လိုအပ်သလောက် စားပါ၊ အရည်အချင်း ရှိသော အစားအသောက် ကျွမ်းကျင် ဘုရင်!
Vol. 7 Ch. 87
“ကောင်းကင်ဘုံ ဘုရင်အဆင့် အစားမက်သူ?”
စုရှင်းသည် မျက်မှောင်ကြုတ်ကာ အံ့ဩသွားသည်။ "ဒါက ဘယ်လို အဆင့်မရှိ အသုံးမကျတဲ့ စွမ်းရည်မျိုးလဲ?”
သို့သော် နောက်ပိုင်းတွင် ကောင်းကင်ဘုံ ဘုရင်အဆင့် အစားမက်သူ စွမ်းရည်၏ အစွမ်းက စုရှင်းအတွက် အလွန် အံ့အားသင့်စရာ ဖြစ်လာခဲ့သည်။
[ကောင်းကင်ဘုံ ဘုရင်အဆင့် အစားမက်သူ]: သင်သည် ထမင်းခြောက် စားသည့် လူတစ်သောင်းအနက် တစ်ယောက် အပါအဝင် ဖြစ်သည်။ သင်သည် ပျမ်းမျှလူများထက် ဆယ်ဆ ပိုစားနိုင်သည့် အတွက် အလွန် သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သင် မြည်းစမ်းကြည့်သည့် ဟင်းလျာတိုင်းကိုလည်း နှစ်သက်သည်။ သင်၏ အံ့ဩဖွယ် ကောင်းသည့် အစာစားချင်စိတ်နဲ့အတူ သင်၏ အစာခြေစနစ်သည် ထူးခြားကောင်းမွန်ကာ အစားအစာများမှ အာဟာရဓာတ်တွေကို စုပ်ယူပြီး သင့်ကိုယ်သင် ပိုမို အားကောင်းလာစေရန် လုပ်ဆောင်နိုင်စွမ်း ရှိသည်။
စုရှင်းသည် အကြိမ်ပေါင်းများစွာ ဖတ်ပြီးသည့်နောက်တွက် ကောင်းကင်ဘုံ ဘုရင်အဆင့် အစားမက်သူ၏ အခန်းကဏ္ဍကို အဆုံးသတ်တွင် နားလည်သွားသည်။
အရှင်းဆုံးပြောရလျှင် ယင်းသည် ကျင့်ကြံခြင်း အဆင့်ကို တိုးမြှင့်ပေးနိုင်သည့် စွမ်းရည် တစ်ခုလည်း ဖြစ်သည့်အပြင် အစာစားခြင်းအားဖြင့် စုရှင်း၏ ခန္ဓာကိုယ်ကိုလည်း မြှင့်တင်ခွင့်ပေးသည်!
“ဒီ ကောင်းကင်ဘုံ ဘုရင်အဆင့် စွမ်းရည်က မွေးရာပါ နတ်စွမ်းအင်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ့်ပုံဘဲ!”
စုရှင်း၏ မျက်လုံးများ တောက်ပလာသည်။ သူ၏ မွေးရာပါ နတ်စွမ်းအင် စွမ်းရည်က သူ့ကို ထူးခြားကောင်းမွန်သည့် ကိုယ်ခန္ဓာအား ပိုင်ဆိုင်ခွင့် ပေးသည်။ သူက ယင်းခန္ဓာကိုယ်ကို ပိုပြီး တိုးတက် ကောင်းမွန်လာစေရန် ဆက်လက် စားသောက်မည်ဆိုလျှင် ထိုအဪာသည် အကောင်းဆုံး ပေါင်းစပ်မှုတစ်ခု ဖြစ်နိုင်လောက်မလား?
ထိုသို့တွေးကာ စုရှင်းသည် သရုပ်ပြခြင်းကို လုပ်ဆောင်ရန် မစောင့်နိုင် ဖြစ်နေခဲ့သည်။
[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် သင်သည် သရုပ်ပြခြင်းတွင် ရောက်နေကြောင်း သိလိုက်သည်။]
[အနည်းငယ် ဗိုက်ဆာလာသည်ဟု ခံစားရသည့် အတွက် သင်သည် ဗိုက်ကို ပွတ်လိုက်သည်။ ထို့နောက် ဟင်း အနည်းငယ်ကို ကြော်လှော်ပြီး ဝိဉာဉ်ဆန် ဆယ်ကျင်းကို ချက်လိုက်သည်။]
[ဝိဉာဉ်ဆန် ချက်နေစဉ် ကြက်ခြံထဲရှိ ဝိဉာဉ်ကြက်များ၏ လောဘတကြီး အော်သံများ ထွက်လာသည်။ သင်သည် ကြက်ခြံထဲရှိ ဝိဉာဉ်ကြက်များကို လှမ်းကြည့်လိုက်သည့်အခါ မျက်ရည်များ အလိုလို ကျလာသည်။]
[ကြက်ခြံထဲရှိ ဝိဉာဉ်ကြက်များသည် ကြောက်လန့်တကြား ဖြစ်နေကြသည်။]
[ဗိုက်ဝသွားပြီးနောက် သင်သည် ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သင်၏ ဗိုက်ထဲတွင် နွေးထွေးသည့် စွမ်းအင်လုံးလေး တစ်ခု ခံစားလိုက်ရပြီး ယင်းသည် သင်၏ သွေးသားများ မှတစ်ဆင့် ခန္ဓာကိုယ် အနှံ့အပြားကို ပျံ့နှံ့သွားသည်။ ထို့နောက် သင်၏ ချြေထာက်များ၊ လက်များနှင့် အရိုးများထိ ရောက်ရှိသွားသည်။သင်၏ ဝိဉာဉ် အသိစိတ် နယ်ပယ်ကို သုံးပြီး သင်၏ ကိုယ်ခန္ဓာ အနည်းငယ် ပိုသန်မာလာကြောင်း ခံစားမိလိုက်သည်။]
“ဟမ်~ ထမင်းတစ်နပ်ကို ဝိဉာဉ်ဆန် ကျင်းနှစ်ဆယ်နဲ့ ဝိဉာဉ်ကြက် တစ်ကောင်။ ပြီးတော့ ဟင်းတွေတောင် ပါသေးတယ်။ ဒါက ထက်ဝက်တောင် ပိုစားနေတာ မဟုတ်ဘူးလား?”
စုရှင်းသည် တီးတိုး ကျိန်ဆဲလိုက်သည်။ ထို့နောက် ချက်ချင်း သဘောပေါက်သွားသည်။
“ဟာကွာ၊ ဝက်ခေါင်းက ငါ ဖြစ်နေတာကိုး…”
စုရှင်းသည် အနာဂတ်တွင် ဖြစ်လာမည့် သူ့ ခန္ဓာကိုယ် အချိုးအစားကို မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။
“ဒါပေမယ့် ဒီ ကောင်းကင်ဘုံ ဘုရင်အဆင့် အစားမက်သူ စွမ်းရည်က တကယ်တော့ ထိရောက်တယ်ဟ။ ထမင်းစားတိုင်း ငါ့ကိုယ်ခံအားက နည်းနည်းစီ အားကောင်းလာတဲ့ပုံဘဲ။ ဟုတ်တယ်မလား? တိုးတက်မှုက သေးငယ်ပေမယ့် ရက်တွေ လတွေ ကြာလာတာနဲ့အမျှ စုပုံလာမယ့် အကျိုးသက်ရောက်မှုကတော့ တကယ်ကို ထိပ်တန်း အရည်အချင်းပဲ!”
စုရှင်းသည် အံ့ဩတကြီး ပြောပြီး သရုပ်ပြခြင်းကို ဆက်လုပ်သည်။
[ကျင့်ကြံပြီးနောက် သင်သည် ဆေးဝါးများကို စတင် ဖော်စပ်သည်။]
[သင်သည် လုပ်ငန်းများစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ပြီး ဆေးဖိုနှစ်ခုကို တစ်ချိန်တည်းမှာ ဖော်စပ်သည့် အတွက် သင်၏ ဆေးဖော်စပ်သည့် အမြန်နှုန်းသည် သိသိသာသာ တိုးလာခဲ့သည်။]
[တစ်ပတ်အကြာမှာ သင်သည် ဆေးလုံး ခြောက်ထောင်ကို ကျင်းချုံးရွှယ်စီ ယူသွားခဲ့သည်။]
[ကျင်းချုံးရွှယ်သည် သင် ထုတ်လုပ်ထားသည့် ဆေးလုံး အရေအတွက် အများကြီးကို မြင်ကာ အံ့အားသင့်သွားပြီး သင်သည် တစ်ပတ်ကို ဒီလောက် ထုတ်လုပ်နိုင်လျှင် လင်ယွင် ကုန်သွယ်ရေး အသင်း၏ လုပ်ငန်း တစ်ခုလုံးကို သိမ်းပိုက်ဖို့ သုံးလေးလသာ ကြာလိမ့်မည်ဟု ပြောသည်။]
[ဒါ့အပြင် ကျင်းချုံးရွှယ်သည် လင်ယွင် ကုန်သွယ်ရေး အသင်းကို ဝယ်ယူပြီးသည့်နောက် ပထမဆုံး ကုန်ပစ္စည်း အသုတ်ကို သင့်အား ပေးခဲ့သည်။ သင်သည် ကုန်ပစ္စည်းများကို မြင်ကာ အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် ယင်းမှာ ပထမအသုတ်သာ ဖြစ်သည်ဟု သူမက ပြောသည်။ နောက်လ အနည်းငယ် အတွင်း အရေအတွက်မှာ ပိုမို တိုးလာလိမ့်မည်!]
[နောက် သုံးလအတွင်း သင်သည် နေ့စဉ် ဝိဉာဉ်ဆန် ကျင်းနှစ်ဆယ်နှင့် ဝိဉာဉ်ကြက် တစ်ကောင်ကို စားခဲ့သည်။ ထို့ကြောင့် သုံးလ အတွင်းမှာပင် သင်၏ ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံခြင်း အဆင့်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်၏ အကြီးမြတ်ဆုံး အောင်မြင်မှု အဆင့်ကို တက်ရောက်သွားသည်။]
[သင်သည် နေ့စဉ် အများကြီး စားသော်လည်း သင်၏ ခန္ဓာကိုယ် အချိုးအစားသည် ပုံမပျက်သွားသည့် အတွက် သင် အံ့အားသင့်သွားသည်။ ထိုသို့ ပုံပျက်သွားမည့် အစား ဝိဉာဉ်ဆန် တစ်စေ့ချငိးစီသည် သင်၏ ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းပေးသည့် စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။]
[သို့သော် သင့်အတွက် ခက်ခဲသည့် ပြသာနာ တစ်ခု ပေါ်လာခဲ့သည်—သင်၏ လက်ရှိ စားသောက်နှုန်းနှင့်ဆိုလျှင် ကောင်းချီးမြေထဲရှိ ဝိဉာဉ်စိုက်ခင်း အနည်းငယ်သည် သင့်တစ်ယောက်တည်း အတွက် လုံလောက်မည့် စိဉာဉ်ဆန်များကို ထုတ်လုပ်နိုင်တော့မည် မဟုတ်ပါ။]
[တခြား ရွေးချယ်စရာ မရှိတော့သည့် အတွက် သင်သည် မြေရိုင်းများကို ပြန်လည် ထွန်ယက်ကာ သင်၏ ဝိဉာဉ်ဆန် စိုက်ပျိုးမှုကို ဆယ်ဧက အထိ တိုးချဲ့လိုက်သည်။ ယင်းမှာ သင်၏ တစ်နှစ်စာ စားသောက်မှုကို ထောက်ပံ့ရန် လုံလောက်ရုံသာ ရှိသည်။]
[ဒါ့အပြင် သင်သည် ဝိဉာဉ်ကြက်များကိုလည်း ပိုမို မွေးမြူသည်။ သင်သည် နေ့စဉ် ဝိဉာဉ်ကြက် တစ်ကောင်ကို စားရန် လိုအပ်သည့် အတွက် ထို ဝိဉာဉ်ကြက်များ၏ အမြင်တွင် သင်သည် ကြောက်မက်ဖွယ်ကောင်းသော ဘီလူးကြီး တစ်ကောင် ဖြစ်လာခဲ့သည်။]
[နောက်ထပ် သုံးလကြာပြီးနောက် သင်၏ ခန္ဓာကိုယ်သည် ပို၍ပင် သန်မာလာကာ ပြည့်စုံသည့် အဆင့်နီးပါး ရောက်လာပြီဟု ခံစားရသည်။ သင်၏ ကြွက်သား တစ်ခုစီသည် အားကောင်းမောင်းသန် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သို့သော် သင်သည် မူလ မသေမျိုး နယ်ပယ်သို့ ရောက်ရှိရန် နီးကပ်လာပြီ ဟူ၍တော့ မခံစားရပါ။]
[ထို့ကြောင့် သင်သည် အဂ္ဂိရတ်ကျမ်းများကို လေ့လာပြီး မူလ မသေမျိုး ဆေးလုံးဟုခေါ်သော ဝိညာဉ်ဆေး တစ်မျိုးကို တွေ့ရှိခဲ့သည်။ ၎င်းသည် မူလ မသေမျိုး နယ်ပယ်မှ ကျင့်ကြံသူများ အတွက် ၎င်းတို့၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ရန် အဆင့်မြင့် အနိမ့်တန်း ဆေးတစ်မျိုး ဖြစ်သည်။]
[သို့သော် သင်၏ ယခင် အတွေ့အကြုံအရ ခန္ဓာကိုယ် အလွန်သန်မာသော ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်မှ ကျင့်ကြံသူများသည်လည်း မူလ မသေမျိုး ဆေးလုံးကို သောက်သုံးနိုင်သည်ဟု သင်ယုံကြည်သည်။]
စုရှင်းသည် ခေါင်းကို ညင်သာစွာ ညိတ်ကာ တီးတိုး ရေရွတ်လိုက်သည်-
“ဝိညာဉ်စွမ်းအင် မလုံလောက်ဘဲ ချီသန့်စင်ခြင်း ကျင့်ကြံမှုကို မြှင့်တင်ဖို့က ခက်ခဲတယ်။ အာ့တော့ ခန္ဓာကိုယ် ကြံ့ခိုင်မှု ကျင့်ကြံခြင်းကို မြှင့်တင်ဖို့က ရွေးချယ်မှုကောင်း တစ်ခု ဖြစ်နိုင်တယ်…”
“မူလ သရုပ်ပြခြင်း ဆေးလုံးရဲ့ အဓိက ပါဝင်ပစ္စည်းက မူလ မသေမျိုးမြက်လို့ ခေါ်တဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးဘဲဆိုပြီး ငါ မှတ်မိနေသလိုဘဲ…”
ခဏလောက် ရေရွတ်ပြီးနောက် စုရှင်းသည် သရုပ်ပြခြင်းကို ပြန်လည် စတင်လိုက်သည်။
[တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်ကို လာရှာခဲ့သည်။ တစ်ညတာ ကုန်ဆုံးပြီးနောက် သင်သည် သူမနှင့်အတူ ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။]
[ဆင်းသက်ဂိုဏ်းတွင် သင်၏ ပထမ သုံးလအတွင်း သင်သည် လူမသိသူမသိ နေထိုင်ကာ ဂိုဏ်းတွင် မမြင်နိုင်သော လူတစ်ဦးအဖြစ် သက်တောင့်သက်သာ နေထိုင်သည်။ လိုအပ်သော အလုပ်များ အပြင် နေ့စဉ် ကျင့်ကြံမှုကို ပင်ပန်းခက်ခဲစွာ ဆက်လက် လုပ်ဆောင်ခဲ့သည်။]
[ဒုတိယနှစ်တွင် သင်၏ မဟာဗျူဟာမြောက် စီမံမှုဖြင့် သင်သည် သင်၏ အဂ္ဂိရတ်ပညာ အရည်အချင်းကို ထုတ်ဖော် ပြသခဲ့သည်။]
[ဂိုဏ်းမှ အရိပ် စောင့်ရှောက်သူနှင့် စောင့်ရှောက်သူချုပ် ကျုံးတို့သည် သင့်ကို ဆက်သွယ်လာကြသည်။ သင်သည် မဆိုင်းမတွဘဲ အရိပ် စောင့်ရှောက်သူ၏ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။]
[အရိပ် စောင့်ရှောက်သူက သင်သည် တာဝန်များကို ကြိုးကြိုးစားစား ပြီးမြောက်အောင် ဆောင်ရွက်ပြီး ဂိုဏ်းအတွက် အကျိုးပြုနေသရွေ့ တစ်နှစ်အတွင်း အကြီးအကဲတစ်ဦး ဖြစ်လာမည်ဟု အာမခံနိုင်ကြောင်း ပြောကြားခဲ့သည်။]
[ယခုအချိန်တွင် သင်နှင့် အရိပ် စောင့်ရှောက်သူတို့ နှစ်ဦးတည်းသာ ရှိသည်။ ဤအခြေအနေကို မြင်သောအခါ သင်သည် သူ့ကို လျှို့ဝှက်စကား ပြောလိုက်သည်။]
[သင် အရိပ် စောင့်ရှောက်သူကို ပြောလိုက်သည်မှာ- မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ နေ့မှာ တစ်ညလုံး ငိုနေခဲ့တဲ့ ကလေးမလေးကို မင်း မမှတ်မိဘူးလား။ ငါတို့ နောက်ပြန် လှည့်လို့ မရတော့ဘူး၊ လောရွှေရင်!]
ဤအရာကို မြင်သောအခါ စုရှင်းသည် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော နှလုံးသားဖြင့် သက်ပြင်းချလိုက်သည်။
ဤလျှို့ဝှက်စကားသည် အရိပ် စောင့်ရှောက်သူ၏ ယုံကြည်မှုကို ရရှိရန် လုံလောက်ပါ့မလားဟု သူ သေချာမသိပါ။ အကယ်၍ မအောင်မြင်ခဲ့ပါက ဖြစ်ပေါ်လာမည့် ပြသာနာများကို စိုးရိမ်နေခဲ့သည်။
သို့သော် အရိပ် စောင့်ရှောက်သူသာ သူ့ကို ယုံကြည်ပါက နောက်ပိုင်း သရုပ်ပြခြင်းများတွင် စုရှင်းအတွက် များစွာ သက်သာစေမည်ဖြစ်သည်။ ထို့ကြောင့် ဤအန္တရာယ်သည် တန်ဖိုးရှိသည်။
စုရှင်းသည် စိုးရိမ်ပူပန်စွာဖြင့် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
[သင်၏ စကားများကို ကြားပြီးနောက် လောရွှေရင်သည် တိတ်ဆိတ်သွားခဲ့သည်။ အချိန်အတော်ကြာ တွေဝေပြီးနောက် သူမသည် သင်ဘယ်သူလဲ၊ သင်၏ ရည်ရွယ်ချက်က ဘာလဲဟု မေးခဲ့သည်။]
[သင်သည် လောရွှေရင်ကို သင်က ‘အချိန်ခရီးသွား’ တစ်ဦး ဖြစ်ကြောင်း၊ သင်တို့သည် အကြိမ်များစွာ ပူးပေါင်း ဆောင်ရွက်ခဲ့သော မိတ်ဆွေများ ဖြစ်ကြောင်း၊ အရင်းနှီးဆုံး မဟာမိတ်များ ဖြစ်ကြောင်း ပြောပြခဲ့သည်။ နောက်ဆုံးသော အချိန်တွင် သင်သည် ကြိုးစား ရုန်းကန်ခဲ့ပါသော်လည်း ကျရှုံးခဲ့သောကြောင့် သူမကို ပြန်ရှာရန် ဤနေရာသို့ ရောက်လာကြောင်း သူမအား ပြောပြခဲ့သည်။]
[လောရွှေရင်သည် သံသယ ဝင်လိမ့်မည်ဟု သင် မျှော်လင့်ထားခဲ့သော်လည်း အံ့သြစွာပင် သူမသည် သင့်ကို ယုံကြည်ခဲ့သည်။ သူမက သင်သည် အချိန်နှင့် ကံကြမ္မာ၏ နှစ်သက်ခြင်းကို ရရှိထားသူ ဖြစ်သည်ဟု ဆိုခဲ့သည်။]
[လောရွှေရင်က သင်၏ အစီအစဉ်က ဘာလဲ၊ သူမ ဘာလုပ်ပေးရမလဲဟု မေးခဲ့သည်။]
[သင်သည် သင်၏ အဂ္ဂိရတ်ပညာ အရည်အချင်းများကို လောရွှေရင်အား အသေးစိတ် ရှင်းပြပြီး ဆင်းသက်ဂိုဏ်း၏ ဘဏ္ဍာတိုက်မှ ဆေးဖက်ဝင် ပစ္စည်းများနှင့် ရတနာများ လိုအပ်ကြောင်း ပြောပြသည်။ အပြန်အလှန်အားဖြင့် သင်သည် သူမအား နှစ်စဉ် ဆေးလုံးများ ပေးမည် ဖြစ်သည်။]
[သင်၏ မဟာမိတ် ဖွဲ့စည်းမှုသည် စီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ လောရွှေရင်သည် ဂိုဏ်းမှ ပေးအပ်သော အပင် သုံးရာကျော် အပြင် တစ်လလျှင် ဆေးဖက်ဝင်အပင် တစ်ထောင်ကို သင့်အား ပေးအပ်သည်။]
[မဟာမိတ်ဖွဲ့ပြီး ပထမလတွင် သင်သည် ဆေးလုံးများ ချက်လုပ်နေစဉ်တွင် အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်ခြင်းဖြင့် သင်၏ အဂ္ဂိရတ်ပညာ ထိရောက်မှုကို သိသိသာသာ တိုးမြှင့်နိုင်ခဲ့သည်။ သင်သည် လစဉ် အနှစ်သာရ အားဖြည့်ဆေးလုံး ငါးထောင် ထုတ်လုပ်နိုင်ခဲ့ပြီး ဂိုဏ်း၏ တာဝန်အတွက် လိုအပ်သော သုံးရာကို ပေးအပ်ပြီးနောက် ကျန်ဆေးလုံး အများစုသည်ကား သင်၏ သိုလှောင်ခန်းထဲသို့ ရောက်သွားသည်။]
[အဂ္ဂိရတ်ပညာ အပြင် သင်သည် ကျင့်ကြံရန် အချိန်ပင် ရရှိခဲ့သေးသည်။ သင်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု ကျင့်ကြံခြင်း အဆင့်သည် ဆက်လက် မြင့်တက်နေသော်လည်း မူလ မသေမျိုး နယ်ပယ်သို့ မရောက်ရှိသေးပေ။]
[ထို့ကြောင့် သင်သည် လောရွှေရင်ထံ သွားပြီး မူလ မသေမျိုး မြက်နှင့် နဂါးဝိညာဉ်ပန်း ဟုခေါ်သော ဆေးဖက်ဝင်အပင်များ လိုအပ်ကြောင်း ပြောကာ ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ကို သူမအား ရေးဆွဲပြခဲ့သည်။]
[ရက်အနည်းငယ် အကြာတွင် လောရွှေရင်သည် သင့်အား မူလ မသေမျိုးမြက် တစ်ရာနှင့် နဂါးဝိညာဉ်ပန်း တစ်ရာကို ယူလာပေးသည်။ ဤ ဝိညာဉ်ဆေး နှစ်မျိုးသည် ဘဏ္ဍာတိုက် အတွင်း၌ပင် အလွန် တန်ဖိုးရှိပြီး ဘဏ္ဍာတိုက် တစ်ခုလုံးတွင်မှ နှစ်ထောင်ပင် မပြည့်ကြောင်း၊ ၎င်းတို့ကို လဲလှယ်ရန် ဂိုဏ်းတွင်းမှ အကျိုးခံစားခွင့် အမှတ်များ လိုအပ်ကြောင်း သူမက ရှင်းပြသည်။]
[တစ်ချိန်တည်းမှာပင် လောရွှေရင်က သူမသည် နှစ်ပေါင်းများစွာ စောင့်ရှောက်သူ တစ်ဦးအဖြစ် အကျိုးခံစားခွင့် အမှတ်များစွာ စုဆောင်းထားပြီး ဖြစ်ကြောင်း ပြောကြားသည်။ သင် လိုအပ်ပါက ထိုနှစ်ထောင်ကျော်သော ဆေးဖက်ဝင် အပင်များ အားလုံးကို လဲလှယ်ရန် သူမက သင့်အား ကူညီနိုင်ကြောင်းပါ ထပ်ပေါင်း ပြောခဲ့သည်။]
[ဤကမ်းလှမ်းချက်ကြောင့် သင်သည် အလွန် ဝမ်းသာသွားပြီး ဤဆေးဖက်ဝင် အပင်များ အပြင် ဂိုဏ်း၏ ဘဏ္ဍာတိုက်မှ ဝိညာဉ်စုစည်း သစ်သားကိုလည်း သူမက သင့်အား ပေးနိုင်လိမ့်မည်ဟု သင် မျှော်လင့်ထားသည်။]
[လောရွှေရင်သည် ခေါင်းညိတ်ပြကာ ထွက်သွားသည်။ ရက်အနည်းငယ် အကြာတွင် သူမသည် ဆေးဖက်ဝင်အပင် နှစ်ထောင်ကျော်နှင့် သုံးကျန်းရှည်သော ဝိညာဉ်စုစည်း သစ်သားကို သင့်ထံ ယူလာပေးခဲ့သည်။]
ဤအရာကို မြင်သောအခါ စုရှင်း၏ နှလုံးသားသည် ဝမ်းသာအားရ ခုန်ပေါက်သွားကာ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တီးတိုး ရေရွတ်လိုက်သည်-
“မျှော်လင့်ထားတဲ့ အတိုင်းပဲ၊ ငါ မှန်ကန်တဲ့ လောင်းကြေး ထပ်ခဲ့တာပဲ! အရိပ် စောင့်ရှောက်သူရဲ့ အကူအညီနဲ့ ဂိုဏ်းက ဆေးဝါးရရှိတဲ့ နှုန်းက တကယ်ကို မြင့်တက်သွားပြီ!”
လွန်ခဲ့သော သရုပ်ပြခြင်းတွင် စုရှင်းသည် ဤဆေးဝါးများကို ရရှိရန် ဆယ်နှစ် ကြာခဲ့သည်။ သို့သော်လည်း ယခုအခါ သူသည် ဂိုဏ်းသို့ ဝင်ရောက်ပြီး မကြာမီမှာပင် ၎င်းတို့ကို ရရှိခဲ့သည်။
“နောက်ပြီးတော့ ဂိုဏ်းအတွင်းမှာ လောရွှေရင်ရဲ့ အဆင့်အတန်းက သေချာပေါက် မနိမ့်ဘူး။ ငါ လိုအပ်တဲ့ ဘာမဆို သူမကို တောင်းဆိုနိုင်တယ်၊ ဒါက ငါ့ရဲ့ အဂ္ဂိရတ်ပညာနဲ့ ကျင့်ကြံမှုကို အများကြီး အရှိန်မြှင့်ပေးနိုင်မှာ သေချာတယ်!”
စုရှင်းသည် လာမည့် သရုပ်ပြခြင်းကို အလွန် မျှော်လင့်နေခဲ့သည်။
[သင်သည် ဆေးလုံးများ ရရှိပြီးနောက် သင်အကျွမ်းတဝင် ရှိသော နဂါးဝိညာဉ် ဆေးလုံးများကို စတင် ချက်လုပ်ခဲ့ပြီး ငါးဆယ် ရာခိုင်နှုန်းအထိ အောင်မြင်မှုနှုန်း မြင့်မားခဲ့သည်။]
[နောက်ထပ် ခြောက်လတာ ကာလအတွင်း သင်သည် ပေးအပ်သည့် တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းအပြင် သင်၏ အဓိကအာရုံကို နဂါးဝိညာဉ်ဆေးလုံးများ ချက်လုပ်ခြင်း အပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။]
[နဂါးဝိညာဉ်ဆေးလုံး လေးထောင်ကို အောင်မြင်စွာ ချက်လုပ်နိုင်ရန် အတွက် သင်သည် ခြောက်လ ကြာခဲ့သည်။ ၎င်းသည် ရှားနိုင်ငံသို့ ကောင်းကင်ဘုံ ဘုရင်အဆင့် အင်အားကြီးသူ လေးရာနီးပါး ခေါ်ဆောင်လာနိုင်သည်ဟု ဆိုလိုကြောင်း သင်သိသည်။ ထို့ကြောင့် သင်သည် နဂါးဝိညာဉ် ဆေးလုံးများကို အမြတ်တနိုး သိမ်းဆည်းထားခဲ့သည်။]
[ဤ ခြောက်လတာ ကာလအတွင်း သင်၏ ထူးချွန်သော စွမ်းဆောင်ရည်၊ ဂိုဏ်း၏ အဂ္ဂိရတ် ပညာဆိုင်ရာ တာဝန်များကို အချိန်မီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းနှင့် အရိပ် စောင့်ရှောက်သူ၏ ချီးကျူးမှုကို ရရှိခြင်းတို့ကြောင့် သင်သည် ဆင်းသက်ဂိုဏ်း၏ ဆယ့်ရှစ်ယောက်မြောက် အကြီးအကဲအဖြစ် တိုးမြှင့်ခြင်းခံခဲ့ရသည်။ သင်၏ ဘွဲ့အမည်မှာ ဆေးဝါး အကြီးအကဲ ဖြစ်သည်။]
[တတိယနှစ်တွင် သင်သည် မူလ မသေမျိုး ဆေးလုံးများကို ချက်လုပ်ရန် ကြိုးစားခဲ့သည်]]
[သင်၏ အဂ္ဂိရတ်ပညာသည် အသေးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိခဲ့ပြီး နဂါးဝိညာဉ် ဆေးလုံးများနှင့် ဝိညာဉ်စုစည်း ဆေးလုံးများကို ချက်လုပ်ရာတွင်လည်း အတွေ့အကြုံ ရှိသောကြောင့် အဆင့်မြင့် အနိမ့်တန်း မူလ မသေမျိုး ဆေးလုံးများသည် သင့်အတွက် စိန်ခေါ်မှုတစ်ရပ် မဟုတ်ခဲ့ပေ။]
[မူလ မသေမျိုး ဆေးလုံးများ ချက်လုပ်နည်းကို လေ့လာသည့် ပထမလတွင် သင်သည် အသုတ် သုံးဆယ်ကို ချက်လုပ်ခဲ့ပြီး နှစ်သုတ် အောင်မြင်ခဲ့သည်။ သို့သော်လည်း နှစ်ခုလုံး၏ အရည်အသွေးမှာ ညံ့ဖျင်းသည်။]
[ဒုတိယလတွင် သင်သည် သင်၏ အတွေ့အကြုံများမှ သင်ယူခဲ့ပြီး မူလ မသေမျိုး ဆေးလုံးများ အကြောင်း အကြမ်းဖျင်း နားလည်လာခဲ့သည်။ သင်သည် အသုတ်သုံးဆယ်ကို ချက်လုပ်ခဲ့ပြီး လေးသုတ် အောင်မြင်ခဲ့ကာ သင်၏ အောင်မြင်မှုနှုန်းကို နှစ်ဆ တိုးမြှင့်နိုင်ခဲ့သည်။]
[တတိယလတွင် သင်၏ အဂ္ဂိရတ်ပညာသည် ပိုမိုတိုးတက်လာပြီး သင်သည် အသုတ်သုံးဆယ်ကို ချက်လုပ်ခဲ့ရာ ခြောက်သုတ် အောင်မြင်ခဲ့သည်။]
[စတုတ္ထလတွင် သင်သည် အသုတ်သုံးဆယ်ကို ချက်လုပ်ခဲ့ပြီး ဆယ်သုတ် အောင်မြင်ခဲ့သည်။]
[ဆဋ္ဌမလတွင် သင်သည် မူလ မသေမျိုး ဆေးလုံး အသုတ်သုံးဆယ်ကို ချက်လုပ်ခဲ့ပြီး ဆယ့်ငါးသုတ် အောင်မြင်ခဲ့သည်။ သင်၏ အောင်မြင်မှုနှုန်းသည် ယခုအခါ ငါးဆယ်ရာခိုင်နှုန်းနီးပါး ရှိနေပြီဖြစ်သည်။]
[မူလ မသေမျိုး ဆေးလုံးများ ချက်လုပ်နည်းကို လေ့လာခဲ့သည့် ခြောက်လသည် ၎င်းတို့ကို ချက်လုပ်ရင်းဖြင့် သင်၏ ကျွမ်းကျင်မှုကို အသေးစား ပြီးမြောက်ခြင်း အဆင့်သို့ နီးကပ်စေခဲ့သည်။ ပိုမို တိုးတက်ရန် အတွက် သင်သည် စဉ်ဆက်မပြတ် လေ့ကျင့်ခဲ့သည်။]
[ထို့ကြောင့် သင်သည် ကျန်ရှိသော မူလ မသေမျိုး မြက်အားလုံးကို မူလ မသေမျိုး ဆေးလုံးများ အဖြစ် ချက်လုပ်ရန် နောက်ထပ် ခြောက်လ အချိန်ယူခဲ့ပြီး သင့်တွင် ဆေးလုံး သုံးထောင်နီးပါး ကျန်ရှိခဲ့သည်။]
[သို့သော် သင်သည် ယခင်က ကိုယ်တွင်းအင်္ဂါ သန့်စင်ဆေးလုံးများ ကဲ့သို့ပင် ၎င်းတို့သည် သင့်ခန္ဓာကိုယ်အား ပေါက်ကွဲစေကာ သရုပ်ပြခြင်း အခွင့်အရေး ဖြုန်းတီးစေမိမည်ကို စိုးရိမ်သောကြောင့် မူလ မသေမျိုး ဆေးလုံးများကို ချက်ချင်း မသောက်ရဲခဲ့ပါ။]
[အခြေအနေကို သုံးသပ်ပြီးနောက် သင်သည် ကမ္ဘာ ပျက်သုဥ်းချိန် နီးကပ်လာမှ မူလ မသေမျိုး ဆေးလုံးများကို သောက်ရန် ဆုံးဖြတ်လိုက်သည်။]
[စတုတ္ထနှစ်တွင် ဆင်းသက်ဂိုဏ်း အတွင်း၌ ကောလာဟလ အချို့ ပျံ့နှံ့နေသည်ကို သင်သတိပြုမိခဲ့သည်။ ဂိုဏ်းဝင်အချို့က သင်သည် အရိပ် စောင့်ရှောက်သူက ပြုစုပျိုးထောင်ထားသည့် အမျိုးသားလောင်း တစ်ဦး ဖြစ်ပြီး သူမက သူမ စုဆောင်းထားသည့် အကျိုးခံစားခွင့် အမှတ် အများစုကိုလည်း သင့်အတွက် သုံးစွဲခဲ့သည်။ သင်က အချိန်တိုအတွင်း အကြီးအကဲ ဖြစ်လာခြင်းကလည်း အရိပ် စောင့်ရှောက်သူ၏ အကူအညီကြောင့်သာ ဖြစ်သည်ဟု ကောလဟာလများ ပြောကုန်ကြသည်။]
[သင်သည် ထိုစကားများကို လှောင်ပြောင်လိုက်ပြီး ဤလူများသည် အချဉ်ကြိုက်သူများ ဖြစ်ကြောင်း နားလည်လိုက်သည်။ သင့်ကို မျက်နှာသာပေးသော ချမ်းသာပြီး အင်အားကြီးသည့် အထက်လူကြီး တစ်ဦးရှိခြင်းသည် သင့်အတွက် ‘အံ့သြဖွယ်ဘဲ!’ ဟုသာ အသံဩဩဖြင့် ပြောပြနိုင်သည့် အခြေအနေတစ်ခု ဖြစ်သည်။]
[သင်သည် သင်၏ အဂ္ဂိရတ်ပညာ တိုးတက်ရန် အတွက် သင်သည် ဆက်လက် အာရုံစိုက်ကာ အားထုတ်ခဲ့သည်။ နဂါးဝိညာဉ် ဆေးလုံးများနှင့် မူလ မသေမျိုး ဆေးလုံးများကို နှစ်နှစ်ကြာ ချက်လုပ်ပြီးနောက် သင်၏ အဂ္ဂိရတ် ပညာသည် ပိုမိုတိုးတက်လာသည်ဟု သင် ခံစားလိုက်ရသည်။ ထို့ကြောင့် သင်သည် ဝိညာဉ်စုစည်း ဆေးလုံးများကို ချက်လုပ်ရန် စတင်ကြိုးစားခဲ့သည်။]
[ဝိညာဉ်စုစည်း ဆေးလုံး အသုတ်တစ်ရာကို ချက်လုပ်ရန် သင့်အတွက် ခြောက်လ ကြာခဲ့သော်လည်း စိတ်ပျက်စရာ ကောင်းသည်မှာ သင်၏ ကျွမ်းကျင်မှုတွင် သိသာထင်ရှားသော တိုးတက်မှုကို မတွေ့ခဲ့ရခြင်းပင်။ သင်သည် အကောင်းဆုံး လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်သော်လည်း ဆေးလုံး နှစ်ဆယ်မှ သုံးဆယ်သာ ထုတ်လုပ်နိုင်ခဲ့ပြီး ၎င်းတို့ အားလုံးသည် အရည်အသွေး ညံ့ဖျင်းသည်။ ဤအရာသည် သင့်အား လုံးဝ စိတ်ရှုပ်ထွေးစေခဲ့သည်။]
[သင်သည် အရည်အသွေး ညံ့ဖျင်းသော ဝိညာဉ်စုစည်း ဆေးလုံး အားလုံးကို သောက်သုံးခဲ့ရာ ၎င်းသည် သင်၏ ဝိညာဉ်အာရုံကို ပိုမို တိုးပွားစေခဲ့သည်။ သင်၏ ဝိညာဉ်အာရုံသည် ယခုအခါ အလျား ခုနစ်ဆယ်ကျန်းအထိ ကျယ်ပြန့်လာသော်လည်း ဆေးလုံးများကို ပိုမိုကောင်းမွန်စွာ ချက်လုပ်နိုင်ရန် အတွက် သင်သည် စိုးရိမ်နေဆဲ ဖြစ်သည်။]
[တစ်နေ့တွင် သင်သည် ဆေးလုံးများ ချက်လုပ်နေစဉ် ရုတ်တရက် စိတ်ကူးတစ်ခု ပေါ်လာခဲ့သည်။ ဝိညာဉ်စုစည်း ဆေးလုံးများ ချက်လုပ်ရာတွင် ခက်ခဲရခြင်းမှာ သင်အသုံးပြုနေသော မီးကြောင့် ဖြစ်နိုင်သည်ဟု သဘောပေါက်လိုက်သဖြင့် သင်သည် သင့်လက်ဖဝါးပေါ်ရှိ လီမီးတောက်ကို အာရုံစိုက်လိုက်သည်။]
…