ကောင်းကင် ဘဏ္ဍာများနှင့် ကမ္ဘာ့အံ့ဖွယ်ရာများ၊ ဝိညာဉ် စုစည်းခြင်း သစ်သား၊ ဝိညာဉ်စုစည်း ဆေးလုံးများ!
Vol. 7 Ch. 85
ဤအရာကို မြင်သောအခါ စုရှင်းသည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ အလယ်အလတ် အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ပြီး တိုးတက်မှုကို လျင်မြန်စွာ ရရှိခြင်းမှာ သူသည် ဆေးပညာရပ်တွင် အနည်းငယ် အောင်မြင်သည်ဟု မှတ်ယူနိုင်ကြောင်း ဆိုလိုသည်။
သို့သော် စုရှင်းသည် သရုပ်ပြခြင်း၏ နောက်ဆက်တွဲ အကြောင်းအရာကို မြင်သောအခါ သူ့ အမြင်များသည် ချက်ချင်း မှောင်မိုက်သွားသည်။
[ပထမလတွင် သင်သည် ဝိညာဉ်စုစည်း ဆေးလုံး အသုတ်သုံးဆယ်ကို ဖော်စပ်ခဲ့သော်လည်း အားလုံး ကျရှုံးခဲ့ပြီး အောင်မြင်မှုနှုန်း သုည ရာခိုင်နှုန်း ရရှိခဲ့သည်။]
[ဒုတိယလတွင် သင်သည် စိတ်ဓာတ်မကျဘဲ ဝိညာဉ်စုစည်း ဆေးလုံး အသုတ်သုံးဆယ်ကို ထပ်မံ ဖော်စပ်ခဲ့ပြီး ယင်းတို့ အားလုံးသည်လည်း ထပ်မံ ကျရှုံးခဲ့သည်။]
[တတိယလတွင် သင်၏ ကြိုးစားအားထုတ်မှုသည် ကောင်းကင်ဘုံ၏ ဆုလာဘ်ကို ခံစားရမည်ဟု ခိုင်မာစွာ ယုံကြည်ကာ သင်သည် နေ့ရောညပါ ဖော်စပ်ခဲ့သည်။ ဆေးလုံး တစ်သုတ်စီသည် သင်၏ စိတ်စွမ်းအင် များစွာကို အသုံးပြုခဲ့သည်။ ဝိညာဉ်စုစည်း ဆေးလုံး အသုတ် သုံးဆယ်ကို ဖော်စပ်ပြီးနောက် သင်သည် အရည်အသွေးနိမ့် ဝိညာဉ်စုစည်း ဆေးလုံး တစ်လုံးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။]
[စတုတ္ထလတွင် သင်သည် သင်၏ အတွေ့အကြုံများနှင့် နည်းလမ်းများကို အကျဉ်းချုပ်ကာ ဆေးလုံး အသုတ်သုံးဆယ်ကို ထပ်မံ ဖော်စပ်ခဲ့သော်လည်း အားလုံး ကျရှုံးခဲ့ပြန်သည်။ ယခင် အောင်မြင်ခဲ့သော အသုတ်သည် မတော်တဆ ဖြစ်ခဲ့ကြောင်း သင် သဘောပေါက်ခဲ့သည်။]
[ပဉ္စမလတွင် သင်သည် မမောမပန်း ကြိုးစားအားထုတ်ကာ အံ့သြဖွယ် စိတ်ပိုင်းဖြတ်မှုဖြင့် ဝိညာဉ်စုစည်းဆေးလုံး အသုတ်သုံးဆယ်ကို ထပ်မံဖော်စပ်ခဲ့ပြီး နောက်ဆုံးတွင် အရည်အသွေးနိမ့် ဝိညာဉ်စုစည်းဆေးလုံး သုံးလုံးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။]
[သင်သည် ဖော်စပ်ခဲ့သော အရည်အသွေးနိမ့် ဝိညာဉ်စုစည်း ဆေးလုံး လေးလုံး စလုံးကို သောက်သုံးခဲ့ပြီး သင်၏ နတ်ဘုရားအာရုံသည် လျင်မြန်စွာ အားကောင်းလာကာ ၎င်း၏ အတိုင်းအတာသည် ၁၅ကျန်း အထိ ကျယ်ပြန့်သွားခဲ့သည်။]
စုရှင်းသည် ဤအရာကို ကြည့်ပြီး မျက်လုံးပြူးသွားသည်။
ပထမသုံးလတွင် သူသည် ဝိညာဉ်စုစည်း ဆေးလုံး အသုတ်ကိုးဆယ်ကို ဖော်စပ်ခဲ့သော်လည်း ဆေးလုံးတစ်လုံးသာ အောင်မြင်ခဲ့သည်။ ထို့ပြင် ၎င်းကလည်း အရည်အသွေးနိမ့် ဆေးလုံးသာ ဖြစ်သည်။
ဆေးလုံး တစ်သုတ်တွင် ဆယ်လုံး ပါဝင်သည်ဟု ယူဆပါက အလုံးစုံ ဆေးဖော်စပ်မှု အောင်မြင်နှုန်း တစ်ထောင်တွင် တစ်ကြိမ်နီးပါးသား ရှိပါသည်။ ဤသည်ကို မည်သို့သော နည်းဖြင့် လျင်မြန်သော တိုးတက်မှုဟု သတ်မှတ်ပါသနည်း?
ထို့အပြင် စုရှင်းသည် အရည်အသွေးနိမ့် ဝိညာဉ်စုစည်း ဆေးလုံး သုံးလုံးကို ဖော်စပ်ရန် နောက်ထပ် နှစ်လ ကြာခဲ့သေးသည်။
တကယ်တမ်းဆို စုရှင်းသည် အရည်အသွေးနိမ့် ဝိညာဉ်စုစည်း ဆေးလုံး လေးလုံးကို ဖော်စပ်ရန် နှစ်ဝက်နီးပါး ကြာမြင့်ခဲ့သည်။
ဝိညာဉ်စုစည်း ဆေးလုံးများ ဖော်စပ်ခြင်း၏ ခက်ခဲမှုသည် စုရှင်း ယခင်က ဖော်စပ်ခဲ့သော အခြား မည်သည့် ဆေးလုံးများထက်မဆို များစွာ သာလွန်သည်။
သို့သော် ဝိညာဉ်စုစည်း ဆေးလုံးများ၏ အာနိသင်သည် အလွန် အားကောင်းသည်။ အရည်အသွေးနိမ့် ဆေးလုံးလေးလုံးသည်ပင် သူ၏ နတ်ဘုရားအာရုံ အတိုင်းအတာကို ၄ကျန်းအထိ တိုးမြှင့်ပေးခဲ့သည်။ ပုံမှန် အရည်အသွေးရှိသော ဝိညာဉ်စုစည်း ဆေးလုံး၏ အာနိသင်ဆို မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်နည်း? အထူးသဖြင့် အဆင့်မြင့် အရည်အသွေးရှိသော ဝိညာဉ်စုစည်း ဆေးလုံး၏ အာနိသင်သာဆို မည်မျှတောု် ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။
“သခင်လေးကို မယုံဘူးဘဲ။ ဒီရိုးရိုး ဝိညာဉ်စုစည်း ဆေးလုံးလေးတွေ လောက်ကများ ငါ့ကို မဖော်စပ်နိုင်ဘူးလို့ တကယ် ထင်နေကြတာလား?”
စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
[ဆယ့်ရှစ်နှစ်မြောက်တွင် သင်သည် ဝိညာဉ်စုစည်း ဆေးလုံးများ ဖော်စပ်ရာတွင် နစ်မျောနေဆဲ ဖြစ်သော်လည်း ရှေ့တန်းစစ်ပွဲကိုလည်း အာရုံစိုက်လာခဲ့သည်။]
[နတ်ဆိုးနှိမ်နင်းရေး စခန်း မချိုးဖောက်ရသေးကြောင်း သိရသောအခါ သင်သည် သက်ပြင်းချခဲ့သည်။ အကြောင်းမှာ ယခင်အတွေ့အကြုံအရ နတ်ဆိုးနှိမ်နင်းရေး စခန်း ကျရှုံးပြီးမှသာ သားရဲများသည် တကယ့်ကမ္ဘာကို ကျူးကျော် ဝင်ရောက်မည် ဖြစ်သည်။]
[သင်သည် တကယ့် ဖော်စပ်ခြင်း မစတင်မီ မလိုအပ်သော အမှားအယွင်းများ မပြုလုပ်မိစေရန် အတွက် ဝိညာဉ်စုစည်း ဆေးလုံးများ ဖော်စပ်ခြင်း၏ အဆင့်များကို စိတ်ထဲတွင် အကြိမ်ကြိမ် ပြန်လည်သုံးသပ်ရန် နောက်ထပ် ခြောက်လ အချိန်ယူခဲ့သည်။]
[ထိုခြောက်လအတွင်း သင်သည် ဝိညာဉ်စုစည်း ဆေးလုံး အသုတ်ရာပေါင်း များစွာကို ဖော်စပ်ခဲ့ရာ သုံးသုတ် အောင်မြင်ခဲ့ပြီး အရည်အသွေးနိမ့် ဝိညာဉ်စုစည်း ဆေးလုံး စုစုပေါင်း ၁၃ လုံး ရရှိခဲ့သည်။]
[အရည်အသွေးနိမ့် ဝိညာဉ်စုစည်း ဆေးလုံးများ အားလုံးကို သောက်သုံးပြီး ရက်အနည်းငယ်အတွင်း သင့် နတ်ဘုရား အာရုံ၏ အတိုင်းအတာသည် ၂၅ကျန်း အထိ တိုးလာခဲ့ကာ နောက်ပိုင်းတွင် သန္ဓေတည် ဝိညာဉ်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိခဲ့သည်။]
[ဆယ့်ကိုးနှစ်မြောက်တွင် သင်သည် ဝိညာဉ်စုစည်း ဆေးလုံးများ ဖော်စပ်ခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း သင်၏ သုံးစွဲမှုကြောင့် ဝိညာဉ်စုစည်း သစ်သားသည် တစ်ဝက်အောက်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် သင်သည် စတင် ဂရုတစိုက် လုပ်ဆောင်ခဲ့ပြီး သင်ဖော်စပ်သော ဝိညာဉ်စုစည်း ဆေးလုံး တစ်သုတ်စီမှ အတွေ့အကြုံများကို သေချာ ရယူခဲ့သည်။]
[တစ်နှစ်ကြာပြီးနောက် သင်သည် ဝိညာဉ်စုစည်း ဆေးလုံး ဆယ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ပုံမှန် အရည်အသွေးရှိသော ဆေးလုံး နှစ်သုတ် အပါအဝင် စုစုပေါင်း ဆေးလုံး ၆ လုံး ရရှိခဲ့သည်။]
[ဤ ဝိညာဉ်စုစည်း ဆေးလုံး ခြောက်လုံးကို သောက်သုံးပြီးနောက် သင်၏ နတ်ဘုရား အာရုံသည် တစ်ဖန် ပြင်းထန်စွာ တိုးပွားလာပြီး သင်၏ အတိုင်းအတာသည် ၅၀ကျန်း အထိ ရောက်ရှိခဲ့သည်။ ယင်းမှာ သန္ဓေတည် ဝိညာဉ် ကျင့်ကြံသူ အများစု ရောက်ရှိရန် ခက်ခဲသော အဆင့် ဖြစ်သည်။]
[ထိုနှစ်တွင်ပင် သင်၏ ကျင့်ကြံမှု အဆင့်သည် တိုးတက်လာပြီး သန္ဓေတည် ဝိညာဉ်အဆင့် တတိယ အလွှာသို့ တိုးတက်ခဲ့သည်။]
[နှစ်ဆယ်နှစ်မြောက်တွင် သင်သည် ဝိညာဉ်စုစည်း ဆေးလုံးများနှင့် ပတ်သက်သည့် သင်၏ သုတေသနကို ဆက်လက် လုပ်ဆောင်ရန် ပြင်ဆင်နေစဉ်မှာပင် အလွန် ဆိုးရွားသော သတင်းတစ်ခု ရောက်ရှိလာခဲ့သည်—နတ်ဆိုးနှိမ်နင်းရေး စခန်း ချိုးဖောက်ခံလိုက်ရပြီ!]
[နတ်ဆိုးနှိမ်နင်းရေး စခန်း ချိုးဖောက်ခံရသောအခါ ထိုနှစ်မှာပင် နေကို ဖုံးအုပ်ထားသည့် အလွန် ကြီးမားသော သတ္တဝါကြီးသည် လက်တွေ့ ကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။]
[ရွှေရောင် ပုံရိပ်များစွာသည် ကောင်းကင်သို့ ပျံတက်သွားပြီး ထိုအလွန် ကြီးမားသော သတ္တဝါကို ကြယ်ပြာမှ မောင်းထုတ်ရန် ကြိုးစားသော်လည်း ၎င်းတို့သည် ကျရှုံးခဲ့သည်။]
[သားရဲသည် ရှားနိုင်ငံ တစ်ခုလုံးကို တစ်ခါတည်း မျိုချလိုက်သည်။ သင် သေဆုံးခါနီးတွင် လောရွှေရင်သည် သင့်ဆီသို့ ပြေးလာနေသည်ကို သင် မြင်လိုက်ရသည်။ သူမသည် တစ်ခုခုကို လှမ်းအော်နေသကဲ့သို့ ပါးစပ်ဟ နေသော်လည်း သူမနှင့် အလွန် ဝေးကွာနေသောကြောင့် သင် ရှင်းရှင်းလင်းလင်း မကြားနိုင်ခဲ့ပါ။]
[ထို့နောက် သင်၏ အမြင်များ ဝေဝါးသွားကာ ခေါင်းစိုက်ကျသွားပြီး သင် သေဆုံးသွားခဲ့သည်!]
[သင်၏ မွေးရာပါ စွမ်းရည် ဖြစ်သော “သေခြင်းကို လက်မလျှော့သည့် မျက်လုံးများ” စတင် အသက်ဝင်လာသည်။ သင်သည် မျက်လုံးများကို ပြူးကြည့်လိုက်ရာ သင့်ဦးခေါင်းကို ဖြတ်ခဲ့သူအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သင်တစ်ခါမှ မမြင်ဖူးသော သူတစ်ဦး၊ ရှားနိုင်ငံ စစ်တပ်ထဲသို့ ဝင်လာာသော သူလျှိုတစ်ဦး ဖြစ်ပုံရသည်။]
[သူ၏ မျက်နှာတွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ ပုံပန်းသဏ္ဍာန်များ ပြောင်းလဲသွားသည်နှင့် အမျှ သူ၏ မျက်နှာ အစစ်အမှန်သည် ပေါ်လာခဲ့သည်။]
[သင်သည် သူ့ကို မှတ်မိသွားသည်။ ထိုသူမှာ ကျိန်စာသင့်နေသည့် ခွေးကောင် ကျုံးပင်!]
[ခွေးကောင် ကျုံးသည် သင်၏ မျက်နှာကို ခြေထောက်ဖြင့် နင်းချေလိုက်သောကြောင့် သင်၏ စွမ်းရည် ဖြစ်သော “သေခြင်းတရားကို လက်မလျှော့သည့် မျက်လုံးများ ” သည် ဆက်လက် အလုပ်မလုပ်တော့ပေ…]
[ဒင်၊ သရုပ်ပြခြင်း ပြီးဆုံးပါပြီ!]
စုရှင်းသည် ဤအရာကို မြင်သောအခါ အသက်ရှု မှားသလို ဖြစ်သွားသည်။ သူသည် ခွေးကောင် ကျုံး၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ!
အရေးအကြီးဆုံး အချက်မှာ ဤ ခွေးကောင် ကျုံးသည် ရှားနိုင်ငံ စစ်တပ်ထဲသို့ မည်သို့မည်ပုံ ဝင်ရောက်ခဲ့သနည်း။ သူ့အနားသို့ ရောက်ရှိရန်ပင် အသွင်ယူခဲ့သေးသည်။
သရုပ်ပြခြင်းမှ သတိပြန်ဝင်လာသော စုရှင်းသည် နားထင်များကို ပွတ်သပ်ကာ ရေရွတ်လိုက်သည်:
“ရှားနိုင်ငံ စစ်တပ်က လုံးဝဥဿုံ လုံခြုံတယ်လို့ ဆိုလို့ မရတော့တဲ့ ပုံဘဲ။ အရင်က စစ်တပ် အဆင့်မြင့်ပိုင်းမှာ ဆင်းသက်ဂိုဏ်းက သူလျှိုတွေ ရှိနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ။ အခုတော့ ခွေးကောင် ကျုံးကတောင် အသွင်ယူပြီး ငါ့ကို ချောင်းနေပြီ”
“နောက်ဆက်တွဲ သရုပ်ပြခြင်းတွေမှာ ဒီလို တိုက်ခိုက်မှုတွေကို သတိထားမှ ရမယ်…ဒါပေမယ့် ဟ ၊ ဒီ သရုပ်ပြခြင်းမှာ တကယ်ကို အချိန် အကြာကြီး ဆွဲဆန့်နိုင်လိုက်တာဘဲ!”
မူလ အချိန်ဇယားအရဆိုလျှင် ထိုသားရဲသည် ၂၀၃၈ ခုနှစ်တွင် ဆင်းသက်လာပြီး ကမ္ဘာပျက်ခြင်းသည် ၁၄ နှစ်အကြာတွင် ဖြစ်ပေါ်လာရမည် ဖြစ်သည်။
ပြီးခဲ့သော သရုပ်ပြခြင်းတွင် သုံးနှစ်ထိ ဆွဲဆန့်နိုင်ခဲ့ပြီး ကမ္ဘာပျက်ရန် ၁၇ နှစ်အထိ ကြာမြင့်ခဲ့သည်။
ယခု သရုပ်ပြခြင်းတွင်မူ ဝိညာဉ်ဆေးလုံးများ ဖန်တီးနိုင်မှုကြောင့် နောက်ထပ်သုံးနှစ် ထပ်မံ ကြာမြင့်သွားခဲ့ပြီး ကမ္ဘာဆုံးခန်းတိုင်ရန် နှစ် ၂၀ အထိပင် ကြာမြင့်သွားခဲ့သည်။
“အနှစ် ၂၀ ဆိုတာ တိုတောင်းတဲ့အချိန် မဟုတ်ဘူး…”
စုရှင်း ရေရွတ်လိုက်သည်။ စုရှင်း၏ ခွန်အား တိုးလာသည်နှင့်အမျှ သူချက်လုပ်သော ဆေးလုံးများ ပိုမို ကောင်းမွန်လာသည်နှင့်အမျှ သူသည် ပို၍ အချိန်များများ ရရှိရန် ချိန်ညှိနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
“နောက်ပြီး ဒီသရုပ်ပြခြင်းက ရရှိတဲ့ အကျိုးအမြတ်တွေကလည်း တော်တော်လေး များတယ်၊ ဟုတ်တယ်မလား။ ငါ ဆေးလုံးအသစ် နှစ်မျိုးကို သင်ယူနိုင်ခဲ့ရုံသာမက တာဝန်တွေကို တစ်ပြိုင်နက် လုပ်နိုင်တဲ့ ကျွမ်းကျင်မှုကိုပါ တတ်မြောက်ခဲ့တယ်။ ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဝိညာဉ်အာရုံတောင် တိုးတက်လာသေးတယ်…”
စုရှင်းသည် သရုပ်ပြခြင်း၏ ဆုလာဘ်များဆီသို့ အကြည့် လွှဲလိုက်သည်။
[ဗုဒ္ဓကျွမ်းကျင်မှု]: အပြာရောင် စွမ်းရည်၊ စွမ်းအင်အမှတ် ၁၀၀,၀၀၀ တန်ဖိုးရှိသည်။
[သန္ဓေတည် ဝိညာဉ်အဆင့် သုံးလွှာ]: ချီ သန့်စင်ခြင်း ကျင့်ကြံမှု။ သန္ဓေတည် ဝိညာဉ်ဘိုးဘေး ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသူ၊ စွမ်းအင်အမှတ် ၂ သန်း တန်ဖိုးရှိသည်။
[နှစ် ၂၀ အဂ္ဂိရတ် ပညာ အတွေ့အကြုံ]: တစ်ပြိုင်တည်း လုပ်ဆောင်နိုင်သည့် အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှုများ၊ အဆင့်နိမ့်ဆေးလုံး နဂါးဝိညာဉ်ဆေးလုံး (ကျွမ်းကျင်)၊ အလယ်အလတ်တန်း ဆေးလုံး ဝိညာဉ်စုစည်း ဆေးလုံး (အစပြုသူ) ၊ စသည့် အဂ္ဂိရတ်ပညာ အတွေ့အကြုံများ အပါအဝင် အဂ္ဂိရတ်ဆိုင်ရာ အတွင်းကျကျ ကျွမ်းကျင်မှုများ၊ စွမ်းအင်အမှတ် ၁ သန်း တန်ဖိုးရှိသည် (ဤဆုလာဘ်ကို ရရှိပြီးနောက် လက်ခံသူ၏ အဂ္ဂိရတ် အဆင့်သည် ကျွမ်းကျင် အဆင့်သို့ တိုးတက်လိမ့်မည်)။
[ဝိညာဉ်စုစည်းပန်း သုံးပင် (ရင့်မှည့်)]- သဘာဝ၏ မဟာလမ်းစဉ်ကို နှစ်သက်သော ရင့်မှည့်သည့် ဝိညာဉ်စုစည်းပန်းများ၊ သဘာဝ၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ပြီး ပိုမိုများပြားသော ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်နိုင်သည်၊ စွမ်းအင်အမှတ် ၃၀၀,၀၀၀ တန်ဖိုးရှိသည်။
[ဝိညာဉ်အာရုံ အလျားပေ ၅၀ (အာရုံငါးပါးနယ်ပယ်)]- ဤနယ်ပယ်တွင် ဝိညာဉ်အာရုံသည် အာရုံငါးပါး ဖြစ်သော မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာကဲ့သို့သော ဝိညာဉ်အာရုံများဖြင့် အလျားပေ ၅၀ အတွင်းရှိ လှုပ်ရှားမှုတိုင်းကို ခံစားနိုင်သည်။ သရုပ်ပြခြင်း စွမ်းအင်အမှတ် ၅၀၀,၀၀၀ တန်ဖိုးရှိသည်။
[ဝိညာဉ်စုစည်း သစ်သား သုံးပေ]- ကျင့်ကြံခြင်း ကမ္ဘာတွင် ရှားပါးသော ရတနာတစ်ပါး ဖြစ်ပြီး ဝိညာဉ်အာရုံ နယ်ပယ်ကို အားဖြည့်ပေးနိုင်သည်၊ စွမ်းအင်အမှတ် ၁၀ သန်း တန်ဖိုးရှိသည်။
…