← Chapters

အခန်း (၂၁-၃၀)

Vol. 7 Ch. 21-30

အခန်း (၂၁-၃၀)

Vol. 7 Ch. 21-30

Vol 7, အခန်း ၂၁။ ကန်ဒရာ အခြေခံအဆောက်အဦကော်မတီ

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်တစ်နှစ် ကုန်ဆုံးခဲ့သည်။ ကန်ဒရာအင်ပါယာ၏ နယ်မြေအသီးသီးသည် နှစ်သစ်အတွက် ပြင်ဆင်နေကြပြီဖြစ်သောကြောင့် မြို့တော် ဝင်မ်ဘယ်လ်ဒန် တွင်လည်း ခြွင်းချက်မရှိပေ။

ယခင်နှစ်များကဲ့သို့ပင်၊ ဧကရာဇ်မင်းသည် လာမည့်နှစ်တွင် မူဝါဒများ၏ အကျိုးကျေးဇူးများကို နှစ်သစ်မကူးမီ နိုင်ငံသားများထံ ကြေငြာကာ ၎င်းတို့၏ စိတ်ဓာတ်ကို နိုးကြားစေပြီး နှစ်သစ်အတွက်လည်း ပြင်ဆင်နေစေသည်။

သို့သော် ယခင်နှင့် မတူဘဲ ယခုနှစ် ကြေညာချက်များတွင် ပုံမှန်ပြဿနာများအပြင် မြို့အများအပြားအတွက် အခွန်နှုန်းထားများ လျှော့ချခြင်း၊ ဒုက္ခသည်များအတွက် သိုလှောင်ရုံများ ဖွင့်လှစ်ခြင်းနှင့် အခြားကိစ္စရပ်များတွင် လူများစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည့် မူဝါဒ နှစ်ခုရှိသည်။

ပထမအချက်မှာ ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းနှင့် တရားဝင်သဘောတူညီချက်တစ်ခုရရှိခဲ့သည်။ လာမည့်နှစ် မတ်လတွင်စတင်၍ Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာ အင်ပါယာတွင် တရားဝင်ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

၎င်းတို့ချုပ်ဆိုထားသည့် စာချုပ်အရ Frestech ကုန်သည်ကြီးများအသင်းဟာ ဝင်မ်ဘယ်လ်ဒန် မြို့တော်အပြင်ဘက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေး အခြေစိုက်ရုံးကို ပထမဆုံး တည်ဆောက်မှာ ဖြစ်ပါ၏။ စိုက်ပျိုးရေးမှော်စက် စက်ရုံ၊ ဆောက်လုပ်ရေးမှော်စက် စက်ရုံ၊ အိမ်သုံး မှော်စက် စက်ရုံနှင့် သံမဏိစက်ရုံတို့ကို တည်ထောင်ကြမည်ဖြစ်သည်။

ယင်းမတိုင်မီက Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာတွင် အခြေစိုက်ရုံးနှစ်ခု၌ ရင်းနှီးမြှုပ်နှံထားပြီး စက်ရုံများစွာဖွင့်လှစ်ထားသော်လည်း အဆိုပါအခြေစိုက်ရုံးနှစ်ခုသည် Frestech ကုန်သည်ကြီးများအသင်းနှင့် မသက်ဆိုင်ချေ။ ၎င်းတို့ကို ကန်ဒရာအင်ပါယာ၏ ပြည်တွင်းကုမ္ပဏီများနှင့် Frestech ကုန်သည်ကြီးများအသင်းမှပူးတွဲ တည်ဆောက်ခဲ့ခြင်း သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းမှ ပြည်တွင်းကုမ္ပဏီများအမည်ဖြင့် တည်ဆောက်ခဲ့ခြင်းဟု ဆိုရမည်။

Frestech ကုန်သည်ကြီးများအသင်းတွင် မည်မျှ ၏အင်အားရှိပါစေ၊ ၎င်းသည် အမည်အရ ကန်ဒရာအင်ပါယာ၏ ကုမ္ပဏီနှင့်သာ သက်ဆိုင်သည်။

သို့သော် ယခုတစ်ကြိမ်တွင် ထုတ်လုပ်ရေး အခြေစိုက်ရုံးအသစ်သည် Frestech ကုန်သည်ကြီးများအသင်းနှင့် လုံးဝသက်ဆိုင်ပြီး ကန်ဒရာ အင်ပါယာအစိုးရမှ အသိအမှတ်ပြုခံထားရသည်။ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းနှင့်သာ သက်ဆိုင်သော အခြေစိုက်ရုံးတစ်ခုဖြစ်သည်။

ယင်းကို အခြေခံရလျှင် ကန်ဒရာ အင်ပါယာသည် နောက်ဆုံးတွင် ၎င်းတို့၏ ချုပ်တည်းထားမှုကို စွန့်လွှတ်လိုက်သည်ဟု ဆိုလိုသည်။ ၎င်းတို့သည် Frestech ကုန်သည်ကြီးများအသင်းနှင့် “ခက်ခဲစွာလုပ်ဆောင်” ခြင်းမပြုတော့ဘဲ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဒီရေနောက်လိုက်ရန် ရွေးချယ်ခဲ့သည်။

ဤသတင်း ပျံ့သွားသည့်အခါ လူတော်တော်များများက သဘာဝအတိုင်း စိတ်လှုပ်ရှားကြသည်။

Frestech ကုန်သည်ကြီးများအသင်းသည် လက်ရှိတွင် နယ်မြေကြီးတွင် နာမည်အကြီးဆုံး ကုမ္ပဏီဖြစ်ပြီး ၎င်းတို့ ဦးဆောင်သည့် မှော်စက်လုပ်ငန်းသည် အလားအလာအကောင်းဆုံး လုပ်ငန်းဖြစ်သည်။ နယ်မြေကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သော စက်မှုလုပ်ငန်းတစ်ခုအဖြစ်လည်း လူအများက ချီးကျူးကြသည်။

ကန်ဒရာအင်ပါယာကသာ ၎င်းတို့ကိုယ်၎င်းတို့ နှိမ့်ချပြီး ရင်းနှီးမြုပ်နှံဖို့ ဆန္ဒမရှိခဲ့ဘူးဆိုပါလျှင်၊ ၎င်းတို့ဟာ အနာဂတ်တွင် နောက်ကျကျန်ခဲ့နိုင်ပါ၏။

ဒုတိယသတင်းမှာ ကန်ဒရာ အင်ပါယာသည် လာမည့်နှစ်တွင် အစိုးရဌာနခွဲသစ်တစ်ခု ဖွဲ့စည်းတော့မည် ဖြစ်သည်။ ၎င်းကို ကန်ဒရာ အင်ပါယာအခြေခံ အဆောက်အအုံမြှင့်တင်ရေးကော်မတီ သို့မဟုတ် ရိုးရိုးရှင်းရှင်း ပြောရလျှင် ကန်ဒရာ အခြေခံအဆောက်အအုံဆိုင်ရာ ကော်မတီဟု အမည်ပေးခဲ့သည်။

ဤကော်မတီသည် ကန်ဒရာ အင်ပါယာလွှတ်တော်နှင့် သက်ဆိုင်ပြီး ၎င်းတို့၏ အဓိကလုပ်ငန်းမှာ အင်ပါယာတစ်ဝှမ်းရှိ အမျိုးမျိုးသောအခြေခံအဆောက်အအုံများကို ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်။

အခြေခံအဆောက်အအုံဆိုင်ရာ အယူအဆကို Frestech ကုန်သည်ကြီးများအသင်းမှ လွန်ခဲ့သည့် လေးနှစ်က အဆိုပြုခဲ့ပြီး လွန်ခဲ့သည့် နှစ်,နှစ်အတွင်း နယ်မြေကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၂၂။ ကျန်းမာရေး စောင့်ရှောက်မှုပြဿနာ

မှော်ဆလွန်းက သူတို့၏ ဦးတည်ရာသို့ မရောက်မချင်း ရှုယီ သည် လမ်းတစ်လျှောက်လုံး စကားတစ်လုံးမှ မပြောခဲ့ပေ။

စကားပြောချင်သော ဥက္ကဋ္ဌ ခရုစ်သည် ရှုယီ၏ မျက်နှာပေါ်ရှိ တည်တည်ငြိမ်ငြိမ် ဟန်ကို မြင်လိုက်ရပြီး မှော်ဆလွန်း၏ လေထုသည် ထူးဆန်းသည်ဟု ခံစားမိသောကြောင့် ပါးစပ်ကို ပိတ်ရန် လိမ္မာပါးနပ်စွာ သိလိုက်သည်။

မှော်ဆလွန်းရပ်သွားသောအခါ ရှုယီက အရင်ထွက်ခဲ့သည်။ ဥက္ကဌ ခရုစ်က သူ့နောက်ကို လိုက်သွားကာ ခဏရပ်ပြီးနောက် ခေါင်းစဉ်ပြောင်းဖို့ ဆုံးဖြတ်လိုက်၏။

"ဟေး, ရှုယီ၊ မင်းက အခု ကုမ္ပဏီကြီးရဲ့ ဥက္ကဌဖြစ်နေပြီ၊ မင်းဘာလို့ မှော်ဆလွန်းကို ကိုယ်တိုင်မောင်းရတာ ကြိုက်တာလဲ။ တခြားအရေးကြီးသူတွေဆီကနေ သင်ယူပြီး ကိုယ်ပိုင်ကားမောင်းသူခန့်ထားသင့်တယ် မဟုတ်ဘူးလား? ဒါက အားထုတ်မှု နည်းနည်းတော့ သက်သာလိမ့်မယ်။”

ရှုယီက သူ့ကို လှည့်ကြည့်လိုက်ပြီး စကားအနည်းငယ်သာ ပြောလိုက်သည်။

"ကားသမားရှိရင် ခင်ဗျား ခုနက ပြောတာတွေ ပြောနိုင်မှာမဟုတ်ဘူး.. ဟုတ်တယ်မလား"

ရှုယီ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ဥက္ကဌ ခရုစ်သည် ခါးသီးသောအပြုံးကို မနေနိုင်အောင် ထုတ်ဖော်လိုက်သည်။

ရှုယီရှေ့တွင် ထိုကောလာဟလကို သူဘာကြောင့် ထုတ်ပြောမိရသနည်း။

သို့သော် ရှုယီ၏ တုံ့ပြန်မှုအပေါ် အခြေခံရလျှင် ဤကောလာဟလဟာ အမှန်ဖြစ်နိုင်ချေရှိပါ၏။

ဆိုလိုသည်မှာ ရှုယီနှင့် ဘုရင်မကြီးအကြား ဆက်ဆံရေးသည် မည်သူမဆို ထင်ထားသည်ထက် ပိုနီးစပ်သည်ဟု ဆိုလိုသည်။ ၎င်းတို့၏ ချစ်ခြင်း ပုံဆောင်ခဲလေးပင်ရှိရာ ၎င်းမှာ မင်းသား ကိန်းပင်။

၎င်းက အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လမ်ပူရီတိုင်းပြည်ကို အမြဲ ထောက်ပံ့နေရပြီး ဘုရင်မကြီးကလည်း အဘယ့်ကြောင့် ရှုယီကို အထူးနှစ်သက်နေရခြင်းကို ဖြေရှင်းပေးနေသည်။

ဒီအဖြေဖြစ်ရင် မေးခွန်းတွေအားလုံးကို ဖြေနိုင်ပါတယ်။

ဥက္ကဋ္ဌ ခရုစ်သည် ၎င်းကို တွေးတောပြီး မနေနိုင်ဘဲ အသာပြုံးလိုက်မိသည်။

ဤအရာသာမှန်ပါက Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်ကို စွန့်လွှတ်ပြီး အခြားနိုင်ငံသို့ သွားမည်ကို စိုးရိမ်စရာ မလိုပေ။

မင်းသား ကိန်း သည် လမ်ပူရီ တိုင်းပြည်၏ ထီးနန်းကို သေချာပေါက် အမွေဆက်ခံရမည်ဖြစ်သောကြောင့်၊ ရှုယီသည် သားတော်ဘုရင်ဖြစ်မည့် တိုင်းပြည်ကို အဘယ်ကြောင့် စွန့်လွှတ်လိုက်ရမည်နည်း။

Frestech ကုန်သည်ကြီးများအသင်း၏ ပံ့ပိုးကူညီမှု ရရှိသရွေ့ လမ်ပူရီတိုင်းပြည်၏ အလားအလာမှာ ကောင်းမွန်ပါသည်။ လမ်ပူရီတိုင်းပြည်မှ အမ်ရစ် ကုန်သည်ကြီးများအသင်းသညမလည်း အခြားကုမ္ပဏီများအတွက် စိတ်ပူစရာမလိုပေ။ အထူးသဖြင့် ကန်ဒရာ အင်ပါယာနှင့် မာလို အင်ပါယာမှ လာသော ကုမ္ပဏီများဖြစ်သည်။

ဟုတ်ပါ၏၊ ထိုဆက်နွယ်မှုမရှိရင်တောင် အမ်ရစ်ကုန်သည်ကြီးများအသင်းဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် အမြဲနီးကပ်နေခဲ့သည်။ ရှုယီသည် သူ့အား တွဲဖက်အဖြစ်မှ စွန့်လွှတ်မည်မဟုတ်ကြောင်း သူယုံကြည်သည်။

၎င်းကိုတွေးပြီး ဥက္ကဌ ခရုစ်က အမြန်ရှေ့ကို လျှောက်သွားလိုက်၏။ သူသည် ရှုယီကိုအမှီလိုက်ပြီး ၎င်းတို့ရှေ့ရှိ ဆိုင်းဘုတ်တစ်ခုချိတ်ထားသော အဆောက်အအုံကြီးထဲသို့ သွားလိုက်သည်။

၎င်း ဆိုင်းဘုတ်တွင် ဗိသုကာပစ္စည်းထုတ်လုပ်ရေးအခြေစိုက်ရုံးရှိ အဓိကအလုပ်ရုံဖြစ်သည့် “ပထမဆုံး ဝင်မ်ဘယ်လ်ဒန် ဗိသုကာပစ္စည်း ထုတ်လုပ်ရေးအခြေစိုက်အလုပ်ရုံ” ဟု ဖော်ပြထားသည်။

ကန်ဒရာအင်ပါယာနှင့် အမ်ရစ် ကုန်သည်ကြီးများအသင်းတို့၏ စာချုပ်အရ၊ အမ်ရစ် ကုန်သည်ကြီးများအသင်းသည် သုံးနှစ်အတွင်း ကန်ဒရာ အင်ပါယာတွင် ကီလိုမီတာ တစ်ရာ့ ခြောက်ဆယ်လမ်းကို ခင်းရမည်ဖြစ်သည်။ ဘိလပ်မြေ၊ သံမဏိတုံးများ၊ ကွန်ကရစ်နှင့် အခြားပစ္စည်းများ၏ ပမာဏသည် အနန္တ ကိန်းဂဏန်းတစ်ခုလောက်အထိပင် ရောက်ရှိမည်ဖြစ်သည်။

ကီလိုမီတာတစ်ထောင်ကျော်ဝေးသော စတက်တိန်းနယ်မြေနှင့် လမ်ပူရီတိုင်းပြည်တို့မှ အဆိုပါပစ္စည်းများကို သယ်ယူရန် မဖြစ်နိုင်သော်လည်း၊ ၎င်းသည် စျေးနှုန်းကို များစွာတိုးမြှင့်စေမည်မှာ သေချာသည်။

ထို့ကြောင့် ကန်ဒရာအင်ပါယာနှင့် Frestech ကုန်သည်ကြီးများအသင်းတို့က ဆွေးနွေးပြီးနောက်၊ ဝင်မ်ဘယ်လ်ဒန် မြို့တော် အပြင်ဘက်တွင် အဆိုပါပစ္စည်းများထုတ်လုပ်ရန် ထုတ်လုပ်မှုအခြေစိုက်စခန်းတစ်ခု တည်ဆောက်ကာ လမ်းခင်းရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများကို ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့သည်။

ဤထုတ်လုပ်မှုသည် Frestech ကုန်သည်ကြီးများအသင်း၏ အမည်အောက်တွင်မဟုတ်ပေ။ ယင်းအစား Frestech ကုန်သည်ကြီးများအသင်းသည် ကနဦး လမ်းညွှန်မှုနှင့် နည်းပညာကိုသာ ထောက်ပံ့ရပြီး ကန်ဒရာ အင်ပါယာမှ အဓိက ထိန်းချုပ်သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာမှ လက်မှတ်ရေးထိုးထားသည့် ကနဦးစာချုပ်အရ၊ ကန်ဒရာ အင်ပါယာတွင် စတော့(stock) 60% ရှိပြီး Frestech ကန်ဒရာတွင် 40% ရှိသည်။ သို့သော်လည်း အမ်ရစ် ကုန်သည်ကြီးများအသင်းမှ ဖော်ပြချက်အရ ၎င်းတို့သည် ဤပစ္စည်းကို အသုံးပြုသူများဖြစ်မည်ဖြစ်သောကြောင့်၊ လမ်း၏ အရည်အသွေးကို အာမခံရန်အတွက် ဆောက်လုပ်ရေး ပစ္စည်းများ၏ အရည်အသွေးကို အာမခံဖို့ ပါဝင်လုပ်ဆောင်ခဲ့ကြသည်။

ကန်ဒရာ အင်ပါယာသည် အမ်ရစ် ကုန်သည်ကြီးများအသင်းမှပေးသော အကြောင်းပြချက်ကို မကျေနပ်သော်လည်း၊ အခြေအနေပေါ်မူတည်၍ အမ်ရစ် ကုန်သည်ကြီးများအသင်း၏ တောင်းဆိုချက်ကို သဘောတူရမည်ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးစတော့ရှယ်ယာများကို ကန်ဒရာအင်ပါယညတွင် 50%, Frestech ကုန်သည်ကြီးများအသင်းတွင် 30% နှင့် အမ်ရစ် ကုန်သည်ကြီးများအသင်းတွင် 20% ဖြင့် ပြန်လည်ပိုင်းခြားထားသည်။

ဤသည်မှာ ဘိလပ်မြေကို အဓိကထား၍ထုတ်လုပ်သည့် အလုပ်ရုံအား စတင်လည်ပတ်ကာ ဘိလပ်မြေထုတ်လုပ်သည့် ပထမဆုံးနေ့ ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ် ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များအဖြစ် ရှုယီနှင့် ဥက္ကဌ ခရုစ်တို့က လာရောက်စစ်ဆေးခဲ့သည်။ ထုံးစံအတိုင်း ကန်ဒရာ အင်ပါယာဘက်မှလည်း အရေးကြီးလူများကို စစ်ဆေးရန် စေလွှတ်ခဲ့သည်။

နှစ်ဦးသား လျှောက်လာသည်ကိုမြင်သော် ကန်ဒရာ၏ မှော်စက်မှုဌာနခေါင်းဆောင် ကောင့်ထ် ရာဖာအဲလ် အီရာဗင်နှင့် ကန်ဒရာ အခြေခံအဆောက်အဦကော်မတီ၏ပြောရေးဆိုခွင့်ရှိသူ ကောင့်ထ် သထ်ချာ မားဒေါ့ဖ်တို့မှာ အလုပ်ရုံရှေ့၌ လက်အောက်ငယ်သားတစ်စုနှင့် စောင့်ဆိုင်းနေကြသည်။

"ဥက္ကဋ္ဌ ရှု၊ ဥက္ကဋ္ဌ ခရုစ်၊ ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။" ကောင့်ထ် အီရာဗင် က ပြုံးလျက် ရှုယီဆီသို့ သူ့လက်ကို ကမ်းလိုက်သည်။

ရှုယီနှင့် ဥက္ကဌ ခရုစ် တို့သည် ၎င်းတို့နှစ်ဦးကို လက်ဆွဲနှုတ်ဆက်ကြပြီးနောက် ၎င်းတို့ စက်ရုံထဲသို့ မ၀င်မီ ၎လက်အောက်ငယ်သားများကိုလည်ူ အမြန်မိတ်ဆက်ပေးလာကြသည်။

ဝင်လာပြီးနောက် ရှေ့က အသံတွေကို ကြားလိုက်ရ၏။

ကြည့်လိုက်လျှင် မီတာတစ်ရာလောက်ရှည်သည့် ဘိလပ်မြေထုတ်လုပ်ရေးလိုင်းတွင် စက်အသစ်များ တန်းစီနေသည်ကို တွေ့လိုက်ရသည်။

အဝေးဆုံးမှ မှော်ကြိတ်စက်မှာ ကြိတ်ချေရန် တာဝန်ယူထားကာ စတင်အလုပ်လုပ်နေပြီ ဖြစ်သည်။

အမှုန်အမွှားများက အပေါက်မှထွက်လာပြီး မမြင်နိုင်သော စွမ်းအားဖြင့် စုပုံခံထားရပြီးနောက် ဘေးဘက်ရှိပြွန်ထဲသို့ အထည့်ခံလိုက်ရသည်။

ဤနည်းအားဖြင့် ကမ္ဘာမြေကြီးပေါ်ရှိ ဘိလပ်မြေထုတ်လုပ်ခြင်းမှ ထွက်လာသော အဆိပ်အတောက်အရှိဆုံး ဖုန်မှုန့်ညစ်ညမ်းမှုကို နည်းပါးအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စက်ရုံတစ်ခွင်လုံးတွင် ထင်းရှူးပင်များ ထား,ထားသည်။ ထိုသို့ဖြင့် လေထုထဲတွင် ဖုန်မှုန့်များရှိနေသေးလျှင်ပင် ၎င်းတို့ကို နတ်သူငယ် မျိုးနွယ်စု၏ အထူးအပင်များဖြင့် စစ်ထုတ်ပြီး အလုပ်ရုံကို အလွန်သပ်ရပ်စေမည်ဖြစ်သည်။ ၎င်းအား ဘိလပ်မြေစက်ရုံဟုပင် လုံးဝ မပြောနိုင်လောက်ပေ။

"အိုင်း ရှုယီ၊ ငါ မင်းကို ဒီအကြောင်းပြောဖို့ မေ့သွားတယ်။ ဒီအပင်တွေက နတ်သူငယ်တွေ ဖန်တီးထားတာလား။ တချို့ကို ငါတို့ ကုမ္ပဏီကို ရောင်းပေးစမ်းပါ၊ ငါတို့ အလုပ်သမားတွေက အလုပ်ခွင်မှာ ဖုန်မှုန့်တွေကြောင့် တနေကုန် ချောင်းဆိုးနေတော့ ငါတို့ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်” ဥက္ကဋ္ဌ ခရုစ်သည် စက်ရုံပတ်ပတ်လည်ရှိ အပင်များကို ညွှန်ပြသည်။

"ခင်ဗျားတို့ အလုပ်သမားတွေရဲ့ ကျန်းမာရေး ပြဿနာတွေကို ဂရုစိုက်ဖို့လိုတယ်လို့ ခင်ဗျားကို ကျုပ် အကြိမ်ကြိမ်ပြောပြီးပြီ၊ ကျုပ် ခင်ဗျားကို အဖြေတောင်ပေးခဲ့တယ်၊ ခင်ဗျား ဂရုမစိုက်ဘူး မဟုတ်လား" ရှုယီက သူ့ကို မျက်မှောင်ကုပ်၍ ကြည့်လိုက်သည်။

ဥက္ကဌ ခရုစ်က ခြောက်ကပ်ကပ် ရယ်မောကာ ခေါင်းကို လှည့်လိုက်၏၊ "အလုပ်သမားတွေက အလုပ်ရှုပ်လို့ဆိုပြီး အတော်များများက လိုက်မလုပ်ကြဘူးလေ..."

ရှုယီက ခပ်တိုးတိုး နှာမှုတ်လိုက်သည်။ ‘ဂရုမစိုက်တာက ခင်ဗျားရဲ့ အမ်ရစ် ကုန်သည်ကြီးများအသင်းက အလုပ်သမားတွေမဟုတ်ဘူး၊ အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ဂရုမစိုက်တာ ခင်ဗျားတို့ အမ်ရစ် ကုန်သည်ကြီးများအသင်းကိုယ်တိုင်ပဲ’ ဟု သူစဉ်းစားလိုက်၏။

နောက်ဆုံးတွင် စိုင်စ်နယ်မြေကြီး၌ ကျွန်လူ့အဖွဲ့အစည်းနှင့် မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်းတို့ ရောနှောထားသော လူ့အဖွဲ့အစည်းတစ်ခုရှိသောကြောင့် မည်သူမျှ လူ့အခွင့်အရေးကို ဂရုမစိုက်သလို ယင်းကရရှိလာသော အကျိုးကျေးဇူးများကိုလည်း ဂရုမစိုက်ကြပေ။

ဥက္ကဌ ခရုစ်လို ကုမ္ပဏီ ဥက္ကဌတစ်ယောက်၏ အမြင်တွင် အလုပ်သမားတွေသေလျှင်ပင် သူဘာမှခံစားရမှာမဟုတ်ပေ။

ထို့အပြင် အလုပ်သမားတစ်ဦးသေဆုံးသွားလျှင်ပင် ကံဆိုးသည်ဟုသာ ယူဆကြသည်။ ကုမ္ပဏီတစ်ခုက တာဝန်ယူပြီး လျော်ကြေးပေးမည့် ကမ္ဘာမြေကလို အရာမျိုးတော့ ရှိမှာ မဟုတ်ပေ။

၎င်းကိုတွေးပြီး ရှုယီက ကောင့်ထ် အီရာဗင် နှင့် ကောင့်ထ် မားဒေါ့ဖ် ဘက်ကို လှည့်၍ လေးနက်သည့်ဟန်ဖြင့် မေးလိုက်သည်။ “သခင်ကောင့်ထ်တို့ မှော်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမှာ အရည်အချင်းရှိတဲ့ အလုပ်သမားတွေကို အမြင့်ဆုံး လိုအပ်နေတာ။ ဒါကြောင့် ခင်ဗျားတို့ရဲ့အလုပ်သမားတွေအတွက် ကျန်းမာရေးနဲ့ ဘေးကင်းမှုကို ဂရုစိုက်ဖို့ ခင်ဗျား ကန်ဒရာ အင်ပါယာရဲ့ မှော်စက်ကုမ္ပဏီတွေကို သတိပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

ကောင့်ထ် အီရာဗင် နှင့် ကောင့်ထ် မားဒေါ့ဖ် က အပြုံးမပျက် ခေါင်းညိတ်ပြသော်လည်း ၎င်းတို့၏အမူအရာက ဂရုမစိုက်ကြောင်း ရှင်းရှင်းလင်းလင်းပြသနေသည်။

ရှုယီမှာ တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။ သူ့စကားတွေက သူတို့အတွက် စကားလုံးတွေထက် ဘာမှမပိုဘူးဆိုသည်ကို သူသိ၏၊ မခံစားဖူးလျှင် နားလည်မည်မဟုတ်ပေ။

ဥက္ကဋ္ဌခရုစ်သည် ရှုယီ၏လက်ထဲတွင် အတော်လေးခံစားဖူးသဖြင့် ခေါင်းယမ်းလိုက်သည်။ သူသည် ဘိလပ်မြေထုတ်လုပ်ရေးလိုင်း၏ အဆုံးရှိ ကုန်ချောပစ္စည်းများကို လှည့်ကြည့်ကာ ဘိလပ်မြေမှုန့်အချို့ကို ယူပြီး ပွတ်ကာ နှာခေါင်းနား တေ့လိုက်သည်။ ထို့နောက် အလုပ်ရုံထောင့်ရှိ ရေပုံးတစ်ပုံးဆီသို့ လျှောက်သွားကာ ရေအနည်းငယ် ခပ်လိုက်သည်။

ရှုယီသည် သူ၏ လှုပ်ရှားမှုများကို မြင်ပြီး စိုက်မကြည့်ဘဲမနေနိုင်ပေ။ သူဟာ သူ၏လက်ဖြင့် ရေနှင့် ရောထားပြီးသား ဘိလပ်မြေကို ရိုက်လိုက်သည်အား ကြည့်ရင်း ပြောလိုက်၏၊ "ခင်ဗျား လက်ကို မ‌လိုချင်တော့လို့လား?"

ဥက္ကဋ္ဌ ခရုစ်သည် အံ့အားသင့်သွားပြီးမှ ပြုံးလျက် လက်ကို ဝှေ့ယမ်းလိုက်သည်၊ "ရပါတယ်၊ ငါ ဒါကို ပုံမှန်လုပ်နေကြပဲ၊ ပြီးရင် လက်ဆေးဖို့ နည်းနည်းခက်ရုံပေါ့။"

ရှုယီသည် မနေနိုင်အောင် မျက်လုံးများကို လှိမ့်လိုက်သည်။ ဒီလူများဟာ ဘေးကင်းရေးနှင့် ပတ်သက်၍ နားလည်မှု အားနည်းသည်ဟု သူထင်မိသည်။

မှော်စက်များ ရောင်းရာတွင် သူပေးခဲ့သည့် ဘေးကင်းရေး လမ်းညွှန်ချက်များအား ၎င်းတို့အနေဖြင့် အကြိမ်များစွာ မကြည့်‌သည်မှာ သေ‌ချာသလောက်ရှိသည်။

“ဒါကို နောက်မှာ လျှော့လုပ်။” ရှုယီက ကြမ်းပြင်ပေါ်ရှိ ရောစပ်ထားသော ဘိလပ်မြေများကို ကြည့်ပြီး ဥက္ကဌ ခရုစ်အား တစ်ဖန်ပြောလိုက်သည်၊ “ဘယ်လိုလဲ? အရည်အသွေးက?"

ဥက္ကဋ္ဌ ခရုစ်က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး “အရမ်းကောင်းတယ်။ ဘိလပ်မြေ အရည်အသွေးက Frestech ကုန်သည်ကြီးများအသင်းအောက် မလျော့ဘူး။ အင်း... အတိအကျပြောရရင်၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းတည်းက ထုတ်လုပ်ခဲ့တဲ့ ဘိလပ်မြေထက်တောင် ပိုကောင်းတယ်။"

၎င်းကိုပြောပြီးနောက် သူက ကောင့်ထ် အီရာဗင် နှင့် ကောင့်ထ် မားဒေါ့ဖ် ကို သဘောတူကြောင်းပြသဖို့ လှည့်လိုက်ပါ၏။

ကောင့်ထ် အီရာဗင် နှင့် ကောင့်ထ် မားဒေါ့ဖ် နှစ်ယောက်စလုံးမှာ ချက်ချင်းပင် ပြုံးပြလာသည်။

"ဥက္ကဋ္ဌ ခရုစ်၊ စိတ်ချပါ၊ ဒီသုံးနှစ်တာ လမ်းဖောက်လုပ်မှု အစီအစဉ်က အရှင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာအတွက် အရမ်းအရေးပါပြီး ဒီထုတ်လုပ်မှု အခြေစိုက်ရုံးက အရေးကြီးဆုံး စက်ရုံပါပဲ၊ ဒါကြောင့် ကျွန်တော်တို့ ကတော့ ထုတ်ကုန်တွေရဲ့ အရည်အသွေးကို ကောင်းကောင်း အာရုံစိုက်မှာပါ။"

“အင်း၊ အရမ်းကောင်းတယ်။ အနာဂတ်မှာ ပစ္စည်းတွေအားလုံး အရည်အသွေးတူညီရင် ကျုပ်တို့ ကုမ္ပဏီက လမ်းတွေကို ထိထိရောက်ရောက် ခင်းနိုင်စေဖို့အတွက် အရေးကြီးဆုံး ထုတ်လုပ်မှုစွမ်းရည်ကို အာမခံနိုင်သွားမှာ။ ဒါသာမှန်ရင် ဒီအစီအစဉ်ကို သုံးနှစ်အတွင်း လွယ်လွယ်ကူကူ ပြီးမြောက်နိုင်မှာ သေချာတယ်။” ဥက္ကဋ္ဌ ခရုစ်က ပြုံးပြုံးလေး ပြော၏။

ကောင့်ထ် အီရာဗင် သည် ရှုယီနားသို့ ရုတ်တရက် နီးကပ်လာကာ အဝေးမှ လျှပ်စီးလက်သလို ဖြစ်နေသော ထုတ်လုပ်ရေးလိုင်းကို ညွှန်ပြရင်း ပြောလာသည်။ “ဥက္ကဋ္ဌ ရှု၊ ကြည့်ပါဦး၊ ဒီဘိလပ်မြေစက်ရုံက စတင်ထုတ်လုပ်နေပြီဖြစ်ပြီး အရာအားလုံး ချောမွေ့သွားပါပြီ။ ဒီ ထုတ်လုပ်ရေးအခြေစိုက်ရုံးက တခြားအလုပ်ခန်းတွေကိုလည်း မကြာခင် စတင်လည်ပတ်တော့မှာပါ၊ ဒါပေမယ့် …… ဒီအခြေစိုက်ရုံးပဲဆိုရင် အနာဂတ်မှာ အင်ပါယာရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းဖို့ ခက်လိမ့်မယ်……”

ရှုယီက သူ့ကို တစ္ဆေဆန်ဆန်ပြုံးကာကြည့်လိုက်သည်၊ "သခင်ကောင့်ထ်၊ ဘာကိုပြောချင်တာများလဲ"

"အဟမ်း……ဥက္ကဌရှု၊ စက်ပစ္စည်းအားလုံးကို အဝေးမှာရှိတဲ့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကနေ ပို့ရတာ၊ ဒါက အဆင်မပြေဘူးလို့ မထင်ဘူးလား?"

ရှုယီက အဓိပ္ပါယ်ပါပါ အပြုံးကို ထုတ်ပြလိုက်၏၊ "သခင် ကောင့်ထ်ရဲ့ အဓိပ္ပါယ်က... ခင်ဗျားလည်း ဒီထုတ်လုပ်ရေး မှော်စက်တွေကို လုပ်ချင်တာလား။"

ကောင့်ထ် အီရာဗင် က ရယ်မောလိုက်သည်၊ "ဥက္ကဌရှုက နည်းပညာကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ အရမ်းကျေးဇူးတင်မှာပါ"

ရှုယီသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည်ဟု တွေးကာ ပြုံးလျက် သူ့ကိုကြည့်လိုက်သည်။

ကန်ဒရာ အင်ပါယာသည် နယ်မြေကြီး၏ အင်ပါယာနှစ်ခုထဲမှ တစ်ခုဖြစ်ပြီး သဘာဝအားဖြင့် ၎င်းတို့သည် အချို့သောနိုင်ငံငယ်များကဲ့သို့ အခြားသူများ၏ အစီအစဉ်များကို လက်ခံလိုစိတ်ရှိမည်မဟုတ်ပေ။

သို့ပေမယ့် ၎င်းတို့ကိုယ်တိုင် အရာအားလုံးကို မြန်မြန်လုပ်ချင်ပါလျှင် ၎င်းတို့ကိုယ်ကိုယ် အထင်ကြီးလွန်းနေသည်ပင်...

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၂၃။ အလောင်းအစားလာလုပ်ကြည့်

"ထုတ်လုပ်ရေး မှော်စက်နည်းပညာနဲ့ ပတ်သက်ရင် ကျုပ်က အဲဒါကို လွှဲပြောင်းဖို့ ရည်ရွယ်ချက်ရှိတယ်။"

ဤစကားကို ရှုယီထံမှ ကြားလိုက်ရသည့်အခါ၊ အဝေးမှ တိတ်တဆိတ် နားထောင်နေသော ကောင့်ထ် အီရာဗင် နှင့် ကောင့်ထ် မားဒေါ့ဖ် တို့သည် တစ်ချိန်တည်းမှာပင် မျက်လုံးများ လက်သွားကြသည်။

"ဒါဆို ဥက္ကဌရှု၊ ဒါကို ကောင်းကောင်းဆွေးနွေးဖို့ အခုအခွင့်အရေးကို ယူလိုက်ရင်ရော?" ကောင့်ထ် အီရာဗင် က ရှုယီ ကို ချက်ချင်းဖိတ်ကြားလိုက်သည်။

“ကောင်းပြီ။” ရှုယီက ပြုံးပြီး ပြန်ပြောသည် ။

၎င်းတို့နှစ်ယောက်က တမင်တကာ အသံမလျှော့ကြသည့်အတွက် ဘေးရှိ ကောင့်ထ် မားဒေါ့ဖ် သာမက ဥက္ကဌ ခရုစ် လည်း ၎င်းတို့ပြောနေသည်ကို ကြားခဲ့ရပါ၏။

ဥက္ကဋ္ဌခရုစ်သည် ရှုယီကိုကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ ဘာကြောင့် ဒါကို လွယ်လွယ်ကူကူ သဘောတူလိုက်ကြောင်းကို နားမလည်ပေ။

လမ်ပူရီတိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းထံမှ ထုတ်လုပ်ရေးစက်နည်းပညာကို လွှဲပြောင်းရယူလိုစဉ်က၊ Frestech ကုန်သည်ကြီးများအသင်း သဘောတူလက်ခံလာရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်။

ထို့နောက် ၎င်းတို့သည် ဤနည်းပညာကို ကျွမ်းကျင်ရန် နှစ်အတော်ကြာ အသုံးပြုခဲ့ရပြီး လွန်ခဲ့သည့် နှစ်,နှစ်အတွင်း အဆင့်နိမ့် မှော်စက်အချို့ကိုသာ ထုတ်လုပ်နိုင်ခဲ့သည်။

ယခုတွင် ကန်ဒရာ အင်ပါယာက တောင်းဆိုလာခဲ့ရာ ရှုယီက ချက်ချင်း သဘောတူခဲ့ပါ၏။

ဒါက သူတို့ကို မျက်နှာသာပေးလွန်းနေတာ မဟုတ်ဘူးလား။

ထို့နောက် ရှုယီအား သူပြောခဲ့သည့် ကောလာဟလကို တွေးကြည့်ရင်း ဥက္ကဋ္ဌ ခရုစ်သည် အနည်းငယ် မကျေမနပ် မဖြစ်ဘဲ မနေနိုင်တော့ပေ။

ဤ ရှုယီသည် ကန်ဒရာ အင်ပါယာအတွက် ရက်ရောသူဖြစ်သော်လည်း သူနှင့် အလွန်နီးစပ်သည့် လမ်ပူရီ တိုင်းပြည်အတွက် တင်းကျပ်သော အခြေအနေများစွာသတ်မှတ်ထားသည်။ ၎င်းက တကယ်ကို တရားမျှတသည်ဟု ပြောဖို့ ခက်ပါ၏။

သို့သော်၊ ဤအတွေးသည် ဥက္ကဋ္ဌ ခရုစ်၏ စိတ်ထဲတွင် အနည်းငယ်သာ ပေါ်လာပြီးနောက် ၎င်းကို ပယ်ချလိုက်သည်။

သူနှင့် ရှုယီသည် ဆယ်နှစ်ကြာအောင် တစ်ယောက်ကိုတစ်ယောက် သိလာသောကြောင့် ရှုယီကို ကောင်းစွာနားလည်သည်ဟု ဆိုနိုင်သည်။

ရှုယီသည် ဤမျှ လွယ်သူမဟုတ်ကြောင်းနှင့် အရေးကြီးသောသူများကို မျက်နှာသာပေးသူမဟုတ်ကြောင်း သူသိသည်၊ သူ၏ ဤဆုံးဖြတ်ချက်အတွက် အထူးအကြောင်းပြချက်ရှိရမည်။

၎င်းကိုတွေးပြီး ဥက္ကဌ ခရုစ် က သူ့နှလုံးသားထဲရှိ မေးခွန်းများကို ဖိနှိပ်၍ ကောင့်ထ် မားဒေါ့ဖ် ကို ပြုံးကာပြောလိုက်သည်၊ “အရှင်ကောင့်ထ်၊ ဝင်မ်ဘယ်လ်ဒန်မြို့တော် အနီးတဝိုက်မှာရှိတဲ့ လမ်းနှစ်သွယ်အကြောင်းကို ကျုပ်တို့ ကုမ္ပဏီက ဧရိယာကို စူးစမ်းပြီး အစီအစဉ်တစ်ခု လုပ်ထားပြီးပါပြီ။ ကျေးဇူးပြုပြီး ကြည့်ပါဦး……”

…..

နှစ်ရက်ကြာ ဆွေးနွေးပြီးနောက်၊ ရှုယီသည် ကန်ဒရာအင်ပါယာ မှော်စက်မှု စီမံခန့်ခွဲရေးဌာနကို ကိုယ်စားပြုသည့် ကောင့်ထ် အီရာဗင် နှင့် နည်းပညာလွှဲပြောင်းမှု သဘောတူညီချက်အသစ်တစ်ခုကို လက်မှတ်ရေးထိုးရန်အတွက် Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းသည် လမ်းခင်းပစ္စည်းထုတ်လုပ်ရန် လိုအပ်သော ထုတ်လုပ်ရေးမှော်စက်များ၏ နည်းပညာအစိတ်အပိုင်းတစ်ခုကို ကန်ဒရာ အင်ပါယာသို့ လွှဲပြောင်းပေးမည်ဖြစ်ကာ ကန်ဒရာအင်ပါယာက ဤနည်းပညာကို ဆုပ်ကိုင်နိုင်ဖို့ နည်းပညာဆိုင်ရာ ဝန်ထမ်းတွေကို စေလွှတ်ခဲ့ပါ၏။

ဤသဘောတူညီချက်တွင် ရွှေဒင်္ဂါး ခုနစ်သန်းနှင့် ခြောက်သိန်းတန်ဖိုးရှိသော နည်းပညာအပိုင်းအစ ၁၂၇ခု ပါဝင်သည်။

တစ်ချိန်တည်းမှာပင်၊ ကန်ဒရာ အင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းအတွက် ဦးစားပေးမူဝါဒအချို့ကို ပံ့ပိုးပေးမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ ကန်ဒရာအင်ပါယာ မှော်စက်မှု စီမံခန့်ခွဲရေးဌာန ကိုယ်စား ကောင့်ထ် အီရာဗင် သည် Frestech ကုန်သည်ကြီးများအသင်းအား အရေးပါဆုံး ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများထဲမှ တစ်ခုအဖြစ် စာရင်းသွင်းမည်ဖြစ်သည်။

ဥပမာအားဖြင့်၊ ပုံမှန်ဆိုလျှင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များသည် ကန်ဒရာ အင်ပါယာသို့ ဝင်ရောက်သောအခါ၊ ၎င်းတို့ကို ရောင်းချခြင်းမပြုမီ မှော်စက်မှု စီမံခန့်ခွဲရေးဌာနထံမှ စစ်ဆေးခံရမည်ဖြစ်သည်။

ယခုအခါတွင် ၎င်းတို့အား အရေးပါသော ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများအနက်မှ တစ်ခုအဖြစ် စာရင်းသွင်းလိုက်ခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်အားလုံးကို ကန်ဒရာ အင်ပါယာသို့ ဝင်ရောက်ပြီးနောက် စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းတို့သည် မှော်စက်မှု စီမံခန့်ခွဲရေးဌာနထံမှ အသိအမှတ်ပြု အထူးအကြံပြုထားသော ထုတ်ကုန်များ ဖြစ်လာမည်ဖြစ်သည်။

ပထမအခြေအနေမှာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များသည် ကန်ဒရာ အင်ပါယာသို့ဝင်ရောက်သည့်အခါတွင် အဆိုပါလုပ်ထုံးလုပ်နည်းများအားလုံးကို ဖြတ်သန်းရန်မလိုအပ်ဘဲ အချိန်နှင့်လူအင်အားကို အနည်းငယ် သက်သာစေမည်ဖြစ်သည်။

ဒုတိယအခြေအနေအတွက်မူ၊ Frestech ကုန်သည်ကြီးများအသင်း၏ ကျော်ကြားမှုနှင့် ပတ်သက်၍ များစွာ အဓိပ္ပါယ်မရှိသော်လည်း ကန်ဒရာ အင်ပါယာအစိုးရသည် မှော်စက်များ လိုအပ်ပါက Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များကို သေချာပေါက် အသုံးပြုမည်ဖြစ်ကြောင်း မှော်စက်မှု စီမံခန့်ခွဲရေးဌာနက ကတိပြုခဲ့သည်။ ဤအရာတစ်ခုတည်းကပင် Frestech ကုန်သည်ကြီးများအသင်းအား အမြတ်အစွန်းများစွာကို ယူဆောင်လာရန် လုံလောက်ပါသည်။

ငွေကြေးရှုထောင့်မှ ကြည့်လျှင် Frestech ကုန်သည်ကြီးများအသင်းသည် ထုတ်လုပ်ရေး မှော်စက်နည်းပညာကို ကန်ဒရာ အင်ပါယာသို့ လွှဲပြောင်းပေးခြင်းသည် အလွန်အကျိုးအမြတ်များသော စီးပွားရေးသဘောတူညီချက် တစ်ခုဖြစ်သည်။

သို့သော် အရာအားလုံးကို မျက်မြင်တွေ့ခဲ့ရသည့် ဥက္ကဌ ခရုစ်သည်တော့ ၎င်းကို အရမ်းရှုပ်ထွေးနေခဲ့ပါ၏။

"ရှုယီ၊ မင်း ဒီတန်ဖိုးကြီးတဲ့ နည်းပညာကို ဘာလို့ ဒီလောက်လွယ်လွယ် ပေးလိုက်တာလဲ။ ငါသာဆိုရင် ဒါကို လက်ထဲမှာ သေချာသိမ်းထားပြီး အဲဒီ ကန်ဒရာ အင်ပါယာကောင်တွေကို ဂရုစိုက်မှာမဟုတ်ဘူး။ သူတို့က ထုတ်လုပ်ရေး မှော်စက်တွေ သေချာပေါက် လိုအပ်နေတာဆိုတော့ သူတို့ကို ကုမ္ပဏီကနေ ဝယ်ခိုင်းလိုက်ရင် အပိုဝင်ငွေ ရမှာ မဟုတ်ဘူးလား”

“ကျုပ်သာ ပိုက်ဆံကိုပဲ ဂရုစိုက်ရင် ခင်ဗျားရဲ့အကြံက အကောင်းဆုံးရွေးချယ်မှုပဲ” ရှုယီက ခေါင်းခါလိုက်၏၊ "ဒါပေမယ့် ကျုပ် အဲဒါကို ဂရုမစိုက်ဘူးဆိုတာ ရှင်းနေတာပဲ။"

“ကောင်းပြီ၊ မင်းမှာ ရေရှည်ရည်မှန်းချက်တွေရှိတယ်ဆိုတာ ငါသိတယ်၊ ဒီငွေနည်းနည်းကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကန်ဒရာ အင်ပါယာက သေးငယ်တဲ့နိုင်ငံမဟုတ်ဘူးလို့ မင်းတွေးဖူးလား၊ သူတို့အတွက် ဒီနည်းပညာကို ပေးလိုက်ရင် ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိနေတာသရွေ့ သူတို့က မင်းရဲ့ ကုမ္ပဏီကို လိုအပ်မှာ မဟုတ်ဘူး။ အဲဒီ့အချိန်ရောက်တဲ့အခါ၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက အခုလို သူတို့အတွက် အရေးပါမှာ မဟုတ်ဘူး၊ ဒါက အရမ်းအန္တရာယ်များတယ်လို့ မထင်ဘူးလား။"

ရှုယီက ဥက္ကဋ္ဌ ခရုစ်ကို လှည့်ကြည့်လိုက်ရင်း မျက်နှာထက်တွင် ၎င်းကို ကျီစယ်လိုဟန် အပြုံးက ရှ်ိနေသည်။

"သူတို့ကို ကျွန်တော် နည်းပညာပေးလိုက်ရင် အရည်အသွေးပြည့်မီတဲ့ ထုတ်လုပ်ရေးမှော်စက်တွေကို တကယ်တည်ဆောက်နိုင်လိမ့်မယ်လို့ ခင်ဗျား တကယ်ထင်လား"

“မင်းဘာကိုဆိုလိုမှန်း ငါသိတယ်၊ အချိန်တိုအတွင်းမှာ သူတို့ ဆုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ကန်ဒရာ အင်ပါယာက ကြီးမားတဲ့ အင်ပါယာ ဖြစ်နေတုန်းပဲ။ သူတို့ကို အချိန်နည်းနည်းပေးရင် သေချာပေါက် ဆုပ်ကိုင်နိုင်လိမ့်မယ်” ဥက္ကဋ္ဌ ခရုစ်က ၎င်းကို ပြောရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ခရုစ်၊ ခင်ဗျားက နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး ဒီစက်မှုလုပ်ငန်းမှာ ဝါရင့်သူလို့ သတ်မှတ်လို့ရတယ်၊ ပြီးပြည့်စုံတဲ့ မှော်စက်မှုလုပ်ငန်းက ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းမသိသေးဘူးလား။" ရှုယီက ခေါင်းခါလိုက်သည်၊ "စိတ်ချပါ၊ ကန်ဒရာ အင်ပါယာက ကျုပ်တို့ ကုမ္ပဏီက ထုတ်လုပ်တဲ့ မှော်စက်နည်းပညာကို အတိုင်းအတာတစ်ခုအထိ ဆုပ်ကိုင်ထားနိုင်လောက်ပေမယ့်လည်း၊ ထုတ်လုပ်မှုမှော်စက်တစ်ခုကို ကိုယ်တိုင် ပြုလုပ်နိုင်မှာမဟုတ်ဘူး။"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ဥက္ကဋ္ဌ ခရုစ်သည် မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

"မယုံဘူးလား?" ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ကာ "ကျုပ်တို့ ဘယ်လိုလောင်းကြေးထပ်မလဲ။ ကန်ဒရာ အင်ပါယာသာ သုံးနှစ်အတွင်း သူတို့ ကိုယ်ပိုင်စွမ်းအားနဲ့ ထုတ်လုပ်ရေး မှော်စက်တစ်ခုကို ဖန်တီးနိုင်ရင် ဒီနည်းပညာကို ခင်ဗျားတို့ အမ်ရစ် ကုန်သည်ကြီးများအသင်းဆီ အခမဲ့ ပေးမယ်။ မလုပ်နိုင်ရင် ခင်ဗျားရဲ့ အမ်ရစ် ကုန်သည်ကြီးများအသင်းက ကျုပ်တို့ကုမ္ပဏီအတွက် ပရောဂျက်တစ်ခုပြီးအောင်လုပ်ပေးရမယ်။"

ဥက္ကဌ ခရုစ်က မျက်မှောင်ကုပ်လိုက်သည်၊ "ရှုယီ၊ လောင်းကြေးတွေက မမှန်ဘူးလေ။ ငါတို့ လောင်းကြေးမထပ်ရင်တောင် မင်းအတွက် ငါ့ကို ပရောဂျက်တစ်ခု ပြီးအောင်လုပ်စေချင်တယ်လို့ ငါပြောရင် မဟုတ်ဘူးလို့ ငြင်းမှာလား။" ထိုသို့ ပြောပြီးနောက် သူက ရယ်မောလိုက်၏၊ "ဟုတ်တယ်၊ ပိုက်တံတစ်ပြားမှ မပေးဘူးဆိုရင်တော့ ငါတကယ်စဉ်းစားလို့ရပါတယ်။"

“ကျုပ် ပိုက်ဆံမပေးတာကတော့ မဖြစ်နိုင်ဘူး၊ သာမာန်အစီအစဉ်တွေကို လိုက်နာကြတာပေါ့။ ဒါပေမယ့် …… ဒီပရောဂျက်က ခင်ဗျား လုပ်ချင်တဲ့ အရာတစ်ခုတော့ မဟုတ်ဘူး။ ဘယ်လိုလဲ? ခင်ဗျား ဒီလောင်းကြေးကို လက်ခံချင်လား"

"အဲ့ဒါကို ငါက လုပ်ချင်စိတ်မရှိဘူးလား?" ဥက္ကဌ ခရုစ်က မျက်မှောင်ကုပ်ပြီး ရေရွတ်လိုက်သည်။ ရှုယီ ပေးမည့် ပရောဂျက်က မည်မျှ ဒေါသထွက်စရာကောင်းစေကာမူ အမ်ရစ် ကုန်သည်ကြီးများအသင်းသည် အဆုံးတွင် ၎င်းကို လုပ်ဆောင်မည်ဟု သူထင်မိသည်။

ရှုယီက သူနဲ့ အလောင်းအစားလုပ်တာ ဘာအတွက်လဲ။ ကန်ဒရာ အင်ပါယာက သုံးနှစ်အတွင်း ထုတ်လုပ်ရေး မှော်စက်တစ်ခုကို မပြုလုပ်နိုင်တဲ့အကြောင်း သူ့ကို ယုံကြည်စေချင်ရုံပဲဆိုတာ ဖြစ်နိုင်ပါ့မလား။

"ဘယ်လိုလဲ? လောင်းမှာလား?" ဥက္ကဌ ခရုစ် က တုံ့ဆိုင်းနေသေးသည်ကို မြင်လိုက်ရသော် ရှုယီက သူ့ကို ဆက်ကု တိုက်တွန်းလိုက်သည်။

ဥက္ကဌ ခရုစ်သည် အတန်ကြာ စဉ်းစားနေပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြခဲ့သည်။

"ကောင်းပြီ ဒါဆို လောင်းကြေးထပ်ရအောင်! သုံးနှစ် နော်။ ဟုတ်တာပေါ့ ကန်ဒရာ အင်ပါယာရဲ့ တိုးတက်မှုက ချောမွေ့စွာ လည်ပတ်နိုင်ပြီးရင် နောက်နှစ်မှာတင် မင်းရှုံးသွားနိုင်တယ်။” ဥက္ကဋ္ဌ ခရုစ်သည် တမင် ချီတုံချတုံဖြစ်ဟန်ဆောင်၍ ခေတ္တရပ်လိုက်ပြီး အပြုံးဖြင့် ပြောသည်၊ “ထုတ်လုပ်ရေး မှော်စက်တွေက ငါတို့ အမ်ရစ် ကုန်သည်ကြီးများအသင်း အဓိက အာရုံစိုက်စရာ မဟုတ်ပေမယ့် အဲဒါအတွက် ပိုက်ဆံနည်းနည်းလောက် ထုတ်ရတာ အဆင်ပြေပါတယ်။”

"ခင်ဗျား အရင်ဆုံးရအောင်လုပ်ရဦးမယ်။"

ရှုယီက ပြုံးပြသည်။ သူဟာ ဤနေရာကို မောင်းလာသည့် မှော်ဆလွန်းကို ညွှန်ပြ၍ ဥက္ကဌ ခရုစ်ကို ပြောလိုက်သည်၊ "ခင်ဗျားက ဝင်မ်ဘယ်လ်ဒန်မြို့တော်မှာ ခဏလောက်နေမှာဆိုတော့ ဒီ မှော်ဆလွန်းကို အခု သုံးလို့ရတယ်။ ခင်ဗျားအဲဒါကို သုံးပြီးသွားရင်တော့ ကျုပ်တို့ကုမ္ပဏီရဲ့ ဌာနခွဲရှိတဲ့နေရာမှာ ထားခဲ့လို့ရတယ်။"

ဥက္ကဋ္ဌ ခရုစ်က အံ့အားသင့်သွားသည်၊ “ မင်းက အခု ဘယ်သွားမလို့လဲ။"

ရှုယီသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ Frestech ကုန်သည်ကြီးများအသင်း၏ လက်အောက်ငယ်သားများက ဝိုင်းဖွဲ့လာကြသည်။

"ကျုပ် ထုတ်လုပ်ရေးမှော်စက်နည်းပညာကို ကန်ဒရာ အင်ပါယာဆီ ပေးလိုက်ကတည်းက မာလို အင်ပါယာကရော ကျုပ်ကို လွှတ်ထားမယ်လို့ ထင်လား။"

"ဒါဆို မင်းအခု မာလို အင်ပါယာကို သွားတော့မယ်လို့ ဆိုလိုတာလား။"

“မှန်တယ်။”

"ဒီ မှော်ဆလွန်းကို ပေးလိုက်ရင် ဘယ်လိုသွားမှာလဲ"

ရှုယီသည် စကားတစ်ခွန်းမှမဆိုဘဲ ပြုံးကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ခဏအကြာတွင် အနောက်ဘက်၌ အနက်ရောင်ပုံရိပ်များ ပေါ်လာသည်။

ဥက္ကဌ ခရုစ်လည်း ရုတ်တရက် သဘောပေါက်သွား၏ “ဟေး ဒါဆို မင်း မှော်လေသင်္ဘောကို သုံးနေတာပေါ့။ ဒါက မှော်ဆလွန်းထက် အများကြီး ပိုမြန်ပြီး ပိုအဆင်ပြေတယ်။ မှန်တယ်၊ ရှုယီ ဒီအကြောင်းပြောရရင် မင်း ငါ့ကို မှော်လေသင်္ဘောတစ်စီးလောက် ရောင်းပေးရင်ရော။ ငါက မင်းထက်ပိုပြီး ပြေးလွှားနေရတာ၊ ငါ့မှာသာ မှော်လေသင်္ဘော တစ်စီးလောက် ရှိခဲ့ရင်၊ အဲဒါက ငါ့ကို အားထုတ်မှု နည်းနည်း သက်သာလိမ့်မယ်။"

"မှော်လေသင်္ဘောရဲ့ လက်ရှိသုံးစွဲမှုနဲ့ ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်က မှော်ဆလွန်းထက် အဆတစ်ရာကျော်လောက် ပိုများတယ်၊ ခင်ဗျား လိုအပ်တာ သေချာလို့လား။" ရှုယီက သူ့ကိုကြည့်ရင်း ရယ်စရာကောင်းသည်ဟု ခံစား လိုက်ရပြီး ဆက်ပြောလိုက်၏၊ "ဒါ့အပြင် စျေးနှုန်းက... မှော်လေသင်္ဘောတစ်စီးနဲ့တင် ရွှေဒင်္ဂါးငါးသိန်းပဲ၊ ခင်ဗျားတကယ်ပဲ ဝယ်ချင်တာလား။"

"ရွှေဒင်္ဂါးငါးသိန်း?" ဥက္ကဋ္ဌ ခရုစ်၏ နှုတ်ခမ်းများ တုန်ယင်သွားကာ အနည်းငယ် နာကျင်နေပုံရသည်။ သို့သော် စဉ်းစားပြီးသည့်နောက် အံကြိတ်လိုက်ကာ “ကောင်းပြီ! ငါးသိန်းပေါ့လေ ! မင်းရောင်းချင်ရင် ငါဝယ်မယ်!"

ရှုယီသည် သူ့ရှေ့မှ ဖြည်းညှင်းစွာ ဆင်းသက်လာသော မှော်လေသင်္ဘောကိုကြည့်ကာ ပြောလိုက်သည်၊ "ခင်ဗျားကို သတိမပေးလို့ဆိုပြီး ကျုပ်ကို အပြစ်မတင်နဲ့နော်။ လမ်ပူရီတိုင်းပြည် လွှတ်တော်က ပြီးခဲ့တဲ့လမှာပဲ လေယာဉ်ကွင်းကန့်သတ်ချက်ကို ပြဌာန်းခဲ့ပြီး မှော်လေသင်္ဘော အပါအဝင် နိုင်ငံရဲ့ လေပိုင်နက်အတွင်းမှာ ခွင့်ပြုချက်မပေးထားတဲ့ ပျံသန်းနိုင်တဲ့ ယာဉ်အားလုံးကို ပိတ်ပင်ထားတယ်။"

ဥက္ကဋ္ဌ ခရုစ်သည် အံ့ဩသွားပြီးမှ ဂရုမစိုက်သလို သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဒါက ကောင်းကင်မှာ ပျံသန်းနိုင်ပြီး အရမ်းခြိမ်းခြောက်စရာဖြစ်နေတော့ ကန့်သတ်တာက ပုံမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ်၊ ငါတို့ အမ်ရစ် ကုန်သည်ကြီးများအသင်းရဲ့ အခြေအနေအရ၊ အထူး ဖြတ်သန်းခွင့် တစ်ခုရဖို့ မခက်ခဲလောက်ပါဘူး။"

“ကျွန်တော်ပြောပြရတဲ့ အကြောင်းရင်းက… လမ်ပူရီဘုရင့်နိုင်ငံအနေနဲ့ ဒီကန့်သတ်ချက်ကို ပြဌာန်းပြီးကတည်းက တခြားနိုင်ငံတွေကလည်း အဲဒါကို အတုယူဖို့ ဖြစ်လာနိုင်တယ်။ ဆိုလိုတာက အနာဂတ်မှာ မှော်လေသင်္ဘောနဲ့ ပျံသန်းတာက အခုလို လွတ်လပ်တော့မှာမဟုတ်ဘူး။ ဒါဆို ဝယ်ချင်သေးလား"

ရှုယီ ပြောသည်ကိုကြားသော် ဥက္ကဌ ခရုစ် ၏ ဆုံးဖြတ်ချက်က ယိုင်နဲ့သွားသည်။

သူသည် နယ်မြေကြီးတစ်ဝိုက်ကို သွားလာရလွယ်ကူစေရန် မှော်လေသင်္ဘော ဝယ်ချင်သည်။ သို့သော် နိုင်ငံတိုင်းတွင် တူညီသောကန့်သတ်ချက်များရှိလျှင် ထိုအဆင်ပြေမှုမှာ အလွန်လျော့ပါးပြီး ၎င်းကိုဝယ်ယူရာတွင် အဓိပ္ပါယ်နည်းသွားမည်သာ။

ဥက္ကဌ ခရုစ် တုံ့ဆိုင်းနေပြန်သည်ကို မြင်လိုက်ရတော့ ရှုယီက ရယ်မော၍ ပုခုံး ပုတ်လိုက်သည်၊ "ခင်ဗျား ဒါကို စဉ်းစားပြီးမှ ကျုပ်ကို ပြန်ရှာပါ"

ထိုသို့ပြောပြီးသည်နှင့် ရှုယီမှာ သူ၏ လက်အောက်ငယ်သားများ ဖွင့်ထားသည့် မှော်လေသင်္ဘော တံခါးကို ဖြတ်ကာလျှောက်သွား၏။ အခန်းတံခါးပိတ်ပြီး သိပ်မကြာခင်မှာပင် ၎င်းမှာ ကောင်းကင်ယံ၌ ပျောက်သွားတော့သည်။

ဥက္ကဌ ခရုစ်သည် ရှုယီချန်ထားခဲ့သော မှော်ဆလွန်းကို လှည့်မကြည့်မီ မှော်လေသင်္ဘော ပျောက်ကွယ်သွားသည့် ဦးတည်ရာကို ငေးကြည့်လိုက်သည်။ ထို့နောက် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၂၄။ တံဆိပ်တစ်ခုအောက်၌ ထုတ်လုပ်ခြင်း

ကန်ဒရာ အင်ပါယာနှင့်မတူဘဲ မားကွစ္စ် ဆော့သ်ဂိတ် ကြောင့် မာလို အင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းနှင့် အမြဲတမ်း ပူးပေါင်းဆောင်ရွက်လိုခဲ့သည်။ ထို့အပြင်၊ ဆယ်နှစ်နီးပါးကြာပြီးနောက် နှစ်ဦးနှစ်ဘက် အလွန်ရင်းနှီးခဲ့ကြပြီး ပျော်ရွှင်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့ကြောင့် မှော်စက်လုပ်ငန်း၌ ကနဦးအဆင့်တွင်သာ ရှိသေးသည့် ကန်ဒရာ အင်ပါယာနှင့် နှိုင်းယှဉ်ပါက Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီဖြင့် မာလို အင်ပါယာသည် ၎င်းတို့ မှော်စက်လုပ်ငန်း၏ အခြေခံအုတ်မြစ်ကို ချထားပြီးဖြစ်သည်။

လက်ရှိ မာလို အင်ပါယာသည် အိမ်သုံး မှော်စက် အမျိုးအစားများစွာကို ကိုယ်တိုင်ထုတ်လုပ်ခဲ့ရုံသာမက အသုံးများသော ပစ္စည်းများစွာကို ထုတ်လုပ်ခဲ့သည်။

လွန်ခဲ့သည့် နှစ်များစွာက Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားမှော်စက်ကုမ္ပဏီများ၏ လွှမ်းမိုးမှုကြောင့် မာလိုအင်ပါယာ၏ နိုင်ငံသားများ နစ်ဝင်သွားခဲ့သည်။ မာလို အင်ပါယာမှ နိုင်ငံသားများသည် အသုံးပြုရလွယ်ကူသောကြောင့် အနောက်တောင်ပိုင်းရှိ ရေဆေးကန်များကိုပင် ရွေးချယ်ခဲ့ကြသည်။ စျေးချိုသော ပလပ်စတစ် သို့မဟုတ် စတီးလ်သည် လုံးဝ သံချေးမတက်သော ရေဆေးကန်များဖြစ်သည်။

ယခုအခါ မာလို အင်ပါယာတွင် နည်းပညာအပိုင်းအစများစွာရှိခဲ့ပြီး မှော်စက်လုပ်ငန်းတွင် ရဲဝံ့စွာ ရင်းနှီးမြုပ်နှံလာကြသည်။ ထို့ကြောင့် အင်ပါယာတွင် ထုတ်လုပ်သော သံမဏိပစ္စည်းများနှင့် အခြားထုတ်ကုန်များကို နိုင်ငံသားများက လက်ခံခဲ့ကြသည်။

ညတေးသံမျိုးနွယ်စုက လက်ဝါးကြီးအုပ်ထားသည့် ပလတ်စတစ်ပစ္စည်းတွေပင် ပါသေး၏။ မာလို အင်ပါယာနှင့် ညတေးသံမျိုးနွယ်စုအကြား ညှိနှိုင်းမှုအောက်၌ ညတေးသံမျိုးနွယ်စုသည် နောက်ဆုံးတွင် မာလို အင်ပါယာတွင်း ပလပ်စတစ် ထုတ်လုပ်သည့် စက်ရုံအချို့ကို တည်ဆောက်ရန် သဘောတူခဲ့သည်။ အင်ပါယာအား ပြည်တွင်းပလတ်စတစ် ထုတ်ကုန်များ ထုတ်လုပ်ခွင့်ပေးခဲ့ပါ၏။

လက်ရှိ မာလိုအင်ပါယာ၏ မှော်စက်လုပ်ငန်းသည် လုံလောက်နေပြီဟုဆိုလျှင် ချဲ့ကားပြောဆိုခြင်းမဟုတ်ချေ။

ထုတ်ကုန်အများအပြားသည် Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် လမ်ပူရီတိုင်းပြည် မှော်စက်ကုမ္ပဏီများ၏ ထုတ်ကုန်များနှင့်ပင် မနှိုင်းယှဉ်နိုင်သော်လည်း ၎င်းသည် စျေးသက်သာပြီး အသုံးပြုရလွယ်ကူဆဲဖြစ်သည်။ အားသာချက်တွေ အများကြီးရှိသည့် ပြည်တွင်းတွင် ထုတ်လုပ်ထားခြင်းကြောင့် စျေးကွက်လည်း တော်တော်ကြီးသည်။

သို့သော် အလယ်အလတ်နှင့် အမြင့်ဆုံး မှော်စက်တွေနှင့် ပတ်သက်လာလျှင် မာလိုအင်ပါယာ၌ ဘာမှမရှိချေ။

မှော်လေပေးစက်၊ မှော်ဆလွန်းနှင့် အခြားသော အိမ်သုံး မှော်စက်များကို မထုတ်လုပ်နိုင်သေးပေ။ ထုတ်လုပ်ရေးမှော်စက်များ သို့မဟုတ် ဆောက်လုပ်ရေးမှော်စက်များကဲ့သို့ ပိုကြီးသော မှော်စက်များကိုမူ ထုတ်လုပ်ရန် ပို၍ပင် မဖြစ်နိုင်သေးချေ။

ကောင်းသည်ဟု ယူဆနိုင်သည့် တစ်ခုတည်းသော အရာမှာ စိုက်ပျိုးရေးမှော်စက်များ ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။သို့ပေမယ့် ၎င်းက အခြားကုမ္ပဏီများဆီမှ အစိတ်အပိုင်းများ လက်ခံရရှိမှုအပေါ်တွင် အခြေခံပါ၏။

ထို့ကြောင့် ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းကိုယ်စား မာလို အင်ပါယာသို့ ရောက်ရှိလာသောအခါတွင် ၎င်းတို့ကိုလည်း ထုတ်လုပ်မှုမှော်စက်နည်းပညာအချို့အား လွှဲပြောင်းပေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သောအခါ၊ မာလိုအင်ပါယာက ၎င်းကို အင်မတန် ကြိုဆိုပါ၏။

သုံးရက်ကြာ ကနဦးဆွေးနွေးပြီးနောက် Frestech ကုန်သည်ကြီးများအသင်းနှင့် မာလို အင်ပါယာတို့သည် နည်းပညာလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့သည်။

၎င်းသည် ကန်ဒရာ အင်ပါယာနှင့် ချုပ်ဆိုခဲ့သော စာချုပ်နှင့် ဆင်တူသည်။ Frestech ကုန်သည်ကြီးများအသင်းသည် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်မည့် မှော်စက်များကို မာလို အင်ပါယာသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး အခြားဘာမျှမရှိပေ။

မာလို အင်ပါယာသည် အမြဲတမ်း သဘောထားကောင်းရှိပြီး မာလို အင်ပါယာ၏ မှော်စက်လုပ်ငန်းသည် ကန်ဒရာ အင်ပါယာထက် ပိုမိုဖွံ့ဖြိုးနေသောကြောင့် ရှုယီသည် မာလိုနှင့် အခြားစာချုပ်တစ်ခုကိုလည်း ချုပ်ဆိုခဲ့သည်။

ဤသဘောတူညီချက်သည် မှော်စက်သုတေသနနှင့် သက်ဆိုင်ပါ၏။

စာချုပ်အရ Frestech ကုန်သည်ကြီးများအသင်းနှင့် မာလို အင်ပါယာတို့သည် အခြားသော ခေါင်းဆောင်မှော်ပညာရှင်နှစ်ဦး၏ သုတေသနပြုရာတွင် ခေါင်းဆောင်မှော်ပညာရှင် အလက်စ်တာအား ပါ၀င်ခိုင်းမည်ဖြစ်ပြီး ၎င်းတို့၏ မှော်စက်များလေ့လာမှုကို နက်ရှိုင်းစွာလေ့လာနိုင်မည်ဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၂၅။ ဆက်သွယ်ရေးလွှမ်းခြုံမှု

ရှုယီမှာ မျက်လုံးများကို အသာမှေးကျဉ်းလျက် မားကွစ္စ် ဆော့သ်ဂိတ်ကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

သခင် မားကွစ္စ် ထံမှ ဤအဆိုပြုချက်သည် ကျိုးကြောင်းဆီလျော်ပုံပေါက်သည်။ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မည်သည့်အရာမှ လုပ်ဆောင်ရန်မလိုအပ်ဘဲ ၎င်းတို့၏ အမှတ်တံဆိပ်ကို အသုံးပြုခွင့်ပေးရန်သာ လိုအပ်သောကြောင့် ၎င်းတို့အတွက် လုံးဝဆုံးရှုံးမှုမရှိပေ။

သို့သော် သေချာကြည့်ပါလျှင် ဤတံဆိပ်ဟာ ကမ္ဘာပေါ်ရှိ စက်ရုံ အတော်တော်များများ မုန်းတီးနေသည့် အမှတ်တံဆိပ်အတု သို့မဟုတ် လိမ်ညာမှုဟု ယူဆနိုင်သည်။ ဤအရာကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များသည် ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ အတုအယောင်ဖြစ်စေသော အမှတ်တံဆိပ်အတွက် မည်သည့်အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်ပေ။

ရှုယီ ဘာမှပြန်မပြောသည်ကိုမြင်သော် မားကွစ္စ် ဆော့သ်ဂိတ် က ပြုံးပြီး တစ်ခုခုကို တွေးနေကာ ပြောလာသည်။ “ပြောဖို့မေ့သွားတယ်။ ဥက္ကဋ္ဌ ရှု၊ ဒီထုတ်လုပ်ရေး မှော်စက်တွေအတွက် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက အမြတ်ငွေ၏ 30% ကို ရမှာပါ။ ဘယ်လိုထင်လဲ?"

ရှုယီသည် သူ့ခေါင်းကို ဖြည်းညင်းစွာနှင့် ပြတ်သားစွာ ခါယမ်းလိုက်သည်။

“ဟင့်အင်း”

မားကွစ္စ် ဆော့သ်ဂိတ်မှာ အံ့သြသွားသည်။

သူဟာ ၎င်းကို ရှုယီနှင့် ဆွေးနွေးနိုင်မည်ဟု ထင်ခဲ့ကာ Frestech ကုန်သည်ကြီးများအသင်းကို အမြတ်ငွေ 30% ပေးခြင်းကပင် ရှုယီကို လုံလောက်စွာ မျက်နှာပေးထားပြီးဖြစ်သည်

အကယ်၍ Frestech ကုန်သည်ကြီးများအသင်း၏ နယ်မြေကြီးရှိ ကျော်ကြားမှုနှင့် မာလို အင်ပါယာရှိ ၎င်းတို့၏ ပြင်းထန်သောသြဇာလွှမ်းမိုးမှုကြောင့်သာ မဟုတ်ပါက၊ ၎င်းကို ရှုယီနှင့် ဆွေးနွေးဖို့ စဉ်းစားမှာ မဟုတ်ဘဲ၊ ထုတ်လုပ်ရန်ပင် စတင်နေလောက်ပြီဖြစ်သည်။

အဆုံးတွင်၊ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်း၏ အမှတ်တံဆိပ်ကို အသုံးပြုနေခြင်းသာဖြစ်သည်၊ Frestech ကုန်သည်ကြီးများအသင်းသည် သူနှင့်ပြဿနာတက်ရန် အမှန်တကယ်သတ္တိရှိမည်လား။

သို့သော် ရှုယီက သူ့အား တိုက်ရိုက်ငြင်းဆိုလာသည့်အပြင် ဆွေးနွေးဖို့ နေရာပင် ချန်မထားလောက်ကြောင်း မစဉ်းစားခဲ့ဖူးပါချေ။

"ဥက္ကဌရှု၊ ဘာလို့မရတာလဲ" မားကွစ္စ် ဆော့သ်ဂိတ် က မျက်မှောင်ကုပ်၍ မေးလိုက်သည်၊ "ဒါက မင်းတို့ ကုန်သည်ကြီးများအသင်းရဲ့ အမှတ်တံဆိပ်ကို အသုံးပြုရုံပဲလေ၊ ဘာထိခိုက်မှုမှ ရှိမှာမဟုတ်ဘူး။ အရည်အသွေးမကောင်းလို့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးရိမ်ရင် အရည်အသွေးသေချာစေဖို့ ထုတ်လုပ်ရေးကို ကြီးကြပ်ရအောင် လူတွေကို စေလွှတ်လို့ရတယ်။"

မားကွစ္စ် ဆော့သ်ဂိတ် ၏ သံသယရှိသောအကြည့်ကို မြင်လိုက်ရသောအခါ ရှုယီသည် မနေနိုင်အောင် အေးစက်စွာရယ်မောလိုက်မိသည်။

ဤသခင် မားကွစ္စ် သည် သူ့အား အခွင့်ကောင်းယူရန် အမှန်တကယ် စီစဉ်ခဲ့သည်။ သူသည် Frestech ကုန်သည်ကြီးများအသင်း၏ အမှတ်တံဆိပ်ကို အရောင်းမြှင့်တင်ချင်ရုံသာမက ရှုယီကို ကူညီဖို့ နည်းပညာဆိုင်ရာဝန်ထမ်းများအား စေလွှတ်ရန်ပင် တောင်းဆိုခဲ့သည်။

ဤနည်းဖြင့် မားကွစ္စ် ဆော့သ်ဂိတ် ထုတ်လုပ်သော အိမ်သုံးမှော်စက်များသည် Frestech ကုန်သည်ကြီးများအသင်း၏ အမှတ်တံဆိပ်ပါရှိနေမည် ဖြစ်သလို Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များနှင့် နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။ ၎င်းမှာ အလွန်ရောင်းကောင်းပြီး အမြတ်ကို စိတ်ကူးကြည့်ဖို့တောင် လိုမနေပေ။

မားကွစ္စ် ဆော့သ်ဂိတ် ပေးမည့် စျေးနှုန်းဟာ အမြတ်၏ 30% သာဖြစ်ပြီး လူအင်အားတချို့မှာ သူ့အတွက် ဘာအဓိပ္ပါယ်မှ မရှိပေ။

"ဟင့်အင်း.. သခင် မားကွစ္စ်၊ ဒါက မဖြစ်နိုင်ပါဘူး။" ထိုသို့တွေးပြီးနောက် ရှုယီ၏ လေသံက ပိုခိုင်မာလာကာ ဆွေးနွေးစရာနေရာမရှိတော့ကြောင်း ပြသည့် အကြည့်ကို ထုတ်ဖော်လိုက်ပါ၏။ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လုံး၀ထိန်းချုပ်ထားတဲ့ အိမ်သုံးမှော်စက်,စက်ရုံများကပဲ ကျုပ်တို့ရဲ့ အမှတ်တံဆိပ်ကို ပိုင်ဆိုင်ပါတယ်၊ တခြားအလားတူထုတ်ကုန်တွေအနေနဲ့ကတော့ မရနိုင်ဘူး။"

မားကွစ္စ် ဆော့သ်ဂိတ် က မျက်မှောင်ပို၍ ကုပ်သွားသည်၊ "ဒါက တကယ်မဖြစ်နိုင်ဘူးလား"

"တကယ်မဖြစ်နိုင်ပါဘူး"

မားကွစ္စ် ဆော့သ်ဂိတ်က ရှုယီ၏ မျက်လုံးတွေကို စိုက်ကြည့်ပြီး လုံးဝ မလွှဲသွားပေ။

ခဏအကြာတွင် မားကွစ္စ် ဆော့သ်ဂိတ်က ရုတ်တရက် ရယ်မောလိုက်သည်။

“ကောင်းပြီ၊ ဥက္ကဋ္ဌ ရှုက သဘောမတူတဲ့အတွက် မေ့ထားလိုက်ပါတော့။ အင်း..အဲဒါကို အခုတွေးကြည့်ရင်း၊ ကျုပ်လည်း ရိုးရိုးရှင်းရှင်းပဲ တွေးနေခဲ့တာ။ ဥက္ကဋ္ဌ ရှု၊ စိတ်ထဲမထားပါနဲ့"

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၂၆။ ပထမတန်းစား ကုမ္ပဏီ

ဒီဇင်ဘာလကုန်သို့ လျင်မြန်စွာရောက်ရှိလာပြီး နှစ်သစ်မစတင်မီ ဆယ်ရက်အလိုသာ ရှိသေး၏။

ယခင်ကဲ့သို့ပင်၊ Frestech ကုန်သည်ကြီးများအသင်းသည် နှစ်သစ်ကူးကာလမတိုင်ခင် တစ်ပတ်အလိုနှင့် နှစ်သစ်ကူးပြီး တစ်ပတ်အကြာထိ လတစ်ဝက် ပိတ်ရက်ပေးမည် ဖြစ်သည်။

ထို့ကြောင့် ယခု အားလပ်ရက်မတိုင်မီ သုံးရက်အလိုတွင် Frestech ကုန်သည်ကြီးများအသင်း၏ ပင်မအခြေစိုက်စခန်းသည် အားလပ်ရက်မတိုင်မီ ဖြစ်ပေါ်လာသော တင်းမာသောခံစားချက်များဖြင့် ပြည့်နှက်နေသည်။

ကုမ္ပဏီရှိဝန်ထမ်းများအားလုံးသည် နှစ်ကုန်အထိ စောင့်မျှော်နေကြသော်လည်း ဤအကြာဆုံးအားလပ်ရက်ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ရန် အားလပ်ရက်မတိုင်မီတွင် ၎င်းတို့လုပ်သမျှ အလုပ်အားလုံးကို ပြီးမြောက်စေရမည်ဖြစ်သည်။

မဟုတ်ပါက အလုပ်ရှိနေလျှင် အားလပ်ရက်၌ အပန်းဖြေခရီးထွက်လျှင် ထိုမျှလောက်ပျော်ဖို့ မဖြစ်နိုင်ပါချေ။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် ဤကာလအတွင်း အလွန်သက်ရောက်ခဲ့ပြီး၊ ၎င်းကို တစ်နှစ်တာလုံးမှ အထိရောက်ဆုံးဟုပင် ယူဆနိုင်ပါသည်။

ဤလ၏ ပထမရက်နှစ်ဆယ်အတွင်းတွင်ပင် စက်ရုံများအားလုံးသည် ပြီးခဲ့သည့်လတစ်လလုံးနှင့် ကိုက်ညီသည့် ထုတ်လုပ်မှုစွမ်းရည်များရှိလာသည်။ ယခင်လကစာရင်းအင်းများထက်ပင် ကျော်လွန်ခဲ့သော ဌာနအချို့ပင် ရှိသေးသည်။

၎င်းကို ရှုယီမြင်လိုက်သည့်အခါ မနေနိုင်အောင် သက်ပြင်းချမိ၏။

အကယ်၍ ကုမ္ပဏီသည် တစ်နှစ်ပတ်လုံး ဤကဲ့သို့ ဖြစ်ထွန်းနိုင်လျှင် ကုမ္ပဏီ၏ ထုတ်လုပ်မှုစွမ်းရည်အတွက် သူ စိတ်ပူနေစရာ မလိုပေ။

"ဟေး ဥက္ကဌ၊ စွမ်းဆောင်ရည်က ကောင်းကောင်းဖြစ်နိုင်တယ်၊ ဒါပေမယ့် ငါတို့က ဒီအတိုင်း တစ်နှစ်ပတ်လုံးနေမယ်ဆိုရင်၊ လူတွေဟာ နှစ်လအတွင်းမှာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ သေသွားနိုင်တယ်။"

Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ဌာန၏ မန်နေဂျာ အန်းခေါ့ထ် သည် ရှုယီကိုကြည့်ပြီး ရယ်ရမလား ငိုရမှန်းမသိဘဲ ခေါင်းယမ်းလိုက်သည်။

“ဒါ့အပြင် ငါတို့ တစ်နှစ်ပတ်လုံးလုပ်ရင်တောင်မှ ထုတ်လုပ်မှုအားက ဝယ်လိုအားကိုမမှီဘူး။ ပြောရရင်တော့… ငါတို့ ကထုတ်ကုန်တွေရဲ့ ဝယ်လိုအားက လျော့ကျသွားမှာမဟုတ်ဘူး။ ထုတ်သမျှကို ရောင်းချမှာပါ။”

ဒါကိုပြောပြီးနောက် အန်းခေါ့ထ် က အစည်းအဝေးခန်းထဲက တခြားလူတွေကို လှည့်ကြည့်လိုက်ပြီး သူ့လက်ကို ပြုံးပြပြီး ဖြန့်လိုက်တယ်။

"အားလုံး မထင်ဘူးလား?"

အခန်းထဲတွင် ရုတ်တရက် ရယ်မောသံများဖြင့် ပြည့်နေသည်။

“မှန်ပါတယ်၊ ငါတို့ကုမ္ပဏီရဲ့ ထုတ်ကုန်တွေက လူတွေက အမြဲတမ်း လုယူခံရတယ်၊ ထုတ်လုပ်မှုက ဘယ်တော့မှ မလုံလောက်ဘူး။”

"ဟုတ်ပါတယ်။ ငါတို့ဌာနမှာ အမှာစာတစ်သိန်းကျော်ရှိနေသေးပြီး နောက်ထပ်အမှာစာတွေမရရှိဘူးဆိုရင်တောင် နောက်နှစ်တစ်ခုလုံးအတွက် လုပ်စရာတွေရှိမှာပါပဲ။”

"ဟား ဟား၊ တခြားကုမ္ပဏီတွေက သူတို့ပစ္စည်းတွေ မရောင်းမှာကို စိုးရိမ်နေပေမယ့် ငါတို့ကုမ္ပဏီက အဲဒါတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ စိတ်ပူနေတာ။"

……

ရှုယီသည် အခန်းတွင်းရှိ လူများကို ကြည့်ကာ သူတို့အားလုံး စိတ်အေးလက်အေး ရှိနေသည်ကို မြင်လိုက်ရသဖြင့် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ တင်းကျပ်သောပုံပန်းသဏ္ဍာန်ရှိသောဘဏ္ဍာရေးဌာနမန်နေဂျာ ဆာဘက်စ် သည် သူ့မျက်နှာတွင် ပြုံးနေသည်ကိုတွေ့လိုက်ရသောအခါ သူလည်းမပြုံးနိုင်။

အမှန်မှာ၊ တိုက်ကြီး၏အခြားကုမ္ပဏီများသည် ၎င်းတို့၏ထုတ်ကုန်များကို မရောင်းရဟု စိုးရိမ်နေရပြီး Frestech ကုန်သည်ကြီးများအသင်းသည် ရောင်းရန်မလုံလောက်ခြင်းအတွက် စိတ်ပူခဲ့ရသည်။

ထို့အပြင်၊ ခမ်နက်ဒ် ပေးခဲ့သော ကိန်းဂဏာန်းများအရ၊ ယခုအချိန်အထိ ၎င်းတို့၏ အမိန့်အားလုံးကို ဖြည့်ဆည်းပေးသည့် ဌာနတစ်ခုမျှ မရှိသည့်အပြင် ၎င်းတို့သည် ထုတ်လုပ်မှုစွမ်းရည် တင်းကြပ်စွာ ချို့တဲ့နေပါသည်။

အဆိုးရွားဆုံး အိမ်သုံးမှော်စက်ဌာနပင်။ ၎င်းတို့တွင် အမှာစာ သုံးထောင်ကျော်ရှိပြီး ရွှေဒင်္ဂါးပေါင်း သန်းနှစ်ဆယ်ကျော်အထိ ပါ၀င်သည့် အမှာစာများရှိသည်။

အိမ်သုံးမှော်စက်ဌာနသည် ယခုလကဲ့သို့ ထိရောက်မှုအတိုင်း ဆက်လက်လုပ်ဆောင်နေလျှင်ပင် ဤအမိန့်အားလုံးကို အပြီးသတ်ရန် အနည်းဆုံး တစ်နှစ်ခွဲခန့် အချိန်ယူရပေမည်။

အိမ်သုံးမှော်စက်ဌာနသည် Frestech ကုန်သည်ကြီးများအသင်းရှိ ရှေးအကျဆုံး၊ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဆုံးနှင့် အကြီးဆုံးဌာနတစ်ခုဟု ယူဆနိုင်ပါသည်။ သူတို့အမိန့်နဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်တာတောင်မှ တခြားဌာနတွေကို ပြောစရာမလိုပေ။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၂၇။ ကုမ္ပဏီအား ပြန်လည်ဖွဲ့စည်းခြင်း

ဌာနတစ်ခုချင်းစီ၏ မန်နေဂျာများက ၎င်းတို့၏ အစီရင်ခံစာများကို တင်ပြီးကာ ခမ်နက်ဒ် က အထွေထွေတင်ပြချက် ပြုပြီးနောက်တွင် လူတိုင်း ရှုယီကို လှည့်ကြည့်လာကြသည်။

ရှုယီက ကုမ္ပဏီကို အချိန်ကြာ စီမံခန့်ခွဲလာခဲ့ပြီးမှ ကုမ္ပဏီ၏ တိုးတက်မှု အထွေထွေဦးတည်ချက်ကိုသာ စီမံခန့်ခွဲလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း လူများ၏ စိတ်ထဲ၌ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ အစားထိုး၍ မရနိုင်သော ဥက္ကဌဖြစ်နေဆဲပင် နှစ်စဉ် နှစ်ကုန်အစည်းအဝေး၌ သူဟာ နှစ်ကုန်အနှစ်ချုပ်ကို ပေးပြီးနောက်မှ အစည်းအဝေးကို အဆုံးသတ်လေ့ရှိသည်။

အစည်းအဝေးပြီးသည့်နောက် ရှုယီက နှစ်ကုန်အနှစ်ချုပ်ကို ပြောလာချိန်တွင် သူဟာ နှစ်သစ် Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုအတွက် ဦးတည်ချက်များကိုလည်း ပေးမည်ဖြစ်သည်။ ၎င်းအား Frestech ကုန်သည်ကြီးများအသင်း ဖြစ်မြောက်ရမည့် ရည်ရွယ်ချက်အချို့ ချမှတ်ခြင်းဟုလည်း ယူဆနိုင်ပါ၏။

ထို့ကြောင့် ကုမ္ပဏီ၏ အဆင့်မြင့် အဖွဲ့ဝင်များအတွက် ရှုယီ၏ နှစ်ကုန် အနှစ်ချုပ်မှာ အမြဲတစေ အရေးပါဆုံးအရာဖြစ်ခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ်၌ ရှုယီ စကားပြောချိန်တွင် ယခင်ကကဲ့သို့ ကုမ္ပဏီ၏ လုပ်ငန်းကို အနှစ်မချုပ်ခဲ့ပေ။ သူဟာ ခမ်နက်ဒ်ကိုသာ ကြည့်၍ အကြည့်ခြင်းဖလှယ်လိုက်ပြီးနောက် လူတိုင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ဆိုလိုက်သည်၊ "ကုမ္ပဏီရဲ့ လက်ရှိတိုးတက်မှုက ကျုပ်မျှော်လင့်ထားတဲ့ အဆင့်ကို ရောက်လို့ ကျော်တောင် ကျော်နေပါပြီ၊ ဒီတော့ ကျုပ်အနေနဲ့ အခုက ပြန်လည်ဖွဲ့စည်းရမယ့် အချိန်လို့ခံစားရတယ်"

“ပြန်လည်ဖွဲ့စည်းခြင်း”ဟူသည့် စကားကို ပြောလိုက်ချိန်တွင် အစည်းဝေးခန်းမက တိတ်ဆိတ်သွားသည်။

တစ်အောင့်ကြာပြီးနောက် လူတိုင်း တုံ့ပြန်လိုက်ကာ အချင်းချင်းကြည့်လိုက်ရင်း မနေနိုင်အောင် တီးတိုးပြော‌ကြတော့၏။

ရှုယီက ခဏကြာအောင် စိတ်ရှည်ရှည်စောင့်နေပြီးနောက် စားပွဲကို ခေါ်၍ လူတိုင်း၏ အာရုံကိုရယူလိုက်သည်။

"ကျုပ် ဒါကို လွန်ခဲ့တဲ့ ၂နှစ်အကြာက အဆိုပြုပြီးသားဆိုတော့ ဒီလောက် အံ့ဩဖို့လိုမယ်လို့ မထင်မိပါဘူး။" ရှုယီက အပြုံးဖြင့် ဆို၏၊ "ကျုပ်တို့ ကုမ္ပဏီရဲ့ ပြန်လည်ဖွဲ့စည်းမှုဆိုတာက ဖြစ်ကို ဖြစ်လာရမယ့်အရာမို့လို့ မထူးဆန်းပါဘူး"

"ဒါပေမယ့်..." အန်းခေါ့ထ်မှာ အသက်၄၀ပင် မပြည့်တတ်သေးသော်လည်း သူ့အား အဆင့်မြင့်အဖွဲ့ဝင်များအကြား၌ ဝါရင့်ဟု သတ်မှတ်နိုင်သဖြင့် သူဟာ ဦးဆုံးဆိုလာပါ၏၊ "ဥက္ကဌ.. ကျွန်တော့်အထင်တော့ ကုမ္ပဏီက အခုလည်း ကောင်းကောင်းဖွံ့ဖြိုးပြီး ချောချောမွေ့မွေ့လည်ပတ်နေတာပဲလေ၊ ပြန်လည်ဖွဲ့စည်းဖို့က မလိုဘူး မဟုတ်လား? တကယ်လို့... တကယ်လို့ ပြန်လည်ဖွဲ့စည်းတာက အဆင်မပြေဘဲ ထိခိုက်သွားစေရင် ဘယ်လိုလုပ်မလဲ?"

အန်းခေါ့ထ်က ဦးဆောင်လာသည်နှင့်အတူ အခြားလူများအားလုံးလည်း လိုက်ပါလာကြသည်။

"ဟုတ်ပါတယ် ဥက္ကဌ .. လူတိုင်းက အတူတူ ကောင်းကောင်းလုပ်ဆောင်နေကြတာပဲ ဘာလို့ ပြန်လည်ဖွဲ့စည်းခြင်းကြောင့် သူတို့ကို ခွဲလိုက်ဖို့ လိုမှာလဲ?"

"မှန်ပါတယ်၊ ကျုပ်တို့အားလုံးကို အတူရှိနေရင် အလုပ်,လုပ်ဖို့က ပိုလွယ်တာပေါ့။ ပြန်လည်ဖွဲ့စည်းပြီး‌တဲ့နောက်မှာ လူတိုင်းက ကိုယ်ပိုင်ကိစ္စတွေကို အာရုံစိုက်နေရမှာမို့ လူတော်တော်များများဆီကနေ စနစ်တကျသွားနိုင်မှုကို ယူဆောင်သွားခဲ့ရင် အရမ်းကို ဒုက္ခများပါလိမ့်မယ်"

"အိုင်း နာ့ဆု, မင်းက အရင်တုန်းက ဌာနတွေအကြားပူးပေါင်းဖို့ မခက်ခဲခဲ့ဖူးသလိုပြောနေတာပဲလား?"

"ဥက္ကဌရဲ့ စံနှုန်း မြင့်မားမှုကြောင့်နဲ့ ကျွန်တော်တို့ ဌာနအပေါ် အပြစ်တင်လို့ မရဘူးမို့လား?"

"ဒါက......"

.............

"ကောင်းပြီ" ရှုယီမှာ စားပွဲကို တစ်ဖန်ခေါက်ကာ လူတိုင်း၏ ငြင်းခုံမှုကို ဖြတ်တောက်လိုက်၏၊ "ကျုပ် လွန်ခဲ့တဲ့ ၂နှစ်က ပြန်လည်ဖွဲ့စည်းခြင်းကို ကြေငြာပြီးသားပဲ၊ ခင်ဗျားတို့ လိုက်လျောညီထွေဖြစ်ဖို့ ၂နှစ်တောင်ပေးခဲ့တာ။ လက်ရှိ အခြေနေကို သုံးသပ်ရရင် ခင်ဗျားတို့ အတော်လေးကောင်းကောင်း လိုက်လျောညီထွေဖြစ်နေတဲ့ပုံပဲ"

ရှုယီမှာ ငြင်းခုံနေသူနှစ်ဦးကိုကြည့်လိုက်ရာ ၎င်းတို့၏ မျက်နှာများက နီရဲလျက် ခြောက်ကပ်ကပ်ရယ်မောလိုက်ကြသည်။

"ကျုပ်တို့ ပြန်လည်ဖွဲ့စည်းရမယ့် အကြောင်းအရင်းက ကုမ္ပဏီက ကြီးသည်ထက် ကြီးလာလို့ပဲ။ ကျုပ်တို့အနေနဲ့ လက်ရှိဖွဲ့စည်းပုံကို ဆက်ထိန်းသိမ်းထားမယ်ဆိုရင် ဒါက ကျုပ်တို့ ကုမ္ပဏီရဲ့ တိုးတက်မှုကို အများကြီးရိုက်ခတ်လာလိမ့်မယ်။ ကျန်တာကို မပြောနဲ့ဦး ခမ်နက်ဒ်ကို ဌာနတစ်ခုစီရဲ့ အရေးကိစ္စတွေ စီမံခိုင်းတာက သူ့ကို မကြာခင်မှာပဲ မောလို့ သေသွားစေနိုင်လောက်တယ်"

ဘေးရှိ ခမ်နက်ဒ်က သွားဖြီးပြသည်၊ "ကုမ္ပဏီအတွက် အမောဖောက်ပြီးသေရတာက သေဖို့ နည်းလမ်းကောင်းပါပဲ၊ ကျွန်တော် စိတ်ထဲမထားပါဘူး"

ရှုယီကမူ သူ့အား မျက်လုံးသာ လှိမ့်ပြလိုက်သည်၊ "မင်းမှာ ပြဿနာမရှိပေမယ့် ကောင့်ထ်အန်မာနဲ့ ဆိုဖီယာသာ ငါမင်းကို အမောဖောက်ပြီး သေအောင်လုပ်လိုက်မှန်းသိရင် သူတို့ ငါ့ကို သေချာပေါက် လာအမှုန့်ကြိတ်ကြလိမ့်မယ်"

ရှုယီက ထိုသို့ပြောပြီးနောက် ကျန်သူများကိုလှည့်ကြည့်၍ ဆက်ပြောသည်၊ "ခင်ဗျားတို့ စိုးရိမ်နေတာကို သိပါတယ်၊ ခင်ဗျားတို့အနေနဲ့ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ဌာနတွေကို ဂရုစိုက်ဖို့ ယုံကြည်ချက်မရှိကြဘူးမို့လား?"

မန်နေဂျာအားလုံးက ရှက်ရွံ့ဟန်ပြုံးရင်း ရှုယီကိုကြည့်နေကြသည်။

၎င်းက ရှုယီပြောသလိုပါပင်။

ဌာနများ၏ မန်နေဂျာများအနေဖြင့် ၎င်းတို့အား ဌာနရှိ ကိစ္စမျိုးစုံအတွက် တာဝန်ယူခိုင်းခြင်းမှာ ၎င်းတို့ ရင်းနှီးနေသည့် အရာဖြစ်သည်။ သို့ရာတွင် ဥက္ကဌ၏ ပြန်လည်ဖွဲ့စည်းခြင်းမှာ ထိုဌာနများကို ကုမ္ပဏီမှ သီးခြားခွဲထုတ်၍ Frestech ကုန်သည်ကြီးများအသင်း‌လက်အောက်တွင် ဌာနခွဲတစ်ခုအဖြစ် ဖန်တီးမည်ဖြစ်ရာ ၎င်းက ၎င်းတို့ကိုယ်တိုင် စီမံခန့်ခွဲရမည့် ကုမ္ပဏီသစ်တစ်ခုအား ဖန်တီးခြင်းနှင့်ညီမျှသောကြောင့် ၎င်းတို့မှာ ယုံကြည်ချက်မရှိကြပါပေ။

သို့သော် လူအနည်းစုမှလွဲ အခြားသော မန်နေဂျာများမှာ စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှု ပြည့်နေသော မျက်လုံးတောက်တောက်များရှိနေကြသည်။

၎င်းတို့ကိုယ်တိုင် ကုမ္ပဏီတစ်ခုအား စီမံခန့်ခွဲခြင်းမှာ ၎င်းတို့အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သော်လည်း အခွင့်အလမ်းကြီးတစ်ခုလည်းဖြစ်ပေသည်။

၎င်းတို့သာ ကောင်းကောင်းဖမ်းဆုပ်ထားနိုင်လျှင် သံသယပင်မလိုအောင် အကျိူးအမြတ်များစွာရမည်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်း တိုးတက်လာသည်နှင့်အမျှ ၎င်းတို့အနေနှင့် အမှန်တကယ် အင်အားကြီးမားသူတို့ကို ယှဉ်ပြိုင်ရမည်ဖြစ်ရာ ၎င်းတို့ လက်ရှိဖြစ်နေသည့် Frestech ကုန်သည်ကြီးများအသင်းရှိ ဌာနတစ်ခု၏ မန်နေဂျာဖြစ်နေရုံနှင့်မရပေ။

ထိုလူများ၏ တုံ့ပြန်ချက်ကိုမြင်သော် ရှုယီက တိတ်တဆိတ်ခေါင်းငြိမ့်လိုက်သည်။

သူ့အနေနှင့် သူ့လက်အောက်ငယ်သားများ၏ စိတ်ထဲရှိ ရည်မှန်းချက်များကို ဆန့်ကျင်မည်မဟုတ်ဘဲ များစွာ အင်မတန်မှပင် ထောက်ခံပါ၏။

မှော်စက်မှုနယ်ပယ်အတွက် ဤပထမဆုံး ဖွံ့ဖြိုးရေးကာလအတွင်း သူ့အနေနှင့် တာဝန်ယူနိုင်ကာ ရည်မှန်းချက်ရှိ၍ သတ္တိရှိသည့် အရည်အချင်းရှိသူများကို လိုအပ်ပါ၏။

ဤဌာနခွဲမန်နေဂျာများမှာ နှစ်တွေတောက်လျှောက် ၎င်းတို့၏ အရည်အချင်းများကို သက်သေပြခဲ့ရာ ၎င်းတို့၏ နောက်ခံအသစ်ကို ကျင့်သားရသွားသရွေ့ သေချာပေါက် ပိုမိုကြီးမားသည့် အခန်းကဏ္ဍတွင်ပါဝင်လာကြလိမ့်မည်။

"ခင်ဗျားတို့ ယုံကြည်ချက် ရှိရှိ မရှိရှိ ကျုပ် ဂရုမစိုက်ဘူး၊ ပြန်လည်ဖွဲ့စည်းခြင်းက ဖြစ်ကိုဖြစ်ရမယ်။" ရှုယီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်၊ "ခင်ဗျားတို့ကို ရွေးချယ်စရာပေးမယ်။ ဒီတာဝန်ကို မကိုင်တွယ်နိုင်ဘူးလို့ ဝန်ခံရင် အငြိမ်းစားယူဖို့ရွေးချယ်နိုင်တယ်၊ ကျုပ် အစားထိုးဖို့ တစ်ယောက်ယောက်ကို ရှာလိုက်မယ်"

ရှုယီက ၃မိနစ်လောက်ကြာအောင် တိတ်တဆိတ်စောင့်နေသော်လည်း အခန်းထဲရှိ တစ်ဦးမှ ပြောမလာချေ။

"အရမ်းကောင်းတယ်၊ ကြည့်ရတာ ခင်ဗျားတို့အနေနဲ့ အဆုံးမှာ ယုံကြည်မှုရှိပုံပါပဲ" ရှုယီက အပြုံးဖြင့်‌ဆိုသည်၊ "ဒါပေမယ့် ဒါကခင်ဗျားတို့အနေနဲ့ နေရာအသစ်မှာ တည်မြဲနေရမယ့် အဓိပ္ပာယ်ဆိုတာ သတိပေးရမယ်။ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် မလုပ်နိုင်ရင် ကျုပ် သေချာပေါက် အစားထိုးလိုက်မှာပဲ နားလည်ရဲ့လား?"

အခန်းထဲရှိလူများက တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်ကြသည်။

"ကောင်းတယ်... ခမ်နက်ဒ်.. ကနဦး ပြန်လည်ဖွဲ့စည်းရေး အစီစဉ်ကို ကြေငြာလိုက်ပါ"

ခမ်နက်ဒ်မှာ ခေါင်းငြိမ့်၍ စာရွက်စာတမ်းအထူကြီးဖြင့် ထရပ်လိုက်သည်။ သူဟာ လည်ချောင်းရှင်း၍ ကြည်လင်သော အသံဖြင့် ဆိုပါ၏၊ "ဥက္ကဌရဲ့ အဆိုပြုချက်အရ ကုမ္ပဏီက အခုဆိုရင် ဖော်ပြပါ ပြန်လည်ဖွဲ့စည်းမှုကို လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ကနဦးအစီအစဉ်ကတော့ ကုမ္ပဏီရဲ့ ဌာ‌နတွေကို ကိုယ်ပိုင်ကုမ္ပဏီအခွဲတွေအဖြစ် သီးခြားခွဲလိုက်မှာပါ။ အဲဒီ့မှာဆိုရင် ‘Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်း’၊ ‘Frestech သံမဏိသတ္တုစပ် ကုန်သည်ကြီးများအသင်း’၊ ‘Frestech ဆက်သွယ်ရေး ကုန်သည်ကြီးများအသင်း’......"

….

".....‘Frestech မှော်ကား ကုန်သည်ကြီးများအသင်း’၊ ‘Frestech အကြီးစားစက် ကုန်သည်ကြီးများအသင်း’၊ ‘Frestech သယ်ယူပို့ဆောင်ရေး ကုန်သည်ကြီးများအသင်း’......"

ကန်ဒရာအင်ပါယာ၏ မှော်စက်မှုနယ်ပယ် စီမံခန့်ခွဲရေးဌာန၏ ခေါင်းဆောင် ကောင့်ထ် ရာဖာအဲလ် အီရာဗင် မှာ သူ၏ ဘယ်လက်ထဲ၌ (ကန်ဒရာတိုင်းမ်စ်)ကို ကိုင်ဆောင်ထားကာ ညာလက်တွင်မူ (Frestech မှော်စက်မှု အပတ်စဉ်)ကို ကိုင်ဆောင်ထားလျက် နှစ်ခုကို ယှဉ်ကြည့်နေသည်။ နှစ်ခုစလုံး ထပ်တူညီနေသည်ကို မြင်သော် သူဟာ သံသယဖြစ်ပုံပြလာသည်။

" Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သုတေသနဌာနနဲ့ စစ်ဘက်သုံးမှော်စက်ဌာနကရော? သူတို့ကိုက မခွဲဘူးလား?"

သူ၏ ညာဘက်၌ ထိုင်နေသည့် တောက်ပသော မျက်လုံးတစုံရှိ၍ အသက်၅၀ဝန်းကျင် သက်လတ်ပိုင်းလူမှာ လဘက်ရည် တစ်ငုံသောက်လိုက်ပြီးနောက် အသာပြုံးကာ ပြောလေသည်၊ "သခင်ကောင့်ထ်၊ ဒါက ပုံမှန်ပါပဲ။ ရှုယီက အမြဲတမ်း သုတေသနကို အရေးထားပြီး မှော်စက်မှုနယ်ပယ်ရဲ့ အုတ်မြစ်လို့ ပြောနေကျဆိုတော့ သူလည်း ဒါကို Frestech ကုန်သည်ကြီးများအသင်းကနေ ခွဲမှာမဟုတ်ဘူး။ စစ်ဘက်သုံးမှော်စက်တွေကတော့... အကြောင်းအရင်းကို ခန့်မှန်းမိလောက်မှာပါ, ဟုတ်တယ်မို့လား?"

ကောင့်ထ် အီရာဗင် က သက်ပြင်းချ၍ (ကန်ဒရာတိုင်းမ်စ်)နှင့် (Frestech မှော်စက်မှု အပတ်စဉ်)ကို စားပွဲပေါ် ပစ်တင်လိုက်သည်။

"ဒါပေါ့ ခန့်မှန်းဖို့မှ မခက်တာ။ Frestech ကုန်သည်ကြီးများအသင်းကို မတိုက်ခိုက်နိုင်တာ သူတို့မှာ စွမ်းအားကြီး စစ်ဘက်သုံးမှော်စက်တွေရှိနေတာကြောင့်ပဲလေ။ ဘယ်လိုလုပ် ရှုယီက ဒီလို အရေးပါတဲ့အရာတွေကို စွန့်ပစ်နိုင်မှာလဲ? ဒါပေမယ့် ကျုပ် အရမ်း ရှုပ်ထွေးနေတာက ဘာလို့ Frestech ကုန်သည်ကြီးများအသင်းက ရုတ်တရတ်ကြီး သူတို့ဘာသာ ပြန်လည်ဖွဲ့စည်းမှုလုပ်ရတာလဲ? ဘာလို့ အဲဒီ့ဌာနတွေအားလုံးကို ပစ်ထုတ်ပြီး ကုမ္ပဏီသစ်တွေ တည်ထောင်နေရတာလဲ?"

သက်လတ်ပိုင်းလူက ရယ်လျက်ဆိုသည်၊ "သခင်ကောင့်ထ်၊ ဒါက လုံးဝ မထူးဆန်းပါဘူး။ အဖွဲ့အစည်းတစ်ခုအနေနဲ့ အတိုင်းအတာတစ်ခုကို ရောက်တဲ့ အချိန်မှာ သေချာပေါက် သူတို့ရဲ့ အဖွဲ့အစည်းကို ပြန်လည်ဖွဲ့စည်းရပါတယ်။ Frestech ကုန်သည်ကြီးများအသင်းက ကြီးမားလှပြီဆိုတော့ ရှုယီသာ ဒါကို မစဉ်းစားနိုင်ရင် Frestech ကုန်သည်ကြီးများအသင်းက အတွင်းပိုင်းပဋိပက္ခတွေနဲ့ နှစ်အနည်းငယ်အတွင်းမှာ ပြိုလဲသွားလိမ့်မယ်။"

"ဒါပေမယ့် အခု သူက ဒီဌာနတွေအားလုံးကို ခွဲပစ်လိုက်တာလေ၊ ဒါက သူ့ဘာသာ အပိုင်းအစတွေအဖြစ် ဖျက်စီးခိုက်တာမဟုတ်ဘူးလား?" ကောင့်ထ်အီရာဗင် က ရှုပ်ထွေးနေဆဲပင်။

"မဟုတ်ပါဘူး သခင်ကောင့်ထ်... သခင့်အနေနဲ့ ဒီကုမ္ပဏီတွေရဲ့ နာမည်အရှေ့မှာ ‘Frestech’ဆိုတဲ့ စကားလုံးကို သတိထားမိမှာပါ။ ဒါက သူတို့ဟာ ကုမ္ပဏီအသစ်တွေဆိုပေမယ့်လည်း Frestech ကုန်သည်ကြီးများအသင်းက ထိန်းချုပ်ထားဆဲဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အရင်ကနဲ့ မခြားပါဘူး စကားအရပဲ ပြန်လည်ဖွဲ့စည်းမှုတချို့လုပ်ရုံပါ" သက်လတ်ပိုင်းလူက ပြော၏။

"အင်း ကျွန်တော် ဒါကို စိတ်ကူးကြည့်နိုင်ပေမယ့် ရှုယီက သူ့ရဲ့ ဒီကုမ္ပဏီတွေအပေါ် ထိန်းချုပ်မှုက အနာဂတ်မှာ အားပျော့သွားမှာကို စိတ်မပူဘူးလား" ကောင့်ထ် အီရာဗင် ကလည်း ရှုပ်‌ထွေးနေဆဲပင်။

သက်လတ်ပိုင်းလူမှာ အသာမျက်မှောင်ကုပ်၍ စဉ်းစားပြီးနောက် ခေါင်းခါ၏။

"ဒါက... ကျွန်တော်လည်း ဒါကို တကယ် နားမလည်ပါဘူး။ ပြောရရင် ရှုယီက ပြန်လည်ဖွဲ့စည်းချင်တယ်ဆိုရင် အတွင်းပိုင်းမှာပဲ လုပ်လို့ရပြီး ဒါတွေလုပ်ဖို့မလိုပါဘူး။ ဆောင်းပါးမှာ ပြောထားချက်အရတော့ ဒီခွဲလိုက်တဲ့ကုမ္ပဏီတွေကို သူတို့ရဲ့ ကိုယ်ပိုင်မန်နေဂျာတွေက တာဝန်ယူရမှာမို့ အကောင်းရောအဆိုးရော ရှိနေမှာပါ။ ကောင်းရင်က အဆင်ပြေပေမယ့် ဆိုးရင်ကျတော့ရော? ရှုယီက ဂရုမစိုက်ဘဲ အစီစဉ်ဆွဲခဲ့တာများလား?"

ကောင့်ထ် အီရာဗင် နှင့် သက်လတ်ပိုင်းလူတို့မှာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းများခါလိုက်ကြသည်။

"ရှုယီ ဒီတစ်ခေါက်လုပ်တာက ရှုပ်ထွေးစရာပဲ။ ဘာပဲဖြစ်ဖြစ် ရှေ့လျှောက် ဖြစ်တာတွေက သူ့ရွေးချယ်မှု မှန် မမှတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်။" ကောင့်ထ် အီရာဗင်က သက်ပြင်းချလိုက်ပြီးနောက် စိတ်ကို ပြန်စုစည်းလိုက်သည်၊ "ဒါပေမယ့် ဒီတစ်ခေါက် သူ အမှားလုပ်မိလိမ့်မယ်။ ကလာရန့်စ်, ခင်ဗျားတို့ ခီမဲရာကုန်သည်ကြီးများအသင်းက ဘာလုပ်ရမယ်ဆိုတာ သိပြီလား?"

ကလာရန့်စ် ဟူသည့် သက်လတ်ပိုင်းလူက အန္တရာယ်ရှိစွာ ပြုံးလိုက်သည်။

"Frestech ကုန်သည်ကြီးများအသင်းက သူတို့ကိုယ်သူတို့ ဖျက်စီးလိုက်မှတော့ ကျုပ်တို့လည်း မယဉ်ကျေးနေတော့ဘူးပေါ့"

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၂၈။ မှော်ပညာ ပါရမီရှင် ကောင်မလေး

"ဟူး"

ရှုယီမှာ အသာယာ အသက်ရှူထုတ်လိုက်ရာ လေထဲ၌ အဖြူရောင်ဖြူတစ်ထပ် ပေါ်လာသည်။

ဤနှစ်၏ ဆောင်းရာသီက ယခင်နှစ်များထက် ပိုအေးပါ၏။

လွန်လေပြီးသော နှစ်အစပိုင်းတွင် စိုင်စ်နယ်မြေကြီး၏ နိုင်ငံများမှာ နက်ရှိုင်းသည့် ဆောင်းရာသီသို့ ကျရောက်ခဲ့ရသည်။ မာလိုအင်ပါယာကဲ့သို့ မြောက်ပိုင်းအတွက် မြောက်ပိုင်းအကျဆုံး၌ နှင်းများထူထပ်နေပြီး မည်သည့် ခြေရာမှမရှိပေ။

သို့သော် စတန်တိုင်းနယ်မြေကဲ့သို့ တောင်ပိုင်းတွင် ရာသီဥတုက နှစ်တစ်နှစ်၏ အချိန်အများစု၌ အတော်ခေးပူနွေးလှရာ ဆောင်းရာသီ၌ ထိုမျှ မအေးပါချေ။

နှင်းကို မပြောနှင့်၊ လေထဲ၌ စုစည်းနေကြသော မြူများကပင် မြင်ရရှားပါးလှသော အရာဖြစ်သည်။

အဝေးရှိ ပင်လယ်ပြင်ကို လှမ်းမျှော်ကြည့်ရင်းဖြင့် ရှုယီမှာအသာမျက်မှောင်ကုပ်လိုက်မိသည်။

မာလိုအင်ပါယာ၏ မြောက်ပိုင်းအမှတ်သို့ လွန်ခဲ့သော လက ပို့ဆောင်ရေးသင်္ဘောစုအား စေလွှတ်ခဲ့သည်။ အစီစဉ်အရ ၎င်းတို့မှာ ကမ်းရိုးတန်းတလျှောက် နိုင်ငံများစွာတွင် ရပ်နားခဲ့သောကြောင့် နောက်နွေဦးမှသာ မာလိုအင်ပါယာသို့ ရောက်ရှိဦးမည်ဖြစ်၏။

ဤသို့သော ခရီးရှည်ကြီးတစ်ခုအတွက် အကြောင်းအရင်းမှာ လမ်းတလျှောက် နိုင်ငံများနှင့်အတူ ဆက်ဆံရေးများကို လေးနက်စေဖို့ဖြစ်ပြီး မှော်စက်မှုနယ်ပယ်ကို ကြေငြာ၍ နိုင်ငံအချို့၌ တည်ထောင်ထားသော မှော်စက်မှုနယ်ပယ်များကို အကဲဖြတ်မည်ဖြစ်သောကြောင့် တစ်နိုင်ငံတွင် တစ်လကို အနည်းဆုံး ကုန်ဆုံးရမည်ဟု ဆိုလိုသည်။

အစီစဉ်အရ သင်္ဘောစုမှာ စခ်တိုင်းပြည် မြောက်ပိုင်းရှိ အန်တီလာတိုင်းပြည်၌ ဖြစ်လောက်သည်။

လွန်ခဲ့သော အတွေ့အကြုံများကို အခြေခံရသော် အန်တီလာတိုင်းပြည်၏ ပင်လယ်မှာ ဤရာသီတွင် မအေးခဲလောက်သင့်သေးသော်လည်း ဤနှစ်၏ ဆောင်းရာသီမှာ ပုံမှန်ထက် ပိုအေးနေသည်။ အန်တီလာတိုင်းပြည်မှာ ပုံမှန်ထက် ပိုအေးလောက်သဖြင့် ရေခဲသွားနိုင်ပြီး မြောက်ပိုင်းပို့ဆောင်ရေး သင်္ဘောစု၏ အချိန်ဇယားကို နှောင့်နှေးစေနိုင်သည်။

သို့သော် ထိုအကြောင်း စဉ်းစားရလျှင် မြောက်ပိုင်းပို့ဆောင်ရေးသင်္ဘောစုမှ မည်သည့် အဖြစ်အပျက်မှမရှိခဲ့သည့် ဌာနချုပ်များသို့ အစီရင်ခံစာတစ်ခုပင် မရှိခဲ့ဖူးပေ။ ၎င်းမှာ ချောချောမွေ့မွေ့ဖြစ်သွားပြီး ပြဿနာမရှိလာမည့် အဓိပ္ပာယ်ပင်။

ရှုယီ အမှန်တကယ်စိုးရိမ်နေသည်မှာ အမည်မသိ ပင်လယ်ပြင် စူးစမ်းရေးသင်္ဘောစုဖြစ်၏။

၎င်းတို့ ရွက်လွှင့်သွားခဲ့ကတည်းက နှစ်တစ်ဝက်ပင် ကြာနေပြီဖြစ်သည်။ ပင်လယ်ပြင်စူးစမ်းရေးသင်္ဘောစု၏ ခရီးသွားအမြန်နှုန်းအရ ၎င်းတို့မှာ ကီလိုမီတာ တစ်သောင်းကျော်အဝေး၌ ရှိနေလောက်ပြီဖြစ်သောကြောင့် သဘာဝကျကျပင် ၎င်းတို့အနေနှင့် အဆက်အသွယ်များကို မထိန်းသိမ်းနိုင်တော့ပေ။

ပို့‌ဆောင်ရေးသင်္ဘောစုများ၏ အခြေအနေမှာ ကမ္ဘာမြေမှ မဂျယ်လန်၏ သင်္ဘောစုထက် များစွာပိုမိုသာလွန်သော်လည်း ပင်လယ်ပြင်၌ ဖြစ်နိုင်သမျှ မတော်တဆများစွာရှိသောကြောင့် ၎င်းတို့ထံ၌ ပိုကောင်းမွန်သည့်အခြေအနေများရှိပါလျှင်တောင် မရှောင်လွှဲနိုင်ပေ။

၎င်းတို့၏ ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ရှုယီမှာ စိုးရိမ်နေလျှင်တောင် မည်သည်ကိုမှ လုပ်နိုင်မည်မဟုတ်သလို သဘာဝကို ဖြစ်ခွင့်ပြုထားရမည်သာ။

ထိုအကြောင်းစဉ်းစားရင်း ရှုယီမှာ မနေနိုင်အောင် သူ့အထက်ရှိ ကောင်းကင်ကို ကြည့်လိုက်မိသည်။

ကမ္ဘာမြေတွင် ဆက်သွယ်ရေးဂြိုဟ်တုများ တီထွင်ထားမှုကြောင့် ကမ္ဘာမြေရှိလူများမှာ အမှန်တကယ် ရှည်လျားလှသည့် နယ်နမိတ်အတွင်း ဆက်သွယ်ရေးကွန်ရက်ကို တည်ထောင်နိုင်ကာ ခြေရာကောက်ရန်အတွက် ဂြိုဟ်တုများကိုပင် အသုံးပြုနိုင်သည်။

ကမ္ဘာမြေရှိ သင်္ဘောစုတစ်ခုဆိုပါလျှင် ၎င်းတို့အနေနှင့် ဂြိုဟ်တု ဆက်သွယ်ရေးစနစ်တစ်ခုကိုသာ လိုအပ်ပြီး လူများအနေနှင့် အလွယ်တကူဆက်သွယ်နိုင်သဖြင့် မည်သည်ကိုမှ စိုးရိမ်ဖို့မလိုပေ။

စိုင်စ်နယ်မြေကြီးတွင်လည်း ကီလိုမီတာတစ်သောင်းကျော် ဆက်သွယ်မှုများကိုမပြောနှင့် တစ်ထောင်ကီလိုမီတာ ဆက်သွယ်မှုများကိုပင် Frestech ကုန်သည်ကြီးများအသင်းမှ မှော်အချက်ပြတာဝါများတည်ဆောက်ထားသည့် အနောက်တောင်ပိုင်း၌သာ ကန့်သတ်ထားသည်။

သို့သော် သူဟာ နယ်မြေကြီးရှိ ဆက်သွယ်ရေးပြဿနာကို မှော်အချက်ပြတာဝါများအား ကြော်ငြာကာ မှော်ဆက်သွယ်‌ရေးကွန်ရက်အား အပြည့်အဝတည်ဆောက်ခြင်းဖြင့် ဖြေရှင်းနိုင်သော်လည်း အဆုံးမဲ့ပင်လယ်ပြင်တွင်မူ မည်သို့လုပ်ဆောင်ရမည်နည်း?

နယ်မြေကြီးတွင် သူဟာ ကမ္ဘာမြေကကဲ့သို့ ဂြိုဟ်တုတစ်ခုအား အသုံးပြုကာ ဖြေရှင်းနိုင်မည်လား?

ရှုယီလည်း မျက်မှောင်ကုပ်၍ သူ့စိတ်ထဲရှိ မှော်ပညာဗဟုသုတအားလုံးအကြောင်း စဉ်းစားကာ ဖြစ်နိုင်ချေမှန်သမျှကို ဂရုတစိုက်ရှာဖွေနေလိုက်သည်။

"ဖေဖေ ကြည့်ပါဦး ကြည့်ပါဦး!"

သူစဉ်းစားနေစဉ်တွင် ရှုယီ၏ ရှေ့မှ ရုတ်တရတ် မိန်းမငယ်လေးတစ်ဦး၏ အသံတစ်သံထွက်လာကာ သူ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။

ရှုယီလည်း ကြည့်၍ ဝမ်းသာပြုံး ပြုံးပြလိုက်သည်။

"အိုင်း ဖရီယာ, ဘာကြည့်စေချင်နေတာတုန်း?"

ဖရီယာမှာ ၁၂နှစ်အရွယ်ရှိနေပြီဖြစ်ကာ ကမ္ဘာမြေမှ ကူးပြောင်းလာသူ ရှုယီ၏ ဗီဇရှိသောကြောင့် သူမဟာ ကမ္ဘာမြေရှိ အခြားမိန်းကလေးများနှင့်ယှဉ်လျှင် ဖွံ့ဖြိုးမှုက နောက်ကျသည်။ သို့သော်လည်း သူမဟာ ယခုတွင် အပျိုဖော်ဝင်စအရွယ်ရောက်နေပြီဖြစ်သည်။ သူမသာ ၁၆၀စင်တီမီတာ အရပ်ရှိရုံသာမက ရှုယီ၏ မေးဖျားသို့ပင်ရောက်နေပြီဖြစ်ကာ သူမ၏ အသွင်သဏ္ဍာန်က စတင် ကြီးထွား၍ ယခုတွင် အရွယ်ရောက်မိန်းကလေးဖြစ်နေပြီဖြစ်သည်။

သူမဟာ စတေးလ်၏ အလှကို အမွေခံထားလုနီးနီးဖြစ်နေသည့် အချက်ကိုပါ ထည့်ပေါင်းလိုက်သော် သူမ၏ အသွင်ပြင်များမှာ ငယ်စဉ်ကတည်းက ဖွံ့ဖြိုးနေပြီးသားဖြစ်သလို အင်မတန်လှပပါ၏။ သူမဟာ ရှုယီ ယခင်က ကမ္ဘာပေါ်တွင် မြင်ခဲ့ဖူးသော ကပြားအလှပဂေးများကဲ့သို့ ဖြစ်သည်။

သူမအား မြင်ကြသူများဟာ မနေနိုင်အောင် ချီးမွမ်းတတ်ကြ၏။ သူမ အရွယ်ရောက်လာချိန်၌ အလှအပနှင့်ယှဉ်လျှင် စတေးလ်ကိုပင် မရှုံးနိုင်တော့အောင် ဖြစ်လာလောက်သည်။

"ဒါကိုကြည့်ပါဦး!" ဖရီယာမှာ မျက်နှာထက်၌ ဂုဏ်ယူပြုံးရှိနေပြီး ရှုယီရှေ့၌ သူမ၏ လက်သီးဆုပ်ထားသော ညာလက်ကို ထုတ်ပြလာ၏။

"အိုး? ဘာ ဖွက်ထားတာတုန်း?" ရှုယီက သူမ၏ လက်သီးဆုပ်အား အပြုံးဖြင့် ကြည့်လိုက်ကာ တမင်သက်သက် ခဏမျှစဉ်းစားလိုက်ပြီးနောက် လက်ဖြန့်လိုက်သည်၊ "သိပြီ! တစ်နေရာရာကနေ ပိုးကောင်တွေဖမ်းလာပြန်တာ မဟုတ်လား?"

ဖရီယာမှာ အမြဲတမ်း တက်‌ကြွနေပြီး ပွင့်လင်းသော စရိုက်ရှိသဖြင့် သူမဟာ တခါတလေ ယောက်ျားလေးတစ်ဦးလိုပင် နောက်ပြောင်တတ်သေးသည်။

ပုံမှန်အားဖြင့် မိန်းကလေးများမှာ ပိုးကောင်များကို ကြောက်ရွံ့သော်လည်း သူမဟာ အင်မတန်ရဲတင်းလှပြီး ထူးဆန်းသည့် အရာအားလုံးကို အပျော်သက်သက် သေနတ်မျိုးကိုကြည့်ဖို့ လာခဲ့တာပဲ။

ရှုယီ အနေနှင့် သူမအား သွက်လက်ကာ တက်ကြွသည်ကို မြင်ရသည်အား ပျော်သော်လည်း သူမဟာ ပိုးကောင်များနှင့် ကစားခြင်းကို သဘောကျသည့်အချက်ကြောင့် ပြောစရာမဲ့လှသည်။

မှန်ပါ၏၊ သူကမူ ဖရီယာ၏ စိတ်ဝင်စားမှုများကို ပိတ်ပင်မည်မဟုတ်ပေ။

"အိုင်း အိုင်း ဒီတစ်ခါက ပိုးကောင်မဟုတ်ပါဘူး။" ဖရီယာက သူမ၏ ညာဘက်လက်ကို အနည်းငယ် မြှောက်ကာ ပြောပါ၏၊ "ဖေဖေ သေချာကြည့်လိုက်ပါ!"

ဖရီယာက ထိုသို့ပြောပြီး သူမ၏ လက်ကို ဖြန့်လိုက်ရာ အတွင်းထဲ၌ ပစ္စည်းတစ်ခု ရှိနေသည်။ ၎င်းက မီးလုံး သေးသေးလေးပါပင်။

ရှုယီမှာ တကယ်တမ်း သူမ၏ လက်ထဲမှ မှော်စွမ်းအား အပြောင်းအလဲများကို ခံစားမိပြီးသား ဖြစ်သော်လည်း ၎င်းကို ထုတ်မပြဘဲ အံ့ဩဟန်သာ ဆောင်၍ ပြောလိုက်၏၊ "ဝါး ဖရီယာ မင်းက ဒီလောက်သေးတဲ့ မီးလုံးလေးကို ဖန်တီးနေနိုင်ပြီဆိုတော့ တကယ်ပဲ တိုးတက်လာပြီပဲ!"

မည်သူက ဖရီယာမှာ ၎င်းကို လက်သင့်မခံဖြစ်ကာ နှာမှုတ်၍ နှုတ်ခမ်းများကို တွန့်ကွေးမည်ဟု ထင်ပါမည်နည်း?, "ဖေဖေ ဘယ်သူက ဒီမီးလုံးလေးကို ကြည့်ဖို့ ပြောလို့လဲ? ဒီဘေးက ဒြပ်စင်မှော်စွမ်းအင်ကို အာရုံစိုက်ရမှာပေါ့"

"အိုး?" ရှုယီမှာ ဖရီယာကို တအံ့တဩကြည့်ကာ သူ၏ စိတ်ကို စုစည်းရင်း ဖရီယာ၏ လက်ထဲရှိ ထိုမီးလုံးလေး ဘေးပတ်လည်ရှိ ဒြပ်စင်မှော်စွမ်းအင်ကို အာရုံခံဖို့ ကြိုးစားလိုက်သည်။ သူ ထိုသို့ လုပ်လိုက်ချိန်၌ အမှန်တကယ် အံ့အားသင့်သွားဟန်ကို ပြလာပါ၏၊ "ဖရီယာ၊ မင်း... တကယ်ကြီး ဒါရဲ့ ဘေးက မှော်အာကာပြင်ကို လုံးဝ တည်ငြိမ်စေခဲ့တာလား?

ပုံမှန်ပြောရလျှင် မှော်ပညာရှင်တစ်ဦးက မန္တာန်တစ်ခုကို ဖော်လိုက်ချိန်တွင် ၎င်းတို့မှာ ၎င်းတို့၏ ဘေးပတ်လည်၌ မှော်စွမ်းအားဖြင့် ဒြပ်စင်မှော်စွမ်းအင်ကို စုဆောင်းကာ မန္တာန်ကို ပုံဖော်ရမည်ဖြစ်သည်။

ထိုသို့ဖြင့် မန္တာန်ပုံပေါ်လာသည်နှင့် အနီးဝန်းကျင် မှော်အာကာပြင်၌ သက်ရောက်မှုအချို့ရှိလာမည်ဖြစ်ရာ ၎င်းက ဒြပ်စင်မှော်စွမ်းအင်ကို မတည်မငြိမ်ဖြစ်စေလိမ့်မည်။

စွမ်းအားကြီး မှော်ပညာရှင်တစ်ဦးဆိုလျှင် အာကာပြင်ကို ၎င်းဘာသာ တိုက်ရိုက် သက်ရောက်စေရန် မှော်အာကာပြင်အား အသုံးပြုနိုင်၏။

အာကာပြင် မှော်ပညာနောက်ကွယ်ရှိ နိယာမမှာ ၎င်းကို အခြေခံထားသည်။

သို့သော် ဖရီယာ ဖော်ဆောင်ခဲ့သော မီးလုံးက သာမန် မီးလုံးနှင့် ခြားနားပါ၏။

ပထမဆုံး ထိုမီးလုံးမှာ အင်မတန်သေးငယ်လှကာ တင်းနစ်ဘောလုံးတစ်လုံးစာ အရွယ်အစားမျှသာ ရှိသည်။

ထို့ပြင် သေချာကြည့်လိုက်လျှင် ဤမီးလုံး၏ အရောင်နှင့် တောက်ပမှုက အင်မတန်ငြိမ်သက်လှပြီး အပြောင်းအလဲ တစ်ခုလေးသော်မျှ ရှိမနေပေ။

၎င်းက ဖရီယာမှာ ဤမီးလုံးအတွင်းရှိ ဒြပ်စင်မှော်စွမ်းအင်ကို အပြည့်အဝထိန်းချုပ်နိုင်ရာ သာမန် မှော်ပညာရှင်တစ်ဦး၏ အဆင့်ထက် သာလွန်နေသည့် အဓိပ္ပာယ်ပင်။

ရှုယီအတွက် သူ၏ အာရုံကို အဖမ်းစားနိုင်စေဆုံးမှာ မီးလုံးထဲရှိ ဒြပ်စင်မှော်စွမ်းအင်နှင့် ထိုမီးလုံးဘေးပတ်လည်ရှိ မှော်အာကာပြင်အကြား၌ သိသိသာသာ တည်ငြိမ်မှုရှိနေခြင်းဖြစ်၏။

၎င်းမီးလုံးလေး၏ ပတ်လည်ရှိ ဒြပ်စင်မှော်စွမ်းအင်မှာ ပုံမှန်အတိုင်း စီးဆင်းနေသည်မှာ မီးလုံးကြောင့် လုံးဝ သက်ရောက်ခြင်း မခံနေရသလိုပါပင်။

၎င်းကို ပြုလုပ်နိုင်ရန် တိကျသော ဒြပ်စင်မှော်စွမ်းအင် ထိန်းချုပ်မှု ရှိရုံနှင့် မရပေ။

ရှုယီမျက်နှာထက်ရှိ အံ့ဩနေပုံကိုမြင်သော် ဖရီယာက ဂုဏ်ယူနေဟန်ဖြင့် မော့ကြည့်လာကာ ပြောသည်၊ "ဘယ်လိုလဲ ဖေဖေ? သမီးက စွမ်းအားကြီးရဲ့လား?"

"စွမ်းအားကြီးတယ်! အရမ်းကို စွမ်းအားကြီးတာပေါ့!" ရှုယီမှာ မထိန်းထားဘဲ ဖရီယာကို လက်မထောင်ပြကာ ချီးကျူးလိုက်ပါ၏။

ဖရီယာမှာ ချီးကျူးရန် ထိုက်တန်သောကြောင့် ဤချီးကျူးမှုက ရှုယီ၏ စိတ်အတွင်းထဲမှ လာသည်။

ပတ်ဝန်းကျင် မှော်အာကာပြင်၏ တည်မြဲမှုအပေါ်ရှိ မန္တာန်၏ သက်ရောက်မှုကို လျှော့ချခြင်းမှာ လွန်ခဲ့သော နှစ်ဝက်အကြာက မှော်သုတေသနဌာန၌ အဆိုပြုထားသည့် အရာဖြစ်ကာ မကြာသေးမီကမှသာ ကနဦးအောင်မြင်မှုကို ရခဲ့သည်။

၎င်းက ဤအကြောင်းအရာအပေါ် နှစ်ဝက်စာ သုတေသနလေးနှင့် ဖရီယာက ဤစံနှုန်း မန္တာန်ကို ထုတ်ဖော်နိုင်ရာ သူမ၏ မှော်ပညာအရည်အချင်းက ထိတ်လန့်ဖွယ်ဟုပင် ဆိုနိုင်သည်။

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာ၏ အပြောအရ သူဟာ သူ၏ အကြီးဆုံး မြေးမလေး ဖရီယာ၏ မှော်ပညာအရည်အချင်းမှာ ရှုယီထက်ပင် သာလွန်နေသည်ဟု ထင်မိသည်!

သို့သော်လည်း ရှုယီအတွက် ထိုမှော်ပညာပါရမီမှာ နယ်မြေကြီး၏ မှော်ပညာရှင်အသိုင်းအဝိုင်းရှိ မရှင်းလင်းသော ဖွင့်ဆိုချက်တစ်ခုပင်။

ထုံးစံအမြင်အရ ‘မှော်ပညာပါရမီ’မှာ မှော်ပညာရှင်တစ်ဦးအနေနှင့် မန္တာန်များကို မည်မျှ မြန်မြန်နားလည်နိုင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်မှော်စွမ်းအားကို မည်မျှ မြန်မြန်တိုးမြှင့်နိုင်သနည်းအပေါ် မူတည်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနက နှစ်များစွာ သုတေသနလုပ်ပြီးနောက် မှော်သုတေသနအချက်အလက်များကို အသုံးပြုကာ စတင်ကြေငြာခဲ့သည့် ပြီးခဲ့သော ၄နှစ်တာအတွင်း လူများ၏ စိတ်တွင်းရှိ ဆန်းကြယ်သော မှော်ပညာမှာ ထိုမျှလောက် မဆန်းကြယ်တော့ပေ။ ၎င်းက သာမန်လူပင် လေ့လာနိုင်သည့် အရာတစ်ခုဖြစ်လာသည်။

နယ်မြေကြီး၌ မှော်ပညာပါရမီမပါရှိသူများပင် Frestech ကုန်သည်ကြီးများအသင်းက သင်ကြားပေးမည့် မှော်အချက်အလက် သင်ရိုးညွှန်းတမ်းကို နားလည်ဖို့ ဆန္ဒရှိပါလျှင် မှော်ပညာကို သင်ကြားနိုင်မည်ဖြစ်၏။

၎င်းကြောင့် ရှုယီနှင့် မှော်သုတေသနဌာနတို့၏ သုတေသနအား နယ်မြေကြီး၏ မှော်ပညာရှင်များက အပြောပဲရှိသည်ဟုအမည်တပ်ကာ ခုခံမှုလှိုင်းကြီးတစ်ခု ဖန်တီးခဲ့သည်။

သို့သော်လည်း Frestech ကျောင်းတော်၌ မှော်ပညာကို လေ့လာသင်ယူသည့် သာမန်လူများ ပိုပိုများလာချိန်၌ ၎င်း ဆန့်ကျင်ဘက် လှိုင်းကြီးမှာ တဖြည်းဖြည်းချင်း တိုက်စားခံလိုက်ရသည်။

သုံးနှစ်တာအတွင်းတွင် စိုင်စ်နယ်မြေကြီးရှိ လူများစွာ၏ နားလည်မှုက ကမ္ဘာကိုတုန်ဟီးစေလောက်အောင် ဖြစ်လာခဲ့ပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၂၉။ ဒြပ်စင်မှော်ပညာ လေ့လာရေးသင်ရိုးညွှန်းတမ်း

မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနမှာ သာမန်လူများပင် ထိတွေ့နိုင်အောင် မှော်ပညာလေ့လာရေးအတိုင်းအတာကို လျှော့ချထားသော်လည်း ကမ္ဘာမြေရှိ အခြေခံ ဘာသာရပ်များကဲ့သို့ပင် မတူညီသည့် လူများက မတူညီသည့် ပါရမီအထုံများရှိကြသည်။ မှော်ပညာလေ့လာရေး စံနှုန်းကို လျှော့ချပြီးသည့်နောက် ပါရမီ၌ ကွဲပြားမှုက ရှိပြီး ၎င်းမှာ မှော်ပညာပါရမီ အမျိုးစားသစ်တစ်ခုပင်။

ဥပမာ ဖရီယာက ဤမှော်ပညာလေ့လာမှု ခေတ်သစ်တွင် အထူးချွန်ဆုံး မှော်ပညာရှင်များအနက် တစ်ဦးဖြစ်သည်။

သူမ၏ အဘိုးမှာ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်ကာ၊ သူမ၏ ဖခင်က အသက်အငယ်ဆုံး မဟာမှော်ပညာရှင် ဖြစ်၍ သူမ၏ မိခင်ဖြစ်သူက မဟာမှော်ပညာရှင်ဖြစ်ရန် ခြေတစ်လှမ်းသာလိုတော့သည့် နဝမအဆင့် စွမ်းအားကြီး မှော်ပညာရှင်တစ်ဦးဖြစ်လေရာ ဖရီယာအနေဖြင့် ဤသို့သော မိသားစုမျိုးတွင် မွေးဖွားလာခဲ့ခြင်းကြောင့် မှော်ပညာနှင့် မထိတွေ့ရန်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် ဖရီယာမှာ ငယ်စဉ်ကတည်းက မှော်ပညာနှင့် ပတ်သက်၍ အင်မတန်စိတ်ဝင်စားသဖြင့် အသက် ၆နှစ်ကတည်းက ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာ၊ ရှုယီနှင့် စတေးလ်တို့မှာ သူမအား မှော်ပညာသင်ကြားပေးဖို့ အချိန်‌ဖယ်ထားတတ်သည်။

သို့သော် နယ်မြေကြီးရှိ မှော်ပညာရှင်အများစုနှင့် ကွဲပြားစွာ ဖရီယာ မှော်ပညာကို လေ့လာချိန်တွင် သူမဟာ အမြဲတမ်း ရှုယီ ပြုလုပ်ထားသည့် အဓိပ္ပာယ်ပြန်လည်သတ်မှတ်ထားသော မှော်လေ့လာရေးနည်းလမ်းကို လက်ခံရသည်။ သူမဟာ မန္တာန်များကို နားလည်ဖို့ မကြိုးစားခင် မှော်ပညာ၏ အချက်အလက်အား အမြဲ သုံးသပ်ရ၏။

၎င်းကြောင့် ဖရီယာ၏ မှော်ပညာနားလည်နိုင်စွမ်းမှာ အစပိုင်းမှစ၍ အခြားမှော်ပညာရှင်များနှင့်ကွဲပြားသည်။ သူမဟာ ၎င်းကို ဇဝေဇဝါအယူအဆအဖြစ် မသတ်မှတ်ဘဲ သူမ လေ့လာထားသည့် မှော်ပညာကို ကောင်းစွာ သုံးသပ်ပြီးနောက် နားလည်နိုင်သွားသည်။

၎င်းနှင့်ပတ်သက်သည့် ပြဿနာမှာ ဖရီယာအတွက် မည်သည့်မန္တာန်အသစ်ကို မဆိုသင်ယူရန် အားစိုက်ထုတ်မှုနှင့် အချိန်က အခြားမှော်ပညာရှင်များနှင့် ယှဉ်လျှင် များစွာပိုမို အသုံးပြုရမည်ဖြစ်သည်။

ဥပမာ.. အခြေခံအကျဆုံး မီးစွမ်းအားမန္တာန်ဖြစ်သည့် မီးလုံးမန္တာန်ကို လေ့လာနေချိန်တွင် ဖရီယာမှာ မီးလုံးမန္တာန်တစ်ခုအား အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ရန် တစ်ပါတ်တာလုံးကို အသုံးပြုခဲ့ရသည်။ Frestech မှော်ကျောင်းတော်ရှိ သုံးရက်သာ ကြာသော အကြိုနှင့် ဒုတိယအဆင့် မှော်ပညာရှင်များစွာနှင့် ယှဉ်လျှင် ၎င်းက များစွာပိုမို နှေးကွေးပါ၏။

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာ၊ ရှုယီနှင့် စတေးလ်တို့ကဲ့သို့ ပါရမီရှင် မှော်ပညာရှင်များအတွက်မူ သူမဟာ များစွာ လိုအပ်နေသေးသည်။

သို့ရာတွင် ၎င်း၏ အကျိုးကျေးဇူးများမှာ ဖရီယာက ၎င်းမီးလုံး မှော်မန္တာန်ကို ကျွမ်းကျင်ပြီးနောက် သူမ ထုတ်ဖော်သည့် ပထမဆုံးမီးလုံးမှာ ၎င်း မီးလုံးမန္တာန် ပြုလုပ်နိုင်သည့် အထွဋ်အထိပ်ကိုပင် ရောက်နေပြီဖြစ်၏။ ဒြပ်စင်မှော်စွမ်းအင် တည်မြဲမှု၊ မီးလုံး၏ ပုံသဏ္ဍာန်၊ မှော်စွမ်းအားနှင့် ဒြပ်စင်မှော်စွမ်းအင်အချိုးတို့အရ ၎င်းအား ပြီးပြည့်စုံလုနီးပါးဟုပင် မှတ်ယူနိုင်သည်။

ထို့အပြင် သူမက ဤပထမဆုံး မီးလုံးကို ပစ်လွှတ်လိုက်သည်နှင့် ဖရီယာမှာ ထိုမီးလုံးမန္တာန်နှင့် သက်ဆိုင်ရာ အသိပညာအားလုံးကို နားလည်နေရာ အနာဂတ်တွင် အခြားမီးစွမ်းအားမန္တာန်များအားလုံးကို လေ့လာသည့်အခါ အမြန်နှုန်း တိုးလာစေမည့် အဓိပ္ပာယ်ရှိ၏။

ဥပမာ သာမန်မှော်ပညာရှင်တစ်ယောက်က မီးစွမ်းအားမှော်ပညာကို လေ့လာချိန်တွင် ၎င်းတို့ ပထမဆုံးသင်ယူရမည့် မန္တာန်မှာ မီးစွမ်းအား အုတ်မြစ်ဖြစ်သည့်အတွက် မီးလုံး မန္တာန်ဖြစ်သည်။

ပုံမှန်အားဖြင့် ပြောရလျှင် အရည်အချင်း ပမာဏတစ်ခုရှိသည့် မှော်ပညာရှင်များမှာ ၎င်းကို နှစ်ရက် သုံးရက်အတွင်း လေ့လာရလိမ့်မည်။

၎င်းတို့ ဒုတိယသင်ရမည့် မန္တာန်မှာ အနည်းငယ် ပိုမိုရှုပ်ထွေးလိမ့်မည်။ ၎င်းတို့အနေဖြင့် မီးတောက် မန္တာန်၊ ဆက်တိုက်ပစ်မီးလုံးမန္တာန် သို့မဟုတ် အခြားမန္တာန်များကို ရွေးချယ်နိုင်ပါ၏။ သာမန်အရည်အချင်း ပမာဏနှင့် မှော်ပညာရှင်များမှာမူ ၎င်းကို နားလည်ရန် ၁ပတ် ၂ပတ်ခန့်ကြာသည်။

သို့သော်လည်း ဖရီယာက မီးလုံးမန္တာန်ကို တစ်ပတ်ကြာလေ့လာပြီးနောက်၌ သူမ လေ့လာခဲ့သည့် ဒုတိယမြောက်မန္တာန်မှာ မီးတောက်မန္တာန်ဖြစ်ပြီး သူမ စတင်လေ့လာချိန်မှ ထုတ်ဖော်နိုင်ချိန်အထိ နာရီဝက်အောက်သာ အသုံးပြုခဲ့ရသည်!

ထို့နောက် ၃ရက်တာလေးအတွင်း သူမဟာ မှော်ပညာရှင်များအဖွဲ့အစည်းမှ ပြဌာန်းထားသော ပထမအဆင့် မီးစွမ်းအားမန္တာန်အားလုံးကို လေ့လာခဲ့သည်။

ထိုသတင်းကို ကြားပြီးနောက် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် ကောင်းကင်ယံ၌ အကြိမ်ရေအနည်းငယ်ခန့် လှည့်ပတ်ပျံဝဲရင်း အော်ဟစ်လိုက်မိသည်၊ "အခု ငါတို့ မိသားစုမှာ နောက်ထပ် တကယ့် မှော်ပညာဉာဏ်ကြီးရှင်တစ်ယောက် ရှိလာပြီကွ"

ရှုယီကမူ ဖရီယာ၏ လုပ်ဆောင်ချက်ကြောင့် လုံးဝမအံ့ဩဘဲ တည်ငြိမ်နေပါ၏။

သူ့အတွက် မှော်ပညာကဲ့သို့သော အရာတစ်ခုမှာ မှော်ပညာရှင်တစ်ဦး၏ ကိုယ်ရှိ မှော်စွမ်းအားကို လေထဲရှိ သက်ဆိုင်ရာ ဒြပ်စင်မှော်စွမ်းအင်အား ရေးဆွဲဖို့ အသုံးပြုရုံမျှသာဖြစ်သည်။ ထို့နောက် ထိုဒြပ်စင်မှော်စွမ်းအင်ကို စိစဉ်ပြီးနောက် ၎င်း၌ ပါဝင်ရှိ စွမ်းအင်ကို နည်းလမ်းတစ်မျိုးဖြင့် ထုတ်ဖော်ခြင်းသာဖြစ်၏။

၎င်းမှာ သစ်သားချောင်းတစ်ခုကို မီးညှိခြင်းနှင့် မခြားပါချေ။

ဖရီယာမှာ မီးလုံးမန္တာန်ကို လေ့လာရန် တစ်ပတ်တာ ကုန်ဆုံးခဲ့သော်လည်း သူမ ထိုအပတ်၌ နားလည်ခဲ့သည်မှာ မီးလုံးမန္တာန်အတွက်မျှသာ မဟုတ်ခဲ့ပေ။ သူမဟာ မီးဒြပ်စင်မှော်စွမ်းအင်၏ ဝိသေသလက္ခဏာရပ်များ မည်သို့ရှိကာ မီးဒြပ်စက်မှော်စွမ်းအင်ကို မည်သို့ စီစဉ်ရမည်အား နားလည်ခဲ့သည်။

သို့ဖြစ်ရာ မီးစွမ်းအားမှော်ပညာ၏ အနှစ်သာရကို နားလည်ပြီးသား သူမအဖို့ မီးဒြပ်စင်မှော်စွမ်းအင်ကို နည်းလမ်းသစ်များဖြင့် မည်သို့ စီစဉ်ရမည်အား လေ့လာရုံသာဖြစ်သောကြောင့် မီးစွမ်းအားမန္တာန်သစ်များကို လေ့လာရာတွင် ထိုမျှ မြန်နေရခြင်းပင်။

သူမအား သူမ၏ ကိုယ်ပိုင်မှော်စွမ်းအားကြောင့် မကန့်သတ်ခံထားရလျှင် ဖရီယာမှာ အဆင့်ပိုမြင့်သည့် မန္တာန်များကိုပင် ထုတ်ဖော်နိုင်လောက်သည်။

သို့သော် မှော်စွမ်းအားကို ပြောရလျှင်......

"ဖရီယာ မင်းရဲ့ မှော်စွမ်းအားတိုးတက်မှုက ဒီတလော ဘယ်လိုနေလဲ?" ရှုယီက ဖရီယာကို မေးလိုက်၏။

ဖရီယာမှာ အသာမျက်မှောင်ကုပ်၍ အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။

"ပြီးခဲ့တဲ့ လအနည်းငယ်လောက်တုန်းကတော့ အရမ်းကို နှေးနေတယ်။ ဖေဖေ သမီးက ဖိုးဖိုးကြီးနဲ့ ဖိုးဖိုး ထန်နာတို့ ပြောသလို အကြပ်အတည်းရောက်သလိုဖြစ်နေတာလား?"

"ဘာအကြပ်အတည်းလဲ၊ အဲ့လိုဟာမျိုး မရှိပါဘူး။" ရှုယီက အထင်အမြင်သေးစွာ နှုတ်ခမ်းများကို တွန့်ကွေးလိုက်၏။

နယ်မြေကြီး၏ မှော်ပညာရှင်များမှာ ၎င်းတို့၏ မှော်စွမ်းအား တိုးပြီးသွားချိန်တွင် ‘အကြပ်အတည်းကာလ’တစ်ခု ရှိသည်ဟု အမြဲထင်ကြသည်။ ဆိုလိုသည်မှာ မှော်ပညာရှင်တစ်ဦး၏ မှော်စွမ်းအားက အတိုင်းအတာတစ်ခုကို ရောက်သည်နှင့် တိုးတက်ဖို့ ပိုခက်လာပြီး ၎င်းတို့အနေနှင့် အကြပ်အတည်းကို ရောက်နေပြီဟု ဆိုသည်။ ၎င်း အကြပ်အတည်းကို ဖြတ်ကျော်နိုင်ချိန်မှသာ တစ်ဖန် များစွာ တိုးတက်နိုင်မည်ဟုပင်။

သို့သော် ရှုယီအတွက် ၎င်းမှာ အဓိပ္ပာယ်မရှိချေ။

အဘယ့်ကြောင့်ဆိုသော် ၎င်း ‘အကြပ်အတည်း’ဟူသည် သိပ္ပံနည်းနှင့် လုံးဝလိုက်လျော ညီထွေ မဖြစ်နေသောကြောင့်ဖြစ်၏။

မှော်ပညာရှင်များ၏ မှော်စွမ်းအားမှာ တကယ်တမ်း မှော်ပညာရှင်များအနေဖြင့် ၎င်းတို့ဘေးပတ်လည်ရှိ မှော်စွမ်းအင်ကို စုပ်ယူကာ ပုံစံပြောင်းရခြင်းသာ ဖြစ်သည်။ ဤသည်က ၎င်းတို့အား ၎င်းတို့ဘေးပတ်လည်ရှိ ဒြပ်စင်မှော်စွမ်းအင်နှင့်အတူ ပိုမို ပဲ့တင်ထပ်စေကာ ဒြပ်စင်မှော်စွမ်းအင်ကို ပို၍ပင် ထိန်းချုပ်စေနိုင်၏။

၎င်းပြောင်းလဲမှုနှင့် ပတ်သက်၍ မည်သည့် ကန့်သတ်ချက်မှ မရှိဟုပင် ဆိုနိုင်ကာ တစ်ယောက်ယောက်က အစီစဉ်အတိုင်း ကျော်ဖြတ်နိုင်လျှင် မည်သည့် အကြပ်အတည်းမှ မရှိပေ။ ၎င်းအတိုင်း ဆက်လုပ်နေသရွေ့ အမြဲ တိုးတက်နေမည်သာ။

ယခင်က ၎င်းတို့၏ ကိုယ်ပိုင်အဆင့်ကို ဘယ်တုန်းကမှ မတိုးတက်နိုင်ခဲ့သော အဆင့်နိမ့်မှော်ပညာရှင်များမှာ ၎င်းတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် မှော်စွမ်းအား တိုးတက်ရေးနည်းလမ်းများကြောင့် ကန့်သတ်ခံရခြင်းဖြစ်သဖြင့် မှော်စွမ်းအားမတိုးနိုင်တော့ဘဲ အဆင့်မြင့် မှော်ပညာရှင်တစ်ဦးလည်း ဘယ်တော့မှ ဖြစ်လာနိုင်မည်မဟုတ်ပေ။

သို့သော် ဖရီယာမှာ ရှုယီနှင့် စတေးလ်တို့ထံမှ ဗီဇကောင်းများကို အမွေဆက်ခံထားရသလို သူမအတွက် စွမ်းအားကြီးမှော်ပညာရှင်များစွာကလည်း မှော်ကျင့်ကြံရေးနည်းလမ်းတစ်ခုကို ဖန်တီးပေးထားသဖြင့် ၎င်းက ပြဿနာမဟုတ်ပေ။ သူမ၏ ခန္ဓာကိုယ်၌ အကြပ်အတည်းဆိုသည့် အရာမျိုး ပေါ်မလာသင့်‌ချေ။

"လာပါဦး တစ်ချက်လောက် ကြည့်ရအောင်"

ရှုယီက စဉ်းစား၍ ဖရီယာ၏ ပခုံးပေါ် လက်တင်ကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ မှော်စွမ်းအင်တစ်မျှင်ကို ပို့လွှတ်လိုက်သည်။

ထိုမှော်စွမ်းအင်အမျှင် ဝင်ရောက်သွားပြီးနောက် ရှုယီမှာ မိမိလက်ကို ပြန်ရုတ်ကာ ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။

"အိုင်း ဖရီယာ, မင်းရဲ့ အရပ်ကို နောက်ဆုံးတိုင်းတာ ဘယ်လောက်ကြာပြီလဲ?"

ဖရီယာက ငေးမောနေပြီးမှာ ရှုယီ အဘယ့်ကြောင့် ရုတ်တရတ် ထိုမေးခွန်းအား မေးလာသည်ကို အနည်းငယ် ရှုပ်ထွေးသွားသည်။

"အာ.. လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ဖြစ်မယ်..." ဖရီယာက မသေချာသော အသံဖြင့် ဆိုသည်။

"အဲ့တုန်းက မင်းအရပ်ဘယ်လောက်ထိရှည်လဲ?" ရှုယီက မေး၏။

"၁၄၀ စင်တီမီတာဆိုတာတော့မှတ်မိတယ်။"

"၁၄၀ စင်တီမီတာ?"

ရှုယီမှာ ကုလားထိုင်၌ ထိုင်နေရင်း ဖရီယာ၏ အဖြေကို ကြားသော် ထရပ်၍ သူ့ရှေ့ရှိ ဖရီယာကို ဆွဲခေါ်လိုက်သည်။ သူဟာ သူမ၏ ခေါင်းထိပ်ကို သူ၏ ခန္ဓာကိုယ်နှင့် တိုင်းလိုက်ရာ ဖရီယာ၏ ကိုယ်က သူ၏ နှုတ်ခမ်းအောက်လောက်သာ ရှိတော့သည်ကို တွေ့လိုက်ရပါ၏။

"ဖရီယာ .. မင်းအခု အရပ်ပိုရှည်လာတာ သေချာတယ်။ ကြည့်ဦး အခုဆို မင်းက အဖေ့မေးစေ့အထိတောင် အရပ်ရှည်နေပြီ။ မင်း အခုဆို ၁၆၀ စင်တီမီတာကျော် ရှိလောက်ပြီထင်တယ်။"

"တကယ်လား?"ဖရီယာမှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးသေးသေးလေးကို မြှောက်လိုက်၏၊ "ကောင်းလိုက်တာ! ကြည့်ရတာ ဖေဖေ့ထက် အရပ်ပိုရှည်ဖို့ သိပ်မကြာလောက်‌တော့ဘူးထင်တယ်နော် ဖေဖေ!"

"မင်းက ဖေဖေ့ထက် ကျော်ချင်လို့လား?" ရှုယီက သူမ၏ ခေါင်းကို အပြုံးဖြင့် ပုတ်လိုက်ပြီးနောက် ချောင်းတစ်ချက်ဟန့်၍ အလေးအနက်ပြောလိုက်သည်၊ "ဖရီယာ, မင်းရဲ့ မှော်စွမ်းအား တိုးတက်မှု နှေးသွားရတဲ့ ပြဿနာကို ဖေဖေသိတယ်။"

"ဘာပြဿနာလဲ?"

"တကယ်တော့ ရှင်းပါတယ်၊ မင်းရဲ့ အရပ်အမြင့်ကြောင့်ပဲ"

"ဟမ်?" ဖရီယာက မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ကြည့်လိုက်သည်၊ "အရပ်ပိုရှည်လာတာက သမီးရဲ့ မှော်စွမ်းအား နှေးကျသွားတာနဲ့ ဘာဆိုင်လို့လဲ?"

"ဆိုင်တာပေါ့" ရှုယီက အလေးအနက်ဟန်ပန်ဖြင့် ဆို၏၊ "မှော်စွမ်းအား ကျင့်ကြံခြက်းက မင်းရဲ့ ခန္ဓာကိုယ်ကို ဒြပ်စင်မှော်စွမ်းအင်နဲ့ လိုက်လျောညီထွေဖြစ်ခွင့်ပေးတာကြောင့် မင်းရဲ့ စိတ်ကို ပဲ့တင်ထပ်ဖို့အတွက်နဲ့ မင်းရဲ့ ကိုယ်တွင်းနဲ့ ဘေးပတ်လည်က ဒြပ်စင်မှော်စွမ်းအင်ကို ထိန်းချုပ်ဖို့ ပိုလွယ်စေတယ်။ မင်းအရင်က သုံးနေခဲ့တဲ့ မှော်ကျင့်ကြံရေးနည်းလမ်းကို မင်းရဲ့ဖိုးဖိုးကြီးနဲ့ မဟာမှော်ပညာရှင်များစွာက အသက်၆နှစ်ရွယ်မှာ မှော်ပညာကို မင်းစပြီး လေ့လာရတုန်းက ဖန်တီးထားတာဖြစ်လို့ အဲ့တုန်းကတော့ မင်းခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တယ်လေ။ ဒါပေမယ့် မင်းက အသက်၆နှစ်တုန်းကထက် အများကြီး အရပ်ပိုရှည်လာသလို ခန္ဓာကိုယ်ကလည်း အတော်လေးပြောင်းလဲ‌သွားတော့ အရင်ကလို တူညီတဲ့ မှော်ကျင့်ကြံရေးနည်းလမ်းကို သုံးတဲ့အခါ အလုပ်ဖြစ်မှာမဟုတ်ဘူး။"

"ဒီနှစ်တွေမှာ နှေးသွားတယ်လို့ ခံစားမိတာ မထူးဆန်းတော့ပါဘူး။ ဒါက ပုံမှန်ပဲလို့ထင်ခဲ့တာ။" ဖရီယာက ရေရွတ်လိုက်ပြီးနောက် မေးပါ၏၊ "ဒါဆို လွန်ခဲ့တဲ့ လတွေမှာ နှေးကျသွားတာက သမီး ဒီအတောအတွင်း ကြီးထွားတာ မြန်လာတာကြောင့်ပေါ့လေ?"

"ဟုတ်တယ်" ရှုယီက ဖရီယာ၏ ခေါင်းလေးကို အပြုံးဖြင့် ပုတ်ပေးလိုက်သည်၊ "ဖေဖေတို့ ဖရီယာက အခုတော့ ကလေးကြီးဖြစ်ပြီပေါ့၊ ပြီးခဲ့တဲ့ ၂နှစ်မှာ ချွင်းချက်မရှိ မြန်မြန်ဆန်ဆန် တိုးတက်ခဲ့တယ်။ အင်း... ဒီလိုဆိုရင်ရော၊ ဖေဖေ နောက်၂ရက်နေကျရင် မင်းရဲ့ ဖိုးဖိုးကြီးကို သွားရှာပြီး မင်းအတွက် မှော်ကျင့်ကြံရေးနည်းလမ်းသစ်တစ်ခုကို ဖန်တီးခိုင်းလိုက်မယ်၊ ဘယ်လိုထင်လဲ?'

"တကယ်လားဟင်? အရမ်းကောင်းတယ်!" ဖရီယာက စိတ်လှုပ်တရှားရှုယီကို ခုန်ကာဖက်လိုက်သည်၊ "ဖေဖေ၊ ဖေဖေ့ကို တကယ်ချစ်လိုက်တာ!"

ရှုယီမှာ ရယ်၍ သူ့ရင်ဘတ်အား ခေါင်းဖြင့်တိုးဝင်ထားသည့် ဖရီယာလေးကို ငုံ့ကြည့်လိုက်သည်။ သူဟာ ဖရီယာ ယယခင်က သုံးခဲ့သော မှော်ကျင့်ကြံရေးနည်းလမ်းအား မူလတန်းကျောင်းသင်ရိုးတစ်ခုဟု ယူဆနိုင်ကာ သူမအတွက် အသစ်လုပ်ပေးမည့် မှော်ကျင့်ကြံရေးနည်းလမ်းသစ်ကမူ အလယ်တန်းကျောင်းသင်ရိုးပုံစံဟု တွေးလိုက်သည်။

ဖရီယာမှာ ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာ၊ သူနှင့် Frestech ကုန်သည်ကြီးများအသင်းရှိ စွမ်းအားကြီး မှော်ပညာရှင်တစ်သိုက်အား သူမ၏ နောက်ခံအနေဖြင့် ရထားသောကြောင့် ၎င်းတို့မှာ သူမအတွက် မှော်ကျင့်ကြံရေးနည်းလမ်းတစ်ခုကို ဖန်တီးပေးနိုင်ပါ၏။

သို့သော် နယ်မြေကြီး၏ အခြားမှော်ပညာရှင်များထံ၌မူ ဤသို့သော နောက်ခံမရှိရာ ၎င်းတို့ မှော်ပညာကို လေ့လာရာ၌ သဘာဝကျကျပင် ပိုမိုနှေးကွေးနေလိမ့်မည်သာ။

သို့သော်လည်း ၎င်းမှာ ရှုယီ မြင်ချင်သော အရာမဟုတ်ပေ။

"ဒါဆို ဖရီယာရဲ့ မှော်ပညာလေ့လာရေးနည်းလမ်းကို ပြဌာန်းလိုက်သင့်လား?"

ရှုယီမှာ အတွေးထဲ နစ်သွားပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၃၀။ ငါ မှော်ပညာကို လေ့လာချင်တယ်!

ရော့ဒ်မန်မှာ မျက်နှာထက်၌ ခေါင်းမာဟန်ရှိနေသည့် အန်ရီကျူကို ကြည့်၍ ကူရာမဲ့သက်ပြင်းချလိုက်သည်။

သူ၏ အငယ်ဆုံးသား အရွယ်ရောက်လာသည်နှင့် သူဟာ ဖခင်၏ စကားများကို စတင် ဆန့်ကျင်လာခဲ့၏။

"မင်းက တကယ်ပဲ မသွားချင်ဘူးလား?" ရော့ဒ်မန်မှာ အလေးအနက်ဖြင့် မေးလိုက်သည်။

"မသွားဘူး!" အန်ရီကျူက ကျယ်လောင်စွာ ပြော၏၊ "ဦးလေးဆီကနေ လက်သမားပညာသင်တော့ ဘာအဓိပ္ပာယ်ရှိမှာလဲ? ကျွန်တော်က မှော်ပညာသင်ချင်တာ!"

"ဒါပေမယ့် မင်းမှာ မှော်ပညာအတွက် ပါရမီပါမလာဘူးလေ၊ အရင်တစ်ခေါက်က မြို့မှာ မှော်ပညာရှင် မျူစီတော့စ် မင်းကို ပြောခဲ့တယ် မဟုတ်ဘူးလား?" ရော့ဒ်မန်က သူ၏ စိတ်ကို ပြောင်းဖို့ ဆက်ကြိုးစားနေ၏။

"ဟမ့်! သူက လိမ်နေတာလေ!" အန်ရီကျူမှာ သူ့လက်ထဲရှိ သတင်းစာကို တစ်ဖန်ယမ်းလိုက်ကာ၊ "ဒီမှာ မည်သူမဆို မှော်ပညာကို သင်ကြားနိုင်ပါတယ်လို့တောင် ရေးထားတာ! ဘာလို့ ကျွန်တော်က မရမှာလဲ?"

ရော့ဒ်မန်မှာ အန်ရီကျူလက်ထဲရှိ ⟨ ကန်ဒရာတိုင်းမ်စ် ⟩ကို ခေါင်းကိုက်ကိုက်ဖြင့်ကြည့်၍ ခါးသက်သက်ရယ်မောလိုက်သည်။

ဒီသောက် ရှုယီ၊ ဒီသောက် Frestech ကုန်သည်ကြီးများအသင်းကတော့ ဘာလို့ “လူတိုင်းမှာ မှော်ပညာအရည်အချင်းရှိတယ်”ဆိုတဲ့ သောက်အမြင်ကြီးကို ပေးခဲ့ရတာလဲ? မှော်ပညာအတွက် စိတ်အားထက်သန်မှု ပျောက်ဆုံးခဲ့သော အန်ရီကျူမှာ ယခုတွင် မှော်ပညာကို တဖန် လေ့လာနေချင်ပြန်သည်။

မှော်ပညာရှင် Frestech ကုန်သည်ကြီးများအသင်း မျူစီတော့စ် မှာ အန်ရီကျူထံ၌ မည်သည့် မှော်ပညာပါရမီမှ မရှိဟု ရှင်းလင်းစွာ ပြောထားပြီးဖြစ်သည်။ သူဟာ တစ်ပါတ်တာအတွင်းတွင် အခြေခံအကျဆုံး မန္တာန်ကိုပင် မသင်ယူနိုင်ခဲ့ရာ မည်သို့များ စွမ်းအားကြီးမှော်ပညာရှင်တစ်ဦးဖြစ်လာပါမည်နည်း?

သို့သော်လည်း အန်ရီကျူမှာ ဤသတင်းစာရှိ ဆောင်းပါးကို ဖတ်လိုက်ပြီးနောက် နတ်ဘုရားထံမှ အမိန့်ပြန်တမ်း ရရှိခဲ့သည်နှယ် ဖြစ်နေလေသည်။ သူ့အနေနှင့် စိတ်ကို မပြောင်းဘဲ မှော်ပညာလေ့လာလိုကြောင်းသာ အော်ဟစ်နေပြီး ရော့ဒ်မန်စီစဉ်ထားသည့်အတိုင်း သူ့ဦးလေးထံမှ လက်သမားပညာကို သင်ယူရန် မသွားနိုင်သော စိတ်အား မပြောင်းလဲပေ။

ရော့ဒ်မန်၏ အမြင်တွင် ဤမှော်ပညာလေ့လာခြင်းက အသုံးဝင်ပါသလား?

ရှုယီနှင့် သူ၏ Frestech ကုန်သည်ကြီးများအသင်းမှာ မှန်ကာ အန်ရီကျူထံ၌ တကယ်ကို မှော်ပညာလေ့လာဖို့ မျှော်လင့်ချက်ရှိပါလျှင်တောင် မှော်ပညာရှင် မျူစီတော့စ်က ၎င်းထံ၌ မည်သည့် ပါရမီမှမရှိဟု ပြောထားခဲ့ကတည်းက အန်ရီကျူမှာ မှော်ပညာကို လေ့လာရန် တင်းခံနေလျှင်တောင် စွမ်းအားကြီးမှော်ပညာရှင်တစ်ဦးဖြစ်မလာနိုင်ပေ။

သူဟာ စွမ်းအားကြီး မှော်ပညာရှင်ဖြစ်လာနိုင်ပါလျှင်တောင် ရော့ဒ်မန်အနေနှင့် ၎င်းကို လေ့လာခြင်းက ဘာအသုံးဝင်မှုမှ မရှိဟု ထင်မိသည်။

၎င်းအပေါ် အချိန်ဖြုန်းမည့်အစား လက်သမားပညာကို လေ့လာသည်က ပိုကောင်းပါ၏။ သူသာ ၎င်းကို ကောင်းကောင်းသင်ယူနိုင်လျှင် ချမ်းသာမလာနိုင်သော်လည်း အနည်းဆုံးတော့ အစားအသောက်နှင့် မှီခိုစရာအတွက် ပူနေဖို့ မလိုတော့ပေ။

သို့သော်ငြား အန်ရီကျူမှာ ရော့ဒ်မန် အပြောကို ကြားပြီးနောက် အထင်အမြင်သေးပုံ ရှိနေသေးပါ၏။

"အဖေ.. ခေတ်နောက်ကျနေပြီ! ဘယ်သူက အဆင့်မြင့် မှော်ပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ရင် အသုံးမဝင်ဘူးလို့ ပြောလဲ?" အန်ရီကျူက သူ့လက်ထဲရှိ သတင်းစာကို ပုတ်လိုက်ကာ၊ "ကြည့်လိုက် Frestech ကုန်သည်ကြီးများအသင်းက အဆင့်နိမ့်မှော်ပညာရှင် တစ်သုတ်ကို စုဆောင်းနေပြီး လိုအပ်ချပ်ကလည်း လုံးဝ မမြင့်နေဘူး။ ပြီးတော့လည်း ပြောထားတာကို ကြည့်လေ။ Frestech ကုန်သည်ကြီးများအသင်းကို ဝင်ပြီးနောက်ကျရင် အနိမ့်ဆုံးလစာက တစ်လကို ရွှေဒင်္ဂါးပြား ၂၀ ရမှာမို့လို့ ဒါက ဦးလေးဆီက လက်သမားပညာ လေ့လာတာထက် အများကြီး ပိုကောင်းမနေဘူးလား?"

"ဒီလိုလား?" ရော့ဒ်မန်က မျက်လုံးများကို မှေးကျဉ်း၍ သတင်းစာကို ကြည့်လိုက်သော်လည်း သူ မဖတ်နိုင်လေရာ သဘာဝကျကျပင် အန်ရီကျူ၏ အပြောက မှားသလား မှန်သလား မသိနိုင်ပေ။

သို့သော်လည်း သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့၏ အလုပ်သမားများကို အမြဲ လစာမြင့်မြင့်ပေးကြောင်း လူပြောများသည်ကို ကြားဖူးသည်။ မှော်ပညာရှင်များဆိုလျှင် ၎င်းတို့၏လစာများက သာမန်အလုပ်သမားများထက် အနည်းငယ်ပိုမြင့်မည်မှာ သဘာဝဖြစ်လေရာ တစ်လကို ရွှေဒင်္ဂါး ၂၀ထက်ပိုများလျှင်ပင် မထူးဆန်းပေ။

"ဟုတ်ပါပြီ မင်းအနေနဲ့ ဘွဲ့ရပြီးတဲ့အခါ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်,လုပ်နိုင်ရင် ကောင်းတယ်။ ဒါပေမယ့်လည်း အန်ရီကျူ, မင်း လေ့လာနိုင်မလားဆိုတာက ပြဿနာပဲ။ ပိုပြီး အရေးကြီးတဲ့မေးခွန်းက မင်းဘယ်မှာ လေ့လာမှာလဲဆိုတာပဲ?"

"ဒါက...." အန်ရီကျူမှာ အံ့ဩသွားပြီး ပြန်မဖြေနိုင်တော့ပေ။

သူဟာ Frestech ကုန်သည်ကြီးများအသင်းက Frestech ကျောင်းတော်ကို တည်ထောင်ထားကာ သာမန်လူများအား မှော်ပညာနှင့် မှော်သီအိုရီကို အထူးပြုသင်ကြားပေးနေကြောင်း ကြားထားသော်လည်း Frestech ကုန်သည်ကြီးများအသင်း အခြေစိုက်ရာ စတန်တိုင်းနယ်မြေမှာ ကန်ဒရာအင်ပါယာရှိ ဤရွာလေးမှ ကီလိုမီတာ ၂၀၀၀ကွာဝေးသည်။ အန်ရီကျူအနေနှင့် လေ့လာရန် ထိုနေရာသို့ မည်သို့ သွားနိုင်ပါမည်နည်း?

အနည်းငယ် စဉ်းစားပြီးသည့်နောက် အန်ရီကျူမှာ လက်သီးဆုပ်၍ ကျယ်လောင်စွာဆိုသည်၊ "ကျွန်တော် စတန်တိုင်းနယ်မြေကို သွားမယ်!"

ရော့ဒ်မန်မှာ မည်သည်ကိုမှမဆိုဘဲ သူ့အား ကြည့်လိုက်သည်။

တစ်အောင့်ကြာပြီးနောက် အန်ရီကျူက တစ်ဖန်ခေါင်းငုံ့လိုက်၏။

သူ့အနေနှင့် ၎င်းက မဖြစ်နိုင်ကြောင်း သိပါသည်။

ရော့ဒ်မန်၏ မိသားစုမှာ ကန်ဒရာအင်ပါယာရှိ သာမန်လယ်သမား မိသားစုလေးသာဖြစ်သည်။ အင်ပါယာမှာ မှော်စက်မှုနယ်ပယ်ကို ဖွံ့ဖြိုးစေရန် အာရုံစိုက်ထားသောကြောင့် ရော့ဒ်မန်၊ သူ့ဇနီးနှင့် အန်ရီကျူ၏ အစ်ကိုကြီးတို့အားလုံးမှာ စက်ရုံများတွင် အလုပ်များ ရှာတွေ့ခဲ့ကြသော်လည်း ၎င်းတို့၏ လစာများမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် မယှဉ်သာပေ။ အားလုံးကို အတူစုပေါင်းလိုက်လျှင်ပင် စုစုပေါင်း ရွှေဒင်္ဂါးပြား ၂၀သာရှိသည်။

ဤငွေပမာဏမှာ ၎င်းတို့မိသားစု၏ ဘဝကို များစွာ ပြောင်းလဲစေခဲ့သည်။ ၎င်းတို့အနေနှင့် အစားအသောက်အတွက် ပူပန်ဖို့ မလိုတော့သလို စုဆောင်းထားသည့်အချို့ပင် ရှိပါလျှင်သော်မှ ၎င်းစုဆောင်းမှုများက အန်ရီကျူအနေဖြင့် ပညာ‌သင်ယူရန် ၂၀၀၀ကီလိုမီတာအဝေးမှ စတန်တိုင်းနယ်မြေကို သွားရောက်ဖို့အထိ မလုံလောက်ပေ။

ထို့အပြင် အန်ရီကျူမှာ အသက် ၁၃နှစ်သာရှိသေးသည်။ သူ့အား ထက်မြတ်သည်ဟု ယူဆနိုင်ပါသော်လည်း မည်သို့များ ရော့ဒ်မန်က ထိုမျှ အကွာအဝေးကို တစ်ဦးတည်း လွှတ်လိုက်ရန် စိတ်ချပါမည်နည်း?

သူနှင့်အတူ တစ်ယောက်ယောက်လိုက်သွားလျှင် ပို၍ပင် ကုန်ကျမည်ဖြစ်ပြီး ရော့ဒ်မန်၏ မိသားစုက ၎င်းကို မတတ်နိုင်ပေ။

"Frestech ကုန်သည်ကြီးများအသင်းသာ ကျွန်တော်တို့ ကန်ဒရာအင်ပါယာမှာ ရှိရင် ကောင်းမယ်..." အန်ရီကျူမှာ မနေနိုင်အောင် ညည်းညူလိုက်ပါ၏။

ရော့ဒ်မန်လည်း သက်ပြင်းချ၍ စိတ်ထဲ ခါးသက်သက်ရယ်လိုက်သည်။

မှန်ပါသည်၊ Frestech ကုန်သည်ကြီးများအသင်းသာ ဤအင်ပါယာ၌ ရှိလျှင် ကောင်းမည်။

Frestech ကုန်သည်ကြီးများအသင်းကြောင့် လမ်ပူရီဘုရင့်နိုင်ငံနှင့် စတန်တိုင်းနယ်မြေတို့၏ ပြည်သူများမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုကောင်းသော ဘဝများ၌ နေထိုင်လာနိုင်ကြသည်ဟု ကြားခဲ့ရသည်။ သာမန်လူများဆိုလျှင် ၎င်းတို့၏ နေ့စဉ် အသုံးအဆောင်များအတွက် စိုးရိမ်ဖို့မလိုဘဲ ပိုကောင်းမွန်သည့်ဘဝကို ရရှိရန် အပိုဝင်ငွေများပင် ရှိကြသည်။

Frestech ကုန်သည်ကြီးများအသင်းသာ ကန်ဒရာအင်ပါယာ၌ ရှိလျှင် သို့မဟုတ် နီးသည့် တစ်နေရာရာ၌ ရှိလျှင် မည်မျှ ကောင်းလိမ့်မည်နည်း။ ၎င်းတို့၏ ဘဝများမှာ Frestech ကုန်သည်ကြီးများအသင်းကြောင့် များစွာပိုမို၍ ကောင်းမွန်နေလောက်သည်။

ထို့အပြင် အန်ရီကျူမှာ Frestech ကျောင်းတော်သို့ အလွယ်တကူ ဝင်ရောက်နိုင်မည်ဖြစ်ရာ သူ အိပ်မက်,မက်ထားသည့်အတိုင်း မှော်ပညာရှင်တစ်ဦးဖြစ်ရန် အခွင့်အရေးပင် ရှိလာနိုင်၏။

သို့သော်လည်း .... Frestech ကုန်သည်ကြီးများအသင်းမှာ ဤနေရာ၌ မရှိသလို ကီလိုမီတာ ၂၀၀၀ကျော် ကွာဝေးနေသဖြင့် ၎င်းက အိပ်မက်တစ်ခုသာဖြစ်သည်... ၎င်းမှာ အိပ်မက်တစ်ခုသာ ဖြစ်ပါ၏။

ရော့ဒ်မန်မှာ အန်ရီကျူ ပခုံးကို ပုတ်၍ သက်ပြင်း ချကာဆိုလေသည်၊ "အန်ရီကျူ, အဖေ့မှာ အဲ့လောက်ဝေးဝေးကို မှော်ပညာသင်ကြားရအောင် ပို့ပေးဖို့ အရည်အချင်းမရှိဘူး၊ အဖေ စိတ်မကောင်းပါဘူး။ မင်း... အဆင်ပြေသွားမှာပါ၊ ဟုတ်ပြီလား?"

အန်ရီကျူမှာ နှုတ်ခမ်းများကို စေ့၍ ပင်ပန်းနေသည့် ရော့ဒ်မန်ကိုကြည့်လိုက်ပြီးနောက် မျက်နှာထက်မှ ခေါင်းမာနေဟန်မှာ ပျောက်ကွယ်သွားသည်။ သူလည်း အသာခေါင်းသာ ငြိမ့်လိုက်နိုင်၏။

အန်ရီကျူ၏ စိတ်ပျက်နေဟန်ကိုမြင်သော် ရော့ဒ်မန်မှာ ကူရာမဲ့စွာသာ ခေါင်းယမ်းလျက် လှည့်ထွက်သွားသည်။

မွန်းလွဲပိုင်း အဆိုင်းအတွက် မသွားခင် နောက်ထပ် တစ်နာရီရှိသေးသော်လည်း သူဟာ အိမ်၌ အန်ရီကျူနှင့် အတူ မနေချင်သဖြင့် ထွက်သွားရုံသာ ရှိသည်။

သူ ထွက်လာချိန်တွင် လူ၃ဦး လာနေသည်ကို မြင်လိုက်ရ၏။

"အကြီးအကဲ အဒေါနစ်, ရွာလူကြီး ဘရက်ဒလေ... ခင်ဗျားတို့ ဒီကို ဘယ်လိုရောက်လာတာများလဲ?" ရော့ဒ်မန်မှာ တအံ့တဩအသံဖြင့် မေးလိုက်၏၊ "ဘာတွေဖြစ်နေတာများလဲ?"

ထိုသို့ပြောပြီးနောက် သူဟာ အကြီးအကဲနှင့် ရွာလူကြီး နံဘေးရှိ လူစိမ်းကို ကြည့်လိုက်သည်။ ထိုလူမှာ ရွာမှမဟုတ်ဘဲ အသက် ၃၀ပတ်လည် ရှိမည့်ပုံပေါက်၏။ သူဟာ မြို့မှ အရာရှိ အချို့၏ ပုံစံမျိုးနှင့် တူသည်။

ဤနှစ် အသက်၆၇ ဖြစ်သော်လည်း ကျန်းမာနေပုံပေါ်ဆဲဖြစ်သည့် အကြီးအကဲ အဒေါနစ်မှာ ရော့ဒ်မန်ထက် လက်ဝှေ့ာမ်းပြကာ ရယ်မောလိုက်သည်၊ "လာလေ အထဲမှာ သွားပြောကြတာပေါ့"

ရော့ဒ်မန်မှာ သံသယအပြည့်ဖြင့် ထို၃ဦးနှင့် အထဲသို့ ပြန်ဝင်သွားလိုက်သည်။

အခန်းထဲရှိ ခေါင်းငိုက်စိုက်ကြလျက် ငေးကြောင်နေသည့် အန်ရီကျူမှာ ရော့ဒ်မန် ပြန်လာ၍ ရွာရှိ အဆင့်အမြင့်ဆုံး လူနှစ်ဦးပါလာသည်ကို မြင်သော် မနေနိုင်အောင် အံ့အားသင့်သွားသည်။

"ဟေး အန်ရီကျူ, ငေးမနေဘဲ ဧည့်သည်တွေအတွက် သောက်စရာလေးယူလာပေးဦး။ မြန်မြန်" ရော့ဒ်မန်က လက်ယမ်း၍ ပြောလိုက်သည်။

"မလိုပါဘူး ပြန်လာခဲ့" အကြီးအကဲ အဒေါနစ်က အန်ရီကျူကို ပြန်ခေါ်လိုက်ပြီးနောက် သူ့ရှေ့တွင် ရပ်ခိုင်းလိုက်သည်။ သူဟာ အန်ရီကျူကိုကြည့်ပြီးနောက် အပြုံးဖြင့် မေးလေသည်၊ "အန်ရီကျူ မင်းအခု ဆယ်ကျော်သက်အရွယ်ဖြစ်နေပြီ မဟုတ်လား?"

အန်ရီကျူက သူ့အား ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးသည်တွင် ရော့ဒ်မန်ကို လှည့်ကြည့်လေသည်။

"အကြီးအကဲက မင်းကို မေးနေရင် ပြန်ဖြေလိုက်လေ" ရော့ဒ်မန်က ဆိုသည်။

"အိုး အကြီးအကဲ.. ကျွန်တော်က ဒီနှစ် ၁၃နှစ်ရှိပါပြီ"

"၁၃နှစ်? အင်း ဒီအရွယ်က မဆိုးဘူး" အကြီးအကဲ အဒေါနစ်က လူစိမ်းကို လှည့်ကြည့်လိုက်ကာ၊ "လေးစားရတဲ့ ဆန်ဒီ, ဘယ်လိုသဘောရပါလဲ?"

ဆန်ဒီ ဟု အမည်ရသည့် လူစိမ်းက အန်ရီကျူကို အသာပြုံး၍ကြည့်လိုက်ပြီးနောက် မေးလေ၏၊ "မင်း မှော်ပညာကို လေ့လာဖို့ ဆန္ဒရှိလား?"

အန်ရီကျူနှင့် ရော့ဒ်မန်တို့ နှစ်ဦးစလုံး ကြောင်အသွား၏။

၎င်းတို့မှ ယခုနကလေးတင်မှ ထိုအကြောင်းကို ဆွေးနွေးခဲ့သည်ဖြစ်ရာ အဘယ့်ကြောင့် လူတစ်ယောက်က ရုတ်တရတ်ရောက်လာပြီး ၎င်းကို မေးမြန်းရသနည်း?

"ကျွန်တော်..."

"အကြီးအကဲ၊ ရွာလူကြီး ဘာတွေဖြစ်နေတာလဲဗျ?" ရော့ဒ်မန်က အန်ရီကျူကို ဖြတ်ကာ သူရင်းနှီးသည့် လူနှစ်ဦးကို မေးလိုက်သည်။

"ဟီး ဟီး ဒါက ဒီလိုပါကွာ..." ရွာလူကြီး ဘရက်ဒလေက ရယ်လျက် ဆိုသည်၊ "ရော့ဒ်မန်, မင်း ခီမဲရာကုန်သည်ကြီးများအသင်းကို သိတယ်မို့လား?"

"သိတာပေါ့ဗျ ဒါက ကျုပ်တို့ အင်ပါယာမှာ အကြီးဆုံး ကုမ္ပဏီပဲလေ!" ရော့ဒ်မန်မှာ ချက်ချင်း ဖြေလိုက်သည်၊ "ဒါပေမယ့်... ဒါက အန်ရီကျူနဲ့ ဘာများ ပတ်သက်လို့လဲ?"

"ပတ်သက်တာပေါ့" ရွာလူကြီး ဘရက်ဒလေက ခေါင်းငြိမ့်သည်၊ "ခီမဲရာ ကုန်သည်ကြီးများအသင်းက ငါတို့ အင်ပါယာမှာ အခြေခံမှော်ကျောင်းတော်တချို့ တည်ထောင်ဖို့ ရွေးချယ်နေတာလေ၊ ဒီထဲက တစ်ခုကို အယ်လ်နွိုင်းမြို့တော်မှာ ထားမှာ။ ဒီကျောင်းတော်က မြို့က ကျောင်းသားတွေတင်မကဘဲ မြို့ပြင်က ရွာတွေက ကျောင်းသားတွေကိုပါ စုဆောင်းနေတာလေ။ ငါတို့ ရွာကို နေရာ ၅နေရာပေးထားတာ‌မို့ အကြီးအကဲ အဒေါနစ်နဲ့ ငါလည်း အမြဲ မှော်ပညာသင်ချင်နေခဲ့တဲ့ မင်းရဲ့ ကလေးကို သတိရသွားလို့ မင်းများ ထားချင်မလားဆိုတာ လာကြည့်တာလေ။"

"ခီမဲရာကုန်သည်ကြီးများအသင်းက မှော်ကျောင်းတော် ဖွင့်ချင်နေတယ်လား?" ရော့ဒ်မန်က ခေါင်းကုတ်ကာ စိတ်ရှုပ်ထွေးသွားသည်၊ "ဘာလို့ ကျွန်တော်တို့ ကလေးကို လာရှာရတာများလဲ? သူ့မှာ မှော်ပညာအရည်အချင်းမြင့်နေလို့လား?"

"မဟုတ်ပါဘူး၊ ဒါက မှော်ပညာပါရမီနဲ့ မဆိုင်ဘူး။ ခီမဲရာကုန်သည်ကြီးများအသင်းရဲ့ မှော်ကျောင်းတော်တွေက သာမန်လူတွေကို မှော်ပညာသင်ပေးမှာ၊ သူတို့ရဲ့ မှော်ပညာပါရမီနဲ့ မဆိုင်ဘူး။"

"ဟမ်?" ရော့ဒ်မန်မှာ အန်ရီကျူကို တအံ့တဩကြည့်လိုက်၏။

အန်ရီကျူမှာ အံ့အားသင့်ပြီးနောက် အံဆွဲထဲသို့ ပစ်ထည့်ထားသည့် ⟨ကန်ဒရာတိုင်းမ်စ်⟩ကို ယူလိုက်၏။

"ဒါက Frestech ကုန်သည်ကြီးများအသင်း အမြဲပြောနေတဲ့ အရာမဟုတ်ဘူးလား? ခီမဲရာ ကုန်သည်ကြီးများအသင်းကလည်း ဒီလိုဟာ လုပ်တော့မှာလား?"

"ဟုတ်တယ်၊ ဒါက ခီမဲရာ ကုန်သည်ကြီးများအသင်းနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ အတူ ကန်ဒရာအင်ပါယာမှာ ပြဌာန်းမယ့် ပရောဂျက်ဆိုတော့ သံသယဝင်စရာမလိုပါဘူး။" ဆန်ဒီက အလေးအနက်ဖြင့် ပြောသည်၊ "မစ္စတာ ရော့ဒ်မန်, ကျုပ်ကို ခီမဲရာ ကုန်သည်ကြီးများအသင်းက အယ်လ်နွိုင်းမြို့တော်မှာရှိတဲ့ မှော်ကျောင်းတော်ကို ကြီးကြပ်ဖို့ ပို့လိုက်တာပါ။ မေးစရာရှိရင် မေးလို့ရပါတယ်။"

ရော့ဒ်မန်မှာ ခေတ္တမျှ တုံ့ဆိုင်းနေပြီး မျှော်လင့် စိတ်လှုပ်ရှားနေလျက် ရှိသည့် အန်ရီကျူကို ကြည့်လိုက်သည်။ တံတွေးတစ်ချက် မျိုချလိုက်ပြီးနောက် သူဟာ ဆန်ဒီကို မေးလေ၏၊ "ကျုပ်ဆီမှာ မေးစရာ အရမ်းကို အရေးကြီးတဲ့ မေးခွန်းတစ်ခု ရှိပါတယ်"

"မေးပါ"

"ကျောင်းကို ဝင်ဖို့ ပိုက်ဆံပေးရမှာလား?"

"ဒါပေါ့ ကျုပ်တို့က ဒါကို အခမဲ့ လုပ်ပေးမှာတော့ မဟုတ်ပါဘူး၊ ဒီတော့ အခကြေးငွေယူဖို့က ပုံမှန်ပါပဲ။" ဆန်ဒီက အပြုံးဖြင့် ဖြေသည်။

ရော့ဒ်မန်၏ စိတ်က လေးလံသွားကာ ခဏရပ်တန့်လိုက်ပြီးနောက် တုံ့ဆိုင်းစွာ မေးလေ၏၊ "ဒါဆိုရင်... ဘယ်လောက်များ ကုန်ကျမလဲဆိုတာ မေးလို့ရမလား?"

ဆန်ဒီက ရော့ဒ်မန်အတွေးကို အင်မတန် သေချာသိနေသကဲ့သို့ ပြုံးလိုက်သည်။

"ကျုပ်တို့ ကုမ္ပဏီက ဒီပရောဂျက်ကို Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ ကျုပ်တို့ အင်ပါယာ မှော်စက်မှုနယ်ပယ်ကြီးမှာ အရည်အချင်းရှိသူ အရေအတွက် တိုးလာဖို့အတွက် လက်တွဲလုပ်ဆောင်နေတာမို့လို့ များများစားစား စိတ်ပူနေစရာမလိုပါဘူး။ ဒါကြောင့် အခကြေးငွေ ရှိနေတဲ့အပြင် ကျုပ်တို့ ခီမဲရာ ကုန်သည်ကြီးများအသင်းဆီက ထောက်ပံ့မှုလည်း ရှိတာမို့ အရမ်းကို ဈေးချိုပါတယ်။"

ရော့ဒ်မန်နှင့် အန်ရီကျူတို့မှာ ၎င်းကို တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။

ဆန်ဒီက အပြုံးဖြင့် လက်၃ချောင်း ထောင်ပြလေသည်။

"တစ်နှစ်ကို ရွှေဒင်္ဂါး ၃၀ပါပဲ၊ ဘယ်လိုထင်လဲ? မစ္စတာ ရော့ဒ်မန်, ဒါကို လက်ခံနိုင်မယ်လို့ထင်လား?"

ရော့ဒ်မန်၏ မျက်လုံးများတောက်ပသွားကာ အန်ရီကျူကလည်း သူ့ကို စိတ်လှုပ်ရှားစွာကြည့်နေစဉ်၌ ကျယ်လောင်စွာ ပြောလိုက်ပါ၏၊ "ဒါပေါ့! ဒါပေါ့ ကျုပ် လက်ခံနိုင်ပါတယ်!"

All Chapters