ဆန်းကြယ်သော စွမ်းရည်: ကံဆိုးသူက ငါ တစ်ယောက်တည်း မဖြစ်နိုင်ဘူး!
Vol. 7 Ch. 96
သူမ၏ စကားများကြောင့် စုရှင်း၏ မျက်နှာသည် ရဲရဲနီလာခဲ့သည်။
သရုပ်ပြခြင်းတွင် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့သော်လည်း တကယ့်ကမ္ဘာတွင် သူသည် စစ်မြေပြင်ကို တစ်ခါမျှ မမြင်ဖူးသေးသည့် လူသစ်တစ်ဦးသာ ဖြစ်သည်။
ကျင်းချုံးရွှယ်က ဤသို့ စနောက်သောကြောင့် စုရှင်းသည် ခဏတာ အံ့အားသင့်သွားခဲ့သည်။
သို့သော် မျက်နှာပြောင်တိုက်သူ တစ်ဦးအနေဖြင့် စုရှင်းသည် အလျင်အမြန် ပြန်ထိန်းလိုက်ပြီး ကျင်းချုံးရွှယ်ကို သူ့လက်မောင်းထဲသို့ ဆွဲသွင်းကာ စနောက်သလို ပြောလိုက်သည်။
“အို? ဒါဆို အစ်မရွှယ်က ဘယ်လို ကူညီပေးဖို့ စီစဉ်ထားလဲ?”
စုရှင်း၏ ရုတ်တရက် ပွေ့ဖက်ခြင်းကို ခံလိုက်ရသော ကျင်းချုံးရွှယ်သည် အံ့အားသင့်သွားသည်။ သူမ၏ မျက်နှာနှင့် လည်ပင်းအထိပင် ရှက်သွေးဖြာသွားကာ ထိတ်လန့်နေသည့် ပုံစံလေးသည် ချစ်စရာ ကောင်းလှသည်။
ကျင်းချုံးရွှယ်၏ ထိတ်လန့်တုန်လှုပ်နေသော အသွင်အပြင်ကို မြင်သောအခါ စုရှင်းသည် အံ့အားသင့်ဟန် ဆောင်ကာ ပြောလိုက်သည်။
“အယ်၊ ဒီအပိုင်းမှာ အစ်မက အတွေ့အကြုံ ရင့်ကျက်တယ်လို့ ထင်နေတာ... မင်းလည်း မစမ်းဖူးဘူးလို့ မပြောနဲ့နော်?”
စုရှင်းသည် သူမကို အသံမာမာဖြင့် စနောက်ကာ ကျင်းချုံးရွှယ်ကို ပို၍ပင် ရှက်ရွံ့စေခဲ့သည်။
အနည်းငယ် ရှက်ရွံ့နေသော ကျင်းချုံးရွှယ်သည် စုရှင်း၏ ပွေ့ဖက်ခြင်းမှ ရုန်းထွက်ကာ စကား လမ်းကြောင်းကို အလျင်အမြန် ပြောင်းလိုက်သည်။
“အဟမ်း၊ လင်ယွင် ကုန်သွယ်ရေးအသင်းရဲ့ ကျန်မြို့တွေက သိုလှောင်ထားတာတွေကိုလည်း တဖြည်းဖြည်း ပြောင်းရွှေ့ဖို့ စတင်နေပြီ၊ ဒါပေမဲ့ ပမာဏက အလွန်များတာကြောင့် စာရင်းကိုင်ဖို့ မလွယ်ဘူး။ နောက်အပတ်မှာ ပိုကြီးတဲ့ ကုန်ပစ္စည်းအသုတ် ရောက်လာမယ်လို့ မျှော်လင့်ရတာဘဲ…”
ကျင်းချုံးရွှယ်သည် ပြောပြောဆိုဆိုနှင့် သိုလှောင်လက်စွပ် တစ်ခုကို ပေးအပ်ကာ ထပ်ပြောလိုက်သည်။
“ဒါက နောက်ဆုံးရောက်တဲ့ ကုန်ပစ္စည်းအသုတ်ပဲ၊ အရည်အသွေးနိမ့် အသုံးအဆောင် ပစ္စည်း ခြောက်သိန်းလောက်ရှိတယ်။ ကျန်တာအတွက်က နောက်တစ်ပတ်လောက် စောင့်ရလိမ့်မယ်…”
ဤစကားကို ကြားပြီးနောက် စုရှင်းသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါ နားလည်ပါတယ်၊ ဘာပဲဖြစ်ဖြစ် တစ်လုပ်တည်းနဲ့ ဝလာလို့မှ မရတာ။ ကုန်သွယ်ရေး အသင်းရဲ့ တကယ့် ရည်ရွယ်ချက်ကိုက ရေရှည်တည်တံ့ပြီး အဆက်မပြတ် ဝင်ငွေရရှိဖို့ပဲလေ…”
အံ့အားသင့်သွားသော ကျင်းချုံးရွှယ်သည် စုရှင်းကို တစ်ချက်ကြည့်ကာ စနောက်လိုက်သည်။
“သူဌေးစုက မဆိုးဘူးဘဲ၊ အခု စီးပွားရေးသမား တစ်ယောက်လို စဉ်းစားတတ်လာပြီလား?”
ထိုစကားကို ကြားပြီးနောက် စုရှင်းသည် ရယ်မောကာ ပြန်ပြောလိုက်သည်။
“ဟုတ်တာပေါ့ဗျာ ဘယ်သူ့ဆီက သင်ယူခဲ့တယ်လို့ ထင်လဲ?”
“ဒီမှာ၊ ဒါက ဒီတစ်ပတ်အတွက် ဆေးလုံး ငါးထောင်…”
စုရှင်းသည် ဆေးလုံးများကို ကျင်းချုံးရွှယ်ထံ ပေးလိုက်သည်။
ဆေးလုံးများကို လက်ခံရရှိပြီးနောက် ကျင်းချုံးရွှယ်သည် နှင်ထုတ်သည့် စကား ဆိုတော့သည်။
“အဟမ်း၊ အခု စီးပွားရေးကိစ္စ ပြီးသွားပြီ ဆိုတော့... ကျောင်းပြန်ဖို့ အချိန်တန်ပြီ မဟုတ်လား?”
စုရှင်းသည် ခဏတာ ကြောင်အသွားပြီး အံ့သြစွာဖြင့် “မင်း ငါ့ကို ထမင်းမကျွေးဘူးလား?” ဟု မေးလိုက်သည်။
ကျင်းချုံးရွှယ်၏ လှပသော မျက်နှာလေးသည် ရှက်သွေးဖြာကာ “ရှင့်ကို ကျွန်မ ဆက်မထားရဲပါဘူး၊ ရှင်က အစားအသောက်ကို စားချင်တာလား ဒါမှမဟုတ်... တခြားဟာကို စားချင်တာလား ဆိုတာ ဘယ်သူသိနိုင်မှာလဲ” ဟု ပြောလိုက်သည်။
စုရှင်းလည်း မတတ်နိုင်သည့် အဆုံး ကျောင်းကို ပြန်ခဲ့ရတော့သည်။
တစ်ယောက်တည်း ရှိနေသည့် အခွင့်အရေးကို အရယူပြီး စုရှင်းသည် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေထဲကို ဝင်သွားခဲ့သည်။ အရည်အသွေးနိမ့် အသုံးအဆောင်ပစ္စည်း ခြောက်သိန်းက သူ့ကို စွမ်းအင်အမှတ် သုံးသန်း သုံးသိန်းအား အပြည့်အဝ ရရှိစေခဲ့သည်။
ထိုသို့ဖြင့် စုရှင်း၏ စွမ်းအင်အမှတ်များသည် နောက်တစ်ကြိမ် မြင့်တက်လာပြီး ၉.၂သန်းသို့ ရောက်ရှိသွားခဲ့သည်!
“အမှတ် ဆယ်သန်းသာရှိခဲ့ရင် ခရမ်းရောင် စွမ်းရည်ကို ဖွင့်နိုင်မှာ စိတ်မကောင်းစရာပဲ…”
စုရှင်းသည် သက်ပြင်းချလိုက်သည်။ သို့သော် ခုချက်ချင်း မြှင့်တင်ရန် လိုအပ်သည်မှာ သူ၏ အဂ္ဂိရတ်ပညာနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှု ကျင့်ကြံရေး အဆင့် ဖြစ်ကြောင်း ပြန်စဉ်းစားမိသွားသည်။ ခရမ်းရောင် စွမ်းရည် ရယူခြင်းသည် အရေးမကြီးပါ။ နောက်တစ်ပတ် စောင့်ရမည်ဆိုလျှင်လည်း စောင့်နိုင်သည်။
၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့ နေ့လယ်တွင် စုရှင်းသည် သရုပ်ပြခြင်းကို ချက်ချင်း စတင်ခဲ့သည်။
“သရုပ်ပြခြင်း စတင်ပါ!”
[ဒင်! ဤ သရုပ်ပြခြင်းသည် စွမ်းအင်အမှတ် ၂၇၀၀ ကုန်ကျပါမည်။ သင့်တွင် စွမ်းအင်အမှတ် ၉,၂၀၀,၈၈၈နှင့် အကန့်အသတ်မဲ့ သရုပ်ပြခြင်း အခွင့်အရေးများ ကျန်ရှိပါသည်။]
[သရုပ်ပြခြင်း စတင်ပါပြီ!]
[အဖြူရောင် စွမ်းရည် တစ်ခု ထုတ်ယူခြင်း အတွက် စွမ်းအင်အမှတ် ၁၀၀၊ အစိမ်းရောင် စွမ်းရည်တစ်ခု ထုတ်ယူခြင်း အတွက် စွမ်းအင်အမှတ် ၁,၀၀၀၊ အပြာရောင် စွမ်းရည်တစ်ခု ထုတ်ယူခြင်း အတွက် စွမ်းအင်အမှတ် ၁၀,၀၀၀ ကုန်ကျပါမည်။ ထုတ်ယူလိုပါသလား?]
“အပြာရောင်အဆင့် စွမ်းရည် တစ်ခုကို ထုတ်ယူပါ!”
[ဒင်၊ “ကံဆိုးသူ ငါတစ်ယောက်တည်း မဖြစ်နိုင်ဘူး!” ဟူသည့် အပြာရောင် စွမ်းရည်ကို ရရှိသွားသည့် အတွက် ဂုဏ်ပြုပါသည်!]
[ကံဆိုးသူ ငါတစ်ယောက်တည်း မဖြစ်နိုင်ဘူး]: သင်သည် ကံမကောင်းတဲ့ ကြယ်အောက်တွင် မွေးဖွားလာခဲ့သည်။ အိမ်ကထွက်တိုင်း ခွေးချေးနင်းမိမှာ သေချာသလို ရေသောက်ရင်တောင် သွားကြားထဲ အစာညပ်တတ်သည်။ သင်၏ ကံမကောင်းမှုက သင့်ကိုသာ ထိခိုက်စေခြင်း မဟုတ်ဘဲ သင့်ပတ်ဝန်းကျင်က လူတွေကိုလည်း တဖြည်းဖြည်းချင်း ထိခိုက်စေသည်။
ဤစွမ်းရည်ကို မြင်ပြီးနောက် စုရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အလွန်အမင်း ကံမကောင်းတာက တကယ်ပဲ စွမ်းရည် တစ်မျိုးလား?”
“ထားလိုက်တော့၊ သရုပ်ပြခြင်း လုပ်ပြီး ဘယ်လိုဖြစ်လာမလဲ ကြည့်ရအောင်!”
[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် သင်သည် သရုပ်ပြခြင်း တစ်ခု၌ ရှိနေကြောင်း သတိပြုမိသည်။]
[သင်သည် ယခုအပတ်တွင် မျက်နှာ အာဟာရပြုဆေးနှင့် အနာကျက်ဆေး အသုတ်အသစ်များ စတင် ချက်လုပ်နေသည်။ သို့သော် အံ့ဩစရာ ကောင်းသည်မှာ မျက်စိမှိတ်လျက်ပင် ဆေးများကို ချက်လုပ်နိုင်သော သင်သည် အဂ္ဂိရတ် လုပ်ငန်းစဉ်အတွင်း ပေါက်ကွဲမှုကို ဖြစ်စေခဲ့သည်။ လူ ထိခိုက်မှု မရှိသော်လည်း ပေါက်ကွဲမှုသည် အဂ္ဂိရတ်အပေါ် ထားသည့် သင့်စိတ်ကို အပျက်သဘောဆောင်စွာ သက်ရောက်စေခဲ့သည်။]
[ဒါကြောင့် သင်သည် အဂ္ဂိရတ်ပညာကို ခဏရပ်ပြီး ဝိညာဉ်အပင်တွေကိုသာ ဂရုစိုက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဝိညာဉ် စုစည်းပန်းများကို သင့်လက်နှင့် ရေလောင်းလိုက်သည့်အခါ တစ်ဇွန်းရဲ့ တစ်ဝက်လောက် ရေပိုလောင်းမိလျှင်ပင် တစ်ပွင့်သည် ချက်ချင်း ပွင့်ထွက်သွားသည်။]
[သင်သည် စိတ်မကောင်းဖြစ်ပြီး ဝိဉာဉ်ဆန်ကိုဘဲ ချက်စားတော့သည်။ သို့သော်လည်း မမျှော်လင့်ဘဲ ထမင်း တစ်နပ်တည်းဖြင့် အကြိမ်နှစ်ဆယ်လောက် ထမင်းနင်ခဲ့သည်။ သန္ဓေတည် ဝိဉာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး ထမင်းနင်ကာ သေလုမျောပါ ဖြစ်သွားသည်။]
[ကံကောင်းထောက်မစွာဖြင့် အနားမှာ ရေ ရှိနေလို့ တော်သေးသည်။ မဟုတ်ရင် သမိုင်းမှာ ထမင်းနင်ပြီး သေဆုံးသွားသည့် ပထမဆုံး သန္ဓေတည် ဝိဉာဉ်အဆင့် ကျင့်ကြံသူ ဖြစ်သွားနိုင်သည်။]
စုရှင်းသည် ထိုစာကြောင်းကို မြင်သည့်အခါ နဖူးတွင် အစင်းကြောင်းများ ပေါ်လာသည်။
“ကျွတ်! ဒီစွမ်းရည်က တကယ်ပဲ ကံဆိုးလိုက်တာ... တကယ်တမ်း ပြောရရင် ကြယ်တွေက လာတဲ့ အတိတ်န နမိတ်ဆိုးများလား?”
“ငါ့မှာ ကံကောင်းခြင်းရဲ့ အပြုသဘောဆောင်တဲ့ စွမ်းရည်လည်း ရှိနေတာပဲ! မဟုတ်ရင် လမ်းလျှောက်ရုံနဲ့တောင် အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်…”
စုရှင်းသည် ချက်ချင်းပင် သွားကိုက်လာသည်ဟု ခံစားလိုက်ရသည်။ ဤ သရုပ်ပြခြင်း၏ အနာဂတ် အတွက် စိုးရိမ်သော်လည်း သူသည် ဆက်လက် လုပ်ဆောင်ခဲ့သည်။
[ကံဆိုးသော ရက်များက သင့်ကို သတိထားစေပြီး သင်သည် သင်လုပ်သမျှတိုင်းကို သတိဝီရိယ ရှိလာသည်။]
[ပို၍ စိတ်ပျက်စရာ ကောင်းသည်မှာ နောက်ခြောက်လအတွင်း ကံမကောင်းသောကြောင့် သင်၏ ရှေးဖြစ်ဟော ကုန်သွယ်ရေး အသင်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် နှေးကွေးသွားပြီး၊ ဒေဝါလီ ခံရလုနီးပါး ဖြစ်သွားသည်။ ကျင်းချုံးရွှယ်သည် ကုန်သွယ်ရေး အသင်းကို ဆက်လက် ရပ်တည်နိုင်ရန် အလွန်အမင်း ကြိုးစားအားထုတ်ခဲ့သည်။]
[ကံမကောင်းစွာဖြင့် ကျင်းချုံးရွှယ်သည်လည်း သင့်နှင့် အလွန် နီးကပ်နေသောကြောင့် ကံဆိုးလာခဲ့သည်။]
[ရွေးချယ်စရာ မရှိသောကြောင့် သင့်ပတ်ဝန်းကျင်ရှိသူများ သင့်ကံဆိုးမှုကို မခံစားရစေရန် သင်သည် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် တစ်ယောက်တည်း အများဆုံးနေထိုင်ပြီး ကျင့်ကြံခြင်းနှင့် အဂ္ဂိရတ် ပညာကို လေ့ကျင့်ခဲ့သည်။]
[တစ်နေ့တွင် သင် အမြဲတမ်း တောင့်တခဲ့သော ဝမ့်ချင်းရွှမ်သည် နောက်ဆုံးတွင် သင့်ကို ရှာတွေ့ခဲ့သည်။ သင်သည် အလွန်ဝမ်းသာခဲ့ပြီး သင်၏ ကံဆိုးမှုများကို ဆင်းသက်ဂိုဏ်းသို့ ယူဆောင်သွားရန် မျှော်လင့်ခဲ့သည်။]
[တစ်ညအပြီးတွင် ဝမ့်ချင်းရွှမ်သည် သင့်ကို ဆင်းသက်ဂိုဏ်းမှ အကြီးအကဲတစ်ဦးနှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားခဲ့သည်။]
[သင် မမျှော်လင့်ထားသည်မှာ ထိုအကြီးအကဲသည် သင့်ကို မြင်မြင်ချင်း နှစ်သက်ပုံ မရပေ။ သင့်အား ဆင်းသက်ဂိုဏ်းသို့ ဝင်ခွင့်ပြုသင့် မပြုသင့်ကို စဉ်းစားနေပုံ ရသည်။]
စုရှင်းသည် ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါ ရှက်ရွံ့စွာဖြင့် မျက်နှာများ ရဲလာပြီး ညည်းညူလိုက်သည်။
“ကျွတ်! ကံမကောင်းလို့ကတော့ ရေသောက်ရင်းတောင် သွားကြားထဲ ညပ်တတ်တယ်တဲ့... သူတို့ ငါ့ကို ဆင်းသက်ဂိုဏ်းထဲ ဝင်ခွင့်မပြုဘူးလား?”
[ရွေးချယ်စရာ မရှိသောကြောင့် သင်သည် သင်၏ အဂ္ဂိရတ်ပညာ အနည်းငယ်ကို ပြသခဲ့ရပြီး၊ အခြားသူများ၏ အင်အားကို မြှင့်တင်နိုင်သည့် ဆေးများကို ချက်လုပ်နိုင်ကြောင်း သက်သေပြခဲ့ရသည်။ ဤကျွမ်းကျင်မှုကို ဆင်းသက်ဂိုဏ်းသို့ ဝင်ခွင့်ရရန် အပေးအယူပြုရာတွင် အသုံးပြုနိုင်ရန် သင် မျှော်လင့်ခဲ့သည်။]
[နောက်ဆုံးတွင် အကြီးအကဲသည် သင့်အား ဆင်းသက်ဂိုဏ်းသို့ ဝင်ခွင့်ပြုရန် သဘောတူခဲ့သည်။ အဂ္ဂိရတ် ပညာသည် ဂိုဏ်းအတွက် အလွန် အသုံးဝင်ကြောင်း သူသိသောကြောင့် သင့်အား လက်ခံရန် သူ့တွင် တာဝန် ရှိသည်ဟု ခံစားခဲ့ရသည်။]
[သင်သည် သင်၏ အဂ္ဂိရတ် ပညာကို ထုတ်ဖော် ပြသခဲ့သောကြောင့် ဆင်းသက်ဂိုဏ်းမှ နာမည်ဆိုးရှိသော ကျုံး၏ အာရုံကို မကြာမီမှာပင် ဖမ်းစားနိုင်ခဲ့သည်။ သူသည် သင့်အား သူ၏ အဖွဲ့ဝင်အဖြစ် ပါဝင်စေလိုခဲ့သည်။]
[သဘာဝအားဖြင့် သင်သည် ကျုံး လုပ်ဆောင်နေသော အကွက်ကို သိရှိခဲ့သည်။ သူ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းသည် သေလမ်းသို့သာ ဦးတည်သွားမည် ဖြစ်သောကြောင့် သင်သည် အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် ပါဝင်ရန် ကတိကဝတ် ပြုခြင်းကို နှောင့်နှေးစေခဲ့သည်။]
[သို့သော် သင်သည် ဆင်းသက်ဂိုဏ်း၏ လူသစ် တစ်ဦးသာဖြစ်ပြီး၊ ကျုံးသည် အင်အားကြီးမားသော စောင့်ရှောက်သူ ဖြစ်သောကြောင့် သင်သည် လုံးဝ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။]
[သင်သည် ဆင်းသက်ဂိုဏ်းကို သစ္စာဖောက်ခြင်းမှလွဲ၍ ရွေးချယ်စရာမရှိဟု ထင်နေချိန်တွင် လောရွှေရင်သည် သင့်အား သူမ၏ အုပ်ထိန်းမှုအောက်သို့ ခေါ်ယူရန်၊ သူမ၏ အဖွဲ့ဝင်အဖြစ် ပါဝင်ရန် အကြံပြုခဲ့သည်။]
[သင်သည် အလွန်ဝမ်းသာသွားပြီး လောရွှေရင်၏ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။]
[နောက်တစ်နေ့တွင် သင်သည် လောရွှေရင်အား သဘောတူထားသော လျှို့ဝှက်စကားစုကို ပြောကြားခဲ့သော်လည်း သင်၏ ကံဆိုးမှုကြောင့် သူမကပင် သံသယဝင်ခဲ့သည်။ လောရွှေရင်က သင့်အား ယုံကြည်ရန် အတွက် သင်သည် အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ရသည်။]
[သင်၏ ကံသည် အတော်ဆိုးကြောင်း သင်သည် လောရွှေရင်အား အသိပေးခဲ့ပြီး လိုအပ်သော ဆက်ဆံရေးများမှလွဲ၍ သူမနှင့် ထိတွေ့မှုကို အနည်းဆုံးဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။]
[လောရွှေရင်သည် သင်လိုအပ်သော ဆေးပင်များ အားလုံးကို စုဆောင်းပေးခဲ့ပြီး သင်သည်လည်း ဆေးများကို စတင် ချက်လုပ်ခဲ့သည်။]
[နောက်တစ်နှစ်တွင် သင်သည် ဆင်းသက်ဂိုဏ်းအား ဆေးများစွာ ပံ့ပိုးပေးခဲ့ပြီး၊ အဆင့်မြင့် အရာရှိများ၏ ချီးကျူးမှုကို ခံယူခဲ့ကာ၊ အကြီးအကဲ အဆင့်သို့ အောင်မြင်စွာ တိုးမြှင့်ခံခဲ့ရသည်။]
[သို့သော် သင့်အား နားမလည်နိုင်သော အချက်မှာ သင်၏ ဆေးများကို သောက်သုံးသော ဂိုဏ်းဝင် အများစုသည် အမျိုးမျိုးသော တာဝန်များတွင် ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းပင် ဖြစ်သည်။]
[လွန်ခဲ့သော တစ်နှစ်က သင် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ပြီး ကတည်းက ဂိုဏ်း၏ အင်အားသည် တိုးတက်မလာဘဲ သိသိသာသာ လျော့ကျသွားခဲ့သည်။]
[ကံကောင်းစွာဖြင့် မည်သူမျှ သင့်ကို မဆက်စပ်မိခဲ့ပါ။ သင်သည် သင်၏ ကျင့်ကြံမှုအတွက် နေ့စဉ် မူလ မသေမျိုး ဆေးများကို ဆက်လက် သောက်သုံးပြီး အဂ္ဂိရတ် ပညာကို လေ့လာခဲ့သည်။]
[အကြီးအကဲ ရာထူးကို ရထားသဖြင့် သင်သည် ဂိုဏ်းအတွင်း လွတ်လပ်ခွင့် အချို့ကို ခံစားခဲ့ရသည်။ သင်၏ အဂ္ဂိရတ် ပညာနှင့် ကျင့်ကြံမှုမှ အားလပ်ချိန်များတွင် လောထျန်း အစည်းအဝေး နယ်မြေကို စူးစမ်းလေ့လာရန် သင် ဆုံးဖြတ်ခဲ့သည်။]
စုရှင်းသည် ဤအရာကို အနည်းငယ် မျှော်လင့်လျက် ဖတ်ရှုခဲ့သည်။ နောက်ဆုံးတော့ နက်နဲ ဆန်းကြယ်သော လောထျန်း အစည်းအဝေး နယ်မြေထဲသို့ သူ ဝင်ရောက် ရတော့မည်လား?
သို့သော် စုရှင်းသည် ချက်ချင်းပင် အနည်းငယ် စိုးရိမ်လာခဲ့သည်။
“ကျွတ်! ဒီတစ်ခါ သရုပ်ပြခြင်းက ကံဆိုးလိုက်တာ၊ လောထျန်း အစည်းအဝေး နယ်မြေထဲမှာ ငါ အောင်မြင်နိုင်ပါ့မလား?”
စုရှင်းက လောထျန်း အစည်းအဝေး နယ်မြေသည် လူတစ်ဦး၏ အသက်အန္တရာယ် အတွက် အမှန်တကယ် ခြိမ်းခြောက်မှု မရှိကြောင်း၊ ပြဿနာများ မရှိသင့်ကြောင်း သူ့ကိုယ်သူ အားပေးခဲ့သည်။
သုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
[တောင်တန်းများနှင့် မြစ်များကို ဖြတ်သန်းပြီး သင်သည် လောထျန်း အစည်းအဝေး နယ်မြေ တည်ရှိရာ ကျိုတိုမြို့သို့ ရောက်ရှိခဲ့သည်။]
[သင်သည် နယ်မြေထဲသို့ ဝင်ရန် ပြင်ဆင်နေစဉ်မှာပင် အုပ်ချုပ်သူသည် လောထျန်း အစည်းအဝေး နယ်မြေသို့ တစ်ကြိမ်လျှင် လူတစ်ဦးသာ ဝင်ရောက်နိုင်ပြီး ကြိုတင် စာရင်းပေးရန် လိုအပ်ကြောင်း၊ တစ်လအထိ စာရင်း ပြည့်နေပြီ ဖြစ်ကြောင်း သင့်အား အသိပေးခဲ့သည်။]
[ရွေးချယ်စရာ မရှိသောကြောင့် သင်သည် ရက်ချိန်း တစ်ခုကိုသာ ပြုလုပ်နိုင်ခဲ့သည်။ တစ်လ အကြာတွင် သင်သည် လောထျန်း အစည်းအဝေး နယ်မြေသို့ ပြန်ရောက်လာခဲ့သည်။]
[ဤတစ်ကြိမ်တွင် သင်သည် နယ်မြေထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။]
[နောက်တစ်နေ့တွင် သင်သည် မှတ်ဉာဏ် မှုန်ဝါးဝါးမှလွဲ၍ ဘာမျှမရရှိဘဲ လောထျန်း အစည်းအဝေး နယ်မြေမှ ထွက်လာခဲ့ရသည်။ သင်သည် အခြား ဘာမျှ မရရှိခဲ့ပါ။]
စုရှင်းသည် ဤအရာကို ဖတ်ရှုပြီးနောက် အံ့အားသင့်သွားပြီး သူ၏ နဖူးတွင် သွေးကြောများပင် ထောင်လာသညိ။ “ကျွတ်! 'မှတ်ဉာဏ်မှလွဲ၍ ဘာမျှ’ ဆိုတာ ဘာကို ဆိုလိုတာလဲ? လောထျန်း အစည်းအဝေး နယ်မြေထဲမှာ ငါ တကယ် ဘာတွေ မြင်ခဲ့တာလဲ? ဘာလို့ အရေးကြီးဆုံး အပိုင်းကို ကျော်သွားရတာလဲ?”
စုရှင်းသည် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ဤနယ်မြေကို နက်နက်ရှိုင်းရှိုင်း နားလည်ရန် အတွက် နယ်မြေအတွင်း၌ တကယ်တမ်း ဘာဖြစ်ခဲ့သလဲ ဆိုတာကို ရှာဖွေရန် အတွက် နစ်မြှုပ်သရုပ်ပြခြင်းကို အသုံးပြုရလိမ့်မည်ဟု သူ ထင်သည်။
စုရှင်းသည် ဆက်လက် ဖတ်ရှုခဲ့သည်။
[နယ်မြေမှ ထွက်လာပြီးနောက် နောက်ထပ် သရုပ်ပြခြင်း တစ်ခုကို စီစဉ်လိုသောအခါ တစ်ဦးကို တစ်နှစ်လျှင် တစ်ကြိမ်သာ ဤနယ်မြေသို့ ဝင်ရောက်နိုင်ကြောင်း သင့်အား အသိပေးခဲ့သည်။ ရွေးချယ်စရာ မရှိသောကြောင့် သင်သည် နောက်နှစ်မှ ဝင်ရောက်ရန်သာ စီစဉ်နိုင်ခဲ့သည်။]
[သင်သည် လောထျန်း အစည်းအဝေး နယ်မြေသို့ နောက်တစ်ကြိမ် ဝင်ရောက်ရန် အတွက် နောက်ထပ် ခြောက်လ ကျန်သေးသောကြောင့် ဆင်းသက်ဂိုဏ်းသို့ ဦးစွာ ပြန်လည် ခရီးထွက်ရန် ဆုံးဖြတ်ခဲ့သည်။]
[မမျှော်လင့်ဘဲ သင်၏ ပြန်လမ်းတွင် သင်သည် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။]
[သင့်အား မျက်စိကျနေသူသည် ရှားနိုင်ငံ၏ အထက်တန်း အရာရှိများ ဖြစ်သည်။ ၎င်းတို့က သင်သည် လူသားမျိုးနွယ်ကို သစ္စာဖောက်သော အဖွဲ့အစည်းဖြစ်သည့် ဆင်းသက်ဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်ကြောင်း သိရှိထားသည်။ သင့်အား မသေမျိုး ဧကရာဇ်အဆင့် အင်အားကြီးသူတစ်ဦးမှ ကိုယ်တိုင် ဖမ်းဆီးခဲ့ပြီး သင်သည် စစ်တပ်၏ ထိန်းသိမ်းမှုအောက်သို့ ရောက်ရှိခဲ့သည်။]
[မျိုးစုံသော ညှဉ်းပန်းနှိပ်စက်မှုများနှင့် စစ်ဆေးမေးမြန်းမှုများဖြင့် ရင်ဆိုင်ရသောအခါ သင်လုပ်နိုင်သည်မှာ လူသားမျိုးနွယ် အထောက်အကူ ဖြစ်စေရန်အတွက် အတွင်းမှ အရင်းအမြစ်များ ရရှိရန် လျှို့ဝှက်အေးဂျင့်အဖြစ် ဆင်းသက်ဂိုဏ်းသို့ သင် ဝင်ရောက်ခဲ့ကြောင်း ဝန်ခံရန်သာ ဖြစ်သည်။]
[ရှားနိုင်ငံ၏ အထက်တန်း အရာရှိများသည် ဤအရာကို မယုံကြည်ဘဲ သက်သေ အထောက်အထားများ တောင်းဆိုကာ သင်၏ အဆက်အသွယ်သည် မည်သူဖြစ်ကြောင်း မေးမြန်းခဲ့သည်။]
[သဘာဝအားဖြင့် သင့်တွင် မည်သည့် အဆက်အသွယ်မျှ မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် နောက်နှစ် အနည်းငယ် အကြာတွင် ဂိုဏ်းကို သစ္စာဖောက်မည် ဖြစ်သော်လည်း ထိုအချိန်၌ ဆင်းသက်ဂိုဏ်း၏ စစ်မှန်သော ဂိုဏ်းသားတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။]
[သင် အပြစ်မဲ့ကြောင်း သက်သေ ပြရန်အတွက် လုယွမ်ဝူနှင့် သီးသန့်တွေ့ဆုံရန်သာ တောင်းဆိုနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လုယွမ်ဝူသည် လူသားမျိုးနွယ်ကို သစ္စာမဖောက်နိုင်ကြောင်း သင်သိသောကြောင့် ဖြစ်သည်။]
[သင်သည် လုယွမ်ဝူနှင့် အောင်မြင်စွာ တွေ့ဆုံခဲ့ပြီး တစ်နှစ်အတွင်း သင်စုဆောင်းထားသော ဆေးလုံး ထောင်ပေါင်းများစွာကို ပေးအပ်ခဲ့သည်။ ဆေးလုံးများ၏ ထိရောက်မှုကို အတည်ပြုပြီးနောက် လုယွမ်ဝူသည် အံ့သြဝမ်းသာ ဖြစ်ခဲ့သည်။ သူသည် သင့်အား မဟာရှားနိုင်ငံ စစ်တပ်သို့ ဝင်ရောက်ရန် အဆိုပြုပြီး သင့်ကို အကာအကွယ် ပေးမည်ဟုလည်း ကတိပြုခဲ့သည်။]
[သင်သည် လုယွမ်ဝူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ ရည်မှန်းချက်ကို မအောင်မြင်သေးကြောင်း သင်သိသောကြောင့် ဖြစ်သည်။ ကျုံး မသေဆုံးသေးသည့် အပြင် ဆင်းသက်ဂိုဏ်း၏ ကျန်ရှိသော တန်ဖိုးကိုလည်း သင် အပြည့်အဝ မထုတ်ယူရသေးပါ။]
[အရေးအကြီးဆုံးမှာ ရှား စစ်တပ်သို့ ဝင်ရောက်ခြင်းသည် ၎င်းတို့အပေါ် ကံဆိုးမှုများ သက်ရောက်စေမည်ကို သင် စိုးရိမ်ခဲ့သည်။]
[ထို့ကြောင့် သင်သည် ရှားစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုခဲ့ပြီး သုံးလတစ်ကြိမ် ဆေးလုံးတစ်သုတ် ပံ့ပိုးပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော် ဤဆေးလုံးများကို သင်က ဆင်းသက်ဂိုဏ်းအား သစ္စာဖောက်နေသည်ကို မသိနိုင်စေရန် အတွက် ငါးနှစ်အကြာမှသာ သောက်သုံးရမည် ဖြစ်သည်။]
[တစ်ချိန်တည်းမှာပင် သင်သည် သင်၏ ကိုယ်ပိုင် တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်- သုံးလတစ်ကြိမ် ရှားစစ်တပ်သည် သင့်အား ကောင်းကင်ဘုံ ဘုရင်အဆင့် နတ်ဆိုးသားရဲ၏ အသားစွမ်းအင် သုံးရာကျော်ကို ပြန်လည် ပေးအပ်ရမည် ဖြစ်သည်။]
[နတ်ဆိုးသားရဲများ၏ အသားစွမ်းအင်သည် အဖိုးတန်သော်လည်း သင်ပေးနိုင်သော ဆေးလုံးများနှင့် နှိုင်းယှဉ်လျှင် တန်ဖိုး အနည်းငယ်သာ ရှိသောကြောင့် လုယွမ်ဝူသည် သင့်တောင်းဆိုချက်ကို များစွာ မစဉ်းစားဘဲ သဘောတူခဲ့သည်။]
[သင်သည် ဆင်းသက်ဂိုဏ်းသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိခဲ့ပြီး အရာအားလုံးသည် ပုံမှန်အတိုင်း ဖြစ်နေပုံရသည်။ သင်သည် နေ့စဉ် ဆေးလုံးများကို ဆက်လက် ချက်လုပ်ခဲ့သော်လည်း နတ်ဆိုးသားရဲ အသားစွမ်းအင်၏ အကူအညီဖြင့် သင်၏ ကျင့်ကြံရေး အဆင့်သည် ပို၍ပင် လျင်မြန်စွာ တိုးတက်ခဲ့သည်။]
[သုံးနှစ်မြောက်တွင် သင်သည် မင်္ဂလာရှိသော နေ့ရက်တစ်ခုကို ရွေးချယ်ကာ လောရွှေရင်၏ အစောင့်အရှောက်ဖြင့် ကျိုတိုမြို့သို့ နောက်တစ်ကြိမ် ရောက်ရှိခဲ့သည်။ ဤတစ်ကြိမ်တွင် လောထျန်း အစည်းအဝေး နယ်မြေကို နောက်တစ်ကြိမ် စူးစမ်းလေ့လာရန် ပြင်ဆင်ထားခဲ့သည်။]
[နယ်မြေ မန်နေဂျာနှင့် ဆက်သွယ်ပြီးနောက် သင်သည် လောထျန်း အစည်းအဝေး နယ်မြေသို့ ဝင်ရောက်တော့မည် ဖြစ်သည်။]
စုရှင်းသည် သူ့ဘာသာ အလျင်အမြန် ပြောလိုက်သည်-
“ငါ နစ်မြှုပ် သရုပ်ပြခြင်းကို လုပ်ချင်တယ်!”
[ဒင်! သင်သည် နစ်မြှုပ် သရုပ်ပြခြင်းကို အောင်မြင်စွာ စတင်ခဲ့ပြီး စွမ်းအင်အမှတ် ၁၀၀,၀၀၀ ကုန်ကျခဲ့သည်။ သရုပ်ပြခြင်း အချိန်: တစ်နာရီ။ လက်ကျန်စွမ်းအင်: ၉,၀၉၈,၈၈၈ အမှတ်!]
…