← Chapters

နတ်အာရုံ ငါးပါး နယ်ပယ်၊ အဂ္ဂိရတ် မီးဖို ရရှိခြင်း

Vol. 7 Ch. 86

နတ်အာရုံ ငါးပါး နယ်ပယ်၊ အဂ္ဂိရတ် မီးဖို ရရှိခြင်း

Vol. 7 Ch. 86

ယခုတစ်ခေါက် သရုပ်ပြခြင်း၏ ဆုလာဘ်များသည် အတော်လေး များပြားသည်။ စုရှင်းသည် ရရှိနိုင်သော ရွေးချယ်စရာ ခြောက်ခုထဲမှ နှစ်ခုကို ရွေးချယ်ရန်ပင် အခက်တွေ့နေခဲ့သည်။ ဖန်တီးထားသည့် ဆုလာဘ်များကို ကြည့်ရင်း စုရှင်းက တီးတိုး ရေရွတ်လိုက်သည်။

“ပထမဦးဆုံးအနေနဲ့ ဗုဒ္ဓဘာသာဆိုင်ရာ စွမ်းရည်ကို ဖယ်ထုတ်လိုက်ရအောင်... ငါ့အတွက် အသုံးမဝင်တဲ့ ပုံဘဲ... နောက်ဆုံးတစ်ခု ဖြစ်တဲ့ ဝိညာဉ်စုစည်း သစ်သားကတော့ တကယ် ကောင်းတဲ့ ပစ္စည်းတစ်ခု ပါပဲ၊ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက အရမ်း ဈေးကြီးတယ်၊ စွမ်းအင်အမှတ် ၁၀ သန်းတောင်ပေးရတာ ငါ မတတ်နိုင်ဘူး…”

ထိုကဲ့သို့ ဖယ်ထုတ်ပြီးတဲ့နောက် စုရှင်းတွင် ကျန်ရှိသည့် ရွေးချယ်စရာများမှာ သန္ဓေတည် ဝိဉာဉ်အဆင့် ကျင့်ကြံခြင်း အတွေ့အကြုံ၊ အဂ္ဂိရတ်ပညာ အတွေ့အကြုံ၊ ဝိညာဉ် စုစည်းပန်းနှင့် ဝိဉာဉ် အသိစိတ် နယ်ပယ်တို့သာ ကျန်တောသည်။

အဂ္ဂိရတ်ပညာ အတွေ့အကြုံသည် စုရှင်း အတွက် မဖြစ်မနေ ရွေးချယ်ရမည့် အရာတစ်ခု ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သရုပ်ပြခြင်း အတွင်းတွင် သူ၏ အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှုများသည် သိသိသာသာ တိုးလာ‌သောကြောင့် ဖြစ်သည်။ သူသည် တစ်ခုတည်းသော အာရုံစူးစိုက်မှုနှင့် လုပ်ငန်းများစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်သည့် စွမ်းရည်ကို ကျွမ်းကျင်ခဲ့သလို နဂါးဝိညာဉ်ဆေးလုံးနှင့် ဝိညာဉ် စုစည်း ဆေးလုံးဆိုသော ဆေးဝါး နှစ်မျိုးကို ဖော်စပ်သည့် နည်းလမ်းသစ် နှစ်ခုကိုလည်း သင်ယူခဲ့သည်။

အရေးကြီးဆုံး အချက်ကတော့ ရွေးချယ်စရာနှင့် ပါလာသည့် သဲလွန်စပင်; သရုပ်ပြခြင်း၏ အဂ္ဂိရတ် ပညာ အတွေ့အကြုံကို ရယူပြီးနောက် စုရှင်း၏ အဂ္ဂိရတ်ပညာ ဆိုင်ရာ ကျွမ်းကျင်မှုသည် အတော်လေး တိုးတက်မှုရှိသည့် အသေးစား ကျွမ်းကျင်မှု အဆင့်သို့ မြင့်တက်သွားမှာ ဖြစ်သည်။

ကျန်သည့် ရွေးချယ်စရာ သုံးခုအတွက်မူ စုရှင်းသည် ခဏ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။

“အဂ္ဂိရတ် ပညာ အတွေ့အကြုံနဲ့ ဝိဉာဉ် အသိစိတ် နယ်ပယ်ကို ရွေးမယ်!”

သန္ဓေတည် ဝိဉာဉ်အဆင့် တတိယအလွှာ ကျင့်ကြံခြင်းသည် အဖိုးတန် လှသော်လည်း စွမ်းအင်အမှတ် ၂သန်းတောင် ပေးရသည့်အတွက် အလွန် ဈေးကြီးသည်။ စုရှင်း၏ ရန်ပုံငွေ အများစုကို လင်ယွင် ကုန်သွယ်ရေး အသင်းရဲ့ ပိုင်ဆိုင်မှုများကို ဝယ်ယူရန် သုံးစွဲထားသောကြောင့် နောက်ထပ် သရုပ်ပြခြင်းများ အတွက် သုံးစွဲဖို့ စွမ်းအင် အနည်းငယ်သာ ကျန်တော့သည်။

ဒါ့အပြင် ဝိဉာဉ် စုစည်းသည့် ပန်းသည် ရေရှည်အတွက် တကယ့်ကို ဆွဲဆောင်မှု ရှိသော်လည်း ယခုလို သုံးပွင့်ပဲရခြင်းသည် ဘယ်လို အခြေခံ အပြောင်းအလဲ အတွက်မှ မလုံလောက်ပါ။

ဝိဉာဉ် အသိစိတ် နယ်ပယ် တစ်ခုတည်းကသာ သင့်တင့်တဲ့ ဈေးနှုန်းရှိပြီး စုရှင်း၏ အဂ္ဂိရတ်ဆိုင်ရာ ကျွမ်းကျင်မှုများကို တိုးတက်စေမှာ ဖြစ်သည်။ ယင်းသည် မှန်ကန်သော ရွေးချယ်မှုပင်။

ရွေးချယ်ပြီးသည့်နောက် အသိပေးချက် အသံတစ်ခုသည် စုရှင်း နားထဲကို ရောက်လာခဲ့သည်။

[ဒင်၊ အဂ္ဂိရတ် ပညာ အတွေ့အကြုံကို ထုတ်ယူဖို့ ရွေးချယ်လိုက်ပါပြီ၊ စွမ်းအင်အမှတ် ၁ သန်း သုံးစွဲခဲ့ပြီး ကျန်ရှိတဲ့ စွမ်းအင်အမှတ် ၁,၅၂၃,၃၃၃ ။]

[ဒင်၊ ဝိဉာဉ် အသိစိတ် နယ်ပယ် (အာရုံခံ နယ်ပယ်) ကို ထုတ်ယူဖို့ ရွေးချယ်လိုက်ပါပြီ၊ စွမ်းအင်အမှတ် ၅၀၀,၀၀၀ သုံးစွဲခဲ့ပြီး ကျန်ရှိတဲ့ စွမ်းအင်အမှတ် ၁,၀၂၃,၃၃၃ ။]

အသိပေးချက်သံများ ဆုံးသွားသည့်အခါ စုရှင်းသည် သရုပ်ပြခြင်းမှ ရရှိခဲ့သည့် သူ ပင်ပန်းတကြီး ဆေးဝါးဖော်စပ်ခဲ့သော ပုံရိပ်များ သူ့စိတ်ထဲ တရိပ်ရိပ် တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

ထပ်ခါထပ်ခါ ကြိုးစားမှုတွေ၊ နေ့ရောညပါ ဆေးဝါးဖော်စပ်မှုတွေ၊ တိုးတက်ဖို့အတွက် နှစ်ပေါင်း နှစ်ဆယ်ကြာ မရပ်မနား ကြိုးစားအားထုတ်မှုတွေ…

စက္ကန့်အနည်းငယ် ကြာပြီးနောက် စုရှင်းသည် စိတ်ထဲရှိ ဆေးနည်းအသစ် နှစ်ခုနှင့်အတူ မျက်လုံးဖွင့်လိုက်သည်။ သူသည် တစ်ခုတည်းသော အာရုံစူးစိုက်မှုနဲ့ လုပ်ငန်းများစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်သည့် အဂ္ဂိရတ်ဆိုင်ရာ ကျွမ်းကျင်မှု အသစ် တစ်ခုကိုလည်း ကျွမ်းကျင်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ ဆိုလိုသည်မှာ စုရှင်းသည် ယခုအခါ ဆေးနှစ်မျိုးကို တစ်ချိန်တည်းမှာ ဖော်စပ်နိုင်ပြီ ဖြစ်ပြီး သူ့ရဲ့ ဆေးဝါးဖော်စပ်သည့် အမြန်နှုန်းကိုလည်း ချက်ချင်းပင် နှစ်ဆ တိုးမြှင့်လိုက်နိုင်ပြီ ဖြစ်သည်!

“ဒါပေမဲ့ ဒီလုပ်ငန်း များစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်တဲ့ စွမ်းရည်က ငါ အရမ်း ရင်းနှီးတဲ့ ဆေးဝါးတွေ အတွက်ပဲ အသုံးဝင်ပုံ ရတယ်။ ငါ အပြည့်အဝ မကျွမ်းကျင်သေးတဲ့ နဂါးဝိညာဉ်ဆေးလုံးနဲ့ ဝိညာဉ် စုစည်း ဆေးလုံးလိုမျိုး ဆေးဝါးတွေ အတွက်ဆိုရင် ငါ အခုထိ တစ်ချိန်တည်းမှာ နှစ်မျိုးလုံး ဖော်စပ်ဖို့ မလုပ်နိုင်သေးဘူး။”

စုရှင်းသည် သူ့နားထင်များကို ပွတ်လိုက်သည်။မှတ်ဉာဏ် အများကြီး ဝင်လာသည့်အတွက် သူသည် အတော်လေး ပင်ပန်း နွမ်းနယ်နေသကဲ့သို့ ခံစားလိုက်ရသည်။

“ကဲ အခု ဝိဉာဉ် အသိစိတ် နယ်ပယ်ရဲ့ အံ့ဖွယ်တွေကို ကြည့်လိုက်ရအောင်…”

စိတ်ထဲမှာ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် စုရှင်းသည် သူ၏ ဝိဉာဥ် အသိစိတ် နယ်ပယ်ကို လွှတ်ချလိုက်ရာ ယင်းသည် ချက်ချင်းဆိုသလိုပင် လှိုင်းလုံးကြီး တစ်ခုကဲ့သို့ ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေထဲတွင် စုရှင်းသည် သစ်ပင်ပန်းမန်များ၏ လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။ ဝေးလံလှသည့် ကြက်ခြံထဲက ဒါဇင်နဲ့ချီသည့် ကြက်များ၏ တိုးညှင်းသော အော်မြည်သံကိုပင် သူကြားနိုင်ပြီ ဖြစ်သည်။

သက်ကယ် အုပ်မိုးထားသည့် တဲအိမ်လေးထဲမှာ ရပ်နေရင်း စုရှင်းသည် အပြင်ဘက်ရှိ မြင်ကွင်းများကို သိရှိရန် မျက်လုံးများကို သုံးစရာ မလိုတော့ပါ။ ယင်းသည်

အမြင်အာရုံ တစ်ခုတည်းနှင့် မရနိုင်သည့် အရာဖြစ်သည်။

ဒါ့အပြင် စုရှင်း၏ ဝိဉာဉ်အာရုံသည် မြေအောက် ပေ အတော်များများ အထိတောင် ထိုးဖောက် ဝင်ရောက်နိုင်ပြီး အကျဉ်းခန်းထဲတွင် ဝှက်ထားသည့် ဝိညာဉ်ကြောများနှင့် ဝိညာဉ်စုစည်း အစီအရင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

လက်သီးဆုပ်လောက်ရှိသည့် ဝိညာဉ်ကျောက်တုံးများသည် ကြည်လင်‌သော အလင်းရောင်နှင့် တောက်ပနေကာ ဝိညာဉ်စုစည်းသည့် အစီအရင်အား ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် ထောက်ပံ့ပေးနေသည်။ ယင်း အစီအရင် မှတစ်ဆင့် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ တစ်ခုလုံးကို ဝိညာဉ်စွမ်းအင်များ ဖြန့်ဝေပေးလျက် ရှိသည်။

“အင်း... ဝိဉာဉ်အာရုံကို လွှတ်လိုက်တာနဲ့ ပေငါးဆယ် ပတ်လည်အတွင်းက ဘယ်လှုပ်ရှားမှုကိုမဆို ငါ သိရှိနိုင်တယ်။ ဒါ တကယ်ကို နက်နဲဆန်းကြယ်တာပဲ…”

စုရှင်း၏ နှုတ်ခမ်းဖျားတွင် အပြုံးရိပ်သဲ့သဲ့လေး ပေါ်လာသည်။ ဝိဉာဉ် အသိစိတ် နယ်ပယ်ကို ရွေးချယ်ခဲ့ခြင်းသည် တကယ်ကို မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခုဖြစ်သည်။

ထိုအရာနှင့်ဆိုလျှင် စုရှင်းသည် ဆေးဝါးများ ဖော်စပ်ရာတွင် အသေးစိတ် အချက်အလက်များကို ပို၍ ကောင်းမွန်စွာ နားလည်နိုင်တော့မည်…

“ဒါပေမဲ့ အာရုံငါးပါး နယ်ပယ်ဆိုတာ အတိအကျက ဘာကြီးလဲ?”

စုရှင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ဝိဉာဉ် အသိစိတ်သည် နယ်ပယ် အမျိုးမျိုး ကွဲပြားနေပုံ ရသော်လည်း စုရှင်းသည် ယင်းနယ်ပယ်များ၏ အသေးစိတ် ခွဲခြားမှုများကို မသိပါ။

ထိုအတွေးဖြင့် စုရှင်းသည် ကျင့်ကြံခြင်းကမ္ဘာ၏ အမွေအနှစ်ကို ရယူလိုသည့် စိတ်အားထက်သန်မှုများ ပို၍ပင် ပြင်းထန်လာသည်။

“ဘယ်လိုဖြစ်ဖြစ် ဆရာရဲ့ လမ်းညွှန်မှု မရှိဘဲ ကိုယ့်ဘာသာ တစ်ယောက်တည်း စမ်းတဝါးဝါးနဲ့ လျှောက်နေရတာဆိုတော့ အနည်းအကျဉ်းတော့ ခက်ခဲတာဘဲ…”

စုရှင်းသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။

သူသည် ကြက်ခြံထဲက ကြက်ဥ အနည်းငယ်ကို ယူကာ လယ်ကွင်းထဲက တောဟင်းရွက် တစ်ဆုပ် ခူးလိုက်ပြီး ဝိညာဉ်ဆန် အနည်းငယ် ချက်လိုက်သည်။ ထိုသို့ဖြင့် ရိုးရှင်းပေမယ့် အရသာရှိသော မသေမျိုးတို့၏ အစားအစာကို ဖန်တီးလိုက်သည်။

ထမင်းစားပြီးတဲ့နောက် စုရှင်းသည် အရင်အတိုင်း ဆေးဝါး ဖော်စပ်ခြင်းကို ဆက်လုပ်သည်။

အဆင့်နိမ့် မျက်နှာ အာဟာရပြုဆေးနှင့် အနာကျက်ဆေးများကို စုရှင်းသည် အပြည့်အဝ ကျွမ်းကျင်ပြီးသား ဖြစ်သည့်အတွက် မျက်စိမှိတ်ကာ ဖော်စပ်နိုင်သည်ဟု ပြောလျှင် လွန်မည်မထင်။

သတင်းဆိုးကတော့ စုရှင်းသည် လုပ်ငန်းများစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်သည့် ကျွမ်းကျင်မှုကို တတ်မြောက်သွားသော်ငြား ယခုထိ ဆေးဖိုအသစ် မတည်ဆောက်ရသေးပါ။ ထို့ကြောင့် နောက်တစ်ပါတ်လုံးလုံး စုရှင်းသည် ဆေးဝါးဖော်စပ်ရန် ဆေးဖို တစ်ခုတည်းကိုသာ သုံးရဦးမည် ဖြစ်သည်။

သတင်းကောင်းကတော့ သူ့၏ ဝိဉာဉ် အသိစိတ် တိုးတက်လာပြီးနောက် စုရှင်းသည် မျက်နှာ အာဟာရပြုဆေးနဲ့ အနာကျက်ဆေးများ ဖော်စပ်သည့် နေရာတွင် ထိုးထွင်းသိမြင်မှု အသစ်များ ရလာခြင်း ဖြစ်သည်။

“ ငါ ဆေးဝါးတွေ ပိုပြီး ကြိုချက်လေလေ၊ လင်ယွင် ကုန်သွယ်ရေး အသင်းကို ငါ ပိုပြီး မြန်မြန် သိမ်းပိုက်နိုင်လေလေပဲ!”

ထို့ကြောင့် နောက်တစ်ပတ်တွင် စုရှင်းသည် နေ့စဉ် ဆေးဖော်စပ်ရန် ဆယ်နာရီကျော် အချိန်ပေးခဲ့ပြီး အိပ်ဖို့၊ အစာစားဖို့ကိုပင် မေ့လျောသည်အထိ ကြိုးစားခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး တစ်ပတ်တာသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ စုရှင်းသည် သူ့ရှေ့ရှိ မျက်နှာ အာဟာရပြုဆေး သုံးထောင်နှင့် အနာကျက်ဆေး သုံးထောင်ကို ကြည့်ကာ ကျေနပ်တဲ့ အပြုံးကို ပြုံးလိုက်သည်။

အရေအတွက်သည် ယခင်အတိုင်း သုံးထောင်သာရှိပြီး ဖော်စပ်သည့် အမြန်နှုန်းသည်လည်း ယခင်ကထက် များများစားစား မတိုးလာသော်လည်း အရည်အသွေးကတော့ သိသိသာသာပင် တိုးတက်လာခဲ့သည်။

ဆေးလုံး သုံးထောင်အနက် အဆင့်မြင့် ဆေးလုံး အရေအတွက်သည် သုံးဆယ် ရာခိုင်နှုန်းကျော် ပါဝင်သည့် အတွက် စုစုပေါင်း အဆင့်မြင့် ဆေးလုံး တစ်ထောင်နီးပါး ရရှိခဲ့သည်။ ယင်းသည် အဆင့်မြင့်ထားသည့် ဝိဉာဉ် အသိစိတ်၏ အကျိုးကျေး‌ဇူး‌ကြောင့်ပင် ဖြစ်သည်!

စုရှင်း၏ လက်ရှိ ကျွမ်းကျင်မှုနဲ့ဆိုလျှင် အဆင့်နိမ့် ဆေးလုံးများ ဖော်စပ်ရာတွင် ယခုကဲ့သို့ ထူးခြားသည့် အဆင့်မြင့် အရည်အသွေးနှုန်း ရရှိမည်ဟု သူ အာမခံနိုင်မည် ဖြစ်သည်။

စုရှင်းသည် သူ၏ အသက်မွေး ဝမ်းကျောင်းမှု စာမျက်နှာကို ကြည့်လိုက်သည်။

[အမည်: စုရှင်း]

[အသက်: ၂၁ နှစ်]

[အလုပ်အကိုင်: ကျင့်ကြံသူ (ထူးခြားသော လျှို့ဝှက် အလုပ်အကိုင်)]

[ကျင့်ကြံခြင်း အဆင့်: သန္ဓေတည် ဝိညာဉ်အဆင့် ပထမအလွှာ၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းခြင်း နယ်ပယ် နဝမအဆင့်]

[ကျင့်ကြံခြင်း နည်းစနစ်: ချန်ချွန်း နည်းစနစ်၊ လျှို့ဝှက် ဝိညာဉ် စုစည်းဆေးလုံး နည်းစနစ်]

[စွမ်းရည်များ: သစ်သား-မီး ဒွန်တွဲနေသော စစ်မှန်သည့် ဝိညာဉ်ရင်းမြစ်၊ မွေးရာပါ နတ်စွမ်းအား၊ ကံကောင်းခြင်း၊ ဖန်းအန်နှင့် တူသော ရုပ်ရည်၊ စည်ပင်သော ကုန်သွယ်မှု၊ အပင်နှင့် ရင်းနှီးမှု (ချန်လှပ်ထားသည်)…]

[ကျွမ်းကျင်မှုများ: လီ မီးတောက် (အစပြုသူအဆင့်)၊ အဂ္ဂိရတ်ပညာ (အသေးစား အောင်မြင်မှု)၊ ဝိညာဉ်စွမ်းအင် ပေါက်ကွဲခြင်း နည်းစနစ် (အသေးစား အောင်မြင်မှု)၊ ရှန်းနန် ဝိညာဉ် ပျိုးထောင်ခြင်း နည်းစနစ် (မစတင်ရသေး)၊ အာရုံငါးပါး ဝိဉာဉ် အသိစိတ် (အာရုံငါးပါး နယ်ပယ်)]

ယခင်နှင့် နှိုင်းယှဉ်လျှင် စုရှင်း၏ လက်ရှိနယ်ပယ်သည် မပြောင်းလဲသေးသလို သူ့၏ စွမ်းရည်များမှာလည်း ဆယ်ခုသာ ရှိပါသေးသည်။သို့သော် ကျွမ်းကျင်မှု စာရင်းတွင် စုရှင်း၏ အဂ္ဂိရတ်ပညာသည် အသေးစား အောင်မြင်မှု နယ်ပယ်သို့ ရောက်ရှိသွားကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ စုရှင်း၏ အဂ္ဂိရတ် ပညာဆိုင်ရာ ကျွမ်းကျင်မှုသည် အဆင့်သစ် တစ်ခုကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဖော်ပြနေပါသည်။

ထို့အပြင် စုရှင်း၏ ဝိဉာဉ်စွမ်းအင် ပေါက်ကွဲခြင်း နည်းစနစ်သည်လည်း အသေးစား အောင်မြင်မှု နယ်ပယ်သို့ တက်ရောက်သွားပြီး ကျွမ်းကျင်မြှ စာရင်းတွင် ဝိဉာဉ် အသိစိတ် နယ်ပယ်ဟူသည့် ကျွမ်းကျင်မှု အသစ်တစ်ခုလည်း ထပ်တိုးလာသည်။

စုရှင်းသည် ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။

“ဟုတ်သားဘဲ၊ ဝိဉာဉ် အသိစိတ် နယ်ပယ်ကို ကျွမ်းကျင်မှု စာရင်းအောက်မှာ အမျိုးအစား ခွဲထားတာဘဲ…”

စုရှင်း ဝိဉာဉ်စိုက်ခင်း ကောင်းချီးမြေမှ ထွက်လာလာချင်း သူ့ဖုန်းထဲတွင် ကျင်းချုံးရွှယ်ထံမှ မက်ဆေ့ဂ်ျတစ်စောင် ဝင်လာသည်။

“သူဌေးကြီး၊ ဒီနေ့ နေ့လည်စာ စားရအောင်။ စောစောလာခဲ့‌လေ။ ကျွန်မ ဟင်းတွေ မှာထားပြီးပြီ။ လင်ယွင် ကုန်သွယ်ရေး အသင်း ဝယ်ယူတာနဲ့ ပတ်သက်တဲ့ တိုးတက်မှု အခြေအနေကိုလည်း သတင်းပို့ပါ့မယ်၊ ပြီးတော့ သူဌေးကြီး လိုချင်တဲ့ ဆေးဖိုလည်း သွန်းလုပ်ပြီးသွားပြီ။”

စုရှင်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးညွတ်သွားသည်။ ကျင်းချုံးရွှယ် ရှိနေခြင်းသည် စုရှင်း၏ ဘဝကို များစွာ လွယ်ကူစေသည်။သူသည် အလျင်အမြန်ပင် စာပြန်ပို့လိုက်သည်။

“သိပြီ၊ ကျွန်တော် ခုချက်ချင်း လာခဲ့ပါ့မယ်၊ မမလေး!”

စုရှင်း၏ စာပြန်ကြားချက် မဆုံးသေးခင်မှာပင် ကျင်းချုံးရွှယ်သည် စက္ကန့်ပိုင်း အတွင်းမှာပင် ပြန်စာ ပို့လာသည်: (မျက်လုံး လှန်ကြည့်နေသည့်ပုံ၊.)

စုရှင်းသည် သူ့ကိုယ်သူ အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်ကာ ရှေးဖြစ်ဟော အသင်း၏ ဗီလာစီသို့ သွားခဲ့သည်။

သီးသန့်အခန်းထဲတွင် စုရှင်းနှင့် ကျင်းချုံးရွှယ် နှစ်ဦးတည်းသာ ရှိသည်။

ကျင်းချုံးရွှယ်သည် အဖြူရောင် ဂါဝန်ရှည်နှင့် မိတ်ကပ်ပါပါးကို ခြယ်သထားတာ ၁၈,၁၉နှစ် အရွယ် မိန်းကလေးငယ်လေး တစ်ဦးကဲ့သို့ လှပနေသည်။

“ဟမ်း ဒီနေ့တော့ အပြစ်ကင်းစင်တဲ့ ပုံစံလေးနဲ့…”

စုရှင်းသည် စိတ်ထဲမှ တွေးလိုက်သည်။

ဇိမ်ခံနေ့လည်စာကို စားသောက်ပြီးနောက် စုရှင်းသည် လက်တလော အရေးကိစ္စကို ပြောလိုက်သည်။

“မမလေး လင်ယွင် ကုန်သွယ်ရေး အသင်းကို ဝယ်ယူတဲ့အကြောင်း သတင်းပို့မယ်ဆို? အခြေအနေ ဘယ်လိုလဲ?”

စုရှင်းသည် နောက်ပြောင်သည့် သဘောဖြင့် ပြုံးရွှင်ကာ ပြောလိုက်သည်။

ကျင်းချုံးရွှယ်သည် မျက်စောင်းထိုးကာ ပြန်ပြောသည်။

“ကျွန်မရဲ့ သူဌေးကြီး၊ ဒါ ဘယ်အချိန်လဲ သိရဲ့လား၊ သူဌေးက ရယ်နိုင်တုန်းပဲနော်?”

“သူဌေးကြီး သိလား? အခုချိန်မှာ ကျိုတိုမြို့က ထိပ်တန်း ကုန်သွယ်ရေး အသင်းကြီး တော်တော်များများက လင်ယွင် ကုန်သွယ်ရေး အသင်းဆိုတဲ့ အဆီအနှစ်တုံးကြီးကို မျက်စိကျနေကြတယ်! အောင်ထျန်း ကုန်သွယ်ရေးအသင်း၊ အလီဘာဘာ ကုန်သွယ်ရေးအသင်း၊ သူတို့အားလုံးက လင်ယွင် ကုန်သွယ်ရေး အသင်းရဲ့ ပိုင်ဆိုင်မှု အစိတ်အပိုင်းတွေကို ရယူချင်နေကြတယ်!”

စုရှင်းသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ လင်ယွင် ကုန်သွယ်ရေး အသင်းသည် စုရှင်း၏ အနာဂတ် သရုပ်ပြခြင်း အတွက် အရေးကြီးသည်။ အမှားအယွင်း အဖြစ်ခံလို့ မရပါ။

“ဘယ်လိုဖြစ်တာလဲ? ကျွန်တော်တို့ ပိုက်ဆံပေးပြီးသား မဟုတ်ဘူးလား? ဒီအချိန်မှ ဘာလို့ ပြဿနာ ပေါ်လာရတာလဲ?” စုရှင်း၏ အသံသည် စိုးရိမ်တကြီး ထွက်ပေါ်လာသည်။

စုရှင်း၏ စိုးရိမ်တကြီး ပုံစံကို မြင်သောအခါ ကျင်းချုံးရွှယ်သည် ကျေနပ်သွားပြီး ရယ်မောလိုက်သည်။

“ဒါက စီးပွားရေးပဲလေ! နောက်ဆုံးအချိန် ရောက်တဲ့အထိ မမျှော်လင့်ထားတဲ့ ပြိုင်ဘက်တွေက ရှိနေနိုင်သေးတယ်... တခြား ဘာဖြစ်နိုင်အုံးမှာလဲ? အဲဒီ ကုန်သွယ်ရေး အသင်းတွေက ပိုပြီး ပိုက်ဆံပေးလိုပေါ့!”

“ဒါပေမယ့် ကျွန်မကလည်း ခေသူ မဟုတ်ပါဘူးနော်။ ကျွန်မကလည်း အံ့အားသင့်စရာ ကောင်းလောက်အောင် ဘီလီယံ ဆယ်ချီ ပေးထားတာလေ။ အနည်းဆုံးတော့ တခြားသူ လာမဝယ်နိုင်ပါဘူး။ ဘာမှ အမှားအယွင်း မပေါ်လာရင် နောက်အပတ်ထဲ လင်ယွင် ကုန်သွယ်ရေး အသင်းရဲ့ ပိုင်ဆိုင်မှုတွေကို စတင် သိမ်းယူနိုင်ပြီ။ ဒါက ကျွန်မ မျှော်လင့်တာထပ်တောင် ပိုမြန်သေးတယ်!”

ပြောနေရင်းမှ ခဏ ရပ်ကာ ကျင်းချုံးရွှယ်သည် သနားစရာ ပုံစံလေးဖြင့် ဆက်ပြောသည်။

“ဟိုလေ ဟို ကျွန်မရဲ့ အသုံးစရိတ်လေးတွေကတော့ အကုန် ကုန်သွားပြီ၊ အခုတော့ ပိုက်ဆံ ပြောင်သွားပြီ။ နောင်ဆိုရင် စားဖို့အတွက်တောင် သူဌေးကြီးဆီက ပိုက်ဆံတောင်းရမယ့်ပုံပဲ။”

ဘီလီယံဆယ်ချီတဲ့ အသုံးစရိတ်လေး…

စုရှင်းသည် မျက်ခုံးပင့်လိုက်ကာ အမြန် ပြန်ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ချုံးရွှယ် ခဏတော့ ကျွန်တော့်အတွက် အကုန်အကျ ခံပေးပါအုံး။ ကျွန်တော် အမြန်ဆုံး ပြန်ဆပ်ပါ့မယ်!”

ကျင်းချုံးရွှယ်က သူ့စကားကို မျက်စောင်းထိုးပြီး "တော်စမ်းပါ၊ ဘယ်သူက ရှင့်ပိုက်ဆံ ပြန်လိုချင်နေလို့လဲ? ဘာလဲ၊ ကျွန်မက ရှေး‌ဖြစ်ဟော ကုန်သွယ်ရေး အသင်းရဲ့ အဖွဲ့ဝင် မဟုတ်တော့ဘူးလား? လင်ယွင် ကုန်သွယ်ရေး အသင်းကို ဒီလောက် ဈေးကြီးပေးပြီး ဝယ်ယူရတာကို ရှင့်တစ်ယောက်ထဲဘဲ အကုန်အကျခံခိုင်းတာက မတရားဘူး မဟုတ်ဘူးလား?”ဟု ပြောသည်။

ဤစကားကို ကြားသောအခါ စုရှင်း၏ ရင်ထဲတွင် ကျေးဇူးတင်စိတ်များ လှိုက်လှဲစွာ ထပ်ပေါ်လာသည်။ ကျင်းချုံးရွှယ်သည် ပိုက်‌ဆံရော အားထုတ်မှုရော ပေးနေသော်လည်း တကယ်တမ်း အကျိုးအမြတ် အများစုက စုရှင်းအတွက်ဘဲ ဖြစ်နေသည်လေ။

ထိုသို့ စဉ်းစားပြီး စုရှင်းသည် သူ အရင်ကတည်းက ‌ပြင်ဆင်ထားသည့် ဆေးလုံးများကို ထုတ်ပေးလိုက်ပြီး

“ဒါတွေက ဒီတစ်ပတ်အတွက် ဆေးလုံးတွေ၊ အရင်အတိုင်း သုံးထောင်ပဲ၊ ဒါပေမဲ့ အရည်အသွေးက အရင်ကထက် အများကြီး တိုးတက်လာတယ်။ ဘီလီယံငါးဆယ်နဲ့ ရောင်းရင် ပြဿနာမရှိလောက်ဘူး…”လို့ ပြောလိုက်သည်။

ကျင်းချုံးရွှယ်သည် ထိုစကားကို ကြားသောအခါ နောက်တစ်ကြိမ် အံ့ဩသွားသည်။ စုရှင်းက တစ်ပတ်အတွင်း ဆေးဖော်စပ်ပြီး ဘီလီယံငါးဆယ် ရတယ်ဆိုခြင်းသည် သူ့ရဲ့ ဝင်ငွေရှာနိုင်စွမ်းက ထိပ်တန်း ကုန်သွယ်ရေး အသင်းတစ်ခုနဲ့တောင် တူနေပြီ ဖြစ်သည်။

“ဘုရားရေ၊ ရှင်က ပိုက်ဆံရှာတာ အရမ်းတော်တာပဲ၊ ဝါး ကျွန်မကိုသာ မွေးစားလိုက်ပါတော့~”

ကျင်းချုံးရွှယ်က ဆေးလုံးများကို ယူကာ ချစ်စရာကောင်းအောင် ပြန်လုပ်ပြသည်။

နှစ်ယောက်သား ခဏကြာ နောက်ပြောင်နေပြီးနောက် ကျင်းချုံးရွှယ်သည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးဖိုနှစ်ခုကို ထုတ်လိုက်သည်။

“ဒီမှာ၊ ဒါတွေက သူဌေးကြီး လိုချင်တဲ့ ဆေးဖိုတွေ၊ ဒုတိယအဆင့် ရှားပါးသတ္တုတွေနဲ့ လုပ်ထားတာ... ကျွန်မရဲ့ အဆက်အသွယ်တွေကိုတောင် မ‌နှ‌မျောဘဲ ဒီဖိုနှစ်ခုကို လုပ်ထားတာနော် ရှားနိုင်ငံရဲ့ ထိပ်တန်း သတ္တုသွန်းဆရာကိုတောင် သွန်းလုပ်ခိုင်းခဲ့တာ!”

“ကျေးဇူးပါဗျာ!”

စုရှင်းက ကျေးဇူးတင်စကားဆိုပြီး ဆေးဖိုတွေကို စိတ်အားထက်သန်စွာ ယူကာ စစ်ဆေးကြည့်သည်။

ဆေးဖိုက အမြင့် နှစ်ပေပင် မပြည့်ပါ။ စုရှင်း၏ ဆေးဖိုနှင့် အရမ်းဆင်တူသော်လည်း ကိုင်ကြည့်လျှင်တော့ ကွဲပြားခြားနားသည်။

ထို့အပြင် ဆေးဖိုသည် အရမ်းလေးသည်။ စုရှသ်း ခန့်မှန်းသလောက်ဆိုလျှင် ဖိုတစ်ခုကို တန်ချိန် နှစ်တန်နီးပါး လေးလိမ့်မည်။ ဒုတိယအဆင့် ရှားပါးသတ္တုတွေနဲ့ အကုန်လုပ်ထားတာဆိုတော့ ဆေးဖိုတစ်ခုတည်းရဲ့ တန်ဖိုးတင်ကို သန်းပေါင်းရာနဲ့ချီ ရှိမည်!

စုရှင်း၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။ ဤဆေးဖို နှစ်ခုနှင့် စုရှင်းသည် သူ၏ လုပ်ငန်းများစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်သည့်

ကျွမ်းကျင်မှုကို အပြည့်အဝ အသုံးချနိုင်ပြီး သူ့ရဲ့ အနာဂတ် ဆေးဖော်စပ်သည့် အမြန်နှုန်းဟာလည်း နှစ်ဆ ထပ်တိုးလာလိမ့်မည် ဖြစ်သည်!

ဆေးဖိုတွေကို လွှဲပြောင်းပေးပြီးတဲ့နောက် ကျင်းချုံးရွှယ်က စုရှင်းကို ဒုတိယအဆင့် ရှားပါးသတ္တု အပိုင်းအစ အနည်းငယ်ကိုလည်း ပေးလိုက်သည်။ ဖိုဆောက်လုပ်ရာကနေ ကျန်ခဲ့တဲ့ အစအနတွေ ဖြစ်သည်။

ယင်း သတ္တုအစအနတွေက Su Xing ကို စွမ်းအင်အမှတ် ငါးသိန်းနီးပါး ပေးသည်။

ထို့ကြောင့် စုရှင်း၏ စွမ်းအင်သည် တစ်သန်းငါးသိန်း အထိ ပြန် မြင့်တက်လာသည်။ သိပ်မများသော်လည်း သူ၏ လိုအပ်ချက် အတွက်တော့ လုံလောက်သည်။

လက်ရှိတွင် ကုန်သွယ်ရေး အသင်းကို ဝယ်ယူနေသည့် အတွက် ရန်ပုံငွေ ကြပ်တည်းနေသဖြင့် စွမ်းအင်ပစ္စည်းများကို ဝယ်ယူရန် ပိုက်ဆံ အများကြီး မသုံးနိုင်သေးမှန်း စုရှင်း နားလည်သည်။

သို့သော် ကျင်းချုံးရွှယ်သည် စုရှင်းအား နောက်ထပ် အံ့အားသင့်စရာ တစ်ခု ပေးလိုက်သည်။ နောက်အပတ်တွင် လက်ယွင် ကုန်သွယ်ရေး အသင်း၏ ပိုင်ဆိုင်မှု အစိတ်အပိုင်း တစ်ခုကို သိမ်းယူပြီးသည်နှင့် အံ့ဖွယ်ကောင်းလောက်အောင် များပြားသည့် အဖြူရောင် ပစ္စည်းများ ရလိမ့်မည်ဟု သူမက ပြောသည်။

စုရှင်းသည် ယင်းကို အတော်လေး မျှော်လင့်ထားသည်။

စီးပွားရေး ကိစ္စများကို ဆွေးနွေးပြီးတဲ့နောက် နှစ်ယောက်သား ခဏလောက် ပရောပရည်လုပ်ပြီး စုရှင်းသည် သူ့ရဲ့ အဆောင်ကို ပြန်သွားခဲ့သည်။ ထို့နောက် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေထဲကို ဝင်ကာ သသသည် သရုပ်ပြခြင်း အသစ်တစ်ခု စတင်ဖို့ ပြင်ဆင်လိုက်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် စုရှင်းသည် သူ၏ သရုပ်ပြခြင်းကို အချိန်မှန် စတင်သည်။

“သရုပ်ပြခြင်းကို စတင်ပါ!”

စုရှင်းသည် တိတ်တဆိတ် စဉ်းစားလိုက်သည်။

[ဒင်! ဤ သရုပ်ပြခြင်းသည် စွမ်းအင်အမှတ် ၂၅၀၀ သုံးစွဲမည် ဖြစ်ပြီး သင့်တွင် စွမ်းအင်အမှတ် ၁,၅၁၁,၈၈၈နှင့် အကန့်အသတ်မဲ့ သရုပ်ပြခြင်း အခွင့်အေရးများ ကျန်ရှိပါသည်။]

[သရုပ်ပြခြင်း စတင်ပါပြီ!]

[အဖြူရောင် စွမ်းရည် တစ်ခုကို ရယူရန် စွမ်းအင်အမှတ် ၁၀၀၊ အစိမ်းရောင် စွမ်းရည် တစ်ခုကို ရယူရန် စွမ်းအင်အမှတ် ၁၀၀၀၊ အပြာရောင် စွမ်းရည် တစ်ခုကို ရယူရန် စွမ်းအင်အမှတ် ၁၀၀၀၀ ကုန်ကျပါမည်။ တစ်ခုကို ရယူလိုပါသလား?]

“အပြာရောင် စွမ်းရည်ကို ရယူမယ်!”

စုရှင်းသည် မဆိုင်းမတွ ရွေးချယ်လိုက်သည်။ ယခုအချိန်တွင် ရန်ပုံငွေ တင်းကြပ်နေသော်လည်း အပြာရောင် စွမ်းရည်တစ်ခုကို ရယူခြင်းသည် သူ၏စွမ်းရည်နှင့် အတော်လေး ကိုက်ညီနေပါသေးသည်။

[ဒင်၊ ‘အစားကြီးသူ’ ဟူသည့် အပြာရောင် စွမ်းရည်ကို ရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်!]

…

All Chapters