ရုတ်တရက် ချမ်းသာကြွယ်ဝလာခြင်း၊ ၈မီလီယံ စွမ်းအင်!
Vol. 7 Ch. 91
ကျင်းချုံးရွှယ်သည် စနောက်ခြင်းကို အဆုံးသတ်ပြီးနောက် မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ကာ “သူဌေးကြီး၊ ရှင် ဗိုက်ဆာမှာ စိုးရိမ်စရာ မလိုတော့ဘူး မဟုတ်လား” ဟု နောက်ပြောင်ကာ ပြောလိုက်သည်။
ထိုအချိန်တွင် စုရှင်းသည် ဝမ်းသာအားရ ပြုံးဖြီးနေပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ကာ “ဟုတ်တာပေါ့ဗျာ ဒီလောက်များတော့ ငါ ဗိုက်နာသေတော့မလိုပဲ!” ဟု ပြောလိုက်သည်။
အဖြူရောင်အဆင့် ကိရိယာ တစ်သန်းငါးသိန်းလုံးကို စုရှင်းသည် စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပါက စွမ်းအင်မှတ် ရှစ်သန်းနီးပါး ရရှိနိုင်မည် ဖြစ်သည်။
စုရှင်းအတွက်မူ ဤသည်မှာ မကြုံစဖူး ကံကောင်းခြင်းပင် ဖြစ်သည်။
ကျင်းချုံးရွှယ်က ဆက်ပြောသည်။ “ကိရိယာတွေအပြင် တခြား ခက်ခဲတဲ့ အကျဉ်းခန်းက ပစ္စည်းတွေလည်း ရှိသေးတယ်၊ ရှင် လိုအပ်တာ ရှိမရှိ နောက်ကျ ကြည့်လို့ရတယ်”
စားသောက်ပြီးနောက် စုရှင်းသည် ကျင်းချုံးရွှယ်ကို ရုပ်ရှင်ကြည့်ရန် ခေါ်သွားခဲ့ရာ စုရှင်းသည် နေ့လည်ပိုင်းမှ ကျောင်းသို့ ပြန်ရောက်ခဲ့သည်။
သူသည် ကျွမ်းကျင်စွာဖြင့် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ဝင်ရောက်ကာ အဖြူရောင်အဆင့် ကိရိယာ တစ်သန်းငါးသိန်းကို စွမ်းအင်အဖြစ် လဲလှယ်လိုက်ရာ သူ၏ သရုပ်ပြစက်တွင် မကြုံစဖူး မြင့်မားသော စွမ်းအင်မှတ် ရှစ်သန်းငါးသိန်းအထိ ရောက်ရှိသွားခဲ့သည်။
၂၀၂၄ ခုနှစ် မတ်လ ၃ ရက်နေ့ နေ့လည်ပိုင်း၊ ကမ္ဘာမြေတွင် ဆောင်းရာသီ၏ အေးစိမ့်မှုများ ပျောက်ကွယ်သွားပြီး နွေဦး၏ အသက်ရှုသံများဖြင့် ပြည့်နှက်နေချိန်တွင် စုရှင်းသည် သူ၏ နှစ်ဆယ့်ခြောက်ကြိမ်မြောက် သရုပ်ပြခြင်းကို စတင်ခဲ့သည်။
“သရုပ်ပြခြင်း စတင်ပါ!”
[ဒင်! ဤသရုပ်ပြခြင်း အတွက် စွမ်းအင်အမှတ် ၂၆၀၀ အသုံးပြုမည် ဖြစ်သည်။ သင့်တွင် စွမ်းအင်အမှတ် ၈,၅၃၂,၃၃၃မှတ်နှင့် အကန့်အသတ်မဲ့ သရုပ်ပြခြင်း အခွင့်အရေးများ ကျန်ရှိပါသည်။]
[သရုပ်ပြခြင်း စတင်ပါပြီ!]
[အဖြူရောင် စွမ်းရည် ရယူခြင်းအတွက် စွမ်းအင် ၁၀၀မှတ်၊ အစိမ်းရောင် စွမ်းရည် ရယူခြင်းအတွက် စွမ်းအင် ၁,၀၀၀မှတ်၊ အပြာရောင် စွမ်းရည် ရယူခြင်းအတွက် စွမ်းအင် ၁၀,၀၀၀မှတ် ကုန်ကျပါမည်။ ရယူလိုပါသလား?]
ထိုစကားကို ကြားသည့်အခါ စုရှင်းသည် အနည်းငယ် စဉ်းစားကာ မေးလိုက်သည်။
“အပြာရောင် စွမ်းရည်က စွမ်းအင်အမှတ် ၁၀,၀၀၀ဘဲ ကျတယ်။ ဘယ်အချိန်မှ ပိုမြင့်တဲ့ စွမ်းရည်ကို ယူလို့ရမှာလဲ?”
သရုပ်ပြခြင်း ဖန်သားပြင်ပေါ်တွင် စာကြောင်းလေး တစ်ကြောင်း ပေါ်လာသည်:
[ခရမ်းရောင် စွမ်းရည်တစ်ခု ရယူရန် စွမ်းအင်မှတ် တစ်သိန်း လိုအပ်သည်။ သရုပ်ပြခြင်းမှ စွမ်းရည်ကို ထုတ်ယူရန် စွမ်းအင်မှတ် တစ်သန်း လိုအပ်သည်။ အသုံးပြုသူ၏ စွမ်းအင် အရင်းအမြစ်သည် ခရမ်းရောင် စွမ်းရည်ကို ဖွင့်နိုင်မည့် အရည်အချင်း ပြည့်မီရန် စွမ်းအင်မှတ် ဆယ်သန်းအထက် ကျော်လွန်ရပါမည်…”]
ခရမ်းရောင် စွမ်းရည်တစ်ခု ရရှိရန် စွမ်းအင်မှတ် တစ်သန်းတစ်သိန်း လိုအပ်ကြောင်း ကြားသောအခါ စုရှင်းသည် ချက်ချင်းပင် စိတ်ပျက်သွားခဲ့သည်။
“ဟာကွာ၊ ဒီခရမ်းရောင် စွမ်းရည်က အရမ်းဈေးကြီးတာဘဲ။ မတော်တဆ အသုံးမကျတဲ့ ခရမ်းရောင် စွမ်းရည်တစ်ခု ရခဲ့ရင် ဒါက ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားနိုင်တယ်လေ။ ဟုတ်တယ် မလား?”
လက်ရှိတွင် စုရှင်း၌ စွမ်းအင်မှတ် ရှစ်သန်းငါးသိန်းသာ ရှိသေးကာ ဆယ်သန်းအထိ မပြည့်သေးသော်လည်း ဤနှုန်းဖြင့်ဆိုလျှင် မကြာမီတွင် ရောက်ရှိနိုင်လိမ့်မည်။
စုရှင်းသည် မတတ်နိုင်တော့သဖြင့် ပြောလိုက်သည်။
“အပြာရောင် စွမ်းရည်တစ်ခုကို ရွေးပါ!”
[ဒင်၊ အပြာရောင်စွမ်းရည် ‘မဆုတ်မနစ်သော ငွေလှံ’ ကို ရရှိသွားသည့် အတွက် ဂုဏ်ပြုပါတယ်!]
စုရှင်း၏ လေသံသည် မထီမဲ့မြင်ပြုသလို ဖြစ်နေသော်ငြညး သူ၏ မျက်လုံးများသည် လိုချင်တောင့်တသော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။
စုရှင်းသည် သရုပ်ပြခြင်းကို စတင်ရန် မစောင့်နိုင်တော့ပေ။
[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေအတွင်း သင်သည် သရုပ်ပြခြင်း တစ်ခု၌ ရှိနေကြောင်း သတိပြုမိသည်။]
[ရေချိုးနေစဉ် သင် မသိလိုက်သည့် အချိန်အတွင်းမှာပင် သင်၏ စွမ်းရည် တစ်ခုသည် ပို၍ပင် ထူးခြားလာကြောင်း သိလိုက်ရသည်။]
[နောက်ခြောက်လအတွင်း သင်သည် ပို၍ စားခဲ့ပြီး သင်၏ ကျင့်ကြံမှု အဆင့်သည်လည်း လျင်မြန်စွာ တိုးတက်ခဲ့သည်။ ခြောက်လအတွင်း သင်၏ ကိုယ်ခန္ဓာ ကျင့်ကြံမှု အဆင့်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်၏ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်။]
[သင်သည် ကျင်းချုံးရွှယ်နှင့် အပတ်တိုင်း ဆက်သွယ်နေဆဲဖြစ်ပြီး သင်တို့၏ ဆက်ဆံရေးသည်လည်း တဖြည်းဖြည်း ပိုမို ရင်းနှီးလာခဲ့သည်။ အိပ်ယာထ နောက်ကျခြင်းမှ ပေါ်ပေါက်လာသော အခွင့်အရေး တစ်ခုတွင် သင်၏ ကျင်းချုံးရွှယ်နှင့် ဆက်ဆံရေးသည် ပိုမိုတိုးတက်ခဲ့ပြီး သူမသည် သင်၏ အံ့မခန်း စွမ်းရည်များကို သိရှိသွားခဲ့သည်။]
[တစ်နေ့တွင် ဝမ့်ချင်းရွှမ်သည် သင့်ထံ ချဉ်းကပ်လာပြီး သူမသည် လျှို့ဝှက် ဆန်းကြယ်သော အသင်းအဖွဲ့ တစ်ခုသို့ ဝင်ရောက်ရန် ရည်ရွယ်ကြောင်း ပြောပြခဲ့သည်။]
[သင်သည် ဤနေ့ကို ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသည်။ တစ်ညလုံး ချစ်ခင်ရင်းနှီးစွာ ပြောဆို ဆက်ဆံပြီးနောက် သင်သည် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။]
[ဆင်းသက်ဂိုဏ်းတွင် သင်၏ ပထမ သုံးလအတွင်း သင်သည် နှိမ့်ချစွာ နေထိုင်ခဲ့သည်။ ထို့နောက် သင်သည် ဂရုတစိုက် အစီအစဉ်ဆွဲကာ သင်၏ ဆေးဖော်စပ်ခြင်း စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့သည်။ မကြာမီ ခွေးကောင်ကျုံးနှင့် လောရွှေရင်တို့သည် သင့်ထံ ဆက်သွယ်လာခဲ့သည်။]
[သင်သည် လောရွှေရင်၏ အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ သူမသည် တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သမျှ ကာလပတ်လုံး တစ်နှစ်အတွင်း သင့်အား အကြီးအကဲ ရာထူးကို ပေးမည်ဖြစ်ကြောင်း အာမခံကာ ကတိပြုခဲ့သည်။]
[နောက်တစ်နေ့တွင် သင်သည် လောရွှေရင်ကို တစ်ယောက်တည်း သီးသန့် သွားတွေ့ပြီး သူမအား “မိုးသည်းထန်စွာ ရွာသွန်းနေချိန် တစ်ညလုံး ငိုနေခဲ့တဲ့ ကလေးမလေးကို မင်း မှတ်မိသေးလား။ ငါတို့ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး၊ လောရွှေရင်!” ဟု ပြောခဲ့သည်။]
[သင်၏ စကားများကို ကြားသောအခါ လောရွှေရင်၏ မျက်နှာသည် ခန့်မှန်းထားသလို တည်ကြည်သွားသည်။ သို့သော်လည်း သင်၏ စကားပြော စွမ်းရည်ဖြင့် သင်သည် အချိန်ကာလများစွာကို ဖြတ်သန်းသွားလာခဲ့သော ရွေးချယ်ခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူမ ယုံကြည်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။]
[သင်သည် သင်၏ အစီအစဉ်ကို လောရွှေရင်နှင့် မျှဝေပြီး ဆင်းသက်ဂိုဏ်း အတွင်း အနှစ်သာရ အားဖြည့် ဆေးပင်များ၊ ရွှေနတ်ဆေးအနှစ်၊ နဂါးဝိညာဉ်ပန်းများ၊ မူလ မသေမျိုး ဆေးပင်များ၊ ဝိညာဉ်စုစည်း သစ်သားနှင့် အခြားဆေးဖက်ဝင် ပစ္စည်းများ လဲလှယ်ရာတွင် သူမ၏ အကူအညီကို တောင်းခံခဲ့သည်။]
[နှစ်ပတ်အကြာတွင် လောရွှေရင်သည် သင်လိုအပ်သော ဆေးဖက်ဝင် ပစ္စည်းများကို သင့်ထံ ယူဆောင်လာခဲ့ပြီး သင်သည် ဆေးများကို စတင် ဖော်စပ်ခဲ့သည်။]
[လုပ်ငန်းများစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်စွမ်းကြောင့် သင်သည် အလွန် လျင်မြန်သောနှုန်းဖြင့် ဆေးများကို ဖော်စပ်နိုင်ခဲ့ပြီး တစ်လလျှင် အနှစ်သာရ အားဖြည့်ဆေး သို့မဟုတ် ကိုယ်တွင်းအင်္ဂါ သန့်စင်ဆေး ငါးထောင် ထုတ်လုပ်နိုင်ခဲ့သည်။]
[ဒုတိယနှစ်တွင် သင်သည် အလျင်စလို မလုပ်ဘဲ သင်၏ အခြေခံ အုတ်မြစ်ကို ဆက်လက် တည်ဆောက်ခဲ့သည်။ တစ်နှစ်အတွင်း သင်သည် အနှစ်သာရ အားဖြည့်ဆေး ငါးသောင်းကို စုဆောင်းနိုင်ခဲ့သည်။]
[တတိယနှစ်တွင် သင်သည် နေ့စဉ် ကောင်းမွန်စွာ စားသောက်နေဆဲဖြစ်ပြီး သင်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ပြီးပြည့်စုံလာခဲ့သည်။ သင်သည် ယခင်ကထက် ပိုမို အားအင်ပြည့်ဝလာသည်ဟု ခံစားရသော်လည်း မူလ မသေမျိုး ဆေးကို သောက်ရန် အတွက်မူ အဆင်သင့် မဖြစ်သေးကြောင်း သိရှိခဲ့သည်။]
[နေ့စဉ် ကျင့်ကြံခြင်းအပြင် သင်သည် ဆေးဖော်စပ်ခြင်းနှင့် ဝိညာဉ်စိုက်ခင်းကို ဂရုစိုက်ခြင်းတို့ဖြင့် အလုပ်များနေခဲ့သည်။ သင်၏ ဝိညာဉ်စုစည်း ပန်းများသည် ထိုနှစ်တွင် ရင့်မှည့်လာပြီး သင့်အား ဝိညာဉ်စွမ်းအင် တော်တော်များများ တိုးတက်စေခဲ့သည်။]
[စတုတ္ထနှစ်တွင် အနှစ်သာရ အားဖြည့်ဆေး တစ်သိန်းကို စုဆောင်းပြီးနောက် သင်သည် ရှားနိုင်ငံကို ထောက်ပံ့ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သော်လည်း ယခုအချိန်သည် သင့်တော်သောအချိန် မဟုတ်ကြောင်း သိသဖြင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ဆေးများကိုသာ စတင် ဖော်စပ်ခဲ့သည်။]
[ကိုယ်တွင်းအင်္ဂါ သန့်စင်ဆေး ငါးသောင်းကို ဖော်စပ်ရန် တစ်နှစ်ကြာခဲ့ပြီး ယခုအခါ ဂရန်းမာစတာအဆင့် ကျွမ်းကျင်ပညာရှင် သုံးသောင်းကို ဖန်တီးရန် အတွက် လုံလောက်သော ဆေးများ သင့်တွင် ရှိနေပြီ ဖြစ်သည်။]
[တစ်နေ့တွင် လောရွှေရင်သည် သင့်ထံ လာရောက်ပြီး သူမ၏ ဇာတိမြေသည် ပိုမိုဆိုးရွားလာသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး သင့်အကူအညီ လိုအပ်ကြောင်း ရှင်းပြခဲ့သည်။]
[သင်သည် မဆိုင်းမတွဘဲ အနှစ်သာရ အားဖြည့်ဆေး သုံးသောင်းနှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ဆေး နှစ်သောင်းကို သူမအား ပေးအပ်ခဲ့သည်။ အပြန်အလှန်အားဖြင့် သူမသည် သူမ၏ အမှတ်အားလုံးကို ဝိညာဉ်ဆေးဝါးများနှင့် လဲလှယ်ပြီး သင့်အား လက်ဆောင်အဖြစ် ပေးခဲ့သည်။]
[ပဉ္စမနှစ်တွင် နဂါးဝိညာဉ် ဆေးများကို ဖော်စပ်ရန် အချိန်တန်ပြီဟု သင်ခံစားမိခဲ့သည်။]
[အဆက်မပြတ် လေ့ကျင့်ခြင်းကြောင့် သင်သည် နဂါးဝိညာဉ်ဆေးများ ဖော်စပ်ရာတွင် ပိုမို ကျွမ်းကျင်လာခဲ့သည်။ သင်၏ အောင်မြင်မှုနှုန်းသည် ခြောက်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး သင်သည် တစ်နှစ်အတွင်း နဂါးဝိညာဉ်ဆေး ခြောက်ထောင်ကို ဖော်စပ်နိုင်ခဲ့သည်!]
[နဂါးဝိညာဉ် ဆေးများကို ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် သိုလှောင်ထားပြီး ၎င်းတို့၏ အစွမ်းသတ္တိ လျော့နည်းသွားခြင်းကို နှေးကွေးစေရန် အတွက် သင်သည် ၎င်းတို့ကို အထူး ပြုလုပ်ထားသော ကျောက်စိမ်း သေတ္တာများတွင် ထည့်ထားခဲ့သည်။]
[ဆဌမနှစ်တွင် သင်သည် မူလ မသေမျိုး ဆေးများ ဖော်စပ်ရန် စတင် လုပ်ဆောင်ခဲ့သည်။]
[မူလ မသေမျိုးဆေးများ ဖော်စပ်ခြင်း၏ အခြေခံများကို လေ့လာရန် အတွက် သင်သည် နှစ်ဝက်ကြာခဲ့ပြီး သင်၏ အောင်မြင်မှုနှုန်းကို သုံးဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် အတွက် နောက်ထပ် နှစ်ဝက်ကြာခဲ့သည်။]
[ထိုအချိန်၌ သင့်လက်ဝယ်တွင် မူလ မသေမျိုးဆေး တစ်ထောင်ကျော်ရှိပြီး ၎င်းတို့အနက် အများအပြားသည် အသက်ငယ်ရွယ်သော မူလ မသေမျိုး ဆေးပင်များကို အသုံးပြု၍ သင် ဖန်တီးထားသည့် အားပျော့သော ဗားရှင်းဖြစ်သည်။ ယင်းတို့ကို အသုံးပြု၍ မူလ မသေမျိုး နယ်ပယ်သို့ သင်ကိုယ်တိုင် အဆင့်တက်ရန် သင် ရည်ရွယ်ထားသည်။]
[သို့သော် သင်သည် မူလ မသေမျိုး နယ်ပယ်သို့ တိုးတက်ရန် အလျင်စလို မလုပ်ခဲ့ပါ။ ပထမဦးစွာ သင်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ပိုမို တိုးတက်လာနိုင်သည်ဟု သင် ယုံကြည်သည်။ ဒုတိယအနေဖြင့် အချိန်မတန်မီ ကြိုးစားခြင်းသည် သရုပ်ပြခြင်း အခွင့်အရေးကို ဖြုန်းတီးနိုင်ပစ်မှာကို သင် စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သရုပ်ပြခြင်း အဆုံးသတ်ခါနီးမှ ၎င်းတို့ကို သောက်သုံးရန် သင်စီစဉ်ခဲ့သည်။]
[သတ္တမနှစ်တွင် အချိန်တန်ပြီဟု သင် ခံစားခဲ့ရသည်။ သင်သည် ဆင်းသက်ဂိုဏ်းမှ အရင်းအမြစ်များစွာ ရရှိထားပြီး မဖော်စပ်ရသေးသော ဆေးဖက်ဝင် အပင်များ သောင်းနှင့်ချီ၍ ကျန်ရှိနေသေးသည်။ ရှားနိုင်ငံအတွက် အင်အားကြီးသူ များစွာကို ဖန်တီးရန် လုံလောက်သည်။]
[ထို့ကြောင့် သင်နှင့် လောရွှေရင်တို့သည် ဆင်းသက်ဂိုဏ်း၏ ဘဏ္ဍာတိုက်ကို တိတ်တဆိတ် ဝင်ရောက် တိုက်ခိုက်ပြီး မည်သည့် အချိန်တွင်မဆို သစ္စာဖောက်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။]
[သို့သော် သစ္စာမဖောက်မီ သင့်စိတ်ထဲတွင် အံ့သြဖွယ်ကောင်းသော အစီအစဉ်တစ်ခု ပေါ်လာခဲ့သည်။ လောရွှေရင်နှင့် ပူးပေါင်း၍ သင်သည် ခွေးကောင်ကျုံးကို တစ်ခါတည်း သတ်ပစ်ရန် အခွင့်အရေးကို ရှာဖွေခဲ့သည်။]
…