လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်
Vol. 5 Ch. 62
စုရှင်းသည် ဤအရာကို မြင်သောအခါ ချက်ချင်းပင် “အဆင်ပြေပြီ!” ဟု စိတ်ထဲတွင် တွေးလိုက်သည်။
ဆင်းသက်ဂိုဏ်းတွင် အကြီးအကဲ တစ်ဦး၏ ရာထူးကို ရရှိခြင်းသည် အမှန်စင်စစ် အဆင့်မြင့်သူ တစ်ဦး၏ ရာထူးပင် ဖြစ်သည်။
ထို့ပြင် သရုပ်ပြခြင်းတွင် အရိပ် စောင့်ရှောက်သူက သူ့ကို ကူညီ ပံ့ပိုးပေးနေသောကြောင့် စုရှင်းသည် ခွေးကောင် ကျုံးမှ သူ့အား မထိရဲလောက်ဟု တွက်ဆထားသည်။
“အာ... အရိပ် စောင့်ရှောက်သူ လက်အောက်မှာ အလုပ်လုပ်ရတာ တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ! လုပ်အားခ ကောင်းရုံတင်မကဘူး၊ အချိန်လည်း အများကြီးရတယ်။ တစ်လမှာ ရက် အနည်းငယ်လောက်ပဲ အလုပ်ပြီးအောင် လုပ်ဖို့ လိုပြီး ကျန်တဲ့အချိန်တွေကို ကိုယ့်ဘာသာ လေ့ကျင့်လို့ရတယ်၊ တကယ်ကို ကောင်းလိုက်တာ!”
စုရှင်းသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။ ယခင် သရုပ်ပြခြင်းတွင် သူသည် ခွေးကောင် ကျုံး၏ လက်အောက်သို့ ဝင်ရောက်ခဲ့ပြီး ရလဒ်မှာ ကြည့်ရသည်ပင် စိတ်မချမ်းသာစရာ ကောင်းလောက်အောင် ဆိုးရွားခဲ့ကာ အရိပ် စောင့်ရှောက်သူ၏ လက်အောက်တွင် ရှိခဲ့သည့် အခြေအနေနှင့် လုံးဝမတူပေ။ သူမသည် အလွန်လှပရုံသာမက စုရှင်းအပေါ်တွင်လည်း စိတ်ရင်းကောင်းသူ တစ်ဦး ဖြစ်သည်။
စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
[တတိယနှစ်တွင် အကြီးအကဲ ဖြစ်လာပြီးနောက် သင့်လက်အောက် ငယ်သားများကို သင်ကိုယ်တိုင် ရွေးချယ်ခွင့် ရှိသည်။ အလုပ်မရှုပ်သောအခါ အလုပ်အချို့ကို လုပ်ကိုင်ပေးမည့် ဝမ့်ချင်းရွှမ်ကို သင်၏ အကြီးအကဲ အတွင်းရေးမှူး အဖြစ် ခန့်အပ်လိုက်သည်။]
[ဝမ့်ချင်းရွှမ်သည်သာ သင့်လက်အောက်သို့ ရောက်ရှိလာခြင်း မဟုတ်ဘဲ သင့်၏ အသစ်ခန့်အပ်ထားသော လက်အောက်ငယ်သားများထဲတွင် ကျောက်တုံးလေး ဟုခေါ်သော တစ်ဦးလည်း ပါဝင်သည်။သူသည် သင်တစ်ချိန်က ဒဏ်ရာပျောက်ဆေးဖြင့် ကယ်တင်ခဲ့သည့် သင့်နောက်လိုက် ဖြစ်ပြီး သင့်ကို သစ္စာမဖောက်ခဲ့ပေ။]
[သင်သည် နေ့စဉ် ကျင့်ကြံမှုအပေါ် အာရုံစိုက်ပြီး၊ သင်၏ လုပ်ငန်း တာဝန်များကို ပြီးမြောက်ရန် လိုအပ်သည့် အခါမှလွဲ၍ အိမ်မှ ထွက်တာ ရှားသည်။ သင်သည် ဂိုဏ်းအတွင်းရှိ အခြားအကြီးအကဲများနှင့် မပေါင်းသင်းဘဲ၊ လေ့ကျင့်မှုတွင်သာ အာရုံစူးစိုက်ထားသည်။]
[စတုတ္ထနှစ်တွင် သင်၏ ကျင့်ကြံမှု အဆင့်သည် ရွှေအမြုတေ အဆင့်၏ ဆဋ္ဌမအလွှာသို့ တိုးတက်သွားသည်။ သင်သည် ရွှေအမြုတေ တည်ငြိမ်စေသော နည်းစနစ်များကို နားလည် သဘောပေါက်ရန် အာရုံစိုက်ကာ သင့် ရွှေအမြုတေ၏ အရည်အသွေးကို ပိုမို မြှင့်တင်ခဲ့သည်။]
[ပဉ္စမနှစ်တွင် သင်၏ ကျင့်ကြံမှု အဆင့်သည် ရွှေအမြုတေ အဆင့်၏ သတ္တမအလွှာသို့ တိုးတက်သွားသည်။]
[ဆဋ္ဌမနှစ်တွင် သင်၏ ကျင့်ကြံမှု အဆင့်သည် ရွှေအမြုတေ အဆင့်၏ အဋ္ဌမအလွှာသို့ တိုးတက်သွားသည်။]
[သတ္တမနှစ်တွင် သင်၏ ကျင့်ကြံမှု အဆင့်သည် ရွှေအမြုတေ အဆင့်၏ နဝမအလွှာသို့ တိုးတက်သွားသည်။]
[အဋ္ဌမနှစ်တွင် သင်၏ ကျင့်ကြံမှု အဆင့်သည် ရွှေအမြုတေ အဆင့်၏ အမြင့်ဆုံးအဆင့်သို့ တိုးတက်သွားသည်။]
[နဝမနှစ်တွင် ရွှေအမြုတေ အဆင့်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီးနောက် သင်သည် ကျင့်ကြံမှု အဆင့်ကို တိုးမြှင့်ရန် ဆက်လက် ကြိုးပမ်းခြင်း မပြုဘဲ သန္ဓေတည် ဝိဉာဉ်အဆင့်သို့ တစ်ကြိမ်တည်း တိုးတက်ရန် ရည်ရွယ်ခဲ့သည်။]
[ပထမဦးစွာ သင်သည် အစွမ်းထက်သော စွမ်းရည်ရှိသော်လည်း သန္ဓေတည်စ ဝိဉာဉ်အဆင့်သို့ တိုးတက်ရန် အချိန်များစွာ လိုအပ်ဦးမည်ကို သင်သိသောကြောင့်ဖြစ်သည်။]
[ဒုတိယအချက် အနေဖြင့် သင်၏ အခြေခံအုတ်မြစ်သည် လုံလောက်စွာ မခိုင်မာသေးကြောင်းနှင့် ပိုမို ကြီးမားသော တိုက်ခိုက်ရေး စွမ်းအားကို ထုတ်လွှတ်နိုင်ဖို့ အတွက် သင်၏ ရွှေအမြုတေ အဆင့် ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ရန် အချိန်များစွာ လိုအပ်ကြောင်း သင်သိသောကြောင့် ဖြစ်သည်။]
[ထို့ကြောင့် သင်သည် အနှစ်သာရ အားဖြည့်ဆေးများ သောက်သုံးမှုကို လျှော့ချပြီး တစ်နေ့လျှင် လေးနာရီ အချိန်သတ်မှတ်ကာ သင့်ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်ကို စုစည်းခြင်းနှင့် သင်၏ ရွှေအမြုတေ အဆင့်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်းတို့အား ပြုလုပ်ခဲ့သည်။]
[ဒသမနှစ်တွင် သင်၏ ကျင့်ကြံမှု အဆင့်သည် နောက်ထပ် တိုးတက်မှု မရှိခဲ့သော်လည်း သင့် ရွှေအမြုတေ၏ အရည်အသွေးသည် ပိုမို အားကောင်းလာသည်ကို ခံစားနိုင်ခဲ့သည်။ သင့် ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်သည် သင် ရွှေအမြုတေ အဆင့်၏ အမြင့်ဆုံး အဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့သည့် အချိန်ကထက် အနည်းဆုံး နှစ်ဆယ် ရာခိုင်နှုန်း ပိုမို အားကောင်းလာခဲ့သည်။]
[သင်သည် သင်၏ ရွှေအမြုတေကို မမောမပန်း ဆက်လက် ပြုပြင်ခဲ့သည်။ သင့်လက်ထဲတွင် သရုပ်ပြစက် တစ်ခု ရှိသောကြောင့် သင့်တွင် အချိန်များစွာ ရှိသည်။]
[တစ်နေ့တွင် အရိပ် စောင့်ရှောက်သူသည် သင့်ကို လာတွေ့ခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း သင်သည် သူမအတွက် မရေမတွက်နိုင်သော ဆေးဝါးများကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပေးခဲ့ပြီး သူမ၏ အလွန်အမင်း ယုံကြည်မှုကို ရရှိကာ သူမ၏ အရေးအပါဆုံးသော ယုံကြည်အားထားရသူ ဖြစ်လာခဲ့သည်။]
[သူမသည် သင့်ကို ပုံတူ နယ်ပယ်တစ်ခုသို့ ခေါ်သွားပြီးနောက် အရိပ် သားရဲ၏ အလောင်းတစ်ခုကို ထုတ်ယူကာ အသား၏ ချုပ်တည်းမှုများမှ လွတ်မြောက်ရန် သူမနှင့်အတူ သင်၏ ကိုယ်တွင်းအင်္ဂါများကို ပြောင်းလဲဖို့ ဖိတ်ခေါ်ခဲ့သည်။]
[မြေပြင်ပေါ်ရှိ ကြောက်မက်ဖွယ် ကောင်းသော အလောင်းကို ကြည့်လိုက်သောအခါ သင်သည် မအီမသာ ဖြစ်ခြင်းကို ခံစားလိုက်ရသည်။ လူတစ်ပိုင်း၊ သားရဲတစ်ပိုင်း သတ္တဝါအဖြစ်သို့ မပြောင်းလဲလိုသောကြောင့် သင်သည် ငြင်းဆိုခဲ့သည်။]
[အရိပ် စောင့်ရှောက်သူသည် သင်၏ ငြင်းဆိုမှုကို အံ့အားသင့်ခြင်း မရှိပေ။ သူမသည် ဤကိစ္စကို ဖြည်းဖြည်းချင်း လက်ခံရန် သင့်အား အချိန်ပေးမည်ဟု ပြောကြားခဲ့သော်လည်း သင့်အတွက် သူမ ပေးနိုင်သော အချိန်သည် ကုန်ဆုံးလုနီးပြီ ဖြစ်ကြောင်း၊ သင်သည် အမြန်ဆုံး ပင်မ မျိုးနွယ်စုဝင် တစ်ဦး ဖြစ်လာရမည် ဖြစ်ကြောင်းလည်း သူမက ညွှန်ပြခဲ့သည်။]
[အချိန်များစွာ မကျန်တော့ဟု အရိပ် စောင့်ရှောက်သူ ပြောသော စကား၏ အဓိပ္ပါယ်ကို သင်သိပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ အားနည်းမှုကြောင့် အခြားသော မျိုးနွယ်စုများ၏ ကျူးကျော်မှုသည် အရှိန်မြှင့်လာနေပြီး မကြာမီ နတ်ဆိုး ဖြတ်ကျော်ခြင်း အကျဉ်းခန်း ကျရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။]
[အမှန်တကယ် ကမ္ဘာကြီး ပျက်စီးခြင်းသည် သင့်အတွက် မကောင်းသည်မှာ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သင်ကျင့်ကြံရန် အချိန် နည်းပါးလာပြီဟု ညွှန်ပြနေသောကြောင့် ဖြစ်သည်။]
[သင်၏ ကိုယ်ပိုင် ကြိုးပမ်း အားထုတ်မှုများသည် အခြားသော မျိုးနွယ်စုများ၏ လူသားမျိုးနွယ်ကို ကျူးကျော်နှုန်းကို နှေးကွေးစေနိုင်ခြင်း ရှိမရှိ သင် စဉ်းစားနေမိသည်။]
[နှစ်ပေါင်းများစွာအတွင်း သင်သည် တစ်လလျှင် ဆေးဖက်ဝင် အပင် နှစ်ရာကျော်ကို စဉ်ဆက်မပြတ် ရရှိခဲ့ပြီး ဆေးလုံး နှစ်ထောင်နီးပါး ထုတ်လုပ်ရန် လုံလောက်ပါသည်။ သင်၏ တာဝန်အတွက် ပေးအပ်ရသော အပိုင်းနှင့် သင်၏ ကိုယ်ပိုင် ကျင့်ကြံမှုအတွက် အသုံးပြုသော အပိုင်းကို ဖယ်ထုတ်လိုက်လျှင် ဆယ်နှစ်အတွင်း အနှစ်သာရ အားဖြည့်ဆေးနှင့် ဒဏ်ရာပျောက်ဆေး ငါးသောင်းကျော်ကို စုဆောင်း ထားနိုင်ခဲ့သည်။]
[သင်သည် ဤဆေးလုံးများကို ရှားစစ်တပ်၏ အထက်အရာရှိများထံ ပေးအပ်နိုင်ခြင်း ရှိမရှိ စဉ်းစားနေပါသည်။ အဘယ်ကြောင့်ဆိုသော် သင်သာ ဖော်ထုတ်ခံရပါက ဆင်းသက်ဂိုဏ်းမှ သင့်အား သစ္စာဖောက် တစ်ဦးအဖြစ် သတ်မှတ်မည်မှာ သေချာသောကြောင့် ဖြစ်သည်။]
[သို့သော် သင်သာ ဘာမှမလုပ်ပါက လေးနှစ်ကျော်အတွင်း အမှန်တကယ် ကမ္ဘာကြီး ပျက်စီးသွားနိုင်သည်။ထိုအချိန်အတွင်း သင်သည် နောက်ထပ် လေးနှစ်သာ သရုပ်ပြခြင်းများ ဆက်လက် လုပ်ဆောင်နိုင်တော့မည်ကိုလည်း သင် ကောင်းစွာ သိပါသည်။]
[တစ်နေ့တွင် သင်သည် အခြေစိုက်စခန်းမှ ခေတ္တ ထွက်ခွာရန် ပြီးပြည့်စုံသော အကြောင်းပြချက် တစ်ခုကို ရှာဖွေတွေ့ရှိပြီး မည်သူမျှ နောက်က လိုက်မလာကြောင်း သေချာစေပြီးနောက် သင်သည် ရုပ်ဖျက်ဆေး ကို အသုံးပြု၍ သင်၏ အသွင်အပြင်ကို ပြောင်းလဲလိုက်သည်။]
[သင်ကိုယ်တိုင်ကို ဖုံးကွယ်ပြီးနောက် သင်သည် လုယွမ်ဝူကို တိုက်ရိုက် ဆက်သွယ်ပြီး သူ့အတွက် ကြီးမားသော လက်ဆောင် တစ်ခုရှိကြောင်း ပြောကြားခဲ့သည်။]
[လုယွမ်ဝူသည် သင့်ကို လိမ်လည်သူဟု ထင်ကာ သင့်အား တွေ့ဆုံရန် ငြင်းဆိုခဲ့သည်။]
[အခြား ရွေးချယ်စရာ မရှိသောကြောင့် သင်သည် ကျင်းချုံးရွှယ် နှင့် လျှို့ဝှက်စွာ ဆက်သွယ်ရန် ဆက်သွယ်မှု အချို့ကို အသုံးပြုပြီး လုယွမ်ဝူနှင့် တွေ့ဆုံရန် စီစဉ်နိုင်ခဲ့သည်။]
[လူသူကင်းမဲ့သော ခေါင်မိုးတစ်ခုပေါ်တွင် သင်သည် လုယွမ်ဝူအား အနှစ်သာရ အားဖြည့်ဆေး နှစ်သောင်းကျော်နှင့် ဒဏ်ရာပျောက်ဆေး တစ်သောင်းကျော် ပါဝင်သော သိုလှောင် လက်စွပ် တစ်ခုကို ပေးအပ်ခဲ့သည်။]
[ဤသည်မှာ သံသယ ဖြစ်ဖွယ်မရှိသော ကြီးမားသည့် ကံကြမ္မာ တစ်ခုဖြစ်ပြီး ဤဆေးလုံးများကို အပြည့်အဝ အသုံးချပါက ရှားစစ်တပ်သည် တစ်နှစ်အတွင်း ကျွမ်းကျင် မာစတာ အဆင့် ကျင့်ကြံသူ ထောင်ပေါင်းများစွာကိုပင် ထုတ်လုပ်နိုင်ပေမည်။]
[သင်သည် လုယွမ်ဝူအား ဤဆေးလုံးများကို ကောင်းစွာ အသုံးချရန်နှင့် ၎င်းတို့၏ မူလအစနှင့် အကျိုး သက်ရောက်မှုများကို တတ်နိုင်သမျှ လျှို့ဝှက်ထားရန် ပြောကြားခဲ့သည်။လုယွမ်ဝူအား ဆေးလုံးများကို ပေးအပ်ပြီးနောက် သင် ထွက်ခွာခဲ့သည်။]
[ဆယ့်တစ်နှစ်မြောက်တွင် သင်သည် ပုံမှန်အတိုင်း ဆေးလုံးများ ဆက်လက် ထုတ်လုပ်ပြီး သင်၏ လုပ်ငန်း တာဝန်များအတွက် လိုအပ်သည့်အခါမှလွဲ၍ အပြင်သို့ ရှားရှားပါးပါးသာ သွားရောက်ခဲ့သည်။]
[တစ်နေ့တွင် အရိပ် စောင့်ရှောက်သူသည် အကြိီးအကဲကျုံးနှင့် အခြား အကြီးအကဲ အချို့နှင့်အတူ သင့်ထံ ချဉ်းကပ်လာသည်။]
[သင်သည် မျက်နှာဖုံးမှပင် အရိပ် စောင့်ရှောက်သူ၏ မတည်ငြိမ်သော စိတ်ခံစားချက်များကို ခံစားနိုင်ပြီး သင်၏ နှလုံးသားသည် တုန်လှုပ်သွားသည်။]
[အရိပ်စောင့်ရှောက်သူက သင်သည် သူမကို အဘယ်ကြောင့် သစ္စာဖောက်ခဲ့ကြောင်း ဒေါသတကြီး မေးမြန်းပြီး လူသားမျိုးနွယ်သည် ကယ်တင်ရန် မဖြစ်နိုင်တော့ကြောင်း၊ သင်၏ လုပ်ရပ်များသည် ဘာမျှ ပြောင်းလဲမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။]
[စောင့်ရှောက်သူ ကျုံးသည် ထပ်မံ၍ သူသည် သင့်ကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ကြောင်း ပြောကြားခဲ့သည်။ သူသည် သင်၏ လျှို့ဝှက်ချက်များကို ထုတ်ယူကာ သူ၏ ကျင့်ကြံမှုကို မြှင့်တင်ရန်အတွက် သင့်အား ဆေးလုံးအဖြစ် ပြောင်းလဲလိုကြောင်း ပြောကြားခဲ့သည်။]
[သင်သည် ရှုပ်ထွေးဟန် ဆောင်ကာ မည်သူ့ကိုမျှ သစ္စာမဖောက်ဖူးကြောင်း၊ သင်၏ ခိုင်မာသော သစ္စာစောင့်သိမှုကို ကြော်ငြာခဲ့သည်။ သို့သော် အရိပ် စောင့်ရှောက်သူသည် အနှစ်သာရ အားဖြည့်ဆေး တစ်လုံးကို ထုတ်ယူ၍ ၎င်းကို ရှားစစ်တပ်မှ ရရှိခဲ့သည်ဟု ပြောသောအခါ သင်၏ ဖုံးကွယ်ထားမှု ပျက်သွားကြောင်း သင်သိလိုက်သည်။]
[အကြီးအကဲ အချို့နှင့် စောင့်ရှောက်သူ နှစ်ဦးသည် သင့်အနားသို့ တဖြည်းဖြည်း တိုးကပ်လာသည်။သင်သည် ၎င်းတို့နှင့် မယှဉ်နိုင်ကြောင်း သိလိုက်သည်။]
[အလွန် အရေးပေါ် ဖြစ်နေသည့် အခြေအနေတွင် သင်သည် သင်၏ ဝိညာဉ်စွမ်းအားကို အသက်သွင်းကာ ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေထဲသို့ ထွက်ပြေးခဲ့သည်။]
[ကံကောင်းစွာဖြင့် ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရပြီး ဝိုင်းရံခံရပါက သင်သည် ကြိုတင် စီစဉ်ထားသော အစီအစဉ်တစ်ခု ရှိခဲ့သည်။ သင်သည် ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေတွင် လုံလောက်သော ရိက္ခာနှင့် အစားအစာများကို ပြင်ဆင်ထားခဲ့ပြီး အနှစ်သာရ အားဖြည့်ဆေးများနှင့် ဒဏ်ရာပျောက်ဆေး ထောင်ပေါင်းများစွာကို ချန်ထားခဲ့သည်။ယင်းတိူ့ အားလုံးသည် ကြာရှည်စွာ ကျင့်ကြံရန် လုံလောက်ပါသည်။]
[ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေသည် လုံခြုံပြီး သိုင်းဧကရာဇ် အဆင့် ကျင့်ကြံသူများနှင့် ဘုရား အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများပင် ဝင်ရောက်နိုင်ခြင်း မရှိသောကြောင့် သင်သည် ထိုနေရာတွင် ငြိမ်းချမ်းစွာ ကျင့်ကြံမှု စတင်ခဲ့သည်။]
[ဆယ့်နှစ်နှစ်မြောက်တွင် သင်၏ ကျင့်ကြံမှု အဆင့်သည် တိုးတက်မှု မရှိသေးသော်လည်း သင့် ရွှေအမြုတေ၏ အရည်အသွေးသည် ပိုမိုကောင်းမွန်လာပြီး အရည်အသွေးမြင့် ရွှေအမြုတေ တစ်ခုကို တည်ဆောက်ရန် မဝေးတော့ကြောင်း သင် ခံစားမိသည်။]
…