← Chapters

ဖန်အန်၏မျက်နှာဖြင့် မွေးဖွားခြင်း၊ ရွှေအမြုတေ ပထမ တစ်ပတ်လည် တည်ဆောက်နိုင်ခြင်း!

Vol. 5 Ch. 65

ဖန်အန်၏မျက်နှာဖြင့် မွေးဖွားခြင်း၊ ရွှေအမြုတေ ပထမ တစ်ပတ်လည် တည်ဆောက်နိုင်ခြင်း!

Vol. 5 Ch. 65

စုရှင်းသည် ချက်ချင်းပင် ပေါင်ပေါ်တွင် လက်ဝါးချင်း ယှက်၍ ထိုင်ကာ စိတ်မျက်စိဖြင့် အတွင်းသို့ ကြည့်ရှုလိုက်သည်။

ပထမအပြောင်းအလဲသည် စုရှင်း၏ တန်းထျန် အတွင်းရှိ ရွှေအမြုတေတွင် ဖြစ်ပေါ်ခဲ့သည်!

မူလက ဖျော့တော့သော ရွှေရောင်ရှိသည့် ရွှေအမြုတေသည် လျင်မြန်စွာ နက်ရှိုင်းလာပြီး စက္ကန့် အနည်းငယ်အတွင်း တောက်ပသော ရွှေရောင်အဖြစ်သို့ ပြောင်းလဲကာ တည်ငြိမ်သွားသည်။နောက်ဆုံးတွင်မူ ထိန်းချုပ်မှု ရှိလာပြီး ၎င်း၏ အစစ်မှန်ဆုံး ပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။

စက္ကန့် အနည်းငယ်အတွင်း စုရှင်း၏ ရွှေအမြုတေသည် အလယ်အလတ် အဆင့်မှ အဆင့်အမြင့်ဆုံး ရွှေအမြုတေသို့ တိုးတက် ပြောင်းလဲသွားခဲ့သည်။

စုရှင်းသည် ခဏတာ ခံစားကြည့်ပြီး သူ၏ ဝိညာဉ်စွမ်းအားသည် ပိုမို နက်ရှိုင်းလာရုံ သာမက ၎င်းကို ကိုင်တွယ်ရာတွင်လည်း ပိုမို ကျွမ်းကျင်လာသည်ဟု ခံစားလိုက်ရသည်။

သို့သော် ဤသည်မှာ အစပြုခြင်းသာ ဖြစ်သည်။

ရွှေအမြုတေ၏ အရည်အသွေး တိုးတက်လာပြီးနောက် စုရှင်း၏ ကျင့်ကြံမှု အဆင့်သည် တိုးပွားလာခဲ့သည်။

ရွှေအမြုတေ အဆင့် ပထမအလွှာ...ရွှေအမြုတေ အဆင့် ဒုတိယအလွှာ…

ရွှေအမြုတေ အဆင့် ပဉ္စမအလွှာ... အဋ္ဌမအလွှာ... နဝမအလွှာ!

မိနစ် အနည်းငယ်အတွင်း စုရှင်း၏ ကျင့်ကြံမှု အဆင့်သည် သိသိသာသာ မြင့်တက်သွားပြီး လုပ်ငန်းစဉ် တစ်ခုလုံးသည် ရေကဲ့သို့ ညင်သာကာ နာကျင်မှု မရှိခဲ့ပေ။

နောက်ဆုံးတွင် စုရှင်း၏ ကျင့်ကြံမှု အဆင့်သည် ရွှေအမြုတေ၏ အမြင့်ဆုံး အဆင့်သို့ တရှိန်ထိုး တိုးတက်သွားခဲ့သည်။

သူ့ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားများ တိုးပွားလာသည်ကို ခံစားမိသော စုရှင်းသည် မျက်နှာတွင် စိတ်ရင်းမှန်သော အပြုံးတစ်ခုကို ပြသခဲ့သည်။

“နောက်ဆုံးတော့ ရွှေအမြုတေရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီ!”

စုရှင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကို ဂရုတစိုက် ခံစားကြည့်သည်။ အကယ်၍ ယခင်က ရွှေအမြုတေ အဆင့်၏ ပထမအလွှာတွင် စုရှင်း၏ ဝိညာဉ်စွမ်းအားသည် စမ်းချောင်းငယ်လေး တစ်ခုကဲ့သို့ ဖြစ်ခဲ့ပါက ယခုအခါ ထိုစမ်းချောင်းသည် အဆပေါင်းများစွာ ကျယ်ပြန့်လာ‌လေပြီ။ ထို့အတူပင် သူ၏ ဝိညာဉ်စွမ်းအား ကျင့်ကြံမှုသည်လည်း အဆပေါင်းများစွာ တိုးလာခဲ့သည်။

ဤသည်မှာ ရွှေအမြုတေ၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခြင်း၏ ရလဒ်သာမက စုရှင်း ရွှေအမြုတေ၏ အရည်အသွေး တိုးတက်လာခြင်းကြောင့်လည်း ဖြစ်သည်။

ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ဦးသည် ကျင့်ကြံသူများ နယ်ပယ်၏ တတိယအလွှာတွင် ရှိပြီး၊ ၎င်းသည် ရွှေအဆင့် ကျွမ်းကျင် ပညာရှင်များ၏ တတိယအဆင့်နှင့် ကိုက်ညီသင့်သည်။

သို့သော် ချီသန့်စင်ခြင်းနှင့် ခန္ဓာ သန့်စင်ခြင်း နှစ်မျိုးစလုံးတွင် ကျင့်ကြံခြင်းနှင့် ရွှေအမြုတေ၏ အရည်အသွေး တိုးတက်လာခြင်းတို့ကြောင့် စုရှင်းသည် မာစတာ အဆင့်၏ နောက်ပိုင်းအဆင့် ကျွမ်းကျင်ပညာရှင်များကိုပင် အနိုင်ယူနိုင်ပေမည်။

“အဆင့်အမြင့်ဆုံး ရွှေအမြုတေ တကယ်ကို နက်နဲလိုက်တာ... နောက်တစ်ခုက ကိုးပတ်လည် ရွှေအမြုတေကို ဘယ်လို တည်ဆောက်ရမလဲဆိုတာ ရှာရမယ်!”

အဆင့်အမြင့်ဆုံး ရွှေအမြုတေ၏ ချိုမြိန်မှုကို မြည်းစမ်းပြီးနောက် စုရှင်းသည် ယခုအခါ ကိုးပတ်လည် ရွှေအမြုတေကို သူ၏ ပန်းတိုင်အဖြစ် သတ်မှတ်လိုက်သည်။

ကိုးပတ်လည် ရွှေအမြုတေကို စုရှင်းသာ အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့လျှင် သူသည် ထိပ်တန်း မာစတာ အဆင့်နှင့် ဂရန်းမာစတာအဆင့် ကျွမ်းကျင် ပညာရှင်များနှင့်ပင် ယှဉ်ပြိုင်နိုင်ပေမည်။

စုရှင်းသည် သူ၏ ကျွမ်းကျင်မှု ဖန်သားပြင်ဆီသို့ အကြည့်လွှဲလိုက်သည်။

[အမည်: စုရှင်း]

[အသက်: ၂၁]

[အလုပ်အကိုင်: ကျင့်ကြံသူ (ထူးခြားသော လျှို့ဝှက်အလုပ်အကိုင်)]

[ကျင့်ကြံမှု အဆင့်: ရွှေအမြုတေ၏ အမြင့်ဆုံးအဆင့်၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ် နဝမအလွှာ]

[ကျင့်ကြံရေး နည်းစနစ်: ချန်ချွန်း နည်းလမ်း၊စွမ်းအင် စုစည်းခြင်း လျှို့ဝှက်နည်းလမ်း]

[ပါရမီများ: သစ်-မီး ဒွန်တွဲနေသော စစ်မှန်သည့် ဝိညာဉ်ရင်းမြစ်၊ သေသည့်တိုင် မျက်လုံးဖွင့်ခြင်း၊ မွေးရာပါ အံ့ဖွယ်အင်အား၊ ကံကောင်းခြင်း စီးဆင်းမှု၊ အသိဉာဏ်ပွင့်ခြင်း၊ မလျှော့သောစိတ်ဓာတ်၊ သားရဲစကား အဆင့် တစ်ဆယ်...]

[ကျွမ်းကျင်မှုများ: လီ မီးပညာ (အခြေခံအဆင့်)၊ အဂ္ဂိရတ်ပညာ (အခြေခံအဆင့်)၊ ဝိဉာဉ် ပေါက်ကွဲခြင်း နည်းလမ်း (မစတင်ရသေး)၊ ရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်း နည်းလမ်း (မစတင်ရသေး)]

[ပစ္စည်းများ: သွေးစိမ်းဓားရှည်(အစိမ်းရောင်)၊ ဆူးကြိုး (အစိမ်းရောင်)၊ တိမ်တိုက် ဘွတ်ဖိနပ်(အစိမ်းရောင်)]

ကျွမ်းကျင်မှု ဖန်သားပြင်တွင် များစွာ ပြောင်းလဲမှု မရှိပါ။ စုရှင်း၏ ချီသန့်စင်ခြင်း ကျင့်ကြံမှုသည် ရွှေအမြုတေ၏ အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ခံခဲ့ရပြီး သူ၏ စွမ်းရည်များသည်လည်း ပြန်လည် ဆန်းသစ်သွားခဲ့သည်။ စုရှင်းတွင် ယခုအခါ စွမ်းရည် ခုနစ်ခုအထိ ရှိနေပြီ ဖြစ်သည်။

ထို့ပြင် ဤကာလအတွင်း ကြိုးစားအားထုတ်မှုများကြောင့် စုရှင်းသည် ဝိဉာဉ် သိပ်သည်းခြင်း အခြေခံများနှင့် မစတင်ရသေးသော ရှန်းနန် ဝိဉာဉ် ပျိုးထောင်ခြင်း၏ အခြေခံများကို စတင် နားလည်လာခဲ့သည်။

စုရှင်းသည် အောက်ခြေရှိ ပစ္စည်းကိရိယာ ကဏ္ဍကို ကြည့်ရှုရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“ငါ့ရဲ့ လက်ရှိ ကြွယ်ဝမှုနဲ့ဆိုရင် ငါ့ရဲ့ ပစ္စည်း ကိရိယာတွေကို လုံးဝ အဆင့်မြှင့်တင်နိုင်တယ်။ အစိမ်းရောင်အဆင့် ပစ္စည်းကိရိယာတွေက ငါ့ရဲ့ အင်အားကို နည်းနည်းဘဲ တိုးမြှင့်ပေးနိုင်တယ်။”

စုရှင်းသည် သာမန်ကမ္ဘာတွင် အစစ်အမှန် အန္တရာယ်နှင့် ဘယ်သောအခါမျှ မတွေ့ဆုံခဲ့ရ‌ပေ။ တက္ကသိုလ် ဝင်းအတွင်း၌ အမြဲရှိနေခဲ့သောကြောင့် သူ၏ ပစ္စည်းကိရိယာများကို ပြောင်းလဲရန် အလျင်မလိုခဲ့ပေ။

သို့သော် ယခု စုရှင်းတွင် ငွေကြေး အတော်အတန် ရှိနေသောကြောင့် သူ၏ ပစ္စည်း ကိရိယာများကို အစားထိုးရန် များစွာ ကုန်ကျမည် မဟုတ်။ထို့‌ကြောင့် သင့်လျော်သော အပိုင်းအစ အနည်းငယ်ကို ဝယ်ယူရန် အချိန်ယူ၍ သူ ဆုံးဖြတ်ခဲ့သည်။

သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာပြီးနောက် စုရှင်းသည် ပျင်းရိခြင်းကို မရွေးချယ်ဘဲ ပို၍ပင် ကြိုးစားအားထုတ်ကာ ဆေးလုံးများကို ဆက်လက် ချက်လုပ်ခဲ့သည်။

စုရှင်းသည် သူ၏ ကျင့်ကြံမှု တိုးတက်လာပြီးနောက် ဝိညာဉ်စွမ်းအား ထိန်းချုပ်နိုင်မှု ပိုမို ကောင်းမွန်လာသည်။ ဆေးလုံးများ ချက်လုပ်ရန် ကြာမြင့်ချိန်ပင် ဆယ်ပုံတစ်ပုံနီးပါး လျော့နည်းသွားသည်ကို တွေ့ရှိရ၍ သင် အံ့အားသင့်သွားခဲ့သည်။

“အရင်က ငါ့ရဲ့ ချက်လုပ်နှုန်းက အမြင့်ဆုံး ရောက်သွားပြီလို့ ထင်ခဲ့တာ။ကျင့်ကြံမှုအဆင့် မြင့်လာပြီးနောက် ပိုတိုးလာမယ်လို့ မထင်ထားဘူး။ ဒါ တကယ်ကို ပျော်စရာ အံ့အားသင့်စရာပဲ…”

ယခုအချိန်တွင် စုရှင်းအတွက် ဆေးလုံး ချက်လုပ်နှုန်းသည် သူ စွမ်းအင် ရရှိမည့်နှုန်းကို ဆုံးဖြတ်ပေးမည်မှာ သံသယဖြစ်ဖွယ်ပင် မရှိပေ။ ချက်လုပ်နှုန်း မြန်လေလေ စွမ်းအင် ပိုမို ရရှိလေလေ ဖြစ်သည်။

ပင်ပန်း ငြီးငွေ့ဖွယ် ဆေးလုံး ချက်လုပ်ခြင်း လုပ်ငန်းတွင်ပင် နောက်ထပ် တစ်ရက် ကုန်လွန်သွားခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက်၊ ဆောင်းလယ်။ ထိုနေ့လည်တွင် စုရှင်းသည် ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ဝင်ရောက်ကာ နှစ်ဆယ့်တစ်ကြိမ်မြောက် သရုပ်ပြခြင်းကို အချိန်မှန်ပင် စတင်ခဲ့သည်။

“သရုပ်ပြခြင်းကို စတင်ပါ!”

[ယခု အကြိမ်အတွက် စွမ်းအင်မှတ် ၂၁၀၀ ကုန်ကျပြီး သင့်တွင် စွမ်းအင်မှတ် ၈၀၂,၂၉၆နှင့် အကန့်အသတ်မဲ့ သရုပ်ပြခြင်း အခွင့်အရေးများ ကျန်ရှိပါသည်။]

[သရုပ်ပြခြင်း စတင်ပါပြီ!]

[အဖြူရောင် စွမ်းရည် အတွက် စွမ်းအင်မှတ် ၁၀၀၊ အစိမ်းရောင် စွမ်းရည် အတွက် စွမ်းအင်မှတ် ၁,၀၀၀၊ အပြာရောင် စွမ်းရည် အတွက် စွမ်းအင်မှတ် ၁၀,၀၀၀ ကုန်ကျမည်ဖြစ်ပါသည်။ ရယူလိုပါသလား?]

“အပြာရောင် စွမ်းရည် ယူမယ်!”

စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်များကို ပွတ်သပ်လိုက်ပြီး အခြား အစွမ်းထက်သော အပြာရောင် စွမ်းရည်ကို ရရှိရန် မျှော်လင့်နေခဲ့သည်။

[ဒင်၊ “ဖန်းအန်နှင့် ယှဉ်ပြိုင်နိုင်သော အလှ” ဟူသည့် အပြာရောင် စွမ်းရည်ကို ရရှိသည့်အတွက် ဂုဏ်ပြုပါသည်။]

[ဖန်းအန်နှင့် ယှဉ်ပြိုင်နိုင်သော အလှ]: သင်သည် နှစ်တစ်ထောင်အတွင်း မြင်ရခဲသော ရှားပါး အလှပိုင်ရှင် ဖြစ်သည်။ ဆန့်ကျင်ဘက် လိင်များသည် သင့်အသွင်အပြင်ကို နှစ်သက်ကြမည်ဖြစ်ပြီး လိင်တူသူများပင် သင့်အလှကို နှစ်သက် မြတ်နိုးကြမည် ဖြစ်သည်။

“ကောင်းပြီ ကောင်းပြီ၊ ဆွဲဆောင်မှုကို မြှင့်တင်ပေးတဲ့ နောက်ထပ် စွမ်းရည် တစ်ခုဘဲ။ ဟို စွမ်းရည်ကို အဆင့်မြှင့်ထားတဲ့ ဗားရှင်းနဲ့ တူတယ်... ဒါပေမယ့် ဖန်းအန်က သူ့ခေတ် သူ့အခါက ပြိုင်စံရှား အလှပိုင်ရှင် အစ်ကို အက်ဒီဆင်ချန်းထက် တကယ်ပဲ ပိုချောလို့လား?”

စုရှင်းသည် မျက်တောင်ခတ်ရင်း သရုပ်ပြခြင်းကို စတင်လိုက်သည်။

[ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေအတွင်း သင်သည် သရုပ်ပြခြင်း တစ်ခုအတွင်း ရောက်ရှိနေကြောင်း သိလိုက်သည်။]

[သင်သည် သင်၏မျက်နှာကို ကြည့်ရန် မှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။ သို့သော် သင်၏ အသွင်အပြင်တွင် များစွာ ပြောင်းလဲခြင်း မတွေ့ရပါ။ သင်သည် အလွန် ချောမောနေသောကြောင့် ဖြစ်နိုင်သည်။]

[ပထမနှစ်တွင် သင်သည် အဆင့်နိမ့် အနှစ်သာရ အားဖြည့်‌ဆေး အချို့ကို ချက်လုပ်ပြီး ကိုးပတ်လည် ရွှေအမြုတေ ကျင့်ကြံရန် နည်းလမ်းကို စမ်းသပ်ကြည့်ခဲ့သည်။]

[ဆေး သိပ်သည်းခြင်း နည်းလမ်းကို သင် ပိုင်ဆိုင်ထားသောကြောင့် သင်သည် လမ်းလွဲများစွာကို ရှောင်ရှားနိုင်ခဲ့သည်။ ရွှေအမြုတေကို စဉ်ဆက်မပြတ် သန့်စင်ခြင်းနှင့် သင့်ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကို ဖိသိပ်ခြင်းသည် ကိုးပတ်လည် ရွှေအမြုတေကို တဖြည်းဖြည်း ဖြစ်ပေါ်စေမည့် အကြောင်း သင်သိသည်။]

[သင်သည် တစ်နေ့လျှင် လေးနာရီ အချိန်သတ်မှတ်၍ သင်၏ ရွှေအမြုတေကို သန့်စင်ပြီး နောက်ထပ် လေးနာရီကိုမူ သင်၏ ဆေးဖော်စပ်မှု စွမ်းရည်ကို မြှင့်တင်ရန် အသုံးပြုသည်။]

[ထိုသို့ဖြင့် ခြောက်လ ကုန်လွန်သွားပြီး တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်ကို လာတွေ့သည်။]

[သင်သည် ဤနေ့ကို အချိန် အတော်ကြာ စောင့်ဆိုင်းခဲ့သည်။ တစ်ညတာ ပြီးနောက် သင်နှင့် ဝမ့်ချင်းရွှမ်သည် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။]

[ဒုတိယနှစ်တွင် သင်၏ ကျင့်ကြံမှု အဆင့်ကို လျင်မြန်စွာ မြှင့်တင်ဖို့ အတွက် ဆေးလုံးများ ရရှိရန် အလွန် အလျင်လိုနေသဖြင့် သင်သည် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ပြီး သုံးလအကြာတွင် သင်၏ ဆေးဖော်စပ်မှု စွမ်းရည်များကို စတင် ထုတ်ဖော် ပြသခဲ့သည်။]

[တစ်နေ့တွင် အရိပ် စောင့်ရှောက်သူနှင့် စောင့်ရှောက်သူ ကျုံးတို့ နှစ်ဦးစလုံး သင့်ထံ လာရောက်ပြီး တစ်ဦးစီက ၎င်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဝင်ရောက်ရန် သင့်အား ဖိတ်ခေါ်ခဲ့သည်။]

[တုံ့ဆိုင်းခြင်းမရှိဘဲ သင်သည် အရိပ် စောင့်ရှောက်သူဘက်ကို ရွေးချယ်ခဲ့သည်။ သင်၏စိတ်ထဲတွင် ခွေးကောင် ကျုံးအား အကြိမ် သန်းပေါင်းများစွာ ကျိန်ဆဲနေခဲ့သည်။]

[သင်သည် ဒဏ်ရာပျောက်ဆေးနှင့် အနှစ်သာရ အားဖြည့်ဆေး နှစ်မျိုးလုံးကို ချက်လုပ်နိုင်ကြောင်း အရိပ် စောင့်ရှောက်သူအား ပြောပြသည်။ ဤအရာကို ကြားသောအခါ သူမသည် အလွန်ဝမ်းမြောက်သွားသည်။ သင်သည် အခွင့်ကောင်းယူ၍ ဝိညာဉ်ဆေးဝါး အမြောက်အမြားကို တောင်းခံခဲ့သည်။]

[အရိပ် စောင့်ရှောက်သူသည် သင့်အား တစ်လလျှင် အနှစ်သာရ အားဖြည့်ဆေးပင် တစ်ရာနှင့် စိတ်ဓာတ် အားဖြည့်ဆေးပင် တစ်ရာ ပေးအပ်ပြီး အပြန်အလှန်အားဖြင့် သင်သည် သူမအား အနှစ်သာရ အားဖြည့်ဆေး တစ်ရာနှင့် ဒဏ်ရာပျောက်ဆေး သုံးရာကိုသာ ပေးအပ်ရန် လိုအပ်သောကြောင့် ကြားခံလူအဖြစ် ဆယ်ဆ အမြတ် ရရှိသည်။]

[တတိယနှစ်တွင် နေ့စဉ်နှင့်အမျှ သင်သည် ဝိညာဉ်စွမ်းအားကို ဖိသိပ်ပြီး သင်၏ ရွှေအမြုတေကို သန့်စင်ကာ ၎င်းကို တဖြည်းဖြည်း ထူးချွန် ထက်မြက်လာစေသည်။]

[တစ်နေ့တွင် သင်၏ ရွှေအမြုတေတွင် နက်နဲသော ပုံစံတစ်ခု စုစည်းလာသည်။ အလွန် ဝမ်းမြောက်စွာဖြင့် သင်သည် ကြိုးစား အားထုတ်မှု များစွာ ပြုလုပ်ခဲ့သည်။ထို့နောက် နောက်ဆုံးတွင် ပထမ ပတ်လည် ရွှေအမြုတေကို တည်ဆောက်နိုင်ခဲ့သည်။]

…

All Chapters