← Chapters

ဝိဉာဉ်ကြက်နှင့် အဂ္ဂိရတ်ပညာ အထွတ်အထိပ်

Vol. 5 Ch. 59

ဝိဉာဉ်ကြက်နှင့် အဂ္ဂိရတ်ပညာ အထွတ်အထိပ်

Vol. 5 Ch. 59

အဆင့်တစ်ဆယ် တိရစ္တာန်စကား နားလည်နိုင်ခြင်း စွမ်းရည်သည် ဤသရုပ်ပြခြင်းတွင် စုရှင်း မျှော်လင့်သည်ထပ် ပိုမို အသုံးဝင်ခဲ့သည်။

အရေးအကြီးဆုံးမှာ အကျပ်အတည်း ကာလအတွင်း ဂူပိုးများနှင့် ဆက်သွယ်နိုင်ကာ စုရှင်းအား အန္တရာယ်မှ ကင်းလွတ်စေနိုင်ခဲ့ခြင်းပင်။

နောက်တစ်ခုမှာ ဝိညာဉ်ကြက်များနှင့် ဆက်သွယ်နိုင်စွမ်း ရှိပြီး စုရှင်းအား ၎င်းတို့ကို ပိုမိုထိရောက်စွာ မွေးမြူနိုင်စေကာ ကြက်ဥနှင့် ကြက်စွပ်ပြုတ်၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့သည်။

ထို့ထက်ပင် စုရှင်းသည် ဤစွမ်းရည်ကို အသုံးပြု၍ နောင်တွင် ပိုမိုအသုံးဝင်သော ဝိညာဉ်သတ္တဝါများကို မွေးမြူနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော စွမ်းရည်သည် ရရှိရန် ခက်ခဲသည်။ယခုတစ်ကြိမ် လွဲချော်သွားပါက နောက်တစ်ကြိမ် ဘယ်တော့မှ ရနိုင်မည် ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။

ကျင့်ကြံခြင်း အဆင့်အနေဖြင့် ဤသရုပ်ပြခြင်းတွင် စုရှင်း ကြုံတွေ့ခဲ့ရသော တိုးတက်မှုသည် အကန့်အသတ်ရှိသည်။ မရှိမဖြစ် လိုအပ်သည် မဟုတ်ပေ။

စုရှင်း ရွေးချယ်ပြီးနောက် စနစ်၏ အသိပေးချက်သံသည် သူ့နားထဲတွင် ထွက်ပေါ်လာသည်။

[ဒင်၊ သင်သည် ချန်ချွန်း နည်းပညာ အပြည့်အစုံကို ရွေးချယ်ခဲ့ပြီး စွမ်းအင်မှတ် ၅၀၀,၀၀၀ ကုန်သွားပါသည်။လက်ကျန် စွမ်းအင်မှတ် ၁၉၃,၀၀၀ ကျန်ရှိသည်။]

[ဒင်၊ သင်သည် အဆင့်တစ်ဆယ် အပြာရောင် စွမ်းရည် တိရစ္ဆာန်များ၏ စကားကို နားလည်ခြင်းအား ရွေးချယ်ခဲ့ပြီး စွမ်းအင်မှတ် ၁၀၀,၀၀၀ ကုန်ကျကာ လက်ကျန် စွမ်းအင်မှတ် ၉၃,၀၀၀ ကျန်ရှိသည်။]

တစ်ချိန်တည်းမှာပင် စုရှင်း၏ လက်ထဲတွင် ရှေးဟောင်းစာပေ အပြည့်အစုံတစ်ခု ပေါ်လာခဲ့သည်။၎င်းမှာ ချန်ချွန်း နည်းပညာ ဖြစ်သည်။

စုရှင်းသည် သက်ပြင်းချလိုက်ပြီး

“နည်းပညာရဲ့ ပထမပိုင်းက စွမ်းအင်မှတ် ၃,၀၀၀ဘဲ တန်တဲ့ဟာကို လွတ်မြောက်ခြင်း နယ်ပယ်အထိ ကျင့်ကြံနိုင်တဲ့ နည်းပညာက အံ့သြစရာ ကောင်းလောက်အောင် စွမ်းအင်မှတ် ၅၀၀,၀၀၀ တန်ဖိုးရှိတယ်တဲ့။”

သရုပ်ပြစက်၏ အမြင်တွင် ရွှေအမြုတေ အဆင့်ကို ကျင့်ကြံနိုင်သည့် နည်းလမ်းမှာ များစွာရှိသည့်အပြင် အဆုံးတွင်လည်း ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးကို မွေးထုတ်ပေးနိုင်လိမ့်မည်။

သို့သော် လွတ်မြောက်ခြင်း နယ်ပယ်အထိ ကျင့်ကြံနိုင်သည့် နည်းလမ်းကမူ လုံးဝ ကွဲပြားခြားနားသည့် ကိစ္စတစ်ခုပင် ဖြစ်သည်။

ချန်ချွန်းနည်းပညာသည် အလွန် အစွမ်းထက်သည့် ကျင့်ကြံခြင်းနည်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည့်အတွက် စွမ်းအင် ၅၀၀,၀၀၀မှတ်တောင် ပေးခဲ့ရသည်ဟု စုရှင်းထင်သည်။အမှန်တကယ်လည်း ထိုက်တန်သည်ဟု ခန့်မှန်းပါသည်။

စုရှင်းသည် ချန်ချွန်းနည်းလမ်းကို ဂရုတစိုက် ဖတ်ကြည့်ပြီးနောက် ကျင့်ကြံခြင်းဆိုင်ရာ မန္တန်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။

ကျင့်ကြံခြင်းဆိုင်ရာ မန္တန်အပြင် စုရှင်းသည် ချန်ချွန်းဂိုဏ်း၏ အရင်ကျင့်ကြံသူများ ချန်ထားခဲ့သည့် ကျင့်ကြံခြင်း အတွေ့အကြုံဆိုင်ရာ မှတ်စုတစ်ချို့ကိုလည်း တွေ့ရှိခဲ့သည်။

စုရှင်းသည် ထိုအတွေ့အကြုံများကို အဖိုးတန် ရတနာများကဲ့သို့ တန်ဖိုးထားခဲ့သည်။ဤ ကျင့်ကြံခြင်း ဆိုင်ရာ အတွေ့အကြုံများသည် သူ့အတွက် အလွန် အသုံးဝင်ခဲ့သည်။

ယခုအချိန်အထိ စုရှင်း၏ ကျင့်ကြံခြင်းသည် သူ၏ ကိုယ်ပိုင် စူးစမ်းလေ့လာမှုများအပေါ် အခြေခံထားသည်။ ဤနည်းပညာပါ အတွေ့အကြုံများသည် စုရှင်းအတွက် ကျင့်ကြံခြင်းကို ပိုမို ထင်ရှားစေရုံသာမက လမ်းလွဲများစွာကို ရှောင်ရှားနိုင်ရန်လည်း ကူညီပေးမည် ဖြစ်သည်။

“ငါသိပြီ၊ ချီသန့်စင်ခြင်းနဲ့ အခြေခံ အုတ်မြစ် တည်ဆောက်ခြင်း အဆင့်တွေမှာ ရွှေအမြုတေ အဆင့်အတွက် အခြေခံကောင်းများ ချမှတ်နိုင်ဖို့နဲ့ အရည်အသွေးမြင့် ရွှေအမြုတေကို စုစည်းနိုင်ဖို့အတွက် တန်ထျန်းကို ချဲ့ထွင်ဖို့ အာရုံစိုက်ဖို့က အရေးကြီးတယ်”

စုရှင်းသည် အနည်းငယ် စိတ်လှုပ်ရှားစွာ ပြန်လည် သုံးသပ်ခဲ့သည်။ထိုအတွေ့အကြုံများတွင် တန်းထျန်ကို ချဲ့ထွင်ရန်အတွက် အသေးစိတ် နည်းလမ်းများ ဖော်ပြထားသည်။စုရှင်းသည် ယခင်က မသိခဲ့သောကြောင့် သူ၏ ရွှေအမြုတေ အဆင့် ကျင့်ကြံခြင်းသည် အနည်းငယ် နှေးကွေးခဲ့သည်။

“ဒါပေမယ့် ဒါတွေကို ကုစားဖို့ နည်းလမ်းတွေ ရှိပါသေးတယ်။မှတ်တမ်းတင်ထားတဲ့ အတွေ့အကြုံများအရ ရွှေအမြုတေရဲ့ အဆင့်မြင့် အရည်အသွေးကို တိုက်ရိုက်မြှင့်တင်ဖို့ သတ္တိနဲ့ အချိန်ကို ပိုပြီ လိုအပ်တယ်။အဲဒါက ကျင့်ကြံခြင်းရဲ့ အရှိန်ကိုလည်း များစွာ တိုးမြှင့်ပေးလိမ့်မယ်…”

စုရှင်းသည် ဂရုတစိုက် စဉ်းစားရင်း ရှေးဟောင်းစာပေပါ ကျင့်ကြံခြင်းဆိုင်ရာ အတွေ့အကြုံများကို ထပ်ခါထပ်ခါ လေ့လာခဲ့သည်။မကြာသေးမီ ရက်များအတွင်း သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းမှ ရရှိခဲ့သော အကျိုးအမြတ်များနှင့် ပေါင်းစပ်ကြည့်သောအခါတွင် များစွာ အကျိုးရှိကြောင်း ခံစားမိသည်။

ခဏအကြာတွင် စုရှင်းသည် သူ၏ အတွေးနယ်ချဲ့ခြင်းမှ ပြန်လည်သတိဝင်လာပြီး သူ၏ မျက်လုံးများတွင် ယုံကြည်မှုအသစ်များ ပြည့်နှက်နေလျက်

“ဒီစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ အတွေ့အကြုံတွေကို တစ်ခုပြီးတစ်ခု ကျွမ်းကျင်အောင် လုပ်နိုင်သရွေ့ ငါ့ရဲ့ ကျင့်ကြံခြင်း အရှိန်ဟာ နောက်ထပ် သုံးပုံတစ်ပုံ တိုးလာနိုင်တယ်!”

သုံးပုံတစ်ပုံ တိုးလာခြင်းသည် မနည်းလှပေ။ နောင်တွင် စုရှင်းအတွက် သရုပ်ပြခြင်း အချိန်များစွာကို သက်သာစေနိုင်သည်။

စုရှင်းသည် ရှေးဟောင်းစာပေကို ဂရုတစိုက် သိမ်းဆည်းပြီးနောက် သူရွေးချယ်ခဲ့သော ဒုတိယ ဆုလာဘ်ဖြစ်သည့် အဆင့်တစ်ဆယ် တိရစ္ဆာန်စကား နားလည်ခြင်း စွမ်းရည်အကြောင်း စဉ်းစားနေတော့သည်။

ခဏမျှ ဂရုတစိုက် ခံစားကြည့်ပြီးနောက် စုရှင်းသည် မည်သည့် ကွာခြားမှုကိုမျှ သတိမထားမိခဲ့ပေ။ သူ အံ့အားသင့်နေစဉ်တွင် ရုတ်တရက် အဝေးမှ အသံတစ်ခုကို ကြားလိုက်ရသည်။

“ကြက်အစ်ကို! ဝိညာဉ်ဆန်လေး နည်းနည်းလောက် ဝေမျှပေးပါလား... ကျွန်တော် အများကြီး မလိုပါဘူး၊ နှစ်စေ့နဲ့ တစ်ဝက်လောက်ဆို ရပါပြီ!”

စုရှင်းသည် ထိုအသံကို ကြားသောအခါ ခဏမျှ ရပ်တန့်သွားပြီး အသံလာရာကို လှည့်ကြည့်လိုက်သည်။

ထို့နောက် သူသည် သူပြုလုပ်ထားသော ကြက်ခြံထဲတွင် ဝိညာဉ်ကြက် အချို့သည် ချော့မော့သော အမူအရာဖြင့် ဝိညာဉ်ဆန်စေ့များကို ပိုမိုစားလိုပုံ ရသည်ကို တွေ့ရှိခဲ့သည်။

အထူးသဖြင့် ခန့်ညားထည်ဝါပြီး တင်းမာသော ကြက်ဖ တစ်ကောင်သည် မျက်လုံးထဲတွင် မထီမဲ့မြင်သော အကြည့်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကောင်လေး မည်းမည်း၊ ကြက်အစ်ကိုက မင်းတို့ကို ပိုမပေးချင်တာ မဟုတ်ဘူး။မင်းတို့က လုံလောက်အောင် မကြိုးစားကြဘူးလေ! ဒီကမ္ဘာမှာ အားကောင်းသူကသယ အသက်ရှင်ကျန်တယ်။ငါက မင်းတို့ထက် အားကောင်းတော့ ငါက ဝိညာဉ်ဆန် ပိုရတာ သဘာဝကျတယ်…”

ကြက်အစ်ကို၏ စကားများကို ကြားသောအခါ အခြားသေးငယ်သော ဝိညာဉ်ကြက်များသည် ချက်ချင်း တုန်လှုပ်သွားကြသည်။

စုရှင်းသည် ဤမြင်ကွင်းကို မျက်မှောင်ကြုတ်လျက် ကြည့်နေမိသည်။

“အရင်က ဝိညာဉ်ကြက်တွေရဲ့ တိုးတက်မှုနှုန်း ဘာလို့ နှေးကွေးနေလဲလို့ တွေးနေတာ။ အုပ်စုထဲမှာ ကြက်ဥပုပ်တစ်လုံး ပါနေတာကိုး! သူ့ကိုယ်သူ ကြက်အစ်ကိုလို့ ခေါ်ဝံ့သေးတယ်? ဒါ ငါ့ ဝိညာဉ်ကြက်တွေရဲ့ မွေးမြူနှုန်းကို ထိခိုက်နေတာ မဟုတ်ဘူးလား?”

“ဒီညအတွက် ထူးထူးခြားခြား ညစာစားချိန် ရောက်လာပြီ ထင်တယ်၊ ဝိညာဉ်ကြက်စွပ်ပြုတ် တစ်ပန်းကန်…”

မဆိုင်းမတွဘဲ စုရှင်းသည် ဓားတစ်ချောင်းကို ကောက်ယူကာ ကြက်အစ်ကိုဘက်သို့ ခြိမ်းခြောက်ဟန်ဖြင့် သွေးနေတော့သည်။

လျင်မြန်သော လှုပ်ရှားမှုဖြင့် သတ်ခြင်း၊ သွေးထွက်စေခြင်း၊ အမွေးနုတ်ခြင်း... သူသည် လုပ်ငန်းစဉ်တစ်ခုလုံးကို ချောချောမွေ့မွေ့ လုပ်ဆောင်သွားသည်။

စုရှင်းသည် ဝိညာဉ်ကြက်စွပ်ပြုတ်ကို သောက်နေစဉ် အခြားကြက်များကို ပြောလိုက်သည်။

“မင်းတို့အားလုံး တန်းတူပဲ! ကြက်အစ်ကိုတို့ ဘာတို့ဆိုတာ မရှိဘူး။ ဘယ်သူပဲဖြစ်ဖြစ် တခြားကြက်တွေရဲ့ တိုးတက်မှုကို ဟန့်တားဝံ့ရင် ငါ့ရဲ့ရန်သူပဲ!”

သူတို့အထဲက အားအကောင်းဆုံး ဝိညာဉ်ကြက်တောင် စုရှင်းရဲ့ လက်ထဲမှာ အနည်းငယ်လေးမှ မလှုပ်နိုင်ဘဲ အများဆုံးမှ စုရှင်းကို မကျေနပ်စွာဖြင့် တတောက်တောက် ထိုးစိတ်နိုင်ရုံသာ ရှိသည်ကို မြင်သောအခါ သူတို့သည် ချက်ချင်း ကြောက်လန့်ပြီး တစ်ကိုယ်လုံး တုန်ရီသွားကြသည်။

“အာ! ဒီကမ္ဘာမှာ စစ်မှန်တဲ့ ကြက်အစ်ကို တစ်ကောင်ပဲ ရှိပါတယ်။အဲဒါက ငါတို့ရဲ့ အရှင်သခင်ကြီးပဲ! ကျွန်တော်၊ မည်းမည်းလေးက အခုကစပြီး ကြက်အစ်ကို ကို ကျွန်တော့် အသက်နဲ့ ထပ်တူ ကာကွယ်မယ်လို့ ကျိန်ဆိုပါတယ်!”

ဝိညာဉ်ကြက်တွေရဲ့ သစ္စာခံ ကျိန်ဆိုသံကို ကြည့်ရင်း စုရှင်း၏ နဖူးပေါ်တွင် နောက်ထပ် အရေးအကြောင်း တစ်ခု ပေါ်လာပြန်သည်။

ကောင်းပြီလေ၊ အခု ငါက ကြက်အစ်ကို ဖြစ်သွားပြီပေါ့?

စုရှင်းသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ပြီးခဲ့သည့် လအနည်းငယ်အတွင်း သူ၏ ဝိညာဉ်ကြက်များ၏ မွေးမြူနှုန်းသည် မနှေးကွေးခဲ့ပေ။

ဒုတိယမျိုးဆက် ဝိညာဉ်ကြက်များသည် ဖြည်းဖြည်းချင်း ကြီးထွားလာနေပြီဖြစ်ပြီး စုရှင်းအား နေ့စဉ် ဝိညာဉ်ကြက်ဥများစွာ၊ တစ်ခါတစ်ရံ ဒါဇင်ပေါင်းများစွာ၊ တစ်ခါတစ်ရံ ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အထိပင် ပေးစွမ်းနိုင်ခဲ့သည်။

ဝိညာဉ်ကြက်ဥများ ပေါများသောကြောင့် စုရှင်းသည် အားလုံး ကုန်အောင် မစားနိုင်တော့ပါ။၎င်းတို့၏ အာနိသင်မှာ ဝိညာဉ်ဆန်ထက်ပင် ပိုကောင်းကာ သူပြန်ပေးရသည်မှာ ဝိညာဉ်ဆန် အချို့သာ ဖြစ်သည်။သို့သော် ယင်းသည် သူ၏ ရုပ်ခန္ဓာကို အဆက်မပြတ် ပြုစုပျိုးထောင်ပေးသည်။

နောက်တစ်ပတ်တွင် စုရှင်းသည် အမြဲလိုပင် အလှဆီ သုံးရာကို ဖော်စပ်ခဲ့သည်။ထို့အပြင် ဉာဏ်အလင်း ရရှိကာ အရေးပေါ် အသုံးပြုရန် အတွက် အဆင့်နိမ့် အနာကျက်ဆေးများနှင့် အနှစ်သာရ အားဖြည့်ဆေးများကိုလည်း ဖော်စပ်ခဲ့သည်။

လုံလောက်သော သက်တမ်းရင့် ဝိညာဉ်ဆေးမြစ်များ မရှိသောကြောင့် စုရှင်းသည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း ဆေးများကို လုံးဝ ဖော်စပ်နိုင်စွမ်း မရှိပါ။အနာကျက်ဆေးများနှင့် အနှစ်သာရ အားဖြည့်ဆေးများ၏ အာနိသင်ပင်လျှင် ပုံမှန်ဆေးများ၏ ဆယ်ပုံတစ်ပုံသာ ရှိသည်။

သို့သော် ထိုသို့ ဖြစ်လင့်ကစား အနှစ်သာရ အားဖြည့်ဆေးများသည် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်စွမ်းအားနှင့် ကျွမ်းကျင် ပညာရှင်တစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ အရည်အချင်းများကိုပင် တိုက်ရိုက် မြှင့်တင်ပေးနိုင်သော အဖိုးတန်ပစ္စည်းများ ဖြစ်သည်။

အနည်းငယ် စမ်းသပ်ပြီးနောက် အဆင့်နိမ့် အနှစ်သာရ အားဖြည့်ဆေးများ၏ အာနိသင်သည် ဒါဇင်ပေါင်းများစွာ သောက်သုံးပြီးနောက် လုံးဝ ပျောက်ကွယ်သွားပြီး အကန့်အသတ်ရှိသော တိုးတက်မှုသာ ပေးစွမ်းနိုင်ကြောင်း၊ စစ်မှန်သော အနှစ်သာရ အားဖြည့်ဆေးများကဲ့သို့ ကျင့်ကြံသူ တစ်ဦး၏ ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် အားဖြည့်ပေးနိုင်ခြင်း မရှိကြောင်း စုရှင်း တွေ့ရှိခဲ့သည်။

သို့သော် ဤအဆင့်နိမ့် ဆေးများသည် ပါဝင်ပစ္စည်းများ ဈေးပေါပြီး နည်းလမ်းများ ရိုးရှင်းသောကြောင့် အားသာချက်ရှိပြီး စုရှင်းအား တစ်ရက်အတွင်း ရာနှင့်ချီ ဖော်စပ်နိုင်စေသည်။

အဆင့်နိမ့် အနှစ်သာရ အားဖြည့်ဆေးများကို တီထွင်ပြီးနောက် စုရှင်း၏ အနှစ်သာရ အားဖြည့်ဆေးများ ဖော်စပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုအဆင့်သည် အဆင့်မြင့်မှ အထွတ်အထိပ်အဆင့်သို့ တက်သွားသည်ကို တွေ့ရှိရ၍ စုရှင်းသည် အံ့အားသင့်သွားသည်။

စုရှင်းအတွက် ဤသည်မှာ ပျော်ရွှင်ဖွယ် အံ့အားသင့်စရာ တစ်ခုဖြစ်ပြီး သူ၏ ဆေးဖော်စပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများထဲတွင် ယခုအခါ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသော ဆေးနှစ်မျိုး ရှိလာခဲ့ပြီ ဖြစ်သည်။

၎င်းတို့မှာ အလှဆီနှင့် အနှစ်သာရ အားဖြည့်ဆေးတို့ ဖြစ်သည်။

စုရှင်းသည် ဆေးနှစ်မျိုးလုံးကို ခြွင်းချက်မရှိ။ပြုပြင်ပြောင်းလဲခဲ့ပြီး ၎င်းတို့၏ ဗားရှင်းအသစ်များကို တီထွင်ခဲ့သည်။

“ဆေးဖော်စပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုကို အထွတ်အထိပ်အဆင့်ထိ မြှင့်တင်နိုင်ဖို့ ဆေးဖော်စပ်ခြင်းရဲ့ မူလအခြေခံတွေကို ကျွမ်းကျင်ရုံသာမက ကိုယ်ပိုင်နားလည်မှုနှင့် ကိုယ်ပိုင် တိုးတက်မှုတွေကိုပါ လိုအပ်တာလား?”

…

All Chapters