အခန်း (၁-၁၀)
Vol. 7 Ch. 1-10
Vol 7, အခန်း ၁ ။ငါတို့ရဲ့ ပန်းတိုင်က ကြယ်ပင်လယ်ပဲ၊ အခန်း ၁။ ယောက်ဖ
အာရာဖတ်မြို့မှာ ဖော့ခ်တိုင်းပြည်ရှိ သာမန်မြို့တစ်မြို့ဖြစ်သည်။ ၎င်းမှာ နိုင်ငံ၏ အရှေ့တောင်ပိုင်းပြည်နယ်၌ တည်ရှိပြီး မြေပုံပေါ်၌ မည်သို့ကြည့်ကြည့် အင်မတန် သာမန်ဆန်လှသည်။
ထိုမြို့၏ အနောက်တောင်ဘက် ကီလိုမီတာသုံးရာသို့ သွားလိုက်လျှင် ဖော့ခ်တိုင်းပြည်နှင့် နယ်နိမိတ်ထိစပ်နေသော ဒရိတ်ခ်နယ်မြေကိုရောက်နိုင်သည်။
မြောက်ဘက် ငါးရာကီလိုမီတာ သို့မဟုတ် အရှေ့မြောက်ဘက် ခြောက်ရာကီလိုမီတာသို့ သွားလျှင် နယ်မြေကြီး၏ အင်ပါယာနှစ်ခုအနက် တစ်ခုဖြစ်သည့် မာလိုအင်ပါယာကို ရောက်နိုင်၏။
အကယ်၍ လူတစ်ဦးသည် တောင်ဘက်သို့ တိုက်ရိုက်သွားပါက၊ ၎င်းတို့သည် လမ်ပူရီတိုင်းပြည်နှင့် ဖော့ခ်တိုင်းပြည်ကြားရှိ အန်းဇူချာ့ချ်နယ်မြေသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
ဤပထဝီဝင်တည်နေရာမျိုးကြောင့်၊ သဘာဝအားဖြင့် ၎င်းသည် အထူးအဆန်းမဟုတ်သလို ၎င်းနှင့်ပတ်သက်ပြီး အရေးကြီးသောအရာကို မမြင်ရပေ။
ထို့ကြောင့် အာရာဖတ်မြို့၏ သမိုင်းသည် ဖော့ခ်တိုင်းပြည်နိုင်ငံထက် နှစ်ဆပင်ရှိသော်လည်း ၎င်းသည် စိုင်စ်နယ်မြေကြီးတွင် နှစ်ပေါင်းထောင်ချီကြာအောင် မထင်မရှားဖြစ်ခဲ့ပြီး မြို့သူမြို့သားများသည် ငြိမ်းချမ်းသောဘဝဖြင့် နေထိုင်ခဲ့ကြသည်။
သို့သော် ဤငြိမ်းချမ်းသောဘဝသည် လွန်ခဲ့သောငါးနှစ်က ပြောင်းလဲသွားခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ဖော့ခ်တိုင်းပြည်တို့သည် လွန်ခဲ့သည့် ငါးနှစ်ခန့်က ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ဤငါးနှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းသည် မှော်စက်ကုမ္ပဏီများအား ဖော့ခ်တိုင်းပြည်တွင် ရင်းနှီးမြှုပ်နှံပြီး စက်ရုံအမျိုးမျိုးကို တည်ဆောက်ကာ မှော်စက်ဆိုင်ရာ ကုမ္ပဏီအများအပြားကို ဖော့ခ်နိုင်ငံအတွင်း ယူဆောင်လာခဲ့သည်။
အာရာဖတ်မြို့တွင် ပထဝီဝင် အားသာချက်များ မရှိသလို Frestech ကုန်သည်ကြီးများအသင်းသည် ဤနေရာကို နှစ်သက်ခြင်းမရှိခဲ့ပါသော်လည်း ဖေါ့ခ်တိုင်းပြည်သည် လမ်းများအတွက် ရင်းနှီးမြုပ်နှံပြီး နောက်ဆုံးတွင် အာရာဖတ်မြို့ကိုဖြတ်၍ လမ်းဖောက်လုပ်သောအခါ၊ လမ်ပူရီတိုင်းပြည်၏ မှော်စက်ကုမ္ပဏီတစ်ခုမှာ ဤမြို့ကို သတိပြုမိခဲ့သည်။ ထို့နောက် ၎င်းတို့သည် ဤမြို့၌ အိမ်သုံး မှော်စက် စက်ရုံတစ်ခု ရင်းနှီးမြှုပ်နှံခဲ့ကြသည်။
ထိုစက်ရုံ၌ ထုတ်ကုန်နှစ်ခုသာ ထုတ်လုပ်ခဲ့ပြီး တစ်မျိုးက မှော်ပန်ကာ ဖြစ်သလို နောက်တစ်ခုက မှော်မီးဖိုဖြစ်၏။ အိမ်သုံး မှော်စက်များ အသုံးပြုသောအခါတွင် ၎င်းတို့သည် အနိမ့်ဆုံးထုတ်ကုန်ဟု ယူဆနိုင်သော်လည်း ၎င်းသည် အာရာဖတ်မြို့နှင့် ပတ်ဝန်းကျင်ဧရိယာ၏ လိုအပ်ချက်များနှင့် ကိုက်ညီပါသည်။
ထို့ကြောင့် ဒီနှစ်တွင် ထိုစက်ရုံ၏ ၀င်ငွေက တော်တော်ကောင်းလာ၏။
ထို့အပြင် ဤစက်ရုံသည် ကြီးကြီးမားမားမဟုတ်သော်လည်း၊ အာရာဖတ်မြို့တွင် အလုပ်သမားပြဿနာကို ဖြေရှင်းပေးကာ အာရာဖတ်မြို့မှ အလုပ်သမား သုံးရာကို ခေါ်ယူနေဆဲဖြစ်သည်။ ထို့ကြောင့် အာရာဖတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ လူများက ကြိုဆိုခဲ့ကြသည်။
၎င်းတို့အချင်းချင်း စကားပြောကြသည့်အခါ မြို့ကလူတွေမှာ လမ်ပူရီတိုင်းပြည်၏ Santis ကုန်သည်ကြီးများအသင်းကို အင်မတန်ကျေးဇူးတင်ကြသည်။
ထိုကုမ္ပဏီက ဤစက်ရုံကို အာရာဖတ်မြို့မှာ ဆောက်ဖို့ ရွေးချယ်ခြင်းကြောင့်သာ မဟုတ်ပါက၊ အာရာဖတ်မြို့က လူတွေဟာ ယခင်ကလို ဆင်းရဲနွမ်းပါးသည့် ဘဝကိုသာ နေထိုင်နိုင်ကြပြီး အပြောင်းအလဲအတွက် မျှော်လင့်ချက် တွေ့ရတော့မည်မဟုတ်ပေ။
ခွန်ပနီသည် ထိုလူများထဲမှ တစ်ဦးဖြစ်သည်။
သူသည် အာရာဖတ်မြို့၏ သာမာန်နိုင်ငံသားတစ်ဦးဖြစ်ပြီး အချို့နေရာများတွင် အလုပ်ကြမ်းကို မှီခိုအားထားကာ မျိုးရိုးမြင့်များ၏ ကျေးကျွန်အဖြစ်လည်း အသက်မွေးဝမ်းကြောင်းပြုသည်။
သူသည် တစ်နှစ်ထက်တစ်နှစ် ငတ်မသေသော်လည်း အခြေခံအကျဆုံးလူနေမှုပုံစံကိုသာ ထိန်းသိမ်းနိုင်ခဲ့ပြီး သူ၏လူနေမှုအဆင့်အတန်းကို လုံးဝမမြှင့်တင်နိုင်ခဲ့ပေ။
သို့ပေမယ့် ထိုစက်ရုံကို ဆောက်ပြီးသည့် နောက်တွင် ခွန်ပနီက လူသစ်စုဆောင်းမှုကို တုံ့ပြန်ခဲ့ပြီး ယခုဆို လျှင် တစ်လကို အနည်းဆုံး ရွှေဒင်္ဂါးဆယ်ပြားလောက် ရပါ၏။ ၎င်းက ကောင်းလှသည်ဟု ယူဆ၍မရနိုင်သော်လည်း လျစ်လျူရှုလို့မရသည့် အကျိုးကျေးဇူးအချို့လည်း ရှိပါ၏။ ၎င်းသည် သူနှင့် သူ့မိသားစု၏ ဘဝများကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။
ခွန်ပနီ၏မိသားစုသည် မျိုးရိုးမြင့်များနှင့် ကုန်သည်များကဲ့သို့ ဇိမ်ကျနေသည်မဟုတ်သော်လည်း အနည်းဆုံး ၎င်းတို့သည် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ဂရုမစိုက်ဘဲ ရံဖန်ရံခါ အသားများကိုပင် စားနိုင်လာကြသည်။
သူစုဆောင်းထားသည့် ငွေနှင့် ဝယ်ထားသည့် မှော်စက်ကိုပါ ထည့်ပေါင်းလိုက်သည့်အခါ သူ့လက်ရှိဘဝက အိပ်မက်ထဲမှာ အသက်ရှင်နေသလို ခံစားရ၏။
သူမျှော်လင့်ထားသည့်အရာမှာ ကုမ္ပဏီသည် ချောမွေ့စွာလည်ပတ်နိုင်ပြီး သူနှင့်သူ့မိသားစုကို ဤကဲ့သို့သောဘဝတွင် အမြဲတမ်းအဆင်ပြေစွာနေထိုင်နိုင်စေရန်ဖြစ်သည်။
ဒါကြောင့် ခွန်ပနီက စက်ရုံမှာ အလုပ်သွားလုပ်ပါ၏။
မန်နေဂျာ၏ ချီးမွမ်းခြင်းကို ခံရရုံသာမက သူ၏ အလုပ်ကို ပို၍ တည်ငြိမ်စေသည့် လစဉ် လုပ်ခလစာ ပေးသည့် အခါတိုင်း ရွှေဒင်္ဂါးနှစ်ပြားကိုလည်း ဘောနပ်စ်များ ရရှိခဲ့သည်။
ယနေ့ဟာ စက်ရုံက လုပ်အားခ ပေးရသည့်နေ့ဖြစ်ပြီး အစဉ်အလာအရ မနက်အဆိုင်း အလုပ်ဆင်း၍ နေ့လယ်စာစားပြီးနောက်တွင် အလုပ်သမားတွေကို လစာများနှင့် ကျန်ငွေကို ပေးဆောင်ရ၏။
နေ့လယ်စာစားပြီးနောက် အလုပ်သမားများအားလုံးသည် ၎င်းတို့၏လုပ်အားခကို စိတ်လှုပ်ရှားစွာ ရယူကြပြီး စားသောက်ဆိုင်သို့သွားရန်အတွက် အုပ်စုလိုက်စုရုံးတတ်ကြသည်။
သို့သော် ခွန်ပနီနှင့် နီးစပ်သော လုပ်ဖော်ကိုင်ဖက်များက ဖိတ်ကြားသောအခါတွင် သူသည် ၎င်းတို့၏ ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့သည်။
"ဒီနေ့ ငါ့အိမ်ကို ဧည့်သည်လာမှညဆိုတော့ ငါသွားကြိုရမှည" သူ့ဘေးပတ်လည်ရှိညစိတ်ပျက်နေသည့် အကြည့်တွေကို မြင်သော် ခွန်ပနီက ပြုံးပြပြီး သူ့လုပ်ခထဲက ရွှေဒင်္ဂါးပြားကို ထုတ်ကာ သူနှင့် အရင်းနှီးဆုံးလူကို ပေးလိုက်၏။ “ဒီနေ့ မလိုက်နိုင်ပေမယ့် စည်းကမ်းကတော့ အတူတူပါပဲ။ ငါ့ဘောနပ်စ်ကနေ ရွှေဒင်္ဂါးတစ်ပြားကို ထုတ်ပေးလိုက်မယ် ၊ အဲဒါကို ငါ ဒကာခံတယ်လို့ သတ်မှတ်နိုင်တယ်”
အားလုံးက ထိုရွှေဒင်္ဂါးပြားကို ကြည့်ကာ နှုတ်ခမ်းကို တွန့်၍ ဘာမှ မပြောဘဲ နေလိုက်ကြ၏။
ခွန်ပနီသည် ၎င်းတို့အား နှုတ်ဆက်ရန် လက်ကိုဝှေ့ယမ်း၍ ဆင်ခြေဖုံးရပ်ကွက်ရှိ စက်ရုံမှထွက်ခွာကာ မြို့တွင်းရှိ သူ့အိမ်သို့ အမြန်လမ်းလျှောက်ပြန်လာခဲ့သည်။
စက်ရုံကို ဆင်ခြေဖုံးရပ်ကွက်တွင် တည်ထောင်ထားသောကြောင့် မြို့နှင့် ငါးကီလိုမီတာ ကွာဝေးသည်။ လမ်းလျှောက်ရုံနှင့် သူပြန်လာဖို့ မိနစ်နှစ်ဆယ်ကြာပါ၏။
ပုံမှန်အားဖြင့် ခွန်ပနီသည် ဤအကွာအဝေးကို ဂရုမစိုက်ဘဲ အလုပ်ပြီးနောက် အိမ်သို့ပင် အေးအေးဆေးဆေး လမ်းလျှောက်လေ့ရှိသည်။
သို့သော် ယနေ့ ဧည့်သည်လာသဖြင့် နည်းနည်းတော့ တုန်လှုပ်နေသည်ရာ လမ်းတလျှောက် ပြေးပြီး အိမ်ကို အမြန်ဆုံး ပြန်လာခဲ့၏။
သူ့အိမ်ရှိရာ မြို့အစွန်းသို့ ရောက်သောအခါတွင် နေရောင်အောက်တွင် တောက်ပြောင်နေသော အနက်ရောင်မှော်ဆလွန်းတစ်စီးမှာ သူ့အိမ်ရှေ့ရှိ အလွန်မြင့်မားသော နေရာတွင် ရပ်နားထားသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားသည်။
သူ၏ သားအငယ်ဆုံး စိုင်ယာအပါအဝင် ကလေးတစ်စုသည် စူးစမ်းလိုစိတ်ဖြင့် မှော်ဆလွန်းကို လှည့်ပတ်ကြည့်ရှုနေကြသည်။
မှော်ဆလွန်းကို ထိဖို့ ညစ်ပတ်နေသည့် လက်လေးကို ဆန့်ထုတ်နေသည့် စိုင်ယာ ကိုမြင်လိုက်ရသော် ခွန်ပနီက ချက်ချင်း လှမ်းအော်လိုက်၏။
"မင်း ကောင်ငယ်လေး! မင်းလက်ကိုချလိုက်!" ခွန်ပနီက စိုင်ယာ ကို ကောက်ချီလိုက်ပြီး တင်ပါးကို ရိုက်လိုက်သည် "ဒါက ဘာလဲဆိုတာ မင်းမမြင်ဘူးလား။ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ"
စိုင်ယာက သူ့နှုတ်ခမ်းတွေကို စေ့လိုက်ရင်း ငိုချင်နေပုံရပေမယ့် မငိုရဲပေ။
အခြားကလေးများသည် ပြန့်ကျဲနေသော်လည်း မှော်ဆလွန်းနှင့် သိပ်မဝေးဘဲ စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။
အာရာဖတ်မြို့က လူတွေမှာ ယခင်က မှော်ဆလွန်းကို မမြင်ဖူးသည်တော့ မဟုတ်ပါချေ။ မြို့စား ဗစ်ကောင့်ထ် ရေဇာထံတွင် တစ်စီးရှိပြီး၊ ခွန်ပနီအလုပ်လုပ်သော Santis ကုန်သည်ကြီးများအသင်း၏ ဥက္ကဌထံ၌လည်း စစ်ဆေးရန် အခါအားလျော်စွာ ဤနေရာသို့ မောင်းနှင်လာခဲ့တတ်သည့် တစ်စီးရှိသည်။
သို့သော် ဗစ်ကောင့်ထ်ရေဇာ၏ မှော်ဆလွန်းကို ထုတ်မောင်းသည်က ရှားရှားပါးပါးဖြစ်ပြီး အပြင်မှာ ရပ်ထားရသည်ကပင် ရှားပါ၏။ Santis ကုန်သည်ကြီးများအသင်း၏ ဥက္ကဌသည် အာရာဖတ်မြို့သို့ လာခဲသည် ၊ ထို့ကြောင့် ဤလူများသည် မှော်ဆလွန်းကို မြင်ခွင့်ရခဲပါ၏။
ယခုအခါတွင် လူနေရပ်ကွက်ရှိ သာမန်မိသားစုအိမ်ရှေ့တွင် ရပ်ထားသည့် မှော်ဆလွန်းကားကြီးတစ်စီးရှိသဖြင့် မရေမတွက်နိုင်သော လူများ၏ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့သည်။
ကလေးတွေသာမက ခွန်ပနီကဲ့သို့ အရွယ်ရောက်ပြီးသည့် အိမ်နီးချင်းတော်တော်များများသည်ပင် ထိုမှော်ဆလွန်းကို အဝေးကနေ လှမ်းကြည့်နေကြပြီး တော်တော်များများက သဘောကျနေတဲ့ပုံပေါက်ပါ၏။
ခွန်ပနီသည် အနီးနားရှိ လူများကို ကြည့်လိုက်သည်။ အိမ်မှာ ဧည့်သည်တွေရှိသေးတယ်လို့ ထင်သဖြင့် စကားမပြောနေတော့ဘဲ စိုင်ယာကို အိမ်ထဲကို ခေါ်သွားလိုက်၏။
သူဝင်လာစဉ်တွင် ထွက်လာသည့်လူတစ်ယောက်ရှိ၏။
“ယောက်ဖ၊ မင်း ကလေးတွေကို သူတို့လိုရင် ကစားခွင့်ပေးသင့်တယ်။ မှော်ဆလွန်းက လွယ်လွယ်နဲ့ ပျက်စီးသွားမှာ မဟုတ်ဘူး။”
ခွန်ပနီ အနီးကပ်ကြည့်လိုက်တော့ ထိုလူဟာ အသက်သုံးဆယ်လောက်ရှိပုံပေါက်သည့် လူငယ်တစ်ယောက်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါ၏။
သူသည် ရိုးရှင်းသော လယ်သာဖိနပ်တစ်ရံနှင့် အလွန်စျေးကြီးပုံရသော သူ၏ ကိုယ်တိုင်းဖြင့် ချုပ်ထားသည့် အပြာနုရောင်အ၀တ်အစားများကို ဝတ်ဆင်ထားသည်၊ သို့ပေမယ့် အလွန်လက်ရာမြောက်ပါ၏။ သူ့အဝတ်အစားပေါ်အခြေခံ၍ ဤလူသည် မျိုးရိုးမြင့် ဗစ်ကောင့်ထ်ရေဇာနှင့် နှိုင်းယှဉ်လျှင် ပို၍ပင် အဆင့်အတန်းမြင့်လောက်သည်။
သာမန်လူပုံမပေါ်ဘဲ နူးညံ့သိမ်မွေ့သည့် အပြုံးနှင့်လူကို မြင်သော် သူ့စိတမထဲမှာ သံသယတွေဖြင့် ပြည့်နှက်သွားပြီး ခွန်ပနီအံ့သြသွားပါ၏။
သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ။ ယောက်ဖတဲ့လား?
သူ အံ့အားသင့်သွားနေစဉ်တွင် ခွန်ပနီအား ချိုသာသော အပြုံးဖြင့် ပြုံးပြရင်း ထွက်လာသော အမျိုးသမီးငယ်တစ်ဦးရှိသည်။
"အစ်ကိုကြီး ပြန်လာပြီလား?"
ဒီမိန်းကလေးကိုတွေ့ပြီးနောက် ခွန်ပနီက နောက်ဆုံးမှာ တုံ့ပြန်လိုက်ပါ၏။
ထိုကောင်မလေးက သူ့မိန်းမ၏ ညီမငယ် ဝင်းန်နီပင်။ ခွန်ပနီသည် သူမကို ဆယ်နှစ်ကျော်ကတည်းက သိလာသောကြောင့် သူမနှင့် အလွန်ရင်းနှီးခဲ့သည်။
ထိုသို့ဖြစ်ရာ ဤလူငယ်လေးမှာ....
ခွန်ပနီသည် လူငယ်လေးအား လှည့်ကြည့်လိုက်သည်ကိုမြင်သော် ဝင်းန်နီသည် သူ့လက်မောင်းကို ပြုံး၍ဆုပ်ကိုင်လိုက်သည်။
“မိတ်ဆက်ပေးပါရစေ။ ဒါက ညီမခင်ပွန်း ဂျိုရှူအာ။ ဂျိုရှူအာ၊ ဒါက ကျွန်မရဲ့ ခဲအိုလေ။ ခဲအိုနဲ့ အစ်မကြီးက ကျွန်မအပေါ် အမြဲကောင်းနေတာမို့ ရှင် သူတို့ကို ကောင်းကောင်းဆက်ဆံသင့်တယ်။”
ဂျိုရှူအာ ဟု အမည်ရသည့် လူငယ်လေးက ခပ်ဖျော့ဖျော့ ပြုံးပြပြီး ခွန်ပနီကို အနည်းငယ် ဦးညွှတ်ပြလာပါ၏။ “ယောက်ဖ၊ မင်္ဂလာပါ၊ ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုပါပဲ။ ကျွန်တော်က ဝင်းန်နီရဲ့ခင်ပွန်း ဂျိုရှူအာ ပါ၊ ကျွန်တော်က လမ်ပူရီတိုင်းပြည်ရဲ့ ဘန်တာမြို့တော်ကလေ။ ဝင်းန်နီက အစ်ကိုနဲ့အစ်မက သူ့ကို ငယ်ငယ်ကတည်းက ဂရုစိုက်ခဲ့တာမို့ ဘယ်တော့မှ မမေ့ဘူးဆိုပြီး ပြောလေ့ရှိတယ်။"
ခွန်ပနီက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်၊ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်းဘာပြောတာလဲ။ ဝင်းန်နီက မီလီရဲ့ညီမငယ်ဆိုတော့ ငါတို့က သူမကိုဂရုစိုက်ရမှာပါပဲ။”
ထိုသို့ပြောလိုက်စဉ်တွင် ခွန်ပနီထံ၌ ချုပ်နှောင်ခံထားရသည့် စိုင်ယာက ဝင်းန်နီကို တိုင်လိုက်သည်၊ "ဒေါ်လေး၊ ဖေဖေက သားကို ရိုက်တယ်!"
ခွန်ပနီက သူ့ကို စိုက်ကြည့်ပြီး နောက်ထပ် သင်ခန်းစာ သင်ပေးချင်သော်လည်း ဝင်းန်နီက စိုင်ယာ ကို သူ့လက်ကနေ ဆွဲယူပြီး စိုင်ယာ၏ပခုံးကို ပွတ်သပ်ကာ နူးညံ့သည့် အသံဖြင့် ပြောလာ၏၊ "ကောင်းပြီ၊ မင်းအဖေက မင်းကိုပြဿနာဖြစ်မှာစိုးရိမ်နေတာပါ။ ကောင်းကောင်းနေပြီး၊ အထဲကို ဝင်သွားတော့ သစ်သီးသကြားလုံးတချို့ကို ဒေါ်လေး အခုနကပဲ ထုတ်ပေးထားတယ်”
“သစ်သီးသကြားလုံး” ဟူသော စကားကိုကြားသော် စိုင်ယာ၏ မျက်လုံးများ တောက်ပလာသည်။ ပျော်ရွှင် သွားပြီးနောက်တွင် သူသည် အတွင်းသို့ဝင်သွားလိုက်သည်။
ခွန်ပနီက ကူရာမဲ့စွာ ခေါင်းခါလိုက်၏၊ "ဝင်းန်နီ၊ မင်း ဒီကလေးကို အလိုလိုက်ရာကျလိမ့်မယ်"
"ညီမမှာ သူနဲ့ ဟာဗက်ထ်ပဲရှိတာ၊ နည်းနည်းတော့ အလိုလိုက်တာက သဘာဝကျပါတယ်" ဝင်းန်နီက ရုတ်တရက် မေးလာ၏၊ “ဟုတ်သားပဲ အစ်ကို၊ ဟာဗက်ထ်ကရော ဘယ်မှာလဲ။ သူအခု ဆယ်နှစ်တောင်ရှိနေပြီမဟုတ်လား သူ့ကို ဘာလုပ်ဖို့စီစဉ်ထားလဲ"
ခွန်ပနီ၏နှလုံးခုန်သံ တစ်ချက်ချော်သွားကာ တံခါးကိုညွှန်ပြပြီး ဘေးတစ်ဖက်တစ်ချက်တွင် တစ်ချိန်လုံးပြုံးနေသော ဂျိုရှူအာကိုကြည့်၍ ပြောလိုက်၏၊ "အထဲဝင်ပြီး ပြောရအောင်"
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၂။ စာတတ်ခြင်း၏ အရေးပါပုံ
ခွန်ပနီ၏တဲငယ်လေးမှာ မတိုင်ခင်ကလိုပင် သေးငယ်ပြီး လူကြပ်နေသော်လည်း အတွင်းရှိ အပြင်အဆင်များက မတိုင်ခင်ကနှင့် လုံးဝကွာခြားနေ၏။
နံရံကို ဆေးပြန်သုတ်ပြီးသည်သာမက ၎င်းတို့၏ ခေါင်းအထက်၌ မျက်နှာကျက်အသစ်များလည်းရှိသည်။ ၎င်းမှာ အတော်လေး အကြမ်းဆန်သော်လည်း ယခင်ကလိုတော့ဘဆင်းရဲပုံပေါ်မနေတော့ပေ။
အခန်းထဲသို့ ဝင်ပြီးနောက်၌ ခွန်ပနီမှာ စားပွဲပေါ်ရှိ သကြားလုံးများ ဝါးစားနေသည့် စိုင်ယာကိုကြည့်၍ ဘေးသို့ ဆွဲခေါ်သွားပြီးနောက် ဝင်းန်နီနှင့် ဂျိုရှူအာကို ထိုင်ရန်ခေါ်လိုက်သည်။
"မင်းရဲ့ အစ်မကြီးရော?" ခွန်ပနီက ထိုင်ရင်းဖြင့် ဝင်းန်နီကို ထိုသို့မေးလိုက်သည်။
"အစ်မကြီးက ညီမတို့အတွက် အရသာရှိတဲ့ အစားအစာတွေ ပြင်ပေးချင်လို့ ဟင်းစားတွေသွားဝယ်မယ်လို့ပြောသွားတယ်။" ဝင်းန်နီက ဖြေသည်။
"အဓိပ္ပာယ်မရှိတာ!" ခွန်ပနီမှာ မျက်မှောင်ကုပ်၍၊ "ဧည့်သည်ကို အိမ်မှာထားပြီး ဟင်းစားသွားဝယ်တယ်? သူက မသွားခင် ငါ့ကိုအရင်စောင့်ရမှာ နားမလည်ဘူးလား?"
ဝင်းန်နီက အပြုံးဖြင့်လက်ကိုယမ်းလိုက်သည်၊ "ဟုတ်ပါပြီ ခဲအိုရယ်၊ ခဲအိုက အစ်မကြီးရဲ့ အကျင့်ကိုမသိတာလည်းမဟုတ်ဘဲနဲ့။ သူမသာ တစ်ခုခုလုပ်ချင်ရင် ဘယ်သူမှ တားလို့မရဘူးလေ။ ညီမလည်း ဂျိုရှူအာနဲ့ ညီမက ဧည့်သည့်တွေမဟုတ်သလို အဲ့လောက်ယဉ်ကျေးဖို့ မလိုဘူးလို့ ပြောပေမယ့်လည်း သူက မလိုအပ်ပါဘူးဆိုတာတောင် အတင်းသွားတာ။"
"မဟုတ်ပါဘူး၊ အခုက နှစ်ပေါင်းများစွာကြာပြီးမှာ မင်းပထမဆုံး ပြန်လာတာလေ၊ ပြီးတော့ ယောက်ဖရဲ့..... ဂျိုရှူအာရဲ့ ပထမဆုံး ဒီကိုရောက်တဲ့အကြိမ်လည်းဖြစ်တော့ မင်းတို့ကို ကောင်းကောင်း ဂရုစိုက်ရမှာပေါ့" ၎င်းကို ပြောပြီးနောက် ခွန်ပနီက ဂျိုရှူအာ၏ ဈေးကြီးကြီး အဝတ်များကို ကြည့်၍ နေရခက်ဟန် ပြလာသည်၊ "ပြီးတော့... ငါတို့ဆီမှာ မင်းတို့ကို ဧည့်ခံဖို့ ဘာမှ မရှိတာမို့ ဂျိုရှူအာ စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်။"
"ယောက်ဖ ယဉ်ကျေးလွန်းနေပါပြီ" ၎င်းက သူတို့၏ ပထမဆုံး တွေ့ဆုံချိန်ဖြစ်သောကြောင့်လည်း ဖြစ်နိုင်သလို တူညီသည့် *အဆင့်အတန်းရှိသောကြောင့်လည်း ဖြစ်နိုင်သည်၊ ဂျိုရှူအာက ယဉ်ယဉ်ကျေးကျေးပြောနေသည်ကိုရပ်၍ ပိုပြီး ဖော်ရွေသော အသံဖြင့် ဆိုလာ၏၊ "ဝင်းန်နီနဲ့ ကျွန်တော်က ဘာစားရမယ်ဆိုတာကို ဂရုမစိုက်ပါဘူး။ ပြီးတော့ ယောက်ဖနဲ့ အစ်မကြီးကလည်း ဝင်းန်နီရဲ့ အရင်းနှီးဆုံး မိသားစုဝင်တွေမို့လို့ အစ်ကိုတို့က ကျွန်တော့် မိသားစုဝင်တွေလည်း ဖြစ်တယ်လေ။ မိသားစုဝင်တွေကြားမှာ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။"
(*အဆင့်အတန်းတူတယ်ဆိုတာက နှစ်ယောက်သား မယားညီအစ်ကိုတွေဖြစ်နေလို့ပါ)
ခွန်ပနီက ခေါင်းကုတ်၍ အကြိမ်အနည်းငယ် ရယ်မောကာ ဘာပြောရမှန်းမသိတော့ပေ။
သူ့အား ထိုသို့ မြင်နေရသော် ဝင်းန်နီမှာ မရယ်မောမိဘဲ မနေနိုင်တော့ပေ။
"ဟုတ်ပါပြီ ခဲအို စကားတွေ မဖြုန်းပါနဲ့တော့။ ညီမ မေးတာကိုဖြေ ဟာဗက်ထ်ကို ဘာလုပ်ဖို့ စီစဉ်ထားလဲ?"
ခေါင်းစဉ်က သူ၏ အကြီးဆုံးသားထံ ပြန်ရောက်သွားသည်ကိုကြားသော် ခွန်ပနီက စိတ်ထဲသက်ပြင်းချမိသည်။ သူဟာ ခဏတာ တွေးပြီးနောက် ပြော၏၊ "စီစဉ်စရာ ဘာမှ မရှိဘူး မဟုတ်လား? အဲ့ကလေးက မှော်ပညာရှင် မဖြစ်လာနိုင်မှတော့ သူ့ကို မှော်စက်ကျွမ်းကျင်ရာလေးနည်းနည်း လေ့လာခိုင်းပြီး သူ အရွယ်ရောက်တာနဲ့ ငါ အလုပ်လုပ်တဲ့ စက်ရုံကို ဝင်ခိုင်းလိုက်ရင် အဆင်ပြေနေပါပြီ"
"ဒီလိုက မဖြစ်ဘူးလေ” ဝင်းန်နီက ခေါင်းခါသည်၊ "ညီမ အစောတုန်းက အစ်မကြီးကို ပြောပြီးပြီ။ ခဲအို၊ ခဲအိုရဲ့ အကြံက မဆိုးတဲ့ပုံပေါ်ပေမယ့်လည်း ဒီစက်ရုံက ဒီမြို့မှာ အကြာကြီးရှိနေမယ်လို့ အာမ,မခံနိုင်ဘူးဆိုတော့ ဒီအပေါ်မှာ မျှော်လင့်ချက်တွေ ထားလို့မရဘူး"
ခွန်ပနီမှာ အံ့ဩသွားသည်၊ "ဘာလို့ ဒီစက်ရုံက ထပ်မရှိတော့မှာလဲ?"
"ဒါက..." ဝင်းန်နီက မျက်မှောင်ကုပ်ကာ စဉ်းစားလိုက်ပြီးနောက် သူမဘေးရှိ ဂျိုရှူအာကို တို့လိုက်သည်၊ "ကျွန်မ ကောင်းကောင်းမရှင်းပြနိုင်ဘူး၊ ရှင် ခဲအိုကို ပြောပြလို့ရတယ်။"
ဂျိုရှူအာက ပြုံးလိုက်၏။ စဉ်းစားပြီးနောက် သူက ဆိုသည်၊ "ယောက်ဖ၊ ဒီစက်ရုံက မှော်ပန်ကာနဲ့ မှော်မီးဖိုကိုပဲ ထုတ်လုပ်တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တွေများလည်း ဘာမှ မပြောင်းလဲခဲ့ဘူးလို့ကြားတယ်။ ဟုတ်တယ်မို့လား?"
"အင်း အမြဲ အဲ့နှစ်မျိုးပဲ ဖြစ်ခဲ့တာ။ ဘာလို့လဲ? ပြဿနာရှိလို့လား?" ခွန်ပနီက ပြန်မေး၏။
"အခုတော့ ပြဿနာမရှိပေမယ့် အနာဂတ်မှာတော့ မသေချာဘူး။" ဂျိုရှူအာက ဘာပြောသင့်သည်ကို စဉ်းစားနေပုံရကာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆက်ပြော၏၊ "မှော်ပန်ကာနဲ့ မှော်မီးဖိုဆိုတာက အိမ်သုံးမှော်စက်တွေထဲမှာ အနိမ့်ဆုံး ထုတ်ကုန်တွေမို့လေ လတ်တလောတော့ အာရာဖတ်မြို့တစ်ဝိုက်မှာ ကောင်းကောင်းရောင်းရနိုင်ပေမယ့် နှစ်အနည်းငယ်ကြာရင်တော့ ဒီလိုမဖြစ်နိုင်တော့ဘူး။"
"ဘာလို့လဲဆိုတော့ နယ်မြေကြီးရဲ့ နိုင်ငံအားလုံးက သူတို့ရဲ့ မှော်စက်မှုနယ်ပယ်ကို တိုးတက်အောင်လုပ်ဖို့ ကြိုးစားနေကြတာမို့ ဖော့ခ်တိုင်းပြည်ကလည်း ချွင်းချက်မဟုတ်ဘူး။ မျှော်လင့်မထားတာတွေသာဖြစ်မလာရင် အိမ်သုံးမှော်စက်တွေ ထုတ်လုပ်တဲ့ စက်ရုံနဲ့ ကုမ္ပဏီတွေ ပိုရှိလာမှာ။ မရှုပ်ထွေးလွန်းတဲ့ မှော်ပန်ကာနဲ့ မှော်မီးဖိုတို့လို အိမ်သုံးမှော်စက်တွေကျတော့ ထုတ်လုပ်နေတဲ့ စက်ရုံပေါင်းများစွာရှိတယ်လေ။ ဒီတော့ အနာဂတ်မှာ ဒီစက်ရုံအတွက် ပြိုင်ဘက်တွေ အများကြီးရှိလာမှာမို့ အခုလိုမျိုး တူညီတဲ့ အမြတ်အစွန်းကို ထိန်းထားဖို့က ခက်တယ်..."
"မင်းပြောချင်တာက... ဒီစက်ရုံအနေနဲ့ အနာဂတ်မှာ ထုတ်ကုန်တွေကို မရောင်းနိုင်လောက်တော့ဘူးပေါ့?"
"မသေချာပေမယ့် ပြိုင်ဘက်တွေက ပိုပိုပြီး များလာမှာမို့ ဖြစ်နိုင်ချေတော့ရှိတယ်" ဂျိုရှူအာက ခေါင်းငြိမ့်၍ ပြောသည်၊ "ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဥက္ကဌက အနာဂတ်ကျရင် နယ်မြေကြီးမှာ ပြိုင်ဘက်တွေ ပိုများလာတော့မှာမို့ နည်းပညာနဲ့ ပတ်သက်လာရင် ပြိုင်ပွဲတစ်ခုရှိလာလိမ့်မယ်လို့ ပြောတယ်။ နည်းပညာမှာ တခြားသူတွေကို ဖိနှိပ်နိုင်မယ့် ထူးခြားတာမျိုးမရှိနေရင် အဆုံးကျ ထုတ်ပယ်ခံရမှာပဲ"
"မင်းတို့ ဥက္ကဌ?" ခွန်ပနီက အံ့ဩသွားသည်။
"အိုး ညီမ ပြောဖို့မေ့သွားတယ်။ ခဲအို၊ ဂျိုရှူအာက Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်နေတာလေ။ သူပြောနေတဲ့ ဥက္ကဌက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုပဲ။"
"အိုး အိုး ရှုယီပေါ့၊ ငါသူ့ကိုသိတယ် သူ့ကိုသိတယ်" ခွန်ပနီက ဆက်တိုက်ခေါင်းငြိမ့်လိုက်၏၊ "ဥက္ကဌရှုလို အရေးပါတဲ့ လူက ဒီလိုပြောမှတော့ မှန်မှာပေါ့" ထိုသို့ပြောပြီးနောက် ခွန်ပနီက မျက်မှောင်တစ်ဖန်ကုပ်သွားသည်၊ "ဒါပေမယ့် ဂျိုရှူအာ, မင်း အပြောအရဆိုရင် ဒီစက်ရုံက စီးပွားပျက်တော့မှာပေါ့... ငါ ဘာလုပ်ရမလဲ...."
"ကျွန်တော် စီးပွားပျက်တော့မယ်လို့ မပြောပါဘူး၊ ဒီအခွင့်အရေးတစ်ခုပဲ ရှိတော့တယ်လို့ပြောတာ" ဂျိုရှူအာက ချောင်းဟန့်သည်၊ "ဒါပေါ့ ကြိုပြီးပြင်ဆင်ထားရင်တော့ ပိုကောင်းတယ်။ ဒါက ဝင်းန်နီအစောတုန်းက ပြောခဲ့တဲ့ ဟာဗက်ထ်အတွက် ပြင်ဆင်ဖို့ ပြဿနာဆီ ပြန်သွားရမှာ။ ယောက်ဖ၊ ယောက်ဖ အနေနဲ့ ဟာဗက်ထ်ကို မှော်စက်ဆိုင်ရာ ကျွမ်းကျင်မှုတွေ သင်ပေးလျင်တာက အကြံကောင်းပေမယ့် ပန်းတိုင်ကိုတော့ အာရာဖတ်မြို့က စက်ရုံလေးမှာ ထားလို့မရဘူး ရှေ့ကို ထပ်တိုးစဉ်းစားရမယ်။"
"မင်းဆိုလိုတာက...."
ဂျိုရှူအာက ဝင်းန်နီဘက်လှည့်၍ သူမက ခေါင်းငြိမ့်ပြလာသည်ကိုမြင်သော် ခွန်ပနီဘက်သို့ အလေးအနက်အကြည့်ဖြင့် ပြန်လှည့်လိုက်သည်၊ "ယောက်ဖ၊ ဝင်းန်နီနဲ့ ကျွန်တော်က အစောတုန်းက ဒါကို အစ်မကြီးနဲ့ ဆွေးနွေးပြီးပြီ။ ကျွန်တော့်ဆီမှာ ဟာဗက်ထ်အတွက် ယောက်ဖ သဘောတူနိုင်မယ့် အစီစဉ်တစ်ခုရှိတယ်။"
"ပြောပါဦး"
"ယောက်ဖ၊ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက သာမန်လူတွေအတွက် မှော်ပညာ အခြေခံသင်ပေးတဲ့နေရာမှာ အဓိကထားပြီး မှော်စွမ်းအင်နဲ့ မှော်စက်တွေကို ဘယ်လိုပေါင်းစပ်ရမယ်ဆိုတာ သင်ကြားပေးမယ့် မှော်စွမ်းအင် လက်တွေ့အသုံးချရေး ကျောင်းတော်ကို တည်ထောင်ထားတယ်။ ဒီကနေ ဘွဲရတဲ့လူတွေက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ရိုက်ဝင်နိုင်မှာ။ သူတို့သာ ကြိုးစားမယ်ဆိုရင် မှော်စက်မှုအင်ဂျင်နီယာ မျိုးဆက်သစ်တစ်ခုတောင် ဖြစ်လာနိုင်တယ်။ ဒီတော့ ကျွန်တော့်အထင် ကျွန်တော်တို့သာ ဟာဗက်ထ်ကို ဒီကျောင်း ဝင်ခွင့်ပြုလိုက်ရင် သူက အနာဂတ်မှာ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ ဝင်ရဖို့ သေချာသွားပြီ။ ဘာပဲဖြစ်ဖြစ် ဒီမှာနေပြီး စက်ရုံတစ်ရုံအတွက် အလုပ်လုပ်ပေးတာထက် ပိုကောင်းတယ် မဟုတ်လား?"
"သူသာ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကို သွားနိုင်မယ်ဆိုရင် အဆပေါင်းများစွာ ပိုကောင်းတာပေါ့၊ ဒါပေမယ့်.... မင်းက မှော်ပညာအကြောင်းကိုပြောနေတာဆိုရင်.... ဟာဗက်ထ်မှာက ပါရမီမပါလာဘူး ဟုတ်ပြီလား?" ခွန်ပနီက သံသယအကြည့်ရှိနေ၏။
"မဟုတ်ပါဘူး၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ လွန်ခဲ့တဲ့ လေးနှစ်တုန်းက သုတေသနကို အခြေပြုပြီး မှော်ပညာ ပါရမီပါလာတဲ့သူတွေက နည်းနည်းပိုများများပါလာပြီး လေ့ကျင့်ဖို့ ပိုလွယ်ရုံပဲမို့ မှော်ပညာရှင်တွေဖြစ်ဖို့ အခွင့်အရေးရှိလာရုံပါပဲ။ မှော်ပညာပါရမီနဲ့ လူအများစုက အဲ့လောက် မရှင်းလင်းသလို ချပြဖို့လည်း လမ်းညွှန်မှုတချို့လိုသေးတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ဒီသီအိုရီကို သက်သေပြဖို့နဲ့ အထူးကျောင်းတော်တစ်ခု တည်ထောင်ခဲ့တာလေ။ ဟာဗက်ထ်မှာ တခြားမှော်ပညာရှင်တွေလောက် ပါရမီမပါတာ ဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ ကုမ္ပဏီရဲ့ သုတေသနရှေ့မှာ ဒါက အဲ့လောက် အရေးမကြီးပါဘူး။"
"မင်းပြောနေတာက ဟာဗက်ထ်လည်း မှော်ပညာကို လေ့လာနိုင်တယ်လို့လား?" ခွန်ပနီ၏ မျက်လုံးများ တောက်ပသွား၏။
"ဖြစ်နိုင်ချေရှိပါတယ်၊ ဒါပေမယ့် သူလေ့လာရမယ့် မှော်ပညာက ယောက်ဖသိထားတဲ့ မှော်ပညာနဲ့တော့ တူမှာမဟုတ်ဘူး"
"ငါသိပါတယ်၊ ဒါက သတင်းစာတွေမှာ ပြောထားတဲ့ မှော်စက်အသစ်တွေအတွက် အသုံးပြုမယ့် မှော်စွမ်းအင်အသစ်အမျိုးအစားမဟုတ်လား?" ခွန်ပနီက မေးသည်။
ဂျိုရှူအာက အံ့အားသင့်ဟန်ပြလာ၏။
"ယောက်ဖ ဒါကို ဘယ်လိုသိတာလဲ... အာ ကျွန်တော်က ယောက်ဖကို ထိခိုက်ပြီး ပြောတာတော့မဟုတ်ပါဘူး...."
ခွန်ပနီက တစ်ချက်ရယ်၍ လက်ယမ်းလိုက်သည်၊ "အဆင်ပြေပါတယ်၊ မင်း ဘာပြောချင်လဲ ငါသိတယ်။ ငါ့လို လူကြမ်းတစ်ယောက်အတွက် ဒါကို သိနေတာက ထူးဆန်းနေတာပဲလေ။ ပြီးတော့ ဒါက သတင်းစာဖတ်တဲ့လူတွေဆီကနေ ကြားခဲ့ရတာပါ။ မင်းသာ ငါ့ကို သတင်းစာ ဖတ်စေချင်ရင်တော့ ငါ စာလုံးတွေကိုတောင် သိမှာမဟုတ်ဘူး၊ ဟား ဟား...."
ဂျိုရှူအာ၏ အမူအရာက ပြောင်းလဲသွား၏၊ "ယောက်ဖ စာလုံးတွေကို နားမလည်ဘူးလို့ ပြောတာက... စိုင်ယာကလည်း အသက် ၆နှစ်ရှိပြီမို့လား? သူရော စာဘယ်လိုဖတ်ရမယ်ဆိုတာသိလား?"
ခွန်ပနီက ခေါင်းခါ၏၊ "ဘယ်သူကမှ သူ့ကို ဘယ်လိုဖတ်ရမယ်ဆိုတာ မသင်ပေးခဲ့ဘူးလေ"
"ရှိတာတော့ ရှိပေမယ့် ဒါက ဝန်ကြီး ဗစ်ကောင့်ထ် ရေဇာက မျိုးရိုးမြင့် ကလေးတွေအတွက် တည်ထောင်ထားတဲ့ ပုဂ္ဂလိကကျောင်းပဲ။ မျိုးရိုးမြင့်ကလေးတွေကလွဲပြီး သာမန်လူတွေက အဲ့မှာ လေ့လာချင်ရင် တစ်နှစ်ကို ရွှေဒင်္ဂါးသုံးရာပေးရမှာဆိုတော့ ငါ့မှာလည်း ငွေက အဲ့လောက်မရှိနေဘူး"
"ဒါဆို... ယောက်ဖ၊ ဒီမြို့မှာ ကလေးတွေကို စာဖတ်ဖို့ သင်ပေးမယ့် ကျောင်းရှိပြီး တစ်နှစ်မှ ရွှေဒင်္ဂါးဆယ်ပြားပဲ ပေးရမယ်ဆိုရင်ရော ထားချင်ကြမယ်လို့ထင်လား?"
ခွန်ပနီအံ့ဩသွား၏၊ "တစ်နှစ်ကို ရွှေဒင်္ဂါးဆယ်ပြားပဲလား? ဆယ်ပြားမပြောနဲ့ နှစ်ဆယ်ဆိုရင်တောင် ဒီလိုကျောင်းရှိနေသရွေ့တော့ ငါ့သားလေး နှစ်ယောက်ကို အဲ့မှာထားမှာပေါ့! သောက်ကျိုးနည်း ငါက စာမဖတ်နိုင်လို့ အတော်လေး ခံစားနေရတာ။ အဆင့်ပိုမြင့်တဲ့ မှော်စက်ကျွမ်းကျင်မှုတွေ သင်ပြီး အဆင့်မြင့် အရည်အချင်းအောင်လက်မှတ်ရဖို့ကတောင် ခက်ခဲနေပြီ။ ငါ့ကလေးနှစ်ကောင်ကို ဒီလို မခံစားစေချင်ဘူး!"
မနေနိုင်အောင် ဆဲရေးလိုက်လုနီးပါး ခွန်ပနီ၏ မျက်နှာထက်ရှိ နာကျင်နေဟန်ကိုမြင်သော်...
ဂျိုရှူအာက လုံးဝ စိတ်မကွက်ဘဲ အပြုံးက ပို၍ပင် တောက်ပလာပါ၏။
"ယောက်ဖ ကျွန်တော့်ကို အရင်ပြောဦး၊ ကျွန်တော်နဲ့ ဝင်းန်နီပြောသလို ဟာဗက်ထ်ကို Frestech ကုန်သည်ကြီးများအသင်းရဲ့ ကျောင်းတော်မှာ ဝင်ခွင့်ပေးဖို့ သဘောတူလား?"
ခွန်ပနီက ဂျိုရှူအာကို သံသယအချို့ဖြင့်ကြည့်လိုက်၏၊ "ဒီကျောင်းကနေ ဘွဲ့ရပြီးရင် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်နိုင်မယ်ဆိုတော့ အဲ့လောက် ဝင်ဖို့လွယ်တယ်လား?"
ဂျိုရှူအာက အသာပြုံး၏၊ "ကျွန်တော့်ဆီမှာအထူး ခွင့်ပြုချက်ရထားတာမို့ စိုးရိမ်စရာမလိုပါဘူး"
"ဒီလိုကိုး...."
ခွန်ပနီက ခဏကြာ မျက်မှောင်ကုပ်၍ စဉ်းစားပြီးနောက် အခိုင်အမာ ခေါင်းငြိမ့်လိုက်၏။
"ဟုတ်ပြီ! ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ ဆိုတော့ ငါလည်း သဘောတူရမှာပေါ့! ဒါပေမယ့်... ဟာဗက်ထ်က ဒီလိုမျိုးနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဘယ်လိုသွားရမှာလဲ? အဲ့နေရာက အရမ်းဝေးတာလေ...."
ဘေးရှိ ဝင်းန်နီက ခွန်ပနီ၏ လက်မောင်းကို ဆွဲလှုပ်လိုက်၏၊ "ခဲအို ဒါကို စိတ်ပူဖို့မလိုပါဘူး။ ကျောင်းက သူ့အတွက် နေရာထိုင်ခင်းတွေ ပြင်ပေးမှာဖြစ်ပြီး ညီမနဲ့ ဂျိုရှူအာကလည်း သူ့ကို စောင့်ရှောက်မှာမို့ ဘာပြဿနာမှ မရှိပါဘူး။ သူ့ကို အစ်ကို လွမ်းရင် နှစ်ကူးကျ သူ့ကို ပြန်ပို့ပေးလိုက်လို့ရသလို အစ်ကိုနဲ့ အစ်မကြီးလည်း လာတွေ့လို့ ရနေတာပဲ။ ကားနဲ့ဆို ကျွန်မတို့ ကုမ္ပဏီရဲ့ အခြေစိုက်ရုံးကို ရောက်ဖို့ နှစ်ရက်ပဲ ကြာမှာဆိုတော့ အရမ်းကို အဆင်ပြေပါတယ်။"
ခွန်ပနီက ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အသာခေါင်းငြိမ့်လေ၏၊ "ကောင်းပြီလေ မင်းတို့ အစ်မကြီး ပြန်လာရင် သူမနဲ့ ဆွေးနွေးလိုက်မယ်။"
"ဟုတ်ပြီလေ ဒါဆိုရင် ဒါကို ခဏဘေးဖယ်ထားကြတာပေါ့" ဂျိုရှူအာက ပြော၏၊ "ယောက်ဖ၊ မနက်ဖြန် မနက်အစောပိုင်းကျရင် ကျွန်တော် ဗစ်ကောင့်ထ် ရေဇာကို တွေ့ဖို့လိုတာမို့ ကျွန်တော်နဲ့ လိုက်ခဲ့ချင်လား?"
ခွန်ပနီက ဂျိုရှူအာကို ငေးကြည့်လိုက်မိ၏။ သူဟာ ၎င်းတို့ အနေနှင့် ဟာဗက်ထ်အကြောင်းပြောနေရင်း မည်သို့များ ရုတ်တရတ် အကြောင်းအရာက ဝန်ကြီးကို တွေ့ရန်အဖြစ် ပြောင်းသွားသနည်းဟု တွေးမိလိုက်၏။
၎င်းတို့နှစ်ခုအကြား ကွာဟချက်က အင်မတန်ကြီးမားလှသည်။
ထို့အပြင်... ဂျိုရှူအာက ဝန်ကြီးကို တွေ့လိုလျှင် အဆင်ပြေပါသော်လည်း အဘယ့်ကြောင့် သူ့ကိုပါ ခေါ်သွားချင်ရသနည်း?
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၃။ အခြေခံအဆောက်အဦ အရောင်းမြှင့်တင်ရေး
ဗစ်ကောင့်ထ် ရေဇာမှာ သူ့လက်ထဲရှိ လုပ်ငန်းကဒ်ကိုကြည့်၍ ရှုပ်ထွေးသွားသည်။
"Frestech ကုန်သည်ကြီးများအသင်းရဲ့ အခြေခံအဆောက်အဦ အရောင်းမြှင့်တင်ရေးဌာန? ဒါက ဘယ်လိုနေရာများလဲ?"
ကဒ်ကိုလှန်ကြည့်ရင်း တစ်ဘက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အမှတ်အသားကိုမြင်သော် ဗစ်ကောင့်ထ်ရေဇာက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူ့ဘေးရှိ အိမ်တော်ထိန်းကို မေးလိုက်သည်၊ "သူနဲ့အတူလာခဲ့တဲ့လူက ဒီမှာ အရင်က အစေခံလုပ်ခဲ့တဲ့တစ်ယောက်လို့ ပြောထားတာ မဟုတ်ဘူးလား?"
အိမ်တော်ထိန်းက ခေါင်းညိတ်ပြီး ဖြေ၏၊ “ဟုတ်ပါတယ် သခင်။ ဒီအစေခံကို ခွန်ပနီလို့ခေါ်ပြီး ဒီမှာအလုပ်လုပ်တုန်းက အရမ်းစိတ်ထက်သန်တဲ့အပြင် အကျင့်စာရိတ္တကောင်းတာကြောင့် အထင်ကြီးလောက်စရာရှိပါတယ်။ သူက ကျွန်တော်တို့မြို့ကလူဆိုတော့ ဘာမှပြဿနာမဖြစ်လောက်ဘူးထင်တယ်"
“ဒီလိုလား……” ဗစ်ကောင့်ထ် ရေဇာက သူ့လက်ကို ဝှေ့ယမ်း၍ ကတ်ကို နှစ်ခါပြန်ကြည့်ကာ ဆိုလိုက်သည်၊ “သူတို့ကို ဖိတ်လိုက်ပါ”
“ဟုတ်ကဲ့။”
ခဏအကြာတွင်၊ ဂျိုရှူအာ နှင့် ခွန်ပနီတို့အား အာရာဖတ်မြို့ဆင်ခြေဖုံးရှိ ဗစ်ကောင့်ထ် ရေဇာ၏အိမ်ငယ်ထဲသို့ ခေါ်ဆောင်သွားကြသည်။
ပင်မထိုင်ခုံမှာထိုင်နေသည့် ဗစ်ကောင့်ထ် ရေဇာကိုတွေ့သော် ခွန်ပနီက ချက်ချင်းပင် သူ့ကို ရိုကျိုးစွာ ဦးညွှတ်လိုက်သည်။
“ဒီနိမ့်ကျတဲ့လူက ဗစ်ကောင့်ထ် ရေဇာကို နှုတ်ဆက်ပါတယ်"
ဂျိုရှူအာသည် ဗစ်ကောင့်ထ် ရေဇာကို စိတ်ဝင်တစားဟန်ဖြင့် ကြည့်နေမိသည်။
"အရှင် ဗစ်ကောင့်ထ်ကို နှုတ်ဆက်ပါတယ်"
ဗစ်ကောင့်ထ် ရေဇာသည် ခွန်ပနီကိုကြည့်ကာ ချက်ချင်းပင် သူ့ကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး ဂျိုရှူအာဘက် လှည့်လိုက်သည်။ သပ်ရပ်သောအဝတ်အစား၊ မြင့်မြတ်သောအမူအရာအပြင် မျက်နှာပေါ်ရှိ ယုံကြည်မှုအပြည့်ရှိသော အပြုံးကိုမြင်ရသည်မှာ ဂျိုရှူအာက သာမန်လူမဟုတ်ကြောင်း မြင်နိုင်သည်။ သူဟာ ဘေးနားရှိ ထိုင်ခုံများထံ လက်ကိုဆန့်ပြီး ညွှန်ပြလိုက်၏၊ "ထိုင်ပါ"
ဂျိုရှူအာ ထိုင်လိုက်စဉ်၊ ခွန်ပနီသည် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ သူ့ဘေးရှိ ကုလားထိုင်တွင် ဂရုတစိုက်ထိုင်လိုက်သည်။ သို့သော် သူသည် ခေါင်းငုံ့ထားပြီး ဗစ်ကောင့်ထ် ရေဇာကို မကြည့်ဝံ့ပေ။
သူ့စိတ်ထဲတွင် ဗစ်ကောင့်ထ် ရေဇာက အထွတ်အထိပ်မှာရှိသည့် လူတစ်ယောက်ပင်။ သူ့ထံ၌ မြို့တော်ဝန်၏ ဧည့်သည်ဖြစ်မည့် နေ့တစ်နေ့ရှိလာမည်ဟု မထင်ခဲ့ဖူးပေ။
နှစ်ယောက်သား ထိုင်နေသည်ကိုမြင်သော် ဗစ်ကောင့်ထ် ရေဇာက ခဏလောက် နှုတ်ဆိတ်သွားပြီး သူ့လက်ထဲက လုပ်ငန်းကတ်ကို ကိုင်၍ ဂျိုရှူအာ ကို မေးလိုက်သည်၊ "မင်းကFrestech ကုန်သည်ကြီးများအသင်းရဲ့ အခြေခံအဆောက်အဦ အရောင်းမြှင့်တင်ရေးဌာနက မန်နေဂျာတစ်ယောက်လို့ ပြောပေမယ့် ဘာလို့ ဒီဌာနအကြောင်း ငါ တစ်ခါမှ မကြားဖူးခဲ့တာလဲ။"
ဂျိုရှူအာ က ခပ်ဖျော့ဖျော့ပြုံးကာ ဆို၏၊ “ဒီဌာနကို ပြီးခဲ့တဲ့ သြဂုတ်လကမှ တည်ထောင်ထားတာကြောင့်ပါ။ ဒါကိုစတက်တိန်းနယ်မြေနဲ့ လမ်ပူရီတိုင်းပြည်တို့မှာပဲ စမ်းသပ်လုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ အခုနှစ်မှာမှ ဖော့ခ်တိုင်းပြည်ထဲကို ဝင်ရောက်ခဲ့တာပါ။ အရှင်ဗစ်ကောင့်ထ်က အဲဒါကို တစ်ခါမှ မကြားဖူးတာ လုံးဝ မထူးဆန်းပါဘူး။”
"ဟုတ်လား?" ဗစ်ကောင့်ထ် ရေဇာသည် ဂျိုရှူအာအား သံသယစိတ်ဖြင့် ကြည့်နေမိသည်၊ “ဒါဆို… အခြေခံအဆောက်အဦ အရောင်း မြှင့်တင်ရေးဌာနက ဘာလုပ်တာလဲ။ ဒီနာမည်က တကယ်ကို ထူးဆန်းတယ်”
ဂျိုရှူအာက သူယူလာသည့် အိတ်ထဲက စာရွက်စာတမ်းကို ထုတ်၍ ဗစ်ကောင့်ထ် ရေဇာကို ပေးလိုက်သည်။
“အခြေခံအဆောက်အဦ အရောင်းမြှင့်တင်ရေးဌာနလို့ ခေါ်ရတာဟာ အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူရတဲ့ ဌာနမို့ပါ။ ကျွန်တော်က ဒီဌာနရဲ့ မန်နေဂျာတွေထဲက တစ်ဦးဖြစ်ပြီး၊ ဒရိတ်ခ်နယ်မြေနဲ့ ဖော့ခ်တိုင်းပြည်က လုပ်ငန်းတွေမှာ အဓိက တာဝန်ယူထားပါတယ်။"
ဗစ်ကောင့်ထ် ရေဇာက စာရွက်စာတမ်းကို ကြည့်လိုက်သော်လည်း အနီးကပ်မကြည့်ဘဲ မျက်မှောင်ကုပ်၍ မေးသည်၊ “ဒါဆို ငါ့ကိုပြောပါဦး၊ မင်းက ဘယ်လိုအခြေခံအဆောက်အအုံမျိုးကို ဆိုလိုချင်တာလဲ။ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဘာကြောင့် အဲဒါကို အရောင်းမြှင့်တင်ချင်တာလဲ။"
“အခြေခံအဆောက်အဦဆိုတာက အင်မတန်ကျယ်ပြန့်တဲ့ဘာသာရပ်ဖြစ်ပြီး အဲဒါကို ပိုင်းခြားချင်ရင်တော့ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်အသုံးပြုမှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားဆိုပြီး ပိုင်းခြားသင့်ပါတယ်။ ထပ်ပြီး ခွဲလိုက်ရင်တော့..."
“ကောင်းပြီ၊ ရပ်လိုက်... ရပ်လိုက်တော့” ဗစ်ကောင့်ထ် ရေဇာက မျက်မှောင်ကုပ်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်၊ “ဒါတွေအကုန် မင်းပြောတဲ့အခါ ငါ့ခေါင်းက ဘာလို့ မှုန်ဝါးနေတာလဲ။ သယ်ယူပို့ဆောင်ရေးကိုတော့ နားလည်နိုင်တယ်၊ မင်းတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းက မင်းတို့ရဲ့ကြော်ငြာတွေမှာ အမြဲပြောနေတာပဲမဟုတ်လား။ ' ချမ်းသာချင်ရင် အရင်ဆုံး လမ်းခင်းရမယ်'ဆိုပြီးတော့လေ။"
“မှန်ပါတယ်၊ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးက လမ်းတွေဖောက်တာမဟုတ်ဘဲ မြစ်ကြောင်းနဲ့ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ရဲ့ကုမ္ပဏီက အနာဂတ်မှာ အကောင်အထည်ဖော်ဖို့ လက်ရှိလေ့လာနေတာကတော့ လေကြောင်းသယ်ယူပို့ဆောင်ရေးနဲ့ ရထားလမ်းသယ်ယူပို့ဆောင်ရေးတို့ပါပဲ။ ပြီးတော့ ဒီသယ်ယူပို့ဆောင်ရေးကို ထိခိုက်မှုမရှိစေဖို့အတွက် ပြုပြင်ထိန်းသိမ်းမှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး အမျိုးအစားအားလုံးကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်၊ ဒါကြောင့်……”
"တော်တော့!" ဗစ်ကောင့်ထ် ရေဇာက ဂျိုရှူအာကို တစ်ဖန် ဖြတ်ပြီး ပြောလိုက်သည်၊ “မင်းပြောသမျှအားလုံးက ငါ့ကိုတွေ့ဖို့ ဘယ်လို ဆက်စပ်နေလဲ”
ဂျိုရှူအာ က ဗစ်ကောင့်ထ် ရေဇာကို ပြုံးပြပြီး သူပေးခဲ့သည့် စာရွက်စာတမ်းကို ထောက်ပြလိုက်သည်။
"သခင် ဗစ်ကောင့်ထ်၊ ဒါက ကျွန်တော်တို့ဌာနက ရေးဆွဲထားတဲ့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ပါ၊ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး။"
ဗစ်ကောင့်ထ် ရေဇာသည် မျက်မှောင်ကုပ်၍ ဤစာတမ်းကို လေးလေးနက်နက် ကြည့်လိုက်သည်။
ဤစာတမ်းသည် မထူသော်လည်း ဗစ်ကောင့်ထ် ရေဇာသည် ၎င်းကိုဖတ်ရန် နာရီဝက်အပြည့်ကြာခဲ့သည်။
သူဖတ်ပြီးသည်နှင့် စဉ်းစား၍ “ပြဿနာနှစ်ခုရှိနေတယ်” ဟု ဂျိုရှူအာကို ပြောလိုက်၏။
“ကျေးဇူးပြုပြီး မေးပါ။”
“ပထမတစ်ချက်ကတော့ ဒီအစီအစဉ်ကို အခြေခံပြီး မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းဟာ လမ်းတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေလို အခြေခံအဆောက်အအုံတွေ တည်ဆောက်ရာမှာ တစ်ဖက်ကို ကူညီပေးမှာပေါ့….. ငွေက ဘယ်ကရမှာလဲ။ ငါတို့မြို့ငယ်လေးအတွက်ဆိုရင်တောင် ဒီအရာတွေအားလုံးအတွက် ရွှေဒင်္ဂါးတစ်သိန်းလောက်ကုန်ကျလိမ့်မယ်။ မင်းပြောခဲ့တာတွေကို အခြေခံရရင် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ဒါကို ငါတို့နေရာမှာပဲ လုပ်နေတာမဟုတ်ဘူး။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းမှာ ပိုက်ဆံရှိရင်တောင် ဒီအရာအားလုံးကိုတော့ မတတ်နိုင်ဘူး မဟုတ်လား။" ဗစ်ကောင့်ထ် ရေဇာက မေး၏။
“သခင် ဗစ်ကောင့်ထ်ရဲ့ စိုးရိမ်ပူပန်မှုက ကျိုးကြောင်းဆီလျော်ပါတယ်။ အမှန်တော့၊ ကျွန်တော်တို့ကုမ္ပဏီက ဒါတွေအားလုံးကို ပေးချေဖို့ ငွေကြေးရှိဖို့ မဖြစ်နိုင်ဘူး……”
"ငါ့ကို ပေးစေချင်တာလား" ဗစ်ကောင့်ထ် ရေဇာသည် ဂျိုရှူအာအား သတိထား၍ကြည့်ကာ ဆို၏၊ "ပြောပါရစေ၊ ငါက မြို့တော်ဝန်တစ်ယောက်ဖြစ်နေရင်တောင်မှ သိန်းပေါင်းများစွာ တစ်ခါတည်း ထုတ်ယူနိုင်မယ်လို့ မထင်လိုက်နဲ့... ဒါက တစ်စုံတစ်ယောက်ကို ခက်ခဲတဲ့အခြေအနေဆီ တွန်းပို့နေသလိုပဲ"
"ဟုတ်ပါတယ် ကျွန်တော်တို့က အရှင် ဗစ်ကောင့်ထ်ကို ကိုယ်တိုင် ခံယူခိုင်းမှာမဟုတ်ဘူး" ဂျိုရှူအာသည် ဗစ်ကောင့်ထ် ရေဇာ၏တုံ့ပြန်မှုကို မထူးဆန်းပါချေ။ ၎င်းကို နေရာ အရပ်ရပ်မှာ ကြော်ငြာပေးစဉ်ကလည်း ထိုသို့ဖြစ်သည်ကို အကြိမ်ပေါင်းများစွာ မြင်ဖူးပါ၏၊ “ကျွန်တော်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ရန်ပုံငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ပေးဆောင်မှာဖြစ်ပြီး ကျန်တဲ့အပိုင်းကတော့ တခြားနေရာက လာမှာပါ။ ပြီးတော့၊ အရှင်တို့နိုင်ငံရဲ့လွှတ်တော်ကလည်း အတိုင်းအတာတစ်ခုအထိ ပံ့ပိုးပေးမှာပါ။ အရှင်ဗစ်ကောင့်ထ်အတွက်၊ လိုအပ်တဲ့အခါ ပံ့ပိုးကူညီဖို့ပဲ လိုပါတယ်။”
ဗစ်ကောင့်ထ် ရေဇာက အံ့အားသင့်သွားပြီး "လွှတ်တော်က ပေးမယ်လို့ ပြောနေတာလား။ မင်းသူတို့ဆီက ခွင့်ပြုချက်ရထားပြီးပြီလား"
“ဟုတ်ပါတယ်။” ဂျိုရှူအာ သည် ဗစ်ကောင့်ထ် ရေဇာအတွက် အိတ်ထဲမှ အခြားစာရွက်စာတမ်းကို ထုတ်ယူလိုက်သည်။
ဤစာရွက်စာတမ်းတွင် ဖော့ခ်တိုင်းပြည်လွှတ်တော်၏ တံဆိပ်ပါရှိသည်ကို တွေ့မြင်သောအခါ ဗစ်ကောင့်ထ် ရေဇာ၏ အမူအရာက လေးနက်လာသည်။ သူသည် ထိုစာရွက်စာတမ်းကို ဂျိုရှူအာထံမှ ဂရုတစိုက်ကြည့်ရှုရန် ယူသွားပြီး အမှန်ဟုတ်၊ မဟုတ် အတည်ပြုပြီးနောက် ဂျိုရှူအာအား မကျေနပ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
ဒီကောင်က လွှတ်တော်က တရားဝင်စာရွက်စာတမ်းရှိရဲ့သားနဲ့ ဘာလို့ချက်ချင်းမထုတ်ပြတာလဲ။ ဒါက သူ့ကို တစ်ချိန်လုံး သံသယဖြစ်စေခဲ့တာပေါ့။
“အဟမ်း… လွှတ်တော်က ထောက်ခံကြောင်း ထုတ်ဖော်ပြီးကတည်းက ငါ ဒါကို လိုက်နာမှာပါ။ ဒါပေမယ့်……” ဗစ်ကောင့်ထ် ရေဇာက သူ့အသံကို တမင်တကာ ဆွဲလိုက်ပြီး၊ "ဂျိုရှူအာ...မန်နေဂျာ ဂျိုရှူအာ၊ ဒါကို မင်းဘယ်လိုလုပ်မှာလဲ။ မင်းပြောတာကို အခြေခံရရင် လုပ်ဖို့လိုတာက သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်......"
"စွမ်းအင်အသုံးပြုမှုပါ" ဂျိုရှူအာက သူ့ကို ညင်သာစွာ သတိပေးသည်။
“ဟုတ်တယ်၊ စွမ်းအင်အသုံးပြုမှုအပြင် တခြားအရာတွေရော တစ်ရက်နှစ်ရက်လောက်နဲ့ ပြီးနိုင်မှာ မဟုတ်ဘူးမို့လား။ ကိစ္စတွေကို ကိုင်တွယ်ဖို့လည်း အမိန့်ရှိရဦးမှာ မဟုတ်လား။”
"ဟုတ်ပါတယ်။" ဂျိုရှူအာက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်လိုက်သည်၊ "သခင် ဗစ်ကောင့်ထ်၊ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ကျွန်တော့်ရဲ့ အာရာဖတ်မြို့ကို စစ်ဆေးခြင်းအပေါ် အခြေခံပြီး အာရာဖတ်မြို့က လမ်းတစ်ခုနှင့် ချိတ်ဆက်ထားပြီးသားဖြစ်တာကြောင့်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလျင်စလိုဖြစ်ဖို့ မလိုဘူးလို့ ကျွန်တော်ခံစားရပါတယ်။ ပထမဆုံး ဖြေရှင်းရမယ့် ပြဿနာက ပညာရေးနဲ့ ပတ်သက်တယ်”
"ပညာရေး?" ဗစ်ကောင့်ထ် ရေဇာက ဂျိုရှူအာ ကို သံသယ အနည်းငယ်ဖြင့် ကြည့်လိုက်သည်၊ “ပညာရေးအကြောင်း ပြောတာဆိုတော့ အတိအကျ ဘာကိုဆိုလိုချင်တာလဲ”
"ဒါက အရမ်းရိုးရှင်းပါတယ်။" တစ်ချိန်လုံး စကားမပြောဘဲ သူ့ဘေးမှာ ထိုင်နေသည့် ခွန်ပနီကို ဂျိုရှူအာက ဆွဲခေါ်လိုက်၏။ “ကြည့်ပါဦး၊ ဒါက ကျွန်တော့် ယောက်ဖ ခွန်ပနီပါ၊ သူ့မှာ ကလေးနှစ်ယောက်ရှိတယ်၊ တစ်ယောက်က ဆယ်နှစ်၊ ကျန်တစ်ယောက်က ခြောက်နှစ်၊ ဒါပေမယ့် အရင်က ကျောင်းမတက်ဖူးကြဘူး။ သူတို့က ပညာရေး ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်း သင်တန်းတွေ တစ်ခါမှ မသင်ဖူးဘူး။”
"ဒါက ပုံမှန်ပဲမဟုတ်ဘူးလား?" ဗစ်ကောင့်ထ် ရေဇာက စိတ်ရှုပ်ထွေးသော အသံဖြင့် ပြောသည်။
ထို ခွန်ပနီက တစ်ချက်ကြည့်ရုံနှင့် သာမန်လူတစ်ယောက်ဖြစ်ကြောင်းသိသာရာ သူ့သားသမီးတွေအား သီးသန့်ပညာရေးကို မည်သို့ သင်ခွင့်ပြုနိုင်မည်နည်း။
ပထမဆုံး၊ သူ့မှာ ပိုက်ဆံမရှိသည် မဆိုနှင့်၊ သူ့ထံ၌ ထို ပညာအရည်အချင်းပင် လုံးဝမရှိပေ။
ပညာတတ်ခြင်းသည် မျိုးရိုးမြင့်များသာ ရနိုင်သော အခွင့်အရေးဖြစ်သည်။
"မဟုတ်ပါဘူး၊ ဒါက ပုံမှန်မဟုတ်ပါဘူး" ဂျိုရှူအာသည် လေးနက်သောအကြည့်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသပြီး ခေါင်းယမ်းလိုက်သည်၊ “ကလေးဘဝကတည်းက ပညာသင်ကြားခဲ့တဲ့ ဗစ်ကောင့်ထ် ရေဇာနဲ့ အရင်တည်းက ပညာမသင်ကြားဖူးတဲ့လူတစ်ယောက်၊ သူတို့နှစ်ယောက် ကြီးပြင်းလာပြီးနောက်မှာ တန်ဖိုးတွေက လုံးဝကွာခြားသွားပါပြီ။ အာရာဖတ်မြို့ကို အနာဂတ်မှာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေရဲ့ဘဝကို ပိုကောင်းစေချင်ရင် ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်”
ဗစ်ကောင့်ထ် ရေဇာက ၎င်းကိုကြားတော့ စိတ်ရှုပ်သွားသည်။
သာမန်ပြည်သူတွေရဲ့ သားသမီးတွေကို ပညာတတ်စေတာက အနာဂတ်မှာ အာရာဖတ်မြို့ကို ဖွံ့ဖြိုးတိုးတက်စေမှာလား။ ပြည်သူတွေရဲ့ ဘဝကို ပိုကောင်းလာစေမှာလား။
ဒါက ချဲ့ကားနေတာမဟုတ်ဘူးလား?
ဗစ်ကောင့်ထ် ရေဇာသည် သူ၏အတွေးများကို လုံးဝမဖုံးကွယ်ထားသောကြောင့် ဂျိုရှူအာသည် သူ၏အမူအရာကိုမြင်သောအခါ သူတွေးနေသည့်အရာကို သဘာဝကျကျ ပြောနိုင်သည်။
သို့ပေမယ့် ဗစ်ကောင့်ထ် ရေဇာကို ဆွဲဆောင်ဖို့ စကားလုံးတွေသုံးဖို့ သူ မစီစဉ်ထားပါချေ။ ဒီတစ်ကြိမ်တွင် သူ၏ရည်မှန်းချက်က သူ့ခွင့်ပြုချက်ကို ရယူဖို့သာ ဖြစ်ပါ၏။
"သခင် ဗစ်ကောင့်ထ်၊ ဒီနောက်ကွယ်က အဓိပ္ပါယ်ကို အခုမှ နားမလည်နိုင်ပေမယ့် နောင်မှာ နားလည်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ကုမ္ပဏီက ဖော့ခ်တိုင်းပြည်လွှတ်တော်နဲ့ အခြေခံအဆောက်အအုံမြှင့်တင်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီးသားပါ။ ကျွန်တော် စစ်ဆေးပြီးတဲ့နောက်မှာ၊ အာရာဖတ်မြို့က ဖော့ခ်တိုင်းပြည်မှာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ပထမဆုံးစမ်းသပ်မှုဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အာရာဖတ်မြို့ရဲ့ မြို့တော်ဝန်အနေနဲ့ ဒီအစီအစဉ်အတွက် လုံလောက်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ဗစ်ကောင့်ထ် ရေဇာက လွှတ်တော်မှ လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းကို ကြည့်ပြီး ထိုအကြောင်းကို တွေး၍ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ၊ လွှတ်တော်က ဒီစာတမ်းကို ဖတ်ပြီးရင် မင်းနဲ့ ထပ်ပြောပါမယ်။”
“ကောင်းပါပြီ။” ဂျိုရှူအာက အသာပြုံးကာ မတ်တပ်ထရပ်လိုက်သည်၊ “ဒါဆို သခင်ဗစ်ကောင့်ထ်၊ နောက်ထပ် တစ်လခွဲကြာရင် ကျွန်တော်ပြန်လာမှာမို့ အဲ့အခါကျ အသေးစိတ်ကို ဆွေးနွေးကြရအောင်ပါ။”
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၄။ လာနောက်နေတာလား?
ဗစ်ကောင့်ထ်ရေဇာ၏ အိမ်တော်မှ ထွက်လာပြီးနောက် ခွန်ပနီမှာ ဂျိုရှူအာကို ဘေးသို့ မနေနိုင်အောင် ဆွဲခေါ်လိုက်သည်။
"မင်းမှာ လွှတ်တော်က စာရွက်စာတမ်းရှိတယ်မဟုတ်ဘူးလား၊ ဘာလို့ ဝန်ကြီးနဲ့တွေ့ဖို့ ငါ့ကိုခေါ်လာတာလဲ?" ခွန်ပနီက မျက်လုံးများထဲ ညည်းညူလိုဟန် အချို့ရှိနေ၏၊ "ငါ မထိန်းနိုင်တော့မယ့် နီးပါးဖြစ်သွားတာ၊ အရမ်းရင်တုန်နေလို့"
"မထိန်းနိုင်ဘူး?" ဂျိုရှူအာက အနည်းငယ် အံ့ဩသွားသည်။ သူဟာ ခွန်ပနီ၏ အောက်ပိုင်းတစ်ဝက်ကိုကြည့်၍ ပြုံးလိုက်၏၊ "ယောက်ဖ ခင်ဗျား အနာဂတ်မှာ မြို့စားကို မကြာခဏ တွေ့ရတော့မှာမို့ သူနဲ့တွေ့ဖို့ကို ကျင့်သားရနေမှ အဆင်ပြေမယ်"
"ဟမ်? ဘာလို့လဲ?" ခွန်ပနီအံ့ဩသွားပါ၏။
"အမ်း... လာ ယောက်ဖ၊ တခြားနေရာမှာ သွားပြောကြတာပေါ့"
ဂျိုရှူအာသည် ခွန်ပနီကို မှော်ဆလွန်းထဲသို့ ခေါ်ဆောင်လာကာ ဗစ်ကောင့်ထ် ရေဇာ၏ အိမ်ဘေးရှိ မြစ်ဆီသို့ ရောက်လာသည်။
ကားထဲမှ ထွက်လာပြီးနောက် ဂျိုရှူအာသည် စက္ကူဘူးတစ်ဘူးကို ထုတ်ကာ ဖွင့်လိုက်ပြီး ခွန်ပနီအား စက္ကူနှင့်ထုပ်ထားသော လက်ချောင်းတမျှ ထူထဲသည့် အဖြူရောင်အရာတစ်ခုကို ထုတ်ယူကာ ပေးလိုက်သည်။
"ဒါကဘာလဲ?" ခွန်ပနီက အံ့သြသည့်အကြည့်ဖြင့် ကြည့်လိုက်၏။ သူဟာ ထွက်လာသည့် ရနံ့ကိုခံရင်း လန်းဆန်းသည့်အသွင်ကို မနေနိုင်အောင် ဖော်ထုတ်လိုက်မိသည်။
"ဒါက နတ်သူငယ်တွေဆီက ဟန်းရုမြက်စီးကရက်အသစ်ပဲ၊ အနံ့အရမ်းကောင်းတယ် မဟုတ်ဘူးလား? လာ၊ ဒီလိုလုပ်ရမှာ......"
ဂျိုရှူအာမှည ဟန်းရုမြက်စီးကရက်၏ သေးငယ်သည့် တစ်ဖက်ကို ပါးစပ်ထဲထည့်ဖို့ ခွန်ပနီကို အရိပ်အမြွက်ပြလိုက်ပြီးနောက် သတ္တုဘူးလေးတစ်ခုကို ထုတ်လိုက်၏။ သူက ထို သတ္တုဘူးလေးကို ထိလိုက်သည်နှင့် မီးတောက်လေးတစ်ခု ထွက်လာ၏။
ထို့နောက် စီးကရက်၏ အခြားတစ်ဖက်သို့ မီးတောက်ကို ယူဆောင်ကာ မီးတို့လိုက်သဖြင့် စီးကရက်၏ ရှေ့အပိုင်းက စတင်လောင်ကျွမ်းသွားသည်။
လောင်ကျွမ်းသွားသည့် မီးပွားလေးတွေနှင့် အတူ ယခင်ကထက် လန်းဆန်းသည့် ရနံ့က ပိုလို့တောင် ပြင်းထန်လာခဲ့၏။ ခွန်ပနီသည် အနံ့တစ်ချက်ရှိုက်လိုက်ရုံနှင့် ပို၍ နိုးကြားလာသည်ဟု ခံစားမိသည်။
ဂျိုရှူအာမှာ မိမိကိုယ်တိုင်အတွက် တစ်ခုကို မီးညှိကာ ခပ်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ကျေနပ်ဟန်ဖြင့် အသက်မျှင်းမျှင်း ရှူထုတ်လိုက်သည်။ ထို့နောက် သူဟာ ခွန်ပနီဘက် လှည့်လိုက်၏၊ "တစ်ချက်လောက် ရှိုက်ကြည့်"
ခွန်ပနီက သူ့ပါးစပ်ထဲက အရာကို ကြည့်၍ ခဏ တွေးကာ စမ်းတဝါးဝါး ရှိုက်လိုက်သည်။ အေးမြသောလေသည် အသက်ရှုသံနှင့်အတူ ပါးစပ်ထဲသို့ တိုးဝင်လာပြီး လည်ချောင်းထဲသို့ ချက်ချင်း စိမ့်ဝင်သွားသလို ခံစားလိုက်ရ၏။
“အဟွတ် အဟွတ် အဟွတ်"
ခွန်ပနီမှာ သတိထားနေရာက မွှန်ကာ ချောင်းဆိုးလာသည်။
ခွန်ပနီ၏ ကျောကို လက်ဖြင့် ပုတ်ပေးရင်း ဂျိုရှူအာက အသက်ရှူကြပ်လောက်အောင် ရယ်မောလိုက်၏။
“ယောက်ဖ ဒီကိစ္စကို အလျင်စလို လုပ်လို့မရဘူး။ ဖြည်းဖြည်းလုပ်၊ ဖြည်းဖြည်းလုပ်။"
ခွန်ပနီသည် ခဏတာ ချောင်းဆိုးပြီး နောက်ဆုံးတွင် အသက်ရှုမဝတော့ပေ။ လက်ထဲက စီးကရက်ကို ကြည့်လိုက်ပြီး အနည်းငယ် ရှိုက်လိုက်၏။
ယခုတစ်ခါတွင်တော့ သူပြင်ဆင်ထားသောကြောင့် အေးမြသော အငွေ့များက လည်ချောင်းထဲမ၀င်ဘဲ တစ်ချက်တစ်ချက်သာ အထဲဝင်သွားသည်။ အေးမြသော ခံစားမှုသည် သူ၏ လေပိုက်ထဲကို ပြည့်လျှံလာသည်နှင့်အမျှ ၎င်းသည် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ရောက်ရှိလာပြီး ပို၍ သက်တောင့်သက်သာ ဖြစ်လာစေသည်။
"ဒါက ပစ္စည်းကောင်းပဲ!" ခွန်ပနီမှာ အံ့သြတကြီးဖြင့် ရေရွတ်လိုက်မိ၏၊ "ဂျိုရှူအာ၊ ဒီတစ်ခုတည်းနဲ့တင် ဈေးကြီးလောက်တယ် မဟုတ်လား"
“အဲဒါက သိပ်ဈေးမကြီးပါဘူး။ တစ်ထုပ်ကို အခု နှစ်ဆယ်ပါပြီး ပါကင်လိုက်ဝယ်တာဆိုတော့ တစ်ဘူးကို ငွေဒင်္ဂါးသုံးဆယ်ပဲ”
"ငွေဒင်္ဂါးသုံးဆယ်?" ခွန်ပနီသည် လန့်ဖျပ်သွားမိပြီး နင်သွားကာ မနေနိုင်ဘဲ ချောင်းဆိုးလာပြန်သည် ။ "အဟွတ် အဟွတ် အဟွတ်...... အဲ့လောက် စျေးကြီးလား ? အဲဒါကို အခြေခံရရင် တစ်ခု မဟုတ်ဘူး…… တစ်ထုပ်ကို ငွေဒင်္ဂါးသုံးဆယ်ဖြစ်ပြီး တစ်ထုပ်မှာ အခု နှစ်ဆယ်ပါတော့ ……”
"ဒါက ငွေဒင်္ဂါးတစ်ပြားခွဲပါပဲ၊ အဆင်ပြေတယ်။" ဂျိုရှူအာက ပြုံး၍ ပြောသည်။
“အင်း…… ငွေဒင်္ဂါးတစ်ပြားခွဲ ……” ခွန်ပနီသည် သူ့လက်ထဲက စီးကရက်ကို ခဏကြာအောင် အလေးအနက်ထားကြည့်လိုက်ပြီး သူတို့နောက်၌ ရပ်ထားသည့် မှော်ဆလွန်းကို လှည့်ကြည့်လိုက်သည်။ အနည်းငယ် ငြိမ်သက်သွားပြီးနောက် တစ်ဝက် မီးညှိထားသော စီးကရက်တစ်လိပ်ကို ပါးစပ်ထဲမှ ထုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
သူဒီလိုလုပ်တာကိုမြင်သော် ဂျိုရှူအာက မနေနိုင်အောင် အံ့အားသင့်သွားခဲ့သည်။
"ယောက်ဖ ဘာလုပ်နေတာလဲ။ ဒါက ပစ္စည်းကောင်း၊ ပိုက်ဆံရှိရင်တောင် ဝယ်ရခက်တယ်။”
"ဒါကကောင်းတာတော့သိပါတယ်၊ ဒါပေမယ့်……" ခွန်ပနီသည် ခေါင်းယမ်းကာ ငြိမ်သက်သွား၍ အသက်ပြင်းပြင်းရှူရင်း ဆိုလာသည်၊ “ဒီအရာက ဈေးကြီးလွန်းတယ်၊ ပြီးရင် စွဲသွားမှာကို ကြောက်တယ်။ ဒီပစ္စည်းက အရမ်းဈေးကြီးလို့ ငါထပ်သောက်နိုင်မှာ မဟုတ်ဘူး။”
ဂျိုရှူအာ သည် ခွန်ပနီကို အံ့အားသင့်သောအကြည့်ဖြင့် ကြည့်၍ သူ့ပခုံးကို ပုတ်ကာ မြစ်ကို ညွှန်ပြပြီး ပြောသည်၊ “လာ ယောက်ဖ ဟိုမှာ ထိုင်စကားပြောရအောင်”
ခွန်ပနီအနည်းငယ် အံ့သြသွားသော်လည်း သူသည် ဂျိုရှူအာနှင့်အတူ မြစ်ဘေးတွင် ထိုင်နေသေးသည်။
ဂျိုရှူအာက ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏၊ “ယောက်ဖ၊ ဒီအချိန် ဒီကိုလာရတဲ့ ပန်းတိုင်က ဘာလဲဆိုတာ သိလား”
ခွန်ပနီက ရယ်မောလိုက်၏၊ “သခင်မြို့တော်ဝန်နဲ့ အခုနက ပြောခဲ့တဲ့ စကားပါးဖို့အတွက် ဒီကို လာခဲ့တာ မဟုတ်လား။ နားမလည်ပေမယ့် အရေးကြီးတဲ့ကိစ္စဆိုတာ သိပါတယ်။ အဲဒါနဲ့ နှိုင်းယှဥ်လိုက်ရင် ဆွေမျိုးတွေကို တွေ့ဖို့က လမ်းကြုံလို့ဖြစ်မယ်”
"အင်း……ဒါမှန်ပါတယ်၊ ဒါပေမယ့် ဝင်းန်နီကြောင့်သာ မဟုတ်ရင် ဒီမြို့ငယ်လေးကို စစ်ဆေးဖို့ ကျွန်တော် လာမှာ မဟုတ်ဘူး၊ ဒါကြောင့် လမ်းကြုံတယ်လို့ ပြောလို့ မရဘူး။" ဂျိုရှူအာ သည် လမ်းဘေးရှိ မှော်ဆလွန်းကို ညွှန်ပြပြီး မေးလေ၏၊ “ယောက်ဖ၊ ခင်ဗျား ဒီလို မှော်ဆလွန်းမျိုးလိုချင်လား”
ခွန်ပနီအံ့ဩသွားကာ “မှော်ဆလွန်း? မလိုချင်ပါဘူး၊ မလိုချင်ပါဘူး၊ အဲဒီအရာက ရွှေဒင်္ဂါးတစ်ထောင်ကျော်တယ် မဟုတ်ဘူးလား။ ငါဘယ်လိုလုပ် တတ်နိုင်မှာလဲ"
“အခု မတတ်နိုင်ရင်တောင် အနာဂတ်မှာ မတတ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ယောက်ဖ၊ ခင်ဗျားတို့ စက်ရုံမှာပဲ သာမန်အလုပ်သမားအဖြစ် ဆက်နေချင်လား” ယောရှုက မေး၏။
ခွန်ပနီသည် ခါးသီးစွာ ရယ်မောခြင်းမပြုမီ အနည်းငယ် ငြိမ်သက်နေခဲ့သည်။
"ငါလည်း မကျေမနပ်ဖြစ်ပေမဲ့ ဘာလုပ်နိုင်မှာလဲ။ စာလုံးနည်းနည်းပဲ ဖတ်နိုင်တဲ့အတွက်ကြောင့် အထက်တန်းအဆင့် ကျွမ်းကျင်မှုစာမေးပွဲတွေကို မအောင်မြင်နိုင်ဘူး။ ငါသာမန်အလုပ်သမားမဟုတ်ရင် ဘာလုပ်ရမှာလဲ"
"ဒါကြောင့်မို့လို့ အခြေခံအဆောက်အအုံမြှင့်တင်ရေးနဲ့ ပတ်သက်ပြီး ဗစ်ကောင့်ထ် ရေဇာနဲ့ စကားပြောတုန်းက ကျောင်းတစ်ကျောင်းကို အရင်ဆောက်ဖို့ အကြံပြုခဲ့တာပဲ။" ဂျိုရှူအာသည် အနောက်တောင်ဘက်သို့ မျှော်ကြည့်ကာ သူ့မျက်နှာပေါ်ထက်တွင် အနည်းငယ် လေးစားဟန် ပေါ်နေသည်၊ "လူအင်အားက တခြားအရာတွေထက် ပိုအရေးကြီးတယ်လို့ လွန်ခဲ့တဲ့ ဆယ်နှစ်တည်းက ဥက္ကဌက အဆိုပြုထားပေမယ့် ကျွန်တော်တို့လို ငထုံတွေက လွန်ခဲ့တဲ့ နှစ်,နှစ်လောက်ကမှ ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို သဘောပေါက်ခဲ့တာ"
ခွန်ပနီအနည်းငယ် အံ့သြသွားသည်။ ဂျိုရှူအာသည် သခင်မြို့တော်ဝန်ရှေ့တွင် မည်မျှပင် ဂရုမစိုက်ဘဲ ခပ်ခွာခွာပြုမူနေသဖြင့် သူသည် မာနကြီးသူဖြစ်သည်ကို မြင်နိုင်သည်။
သို့သော်လည်း ဥက္ကဌအကြောင်းအား ပြောသောအခါတွင် သူ့မျက်နှာပေါ်ရှိ လေးစားမှု အရိပ်အယောင်ကို ဖုံးကွယ်ထား၍ မရပေ။
“ဒါက…… မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌက ရှုယီလို့ခေါ်တယ် မဟုတ်လား။ သူက တကယ်ကို မယုံနိုင်စရာပဲလား။"
"ဟုတ်တယ်!" ဂျိုရှူအာသည် အလွန်သေချာနေသောအသံဖြင့် ဖြေလေ၏ “ဥက္ကဌက ကျွန်တော်တွေ့ဖူးသမျှလူတွေထဲမှာ အံ့သြစရာ အကောင်းဆုံးပုဂ္ဂိုလ်ပဲ၊ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ တခြားဘာမှပြောမနေနဲ့၊ ကောင်းကင်ကနေ ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကို ကျဆုံးခဲ့တဲ့ကိစ္စကို ယောက်ဖ မသိဘူးလား"
"ဒီအကြောင်း ငါကြားဖူးပါတယ်။" ခွန်ပနီက အမြန်ပြောသည်၊ "ဒါပေမယ့် ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကိုက မင်းတို့ Frestech ကုန်သည်ကြီးများအသင်းဆီက အသတ်ခံရတာကို ငါကြားတယ်၊ အသေးစိတ်တော့ ငါမသိဘူး။"
“အင်း……အသေးစိတ်ကို ကျွန်တော်လည်း သိပ်မရှင်းဘူး၊ ဒါပေမယ့် စဉ်းစားကြည့်တော့ ဥက္ကဌက အဲဒီတုန်းက မဟာမှော်ပညာရှင် တစ်ယောက်ပဲ ရှိသေးပြီး သူက ခေါင်းဆောင်မှော်ပညာရှင်ကိုသတ်ဖို့ သူ့လက်အောက်ငယ်သားတွေကို ဦးဆောင်နိုင်ခဲ့တယ်၊ ဒါက မယုံနိုင်လောက်အောင်ပါပဲ၊ ဒီကိစ္စကြောင့် မှော်ပညာရှင်တွေအကြောင်းကို ဒီနယ်မြေကြီးတစ်ခုလုံးရဲ့ နားလည်မှုက ပြောင်းလဲသွားတယ်။ မှော်စက်လုပ်ငန်းကလည်း ဒီကိစ္စကြောင့် ဒီနှစ်တွေအတွင်းမှာ လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာနိုင်တာပဲ ၊ မဟုတ်ရင်...... "
“အိုး……” ခွန်ပနီက ကြောင်တက်တက်ဖြင့် ခေါင်းညိတ်သည်။
သူသည် ဖော့ခ်ဘုရင့်နိုင့်ငံရှိ မြို့ငယ်တစ်မြို့၏ သာမန်နိုင်ငံသားတစ်ဦးသာဖြစ်ပြီး သတင်းများစွာမသိသောကြောင့် ဂျိုရှူအာမည်မျှစိတ်လှုပ်ရှားနေသည်ကို ကြားသိရသောအခါတွင် သူသည် နားလည်နိုင်မည်မဟုတ်ပေ။
ဂျိုရှူအာက ၎င်းကိုပြောပြီး နောက်ဆုံးတွင် ဤသည်ကို သတိပြုမိသည့်အတွက် ချောင်းဟန့်ပြီး ဆက်မပြောတော့ပေ။
“အတိုချုံးပြောရရင် ဥက္ကဌက သိပ်ကို မယုံနိုင်စရာကောင်းတယ်၊ အဲဒါနဲ့ပတ်သက်ပြီး သံသယရှိစရာမလိုပါဘူး။ ကျွန်တော် လက်ရှိလုပ်နေတဲ့ အခြေခံအဆောက်အအုံ မြှင့်တင်ရေးဌာနကို လွန်ခဲ့တဲ့ ၂ နှစ်က ဥက္ကဌက ကိုယ်တိုင် တည်ထောင်ခဲ့တာလေ။ အစတုန်းကတော့ လူတော်တော်များများက ဒါကိုနားမလည်ခဲ့ကြပေမယ့် စတက်တိန်းနယ်မြေနဲ့ လမ်ပူရီတိုင်းပြည်မှာ စမ်းသပ်မှုတွေလုပ်ပြီးတဲ့နောက်မှာ လူတွေက ကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်ရဲ့ အရေးပါမှုကို နားလည်လာတယ်။ တခြားဘာမှပြောမနေနဲ့ ဥက္ကဌက တကယ်ကို အမြော်အမြင်ရှိတာပဲ…”
ခွန်ပနီက ငေးမောနေရှာသည်။
ဂျိုရှူအာသည် ရပ်တန့်၍သာ စဉ်းစားပြီးမှ ဆက်ပြော၏၊ “ကောင်းပြီ ဥက္ကဌအကြောင်း မပြောတော့ဘူး။ ယောက်ဖ ခင်ဗျားက ပညာမတတ်သေးဘူးဆိုတော့ အဆင့်မြင့် အရည်အချင်းစစ်စာမေးပွဲတွေ အောင်ဖို့က တော်တော်ခက်တယ်မဟုတ်လား”
ခွန်ပနီခေါင်းညိတ်လိုက်သည်။
"ဒါဆို ယောက်ဖ... ဟာဗက်ထ် နဲ့ စိုင်ယာကို အနာဂတ်မှာ ယောက်ဖလို ဖြစ်စေချင်သလား"
"ဘယ်ဟုတ်မလဲ။" ခွန်ပနီက ချက်ချင်း ခေါင်းယမ်းလိုက်ပြီး "ဒါပေမယ့် ...... ဟာဗက်ထ် ကို မင်းနဲ့ ဝင်းန်နီက မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ကျောင်းကိုခေါ်သွားမယ်ဆိုတာကတင် နှောင့်ယှက်သလိုဖြစ်နေပြီ... စိုင်ယာ နဲ့ ပတ်သတ်ပြီးကတော့ ....."
“သူတို့ နှစ်ယောက်တည်းဆိုရင် ပြဿနာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ပန်းတိုင်က သူတို့ နှစ်ယောက်တည်း မဟုတ်ဘဲ အာရာဖတ်မြို့က ကလေးတွေ အားလုံး ပညာတတ်တဲ့အခါ အရွယ်ရောက်ပြီးရင် အလွန်အသုံးဝင်တဲ့ အရည်အချင်းရှိသူတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ ပထမဆုံး ရည်မှန်းချက်က ကလေးတွေကို ပညာသင်ကြားနိုင်ဖို့အတွက် ဒီမြို့မှာ ကျောင်းဆောက်ဖို့ပဲ။”
"ဒါက မြို့တော်ဝန်ကို ပြောခဲ့တဲ့ဟာလား... ပညာရေးနဲ့ လေ့ကျင့်ရေးလား"
“အခြေခံပညာရေးက အစိတ်အပိုင်းတစ်ခုပဲလေ။ ဟုတ်ပါတယ်၊ ဘယ်အရာကိုမဆို အခြေခံကနေစရမှာပါ၊ ဒါကြောင့် ယောက်ဖရဲ့နားလည်မှုက မမှားပါဘူး။”
"ဒါက ငါနဲ့ ဘယ်လိုဆိုင်နေတာလဲ" ခွန်ပနီက သူ့ကိုယ်သူ ညွှန်ပြပြီး မေးသည်။
“ဆက်စပ်နေတာပေါ့။” ဂျိုရှူအာ က ခွန်ပနီ၏ ပုခုံးကို ပုတ်ကာ ပြုံးပြရင်း ဆိုသည် “ယောက်ဖ ခင်ဗျား မှော်ဆလွန်း တစ်စီးလောက် ဝယ်နိုင်ချင်တယ် မဟုတ်လား။ ခင်ဗျား ဒီစီးကရက်ကို နေ့တိုင်း ဆေးလိပ်သောက်ချင်နေတယ်မို့လား။ အစ်မကြီးတွေနဲ့ ကလေးတွေကို ပိုမိုကောင်းမွန်တဲ့ဘဝတွေ ပိုင်ဆိုင်စေချင်တယ် မဟုတ်လား။ ကျွန်တော့်အစီအစဉ်တွေကို ယောက်ဖနားထောင်နေသရွေ့ အဲဒါက ပြဿနာမဟုတ်ဘူး။”
ခွန်ပနီက ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းကုတ်လိုက်ပြီး "မင်း ငါ့ကို ဘာလုပ်စေတာချင်လဲ"
“ဒါဟာ အရမ်းရိုးရှင်းပါတယ်။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီက အာရာဖတ်မြို့မှာ မူလတန်းကျောင်းတစ်ကျောင်း ရင်းနှီးမြုပ်နှံမှာဖြစ်ပြီး ယောက်ဖက ဒီကျောင်းရဲ့ ကျောင်းအုပ်ဖြစ်လာမှာ။"
"ဟမ်?" ခွန်ပနီက ဂျိုရှူအာ ကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်ကာ ဖြေလိုက်သည် "မင်း ငါ့ကို နောက်နေတာလား"
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၅။ အခမဲ့ကားကြုံစီးသူ
နှစ်ရက်ကြာပြီးနောက် အာရာဖတ်မြို့မှ မှော်ဆလွန်းတစ်စီး အမြန်ထွက်ခွာသွားသည်။
ဝင်းန်နီမှာ ပြတင်းအပြင်ကို ကြည့်လိုက်ပြီး သူမ၏ ခဲအိုနှင့် အစ်မကြီးက အဝေး၌ ပျောက်ကွယ်သွားသည်ကို မြင်သော် မျက်လုံးများထဲ၌ မလိုချင်သော အရိပ်အယောင် အချို့ပေါ်လာသည်။
ခဏမျှ ငေးနေပြီးနောက် သူမဟာ နံဘေးရှိ ဟာဗက်ထ်ဘက်လှည့်လိုက်သည်။ သူ၏ မျက်နှာထက်တွင် ကြောက်ရွံ့ဟန်အနည်းငယ်နှင့် မလိုချင်သော အရိပ်ယောင်အချို့ကို တွေ့ရသော်လည်း စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့က ပိုသာသည်။
ဝင်းန်နီလည်း မနေနိုင်အောင် ပြုံးရင်း ခေါင်းပုတ်၍ နူးညံ့စွာ မေးလိုက်၏၊ "ဟာဗက်ထ် မင်းက အခုတောင် အရွယ်ရောက်နေပြီဆိုပေမယ့် ဒါက ပထမဆုံး အိမ်ကနေ ထွက်လာရတာဖြစ်မယ် ဟုတ်တယ်မလား?"
ဟာဗက်ထ်မှာ ၎င်းကို စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်၍ အသံကျယ်ကျယ်ဖြင့် ပြောပါ၏၊ "အင်း သားအရင်က အဝေးဆုံးရောက်ဖူးတာဆိုလို့ အဖေနဲ့အတူ မိုရိုမြို့တော်ကို သွားတုန်းကပဲ။"
"မိုရိုမြို့တော်? အဲ့နေရာက မင်းတို့ အိမ်ကနေဆို ၃၀ ကီလိုမီတာပဲ ဝေးတာလေ၊ ဒါပေမယ့် အခုမင်းသွားရမယ့်နေရာကတော့ ကီလိုမီတာ ၁ထောင်ကျော်ဝေးတယ်။ ကြောက်နေပြီလား?" ဝင်းန်နီက မေး၏။
ဟာဗက်ထ်လည်း စဉ်းစားလိုက်ပြီးနောက် ခေါင်းခါလေသည်။
"ဟင့်အင်း၊ ဒေါ်လေးက သားကို စောင့်ရှောက်ပေးမှာမို့ ကျွန်တော် မကြောက်ပါဘူး။"
ဝင်းန်နီမှာ တစ်ချက်မျှရယ်လိုက်ကာ သူ၏ ခေါင်းကို တစ်ဖန်ပုတ်လိုက်ပြီးနောက် ဟာဗက်ထ်အတွက် ပြင်ထားခဲ့သည့် သရေစာမုန့်အချို့ကို ထုတ်ယူလိုက်လေသည်။ သူဟာ ၎င်းကို စားနေရင်း မည်မျှ ပျော်ရွှင်နေသည်ကိုမြင်သော် သူမလည်း ရှေ့ခုံ၌ မှော်ဆလွန်း မောင်းလျက်ရှိသည့် ဂျိုရှူအာထံ လှည့်လာကာ စိုးရိမ်နေပုံဖြင့် ဆို၏၊ "ကျွန်မ စဉ်းစားပြီးပြီ၊ ခဲအိုကို မူလတန်းကျောင်းရဲ့ ကျောင်းအုပ်အဖြစ် ထားဖို့က စိတ်မချရလောက်ဘူးလို့ ခံစားရတယ်။"
"အိုး?" ဂျိုရှူအာက ရှေ့သို့သာ ဆက်ကြည့်နေပြီး လှည့်မလာခဲ့ပေ။
"ရှင်လည်း ခဲအိုကို မသိတာမဟုတ်ဘူး၊ သူက စာလုံးတချို့ကိုပဲ သိတာကို အခု ကလေးတွေကို စာဖတ်သင်ပေးရမယ့် ကျောင်းကို ကြီးကြပ်ခိုင်းနေပြီ။ ဒါက ဘယ်လိုကြည့်ကြည့် မှန်နေပုံမရဘူးလေ၊ မဟုတ်ဘူးလား? ပြီးတော့လည်း ခဲအိုက ရိုးသားတဲ့လူဆိုတော့ သူ့ကို ရိုးရှင်းတဲ့အလုပ်လေးလောက် လုပ်ခိုင်းမယ်ဆိုရင် ပြဿနာမရှိဘူးလို့ထင်တယ်၊ ဒါပေမယ့် ရုတ်တရတ်ကြီး ကျောင်းအုပ်လုပ်ခိုင်းတာကတော့..... သူမလုပ်နိုင်မှာစိုးရိမ်မိတယ်။"
"စိတ်ချပါ ဒီအလုပ်က မင်း ထင်သလောက် မခက်ပါဘူး" ဂျိုရှူအာက အပြုံးဖြင့် ဖြေလိုက်သည်၊ "ကိုယ်တို့ ကျောင်းကို တကယ်တည်ထောင်တဲ့အခါကျရင် အထူးပြုလူတချို့ကို ပို့လိုက်မှာလေ။ ကျောင်းကို လည်ပတ်ဖို့နဲ့ အရေးအပါဆုံး ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်လာရင် ယောက်ဖ ကိုယ်တိုင် ဒါကို လုပ်ဖို့မလိုပါဘူး။ ပြောရရင် ကိုယ် သူ့ကို ကျောင်းအုပ်အဖြစ်ရွေးလိုက်တာက ကျောင်းအုပ်ရာထူးမှာ လူတစ်ယောက်လိုနေလို့ပဲ၊ အဲ့လောက်ကြီး အရေးပါနေတာတော့ မဟုတ်ပါဘူး"
"ဒါပေမယ့် ကျွန်မ စိတ်ပူနေတုန်းပဲ... ခဲအိုက ဘာကိုမှမသိဘဲ ကုန်သည်တွေ မျိုးရိုးမြင့်တွေဆီက အလိမ်ခံရပြီး ကျောင်းကို ဆက်မဖွင့်နိုင်တော့မှာ စိုးရိမ်တယ်။" ဝင်းန်နီက စိုးရိမ်ဟန် ရှိနေသည်။
“ဒီအတွက် မင်း စိတ်ပူနေဖို့ မလိုပါဘူး။ ကိုယ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒီအစီအစဉ်အတွက် ပထမဆုံးနေရာအဖြစ် အာရာဖတ်မြို့ကို ရွေးချယ်ခဲ့တာက ဒီမြို့ရဲ့ ကောင်းချီးပဲလေ။ ဗစ်ကောင့်ထ်ရေဇာပဲဖြစ်ဖြစ် ဖော့ခ်တိုင်းပြည် လွှတ်တော်ကပဲဖြစ်ဖြစ် အားလုံး ဒီအချက်ကို သိကြတယ်၊ ဒါကြောင့် သူတို့အနေနဲ့ ဒါကို သေချာပေါက် ထောက်ခံတာမို့ တိုးတက်ဖို့က သေချာမယ်လို့ ကိုယ်ယုံကြည်တယ်။ ယောက်ဖကို လူတွေ လှည့်စားမှာ စိတ်ပူနေဖို့ မလိုပါဘူး။”
ဝင်းန်နီသည် ဂျိုရှူအာ အပြောက အနည်းငယ် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိသဖြင့် ခေါင်းညိတ်ကာ တိတ်တဆိတ် စဉ်းစားနေလိုက်သည်။
ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကို Frestech ကုန်သည်ကြီးများအသင်း၌ ကျဆုံးခဲ့သည့် ငါးနှစ်ခန့် အချိန်ကတည်းက နယ်မြေကြီးရှိ Frestech ကုန်သည်ကြီးများအသင်း၏ အနေအထားသည် လုံးဝပြောင်းလဲသွားခဲ့သည်။
အကယ်၍ Frestech ကုန်သည်ကြီးများအသင်းသည် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့သည်ဟု ဆိုပါက လွန်ခဲ့သော ငါးနှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းရှာဖွေဖို့ရာ နိုင်ငံများအားလုံးမှာ အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။
***
Vol 7, အခန်း ၆။ အားနည်းသောဧည့်သည်
နောက်နေ့ ကိုးနာရီတွင် ဂျိုရှူအာ ၏ မှော်ဆလွန်းသည် Frestech ကုန်သည်ကြီးများအသင်း၏ အခြေခံအဆောက်အအုံမြှင့်တင်ရေးဌာနရှိ အင်ဂျင်နီယာဌာန ယာယီအခြေစိုက်စခန်းသို့ ဖာနန်ဒက်ဇ်မြို့တော် အရှေ့ဘက်ဂိတ်မှ ရောက်ရှိလာပြီး ကတိအတိုင်း တေလာ နှင့်တွေ့ဆုံခဲ့သည်။
၎င်းတို့ ထွက်လာသောအခါတွင် အနက်ရောင် ၀တ်ရုံနှင့် အတန်ငယ် မည်းမှောင်သော အသားအရည်ရှိ အသက်လေးဆယ်ဝန်းကျင် လူလတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
“မိတ်ဆက်ပေးပါရစေ။ မှော်ပညာရှင် ဆိုဒက်၊ ဒီနှစ်ယောက်က မနေ့က ကျွန်မပြောခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။ ဒါ ဂျိုရှူအာ ၊ ဝင်းန်နီ၊ ဒါက ……” တေလာ ၏ မျက်လုံးများသည် ဟာဗက်ထ် ပေါ်သို့ ကျရောက်သွားသည်။
"ဒါ ကျွန်မ တူပါ။" ဝင်းန်နီက ပြောရင်းဖြင့် “လာ၊ ဟာဗက်ထ်၊ အဒေါ်တေလာကို နှုတ်ဆက်လိုက်။”
"မင်္ဂလာပါ ဒေါ်လေးတေလာ။" ဟာဗက်ထ် က နာခံစွာ လှမ်းပြောလိုက်သည်။
"ငါ့ကို အစ်မလို့ခေါ်လေ၊ ငါက အသက်မကြီးသေးဘူး" တေလာသည် ချက်ချင်းပင် ပျော်ရွှင်သော အပြုံးကို ထုတ်ပြပြီး ဂျိုရှူအာဘက်သို့ ပြန်မလှည့်မီ ဟာဗက်ထ်၏ မျက်နှာကို ညှစ်လိုက်သည်။ “ဂျိုရှူအာ, ဒါက ကျွန်မရှင့်ကို ပြောခဲ့တဲ့ တစ်ယောက်ပဲ။ ရှင်နဲ့အတူ ကုမ္ပဏီကိုပြန်လိုက်ဖို့ ကားလိုက်စီးချင်တဲ့ မှော်ပညာရှင် ဆိုဒက်ပါ။"
ဂျိုရှူအာသည် ပြုံးလျက် ဆိုဒက်ဆီသို့ လက်ကိုဆန့်ပေးလိုက်သည်၊ “တွေ့ရတာ ဝမ်းသာပါတယ်၊ မှော်ပညာရှင် ဆိုဒက်။ ခင်ဗျားက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဝင်ချင်တယ်လို့ တေလာ ပြောတာကို ကြားတယ်။ ကျုပ်က ခင်ဗျားကို ကုမ္ပဏီကိုယ်စား ကြိုဆိုပါတယ်။"
ဆိုဒက်သည် သာမန်မှော်ပညာရှင်တစ်ယောက်ဖြစ်ပြီး လူများနှင့် ဆက်ဆံရာတွင် ညံ့ဖျင်းသောကြောင့် ဂျိုရှူအာ၏လက်ကို လျင်မြန်စွာလှုပ်ယမ်းရန် လက်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် ခေါင်းတညိတ်ညိတ်ဖြင့် ပြုံး၍ ပြောသည် “မင်းတို့ရဲ့ ကုမ္ပဏီက လက်ခံပါ့မလားတော့ မသိဘူး”
ဂျိုရှူအာ သည် ဆိုဒက် ၏ရင်ဘတ်ကို သာမန်ကာလျှံကာကြည့်လိုက်ရာ ထိုနေရာတွင် တတိယအဆင့်မှော်ပညာရှင်တံဆိပ်တစ်ခုသာရှိကြောင်း တွေ့ရသောကြောင့် မနေနိုင်အောင် မျက်မှောင်ကုပ်မိသွားသည်။
သူ၏ အသွင်အပြင်ကို အခြေခံရလျှင် ဆိုဒက်သည် အနည်းဆုံး အသက် လေးဆယ်ရှိပြီဖြစ်ပြီး၊ သူသည် အသက်ငါးဆယ်ဟု ဆိုပါက လူများပင် ယုံနိုင်သည်။ သို့သော် သူသည် သူ့အသက်အရွယ်တွင် တတိယအဆင့် မှော်ပညာရှင်တစ်ဦးသာဖြစ်ရာ ၎င်း၏ မှော်ပညာစွမ်းရည်သည် ထူးချွန်ထက်မြက်သည်ဟု မဆိုလိုပေ။
သာမာန်အားဖြင့်ပြောရလျှင် သူသည် သူ၏အဆင့်တွင် မှော်သုတေသနဌာနသို့ ဝင်ရောက်ရန် အရည်အချင်းမပြည့်မီပေ။
သို့ပေမယ့် မှော်အစီအရင်တွေကို ရေးဆွဲသည့် လုပ်သားတစ်ယောက်အနေနှင့် ဆိုရင်တော့ ပြဿနာ သိပ်ရှိမှာ မဟုတ်ပါချေ။
သို့ပေမယ့် မှော်သုတေသနဌာနတွင် အလုပ်လုပ်ရသည်က သာမန်အလုပ်သမားဖြစ်ရတာထက် ပိုကောင်းတယ်ဆိုသည်ကို လူတိုင်းသိပါ၏။ ထို့ကြောင့် ဂျိုရှူအာ သည် ဆိုဒက် ၏အလားအလာများကို အကောင်းမြင်ခြင်းမရှိသော်လည်း မှော်သုတေသနဌာနတွင် ပါဝင်ရန် မဖြစ်နိုင်ကြောင်း တိုက်ရိုက်မပြောပေ။
သူက ပြုံးရုံပြုံး၍ ပြောလိုက်၏ "စိတ်လျှော့ပါ၊ ကျုပ်တို့ကုမ္ပဏီက မှော်စက်လုပ်ငန်းမှာ ပါဝင်ဖို့ မှော်ပညာရှင်အားလုံးကို ကြိုဆိုပါတယ်။ မှော်ပညာရှင် ဆိုဒက်က ကျုပ်တို့ကုမ္ပဏီမှာ ကိုယ့်နေရာကို သေချာပေါက် ရှာတွေ့လိမ့်မယ်ထင်တယ်”
ဘေးနားက တေလာက ဆိုဒက်၏ မှော်ပညာအဆင့်ကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်ရာ ၎င်းကိုကြားသည့်အခါ နားလည်မှုရှိသော အပြုံးကို ထုတ်ဖော်လိုက်ပါ၏။ထို့နောက် သူမဟာ ဝင်းန်နီကို မေးလိုက်သည်၊ "ရှင်တို့ ရောက်နေမှတော့ မသွားခင် နေ့လည်စာဝယ်ကျွေးမယ်ဆိုရင်ရော?"
ဝင်းန်နီက ခေါင်းခါလိုက်ကာ “အဲဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒီနေရာကဣ ပင်မအခြေစိုက်စခန်းကို ပြန်ရောက်ဖို့ ဆယ်နာရီကျော်ကြာဦးမှာ။ ကျွန်မတို့ အခုထွက်သွားရင် ဒီည ပြန်ရောက်နိုင်မယ်။ ရပ်ပြီး နေ့လယ်စာစားရင် ဒီနေ့ ရောက်နိုင်မှာ မဟုတ်ဘူး။”
"ရှင်ကဘာလို့ ဒီလောက်အလျင်လိုနေတာလဲ။ အန်ဗီမာမြို့တော်မှာ တစ်ညတာ နေလိုက်ရင် လမ်းမှာ အရမ်းပင်ပန်းမှာမဟုတ်ဘူး။ နောက်ပြီးတော့ ဝင်းန်နီ၊ ရှင့်မှာ ယာဉ်မောင်းလိုင်စင်မရှိဘူးဆိုတာ မှတ်မိတယ်။ ဂျိုရှူအာက လမ်းတစ်လျှောက်လုံး သူ့ဘာသာသူ ကားမောင်းနေရမှာ သေချာတယ်၊ ဒါကြောင့် သူအရမ်းပင်ပန်းမခံသင့်ဘဲ လမ်းတစ်လျှောက်မှာ အနားယူသင့်တယ်။” တေလာက သိလိုသောအသံဖြင့် ပြောသည်။
“ရပါတယ်၊ ကျင့်သားရနေပြီ” ဂျိုရှူအာက ခေါင်းခါပြီး ဆိုသည် “လွန်ခဲ့တဲ့ နှစ်,နှစ်လောက်တည်းက ကျုပ် ကားမောင်းလာတာမို့၊ ဆယ်နာရီကျော်လောက် မောင်းရတာ ပုံမှန်ပါပဲ၊ ဘာမှ မဖြစ်ပါဘူး”
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၇။ ကိုယ်ပိုင် မှော်အကာအရံတပ်ဆင်မှု
"ဟေး၊ မင်းတို့နှစ်ယောက်နဲ့ အဲဒီ့ကလေး၊ အားလုံး ငါ့အတွက် မှော်ဆလွန်းထဲက ထွက်ကြစမ်း!" ထိုလူကြီးမှာ အော်ဟစ်ရင်း သူ၏ ဓားကြီးကို ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြား လက်အောက်ငယ်သား အယောက်နှစ်ဆယ်ကလည်း ချဉ်းကပ်လာကြ၏။
သို့သော်ငြား ကြောက်ရွံ့ဟန် ပြလာသည့် ဟာဗက်ထ်မှလွဲ၍ ဂျိုရှူအာနှင့် ဝင်းန်နီတို့မှာ လုံးဝမစိုးရိမ်ဘဲ မျက်နှာထက် အပြုံးများသာ ရှိနေသည်။
"ဟေး ဝင်းန်နီ, မင်းအရင်က ဓားပြတွေနဲ့ တွေ့ဖူးတာလား?" ဂျိုရှူအာက တည်ငြိမ်စွာဖြင့် ဝင်းန်နီကို ထိုသို့မေးလိုက်သည်။
ဝင်းန်နီလည်း စိတ်ဝင်စားဟန်ဖြင့် ချဉ်းကပ်လာသည့် လူအယောက်နှစ်ဆယ်ကိုကြည့်ကာ ခေါင်းခါလိုက်၏။
"ဒီဓားပြတွေက ငါ့ကို တိုက်ခိုက်ရဲလိမ့်မယ်ထင်လား"
ဂျိုရှူအာက ဆို၏၊ “ဒါမှန်တယ်။ ကောင်းပြီ ဝင်းန်နီ၊ ကိုယ်တို့က မင်းနဲ့ ဒီကောင်တွေကို ထားခဲ့မယ်။ ဟာဗက်ထ် ငါနဲ့ အတူ လိုက်လာပြီး မင်းရဲ့ ဒေါ်လေးက သူ့ရဲ့ အစွမ်းအစကို ထုတ်ပြတာကို ကြည့်ကြမယ်။"
ဝင်းန်နီက ဂျိုရှူအာကို စိုက်ကြည့်လိုက်၏၊ "ဘာကို ကျွန်မ စွမ်းအား ထုတ်ပြတာလဲ၊ ကျွန်မကို အရမ်းကြမ်းတမ်းနေသလို ပြောနေတာပဲ။" ထိုသို့ပြောပြီးနောက် သူမဟာ ဟာဗက်ထ်၏ ခေါင်းကို ပွတ်သပ်ပြီး နူးညံ့သည့်အသံနှင့် ပြောလိုက်သည်၊ "လိမ်လိမ်မာမာနဲ့ မင်း ဦးလေးနဲ့အတူကြည့်နေနော်။ ဆက်ပြီး အသက်မရှင်ချင်တော့တဲ့ ဒီကောင်တွေကို ဒေါ်လေး ကိုင်တွယ်တာ ကြည့်နေလိုက်"
ဟာဗက်ထ်a က ခေါင်းညိတ်ပြပြီး ယောရှုနှင့် လိုက်သွား၏။ ထို့နောက် မျက်လုံးများ ကျယ်ဝန်းလျက် ဝင်းန်နီကို စူးစူးရှရှနှင့် စိတ်ဝင်စားစွာ ကြည့်လိုက်သည်။
အိမ်၌ရှိစဉ်က သူ၏ မိခင် ပြောဖူးသည်ကို ကြားဖူးပါ၏။ ဤကြင်နာတတ်သည့် ဒေါ်လေးမှာ အင်မတန် အံ့ဩဖွယ်ရာ နောက်ခံရှိသည်ဟုပင်....
ဂျိုရှူအာ နှင့် ဟာဗက်ထ် တို့ ဘေးဘက်သို့ ရွေ့သွားသည်ကိုမြင်လျှင် ဝင်းန်နီသည် သူမ၏ ညာလက်ကို မြှောက်၍ အန္တရာယ်ရှိသော အပြုံးတစ်ခုအဖြစ် နှုတ်ခမ်းများ တွန့်ကွေးသွားကာ ဓားပြအယောက်နှစ်ဆယ်ဘက်ကို လှည့်လိုက်သည်။
"ဟူး"
လူ့ခေါင်းအရွယ်လောက်ရှိသည့် မီးလုံးများစွာက ဝင်းန်နီဘေးပတ်လည်၌ စုစည်းသွားပြီးနောက် ဓားပြများထံ ပျံဝဲသွားသည်။
မီးလုံးတစ်ဝက်သည် မြေပြင်ပေါ်သို့ ထိမှန်ပြီး ပြင်းထန်သော ပေါက်ကွဲသံများ ဖန်တီးခဲ့သည်။ ကျန်တစ်ဝက်မှာ ဓားပြအချို့ကို ထိမှန်ခဲ့ပြီး မီးလောင်သွားခဲ့ပြီး လွင့်ထွက်သွားခဲ့သည်။
"ဖုန်း ဖုန်း ဖုန်း ဖုန်း"
မီးစွဲသွားကြသည့် ဓားပြတွေက အော်ဟစ်လိုက်ကြပြီး အားလုံး မြေပြင်ပေါ် လူးလဲကာကျသွားပါ၏။ မီးမစွဲသေးသော ကျန်ဓားပြများကမူ ဝင်းန်နီကို ထိတ်လန့်တကြားကြည့်ရင်း ပြန့်ကျဲသွားသည်။
"မှော်ပညာရှင်! တကယ်တော့ သူမက မှော်ပညာရှင်တစ်ယောက်ပဲ!”
ဝင်းန်နီမှာ ထိုဓားပြများကို အထင်အမြင်သေးစွာကြည့်၍ နှာမှုတ်လိုက်၏၊ "နင်က နင်တို့ လူလောက်လေးနဲ့ မှော်ပညာရှင်တစ်ယောက်ဆီက ခိုးချင်တယ်ပေါ့? တကယ်ကို သေချင်နေတာပဲ!"
၎င်းကို ပြောလိုက်ပြီးနောက် ဝင်းန်နီက သူမလက်ကို မြှောက်လိုက်ပြီး ဓားပြတွေဆီ နောက်ထပ် မီးလုံးတွေ လွှတ်လိုက်၏။
မှော်သုတေသနဌာန၏ တတိယအဆင့် သုတေသီတစ်ဦးအနေဖြင့် ဝင်းန်နီသည် Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်လာစဉ်က စတုတ္ထအဆင့်မှော်ပညာရှင်သာဖြစ်ခဲ့သည်။ ယခု သူမသည် Frestech ကုန်သည်ကြီးများအသင်းတွင် ငါးနှစ်ကြာနေခဲ့ပြီး၊ သူမသည် သူမ၏ မရေမတွက်နိုင်သော မှော်သုတေသနပရောဂျက်များဖြင့် စတုတ္ထအဆင့်မှ ဆဋ္ဌမအဆင့်အထိ သူမ၏ မှော်ပညာအဆင့်ကို မြှင့်တင်ခဲ့သည်။
မည်သည့် မှော်ပညာကိုမှ မသိသော ဓားပြများကို မပြောနှင့်၊ ၎င်းသည် နိုင်ငံတစ်ခု၏ စစ်တပ်မှ လက်ရွေးစင် အယောက်နှစ်ဆယ်ရှိသော အုပ်စုဖြစ်လျှင်ပင် သူမသည် ၎င်းတို့ကို မျက်လုံးထဲ ထည့်ထားမည်မဟုတ်ပေ။
သို့သော် ဤတစ်ကြိမ်တွင် သူမသည် ဓားပြများကို မီးလုံးများဖြင့် ပစ်လွှတ်လိုက်သောအခါ၊ ခေါင်းဆောင်နှင့် အခြားဓားပြသုံးဦးတို့သည် ရုတ်တရက် အပြာနုရောင် မှော်အကာအရံသုံးခု သူတို့ရှေ့တွင် ပေါ်လာသည်။
ဝင်းန်နီ၏ မီးလုံးများသည် ဤမှော်အကာအရံကို ထိမှန်ပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်မသွားမီ မှော်အကာအရံတွင် အားနည်းသောလှိုင်းဂယက်များကိုသာ ဖန်တီးခဲ့ပြီး ဓားပြတွေကို ထိခိုက်မှု လုံးဝမဖြစ်စေခဲ့ပါချေ။
ဝင်းန်နီမှာ အံ့ဩသွားပြီးနောက် မျက်လုံးများအား မှေးကျဉ်းလိုက်၏။
"ကိုယ်ပိုင်ရေစွမ်းအား မှော်အကာအရံ? ရှင်တို့မှာ ဘယ်လိုလုပ် ဒါရှိနေရတာလဲ?"
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၈။ ကိုယ့်ကိုယ်ကို ဖမ်းခံခွင့် ပြုခြင်း
ဝင်းန်နီသည် ဤဓားပြသုံးဦးသည် နောက်ထပ် စစ်မှော်စက်များ သို့မဟုတ် ဆက်စပ်ပစ္စည်းများကို ထုတ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရန် အနည်းငယ် စိတ်ရှည်စွာ စောင့်ခဲ့သည်။ သူတို့မထုတ်လာချိန်မှာတော့ သူမရဲ့စိတ်တွေ ပြေလျော့သွားပြီး ထိုကောင်တွေကို ရှင်းပစ်ဖို့ ပြင်ဆင်နေလိုက်သည်။
ဟုတ်ပါ၏၊ သူမ အားလုံးကို မသတ်နိုင်ပါချေ။
ရန်သူသည် ဓားပြအနည်းငယ်မျှသာဖြစ်ပြီး ၎င်းတို့တွင် အဆင့်မြင့်စစ်ဘက်သုံးမှော်စက်များပါရှိသောကြောင့် ၎င်းတို့၏ ကျောထောက်နောက်ခံမှာ မရိုးရှင်းပေ။
သို့ပေမယ့် ၎င်းတို့ အားလုံးကို ဘေးဖယ်ထားလိုက်ခြင်းအားဖြင့် ထိုဓားပြတွေလက်ထဲ အဆင့်မြင့် ကိုယ်ပိုင်မှော်အကာအရံများက ဘယ်လိုရောက်လာလဲဆိုသည်ကို စူးစမ်းလေ့လာဖို့က ပိုအရေးကြီးပါ၏။ Frestech ကုန်သည်ကြီးများအသင်းမှ သုတေသီတစ်ဦးအနေဖြင့် ဝင်းန်နီသည် သူမ၏ တာဝန်နှင့် ချည်နှောင်ထားသည်။
သို့သော် ဝင်းန်နီက ရွှေ့ဖို့ စီစဉ်နေချိန်တွင် အပေါ်စီးက အသံတစ်ခု ကြားလိုက်ရပါ၏။
"ဟမ်! အမှိုက်ကောင်တွေကို မျှော်လင့်ချက်ထားလိုက်တာက အချိန်ဖြုန်းတာပဲ”
အသံရပ်သွားသည်နှင့် တပြိုင်နက် မှော်စွမ်းအင် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။
ဝင်းန်နီက ထိတ်လန့်သွားပြီး ပြန်ပြေးဖို့ တွန့်ဆုတ်မနေပါချေ။
ဤမှော်စွမ်းအင် အပြောင်းအလဲများ အားကောင်းလာသည်နှင့်အမျှ ၎င်းသည် အဋ္ဌမအဆင့်မှော်ပညာရှင် သို့မဟုတ် ထိုထက်မြင့်သော မှော်ပညာရှင်မှ ထုတ်လွှတ်သော မန္တာန်တစ်ခုဖြစ်ပြီး သူမကိုင်တွယ်နိုင်သည့်အဆင့်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်ကို သိလိုက်ရ၏။
သို့သော် သူမ ပျံသန်းသော အရှိန်သည် မန္တာန်၏ အမြန်နှုန်းနှင့် မတူပေ။ သူမ ဝေးဝေးသို့ မပျံသန်းနိုင်ခင်တွင် ရှေ့၌ တောက်ပသည့် အလင်းတန်းတစ်ခု ကျရောက်သွားခဲ့၏။
သူမရှေ့ရှိ မီးပွားများကြောင့် ဝင်းန်နီမှာ ၎င်းက အဆင့်မြင့် လေစွမ်းအင်မန္တာန်၊ အဌမအဆင့် လေစွမ်းအင်မန္တာန်ဖြစ်သော လျှပ်စီးဓားသွားဖြစ်ကြောင်း ပြောနိုင်သည်။
ဤမန္တာန်သည် အဋ္ဌမအဆင့် မန္တာန်များထဲတွင် အစွမ်းထက်ဆုံး တစ်ခုတည်းသော ပစ်မှတ်မန္တာန်များထဲမှ တစ်ခုဖြစ်သည်။ ဝင်းန်နီ၏အဆင့်က ဆဌမတန်း မှော်ပညာရှင်တစ်ယောက်အနေနှင့် တောင့်ခံထားနိုင်ပါလျှင်တောင် သူမရဲ့ဒဏ်ရာတွေက ပေါ့ပါးသွားမှာမဟုတ်ပါချေ။
သို့သော် ဤမှော်ပညာရှင်က အံ့မခန်းမြန်ဆန်ရာ သူမ မရှောင်တိမ်းနိုင်တော့ပေ။
စိတ်ပျက်အားငယ်စွာဖြင့် ဝင်းန်နီသည် သူမ၏ခန္ဓာကိုယ်မှ မှော်စွမ်းအင်အမျှင်တစ်ခုကို ထုတ်လိုက်ပြီး သူမတွင်ရှိသည့် အရာတစ်ခုကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။
ဝင်းန်နီပေါ်တွင် အပြာရောင်အလင်းတန်းတစ်ခု ပျံ့နှံ့သွားပြီး သူမကို လုံးဝဖုံးအုပ်ထားသည်။
လျင်မြန်စူးရှသော လျှပ်စီးကြောင်းသည် ထိုအပြာရောင် မျက်နှာပြင်ကို ရိုက်ခတ်သောအခါ၊ ကြိမ်ဖန်များစွာ တုန်လှုပ်သွားစေသည်။ သို့သော် အဆုံးမှာတော့ မျက်နှာပြင်ကို လှုပ်လို့ရရုံသာဖြစ်ပြီး မျက်နှာပြင်ထဲသို့ စိမ့်ဝင်မသွားစေသည့် အတွက် သဘာဝအတိုင်း သူမကို ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်ခဲ့စေပေ။
တစ်ဖက်ကနေကြည့်လိုက်လျှင် ဝင်းန်နီထုတ်လွှတ်လိုက်သည့် အပြာရောင်အလင်းတန်းဟာ ဓားပြလေးယောက်ထံမှ ထွက်လာသည့် ရေစွမ်းအားမှော်အကာအရံနှင့် ဆင်တူနေသည်ကို တွေ့ရလိမ့်မည်။ သို့သော် အနီးကပ်ကြည့်သောအခါ အဋ္ဌမအဆင့် မန္တာန်ကို ခုခံနိုင်သဖြင့် ၎င်းသည် ပိုမိုအားကောင်းကြောင်း ထင်ရှားစွာ တွေ့ရှိနိုင်ပေသည်။
ဝင်းန်နီတစ်ချိန်လုံး ဝှက်ထားခဲ့သော ဤအရာသည် ကိုယ်ပိုင် မှော်အကာအရံပစ္စည်းများထဲမှ တစ်ခုဖြစ်သည်၊ သို့သော် ၎င်းအား ကိုယ်ပိုင်အကာအရံ စွမ်းအားကို တိုးမြှင့်ရန်အတွက် မှော်ပညာရှင်နှင့်အတူ လုပ်ဆောင်ဖို့ရန် အထူးပြုလုပ်ထားခြင်းဖြစ်သည်။
သာမာန်လူများအသုံးပြုသည့် ရိုးရှင်းသော မှော်အကာအရံပစ္စည်းများနှင့် နှိုင်းယှဉ်ပါက မှော်ပညာရှင်များအတွက် ပြုလုပ်ထားသည့် ဤအရာသည် ကိုယ်ပိုင် မှော်အကာအရံများအား များစွာပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်သည်။
ထို့အပြင် ၎င်းတွင် မှော်ပညာရှင်များ၏ မှော်စွမ်းအား ပံ့ပိုးမှုပါရှိသောကြောင့်၊ ၎င်းသည် ၎င်းတို့၏ မှော်ပညာအဆင့်အား လွှမ်းမိုးသွားမည်ဖြစ်သည်။ ဤအရာမှ ထွက်ရှိလာသော မှော်အကာအရံသည်လည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ဤအရာသည် မှော်ပညာရှင်၏ စွမ်းအားဖြင့် လုပ်ဆောင်နိုင်သော အရာဖြစ်ပြီး မှော်ပညာရှင်တစ်ယောက် ထုတ်လွှတ်သော မှော်အကာအရံကို ပိုမိုအားကောင်းလာစေရန် ခွင့်ပြုပေးသော အရာဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၉။ မင်းက ပိုပြီး တန်ဖိုးရှိတယ်
ဝင်းန်နီနှင့် ဂျိုရှူအာ တို့သည် မြင်းလှည်းပေါ်တွင်သာ ကန့်သတ်ထားပြီး အပြင်တွင် ဖြစ်ပျက်နေသည်ကို မမြင်နိုင်ကြပေ။ သို့သော် မြင်းလှည်းထဲသို့ ဝင်လာသော နေရောင်ခြည်ကို အခြေခံ၍ သူတို့သည် အကြောင်းအရာအချို့ကို ပြောပြနိုင်သည်။
မြင်းလှည်းက မှော်ဆလွန်းလောက်တော့ မမြန်ဘဲ သဘာဝအတိုင်း ရွေ့လျားပြီးသည်နှင့် မြောက်ဘက်ကို အရင်မသွားဘဲ အနောက်မြောက်ဘက်ကို ဦးတည်သွားခဲ့သည်။
ထို့အပြင် မြင်းလှည်းသည် တစ်နာရီလျှင် ကီလိုမီတာ နှစ်ဆယ်မှ သုံးဆယ်နှုန်းသာ ရွေ့လျားခဲ့ပြီး ၎င်းတို့တက်ပြီးကတည်းက ရပ်တန့်ခြင်းမရှိခဲ့ပေ။ ပြတင်းပေါက် အပြင်ဘက်မှ ထွက်လာသော နေရောင်သည် မှိန်ဖျော့ဖျော့ ဖြစ်ကာ မကြာမီ အလင်းရောင် လုံးဝ မတွေ့ရတော့သည့်အချိန်က ၎င်းတို့ ပထမဆုံး ရပ်တန့်လိုက်သည့် အချိန်ဖြစ်သည်။
“ထွက်သွားတော့ ငါတို့ ဒီမှာ အရင် အနားယူမယ်”
လူလတ်ပိုင်းမှော်ပညာရှင်သည် မြင်းလှည်းတွင် ဂျိုရှူအာနှင့် ဝင်းန်နီတို့ကို စောင့်ရှောက်နေသော လူနှစ်ဦးကို ကြည့်၍ အေးစက်စက်ပြောလိုက်သည်။
၎င်းတို့နှစ်ယောက် ထွက်လာပြီးနောက် သူတို့သည် ကျက်တီးမြေတောင်ကုန်းတစ်ခု၏ အခြေတွင် ရှိနေသည်ကို တွေ့လိုက်ရပြီး ၎င်းတို့ပတ်ဝန်းကျင်တွင် လူနေသည့် အရိပ်အယောင်များ မတွေ့ရပေ။
လမ်းတစ်လမ်းသည်ပင်... လွန်ခဲ့တဲ့ နှစ်နာရီက ၎င်းတို့ ချန်ထားခဲ့သည့် လမ်းဖြစ်လောက်သည်။
တစ်ဖက်က ၎င်းတို့၏ လုပ်ရပ်တွေကို ဖုံးကွယ်ထားဖို့ လိုအပ်သည်မှာ ထင်ရှားပါ၏၊ ထို့ကြောင့် လူများသည့် နေရာတွေကို ရှောင်၍ စိမ်းစိုနေသည့် ဤတောင်တန်း၌ အနားယူဖို့ ရွေးချယ်တာက ပုံမှန်ပါပင်။
ဂျိုရှူအာသည် နေဝင်ချိန်၌ အနောက်ဘက်သို့ မျှော်ကြည့်လိုက်ရင်း ၎င်းတို့အထက် ကောင်းကင်တွင်ရှိသော ကြယ်များကို ကြည့်ကာ ညခုနစ်နာရီဝန်းကျင်ရှိပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
၎င်းတို့ဘယ်ကိုရောက်နေသည်ဟု ဆိုရလျှင်…… ခန့်မှန်းခြေအရ ပြန်ပေးဆွဲခံရသည့်နေရာနှင့် ကီလိုမီတာ နှစ်ရာလောက်ဝေးပါ၏။။
၎င်းတို့သွားခဲ့သည့် လမ်းကြောင်းပေါ် မူတည်ပြီး ၎င်းတို့ဟာ ဖော့ခ်ဘုရင့်နယ်နိမိတ် အနီးဝန်းကျင်၌ ဖြစ်လောက်သည်။
အန်တီလာ တိုင်းပြည်မှလွဲ၍ ဤဦးတည်ချက်တွင် ဖော့ခ်တိုင်းပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တစ်ခုတည်းသောနိုင်ငံမှာ ယာ့ရှ်နယ်မြေဟုခေါ်သော နိုင်ငံငယ်လေးဖြစ်သည်။
၎င်းတို့ဘယ်မှာရှိသည်ဆိုတာ အတိအကျဆုံးဖြတ်၍မရပေ။
၎င်းတို့မှာ အနည်းငယ်ဝေးကွာသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ လူလတ်ပိုင်းမှော်ပညာရှင်သည်လည်း အနည်းငယ် အနားယူနေပုံရသည်။ ၎င်းတို့နှစ်ယောက် ထိုင်စရာနေရာရှာဖို့ ညွှန်ပြကာ သူတို့ထိုင်ပြီးနောက်တွင် တခြားလူတွေ ညစာချက်ဖို့ စောင့်နေလိုက်သည်။
သက်လတ်ပိုင်းမှော်ပညာရှင် ခေါ်ဆောင်လာသော အမျိုးသားများသည် လေ့ကျင့်သင်ကြားမှုကောင်းပြီး စခန်းချခြင်း အတွေ့အကြုံရှိပုံပေါ်သောကြောင့် စခန်းငယ်တစ်ခုထူထောင်ရန် အချိန်အကြာကြီးမယူခဲ့ပေ။
ဂျိုရှူအာ နှင့် ဝင်းန်နီတို့အား အံ့အားသင့်စေပြီး ရယ်စရာဖြစ်စေခဲ့သည်မှာ ဤလူနှစ်ဦးသည် ၎င်းတို့မျှော်လင့်ထားသည့်အတိုင်း မီးပုံများ မဖိုနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် အခြားမြင်းလှည်းများထဲမှ မှော်မီးဖိုနှစ်လုံးကို ထုတ်ကာ ရိုးရှင်းသော ညစာချက်ရန်အတွက် မှော်မီးဖိုများကို အသုံးပြုခဲ့သည်။
မွှေးရနံ့က ၎င်းတို့ပတ်လည်ကို ပျံ့သွားပါ၏။ အရသာရှိလှသော ဤအစားအစာကို စားလိုက်သောအခါ ဝင်းန်နီနှင့် ဂျိုရှူအာ တို့သည် ပြန်ပေးဆွဲခံရခြင်းမဟုတ်ဘဲ စခန်းချခရီးထွက်ရန် ဤနေရာကိုလာခဲ့ကြသည်ဟုပင် မနေနိုင်အောင် အထင်မြင်လွဲလုနီးနီးဖြစ်သွား၏။
၎င်းတို့ကို ဓါးနှင့် ခြိမ်းခြောက်သည့် လူတွေကြောင့်သာ မဟုတ်ပါလျှင် ၎င်းဟာ ကောင်းမွန်သည့် ခရီးတစ်ခု ဖြစ်နိုင်ပါ၏။
"အခု ကျုပ်တို့ကို ဘာလို့ ပြန်ပေးဆွဲခဲ့တာလဲဆိုတာ ပြောပြလို့ရပြီလား။" ယောရှုက အနည်းငယ်စားပြီးနောက် လူလတ်ပိုင်းမှော်ပညာရှင်ကို ဤသို့မေးလိုက်သည်။
သက်လတ်ပိုင်း မှော်ပညာရှင်က သူ့ဘေးနားက ဝင်းန်နီကို မကြည့်ခင် သူ့ကိုကြည့်ကာ ပြောလိုက်၏၊ "ကောင်လေး၊ ငါတို့ရဲ့ အဓိကပစ်မှတ်က သူပဲ၊ မင်းက အရေးမပါဘူး"
ဂျိုရှူအာ အံ့သြသွားသည်။ ဝင်းန်နီကလည်း မနေနိုင်အောင်ရယ်လျက် မေးလိုက်၏၊ “ဘာလို့ ကျွန်မတန်ဖိုးက သူ့ထက် ပိုမြင့်နေတာလဲ”
“ဒါက အရမ်းရိုးရှင်းပါတယ်။ မင်းက Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သုတေသနဌာနရ သုတေသနပညာရှင်တစ်ယောက်ဖြစ်ပြီး ဒီကောင်လေးကတော့ မဟုတ်ဘူးလေ။"
ထိုအဖြေကိုကြားတော့ ဂျိုရှူအာ နှင့် ဝင်းန်နီတို့ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်၍ စိတ်ထဲတွင် အတွေးတစ်ချို့ပေါ်လာကြသည်။
***
မှော်စက်မှုအင်ပါယာ
Vol 7, အခန်း ၁၀။ အလွယ်လေးကယ်ဆယ်ခဲ့တယ်
နောက်တစ်နေ့တွင် သူတို့အဖွဲ့သည် စခန်းမှ ထွက်ခွာသွားကြသည်။ ဂျိုရှူအာ နှင့် ဝင်းန်နီတို့လည်း မြင်းလှည်းပေါ်သို့ ပြန်တက်ကြပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြသည်။
နေ့တစ်ဝက်ခန့်အကြာတွင် နေအပြင်းထန်ဆုံးအချိန်သို့ရောက်သောအခါ မြင်းလှည်းသည် ရပ်သွားပြန်သည်။
ဂျိုရှူအာ နှင့် ဝင်းန်နီတို့သည် မြင်းလှည်းပေါ်မှ ထွက်လာကြပြီး ဤနေရာသည် လွင်တီးခေါင်ဟု မသတ်မှတ်နိုင်သော်လည်း ထိုနေရာနှင့် သိပ်မဝေးသည်ကို တွေ့ရတော့ အံ့အားသင့်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ ပတ်လည်မှာတော့ အိမ်ကြီးတစ်လုံးကလွဲ၍ ရှေ့ရှိ တောင်ကုန်းတွေနှင့် တောအုပ်တွေသာ ရှိနေသည်ကို နှစ်ယောက်သား တွေ့လိုက်ရသည် ။ အခြားလူများ၏ ခြေရာရာ လုံးဝမရှိပါချေ။
ဝင်းန်နီက မျက်ခုံးကို အနည်းငယ်တွန့်ချိုးပြီး သက်လတ်ပိုင်း မှော်ပညာရှင်ကို မေးလိုက်သည် ။ "ဟေ့ ရှင် ကျွန်မတို့ကို မှော်စက်သုတေသနလုပ်ဖို့ ဖမ်းခဲ့တာမဟုတ်ဘူးလား။ ဒီနေရာက သုတေသနလုပ်မယ့်နေရာလို့ ပြောနေတာလား။”
သက်လတ်ပိုင်းမှော်ပညာရှင်က သူမကိုကြည့်ကာ ဘာမှမပြောသော်လည်း လူနှစ်ယောက်က အိမ်ထဲသို့ ပို့ခံထားရသည့် ဟာဗက်ထ် ကို ညွှန်ပြသည်။
ဝင်းန်နီက မေးခွန်းအနည်းငယ်မေးသော်လည်း စကားတစ်ခွန်းမှ မပြောပါချေ။ လမ်းပေါ်မှာ ခဏခဏပြောခဲ့စဉ်ကနှင့် လုံးဝမတူချေ။
အိမ်ထဲဝင်ပြီး သိပ်မကြာခင်မှာပင် လူတစ်စု အမြန်ရောက်လာ၏။
ဂုဏ်သိက္ခာရှိပုံရပြီး မျိုးရိုးမြင့်အဝတ်အစားကို ၀တ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ဦးသည် ဝင်းန်နီကိုကြည့်ကာ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များ ရှိနေသည်။ ထို့နောက် သက်လတ်ပိုင်းမှော်ပညာရှင်အား ပြောလိုက်၏၊ “မူရှာ၊ သူမက ဒီတစ်ခေါက် ပစ်မှတ်လား” ဟု မေးသည်။
မူရှာ ဟုခေါ်သော သက်လတ်ပိုင်းအရွယ်လူက လေးနက်သော အသံဖြင့် ပြန်မဖြေမီ ဦးတစ်ချက်ညွှတ်လိုက်သည်။ “သခင့်ကို ပြန်ဖြေပါတယ်၊ ဒီမိန်းကလေးက ပစ်မှတ်ပါ။ သူမက ဝင်းန်နီစပန်ဆာ အမည်ရှိတဲ့ Frestech ကုန်သည်ကြီးများအသင်းက တတိယအဆင့် သုတေသီပါပဲ။ သူ့ဘေးက လူငယ်လေးကတော့ သူ့ခင်ပွန်း လာနို ဂျိုရှူအာ ပါ။ ဒီကလေးက သူ့တူလေး ဟာဗက်ထ် ပါ။”
လေးနက်ဟန်ဖြင့် ထိုလူသည် ဂျိုရှူအာ နှင့် ဟာဗက်ထ် တို့ကို ဂရုမစိုက်ဘဲ ကြည့်နေသော်လည်း ဝင်းန်နီဘက်သို့ လှည့်ကြည့်လိုက်သောအခါ အလွန်ဖော်ရွေသော အပြုံးကို ထုတ်ဖော်ခဲ့သည်။
“သုတေသီ ဝင်းန်နီ၊ ကျုပ်တို့ရဲ့ လျှို့ဝှက်သုတေသနဌာနကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အနာဂတ်မှာ မင်းအနေနဲ့ ဒီမှာ ပျော်ရွှင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး ကျုပ်တို့အလုပ်မှာ မင်းကိုယ်မင်း အပြည့်အ၀ ရင်းနှီးမြှုပ်နှံနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ဝင်းန်နီက သူ့ကို အေးစက်စက်နှင့် ကြည့်လိုက်ကာ "ရှင်က ကျွန်မတို့ကို ဒီလို ပြန်ပေးဆွဲခဲ့ဖူးပြီး ဒီမှာ ကျွန်မပျော်မယ်လို့ ရှင်မျှော်လင့်နေတယ်လား?"
ထိုလူက ဆိုလာ၏၊ “မင်းကို ဒီကို ဖိတ်လိုက်တဲ့နည်းလမ်းက နည်းနည်းကြမ်းပေမယ့် ကျုပ်ရဲ့ရိုးသားမှုကို မင်းသံသယရှိမှာမဟုတ်ဘူးလို့ မျှော်လင့်တယ်။ မင်းကို အကောင်းဆုံးသော လုပ်ငန်းခွင်အခြေအနေတွေကို ပေးဆောင်နေချိန်မှာ မင်းအနေနဲ့ ဒီနေရာမှာပဲ အကောင်းဆုံးဘဝနဲ့ ကျိန်းသေနေထိုင်နိုင်မယ်လို့ ကတိပေးတယ်။ မင်းအတွက် ဒီနေရာမှာ မရေမတွက်နိုင်သော လူတွေ စေလွှတ်ထားပြီး မင်းဆန္ဒရှိတိုင်း အသုံးပြုဖို့ မရေမတွက်နိုင်တဲ့ မှော်ပစ္စည်းတွေလည်း ထားပေးထားတယ်။ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်တာထက် ဒီမှာအလုပ်လုပ်ရတာ ပိုအဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။”
ဝင်းန်နီက ပြောလိုက်၏ထ "ကျွန်မ ထွက်သွားချင်တယ် ဆိုရင်ရော ?"
“ဟုတ်တယ် အဲဒါကိုတော့ ခွင့်မပြုဘူး။”
“ဒါဆို ကျွန်မခင်ပွန်းနဲ့တူကို လွှတ်ပေးခိုင်းရင်ရော ဒီနေရာကနေ သူတို့ကို ထွက်သွားခွင့်ပေးမှာလား”
"ဒါကိုလည်း ခွင့်မပြုပါဘူး"
"ဒါဆို ကျွန်မ Frestech ကုန်သည်ကြီးများအသင်းဆီ ဆက်သွယ်ပြီး ဒီမှာ အလုပ်လုပ်မယ်လို့ သူတို့ကို ပြောလို့ရမလား။"
“ခွင့်မပြုတာ ရှင်းပါတယ်” သက်လတ်ပိုင်းလူက ပြုံးပြုံးလေးနှင့် ပြောသည်။
"ဒါဆို ရှင် ပြောသမျှ စကားတွေ ဖြုန်းတီးနေတာ မဟုတ်ဘူးလား" ဝင်းန်နီသက်ပြင်းတစ်ချက်ချလိုက်သည်၊ “ဒါကြောင့် ရှင်တို့ မျိုးရိုးမြင့်တွေ လုပ်တာကို ကျွန်မအမြဲတမ်း သဘောမကျတာ။ ရှင်က ကျွန်မကို ပြန်ပေးဆွဲပြီး ဒီမှာ အလုပ်လုပ်ခိုင်းနေတာ ရှင်းနေတာမို့ တိုက်ရိုက်ပြောလိုက်ရုံပဲလေ။ အသုံးမဝင်တာတွပြောပြီး ဝေ့လည်ကြောင်ပတ်လုပ်နေဖို့ မလိုပါဘူး။ ဒါက အဓိပ္ပာယ်ရှိနေလို့လား?"