိုးသားရဲ ဓမ္မရုပ်တုအမျိုးမျိုးအဖြစ် ပြောင်းလဲနိုင်တာက နက်နဲတဲ့အဆင့်ကို ရောက်နေပြီပဲ။ ကြောက်စရာကောင်းတဲ့ နတ်ဆိုးသားရဲစစ်တပ်တစ်ခုနဲ့တူနေပြီ။

“ ခင်ဗျားက တကယ်တော်တော်လေး အရည်အချင်းရှိတာပဲ။” ပြောလိုက်တယ်။

“တိုက်ပွဲမြင့်မြတ်နည်းစနစ်။”

ဘုန်း!

ချီမင်ရဲ့ တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သူ့ခန္ဓာကိုယ်ထဲက သွေးတွေက လှည့်ပတ်စီးဆင်းနေပြီး ရွှေရောင်အလင်းတွေ လက်ခနဲထွက်လာတယ်။ သူ့ရဲ့တိုက်ခိုက်ရေးစိတ်ဆန္ဒကလည်း တရိပ်ရိပ်တက်လာတယ်။ ဟိန်းဟောက်သံအရှည်ကြီးနဲ့အတူ သူ့ပုံရိပ်က ရွှေရောင်အလင်းတန်းတစ်ခုလို ရှေ့ကို ပြေးဝင်သွားတယ်။

“ကျိုးစမ်း!”

ဘုန်း! ဘုန်း! ဘုန်း!

ချီမင်က နတ်ဆိုးသားရဲ ဓမ္မရုပ်တုအုပ်ထဲကို တိုးဝင်သွားပြီး ကြောက်စရာကောင်းလောက်အောင် ပြင်းထန်တဲ့ တိုက်ခိုက်ရေးအစွမ်းကို ထုတ်ဖော်လိုက်တယ်။ သူ့ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းနေပြီး ကောင်းကင်ကိုတောင် အန်တုနိုင်လောက်တယ်။ လက်သီးတစ်ချက်တည်းနဲ့ နတ်ဆိုးသားရဲ ဓမ္မတစ်ခုကို ကြေမွသွားအောင် လုပ်နိုင်တယ်။

သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက တကယ့်ကို ကြောက်စရာကောင်းတယ်။

“ဟူး...” ဟန်ယွမ်က အသက်ရှူမှားမတတ်ဖြစ်သွားတယ်။ “ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်ပဲ။”

“ခရမ်းရွှေအံ့ဖွယ်မိုးကြိုး!”

ဖြောင်း!

ဟန်ယွမ်က ဘယ်လက်နဲ့ လက်ချိတ်စည်းတွေဖွဲ့လိုက်တယ်။ ချက်ချင်းပဲ ခရမ်းရွှေရောင်မိုးကြိုးတွေက စပါးကြီးမြွေ ဒါမှမဟုတ် ရေလွှမ်းနဂါးတစ်ကောင်လို ချီမင်ဆီကို ပစ်ခတ်ဝင်ရောက်လာတယ်။

“လျှပ်စီးငါးဖြာထိန်းချုပ်ခြင်း။”

ဖြောင်း!

ချီမင်ရဲ့ ညာလက်က ရှေ့ကို ပုတ်ထုတ်လိုက်တော့ လျှပ်စီးငါးခုရဲ့စွမ်းအားက ပေါက်ကွဲထွက်လာပြီး ကြောက်စရာကောင်းတဲ့ ကောင်းကင်လျှပ်စီးလက်ဝါးအဖြစ် ပြောင်းသွားတယ်။ ကောင်းကင်ကနေ မိုးကြိုးငါးစင်း တစ်ပြိုင်တည်းပစ်ချလိုက်သလိုပဲ ဟန်ယွမ်ရဲ့ ခရမ်းရွှေအံ့ဖွယ်မိုးကြိုးကို အနိုင်ယူလိုက်တယ်။ ဒါတင်မကဘူး၊ ဟန်ယွမ်ရဲ့ ခရမ်းရွှေအံ့ဖွယ်မိုးကြိုးက ချီမင်ရဲ့ မိုးကြိုးငါးချက်ပစ်ခြင်းကို လုံးဝမတားဆီးနိုင်ဘူး။ မိုးကြိုးငါးချက်ပစ်ခြင်းရဲ့ နောက်ဆက်တွဲတုန်ခါမှုကြောင့် သူက ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရပြီး တစ်ကိုယ်လုံးလည်း ထုံကျင်သွားတယ်။

“ဒါ...” ဟန်ယွမ် တုန်လှုပ်သွားတယ်။

“အရမ်းသန်မာတယ်။”

“စီနီယာဟန်ယွမ်က တကယ်အားကြီးတာပဲ။ ဝိညာဉ်ဖွဲ့တည်ခြင်းနှောင်းပိုင်းအဆင့်ဆိုတဲ့အတိုင်းပဲ။ တာအိုပေါင်းစည်းခြင်းအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်။ ခုနက အစောပ်ိုင်းစမ်းသပ်တာပဲရှိသေးတာကို ဒီလောက်ပြင်းတဲ့ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကို သုံးနေပြီ။”

“အမွေခံတပည့်ချီရဲ့ ခွန်အားကလည်း မနည်းဘူး။ စီနီယာဟန်ယွမ်ရဲ့ တိုက်ကွက်ကိုတောင် တားနိုင်တယ်။ ပြီးတော့ အခုမှ သတိထားမိတယ်၊ အမွေခံတပည့်ချီသုံးတဲ့ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်နဲ့ သ်ိုင်းနည်းစနစ်အားလုံးက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီ။”

“အမွေခံတပည့်ချီရဲ့ အခြေဝိညာဉ်အဆင့် ဓမ္မစွမ်းအားတွေက အရမ်းသိပ်သည်းတယ်။ သူ့ဓမ္မစွမ်းအားရဲ့ အားက အခြေတည်ဝိညာဉ်အဆင့် ဓမ္မစွမ်းအားနဲ့ လုံးဝမတူဘူး။ အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်စွမ်းရှိတာ မဆန်းတော့ဘူး။”

“ငါလည်း သတိထားမိတယ်၊ အမွေခံတပည့်ချီရဲ့ လှုပ်ရှားမှုတိုင်း၊ တိုက်ကွက်တိုင်းမှာ နက်နဲတဲ့စွမ်းအားတစ်မျိုး ပါနေတယ်။ အဲ့ဒီနက်နဲတဲ့စွမ်းအားကပဲ သူ့ရဲ့သိုင်းနည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်တွေရဲ့ စွမ်းအားကို အဆင့်တော်တော်များများ မြှင့်တင်ပေးတယ်။”

ပတ်ဝန်းကျင်က ကြည့်နေတဲ့သူအားလုံးက ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်က အမွေခံတပည့်တွေချည်းပဲဖြစ်တယ်။ သူတို့ရဲ့အမြင်က အရမ်းကျယ်ပြီး အကဲခတ်တာကလည်း စူးရှတယ်။ ချီမင်နဲ့ ဟန်ယွမ်တို့ရဲ့ တိုက်ပွဲမှာ သူတို့က အသေးစိတ်အချက်အလက်တွေနဲ့ အခြေအနေတော်တော်များများကို သတိပြုမိကြတယ်။

ချီမင်ရဲ့ လှုပ်ရှားမှုတိုင်း၊ နည်းစနစ်တိုင်းမှာ ပါဝင်နေတဲ့ နက်နဲတဲ့စွမ်းအားက ကောင်းကင်နဲ့မြေကြီး မဟာတာအိုရဲ့ တာအိုစာလုံးတွေနဲ့ စစ်မှန်ရည်ရွယ်တွေပဲ။ အဲ့ဒါတွေက မမြင်နိုင်ဘူး၊ ပုံသဏ္ဌာန်မရှိဘူး၊ ဒါပေမဲ့ တကယ်ရှိနေပြီး ချီမင်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်။ ဒါကလည်း ချီမင်ရဲ့ခွန်အားဘာလို့ဒီလောက်ကြီးမားပြီး အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်လောက်အောင်လုံလောက်တဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်။ ဓမ္မရတနာတွေရဲ့ စွမ်းအားကွာခြားချက်ကိုတောင် ဖြည့်ဆည်းပေးနိုင်တယ်။

ဘုန်း! ဘုန်း! ဘုန်း!!!

အရမ်းကိုရိုးရှင်းတယ်။

ချီမင်နဲ့ ဟန်ယွမ်တို့ရဲ့ တိုက်ပွဲက ဆက်ဖြစ်နေတယ်။ နှစ်ယောက်သား တိုက်ခိုက်နေကြရင်း ချီမင်က သူ့ရဲ့ သွေးလွှဲပြောင်းခြင်းနှောင်းပိုင်းအဆင့် တိုက်ပွဲမြင့်မြတ်ခန္ဓာကိုယ်ရဲ့စွမ်းအားအကုန်ကို အပြည့်အဝ ထုတ်ပြလိုက်တယ်။ ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက်ပညာရပ်ရဲ့ စွမ်းအားနဲ့ပေါင်းစပ်ပြီး ဟန်ယွမ်ရဲ့ သိုင်းနည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်အားလုံးကို အနိုင်ယူလိုက်တယ်။

ပြိုင်ပွဲကွင်းပြင်အထက်မှာတော့ တာအိုဆရာခရမ်းရောင်ကောင်းကင်နဲ့ တခြားသူတွေ စကားစမြည်ပြောနေကြတယ်။

“ချီမင်ရဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုက တကယ်မယုံနိုင်စရာပဲ။ သူက ဒီအဆင့်ကို တကယ်ရောက်နေတယ်။ တစ်ခုခုတော့ ထူးဆန်းနေသလိုပဲလို့ ခံစားနေရတယ်။ သူ့မှာများ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေတာလား။”

“သူက ခန္ဓာကိုယ်ကျင့်ကြံတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ နည်းလမ်းတွေကိုပဲ အားကိုးတယ်ဆိုရင် ဒီလောက်အင်အားကြီးနိုင်တဲ့အဆင့်ကို ရောက်ဖို့မဖြစ်နိုင်ဘူး။”

“ဒါပေမဲ့ ချီမင်က သူ့ရဲ့အားကောင်းတဲ့ကာယခွန်အားကိုအားဖြည့်ဖို့ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်တွေကို သုံးသွားတယ်။”

“ဓား၊ လာခဲ့။”

ချွင်!

ချီမင်က ညာလက်ကို ဆုပ်လိုက်တော့ ဓားအလင်းတန်းတစ်ခုက လေကိုခွဲပြီး ထွက်လာတယ်။ အဲ့ဒါက ချီမင်ရဲ့ ကိုယ်ပိုင်ဓမ္မရတနာဖြစ်တဲ့ ကမ္ဘာဖျက်ဆီးဓားပဲဖြစ်တယ်။ သူက ဓားလက်ကိုင်ကို ဆုပ်ကိုင်ရင်းပြောတယ် “အချိန်တန်ပြီ။

“ဒီဓားနဲ့ပဲ အဆုံးသတ်လိုက်ကြရအောင်။”ချီမင်ပြောလိုက်တယ်။

ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။ သူက ပစ္စည်းတွေအများကြီးသုံးပြီး သူ့ရဲ့ကိုယ်ပိုင်ဓမ္မရတနာသုံးခုဖြစ်တဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား၊ ကမ္ဘာဖျက်ဆီးဓားနဲ့ ဓားတောင်တို့ကို ထိပ်တန်းအဆင့် အခြေတည်ဝိညာဉ်ဓမ္မရတနာအဆင့်ထိ သန့်စင်ထားပြီးပြီ။ ဒါ့အပြင် ချီမင်သန့်စင်ထားတဲ့ လက်သည်းခေါင်းခေါင်းမြှားခုနစ်ချောင်းစာအုပ်ကလည်း ထိပ်တန်းအဆင့် အမြူတေဖွဲ့စည်းအဆင့်ရတနာကနေ ထိပ်တန်းအဆင့် အခြေတည်ဝိညာဉ်အဆင့်ရတနာအဆင့်ထိ တိုးမြှင့်ထားပြီးပြီ။ သူ့ရဲ့စွမ်းအားက အဆင့်တော်တော်များများ တိုးလာတယ်။

ဟန်ယွမ်ရဲ့ရတနာတွေကလည်းအားလုံးက ထိပ်တန်းအဆင့် ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကပဲဖြစ်တယ်။ ဓမ္မရတနာပိုင်းမှာတော့ ချီမင်က ဟန်ယွမ်ကို မယှဉ်နိုင်ဘူး။

“ကောင်းပြီ။” ဟန်ယွမ်က အသက်ပြင်းပြင်းရှိုက်ပြီး ချီမင်ကို ကြည့်လိုက်တယ်။ တကယ်တော့ သူက အရမ်းကို တုန်လှုပ်နေတယ်။ ခုနကတိုက်ပွဲမှာ သူ့နည်းလမ်းအများစုကို သုံးခဲ့ပေမဲ့ ချီမင်အပေါ်မှာ ဘာအသာစီးမှ မရခဲ့ဘူး။ အရေးကြီးဆုံးက ချီမင်ရဲ့မျက်နှာက အေးဆေးတည်ငြိမ်နေတယ်။ ရှင်းရှင်းပြောရရင် သူက သက်သောင့်သက်သာရှိနေပြီး သူ့စွမ်းအားအစစ်အမှန်ကို အကုန်မထုတ်သေးဘူးဆိုတာ သိသာနေတယ်။ ဒါက အကြောက်စရာအကောင်းဆုံးပဲ။

“မြင့်မြတ်ပန်းပဲ ဓမ္မရုပ်တု။”

ဘုန်း!

ဟန်ယွမ်က သူ့တစ်ကိုယ်လုံးက ဝိညာဉ်ဖွဲ့တည်ခြင်း ဓမ္မစွမ်းအားတွေကို လှည့်ပတ်ပြီး သူတတ်ကျွမ်းသမျှထဲမှာ အပြင်းထန်ဆုံး အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကို သုံးလိုက်တယ်။ သူ့ရဲ့အကြီးမားဆုံးခွန်အားကို ထုတ်ဖော်လိုက်တာတယ်ာ မျက်စိကျိန်းလောက်အောင် တောက်ပတဲ့အလင်းတန်းက အဆုံးမရှိတဲ့လှိုင်းလုံးကြီးတစ်ခုလို ပြင်းထန်စွာရိုက်ခတ်လာတယ်။ ခရမ်းရွှေရောင်အလင်းတွေက နေအသေးစားလေးတစ်လုံးလို ပွင့်ထွက်လာတယ်။

“ခရမ်းရွှေနဂါးကျား ပုံစံ။”

ဝေါင်း!

ဟန်ယွမ်က နောက်တစ်ခါ ဟိန်းဟောက်လိုက်ပြန်တယ်။ သူ့ရဲ့သိုင်းနည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားတွေက ပြောင်းလဲတိုးတက်လာပြီး သူ့ရဲ့ဓမ္မစွမ်းအားတွေကမြင့်တက်နေတယ်။ သူ့ရဲ့အံ့ဖွယ်စွမ်းအားတွေက စုစည်းလာပြီးတော့ အရမ်းကိုကြီးမားတဲ့ ဓမ္မရုပ်တုတစ်ခု ဖြစ်ပေါ်လာတယ်။

ဒီဓမ္မရုပ်တုက မီတာတစ်ထောင်လောက်မြင့်ပြီးအနိုင်မခံအရှုံးမ‌ပေးတဲ့လူဘီလူးကြီးတစ်ကောင်နဲ့တူတယ်။ တစ်ကိုယ်လုံး ခရမ်းရွှေရောင်တောက်နေပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေပေမဲ့ အရမ်းလည်း သိပ်သည်းနေတယ်။ သူ့မှာ လူလိုခန္ဓာကိုယ်နဲ့ ခြေလက်လေးခုရှိပေမဲ့ ခေါင်းကနှစ်လုံးပါတယ်။ တစ်လုံးက နဂါးခေါင်းလိုဖြစ်ပြီး နောက်တစ်လုံးက ကျားခေါင်းလိုဖြစ်နေတယ်။

ကြောက်စရာကောင်းပြီး ကြီးမားတယ်။

“အမွေခံတပည့်ချီ၊” ဟန်ယွမ်က အော်ပြောလိုက်တယ်။ “ဒါ ငါသိသမျှထဲမှာ အပြင်းထန်ဆုံးနည်းစနစ်ပဲ။ ခရမ်းရွှေနဂါးကျား ပုံစံလို့ခေါ်တယ်။ မင်းဒါကို တားနိုင်ရင် ငါအရှုံးပေးတယ်။ မင်းနိုင်ပြီ။”

“ကောင်းပြီလေ။” ချီမင် ပြောလိုက်တယ်”ခင်ဗျားသဘောအတိုင်းပဲ။”

All Chapters